Thursday, August 15, 2013

တရားမ၀င်ကျွန်းသစ် သယ်ဆောင်လာသူများအားဖမ်းဆီးအရေးယူ ရန်ကုန်၊ သြဂုတ် ၁၅ Yangon Police


၁၃.၈.၂၀၁၃ ရက်နေ့ ၂၁၃၃ အချိန် သင်္ဃန်းကျွန်းမြို့နယ်
သစ်တောဦးစီးအရာရှိ ဦးအောင်နိုင်ဝင်းနှင့် အဖွဲ့သည် တရားမ၀င်
ကျွန်းသစ်များသယ်ဆောင် နေကြောင်းသတင်းအရ လှည်းကူးမြို့နယ်၊ အမှတ် (၃)လမ်းဆုံတွင် စောင့်ဆိုင်းနေစဉ် ၆ဃ/----- ဟွန်ဒါအော်ဒက်စီ
အမျိုးအစားယာဉ်မှာ အလေးချိန် များစွာတင်ဆောင်၍ အရှိန်ပြင်းစွာ
မောင်းနှင်သွားသဖြင့် မသင်္ကာသောကြောင့် နောက်မှလိုက်ပါခဲ့ပြီး
တောင်ဥက္ကလာပမြို့နယ်၊(၉)ရပ်ကွက်၊ကျော်သူ(၂၄)လမ်းအရောက်တွင် ရပ်တန့် စစ်ဆေးခဲ့ရာရန်နိုင်(စုံစမ်းဆဲ)မှာထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ယာဉ်ပေါ်တွင် လူဇော်(ခ)မျိုးဇော်(ဘ)ဦးစောအေး၊ကျောက်တံခါးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးနေသူနှင့်အတူ တရားမ၀င်ကျွန်းသစ်စကွဲယားတုံး
ဆိုဒ်စုံ (၃၅)တုံး၊ (၀.၆၉၈၆)တန် ၊ ကာလတန်ဘိုးငွေကျပ် (၅၅၈၈၈၀)ခန့်
အားဖမ်းဆီးရမိခဲ့ပါသည်။

တရားမ၀င်ကျွန်းသစ်များသယ်ဆောင်လာသူ လူဇော်(ခ)မျိုးဇော်၊ ရန်နိုင်(စုံစမ်းဆဲ)နှင့် သစ်ပိုင်ရှင်/ ယာဉ်ပိုင်ရှင်တို့အား စုံစမ်းဖော်ထုတ်
အရေးယူပေးပါရန်တိုင်ကြားခဲ့သဖြင့် တောင်ဥက္ကလာပမြို့မရဲစခန်း
(ပ) ၂၉၈/၂၀၁၃၊ သစ်တောဥပဒေပုဒ်မ ၄၃(က)ဖြင့် အရေးယူစုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment