လက်ရှိ မြန်မာပြည်မှာ
ဖြစ်ပျက်နေတဲ့ အခြေအနေ တစ်ခုပါ။ ကားဒရိုင်ဘာများဟာ ယာဉ်တိုက်မှု
ဖြစ်ပြီးရင် ထွက်ပြေးတာ များပါတယ်။ အထူးသဖြင့် လမ်းဖြတ်ကူးသူ လူကို
တိုက်မိတာတို့၊ စက်ဘီး၊ ဆိုက်ကား တို့အား တိုက်မိတာတို့ ဆိုရင်
နောက်ပြန်မလှည့်ပဲကို ထွက်ပြေးပါတယ်။ အစကတော့ ယင်းကိစ္စနဲ့ ပက်သက်ပြီး
ဒရိုင်ဘာတွေကို အပြစ်တင်ချင် သလိုလို ရှိခဲ့ပေမယ့် တက္ကဆီ ဒရိုင်ဘာတစ်ဦးရဲ
့ ရင်ဖွင့်သံကိုကြားရ တော့ သူတို့ အဖြစ်ကိုလည်း သနားမိလိုက်ပါတယ်။
“ အက်ဆီးဒန့်တစ်ခုမှာ ပေါ့ဆသူက တစ်ဦးလည်း ဖြစ်နိုင် တယ်။
နှစ်ဦးနှစ်ဖက်လည်း ဖြစ်နိုင်ပါတယ်။ သို့ပေမယ့် မြန်မာပြည်မှာ ချမှတ်ထားတဲ့
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဥပဒေအရ ခံရသူက ကားဒရိုင်ဘာတွေချည်း ဖြစ်ပါတယ်။
ဒီတော့ တက္ကဆီ သမားတွေ၊ ကိုယ်ပိုင်ယာဉ် သမားတွေ လူကို တိုက်ပြီးရင်
ထွက်ပြေးတာပေါ့။ Customer is always right ဆိုတဲ့ ဈေးရောင်းဈေးဝယ်
ဆောင်ပုဒ်လိုပဲ လမ်းဖြတ်ကူးသူ၊ အတိုက်ခံရသူ များက အမြဲ မှန်ပြီး
ဝင်တိုက်မိတဲ့ ယာဉ်များက အမြဲ ဥပဒေ ရင်ဆိုင်ရပါတယ်။
ဘယ်သူမှားမှား
ယာဉ်မောင်းဘက်က အမှားလို့ မှတ်ယူပြီး ဖမ်းပါတယ်။ ကျနော်တို့ခေတ်တုန်းက
ယာဉ်တိုက်မှု ဖြစ်ရင် မပြောကောင်းမဆိုကောင်း လူသေရင် ၊ ဥပဒေအရစစ်ဆေးလို့
နှစ်ဖက်စလုံး က ပေါ့ဆတာမျိုး ဆိုရင် သေသူအတွက် လျော်ကြေးငွေ တစ်သောင်းနဲ့
တစ်မတ်ပဲ ပေး ရတယ်။ တစ်သောင်းက အသက်ကြောင့်၊ တစ်သောင်းက ကူးတို့က။ ဒါက
နှစ်ဖက်လုံး ပေါ့ဆမှု ဆိုရင်ပေါ့။ ဒီခေတ်မှာက ဘယ်ဘက်က မှားမှား
ယာဉ်မောင်းဘက်က အပြစ်ရှိပြီး ငွေနဲ့လျော်ရုံမပြီးပဲ ထောင်ထဲ ပါဝင်ရပါတယ်။
ကျနော်တို့က ပိုက်ဆံမရှိလို့ တက္ကဆီမောင်း တာလေ။ ငွေရှိတဲ့သူက ဒီကိစ္စကို
ငွေနဲ့ ရှင်းလို့ ပြီးသွားကြတယ်။ ကျနော်တို့ ကျ တစ်ဘဝ လုံးကို ထောင်ထဲ
အပြီးခံရမှာ။
တစ်လောကပဲ ကားအတိုက်ခံရတဲ့ လူငယ်တစ်ယောက်ကို
ကျနော်ဆေးရုံ လိုက်ပို့မိတယ်။ နောက်မှာ ဘယ်သူမှ လိုက်မလာဘူး။ ကိုယ်ကလည်း
သူ့အသက်ရှင်ပါစေဆိုပြီး ပို့မိလိုက်တာ။ မှုခင်းရဲ့ ကျနော့ကို ဖမ်းတယ်ဗျာ။
အဲဒါ မဆီမဆိုင် အမှု ၁၁ လ ရင်ဆိုင်ခဲ့ရပြီး ငွေ ၆ သိန်းလောက် ကုန်သွား တယ်။
ဒီတော့ ကားအက်ဆီးဒန့်တွေနဲ့ ပက်သက်ရင် ကားသမားတွေ လည်း ဝေးဝေးရှောင်တယ်။
ပတ်ဝန်းကျင်က မြင်တဲ့သူတွေ လည်း ဝေးဝေးရှောင်တယ်။ ချမှတ်ထားတဲ့ ဥပဒေက
ဟုတ်မှမဟုတ်သေးတာဗျာ။ ယာဉ်တိုက်မှု၊ အက်ဆီးဒန့်တွေနဲ့ ပက်သက်ပြီး မျှမျှတတ
ဆုံးဖြတ်ပေးတဲ့ ဥပဒေမျိုးကို ကျနော်တို့ လိုအပ်နေပါတယ်။
ကားတိုက်မှု ဖြစ်ပြီးရင် ဘယ်ဒရိုင်ဘာမှလည်း ထွက်မပြေးချင်ကြဘူး။
အသက်ကယ်ချင်သူတွေပါပဲ။ ဒီထက်ပိုပြီး ရှင်းရှင်းပြောရရင် ဘယ်သူမှ
သူ့ကိုသေစေဆိုတဲ့ ဆန္ဒနဲ့ ရည်ရွယ်ပြီး တိုက်တဲ့သူလည်း မရှိဘူး။ ဘယ်လောက်ပဲ
အငြိုးကြီးတဲ့ လူကို လမ်းဖြတ်ကူးနေတာ တွေ့ ပါစေ။ သေစေဟဲ့ဆိုတဲ့ ဆန္ဒနဲ့
ဝင်တိုက်လောက် တဲ့အထိ တို့မြန်မာ ဒရိုင်ဘာတွေ မရိုင်းစိုင်းဘူးဆိုတာ
ကားမောင်းသူတိုင်း သိပါတယ်။ ဒီတော့ အမှု တစ်ခု ဖြစ်ရင်
ဘယ်သူပေါ့ဆတယ်ဆိုတာကို သေချာစစ်ဆေး အရေးယူ သင့်ပါတယ်။ လမ်းဖြတ်ကူးသူတို့
ဘက်ကလည်း မှားတာ ရှိလိမ့်မယ်။ မောင်းသူမှားတာလည်း ရှိလိမ့်မယ်။
နှစ်ဖက်စလုံးလည်း မှားနိုင်တယ်။
ကျနော်တို့ ဒရိုင်ဘာတွေဆိုရင်
မြို့ သစ်တွေဘက် မမောင်းရဲဘူး။ လူတစ်ယောက် လမ်းဖြတ်ကူးပြီး အတိုက်ခံ
ရတာမျိုးတွေ့ရင် ဝိုင်းအုံးလာတယ်။ ပြီးရင်ဒရိုင်ဘာကို ရိုက်မယ်ဆိုတာချည်း
ပဲ။ ငွေပေး လိုက်တော့လည်း အားလုံး ကြဲသွားတယ်။ ဒရိုင်ဘာတွေကလည်း တိုက်မှု
တစ်ခုဖြစ်ပြီးရင် ရုံးရောက်ဂတ်ရောက် ဘယ်သူမှ မသွားချင်ဘူး။ ဒီတော့ ကိုယ်က
မှားမှားမှန်မှန် ငွေမြန်မြန်ပေးပြီး ထွက်လာတာမျိုးပဲ လုပ်နေရပါ တယ်။
အချို့  လူတွေက ဒါကို သိတော့ သက်သက်လုပ်စားတယ်။ မတိုက်မိလည်း
တိုက်မိသယောင်၊ အချို့ ဆို တကူးတက ကို အတိုက် ခံပြီး လျော်ကြေးတွေ
ဘာတွေတောင်းတယ်။ မြန်မာ ကားသမားတွေရဲ့  အဖြစ်က တကယ်ကို သနားစရာပါဗျာ။
အကယ်၍ တရားမျှတတဲ့ ဖြေရှင်းအရေးယူ နည်းလမ်းတွေပေါ်လာရင် မသေသင့်၊ မနာမကျိုးသင့်သူတို့ အလကား အသက်ပေးနေရတာကနေ ကင်းဝေးမှာပါ။”
Aung Kham (ColayAutomobile)
No comments:
Post a Comment