Thursday, August 15, 2013

ကရ၀ိတ်နန်းတော် ၀င်ပေါက်ရှိ ကျပ်သိန်း ၁၀၀၀ တန်ရေသန့်စင်စက်ကို တိုက်မိပျက်စီး၍ အရေးယူ ရန်ကုန်၊ သြဂုတ် ၁၅ Yangon Police

၁၃.၈.၂၀၁၃ ရက်နေ့ ၂၀၅၈ အချိန်ခန့်တွင် မင်္ဂလာတောင်ညွှန့်
မြို့နယ်၊ ကရ၀ိတ်နန်းတော် ၀င်ပေါက်အနီးရှိ ဂျပန်နိုင်ငံမှ လှူဒါန်းထားသောရေသန့်စင်စက်အား ၁ဃ/---- ဟာရီယာနံ့သာရောင် ယာဉ်မှ နောက်ဆုတ်စဉ်အရှိန်မထိန်းနိုင်ဘဲတိုက်မိပြီးမောင်းနှင်ထွက်ပြေးသွားကြောင်းကို ကရ၀ိတ်ဥယျာဉ်ကမ္ဘာလုံခြုံရေးဝန်ထမ်းဦးဝင်းနိုင်ထွန်း၏ အကြောင်းကြားချက်အရ ၁၄.၈.၂၀၁၃ ရက်နေ့ ၀၈၀၀အချိန်တွင်
ဒေါ်ခင်အေးမြင့်၊ ရေသန့်ဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီမှ သွားရောက်ကြည့်ရှုစစ်ဆေးရာ ကာလတန်ဘိုး
ငွေကျပ်သိန်း(၁၀၀၀)ခန့်ရှိရေသန့်စင်စက်မှာ ပျက်စီး သွားကြောင်း
စစ်ဆေးတွေ့ရှိရ၍ ယာဉ်မောင်းသူအပေါ်စုံစမ်းအရေးယူပေးပါရန်
တိုင်တန်းခဲ့သဖြင့် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း (ပ)၅၇၂/၂၀၁၃၊
ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁) ဖြင့်
လည်းကောင်း၊ ယာဉ်အားမဆင်မခြင်မောင်းနှင်၍ ရေသန့်စင်စက် အားတိုက်မိခဲ့သဖြင့် ယာဉ်(ပ) ၃၃/၂၀၁၃၊ ပုဒ်မ ၂၇၉ /၂၀၂ ဖြင့်
လည်းကောင်း အရေးယူစုံစမ်းဆာင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။

No comments:

Post a Comment