Thursday, August 8, 2013

ရတနာပုံ တယ်လီပို့က MCWILL အင်တာနက်ဖုန်း ကုမ္ပဏီကို ၂ နှစ်ကျော်ကြာ အကြွေးမပေးဟုဆို


ရတနာပုံ တယ်လီပို့ ကုမ္ပဏီက McWiLL အင်တာနက် ဖုန်းလိုင်းများ ဝယ်ယူ တပ်ဆင်ရာတွင် ကျသင့် သော ကုန်ကျစရိတ် ကြွေးမြီများကို ၂ နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ပေးချေခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံတွင် အဆိုပါ McWiLL Internet Phone System ကို တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် တပ်ဆင် ဆောင်ရွက်နေသော အေးချမ်းမေတ္တာ ကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဇော်ဝင်းက ပြောကြား သည်။

“GSM တို့ CDMA တို့လို ဖုန်းဈေးနှုန်းတွေ လျော့ကျလာနေတဲ့ အချိန်မှာ ကျွန်တော်တို့ ဖုန်းတွေကို ဈေးနှုန်း လျှော့ချခွင့်လည်း မပေးဘူး” ဟု ၎င်းက ဆိုသည်။

တရုတ် ဆက်သွယ်ရေး နည်းပညာ ကုမ္ပဏီ Beijing Xinwei Telecom Technology Inc ထံမှ ရတနာပုံ တယ်လီပို့ ကုမ္ပဏီက McWiLL အင်တာနက် ဖုန်းလိုင်းပေါင်း ငါးသောင်း ဝယ်ယူရန် ၂၀၁၀ ပြည့်နှစ်တွင် စာချုပ် ချုပ်ဆိုခဲ့ကြောင်း Xinwei ကုမ္ပဏီ၏ မြန်မာနိုင်ငံ တစ်ဦးတည်း ကိုယ်စားလှယ် အေးချမ်းမေတ္တာ ကုမ္ပဏီမှ ဒါရိုက်တာ ဒေါ်အေးအေးဝင်း က ပြောကြားသည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး Xinwei ကုမ္ပဏီရော၊ ကျွန်မတို့ ကုမ္ပဏီကရော သတင်းစာထဲမှာ ကြော်ငြာ ထည့်ပြီးလည်း အသိပေးခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် ဇွန်လကတည်းက ဆိုတော့ အခုဆို ၂ နှစ်ကျော် နေပြီ” ဟု ၎င်းက ဆိုသည်။

ရတနာပုံ တယ်လီပို့ ကုမ္ပဏီက လိုင်းပေါင်း ငါးသောင်းတွင် လိုင်းအင်အား ၂၇,၀၀၀ အတွက် ပစ္စည်း လက်ခံ ရရှိခဲ့ပြီး လိုင်းအရေအတွက် တစ်သောင်း နီးပါး တပ်ဆင်ထားပြီး ဖြစ်ကာ ယင်းနောက်ပိုင်း အဆိုပါ အင်တာနက် ဖုန်းများကို ထပ်မံ တိုးချဲ့ တပ်ဆင်ခွင့် မပြုတော့ကြောင်း

Read more => http://www.todaymyanmar.net/2013/08/mcwill.html

No comments:

Post a Comment