Monday, August 12, 2013

အချစ်ရွာ KTV မီးလောင် Golden Land Myanma

မန္တလေးမြို့တော် ၃၂ လမ်းနှင့် ၃၃ လမ်း၊ ၇၇ လမ်းနှင့် ၇၈ လမ်းကြားတွင် ရှိသော အချစ်ရွာ KTV အပေါ်ဆုံးထပ် အလုပ်သမားများ နားနေဆောင်တွင် သြဂုတ်လ ၁၁ ရက်နေ့ ညနေ ၅ နာရီ ၃ မိနစ်ခန့် က ဘုရားမီး ပူဇော်ရန် ဖယောင်းတိုင် မီးထွန်းရာမှ မီးလာင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ နေရာမှ သိရှိရသည်။ အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ၁၂ ပေ x ၁၀ ပေ အခန်း သုံးခန်းတွင် အခန်း တစ်ခန်းသည် မီးလောင်ကျွမ်းမှု အများဆုံး ဖြစ်ခဲ့ပြီး အခြားနှစ်ခန်း မှာ မီးကူးစက်ရုံသာ ရှိခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး မီးသတ် ဦးစီးဌာနထံမှ သိရသည်။

ယင်းမီးလောင်မှုကြောင့် ကျပ် ကိုးသောင်း နှစ်ထောင်ခန့် ဆုံးရှုံးခဲ့ပြီး မီးလောင်ရာ နေရာသို့ မီးသတ် တပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်နှင့် မီးသတ် ယာဉ် ၁၅ စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရကာ ညနေ ၅ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း အဆိုပါ ဌာနမှ ထပ်မံ သိရသည်။ မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ် ၆၀ x ၆၁ လမ်းနှင့် သိပ္ပံလမ်းအကြားရှိ အိမ်အမှတ် ၆/၁,၂တွင် ဖွင့်လှစ်ရန်အတွက် ပြင်ဆင်နေသော အဆောက်အအုံ တစ်ခု မေလ ၈ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် မီးလောင်မှု ဖြစ်ပွားခဲ့သည်။

The Voice Weekly

No comments:

Post a Comment