Tuesday, August 20, 2013

Samsung က နာရီနှင့်တူသောဖုန်း လာမည့်လတွင် မိတ်ဆက်မည် အောင်မင်း ဘာသာပြန်သည်။ Mizzima - News in Burmese

သတင်းဝက်ဘ်ဆိုဒ်များ ကြည့်ရှုခြင်း၊ အီးမေးလ်ပို့ခြင်းနှင့် ဖုန်းခေါ်ဆိုခြင်းများ ပြုလုပ်နိုင်သည့် လက်ပတ် နာရီကဲ့သို့သော Galaxy Gear ဖုန်းအား Samsung အီလက်ထရွန်းနစ်ကုမ္ပဏီမှ လာမည့်လတွင် စတင် ရောင်းချတော့မည်ဟု ကုမ္ပဏီနှင့်နီးစပ်သူနှစ်ဦး၏အဆိုအရသိရသည်။

Samsung အနေဖြင့် Apple Inc. မှ ယခုနှစ်တွင်ထုတ်လုပ်မည်ဟု သတင်းထွက်နေသည့် လက်ပတ် နာရီကဲ့သို့သောဖုန်းကို ယှဉ်ပြိုင်နိုင်ရန်အတွက် Android စနစ်သုံး Galaxy Gear အား ယခုကဲ့သို့စီစဉ် ခဲ့ခြင်းဖြစ်သည်ဟု နီးစပ်သူများက ပြောကြားခဲ့သည်။ ယင်းဖုန်းအား ဘာလင်တွင် ကျင်းပမည့် IFA လျှပ်စစ်ကုန်ပစ္စည်းပြပွဲမတိုင်မီ နှစ်ရက်အလို ဖြစ်သည့် စက်တင်ဘာ ၄ ရက်တွင် ဖြန့်ချိမည် ဖြစ်သည်ဟု နီးစပ်သူများက အတည်ပြုပြောကြားခဲ့သော်လည်း အစီအစဉ်အသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုသွားခဲ့သည်။

Samsung ၏ ယခုလုပ်ဆောင်ချက်မှာ ဈေးကွက်အတွင်း ရောင်းအားကျဆင်းနေသည့် လက်ပတ်နာရီများအစား အဆင့်မြင့် နည်းပညာသုံး လက်ပတ်နာရီဖုန်းများဖြင့် ဈေးကွက်အတွင်း ထိုးဖောက်ရန် ကြိုး ပမ်းနေသည့် Sony Corp နှင့်လည်း ပြိုင်ဆိုင်ရဖွယ်ရှိသည်။ ယခုနှစ် နိုင်ငံတကာလက်ပတ်နာရီ ဈေး ကွက်ရောင်းအားမှာ သန်း ၆၀ ခန့်ရှိမည်ဟု ခန့်မှန်းထားပြီး စွယ်စုံသုံးလျှပ်စစ်ပစ္စည်းများအား ဦးဦးဖျား ဖျားဖြန့်ဖြူးပေးနိုင်သည့်ကုမ္ပဏီများအနေဖြင့် ၀ယ်ယူသူများအား အမာခံ ပရိတ်သတ်များအဖြစ် ဆွဲ ဆောင်နိုင်မည်ဖြစ်သည့်အပြင် စမတ်ဖုန်းများ၊ တက်ဘလက်များနှင့် တီဗွီများ ရောင်းချရေးတွင်လည်း မြှင့်တင်နိုင်မည်ဖြစ်သည်ဟု သိရသည်။

“Samsung ရဲ့ ယခုဆောင်ရွက်မှုဟာ အစောဆုံးဖြန့်ချိနိုင်မှာဖြစ်တဲ့အတွက် ဈေးကွက်ထဲမှာ အသာစီး ရရှိနိုင်မှာပါ”ဟု ဆိုးလ်မြို့အခြေစိုက် Nomura Holdings Inc မှ ဈေးကွက်လေ့လာသူ ချောင်ချန်းဝန်က ပြောကြားခဲ့သည်။
“လက်မှာ ၀တ်ဆင်အသုံးပြုလို့ရတဲ့ဖုန်းတွေက စမတ်ဖုန်းဈေးကွက်မှာ တစ်ခေတ်ထလာနိုင်ပါတယ်။ ဒါပေမဲ့ ဈေးကွက်ကို တစ်ခေတ်ထစေမယ့်အရာက လက်ပတ်နာရီလား၊ ဖန်သားမျက်နှာပြင်လားဆို တာတော့ ကျွန်တော် သေချာမသိပါဘူး”ဟုလည်း ၎င်းက ဆိုသည်။

လာမည့်လတွင် ထုတ်လုပ်မည့် Galaxy Gear မှာ ပြောင်းလွယ်ပြင်လွယ်ရှိသော မျက်နှာပြင်မဖြစ်နိုင် သေးကြောင်း၊ ခုံးနိုင်သည့်မျက်နှာပြင်တစ်ခုဖြစ်ပေါ်လာရေးအတွက် ကုမ္ပဏီမှ ဆက်လက်ဆောင်ရွက် နေကြောင်း အခြားတစ်ယောက်က ပြောကြားခဲ့သည်။ ထို့ကြောင့် ယင်းအားစမတ်ဖုန်းနှင့် တက်ဘလက် ကွန်ပျူတာတို့အား ပေါင်းစပ်ထားသည့် Galaxy Note 3 ထွက်ရှိသည့်အချိန်နှင့် တစ်ပြိုင်တည်း မထွက် နိုင်ဟု သိရသည်။

Samsung မှာ စမတ်ဖုန်းဈေးကွက်အား လွှမ်းမိုးထားသည့် Apple အား ယမန်နှစ်တွင် ကျော်ဖြတ်သွား ခဲ့သည်။ တောင်ကိုးရီးယား အခြေစိုက် တယ်လီဖုန်းဖြန့်ချိရေးကုမ္ပဏီ တစ်ခုဖြစ်သော ဆူဝန်မှာ ယခုနှစ် ဒုတိယသုံးလတာကာလပတ်တွင် ကမ္ဘာ့စမတ်ဖုန်းဈေးကွက်၏ ၃၃ ရာခိုင်နှုန်းကျော်အား ရရှိခဲ့သည်။ တစ်ချိန်တည်းတွင် ၀ယ်ယူသူများက ဈေးသက်သာသည့် တရုတ်စမတ်ဖုန်းများအား ၀ယ်ယူခဲ့သည့် အတွက်f Apple ၏ iPone ဈေးကွက်မှာ ကျဆင်းသွားခဲ့ရသည်ဟု သုတေသနပြုလုပ်နေသည့် Strategy Analytics အရသိရသည်။

သို့သော် Samsung ၏ Galaxy S4 ဖုန်း များမှာလည်း မျှော်မှန်းထားသလောက် ရောင်းအားမကောင်းခဲ့ပေ။

No comments:

Post a Comment