Thursday, October 31, 2013

ပြည်သတင်း

ယနေ့ည 6 နာရီခန့်တွင် ယာဉ်တိုက်မှုတစ်ခု ကိုးသောင်းလမ်းမှာ ဖြစ်ပွားခဲ့ပါတယ်။

အသေးစိပ်ကို ပြည်သတင်းတွင် မကြာမီ ဖော်ပြပေးပါ့မည်။

အဆိုပါသတင်းကို မတင်ပြမည် ယာဉ်ထိန်းရဲ တစ်ဦး၏ အကြောင်းကို ပြောပြလိုပါသည်ခင်ဗျာ။

ကျွန်တော်ပြောလိုသော ယာဉ်ထိန်းရဲမှာ တပ်ကြပ်ကြီး ကျော်နိုင်ထွန်း ဖြစ်ပြီး ယာဉ်တိုက်မှုတွင် တာဝန်သိပြည်သူများ၏ ဖုန်းဆက်မှုဖြင့် ချက်ခြင်းဆိုသလို ရောက်လာပြီး

ယာဉ်တိုက်မှုဖြစ်ပွားသည့် ကောင်လေး၏ အခြေအနေကိုကြည့်ကာ သူ၏လုပ်ဆောင်စရာ တာဝန်များကို အလျှင်အမြန်လုပ်ဆောင်ပြီး

ူလူမှုရေးစိတ်ဓါတ်အပြည့်ဖြင့် ဆေးရုံပို့သည်မှအစ ဖြစ်စဉ်ပြီးသည်အထိ
ပြည်သူ့တာဝန် ထမ်းဆောင်ခဲ့သည်ကို ကျွန်တော်ကိုယ်တိုင် မြင်တွေ့ခဲ့ရပါသည်။

အခြား ယာဉ်ထိန်းရဲများကဲ့သို့ မျက်မြင်သက်သေများကို ဆရာကြီးအထာဖြင့်မေးခြင်းမရှိ၊ မူးယစ်သောက်စား ထားခြင်းမရှိပဲ စကားအပြောအဆို ရည်မွန်ခြင်းပြီး ဆေးရုံပို့ရမည့်အနေအထားရှိသဖြင့် လျှင်လျှင်မြန်မြန်ဆောင်ရွက်ခြင်းတို့ကို စိတ်ဓါတ်အပြည့်ဖြင့် တာဝန်ထန်းဆောင်ခဲ့ပါသည်။

ထိုသို့ ယာဉ်ထိန်းရဲကို ဒီတခါသာ မြင်ဖူးသေးပါသဖြင့် ဂုဏ်ယူစွာ ဂုဏ်ပြုလိုက်ရပါသည်။

ထိုသို့ ပြည်သူ့ဝန်ထန်းကောင်းများ မြောက်များစွာ ပေါ်ထွက်လာရန် ဆနပြုရင်း
တပ်ကြပ်ကြီး ကျော်နိုင်ထွန်းကို ဂုဏ်ပြုလိုက်ရပါသည်။

Pyae Phyo Pyay

သံသယတရားခံကလေးငယ်ကို နှိပ်စက်ခဲ့သည့် မြောင်းမြရဲကိစ္စ အမှုဖွင့်တိုင်ကြားနိုင်ဟု တိုင်းဧရာဒု-တိုင်းရဲတပ်ဖွဲ့မှူးဆို ============================ POST 31 OCTOBER 2013


ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့၌ဖြစ်ပွားခဲ့သည့် လူသတ်မှု တစ်ခုအတွက် အသက်(၁၃)နှစ်အရွယ် ကလေးငယ်တစ်ဦးကို သံသယ တရားခံအဖြစ် ဖမ်းဆီးကာ ဖြောင့်ချက်မပေးသည့်အတွက် ခြေလက်များ မသန်စွမ်းဖြစ်သည်အထိ နည်းမျိုးစုံဖြင့် နှိပ်စက်ခဲ့သည့်မြောင်းမြရဲစခန်းမှ တာဝန်ရှိသူများအား အမှုဖွင့်တိုင်ကြားနိုင်သည်ဟု ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှအကြီးအကဲများကဆိုသည်။

မြောင်းမြမြို့ မြရတနာရပ်ကွက်၊န၀ရတ်လမ်းမကြီးအောင်ပန်းဆားစက်ဝင်း အတွင်း၌ ဇူလိုင်လ၂၃ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ သည့်လူသတ်မှု တစ်ခုအတွက် စိန်မင်းဆားစက်ဝင်းအတွင်းနေထိုင်သူ အသက်(၁၃)နှစ် အရွယ်ကလေးငယ်နှင့် ၄င်း၏ဖခင်ဖြစ်သူ ကို မြောင်းမြရဲစခန်းမှ သံသယတရားခံအဖြစ် သတ်မှတ်ဖမ်းဆီးခဲ့ပြီး ဖြောင့်ချက်ရရှိနိုင်ရေး တစ်လခန့်ဖမ်းဆီးထားစဉ် ရဲစခန်း အတွင်းမှ တာဝန်ကျရဲများ အပြင် ပြင်ပမှလူနှစ်ဦးကပါ နည်းမျိုးစုံဖြင့်အကြမ်းဖက်နှိပ်စက်ခဲ့သဖြင့် ခြေ၊လက်များ မသန်စွမ်းဖြစ်ခဲ့ရ သည့်ကိစ္စအပေါ်တွင် တိုင်းရဲတပ်ဖွဲ့အကြီးအကဲများက ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
မျိုးမင်းထွန်ုး -ဧရာဝတီတိုင်း(မြစ်မခ)

ရေနံချေးများပိတ်နေသဖြင့် ဆေးကြောရာမှ မီးလောင်မှုဖြစ်ပွား နေပြည်တော်၊ အောက်တိုဘာ ၃၁

၃၀-၁၀-၂၀၁၃ ရက်နေ့ ၁၂၄၅ အချိန် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ မောင်းတိုင်(၂)ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ တောင်တွင်းကြီးမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ တောင်တွင်းကြီးမှငမင်ကျေးရွာသွား ကျောက်ချောလမ်း၏တောင်ဘက်၊ ကိုက်(၂၀၀)ခန့်အကွာ တောတွင်း၌ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ (၃၈)လမ်း၊ ၇၁ x ၇၂ ကြားနေ အာကာ(၃၄)နှစ်ပိုင် ရေနံချက်ဖို(၂)ဖိုအနက် အမှတ်(၂)ရေနံချက်ဖိုအနီး အမှတ်(၁/၂)ရေကန်မှ ဆီစစ်ကန်သို့ သွယ်ထားသည့် ပိုက်လိုင်း(၂)လိုင်းတွင် ရေနံချေးများပိတ်နေသဖြင့်ဆေးကြောရန် ပိုက်လိုင်းအတွင်း ကော့စတစ်ဓါတု ဆေးမှုန့်အား ရေဖြင့်ရော၍ အမှတ်(၁)ရေကန်အတွင်းသို့မောင်းတင်ခဲ့ရာ ရေနံချက်ဖို(၂)အတွင်းသို့ ဆက်သွယ်ထားသည့် ပိုက်လိုင်းဘား မလုံသောကြောင့် ကော့စတစ်နှင့်ရေနံစိမ်းများ ရောနှောထိတွေ့ပြီး မီးလောင်ပေါက်ကွဲမှုဖြစ်ပွား ခဲ့ကြောင်းသိရှိရသည်။
မီးလောင်ရာသို့ တောင်တွင်းကြီးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မှ တပ်မတော်သားများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ ၀ိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ ၁၅၀၀ အချိန်တွင် မီးငြိမ်းသွားခဲ့သည်။ မီးလောင်ကျွမ်းမှုကြောင့် လူ/တိရိစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း ရေနံစိမ်းချက်ဖို(၁)ဖို၊ တန်ဘိုးငွေကျပ်(၁၁၆၈၀၀၀ိ/-)ဆုံးရှုံးခဲ့သဖြင့် အာကာအား တောင်တွင်းကြီးမြို့မရဲစခန်း(ပ)၂၀၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

မန္တလေးတွင် ဆိုင်ကယ်ကယ်ရီသမားမှ ခရီးသည်အမျိုးသမီးတစ်ဦးအား ထိုးနှက်ပြီး ပစ္စည်းလုယူထွက်ပြေးသွားခဲ့ __________________________________________________ Oct,31,2013


အသက်၂၆နှစ်အရွယ်ရှိ မ့ သည်တောင်ငူမှမန္တလေးသို့လာရောက်ပြီး၊ကျွဲဆည်ကန်းကြီးကွင်းမှစက်မှုသို့ ဆိုင်ကယ်TAXI ငှားစီးခဲ့ပါသည်။ဆိုင်ကယ်TAXI သမားသည် ၅၉လမ်း၊ဗန္ဓုလလမ်းသို့ရောက်သောအခါ အဆိုပါ အမျိုးသမီးငယ်အား လည်ပင်းကိုညှစ်၊မျက်နှာကိုလက်သီးနှင့်ထိုးပြီး အဆိုပါဒဏ်ရာနှင့်ပြစ်ထားခဲ့ ပါသည်။ရွှေဆွဲကြိုးတစ်ကုံးနှင့် ခရီးဆောင်အိတ်များယူသွားခဲ့ကြောင်းသိရပါသည်။ဖြစ်ပွါးချိန်မှာ နံနက်၆း၀၀ခန့့် ဖြစ်ပါသည် ။

Nay Linn >> မန္တလေး သတင်း ပုံရိပ်များ >>

အေးချမ်းမွန် Credit To >မြန်မာပြည်သား<Thanks
https://www.facebook.com/excellencemedia

သူရိယအလင်းဂျာနယ် စာနယ်ဇင်းကျင့်ဝတ် ချိုးဖောက်

ပြည်တွင်း အပတ်စဉ်ထုတ် သူရိယအလင်းဂျာနယ်ရဲ့ ရေးသားဖော်ပြချက်တွေဟာ စာနယ်ဇင်းကျင့်ဝတ်နဲ့ မညီဘူးလို့ မြန်မာဂျာနယ်လစ်ကွန်ရက်က သဘောထားထုတ်ပြန်လိုက်ပါတယ်။

သူရိယအလင်း ဂျာနယ်ဟာ မကြာသေးခင်ကမှာ လူတစုက ညအချိန်မတော် ဂျာနယ်တိုက်ကို ၀င်ရောက်စီးနင်းခံခဲ့ရတယ်လို့ သတင်းတွေ ထွက်ခဲ့တဲ့ဂျာနယ် ဖြစ်ပါတယ်။

ဒီဂျာနယ်မှာ ရေးသားဖော်ပြထားချက်တွေဟာ အချက်အလက် မပါဘဲ ပုဂ္ဂိုလ်ရေး တိုက်ခိုက်နေတာတွေ များလို့ အခုလို သဘောထားထုတ်ပြန်ရတာလို့ ဂျာနယ်လစ်ကွန်ရက်က အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က ပြောပါတယ်။

“အမြင်သဘောထားတွေကို ရေးခွင့်ရှိပါတယ်။ ဒါပေမယ့် တချို့ဟာတွေက ပုဂ္ဂိုလ်ရေးတွေနဲ့ နိုင်ငံရေး တိုက်ခိုက်မှုလိုဟာမျိုးတွေ အဲဒါတွေက မီဒီယာထဲမှာ ဂျာနယ်လစ်ဇင် အသွင်မျိုးလို့ ထင်နေ၊ ယူဆနေကြတယ်။ ဒါက အခြားနိုင်ငံမှာ ရင့်ကျက်တဲ့ စာဖတ်သူတွေက ရွေးချယ်တတ်မယ်။ ဒါပေမယ့် မြန်မာနိုင်ငံလိုနေရာမျိုးမှာ ဘယ်က မှန်ကန်တဲ့ သတင်းအချက်အလက်လဲ၊ ဘယ်ဟာက အမြင်သဘောထားလဲ ဆိုတာမျိုးကို စာဖတ်သူက သိပ်မသဲကွဲတဲ့ အချိန်မျိုးမှာ ရောထွေးပြီးတော့ ဂျာနယ်လစ်ဇင်ကို အစိုးရရဲ့ ထိန်းချုပ်ဖို့ လိုအပ်တယ်ဆိုတဲ့ ထင်မြင်မှုမျိုးတွေ အားကောင်းလာမှာကို စိုးရိမ်တာပါ။”

စာနယ်ဇင်းကျင့်ဝတ်နဲ့ မညီဘူးလို့ သူတို့ ဆိုလိုတဲ့ ဂျာနယ်ဟာ မကြာခင်ကမှ ထုတ်ဝေမှု ရပ်သွားတဲ့ သူရိယအလင်းနဲ့ အသစ်ထုတ်ဝေလာတဲ့ သူရိယနေ၀န်းဂျာနယ် ၂ ခုစလုံးလို့လည်း ပြောပါတယ်။

ဂျာနယ်လစ်ကွန်ရက်ရဲ့ ကြေညာချက်မှာတော့ ကျင့်ဝတ်မညီပဲ ရေးသားမှုတွေကြောင့် သတင်းမီဒီယာလောကအပေါ် လူအများ ယုံကြည်ကိုးစားမှု လျော့နည်း ကျဆင်းလာစေနိုင်တဲ့ အကြောင်းနဲ့ သတင်းမီဒီယာနယ်ပယ်ကို တလွဲအသုံးပြုပြီး ပုဂ္ဂိုလ်ရေး ထင်ပေါ်လိုမှုနဲ့ နိုင်ငံရေး အကျိုးအမြတ် ရရှိအောင်လုပ်ဆောင်တာတွေကို ဆန့်ကျင်ရှုတ်ချတယ်လို့ ဖော်ပြထားပါတယ်။

သူရိယနေ၀န်းဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဦးမိုးဟိန်းကတော့ ဂျာနယ်လစ်ကွန်ရက်ရဲ့ သဘောထား ထုတ်ပြန်ချက်ကို အသိအမှတ်မပြုဘူးလို့ ပြောပါတယ်။

“အာဏာရှင်တွေနဲ့ ခရိုနီတွေရဲ့ ဩဇာကရော၊ ကျနော့်ကို ပြောတဲ့ ပုဂ္ဂိုလ်တွေကရော ကင်းလွတ်ရဲ့လား။ သူတို့ကို ကိုယ်စားပြုပြီး ကျနော့်ကို မေးနေတာလားဆိုတာ မေးမယ်။ သူရိယ အလင်းနဲ့ သူရိယနေ၀န်းသည် ကမ္ဘာ့စာနယ်ဇင်း၊ အမေရိကန်တို့လို၊ အင်္ဂလန်တို့လို ဒီမိုကရေစီ နိုင်ငံကြီးတွေမှာ ရှိတဲ့ စာနယ်ဇင်း ကျင့်ဝတ်ကိုပဲ ကျနော်တို့ စံလုပ်ထားတယ်။ ကျနော်တို့ မြန်မာပြည်မှာလည်း ဒီမိုကရေစီ ရတဲ့ တနေ့မှာ မြန်မာပြည်ရဲ့ စာနယ်ဇင်းကျင့်ဝတ်သည် ကမ္ဘာ့စာနယ်ဇင်း ကျင့်ဝတ်နဲ့ တသားတည်း ဖြစ်စေရမယ်။ အဲဒီမတိုင်ခင် စပ်ကြားကာလမှာ ကျနော်တို့ကို သူတို့တိုင်းချင်တဲ့ ပေတံနဲ့ လာပြီးတိုင်းလို့ရှိရင်တော့ ကျနော်တို့ဘက်ကနေ ဒါကို အသိအမှတ်မပြုနိုင်ဘူးဗျ။”

အောက်တိုဘာလထဲမှာပဲ သူရိယအလင်းဂျာနယ်ဟာ ထုတ်ဝေသူက ဆက်လက် မထုတ်ဘဲ ရပ်နားလိုက်ပြီးတဲ့နောက် အယ်ဒီတာချုပ်က သူရိယနေ၀န်းနာမည်နဲ့ ဂျာနယ်တစောင် ထပ်ထုတ်နေတာ ဖြစ်ပါတယ်။
စာနယ်ဇင်း ကျင့်ဝတ်နဲ့ ပတ်သက်ပြီး သတင်းမီဒီယာသမားများ အားလုံး ၀ိုင်းဝန်း ထိန်းသိမ်းကြဖို့ မြန်မာဂျာနယ်လစ်ကွန်ရက်က တိုက်တွန်းနှိုးဆော်ထားပါတယ်။

by ဒီဗွီဘီ

Mobile Phone Servicessssss

Photo: Mobile Phone Servicessssss

ပြည်မြို့နယ် ဇီးအုပ်ကျေးရွာအုပ်စုတွင်နေအိမ် ၈၄လုံးနှင့် လယ်ဧကတစ်ထောင်ကျော်ရေမြုပ် ရေခဲ(ပြည်)

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပြည်မြို့နယ် ဇီးအုပ်ကျေးရွာအုပ်စုတွင် မိုးရွာသွန်းချိန် “မတောင့်တ” ရေအရင်းမြစ် ဆည်မှ ရေထွက်ပေါက်အားနည်းသဖြင့် မတောင့်တကျေးရွာမှ နေအိမ် ၈၄လုံးနှင့် လယ်ဧကတစ်ထောင် ကျော်ရေမြုပ်ခဲ့ကြောင်း ဒေသခံရွာသားများက မဇ္ဈိမကိုပြောသည်။

အောက်တိုဘာလ၂၉ ရက် မွန်းလွဲ ၃ နာရီမှစကာဖြစ်ပွားခဲ့ပြီး ဇီးအုပ်ကျေးရွာအုပ်စု မတောင့်တကျေးရွာမှ နေအိမ် ၈၄လုံး၊ ကျေးရွာအနီးရှိ ဇီးအုပ်ကွင်း၊ နတ်တလင်းကွင်းမှ လယ်မြေဧက တစ်ထောင်ကျော်နှင့် စာ သင်ကျောင်းတစ်ကျောင်း ရေမြုပ်ခဲ့ခြင်းဖြစ်သည်။

“ရေတံခါး ရေအကုန်မဖွင့်ဘူး။ ရေတံခါးမှာ ဒိုက်တွေကပ်နေတယ်။ ဆည်နဲ့ ရေပိတ်ထားသလိုဖြစ်နေ တယ်။ ဒီဆည်က ရေသောက်ရတာလည်း မရှိဘူး။ ဆည်ရဲ့ သုံးပုံနှစ်ပုံလောက်က ချောင်းတစ်ဝက်သာ သာလောက် ဖြစ်နေတယ်”ဟု မတောင့်တကျေးရွာမှ မငယ်ငယ်ဆန်းက ပြောသည်။

နေအိမ်၊ စာသင်ကျောင်းနှင့် လယ်မြေများ အမြင့်ပေငါးပေခန့်အထိ ရေနစ်မြုပ်ခြင်းကြောင့် အောက်တိုဘာလ ၃၀ ရက်တွင် ကျေးရွာစာသင်ကျောင်းကို ပိတ်ထားရသည်။

လယ်မြေဧက တစ်ထောင်ကျော်အနက် မတောင့်တရေအရင်းအမြစ်ဆည်၏အရှေ့ဘက်ရှိ လယ်ဧက ငါးဆယ်ကျော်သည် ပျက်စီးဆုံးရှုံးနိုင်သည်ဟု မငယ်ငယ်ဆန်း ကပြောသည်။

“ပျက်မှာ သေချာတယ်။ အခုနေ မသိသေးဘူး။ တော်ကြာနုန်းခြောက်ကပ်ပြီး ပုပ်သွားမှာ”ဟု ၎င်းကဆို သည်။ ထို့အပြင် ကျန်းမာရေးမကောင်းသည့် သူမ၏မိခင်ကို တစ်ခြားရွာသို့ခေတ္တပြောင်းရွှေ့ထားရသည် ဟုဆိုသည်။

ဆည်မှ ရေထွက်ပေါက်အားနည်းသောကြောင့် ရေကြီးခြင်းဖြစ်ပြီး သက်ဆိုင်ရာသို့ စာတင်ထားကြောင်း ဇီးအုပ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က ပြောသည်။

“လယ်ကြား မြောင်းထပ်တူးပေးဖို့ တင်ထားတယ်။ ရေထုတ်နိုင်အောင်ပြွန်လုပ်ပေးဖို့ လိုမယ်။ ရေထွက်ပေါက်က သုံးပေလောက်ပဲရှိတော့ ရေမထွက်နိုင်ဘူး”ဟု ၎င်းက ဆိုသည်။

ထို့အပြင် ကျေးရွာ၌ သောက်ရေ၊ သုံးရေများ လိုအပ်နေသည်ဟုလည်း ဒေသခံများက ပြောသည်။
အဆိုပါဆည်ကို ၁၉၉၀ခုနှစ်ခန့်က ဆောက်လုပ်ခဲ့ပြီး နှစ်နှစ်တစ်ကြိမ် ရေကြီးမှုဖြစ်ပွားခဲ့ကြောင်း ၂၀၁၁ ခုနှစ်ကလည်း ရေကြီးမှုဖြစ်ပွားခဲ့ပြီး လယ်ဧက ၁၃၀၀ကျော် ပျက်စီးခဲ့သည်။

Mizzima - News in Burmese

တရုတ်နိုင်ငံသို့ တင်ပို့မည့် ကျွန်းနှင့် သစ်မာမျိုးစုံ တန် ၂၀ ကျော် ဖမ်းဆီးရမိ ကျိုင်းတုံ၊ အောက်တိုဘာ ၃၀ The Voice Weekly


ကျိုင်းတုံ-မိုင်းလားကားလမ်း ယန်းလှ ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် အောက်တိုဘာလ ၂၈ ရက် နံနက် ၄ နာရီ ၂၀ မိနစ်ခန့်က တရုတ်နိုင်ငံသို့ တရားမဝင် တင်ပို့မည့် ကျွန်း၊ ပိတောက်နှင့် တမလန်း သစ်မာမျိုးစုံ တန် ၂၀ တင်ဆောင်လာသည့် မော်တော်ယာဉ် နှစ်စီးကို ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့နယ် သစ်တောဦးစီးမှူး ဦးစိုးလွင်သူက The Voice သို့ ပြောကြားသည်။

ကျိုင်းတုံမြို့ ကျိုင်းတုံ-မိုင်းလား ကားလမ်း ယန်းလှ ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် အောက်တိုဘာ ၂၈ ရက်က ပြည်နယ် သစ်တောဦးစီးမှူး ဦးဆောင်၍ မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ မော်တော်ယာဉ်များကို သတင်းအရ စောင့်ဆိုင်း ရှာဖွေနေစဉ် တရားမဝင်သစ်များ သယ်ဆောင်လာသည့် ၁၂ ဘီး ကုန်တင်ယာဉ်တစ်စီးနှင့် ၁၀ ဘီး ကုန်တင်ယာဉ် တစ်စီးတို့ကို ဖမ်းဆီးရမိခြင်း ဖြစ်ပြီး ယင်းကဲ့သို့ သစ်အများအပြား ဖမ်းဆီးရမိခြင်းသည် ကျိုင်းတုံမြို့နယ် သစ်တောဦးစီးဌာန အနေနှင့် ပထမဦးဆုံးအကြိမ် ဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် သစ်တောဦးစီးမှူး ဦးစိုးလွင်သူက The Voice သို့ ပြောကြားသည်။
“ကျွန်းခွဲသား အပါအဝင် ပိတောက်နဲ့ တမလန်း အမျိုးအစား သစ်လုံးနဲ့ သစ်ခွဲသားမျိုးစုံကို ကားနှစ်စီးအပြည့် တင်လာတာ။ သစ်လုံးတွေကို ကားအမိုးကိုင်း မဖြုတ်ဘဲ ဘယ်လို စနစ်တကျ တင်ထားလည်း မသိဘူး။ ကျွန်တော်တို့မှာတော့ သစ်လုံးတွေကို နှစ်ရက်တောင် ကားပေါ်က နေချယူရတယ်။ ကျိုင်းတုံဒေသက ကျွန်းနဲ သစ်မာအမျိုးအစား မပေါက်ရောက်ဘူး။ သစ်ခွဲခြမ်းတွေရဲ့ သက်တမ်းကို ကြည့်ရင်တော့ အနည်းဆုံး နှစ် ၄၀ သက်တမ်း အထက်ရှိမယ်” ဟု ဦးစိုးလွင်သူက သုံးသပ်ပြောဆိုသည်။

ယာဉ်မောင်း ဦးအောင်မင်း မောင်းနှင်လာသည့် ၈ဇ/၃၃၁၉ Nissan အစိမ်းရောင် ၁၂ ဘီးယာဉ်ပေါ်မှ ပိတောက်နှင့် တမလန်း အမျိုးအစား သစ်လုံးနှင့် သစ်ခွဲသား စုစုပေါင်းတန်ချိန် ၁၂ ဒသမ ၆၈၇ တန်နှင့် ယာဉ်မောင်းကိုတူး (ခ) ဦးတင့်လွင် မောင်းနှင်လာသည့် ၃ခ/၇၈၈၃ Nissan အပြာ/ခဲရောင် ၁၀ ဘီးယာဉ်ပေါ်မှ ကျွန်းသစ်နှင့် ပိတောက် အမျိုးအစား သစ်လုံးနှင့် ခွဲသား စုစုပေါင်းတန်ချိန် ၆ ဒသမ ၁၇၄၆ တန်ကို ဖမ်းဆီးရမိကြောင်း ယင်းမြို့နယ် သစ်တောဦးစီးဌာန၏ ဖမ်းဆီးရမိ စာရင်းများအရ သိရသည်။
“ဒီသစ်ခွဲခြမ်းတစ်ခုကို တရုတ်ပြည်ရောက်ရင် အနည်းဆုံးကျပ် ၁၀ သိန်းကျော် ရတယ်။ တရုတ်တွေက အဲဒီသစ်ခွဲခြမ်းတွေကို အချောကိုင် ဆေးသုတ်ပြီးတော့ စားပွဲနဲ့ ထိုင်ခုံတွေလုပ်တာ။ အခုသစ်တော ပြည်နယ်မှူး အသစ်ရောက်လာ ကတည်းက မိုင်းတုံ၊ မိုင်းဆတ်ဘက်လည်း သွားဖမ်းတယ်။ လုပ်ငန်းရှင်ကြီးတွေနားက အလုံးအရင်းနဲ့ ဖမ်းမိတာ ဒါပထမဆုံးပဲ” ဟု ယင်းသစ်လုပ်ငန်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

ကျိုင်းတုံမြို့နယ် သစ်တောဦးစီးဌာန အနေဖြင့် ကျွန်းနှင့် သစ်မျိုးစုံကို ၂၀၁၂ ခုနှစ်တွင် ၂၃ ကြိမ် ဖမ်းဆီးရမိခဲ့ပြီး သစ်တန်ချိန် ၄၆ ဒသမ ၁၇၃၇ တန်သာမက တောရိုင်းတိရစ္ဆာန် သင်းခွေချပ်အရှင် ၁၁ ကောင်နှင့် အသေသုံးကောင်ကို သိမ်းဆည်း နိုင်ခဲ့ကြောင်းနှင့် ၂၀၁၃ ခုနှစ် ဧပြီလတွင် ၃ ဒသမ ၅၂ တန်၊ မေလတွင် ၅ ဒသမ ၀၀၂ တန်၊ ဇွန်လတွင် ၁ ဒသမ ၆၄ တန်၊ ဇူလိုင်လတွင် ၁ ဒသမ ၆၆၂၆ တန်နှင့် စက်တင်ဘာလတွင် ၁ ဒသမ ၅၁ တန်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ယင်းမြို့နယ် သစ်တောဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တရားမဝင်သစ်များ သယ်ဆောင်လာသည့် ယာဉ်မောင်း ဦးအောင်မင်း (၂၉) နှစ်နှင့် ကိုတူး (ခ) ဦးတင့်လွင် (၄၇) နှစ်တို့ကို ကျိုင်းတုံ မြို့မရဲစခန်း၌ အမှုဖွင့် တိုင်ကြားထားကြောင်း ယင်းမြို့နယ် သစ်တောဦးစီးဌာနမှူး ဦးစိုးလွင်သူ၏ ပြောကြားချက်အရ သိရသည်။

ရန်နိုင် (သီလဝ)

လက်ရွေးစင်ဘောလုံးအသင်း ရလဒ်ပေါ်မူတည်၍ ဆီးဂိမ်းဖွင့်ပွဲသီချင်း အပြောင်းအလဲရှိနိုင် သောကြာ

အားကစားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးမြင့်ကြူက ဆီးဂိမ်းဖွင့်ပွဲအခမ်းအနားတွင် လက်ရွေးစင်ဘောလုံးအသင်း၏ ရလဒ်ပေါ်မူတည်၍ ထည့်သွင်းသီဆိုမည့်သီချင်း အပြောင်းအလဲရှိနိုင်သည်ဟုဆို သည်။

ဒီဇင်ဘာ ၁၁ ရက်တွင် နေပြည်တော် ၀ဏ္ဏသိဒ်္ဓိအားကစားကွင်း၌ ပြုလုပ်မည့် ၂၇ ကြိမ်မြောက် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ရိုးရာအကများ၊ အေရိုးဗစ်အကများ၊ မြန်မာ့ရိုးရာ ခြင်းလုံး သရုပ်ပြကွက်များ၊ ကမ္ဘာမြေစိမ်းလန်းရေးဖော်ကျူးထားသည့် တေးသရုပ်ဖော်မှုများ၊ ကျောက်ဆည် ဆင်အကများအပြင် စိုင်းစိုင်းခမ်းလှိုင်၊ နေနေ၊ သီရိဆွေ၊ မေခလာစသည့် နိုင်ငံကျော်အဆိုတော်များမှ တေးသီချင်းများဖြင့် ဖွင့်လှစ်သီဆိုမည် ဖြစ်သည်။

ဦးအေးမြင့်ကြူက “ဖွင့်ပွဲမှာ မေခလာဆိုတဲ့ “ဂိုးသွင်းကောင်းတဲ့ကိုကို”၊ စိုင်းစိုင်းခမ်းလှိုင်နဲ့ သီရိဆွေတို့ဆိုထားတဲ့ ဂိုးသီချင်းတို့ကို ထည့်ဖို့ရှိပါတယ်။ ဒါပေမဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း အနေအထား ပေါ်မူတည်ပြီး သီချင်းအပြောင်းအလဲရှိနိုင်ပါတယ်”ဟုပြောကြားခဲ့သည်။

ဆီးဂိမ်းတွင် ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကိုဒီဇင်ဘာ ၁ ရက်တွင် စတင်ကစားမည်ဖြစ်ပြီး မြန်မာ့လက် ရွေးစင် ယူ-၂၃ဘောလုံးအသင်းအနေဖြင့် အုပ်စုအဆင့်မှ တက်ရောက်နိုင်ပါက ဖွင့်ပွဲအခမ်းအနား၌ မေ ခလာ၊ စိုင်းစိုင်းခမ်းလှိုင်၊ သီရိဆွေတို့ သီဆိုထားသည့် “ဂိုးသွင်းကောင်းတဲ့ကိုကို” နှင့် ဂိုးသီချင်းများကို ထည့်သွင်းသွားရန်စီစဉ်ထားပြီး အကယ်၍ လက်ရွေးစင် ဘောလုံးအသင်းအနေဖြင့် အုပ်စုအဆင့်မှ ထွက်ခဲ့ရပါက ဖွင့်ပွဲ၌ အဆိုပါ ဘောလုံးသီချင်းများမှာ မပါဝင်နိုင်ဖွယ်ရှိနေသည်။ ဆီးဂိမ်းဘောလုံး ပြိုင်ပွဲများကို ဒီဇင်ဘာ ၁ ရက်မှ ၂၁ ရက်ထိ နေပြည်တော်၊ ဇေယျာသီရိ အားကစားကွင်းနှင့် ရန်ကုန်မြို့၊ သုဝဏ္ဏ အားကစားကွင်းများတွင် ကျင်းပမည် ဖြစ်သည်။

Mizzima - News in Burmese

နှစ်လုံးထီ ရောင်းသည်ဆိုပြီး ရှာဖွေခံရ၍ အမျိုးသမီးကြီးတစ်ဦး သတိလစ်သေဆုံး ရန်ကုန်၊ အောက်တိုဘာ ၃၀

မရမ်းကုန်းမြို့နယ် အမှတ် (၂) ရပ်ကွက် ဦးအောင်မင်းလမ်း နေအိမ် တစ်လုံးတွင် နှစ်လုံးထီ ရောင်းသည်ဟုဆိုကာ ရဲတပ်ဖွဲ့ဝင်များ၏ ဝင်ရောက် ရှာဖွေမှုကြောင့် အသက် ၆၀ အရွယ် အမျိုးသမီးကြီးတစ်ဦး နှလုံးရပ်၍ သတိလစ် သေဆုံးခဲ့မှု အောက်တိုဘာလ ၃၀ ရက် ညနေ ၃ နာရီက ဖြစ်ပွားခဲ့ကြောင်း အဆိုပါလမ်း နေထိုင်သည့် ရာအိမ်မှူး ဦးမြင့်အုန်းက The Voice သို့ ပြောကြားသည်။

မရမ်းကုန်းမြို့နယ် ဘုရင့်နောင် နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သေဆုံးသူ ဒေါ်ခင်အုန်းမြင့် (ခ) ဒေါ်ပို၏ အိမ်ကို အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ ပါဝင်ခြင်းမရှိဘဲ ဝင်ရောက် ရှာဖွခဲ့ရာ နှလုံးရောဂါရှိသူ အဆိုပါ အမျိုးသမီးမှာ ကြောက်လန့်ကာ ဇောချွေးများ ပြန်ပြီး သတိလစ် မေ့မြောသွားခဲ့သောကြောင့် ၎င်း၏ သားသမီးများက အင်းစိန်ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ယင်းနေ့ ညနေ ၄ နာရီက လမ်းခုလတ်တွင် သေဆုံးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“အိမ်မှာ အဘွားကြီး တစ်ယောက်တည်း ကျန်ခဲ့တဲ့အချိန် ရဲတွေဝင်ရှာတာ။ နှစ်လုံးထီလည်း မမိဘဲနဲ့ ရဲကသူ့ကို လက်ထိတ် ခတ်လိုက်တော့ ကြောက်လန့်ပြီး သတိလစ်သွားတဲ့နောက်မှာ အသက်ပြန် ပါမလာတော့” ဟု ဦးအောင်မင်းလမ်းတွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။

မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမေဝင်းမြင့်ကမူ အဆိုပါ အိမ်တွင် ချွေးမဖြစ်သူက နှစ်လုံးထီ ရောင်းချသည်ဟု ကြားသိရပြီး ၎င်းအိမ်ကို ဝင်ဖမ်းစဉ်တွင် ချွေးမဖြစ်သူက နောက်ဖေးပေါက်က ထွက်ပြေးခဲ့ကြောင်း၊ ယင်းနောက် အဆိုပါအိမ်တွင် အဆိုပါ အမျိုးသမီးကြီးတစ်ဦးသာ ကျန်ရှိပြီး ၎င်းက နေအိမ် အခန်းတွင်း ဆေးသောက်ရန် ဝင်ရောက်စဉ် ရဲတပ်ဖွဲ့ဝင်တစ်ဦးက တွန်းမိ၍ ၎င်းလဲကျ မေ့လဲသွားသည်ကို ဟန်ဆောင်သည်ဟု ထင်ပြီး ဝတ္တရားအတိုင်း ရှာဖွေခဲ့ပြီးနောက် မိသားစုများက ဆေးရုံပို့ရန် ကားပေါ်တင်ချိန်တွင် အသက်မရှိတော့ကြောင်း သေဆုံးသူ၏ မိသားစုဝင်များက ပြောကြားသည်ကို ကိုးကား၍ The Voice သို့ ပြောကြားသည်။

တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ စစ်ဆေးတဲ့အခါမှာ စစ်ဆေးခံရသူရဲ့ အခြေအနေတွေကို ကြည့်သင့်တယ်။ ဆေးသောက်မယ့် လူကို ဆေးသောက်ခွင့် ပြုပြီးတော့မှ စစ်ဆေးစရာရှိတာ စစ်ဆေးသင့်တယ်။ လူတိုင်းမှာ လူ့အခွင့်အရေး ရှိတယ်။ ဒီလို သေသွားတဲ့အတွက် ဥပဒေအရ အမှန်တရားပေါ်အောင် ဆောင်ရွက်သွားမယ်” ဟု ၎င်းက ပြောကြားသည်။

လောင်းကစား ဖမ်းဆီးမှုများတွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ အိမ်များကို ရှာဖွေရာတွင် ရှာဖွေဝရမ်း ပါရှိရမည် ဖြစ်ကြောင်း၊ ယင်းကဲ့သို့ သေဆုံးနစ်နာမှုသည် လူ့အခွင့်အရေးကို ဆုံးရှုံးရသောကြာင့် နေပြည်တော် ရဲချုပ်ထံ မိသားစုဝင်များ တိုက်ရိုက် တိုင်ကြားသင့်ပြီး နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာနတို့ထံ တိုင်စာများ ပေးပို့ကာ ဥပဒေအရ ဆောင်ရွက်သင့်ကြောင်း မြန်မာနိုင်ငံ ရှေ့နေများကွန်ရက် ဥက္ကဋ္ဌ ဦးကြီးမြင့်က The Voice သို့ ပြောကြားသည်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ မရမ်းကုန်းမြို့နယ် ဘုရင့်နောင် ရဲစခန်းသို့ ဆက်သွယ် မေးမြန်းခဲ့ရာ အဆိုပါအိမ်တွင် နှစ်လုံးထီ ရောင်းချနေသည်ဟု သတင်းရရှိသောကြောင့် ဝင်ရောက် ရှာဖွေခဲ့သည်မှာ မှန်ကန်သော်လည်း အမျိုးသမီးကြီး သေဆုံးရသည့် အကြောင်းအရင်းကို အသေးစိတ် မသိရသောကြောင့် မဖြေကြားပေးနိုင်ကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။

The Voice

အလွန်ရှောင်ကျဉ်သင့်ပါတယ် .. သေသေချာချာဖတ်ပါ... Putao Media


မနေ့က အမေနဲ့ ဈေးထဲလိုက်သွားတယ် ပရဆေးဆိုင် တစ်ဆိုင်ရှေ့မှာ မောလို့ ၀င်နားတော့ အဲ့ လူကြီးကစိတ်ညစ်ညစ်နဲ့ ငြီးတယ် ...
သူ့ လက်ထဲမှာ အဖြူမှုန့်အနည်းငယ် ထည့်ထားတဲ့ အိတ်လေး ....

ကျွန်တော်ဗျာ ဒီ ချွတ်ဆေးကို မရောင်းချင်တော့ဖူး တဲ့ ...

အမေက မေးတယ် ဘာဖြစ်လို့လဲဆိုတော့ ဈေးရောင်းတဲ့ သူတွေက လာလာဝယ်တယ်တဲ့ ..

အစွန်းချွတ်ဆေးကို ဘာလုပ်လဲဆိုတော့ ..

(ပဲကြီး၊ ပဲပင်ပေါက်၊ သစ်တော်သီး၊ ပန်းသစ်တော် ၊ ပန်းသီး ၊ မာလကာသီး) သူပြောတာတော့တော်တော်များတယ် .. အဲ့ဒါတွေကို ဒီချွတ်ဆေးနဲ့ ချွတ်လိုက်ရင် ဖြူဖွေးပြီး မာတင်းသွားတယ်။ သစ်သီးတွေဆိုရင် စားလိုက်ရင် ကြွတ်ရွစေပါတယ်။

အဲ့ဆေးကို တစ်နေ့တည်း သုံး၊ လေးခါ ကိုင်ရင်တောင် ယားပြီး အကွက်တွေ ဖြစ်လာတယ်တဲ့ ... စားရင်တော့ စဉ်းစားသာကြည့်ပေတော့။

အရမ်းကိုကြောက်စရာကောင်းပါတယ် ဈေးသည်တွေဝယ်လွန်းလို့ မရောင်းချင်ဖူးတဲ့ ..

အစားအသောက်တွေမှာ လူတွေမစားသင့်တဲ့ ချွတ်ဆေး၊ ဆိုးဆေးတွေကိုသုံးတာဟာ အရမ်းကို အန္တရာယ်များပါတယ် ...

မြန်မာပြည်မှာ အခြားအစားအသောက်တွေထဲမှာလည်း ဘာဆေးတွေ ဘယ်လိုတွေ သုံးထားလဲဆိုတာ ရောင်းချတဲ့သူတွေကလွဲပြီး စားသုံးသူတွေကတော့ မသိနိုင်ပါဘူး။ ဒီတိုင်းသာဆို မြန်မာပြည်ဟာ နေလို့တောင် မကောင်းတော့ဘူး။ စီးပွါးရေး၊ ပညာရေး၊ ကျန်းမာရေး ဘာမှကို စိတ်မချရတော့ဘူး။

ကျန်းမာရေး ၀န်ကြီး ဌာနက လူတွေ ဒါတွေကို သိသင့်တယ်၊ ဖြေရှင်းသင့်တယ်။

သူငယ်ချင်းတို့လဲ ဖြန့်ဝေပေးပါနော် ...

Credit - (SLM)

ဦးကျော်သူ၏ “ကျွန်တော်သာသမ္မတကြီးဖြစ်ခဲ့ရင်” စာအုပ်မိတ်ဆက်ပွဲနေ့ ၌ပင် အုပ်ရေ ၇၀၀ ကျော်ရောင်းရ ယုဝေ

အကယ်ဒမီဆုရှင် ဦးကျော်သူ၏ ၅၄ နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ် ထုတ်ဝေသည့် “ကျွန်တော်သာ သမ္မတကြီး ဖြစ်ခဲ့ရင်” စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားတွင် စာအုပ်ရေ ၇၀၀ကျော်အထိ ရောင်းချခဲ့ရပြီး စာအုပ်အော်ဒါ ၅၀၀ ကျော်မှာယူခဲ့ကြောင်း ပဉ္စဂံစာအုပ်တိုက်မှ ဦးအောင်သူက အောက်တိုဘာလ ၃၀ ရက်တွင် ပြောသည်။ “ကျွန်တော့်လို စာမရေးတတ်တဲ့ လူကိုစကားလုံးတွေ၊ ခံစားချက်တွေ ပေါက်ကွဲ ထွက်လာအောင် လုပ်ပေးခဲ့တဲ့ခေတ်အဆက်ဆက်က အုပ်ချုပ်ခဲ့တဲ့စစ်အစိုးရကို ကျေးဇူးတင်ပါတယ်” ဟု ဦးကျော်သူက စာအုပ်မိတ်ဆက်ပွဲတွင် ပြောကြားခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးကလည်း သမ္မတရောဂါတက်နေချိန်တွင် ဦးကျော်သူ၏ ကျွန်တော်သာသမ္မတကြီးဖြစ်ခဲ့ရင် စာ အုပ်ထွက်လာချိန်တွင် နေပြည်တော်၌ အတော်ဂယယ်ရိုက်သွားသည်ဟု စာအုပ်မိတ်ဆက်ပွဲတွင် ပြော သည်။ “ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်” စာအုပ် မိတ်ဆက်ပွဲအခမ်းအနားကို အောက်တိုဘာ လ၂၉ရက်က ကျရောက်ခဲ့သည့် ဦးကျော်သူ၏မွေးနေ့တွင် ဒဂုံမြို့နယ် စကားဝါလမ်းရှိ “မင်းကွန်းတိ-နိကျောင်း ရွှေကျောင်းတော်”၌ ပြုလုပ်ခြင်းဖြစ်သည်။

ဦးကျော်သူ၏ စာအုပ်မိတ်ဆက်ပွဲတွင် အလှမယ်ခင်ဝင့်ဝါနှင့် ဂုဏ်ရည်အေးကျော်တို့က အခမ်းအနားမှူး အဖြစ်ဆောင်ရွက်ခဲ့သည်။ ထိုစာအုပ်ကို နိုဝင်ဘာလ ၁ ရက်တွင် တန်ဖိုး ၆၀၀၀ကျပ် ဖြင့် စတင်ဖြန့်ချိမည်ဖြစ်သည်။ ဦးကျော်သူသည် အကယ်ဒမီဆုရှင် ရုပ်ရှင်သရုပ်ဆောင်နှင့် ရုပ်ရှင်ဒါရိုက်တာ “တစ်ဦးဖြစ်ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်)ကို တည်ထောင်သူလည်းဖြစ်သည်။ ၁၉၈၀ ခုနှစ်မှ ၁၉၉၀ ခုနှစ် ၀န်းကျင်အထိ မြန်မာ့ရုပ်ရှင်လောကတွင် သရုပ်ဆောင်တစ်ဦး ဖြစ်ခဲ့သည်။ ၂၀၀၉ခုနှစ်၊ ဧပြီလတွင် လန်ဒန် ရောက်မြန်မာများက “ပြည်သူ့ဘက်သား အနုပညာသမားဆု” ချီးမြှင့်ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် ပထမအကြိမ် “ပြည်သူ့ ဂုဏ်ရည်”ဆု ရရှိခဲ့သည်။

Mizzima - News in Burmese'

သမဝါယမ တာဝန်ရှိသူများ၊ မိသားစုနှင့် ဆွေမျိုးများကို ချေးငွေ ထုတ်ပေးခြင်း မပြုရန် ပြည်ထောင်စုလွှတ်တော်တင် နေပြည်တော်၊ အောက်တိုဘာ ၃၀

ဆင်းရဲမှုမွဲတေမှု လျှော့ချရေးအတွက် အသေးစား ချေးငွေလုပ်ငန်းများ လုပ်ကိုင်ရန် တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ချေးယူထားသည့် သမဝါယမ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ အနေနှင့် ချေးငွေ ထုတ်ပေးရာတွင် မိမိတို့၏ မိသားစုဝင်များနှင့် ဆွေမျိုးများကို ချေးငွေ ထုတ်ပေးရန် မသင့်ကြောင်း ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင် ဦးသန့်ဇင်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
“သမဝါယမ ဝန်ကြီးဌာနအနေနဲ့ ချေးငွေ ထုတ်ပေးတဲ့အခါ ငါ့သား၊ ငါ့သမီး၊ ငါ့ဆွေမျိုးဆိုတဲ့ မူကိုရှောင်ပြီး အမှန်တကယ် လိုအပ်နေတဲ့ ပြည်သူတွေကို ထုတ်ပေးဖို့ အရေးကြီးပါတယ်” ဟု ၎င်းကဆိုသည်။

အောက်တိုဘာလ ၃၀ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု အစိုးရ၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် ထပ်မံသုံးစွဲရန် တင်ပြသော ရငွေသုံးငွေများနှင့် ပတ်သက်ပြီး ဆွေးနွေးရာတွင် ၎င်းက အထက်ပါအတိုင်း လွှတ်တော်သို့ တင်ပြခဲ့ခြင်း ဖြစ်သည်။

သမဝါယမ ဝန်ကြီးဌာနသည် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် အတွက် နောက်ထပ် တောင်းခံသည့်ငွေမှာ ကျပ် ၁၀၂ ဒသမ ၁၅၄ ဘီလီယံ ဖြစ်ပြီး ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများတွင် အများဆုံး ဖြစ်နေကြောင်း ၎င်းကထောက်ပြသည်။

သမဝါယမ ဝန်ကြီးဌာနသည် အသေးစား ချေးငွေလုပ်ငန်း လုပ်ကိုင်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ EXIM ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း၁၀၀ ကို ချေးယူထားပြီး ယင်းချေးငွေ၏ အတိုးနှုန်းမှာ ၄ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ကာ ၁၀ နှစ်စာ ပေးဆောင်ရမည် ဖြစ်သောကြောင့် အကြွေးပြန်ဆပ်သည့် အချိန်တွင် အမေရိကန်ဒေါ်လာ ၁၄၅ သန်းပေးဆပ်ရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် သမဝါယမ ဝန်ကြီးဌာန၏ လုပ်ငန်းများသည် ၁၀ နှစ်အတွင်း အကျိုးရှိမရှိ ပြန်လည် သုံးသပ်ရန် လွှတ်တော်သို့ တိုက်တွန်းကြောင်း ၎င်းကထပ်လောင်း ပြောဆိုသည်။

ကျပ်ငွေနှင့် ကန်ဒေါ်လာ လဲလှယ်နှုန်း တည်ငြိမ်အောင် ထိန်းသိမ်းနိုင်မှသာ ချေးငွေရယူသည့် အကျိုးရလဒ် ကောင်းမွန်နိုင်မည် ဖြစ်ကြောင်း၊ ယင်းအပြင် ဆင်းရဲမွဲတေသည့် ကျေးလက် ဒေသများသို့ ငွေထုတ်ချေးရာတွင် ယခင်ကျင့်သုံးခဲ့သော သမဝါယမ စနစ်ဟောင်းကို ရှောင်ရှား သင့်ကြောင်း ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသော အစီရင်ခံစာတွင် ဖော်ပြထားသည်။

သမဝါယမ ဝန်ကြီးဌာနသည် ဆင်းရဲမွဲတေမှု လျှော့ချရေး အတွက် မြန်မာနိုင်ငံ မြို့နယ် ၁၃၃ ခုရှိ သမဝါယမ အသင်းသားများကို အသေးစားချေးငွေ ထုတ်ပေးခြင်း၊ လယ်ယာစိုက်ပျိုးရေးသုံး စက်မှုပစ္စည်းများ ထောက်ပံ့ခြင်း စသည့်လုပ်ငန်းများ လုပ်ဆောင်လျက်ရှိပြီး ယင်းဝန်ကြီးဌာ၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ယခင်ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက တာဝန်ယူထားသည်။

The Voice Weekly'

အစိုးရသစ် တက်လာပြီးနောက်

အစိုးရသစ် တက်လာပြီးနောက် သမ္မတ ဦးသိန်းစိန် ဘက်ကရော၊ သူရ ဦးရွှေမန်းဘက်ကပါ နှစ်ဦးစလုံး ၀န်မခံကြတဲ့တိုင် လုပ်ပိုင်ခွင့် အာဏာ နဲ့ ပါတ်သက်ပြီး အားပြိုင်မှု အကြိမ်ကြိမ် ရှိခဲ့ဖူးပါတယ်။ အလွန်ထင်ရှားကြီးကျယ်တဲ့ ကိစ္စ တစ်ခုကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးကို လွှတ်တော်ဘက်က စွတ်စွဲပြစ်တင်မှု လုပ်တဲ့ ကိစ္စ ဖြစ်ပါတယ်။ နောက်ဆုံး ထင်ရှားတဲ့ အားပြိုင်မှုကတော့ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကိစ္စ ဖြစ်ပါတယ်။ သူရဦးရွှေမန်းက ကာ-လုံ လို့ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ဖို့၊ တစ်ပါတ်တစ်ခါလောက် ပုံမှန် ကျင်းပဖို့ တောင်းဆိုသည်အထိ အခြေအနေ ဖြစ်ခဲ့ပါတယ်။

“ ဦးသိန်းစိန် သမ္မတနေရာ ပြန်အရွေးမခံတော့ဘူးလို့ သူရဦးရွှေမန်းက ပြောလိုက်တဲ့အခါ ”

စည်သူအောင်မြင့်

ရန်ကုန်တိုင်းမ် သတင်းစာ၊ ၂၈-၁၀-၁၃။ စာ-၁၈။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်နေ့က ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းဟာ နေပြည်တော်မှာ သတင်းမီဒီယာ တွေနဲ့ တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲ တစ်ခု လုပ်ခဲ့ပါတယ်။ အဲဒီ သတင်းစာရှင်းလင်းပွဲမှာ အကြောင်းအရာ မျိုးစုံ ပြောဆိုခဲ့ပြီး ပြည်သူတွေအတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာ အများအပြား ပါဝင်ခဲ့ပါတယ်။ ဒီအထဲ အကြောင်းအရာ တစ်ခုကတော့ သမ္မတ ဦးသိန်းစိန်ဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ သမ္မတ နေရာ ပြန်အရွေးမခံတော့ဘူးလို့ သူ့ကို ပြောတယ် ဆိုတဲ့အကြောင်း ပြောဆိုချက်ပါ။ တကယ်တော့ ဒီကိစ္စ အလွန်အရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်။ တိုင်းပြည်မှာ အထွတ်အထိပ် နေရာရထားတဲ့ သမ္မတ တစ်ယောက်ရဲ့ ဒီလောက် အရေးကြီးတဲ့ ကိစ္စကို သူကိုယ်တိုင်မဟုတ်ပဲ၊ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူမဟုတ်ပဲ၊ ပါတီ တစ်ခုလုံး ကိုယ်စားမဟုတ်ပဲ၊ သူက ပြောဆိုဖို့ တာဝန်ပေးထားခြင်း မရှိပဲ ဘာကြောင့် ပြောဆိုရတာပါလဲ၊ ဒီအတွက် ဘယ်လို အကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်သလဲ ဆိုတာ ဒီကနေ့ သုံးသပ်တင်ပြသွားပါ့မယ်။

သူရဦးရွှေမန်းရဲ့ ပြောဆိုချက် အပြည့်အစုံကတော့ ဒီလိုဖြစ်ပါတယ်။ “ နိုင်ငံတော် သမ္မတကြီးအနေနဲ့ လာမယ့် ၂၀၁၅ သမ္မတ သက်တမ်းမှာ ရွေးကောက်ပွဲမှာ နိုင်ငံတော် သမ္မတ နေရာကို အရွေးမခံတော့ဘူးဆိုတဲ့ သတင်းသည် မိမိကို နိုင်ငံတော် သမ္မတကြီးကိုယ်တိုင် ပြောဆိုပါတယ်။ ဒါကြောင့်မို့လို့ လူကြီးတစ်ယောက် ပြောတာဟာ အင်မတန်မှ တည်ကြည်ပါတယ်။ ဒါကြောင့် ၂၀၁၅ မှာ ရွေးကောက်ပွဲကာလမှာ လက်ရှိ သမ္မတ ဦးသိန်းစိန်သည် ၀င်ရောက်အရွေးမခံဘူးဆိုတဲ့ စကားက မိမိကို ပြောကြားတာက အမှန်ပဲ ဖြစ်ပါတယ်။ ” ။ ဒီနေရာမှာ သူရဦးရွှေမန်းက ဒီစကား ဦးသိန်းစိန်က သူ့ကို ဘာအကြောင်းနဲ့ ဆက်စပ်ပြီး ဘယ်နေရာမှာ ပြောတယ်၊ ဘယ်အချိန်က ပြောတယ်၊ ဘယ်လို သဘောပြောတယ်၊ စကားလုံးတိတိကျကျဟာ ဘယ်လို ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုတာမျိုးတော့ မရှိပါဘူး။ ဥပမာအားဖြင့် နှစ်ဦးသား သာမန်တွေ့ဆုံမှုမှာ ပြောဆိုတာလား၊ တရားဝင် အဲဒီကိစ္စ ဆွေးနွေးတိုင်ပင်ရင်း ပြောတာလား၊ သို့မဟုတ် အပြန်အလှန် အမြင်ချင်းဖလှယ်ရင်း ပြောတာလား၊ ပါတီ အစည်းအဝေးမှာ ပြောတာလား ကွဲကွဲပြားပြား ရှိဖို့လိုပါတယ်။

ဒီနေရာမှာ သမ္မတ ဦးသိန်းစိန်က အရေးပါတဲ့ ဆွေးနွေးပွဲ၊ အစည်းအဝေး တစ်ခုခုမှာ တရားဝင်ပြောဆိုချက်ဖြစ်တယ်၊ စကားလုံးကလည်း ဒီအတိုင်း တိတိကျကျ ဆိုရင် ပြောဆိုတယ်ဆိုရင် နောက်ပိုင်း ဒီကိစ္စ သူကိုယ်တိုင် ပြည်သူတွေကို အသိပေးမှာဖြစ်ပါတယ်။ အဲ တကယ်လို့သာ သာမန်တွေ့ဆုံမှု သာမန် စကားပြောဆိုမှုမှာ ပြောဆိုခဲ့တယ် ဆိုရင် ဒီ စကားလုံး ဟုတ်ချင်မှဟုတ်မယ်၊ တကယ်လို့ ဒီ စကားလုံးအတိုင်း ဖြစ်နေတဲ့တိုင် off the record သဘောမျိုးဖြစ်တဲ့အတွက် ဒီလောက် အရေးကြီးတဲ့ကိစ္စ ဘယ်သူမှ တရားဝင်သဘော ထုတ်ပြောလို့ ရနိုင်မယ်မဟုတ်ပါ။ ဒါနဲ့ ပါတ်သက်ပြီး သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်က မက်ဆင်ဂျာ သတင်းစာကို ခုလို ရှင်းပြထားပါတယ်။ “ လိုတယ်ထင်ရင် ကိုယ်တိုင်ပြောပါတယ်။ ဘယ်သူ့ကိုမှ ကြားခံမပြောပါဘူး။ သူရဦးရွှေမန်း ပြောတဲ့ ကိစ္စဟာ သူတို့ လူကြီးချင်း တစ်ယောက်နဲ့ တစ်ယောက် အမြင်ချင်း ဖလှယ်တဲ့ဟာမျိုးပဲ ဖြစ်မှာပါ။ တကယ်တော့ နိုင်ငံတကာမှာ အဲဒီလို ကိစ္စရပ်တွေကို ပြည်သူတွေကို ကြိုတင်သဘောတူညီချက် မရှိလို့ရှိရင် ထုတ်ပြောလေ့မရှိဘူး။ ဒီကိစ္စမှာတော့ ပြည်ထောင်စုလွှတ်တော် နာယကကြီးအနေနဲ့ ဘာကြောင့်ပြောတယ် ဆိုတာ မသိဘူး။ ” လို့ ဆိုပါတယ်။

အလားတူ ဆဲဗင်းဒေး သတင်းစာကိုလည်း ခုလို ရှင်းလင်းပြောဆိုထားပါတယ်။
“ ဦးရွှေမန်း ဘယ်လိုသဘောမျိုးနဲ့ ဒါကိုထုတ်ပြောတယ်ဆိုတာကိုတော့ မသိပါဘူး။ ဒါပေမယ့် သမ္မတကြီးက သူ့သဘောထား ဆုံးဖြတ်ချက်တွေကို ပြည်သူထံ အသိပေးဖို့လိုရင် လိုအပ်တဲ့အချိန်မှာ တိုက်ရိုက် အသိပေးပြောကြားမှာပါ။ အခုလို ကြားလူကတဆင့် ပြည်သူကို အသိပေးဖို့ အကြောင်းမရှိပါဘူး။ ” လို့ ဆိုပါတယ်။ ခြုံငုံပြီး ပြောရရင် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းရဲ့ ပြောဆိုချက်ကို သမ္မတ က အတည်မပြုနိုင်ဘူးဆိုတဲ့ သဘောပါ။ ဒါပေမယ့် သူရ ဦးရွှေမန်းရဲ့ ပြောဆိုချက်မှာ အလွန်ကြီးကျယ်တဲ့ ရည်ညွှန်းချက် တစ်ခု ပါဝင်နေပါတယ်။ “ ဒါကြောင့်မို့လို့ လူကြီးတစ်ယောက် ပြောတာဟာ အင်မတန်မှ တည်ကြည်ပါတယ်။ ” ဆိုတဲ့ စကားလုံး အသုံးအနှုန်းပါ။ ဒီ စကားလုံး အသုံးအနှုန်းအရ သမ္မတကသာ သူရဦးရွှေမန်းပြောသလို သမ္မတ နေရာ ပြန်အရွေးခံမှာ မဟုတ်ဘူး ဆိုတာ မမှန်ပါဘူး လို့ ပြောလိုက်တာနဲ့ သမ္မတ တစ်ယောက်ဖြစ်ပြီး တိုင်းပြည်ရဲ့ အထွတ်အထိပ်နေရာ ရယူထားသူဖြစ်ပြီး “တည်ကြည်မှုမရှိတဲ့သူ” အဖြစ် စွတ်စွဲပြစ်တင်ပြီးသား ဖြစ်နေလို့ ဖြစ်ပါတယ်။

တကယ်တော့ အစိုးရသစ် တက်လာပြီးနောက် သမ္မတ ဦးသိန်းစိန် ဘက်ကရော၊ သူရ ဦးရွှေမန်းဘက်ကပါ နှစ်ဦးစလုံး ၀န်မခံကြတဲ့တိုင် လုပ်ပိုင်ခွင့် အာဏာ နဲ့ ပါတ်သက်ပြီး အားပြိုင်မှု အကြိမ်ကြိမ် ရှိခဲ့ဖူးပါတယ်။ အလွန်ထင်ရှားကြီးကျယ်တဲ့ ကိစ္စ တစ်ခုကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးကို လွှတ်တော်ဘက်က စွတ်စွဲပြစ်တင်မှု လုပ်တဲ့ ကိစ္စ ဖြစ်ပါတယ်။ နောက်ဆုံး ထင်ရှားတဲ့ အားပြိုင်မှုကတော့ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကိစ္စ ဖြစ်ပါတယ်။ သူရဦးရွှေမန်းက ကာ-လုံ လို့ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ဖို့၊ တစ်ပါတ်တစ်ခါလောက် ပုံမှန် ကျင်းပဖို့ တောင်းဆိုသည်အထိ အခြေအနေ ဖြစ်ခဲ့ပါတယ်။
လက်ရှိ သူရဦးရွှေမန်းရဲ့ သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောဆိုချက်ဟာ ကိုယ့်ရဲ့ ပါတီတွင်း အဓိက ပြိုင်ဖက်တစ်ယောက်ကို “ သူ ပြိုင်ပွဲမှာ ၀င်မပြိုင်ဘူးလို့ ကျွန်တော့်ကိုပြောတယ် ” ဆိုတဲ့ သဘောမျိုး ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီပြောဆိုချက်ရဲ့ အတွင်းသဘောကို ပြည်တွင်းပြည်ပ နိုင်ငံရေးသမား အတော်များများ သတိပြုမိကြပါတယ်။ အင်န် အယ်လ်ဒီ ပြောခွင့်ရ ဦးဥာဏ်ဝင်းကလည်း ဒီကိစ္စနဲ့ ပါတ်သက်ပြီး “ ကျွန်တော့် အမြင်မှာတော့ နိုင်ငံတော် သမ္မတ ပြန်ပြီးတော့ ရွေးကောက်ပွဲ မ၀င်ဘူး၊ သမ္မတ မလုပ်ဘူးဆိုတာ မသေခြာသေးပါဘူး။ သူတိုက်ရိုက်ပြောတာလည်း မဟုတ်ဘူး။ ကာယကံရှင်က ပြောမှသာ အတည်ယူလို့ရမှာပါ။ အရေးကြီးတဲ့ ကိစ္စရပ်တွေဟာ ခန့်မှန်းပြောဖို့ မသင့်ပါဘူး။ ” လို့ မက်ဆင်ဂျာ သတင်းစာကို ပြောခဲ့ပါတယ်။ အခုလောလောဆယ်မှာတော့ သူရဦးရွှေမန်းရဲ့ ပြောဆိုချက်နဲ့ သမ္မတပြောခွင့်ရသူ ထုတ်ပြန်ချက် တူညီမှု မရှိပါဘူး။

ဘယလိုပဲဖြစ်ဖြစ် ပိုပြီး ပွင့်လင်းမှု ရှိလာတဲ့ အနေအထားအောက်မှာ ပြည်သူတွေအနေနဲ့ လက်ရှိ တိုင်းပြည်ရဲ့ ဦးဆောင်တဲ့နေရာရယူထားပြီး နောင်လဲ ဦးဆောင်ဦးမယ် ဆိုတဲ့ နိုင်ငံရေးသမားတွေရဲ့ အပြောအဆို အပြုအမူတွေကနေ တဆင့် ဒီ ပုဂ္ဂိုလ်တွေဟာ တိုင်းပြည်ကို တကယ်ဦးဆောင်မယ့် နေရာပေးဖို့၊ ရွေးချယ် သင့်မသင့် စဉ်းစားချင့်ချိန်နိုင်တာမို့ ခု ပေါ်ပေါက်လာတဲ့ ပြသနာဟာ အကျိုးရှိတဲ့ ပြသနာတော့ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်။

Sithu Aung Myint Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်

မြန်မာဘာသာဖြင့် အမုန်းပွားဖွယ်ကိစ္စများ ရေးသားနေသူ တို့အား စောင့်ကြည့် ဖျက်သိမ်းရန် ဝန်ထမ်းတစ်ဦး ဖေ့စ်ဘွတ်မှ ခန့်အပ် ထားပြီ


ဖေ့စ်ဘွတ်ပေါ်တွင်မြန်မာဘာသာဖြင့် အမုန်းပွားဖွယ် ကိစ္စရပ်များ ရေး သားနေခြင်းအပေါ် စောင့်ကြည့်ရန်နှင့် ရီပို့ပြုလုပ်ခံရမှုများပါက ယင်းပေ့ခ်ျ တစ်ခုလုံးကို ဖျက်သိမ်း ပစ်နိုင်ရန်အတွက် မြန်မာစာတတ်ကျွမ်းသည့် ဝန်ထမ်းကို ဖေ့စ်ဘွတ်မှ ခန့်ထားပြီးဖြစ်ကြောင်း မြန်မာ့ဖွံ့ဖြိုးတိုးတက် ရေး အတွက် အိုင်စီတီအဖွဲ့(MIDO)မှ သိရသည်။

ဖေ့စ်ဘွတ်တာဝန်ရှိသူများအနေနှင့် မြန်မာနိုင်ငံသို့ ယခုနှစ်အတွင်း လာရောက်ခဲ့ပြီး ဝန်ကြီးဌာနအချို့နှင့် တွေ့ဆုံခိုက် တွင် ဖေ့စ်ဘွတ် ကိုသုံး၍ ပြည်တွင်း၌ အမုန်း ပွားဖွယ်ကိစ္စရပ်များ ပြုလုပ်ကြောင်း ပြောဆို မှုများကြောင့် ယင်းသို့ မြန်မာစာတတ်ကျွမ်းသည့်ဝန်ထမ်း ခန့်အပ် လိုက်ခြင်းဖြစ်သည်ဟု ဖေ့စ်ဘွတ်၏ Global Public Policy ဌာန ဒါရိုက်တာဖြစ်သူက ယခုလနောက်ဆုံးပတ်က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း တွင် ကျင်းပသည့်Internet Governance ဖိုရမ်၌ အထက်ပါအဖွဲ့သို့
ပြောကြားခဲ့ခြင်း ဖြစ်သည်။

သတင်းအပြည့်အစုံကို အောက်ပါလင့်အတိုင်း ဆက်လက်ဖတ်ရှုနိုင်ပါသည်။

Read More >>> http://www.popularmyanmar.com/mpaper/?p=78539

အပုပ်နံ့ထွက်မှ သိရှိရသည့် စစ်တွေတက္ကသိုလ်ဆရာမတစ်ဦး သေဆုံးမှု

ရခိုင်ပြည်နယ်စစ်တွေတက္ကသိုလ်၌ တာဝန်ထမ်းဆောင်နေသည့် ဆရာမတစ်ဦးသေဆုံးနေမှုကို နှစ်ရက်ကြာမှ တွေ့ရှိခဲ့သည်ဟု စစ်တွေမြို့နယ် ရဲစခန်းမှ သိရှိရသည်။

စစ်တွေမြို့မ ကျည်းမြိုင်ရပ်ကွက်တက္ကသိုလ်ဆရာ/ဆရာမများအဆောင် တိုက်နံပါတ်(၁)အခန်း(၉)နေ ဆရာမ ဒေါ်လှအုန်း(မြန်မာစာကထိက)၏အခန်းမှ အပုပ်နံ့ရသဖြင့်ဘေးခန်းနေဆရာများက သက်ဆိုင်ရာ ရဲစခန်းသို့ အကြောင်းကြားရာ အောက်တိုဘာလ၂၇ ရက်နေ့ကစစ်တွေမြို့နယ်ရဲစခန်း၌ တာဝန်မှူးအဖြစ် တာဝန်ထမ်းဆောင်နသည့် ရဲအုပ်ဘိုထင်ကျော်က သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆရာမဒေါ်လှအုန်းသည် အိမ်သာခန်း၌ မှောက်လျက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရသည်ဟု ရဲစစ်ချက်မှတ်တမ်းအရ သိရသည်။

သေဆုံးသူ၏ခန္ဓာကိုယ်တွင် ဒဏ်ရာတစ်စုံတရာမတွေ့ရှိရဘဲ အလောင်းမှာ ပုပ်ပွနေခြင်းကြောင်း၊ ရဲဆေးစာဖြင့် စစ်တွေဆေးရုံပို့အပ်ခဲ့ရာ သေဆုံးသူဆရာမဒေါ်လှအုန်းမှာ အာရုံကြောပြတ်၍သေဆုံး ခြင်းဖြစ်သည်ဟု ဆရာဝန်၏ ဆေးစစ်ချက်မှတ်တမ်းအရသိရသည်။

“သေတာကိုမနေ့ကမှသိရတယ်။ သေတာကတော့ နှစ်ရက်လောက်ရှိလိမ့်မယ်၊ အပုပ်နံ့ကလည်းထွက် နေတယ်။ သူမှာ ဘာပြဿနာမရှိပါဘူ။ အာရုံကြောပြတ်လို့ သေတာပါ။ သွေးတိုးရှိတယ်လို့တော့ အရင်က သူပြောဖူး လို့ သိရတယ်’’ဟု စစ်တွေ တက္ကသိုလ်မှ ဆရာတစ်ဦးကပြောသည်။

ဆရာမဒေါ်လှအုန်းသည်အသက်(၅၆)နှစ်ရှိပြီးစစ်တွေတက္ကသိုလ်၌မြန်မာစာကထိကရာထူးဖြင့် တာဝန်ထမ်းဆောင်လျှက်ရှိပြီး ဆရာ/ဆရာမများအဆောင်တွင် နေထိုင်စဉ်ယခုကဲ့သို့ သေဆုံခဲ့ခြင်းဖြစ်သည်။ ထို့ပြင်ဆရာမ ဒေါ်လှအုန်း သည် အိမ်ထောင်မရှိ အပျိုကြီးတစ်ယေက်ဖြစ်သည်ဟု သိရသည်။

အဆိုပါသေမှုသေခင်းဖြစ်စဉ်အား ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ် မဟုတ်စုံ စမ်းစစ်ဆေးအရေးယူ ပေးပါရန် ဒုရဲအုပ်ဘိုထင်ကျော်မှ တရားလိုပြအမှုဖွင့်တိုင်ကြားခဲ့သဖြင့် စစ်တွေမြို့နယ်ရဲစခန်းမှဒုရဲမှူး (ယာယီ) စခန်းမှူး ဦးမိုးကျော်က လက်ခံစစ်ဆေးလျက်ရှိသည်ဟု စစ်တွေရဲစခန်းမှ သိရသည်။
________________________________

Myit Ma Kha News Ahency ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)

လက်ရှိမြန်မာ့နိုင်ငံရေး အပေါ်စိုးရိမ်နေသည်ဟူသော ဦးသန်းရွှေ၏ မှတ်ချက်အပေါ် ဦးခင်ညွန့်မှ ဝေဖန်ပြောဆို


လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေဟာ အားလုံးအတွက် ဝမ်းမြောက်စရာကောင်းတဲ့ အခြေအနေတွေ ကို စတင်နိုင်နေပါပြီ ၊ ဒါကို သူက ဘယ်ရှုဒေါင့်ကနေကြည့်လို့ စိုးရိမ်နေတယ် အဖြေထွက်ရတာလဲ ၊ ကိုယ်တော့ နားမလည်နိုင် ဖြစ်ရတယ် ၊

ဦးခင်ညွန့်က ဝေဖန်ပြောကြားလိုက်တာဖြစ်ပါတယ် ၊ ဆက်လက်၍ ဦးခင်ညွန့်မှ မြန်မာပြည်သူများသည် မနေ့က အတိတ်ဆိုးများကို ပြန်လည်တူးဖော်က အပြစ်ပြောနေသူများ မဟုတ်ကြောင်း ၊ မနက်ဖြန်ကောင်းဖို့ ဒီကနေ့ဘာလုပ်ရမလဲ ဆိုတာအပေါ်မှာ

ရပ်တည်မိနေပြီဖြစ်ကြောင်း ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးပွဲတွေ ကျင်းပနိုင်နေပြီဖြစ်ကြောင်း ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း အားလုံးစိတ်ပါဝင်စားစွာနဲ့ ပြင်ဆင်ဖို့ လေ့လာနေကြပြီဖြစ်ကြောင်း ၊ ဖွဲ့စည်းပုံကို ပြင်ပြင်

အသစ်ရေးရေး မြန်မာပြည်ရှိ နိုင်ငံရေး အင်အားစုများ အားလုံးနှင့် သဟဇာတဖြစ်ရန်လိုကြောင်း ၊ မျိုးဆက်သစ်များနှင့် မြန်မာပြည် အနာဂတ်ကို အာမခံချက်ပေးနိုင်သော ဖွဲ့စည်းပုံဖြစ်ရန်လိုကြောင်း ၊

တပ်မတော်၏ အခန်းကဏ္ဍကိုလည်း မည်သို့ဖြစ်သင့်သည်ကို အားလုံးတိုင်တိုင်ပင်ပင်နှင့် ထည့်သွင်းဆွေးနွေးကြစေလိုကြောင်း ၊ အမေရိကား ၊ ဂျပန်နှင့် အီးယူတို့မှလည်း မိတ်ဆွေရင်းချာများသဖွယ် လက်ကမ်းကြိုဆို ကူညီနေမှုများမှာလည်း

အားရကျေနပ်ဖွယ်ရှိနေကြောင်း ၊ မြန်မာပြည်အနာဂတ်အတွက် အသိဥာဏ်ပညာ ၊ စေတနာ နှင့် ရိုးသားပွင့်လင်းမှုတို့ကို အခြေခံလျှင် ကြီးမားသော အခက်အခဲများ မရှိနိုင်ကြောင်း ၊ ဒီမိုကရေစီ အလေ့အထအရ လွတ်လပ်စွာသဘောကွဲလွဲခြင်း ဆိုတာကို

ကြိုဆိုရမည်ဖြစ်ကြောင်း ၊ တရာဥပဒေစိုးမိုးရေးမှာလည်း အရေးကြီးသည့် ဒေါက်တိုင်ကြိးသဖွယ်ဖြစ်ကြောင်း ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို မဲဆန္ဒဖြင့်ရွေးချယ်သည့်ပုံစံမှာ အလွန်ပင် သဘာဝကျကြောင်း ၊ အလားတူ မြို့နယ် ခရိုင် အုပ်ချုပ်ရေးမှူးများကိုလည်း

မဲဆန္ဒဖြင့်ရွေးချယ်သွားစေလိုကြောင်း ၊

မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ လူမျီုးရေး ဘာသာရေး ပဋိပက္ခများမရှိပဲ နေလာသော သမိုင်းကို ပြန်ကြည့်ရမည်ဖြစ်ကြောင်း ၊ ကောလဟာလများကို အချိန်မှီ အလျှင်အမြန် ဖြေရှင်းနိုင်သော စနစ်များ ထူထောင်ထားရမည်ဖြစ်ကြောင်း ၊ ဒီမိုကရေစီတည်ဆောက်ရေး

အတွေ့အကြုံကောင်းများ ကိုလည်း မိတ်ဆွေ နိုင်ငံများထံမှ သင်ယူကြရမည်ဖြစ်ကြောင်း ၊ စည်ဖြင့် စိတ်ရှည်လက်ရှည် ဖြေကြား ရှင်းပြသွားခဲ့ပါသည် ၊

တပ်မတော်နှင့်ပတ်သတ်၍လည်း နိုင်ငံရေးသမားများမှ တပ်မတော်နှင့် ယခုထက်ပို၍ ရင်းရင်းနှီးနှီးနွေးနွေးထွေးထွေးရှိစေလိုကြောင်းနှင့် တပ်မတော်မှလည်း မျိုးဆက်သစ်ခေါင်းဆောင်ရွေးချယ်မှုတွင် အနာဂတ်ဒီမိုကရေစီ နိုင်ငံတော် နှင့် အံဝင်ဂွင်ကျ ပနံတင့်စေမည့်

မျီုးဆက်များကိုသာ ရွေးချယ်လေ့ကျင့်ရန်လိုကြောင်း ထည့်သွင်းပြောကြေားသွားပါသည် ၊

ဒီနေ့အချိန်ဟာ အားလုံးပျော်နေရမယ့် အချိန်ဖြစ်နေပါပြီ ၊ ဒါကို ဘယ်လိုသဘောနဲ့ စိုးရိမ်နေတယ် လို့ ပြောရတာလဲ ၊ ဘယ်ရှုဒေါင့်ကကြည့်လို့ ဒီလို ပြောရတာလဲ ၊

ကိုယ်က နိုင်ငံရေးကို ဆက်မလုပ်လိုတော့ပါဘူး ၊ ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ သတင်းလဲ မမှန်ပါဘူး ၊ ကိုယ်တတ်ထားတဲ့ ပညာတွေ နဲ့ အတွေ့အကြုံတွေကို အနာဂတ်နိုင်ငံတော်အတွက် အသုံးတည့်မယ်ဆိုရင် ဝေမျှချင်တဲ့ သဘောပဲရှိပါတယ် ၊ တချိန်က

ကိုယ်ဦးစီးဦးဆောင်လုပ်ခဲ့တဲ့ အစုအဖွဲ့ အပေါ်လည်း သမိုင်းရေးဆိုင်ရာ အထင်အမြင်လွဲမှုတွေတော့ မရှိစေချင်ဘူးလေ ၊ ဒါပါပဲ ၊

မြစ်ဆုံဆည် ၊ လက်ပံတောင်းတောင် ၊ ကျောက်ဖြူကူမင်းပိုက်လိုင်း ကိစ္စများကိုမေးမြန်မးရာ သီးခြားမှတ်ချက်ပြုစရာမရှိကြောင်း ပြည်သူတစ်ယောက်ဖြစ်နေပြီဖြစ်လို့ ပြည်သူအများသဘောထားနှင့် ထပ်တူပင်ဖြစ်ကြောင်း ပြောကြားပါတယ် ၊

ဦးခင်ညွန့်နှင့် အင်တာဗျူးမှ အချက်အလက်များ ဖြစ်ပါသည် ၊

Hawdeka Khalaylay

သူရိယနေဝန်းထွက်ပြီ၊ ဖိုးလပြည့်တို့ကို ဖက်ဆစ်နဲ့ ခိုင်းနှိုင်း


သူရိယနေဝန်းဂျာနယ် အတွဲ ၁၊ အမှတ် ၁ ထွက်လာပါပြီ။

ဒီဂျာနယ်ကို စနေနေ့တိုင်း ထုတ်မယ်လို့ ကြေညာထားပါတယ်။

သူရိယနေဝန်း ဆိုတာ ဟိုတလောက ရပ်လိုက်ရတဲ့ သူရိယအလင်းရဲ့ အဆက် ဖြစ်ပါတယ်။
သူရိယအလင်းအကြောင်း ပြဿနာ ဖြစ်ခဲ့သည့် သူရိယအလင်းဂျာနယ် ထုတ်ဝေမှု လုံးဝရပ်နားပြီ ဆိုတဲ့ သတင်းမှာ ဖတ်နိုင်ပါတယ်။

သူရိယအလင်းဂျာနယ်တိုက်ကို ပြီးခဲ့တဲ့ ဆယ်ရက်လောက်က လူအုပ်တအုပ် ရောက်လာတယ်၊ ပစ္စည်းတွေ သယ်သွားတယ်၊
သယ်သွားတာကတော့ သူရိယအလင်း နောက်ဆုံးထုတ် စောင်ရေ ၇၀၀၊ ကွန်ပျူတာ ၁၄ လုံးရဲ့ အဓိကအစိတ်အပိုင်းတွေလို့ ဆိုတယ်။

အဲဒီလူအုပ်ရဲ့ခေါင်းဆောင်က ဖိုးလပြည့် ဖြစ်ပါတယ် တဲ့။

"ဖိုးလပြည့် ဆိုသူက ဂျာနယ်တိုက်ထဲကို မ၀င်ပါဘူး။ ကားပေါ်က ထိုင်ပြီး အမိန့်တွေပေးနေခဲ့ပါတယ်" လို့ အခု အသစ်ထွက်လာတဲ့ သူရိယနေဝန်း ပထမဆုံးထုတ်မှာ ရေးထားပါတယ်။

"ဒီလုပ်ရပ်ဟာ နာဇီ စိတ်ဓာတ်၊ ဖက်ဆစ်စိတ်ဓာတ်နဲ့ မင်းမဲ့စရိုက်ဆန်ဆန် လုပ်သွားတဲ့ လုပ်ရပ် ဖြစ်ပါတယ်" လို့ မှတ်ချက်ချထားပါတယ်။

ဂျာနယ်တိုက် ပစ္စည်းအသိမ်းခံရပြီး ဂျာနယ်ထုတ်ဝေမှု ရပ်ဆိုင်းလိုက်ပေမယ့် သူရိယနေဝန်း ဂျာနယ် အဖြစ် ဆက်ထုတ်မယ်လို့ ကြေညာထားတဲ့အတိုင်း ထွက်လာပါတယ်။ သို့သော်လည်း အသစ်ထွက်မယ့် သူရိယနေဝန်းကို ရိုက်ပေးဖို့ ပုံနှိပ်စက်တွေက ငြင်းခဲ့တယ်၊ "အခု ဒီဆောင်းပါးကို မရေးခင် အချိန်အထိ သူရိယနေဝန်းဂျာနယ်ကို ရိုက်ပေးရဲတဲ့ စက် မရှိသေးပါ။
အားလုံး ကြောက်အောင် ဖိုးလပြည့် ဆိုသူက ဖန်တီးခဲ့ပါပြီ - မြန်မာပြည်သူတွေဟာ ဖိုးလပြည့် ဆိုသူကို မုန်းတီးနေကြပါပြီ" လို့ ဆိုပါတယ်။

ခေါင်းစဉ်က "သမ္မတထံ အိတ်ဖွင့်ပေးစာ" ဖြစ်ပါတယ်။

ဖိုးလပြည့် ဆိုတဲ့သူ ဘယ်သူဘယ်ဝါဖြစ်တယ် ဆိုတာကိုတော့ အိတ်ဖွင့်ပေးစာမှာ ထည့်ရေးမထားပါဘူး။
မြန်မာပြည်မှာ ဖိုးလပြည့် အမည်နဲ့ အမျိုးသားတွေ အများအပြား ရှိပါတယ်။
အထင်ရှားဆုံး ဖိုးလပြည့်ကတော့ ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေရဲ့ မြေးတဦး ဖြစ်ပါတယ်။

ဧရာဝတီ

ပဲခူး၊ ဟင်္သာကုန်းက ပဒေသာပင်ပွဲအား မင်းမဲ့စရိုက်ဆန်ဆန် ၀င်ရောက်ဖျက်ဆီးမှု

ပဲခူးမြို့ ဟင်္သာကုန်း မွန်စံပြရှိ မွန်ရိုးရာပဒေသာပင်ပွဲတော်အား မင်းမဲ့စရိုက်ဆန်ဆန် ၀င်ရောက်ဖျက်ဆီးမှု သီတင်းကျွတ်လပြည့်ညက ဖြစ်ပွားခဲ့ရာတွင် ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးအရေးယူပေးခြင်းမရှိသေး ဟု ပွဲတော်ရှိ စည်းကမ်းထိန်းသိမ်းရေးခေါင်းဆောင်ဖြစ်သူ ကိုဖြိုးဝေမြင့်က မဇ္ဈိမကို ပြောဆိုလိုက်သည်။

“အခုချိန်ထိ အရေးယူခြင်းမရှိသေးဘဲ ပြစ်မှုကျူးလွန်ခဲ့တဲ့ ချာတိတ်တွေကို လွှတ်ပေးထားတယ်” ဟု ၄င်းက ပြောပြသည်။

အမှုမှာ ယင်းနေ့ည ၁၀ နာရီအချိန်က မွန်းရိုးရာပဒေသာပင်ပြုလုပ်နေသော ပွဲတော်လမ်းအတွင်းသို့ လူ ငယ် ၁၅ ဦးခန့်က အိတ်ဇောဖြုတ်ထားသော ဆိုင်ကယ်များအား မွေလိမ်မွေကောက်မောင်းနှင်ခြင်းများ၊ ပဒေသာပင်များရှိ ပိုက်ဆံများအား ဖြုတ်ယူမောင်းပြေးမှုများ ပြုလုပ်ခဲ့ကြကြောင်း စည်းကမ်းထိမ်းသိမ်း ရေးခေါင်းဆောင်က ပြောသည်။

ထို့ကြောင့် လမ်းအတွင်းမှ လူများက လိုက်လံဖမ်းဆီးရာတွင် ဆိုင်ကယ်တစ်စီးကျန်ခဲ့ပြီး ည ၁ နာရီခွဲ အချိန်တွင် အဆိုပါ ဆိုင်ကယ်အား ပြန်လည်ယူဆောင်ရန် တုတ်ကိုယ်စီကိုင်ဆောင်ထားသော လူငယ် သုံးဆယ်ဦးခန့်ဖြင့် လမ်းအတွင်းသို့ လာရောက်ခဲ့ကြခြင်းဖြစ်သည်။

“သူတို့တွေ တုတ်ကိုယ်စီနဲ့ ၀င်လာလို့ ပြဿနာတွေ ပိုတက်မှာစိုးလို့ ကျွန်တော်ကရှေ့ဆုံးကနေသွား တားတာ။ အဲဒါကို သူတို့ထဲက တစ်ယောက်က သံတုတ်နဲ့ ရိုက်လိုက်လို့ မှောက်သွားတဲ့အချိန်မှာနောက် တစ်ယောက် ကျွန်တော့်ကျောကို ဓားနဲ့ နှစ်ချက်ထိုးခဲ့တယ်” ဟုလည်း ကိုဖြိုးဝေမြင့်က ပြောပြသည်။

အဆိုပါ အဖွဲ့အား မောင်စိုးညီညီဆိုသူက ဦးဆောင်လာကြောင်းနှင့် မောင်ရဲလင်းထွန်းက တုတ်ဖြင့်ရိုက် ကာ ကျန်တစ်ဦးကဓားဖြင့်ထိုးခဲ့ခြင်းဖြစ်သည်ဟုလည်း ကာယကံရှင်က စွပ်စွဲပြောကြားထားသည်။

ယင်းသို့ ရိုက်နှက်မှုကြောင့် လမ်းသူလမ်းသားများက လိုက်လံဖမ်းဆီးရာတွင် အကုန်လုံးလွတ်မြောက် သွားခဲ့ပြီး ဆိုင်ကယ်လေးစီးသာ ကျန်ခဲ့သည်ဟု သိရသည်။

အဆိုပါ ဖြစ်စဉ်အား ကနဦးတွင် လူမှုရေးအရ ညှိနှိုင်းမှု ပြုလုပ်ရန် စီစဉ်ထားသော်လည်း အုပ်စုဖွဲ့ထပ်မံပြု လုပ်မှုများရှိနေသောကြောင့် ရဲစခန်းသို့ အောက်တိုဘာ ၂၂ ရက်တွင် အမှုဖွင့် တိုင်တန်းလိုက်ကြောင်း လည်း ကိုဖြိုးဝေမြင့်က ပြောသည်။အခင်းဖြစ်စဉ်က ကျန်ခဲ့သော ဆိုင်ကယ်လေးစီးကိုလည်း ရဲစခန်းက သိမ်းဆည်းထားသည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး ပဲခူးအမှတ်(၁)ရဲစခန်းမှ အမှုစစ်ဖြစ်သူ ဒု-ရဲအုပ် သောင်းမင်းထွန်းက “ဒီ အမှုကို စစ်ဆေးဆဲဖြစ်နေလို့ ဘယ်သူ့ကိုမှ မဖမ်းထားရသေးပါဘူး၊ တိုင်တဲ့ထဲမှာတော့ နေလင်းထွန်းပါ အပေါင်းအပါငါးဦးဆိုပြီး တိုင်ထားပါတယ်။ အရေအတွက် ဘယ်လောက်ပါလဲဆိုတာ ပြောလို့မရသေး ပါဘူး” ဟု မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့သည်။

လက်ရှိအချိန်တွင် တိုင်တန်းခံထားရသူ ငါးဦးကို အာမခံဖြင့် လွှတ်ပေးထားကြောင်း နှင့် အဓိကတိုင်တန်း ခံထားရသူကို ခေါ်ယူစစ်ဆေးနေကာ ပါဝင်ပါက်သက်သူများကို ဖော်ထုတ်နေသည်ဟုလည်း ၄င်းက ပြောပြခဲ့သည်။

အဆိုပါ ရဲစခန်းမှ ဖုန်းကိုင်ဖြေကြားခဲ့သည့် တာဝန်ရှိသူတစ်ဦးကလည်း “ဒီအမှုတွေက တကယ်တန်းဖမ်း ရင်လည်း အာမခံပေးရတဲ့ အမှုပါ” ဟု ရှင်းပြသည်။

လက်ရှိအချိန်တွင် အဆိုပါ တိုင်တန်းမှုကို ရဲစခန်းက (ပ)၆၁၇ /၂၀၁၃ ဖြင့် အမှုဖွင့်ပြီး ပုဒ်မ ၃၂၄/ ၃၂၅/ ၁၁၄ တို့ဖြင့် အရေးယူရန် ဆောင်ရွက်နေသည်ဟုလည်း အဆိုပါ မြို့မရဲစခန်းမှ စုံစမ်းသိရသည်။ မဇ္ဈိမ အနေဖြင့် တိုင်တန်းခံရသည့်ဘက်သို့ ဆက်သွယ်မေးမြန်းရန် လုပ်ဆောင်ခဲ့သော်လည်း အခက်အခဲ အချို့ကြောင့် ဆက်သွယ်မေးမြန်းမှုမပြုနိုင်ခဲ့ပေ။

Mizzima

မြန်မာတစ်နိုင်ငံလုံးတွင် ကတ္တရာလမ်း ၂၀ ရာခိုင်နှုန်းသာ ရှိသေး ရေခဲ(ပြည်)

မြန်မာတစ်နိုင်ငံလုံးရှိ ကားလမ်းများကို ကတ္တရာလမ်းအဖြစ် အဆင့်မြှင့် လုပ်ဆောင်နေသော်လည်း လမ်းဧရိယာ ၂၀ ရာခိုင်နှုန်းကိုသာ ကတ္တရာလမ်း ခင်းကျင်းမှု ပြီးစီးသေးကြောင်း ပြည်သူ့ဆောက်လုပ်ရေး လုပ် ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်းက ပြောသည်။

ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကော်မတီ၏ ပြည်ခရိုင် အုပ်ချုပ်ရေးမှူးရုံးတွင် အောက်တို ဘာလ ၂၆ရက် က ပြုလုပ်သော ဆွေးနွေးပွဲတွင် ဦးကျော်လင်းက ပြောကြားခြင်း ဖြစ်သည်။

“တစ်နိုင်ငံလုံးမှာရှိတဲ့ ကီလိုမီတာ ပေါင်းတစ်သိန်းငါးသောင်း (မိုင်ပေါင်း ၉၃, ၀၀၀ကျော်)မှာ နှစ်ဆယ်ရာ ခိုင်နှုန်းပဲ ကျွန်တော်တို့က ကတ္တရာလမ်း အဆင့်မြှင့်တင် နိုင်သေးတယ်။ ရှစ်ဆယ်ရာခိုင်နှုန်းက တိုးချဲ့လမ်း၊ မြေနီလမ်း၊ ကျောက်လမ်းတွေ ဖြစ်တယ်” ဟု ဦးကျော်လင်းက ဆိုသည်။

လမ်းမိုင်ပေါင်း ၉၃,၀၀၀ကျော်တွင် ပြည်ထောင်စုလမ်းမကြီးများ၊ မြို့တွင်းလမ်းများ၊ စည်ပင်သာယာလမ်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလမ်းများ၊ တပ်မတော် ရိက္ခာတင်လမ်းကြောင်းများ ပါဝင်သည်။

ထိုလမ်းမိုင်ပေါင်း ၉၃,၀၀၀ ကျော်တွင် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ မိုင် ၂၅, ၀၀၀ခန့်ကို တာဝန်ယူထားရှိပြီး ဦးစားပေးအနေဖြင့် ငါးဆယ့်ခြောက်ရာခိုင်နှုန်းကို အဆင့်မြှင့်တင်နိုင်ခဲ့ပြီးဖြစ်သည်ဟု ဦးဆောင် ညွှန်ကြားရေးမှူး ဦးကျော်လင်းက ဆက်လက်ပြောကြားခဲ့သည်။

“ကီလိုမီတာတစ်သိန်းငါးသောင်း (မိုင်ပေါင်း ၉၃,၀၀၀ကျော်)မှာ ကျွန်တော်တို့ ဌာနက တာဝန်ယူတဲ့ လေးသောင်း (၂၄, ၈၄၅ ဒသမ ၈၄မိုင်)ကို ဦးစားပေးတယ်။ ကျွန်တော်တို့ဌာနကလုပ်တဲ့ လေးသောင်းမှာတောင် ငါးဆယ့်ခြောက်ရာခိုင်နှုန်းပဲ လမ်းတွေ အဆင့်မြှင့်နိုင်သေးတယ်။ ကျန်တဲ့ လေးဆယ့်လေးရာ ခိုင်နှုန်းက ကတ္တရာလမ်း မဟုတ်သေးဘူး” ဟု ဦးကျော်လင်းက ရှင်းပြသည်။

ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ အဝေးပြေးလမ်းမကြီးများကို တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
Mizzima

Monday, October 28, 2013

မီတာခတွေ ဈေးတက်ပြီ. . Ko Kyi Win

မီတာခတွေ ဈေးတက်ပြီ. .

ရွေးကောက်ပွဲမှာ ဦးသိန်းစိန် ပြိုင်မပြိုင် ကိုယ်တိုင်ပြောမယ် ====================== အောက်တိုဘာ- ၂၇ ဘီဘီစီ မြန်မာပိုင်း

သမ္မတ ဦးသိန်းစိန်က လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ သမ္မတအဖြစ် သူဝင် အရွေးခံ မခံ ဆိုတာကို သူကိုယ်တိုင် ပြည်သူတွေကို အသိပေး ပြောကြားမယ်လို့ သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောပါတယ်။

ရွေးကောက်ပွဲမှာ သမ္မတ ဦးသိန်းစိန် ဝင် အရွေးမခံ တော့ဘူးလို့ သူ့ကို ပြောခဲ့ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ရက်နေ့မှာ လွှတ်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖေါ် ပြောဆိုခဲ့အပြီး ၂ရက်အကြာမှာ သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က အခုလို တုန့်ပြန် ပြောလိုက်တာပါ။

သူရ ဦးရွှေမန်းရဲ့ ပြောဆိုချက်ဟာ သမ္မတနဲ့ ကြိုတင် သဘောတူပြီး ထုတ်ပြန်ခဲ့တာ မဟုတ်ဘူးလို့လည်း ဦးရဲထွဋ်က ပြောပါတယ်။

ပြည်တွင်းက ဆောင်းပါးရှင် စည်သူအောင်မြင့်ကတော့ လုပ်ထုံး လုပ်နည်းအရ သူရ ဦးရွှေမန်းအနေနဲ့ ဒီလို ထုတ်ဖေါ် မပြောသင့်ဘူးလို့ သုံးသပ်ပါတယ်။

သမ္မတနဲ့ လွှတ်တော်အကြား အားပြိုင်မှုတွေ ရှိနေတယ်လို့ အများက ယူဆနေ ချိန်မှာပဲ အခု ဒီကိစ္စ ပေါ်ပေါက်ခဲ့တာပါ။

သမ္မတနဲ့ လွှတ်တော်အကြားမှာ ဖွဲ့စည်း အုပ်ချုပ်ပုံ ဆိုင်ရာ ခုံရုံး ကိစ္စ အငြင်းပွားတာမျိုး ဖြစ်ခဲ့သလို ငြိမ်းချမ်းရေး အကောင်အထည် ဖေါ်ရေး လုပ်ငန်းစဉ်တွေကို သူရ ဦးရွှေမန်းက စိတ်ကြေနပ်မှု မရှိတာကြောင့် အမျိုးသား လုံခြုံရေးနဲ့ ကာကွယ်ရေး အစည်းအဝေးတွေ ခေါ်ဖို့ တောင်းဆိုတာမျိုးတွေ ရှိခဲ့ပါတယ်။

ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီတခုတည်းက ပြိုင်ဘက် အချင်းချင်း သူရ ဦးရွှေမန်း အခုလို ပြောခဲ့တာဟာ သမ္မတ ဦးသိန်းစိန်ကို ပြိုင်ဘက် အဖြစ်ကနေ ဖယ်ထုတ်ပစ်ချင်တဲ့ သဘော ရောက်နေတယ်လို့ ပြည်တွင်းက ဆောင်းပါးရှင် စည်သူအောင်မြင့်က သုံးသပ်ပါတယ်။

Link >>http://www.bbc.co.uk/burmese/burma/2013/10/131027_theinsein_shweman_election.shtml

"အင်တာနက်ကိုအသုံးချ၍ ဂုဏ်ကျက်သရေထိခိုက်စေရန်ပြုလုပ်သူအား အရေးယူထား" နေပြည်တော်၊ အောက်တိုဘာ ၂၇

မကွေးမြို့မရဲစခန်း(ပ)၁၃၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၇၆/၅၀၀/၅၀၆ အမှုမှတရားခံ မကွေးမြို့၊ ကန်သာရပ်ကွက်နေ စိုးလွင်(၄၂)နှစ်သည် မxxxxအား သားမယားအဖြစ်ဆက်ဆံခဲ့သည့် ဗွီဒီယိုပုံများကို အီလက်ထရောနစ် နည်းပညာဖြင့်ပြုပြင်၍ မ----၏ ဂုဏ်ကျက်သရေကို ထိခိုက်စေရန် အကြံဖြင့် အင်တာနက်မှတဆင့်ပေးပို့ထုတ်လွှင့်ပြသခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် စိုးလွင်အား ၂၆-၁၀-၂၀၁၃ ရက်နေ့တွင် မကွေးမြို့မရဲစခန်းမှ (ပ)၂၁၃/၂၀၁၃၊အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၄(ဃ) ဖြင့် ထပ်မံအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

ကလေးကိုဝါယာကြိုးဖြင့်ရိုက်သူအား တရားစွဲပြီ တောင်ကြီး ၊ ဇွန် ၁၉


တောင်ကြီးမြို့မှ အသက်(၇)နှစ်အရွယ် ပထမတန်းကျောင်းသူကို ၀ါယာကြိုးနှင့် ရိုက်မှုဖြင့် အုပ်ထိန်းသူအား လူမှုဝန်ထမ်းမှ တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။

ယနေ့တွင် တောင်ကြီးမြို့ အမက(၁၅)သို့ ကျောင်းကျန်းမာရေးက ကလေးများ၏ ကျန်းမာရေးကို သွားရောက်စစ်ဆေးစဉ် ပထမတန်းကျောင်းသူ မသက်ထားခင်၏
ကျောပြင်နှင့် ခြေထောက်တစ်လျှောက်၌ အကွင်းလိုက်ပေါ်နေသော ဒဏ်ရာများကို
တွေ့ရှိရသဖြင့် တောင်ကြီင်္းမြို့ လူမှုဝန်ထမ်းဦးစီးနှင့် ရဲစခန်းတို့ကို ကျောင်းကျန်းမာရေးမှ အထက်တန်းသူနာပြု ဒေါ်စောဥမ္မာနှင့် ကျောင်းတာဝန်ရှိသူများက တိုင်ကြားခဲ့ကြောင်း၊ ယင်းတိုင်ကြားချက်အရ ကလေးငယ်အား မေးမြန်းရာ သူမ၏ ကြီးတော်နှင့် အမ၀မ်းကွဲတို့က ၀ါယာကြိုးနှင့် ရိုက်နှက်ထားသည်ဟု ဆိုကြောင်း၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အောင်ရီက ပြောသည်။

“အုပ်ထိန်းသူတွေကို စစ်ဆေးကြည့်တော့ စာမရလို့ ရိုက်တာလို့ပြောတယ်။ ဒါပေမဲ့ ကလေးသူငယ်ဥပဒေအရကတော့ အုပ်ထိန်းသူပဲ ဖြစ်စေ၊ ဆရာမဖြစ်စေ လိမ္မာအောင် ဆိုဆုံးတဲ့နေရာမှာ ညှင်းပန်းနှိပ်စက်သလို မဖြစ်ရဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့ လူမှုဝန်ထမ်းက တရားလိုပြုပြီးတော့ အမှုဖွင့်လိုက်တယ်” ဟု ၄င်းကပြောသည်။

ယင်းနှင့်ပတ်သက်၍ တောင်ကြီးရဲစခန်းသို့ ပေါ်ပြူလာနယူးစ်မှ ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်မှူးက “ဒီအမှုက ကလေးသူငယ်ဥပဒေအရ ရဲအရေးပိုင်တဲ့အမှု မဟုတ်ဘူး။ ဒါကြောင့် လူမှုဝန်ထမ်းကနေပြီး တရားစွဲဆို အမှုတင်လိုက်ပါပြီ” ဟု ပြောသည်။

ရိုက်နှက်ဆုံးမသည်ဟု သံသယရှိသူ မသက်ထားခင်၏ ကြီးတော်နှင့်အစ်မ၀မ်းကွဲကို ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း ၄င်းက ဆက်ပြောသည်။

မသက်ထားခင်၏ ဖခင်မှာ ကွယ်လွန်သွားပြီဖြစ်ပြီး မိခင်ဖြစ်သူမှာ ညောင်ရွှေတွင် ရှိသည်ဟု ကြားရသော်လည်း ယခုအချိန်အထိ ဆက်သွယ်၍ မရသေးကြောင်း ဦးတင်အောင်ရီက
ပြောသည်။

Popular Myanmar News Journal

မိထ္ထိလာဆေးရုံသိုတက်ရောက်ဆေးကုသမူခံယူခဲ့ရသူ ရုပ်ရှင်သရုပ်ဆောင်မင်းညီ၏ဖေ့ဘုတ်ပေါ်ကနေ မိတ်ဆွေများပရိသတ်များသို့ စိတ်မပူကြဖို့ ဆိုသည့်စာ Monday, October 28, 2013


ဖုန်းဖြင့်ဝိုင်းဝန်းစိတ်ပူပေးကြသောရုပ်ရှင်ဘောလုံးအသင်းနည်းပြ
အုပ်ချုပ်သူနှင့်မိတ်ဆွေများနှင့်ဆွေမျိုးများအားကျေးဇှုးအထူးတင်
ပါသည်။ စိတ်မပူကြပါနဲ့တော့ ညာဘက်ဆီးခုံရိုးအက်သည်မှလွဲ၍ fbသုံးနေနိုင်ပါသေးသည်။

by;Min Nyi
Popular Journal

"ဆန္ဒပြ မိုးထိမိုးမိ လုပ်သားတွေရွှေယဉ်ကျော်တောင်ကိုပြောင်းရွှေ့"


မိုးထိမိုးမိ ရွှေလုပ်သားတွေဟာ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီက သူတို့နယ်မြေကို လက်ဝါးကြီးအုပ်ထားတဲ့အတွက်ဆိုပြီး ရမည်းသင်းမြို့နယ် ရွှေမြင်တင်ဘုရားတောင်ပေါ်မှာ သပိတ်စခန်းဖွင့်ဆန္ဒပြဖို့ တောင်းဆိုခဲ့ပေမယ့် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့တွေက ခွင့်မပြုဘဲ ဖယ်ရှားခိုင်းလို့ မိုးထိမိုးမိနဲ့ရမည်းသင်းမြို့ကြားက ပျဉ်းပြားကျေးရွာအနီးရှိ ရွှေယဉ်ကျော်တောင်ကို သောကြာနေ့ကပြောင်းရွှေ့ခဲ့ကြရတယ်လို့ သိရပါတယ်။

ဒေသခံ အလုပ်သမားတွေ လတ်တလောမှာ အခက်အခဲကြုံတွေ့နေရပုံကို ရွှေလုပ်သားတစ်ဦးက ခုလိုပြောပါတယ်။

"တောင်ပေါ်မှာ ဘာမှလုပ်စားကိုင်စားလို့မရအောင် မဖြစ်နိုင်တဲ့ စည်းကမ်းချက်တွေနဲ့ပိတ်ပင်တားဆီးထားတယ်။ခရိုင်၊မြို့နယ်မှုးအဆင့်တွေက ကျွန်တော်တို့ဘယ်လိုတောင်းဆိုတောင်းဆို သူတို့ဘာမှမလုပ်ပေးနိုင်ဘူး။အဲဒါကြောင့် ကျွန်တော်တို့မှာ နောက်ဆုတ်လို့လဲ မဖြစ်ဘူး။ရှေ့တိုးမယ်ဆိုတော့လဲ တိုးနိုင်တဲ့ အတိုင်းအတာမရှိဘူးခင်ဗျ၊ ဒီနေရာလေးမှာ အကောင်းဆုံးဖြစ်အောင် ဦးနှောက်အေးအေးနဲ့ စဉ်းစားဆုံးဖြတ်ပါမယ်။"

ရွှေလုပ်သား တစ်ရာကျာ်ဟာ ရွှေယဉ်ကျော်တောင်မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းမှာ စုပြုံနေထိုင်နေကြတာဖြစ်ပြီး စားနပ်ရိက္ခာလိုအပ်နေကြပါတယ်။

လတ်တလောမိုးထိမိုးမိရွှေလုပ်သားတွေရဲ့အရေးနဲ့ပတ်သတ်လို့ရမည်းသင်းမြို့နယ်ရဲတပ်ဖွဲ့မှူးကိုအာအက်ဖ်အေကဆက်သွယ် မေးမြန်းခဲ့ပေမယ့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ကိုသာမေးမြန်းဖို့ ဖြေကြားခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင် လက်ဝှေ့ကစားသမား ''မောင်းရှိန်း'' (Mawng Shin) နှင့် စကားပြောခြင်း Chin World


ချင်းလူမျိုးအားကစားသမား တွေထဲမှာ ပဏာမမြန်မာ့လက်ရွှေးစင်လက်ဝှေ့သမားတစ်ယောက်အဖြစ် နေပြည်တော်မှာ စခန်းဝင်ပြင်ဆင်လေ့ကျင့်နေတဲ့ ကန်ပလက်မြို့နယ်ဇာတိမောင်းရှိန်းကို ဒီအပါတ် စာဖတ်ပရိတ်သတ်တွေအတွက် ချင်းဝေါလ်မီဒီယာအနေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

(၁) ပထမဦးဆုံးညီလေးရဲ့ မိဘအမည်၊ မွေးရပ်ဇာတိ၊ ပညာရေး စတာတွေကို စတင်မိတ်ဆက်ပေးပါဦး။
ကျနော် နာမည်ကတော့ မောင်းရှိန်း ဖြစ်ပါတယ်။အဖေနာမည်က ဦးရှိန်းမောင်း၊အမေ နာမည်ကတော့ ဒေါ်ရှင်သာရှိန်း တို့ဖြစ်ပါတယ်။ ချင်းပြည်နယ်၊ ကန်ပက်လက် မြို့ မှာနေပါတယ်။ကျနော်ပညာရေးကတော့ ပထမနှစ်-သမိုင်းအဓိကကိုသင်ယူနေပါတယ်။

(၂) ဒီ လက်ဝှေ့ ကစားနည်းကို ဘယ်အရွယ်မှာ စတင်ကစားခဲ့တာလဲ။
ကျနော်လက်ဝှေ့အားကစားနည်းကို အသက်(၁၈)နှစ်လောက်မှာပဲ စတင်ကစားတာပါ။

(၃) အားကစားနည်းအများကြီး ရှိတဲ့အထဲမှာမှ ဘာကြောင့် လက်ဝှေ့ကစားနည်းကိုမှ ရွေးချယ်ရတဲ့ အကြောင်းလေးပြောပြပေးပါအုံး။ပြီးတော့လက်ဦးဆရာတွေကဘယ်သူတွေလဲ။

ဝါသနာပါလို့ပါ။ကျနော် ငယ်ငယ်လေးထဲက သိုင်းတွေကစားတာကို အရမ်းဝါသနာပါခဲ့ပါတယ်။အဲဒီအချိန်မှာ မန္တလေးအားကာသိပံကျောင်းကို တက်ပြီးအရွေးခံဖို့ ကန်ပက်လက်မြို့နယ်အား/ကာမှုး ဦးနိင်းမာန် ကစာရင်းတွေကောက်နေတယ်။အဲဒီတော့ ကျနော်လဲသွားချင်တယ်ပေါ့။သွားချင်ရင်သွားလို့ရတယ်ဆိုတော့ ၂၀၀၈ မှာ မန္တလေးအား/ကာသိပံ ကိုကျနော်ရောက်ခဲ့ပါတယ်။ကျနော်ရဲ့ ပထမဦးဆုံးသင်ခဲ့တဲ့ ဆရာကတော့ ဆရာဦးလှိုင်ဆွေ ဖြစ်ပါတယ်။အခု မန္တလေးအားကာသိပံမှာနည်းပြဆရာဖြစ်ပါတယ်။

(၄)ဒီလက်ဝှေ့ ကစားနည်းမှာက ဘယ်လိုအဆင့်အမျိုး အစားတွေ၊အတန်းတွေ ရှိလဲဆိုတာ ပြောပေးပါအုံး။
ကျနော်တို့ မှာက (၁၈)နှစ်အောက်ဆိုရင် သက်ငယ်တန်းဆိုပြီးသတ်မှတ်ထားပါတယ်။(၁၈)နှစ်ကျော်ရင်တော့ စီ ကလပ် ဆိုပြီးသတ်မှတ်ထားပါတယ်။ စီ ကလပ်မှာချန်ပီယံဖြစ်ရင်တော့ ဘီကလပ်မှာတက်ထိုးရပါတယ်.။ဘီကလပ် မှာချန်ပီယံဖြစ်ရင် အေကလပ်မှာတက်ထိုး၊အဲဒီမှာ ချန်ပီယံ ဖြစ်ရင်တော့ အလွတ်တန်းမှာဝင်ပြိုင်ရပါတယ်။

( ၅ )ဒါဆိုရင် ညီလေးက အခုဘယ်အတန်းမှာ ၀င်ပြိုင်နေတာလဲ။
ကျနော်က အခု အလွတ်တန်းမှာ ၀င်ပြိုင်နေပါတယ်။

( ၆ )ပထမဆုံး ညီလေးထိုးခဲ့တဲ့ ပြိုင်ပွဲလေးအကြောင်းပြောပေးပါအုံး။
ပထမဆုံးပြိုင်ပွဲက မုံရွာမှာကစားရပါတယ်.။ အဲဒီမှာ ၀ိတ်တန်းက (၅၁)ကီလိုတန်းမှာပါ။ပြီးတော့ ရွှေ တစ်ခုရပါတယ်။

(၇)ပြည်နယ်ကိုးစားပြုပြီးတော့ ပြိုင်တဲ့ ပွဲတွေကောရှိလား။ရှိရင်ပြောပြပေးပါအုံး။
ရှိပါတယ်။ ၂၀၀၉ ခုနှစ်မှာ ပြိုင်ပွဲဝင်ပြိုင်ပါတယ်။ အဲဒီမှာတော့ ဆုတံဆိပ်တွေမရရှိခဲ့ပါဘူး။ ဒါကချင်းပြည်နယ်ကိုကိုးစားပြုပြီးတော့ ပြိုင်တာပါ။

(၈)ပြည်တွင်းပြိုင်ပွဲတွေမှာ ဆုတံဆိပ် တွေရရှိတာတွေရှိလား။ ဘယ်ခုနှစ်တွေမှာ ဆု ရခဲ့တာလဲဆိုတာပြောပေး ပါအုံး။
၂၀၁၀ ခုနှစ်မှာ အဖွဲ့ချုပ်ဥက္ကဌဖလားပြိုင်ပွဲ မှာ ငွေတံဆိပ် ပဲရပါတယ်။အဲဒီမှာ ပဏာမ မြန်မာ့လက်ရွေးစင်လူငယ် ဆိုပြီးအဖွဲ့ချုပ်ကခေါ်တယ်။ အခုချိန်ထိပါပဲ။ ပြီးတော့ ၂၀၁၁ခုနှစ် အဖွဲ့ချုပ်ဥက္ကဌဖလားပြိုင်ပွဲ မှာ ရွှေ ရပါတယ်။၂၀၁၂ ခုနှစ် အမျိုးသားတံခွန်စိုက်လက်ဝှေ့ပြိုင်ပွဲမှာ ငွေ ရပါတယ်။
(၉) နိုင်ငံတကာပြိုင်ပွဲတွေမှာကော သွားရောက်ယှဉ်ပြိုင်ဖူးပါသလား။
ကျနော် နိုင်ငံတကာ ပြိုင်ပွဲတော့မရှိပါဘူး။

(၁၀)ဒါဆိုရင် ညီလေး ယှဉ်ပြိုင်ခဲ့တဲ့ ပွဲတွေထဲမှာ ကိုယ်ကနိုင်မယ်လို့ထင်ထားပြီး ရှုံးခဲ့တဲ့ ပွဲတွေကောရှိခဲ့လား။
ရှိခဲ့ပါတယ်။ကျနော်ကြုံခဲ့ဖူးပါတယ်။ ကျနော်လက်နာလို့ ၆၁ကီလိုတန်းပြိုင်ပွဲမှာတစ်ခါရှိခဲ့ပါတယ်။

(၉)အခုလေ့ကျင့် နေတာက ပြည်တွင်း နည်းပြနှင့် လား ၊ပြည်ပ နည်းပြတွေနှင့်လားပြောပေးပါအုံး။
ကျနော်တို့ အခု ပြည်ပနည်းပြတွေနှင့်ပါ။တာဇတန်လူမျိုးဆရာပါ။၂၀၁၁ မှာလည်း ကျူးဘားနိုင်ငံက ဆရာနဲ့လည်းလေ့ကျင့်ခဲ့ရပါတယ်။အခုလက်ရှိမှာက တရုပ်လူမျိုးနှင့် တာဇစ္စတန်လူမျိုးနဲ့ပါ။

(၁၂) အခု ဆီးဂိမ်းစ်အတွက် ပြင်ဆင်နေတဲ့အကြောင်းလေးလဲပြောပေးပါအုံး။
ကျနော်က အခုကျင်းပတဲ့ SEA Games မှာတော့ကျနော်မပါပါဘူး ၊လက်ရည်စစ်ပွဲမှာ ကျနော်ရဲ့ စီနီယာ ၂၀၁၁ SEA Games မှာပါခဲ့တဲ့သူကို ကျနော်ရှုံးပါတယ်။ဒါပေမဲ့ ကျနော်တို့က SEA Games ပွဲဝင်နေတဲ့သူတွေကို ပါတနာအဖြစ်နေပေးရတာပါ။

(၁၃)ဒါဆိုရင် SEA Games မှာ မြန်မာလက်ဝှေ့ အသင်းအနေနဲ့ အောင်မြင်မှု့ ရနိုင်မယ်လို့ညီလေးထင်ပါသလား။
အောင်မြင်မှု့တွေရမယ်လို့ကျနော်ယုံပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ထိုင်း နဲ့ ဖိလစ်ပိုင် က

ပြည်သူ့စစ် ယူနီဖောင်း ၀တ်ဆင်ပြီး မောင်းနင်လာသည့် ကားထဲမှ ကျပ်သိန်းပေါင်း ၄၃၆ သိန်းခန့် တန်ဖိုးရှိသည့် စိတ်ကြွဆေးပြားများ ရှာဖွေ ဖမ်းဆီးရမိ http://www.tachileik.net/2013/10/YaMaDrug.html


၂၀၁၃ခုနှစ် အောက်တိုဘာလ ၂၇ရက် နေ့လည် ၁၁နာရီခွဲ အချိန်ခန့်က ကျိုင်းလပ်မြို့နယ်ခွဲ၊နမ့်ခင်းကျေးရွာရှိ ရွာလယ်လမ်းပေါ်၌ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ နှင့် နယ်မြေခံတပ်တို့ ပူးပေါင်းသော အဖွဲ့မှ ကျပ်သိန်းပေါင်း ၄၃၆သိန်းခန့် တန်ဖိုးရှိသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၁၈၀၀ ပြားများအား တရားခံနှင့်အတူ ဖမ်းဆီးသိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။

အဆိုပါပူးပေါင်းအဖွဲ့တို့သည် နမ့်ခင်းကျေးရွာအနီး၌ ရက်ပိုင်းအတွင်းက ကျပ်သိန်းပေါင်း ၁၃၃၂ သိန်းခန့် တန်ဖိုးရှိသည့် ကဖင်းများအား ရှာဖွေတွေ့ရှိရမှုနှင့် ပတ်သက်၍ ဆက်လက် နယ်မြေရှင်းလင်းစဉ် ကျိုင်းလပ်မြို့နယ်ခွဲဘက်မှ တာလေမြို့နယ်ခွဲဘက်သို့ မူးယစ်ဆေးဝါးသယ်ဆောင်လာမည်ဟု သတင်းရရှိသည့်အတွက် အဆိုပါနေရာတွင် စောင့်ဆိုင်းပြီး ယာဉ်သွား ယာဉ်လာများအား ရပ်တန့်ရှာဖွေစစ်ဆေးနေကြစဉ် တာလေမြို့နယ်ခွဲဘက်သို့ မောင်းနှင်လာသည့် တိုယိုတာ ဟိုင်းလပ်(ဖိုးဝှီး)ယာဉ်တစ်စီးအား ပူးပေါင်းအဖွဲ့မှ ရပ်တန့် စစ်ဆေးရှာဖွေခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကားပေါ်တွင် ပြည်သူ့စစ် ယူနီဖောင်းဝတ်ဆင်ထားသည့် ယာဉ်မောင်းတစ်ဦးနှင့် ကျန်တစ်ဦးကို တွေ့ရှိရပြီး ကားနောက်ခန်းသို့ ရှာဖွေရာ LEO ဘီယာစက္ကူဂျပ်ဖာ အတွင်း၌ မိုင်းခံစက္ကူပတ်လျှက် အပြာရောင် ပလပ်စတစ်အိတ်ငယ်များဖြင့် ထည့်ထားသည့် WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၂၀၀၀ ပြားစီပါသည့် ၁၀ ထုပ်နှင့် ဆေးပြား ၂၀၀ ပြားစီပါသည့် ၉ ထုပ် စုစုပေါင်း ဆေးပြား ၂၁၈၀၀ ပြားရှိပြီး အဆိုပါ ဆေးပြားများ၏ စုစုပေါင်း ကာလတန်ဖိုးမှာ ကျပ်သိန်းပေါင်း ၄၃၆သိန်းခန့်ရှိကြောင်း နှင့် မူးယစ်ဆေးဝါးနှင့်အတူ တရားခံနှစ်ဦးအား ဖမ်းဆီး သိမ်းဆည်းခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် မိုင်ခမ်းxxx နှင့် အိုက်ကောင်xxx တို့ နှစ်ဦးအား မိုင်းပါလျှိုးရဲစခန်းမှ မယ(ပ) ၄/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ အရ အမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

သရုပ်ဆောင်မင်းညီတို့ မိသားစုနဲ့ မိုင်တိုင်၂၇၆ ကားအက်ဆီးဒင့်


အောက်တိုဘာ(၂၆)ရက်နေ့ ကမိသားစုပုဂံဘုရားဖူးအသွား
ညသန်းခေါင်ကျော်အောက်တိုဘာ(၂၇)ရက်နေ့ နံနက်၂နာရီ
၄၅မိနစ်ကမိုင်တိုင်၂၇၆ မှာကားအက်ဆီးဒင့်ဖြစ်ကာ မိထ္ထိလာဆေးရုံသို့ တက်ရောက်ဆေးကုသမူခံယူ ခဲ့ရသူရုပ်ရှင်သရုပ်ဆောင်မင်းညီနဲ့ မိသားစုအတွက် မိတ်ဆွေများ၊ပရိသတ်များနဲ့ အနူပညာမောင်နှမ များကမှစိတ်ပူကာစိုရိမ် မကင်းရှိခဲ့ကြရပါသည်။“အဆိုးထဲကအကောင်း
ဆိုသလို ကလေးတွေဘာမှကြီးကြီး မားမားအနာတရမဖြစ်ခဲ့ဘူး”လို့ 
ကိုမင်းညီကဆိုကြောင်းနဲ့ ထိခိုက်ဒဏ်ရာရခဲ့သူကိုမင်းညီတို့ ဇနီး
မောင်နှံမှာ လည်းယခုအခါသက်သာနေပြီဖြစ်ကြောင်းစိတ်အေးဖွယ် သိရပါသည်။“မိုင်တိုင်၂၇၆ မင်းကိုတသက်မမေ့ဘူး အရှင်လတ်လတ်ငရဲကျတဲ့ည ၂နာရီ၄၅”ဟုကိုမင်းညီကဖေ့ဘုတ်
ကိုကိုယ်တိုင်သုံးကာရင်ဖွင့်ထားပါသည်။

phpto credit-Min Nyi

Popular Journal

သံဃာတော်များအား ဆွမ်းဆပ်ကပ် လောင်းလှူပွဲနှင့်အတူ ကျင်းပခဲ့တဲ့ တိုကျိုသီတင်းကျွတ်ပွဲတော်..


ယနေ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပတဲ့ သီတင်းကျွတ်ပွဲတော် မြင်ကွင်းများ..

သာယာလှပတဲ့ ရာသီဥတုနဲ့ အေးချမ်းလှတဲ့ ဆောင်းဦးရာသီ အစ မြောက်ပြန်လေ အေးအေးနဲ့အတူ အစဉ်လာမပြတ် မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော်အား ရှေးဦးစွာ သံဃာတော်များအား ဆွမ်းလောင်းလှူပွဲ ပြုလုပ်ပြီး ကျင်းပပြုလုပ်ခဲ့သည်..။

မြန်မာရိုးရာ စားသောက်ဆိုင်ခန်းများနှင့်အတူ မင်္ဂလာဒိုးမှ မြန်မာသံစဉ်များဖြင့် မြန်မာ့ယဉ်ကျေးမှုကို သရုပ်ဖော်နိုင်ခဲ့သည်..။
ဂျပန်ရောက် မြန်မာနိုင်ငံသားများနှင့် ဂျပန်လူမျိုးများမှ မြန်မာဝတ်စုံများ ဝတ်ဆင်ကာ သံဃာတော်များအား ဆွမ်းဆပ်ကပ် လောင်းလှူ ပူဇော်ခဲ့ကြသည်မှာ ယခုနှစ်အတွက် ကြည်နှူးဖွယ်ရာ ထူးခြားသည့် မြင်ကွင်းများပင် ဖြစ်တော့သည်။

ဒီမိုဝေယံ

ဦးခေါင်းကို ဓါးမြောင်ဝင်နေသော ပြင်ခရိုင်ရွာမှ မသက်ပြင်း

ဦးခေါင်းကို ဓါးမြောင်ဝင်နေသော ပြင်ခရိုင်ရွာမှ မသက်ပြင်းသည်
ယခု ရန်ကုန်ဦးနှောက်နှင့်အာရုဏ်ကြော ဆေးရုံကြီး တွင် ခွဲစိပ်ကုသမှုခံယူနေပါသည်။
ခေါင်းတွင်ဓါးမြောင်စိုက်ဝင်နေသော်လည်း (၄၈)နာရီကြာသည့်အထိ သတိမလစ်ကြောင်း ကြားသိရပါသည်။
ခေါင်းတွင်စိုက်ဝင်နေသော ဓါးသည် ယခုထိထုတ်ယူရန် ဆရာဝန်ကြီးများလည်းအခက်အခဲဖြစ်နေသဖြင့် ပါမောက္ခ ကြီးများ စုဝေးလျှက် အရေးပေါ်အစည်းအဝေးထိုင်နေရပါတယ်....

@Credit by Zaw Min

Net Shin Naung

အမှတ်(၁၀) အထက်တန်းကျောင်းအခြေအနေသိရှိနိုင်ပါရန် Myawady News

နေပြည်တော်ရှိ အမှတ်(၁၀) အထက်တန်းကျောင်းတွင် ဘယ်ကမှန်းမသိသော အိမ်ထောင်စု (၂)စု(အပေါ်ဆောင် ဦးမြင့်နိုင် + ဒေါ်ကရင်မ ပါ (၅)ဦး ) ( အောက်အဆောင် ဦးကြည်စိုး + ဒေါ်အာကျယ် ပါ (၄)ဦး ) နေထိုင်နေပြီး ကျောင်းအုပ် ဆရာကြီးကလည်း ၄င်းတို့ထံမှ တည်းခိုခအနေဖြင့် ငွေကြေးတောင်းခံ နေကြောင်း သိရပါသည်။
ထိုကျောင်းတွင် နေထိုင်သော ကျောင်းဆရာမ တစ်ဦးကဆိုလျှင် “ အာဆီယံ ကစားသမားများ အတွက်ကျွန်မတို့ ကျောင်းဆရာ/ဆရာမအားလုံး အောက်အဆောင်ကို ပြောင်းရပါတယ်။
ဒါပေမဲ့ မပြောင်းရတဲ့ အရပ်သားမိသားစု တစ်စုရှိပါတယ်။ အဲ့ဒီမိသားစုက ဘယ်ကမှန်းလည်းမသိပါဘူး။ ကျောင်းဝန်ထမ်းလည်း မဟုတ် ပါဘူး။သူ့သမီးကလည်း ကျောင်းအုပ်ကြီး ရုံးခန်းထဲမှာ နေစဉ်လိုလို ၊ အချိန်တိုင်းလိုလို တွေ့ရတယ်” ဟုပြောပါတယ်။
“ အမှတ်(၁၀)ကျောင်းတွင် နေထိုင်သော မိသားစု(၂)စုသည် ကျောင်းအုပ်ကြီးနှင့် တစ်ခုခုတော့ အပေးအယူ လုပ်ထားကြောင်း၊ ၄င်းမိသားစုမှ ပေါက်ပွားလာသော အမျိုးသမီးများကြောင့် မိမိတို့ လင်ယောကျာင်္းများ၏ သိက္ခာများ ကျဆင်းနိုင်ကြောင်း ၊ ၄င်းအမျိုးသမီး(၂)ဦး၏ လင်ယောင်္ကျားများမှာ အရက်များ နေ့စဉ်သောက်စားမူးယစ်နေခြင်းကြောင့် သူမတို့ အနေဖြင့် သွား/လာနေထိုင်ရာတွင်လွတ်လပ်မှု မရှိကြောင်း” ၄င်း ဆရာမမှ ဆက်လက်ပြောကြားသည်။

ယခုလိုတင်ပြခြင်းများကို မြို့နယ်ပညာရေးမှူးထံ တင်ပြထားရှိသော်လည်း ထူးခြားမှုမရှိသည့်အတွက် ယခုလို လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ပြောပြသည်။

ယခုလိုတင်ပြသော်လည်း ဆက်လက်ဆောင်ရွက်ခြင်းမရှိပါက မိမိတို့ ဂုဏ်သိက္ခာအတွက် သမ္မရုံးအထိ ဆက်လက်တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။

အမှတ်(၁၀)ကျောင်းသည် ကျောင်းအုပ်ကြီးအစဉ်အဆက် အတိုင်ခံခဲ့ရသော နာမည်ဆိုးနှင့် ကျော်ကြားသော ကျောင်းတစ်ကျောင်းဖြစ်ကြောင်းသိရပါသည်။
အမှတ်(၁၀)အထက်တန်းကျောင်း -ဆရာမများ

Aye Aye

ထူးဆန်းသော Elisa Lam အမှု

ဖြစ်စဉ် ဖြစ်ပွား ခဲ့တာ ကတော့ February 2013 မှာ ဖြစ်ပွား ခဲ့တာ ဖြစ် ပါတယ် .. Elisa Lam အမည် ရှိ Vancouver, Canada ကျောင်းသူ တစ်ယောက် ဟာ Los Angeles မြို့ ကိုအလည် လာရင်းနဲ့ Cecil Hotel ခေါင်မိုး ပေါ် က ၈ ပေ အမြင့် ရှိတဲ့ ရေ တိုင်ကီ ထဲ မှာ သေဆုံး နေတာ ကို February 19 ရက်နေ့မှာ ပြုပြင် ထိမ်းသိမ်းရေး အလုပ်သမား က တွေ့ ရှိခဲ့တာ ဖြစ်ပါတယ် ... သူမ သေဆုံးတဲ့ အချိန်မှာ သူမ ဟာ ဆေးသုံးစွဲ ထားတာ ၊ အရက် သေစာ သောက် စားထားတာ မရှိ ဘူးလို့ သိရပါတယ် ...

ထူးဆန်း တာ က တော့ သူမ မသေဆုံး မီ ( ၂ ) နာရီလောက် က ဓါတ်လှေခါး CCTV က ရိုက်ကူး ခဲ့တဲ့ အချက်တွေ ဖြစ်ပါတယ် ... သူမဟာ ဓါတ် လှေကား ထဲရောက်တဲ့ အချိန်မှာ ခလုတ်တွေ ကို နှိပ်ပေမယ့် ဓါတ် လှေကား ဟာ အလုပ် မလုပ် ပါဘူး ... အဲ့ဒီ အချိန် မှာ ပဲ တစုံ တစ်ယောက် ( CCTV မှာ မမြင် ရတဲ့ ) နဲ့ လက်ဟန် ခြေဟန် နဲ့ စကားပြော နေတာတွေ ၊ ကြောက်ရွံ့ တဲ့ အမူ အရာ တွေ ဖြစ် ပေါ်နေတာ ကို တွေ့ ရှိခဲ့ ရပါတယ် .... အံ့သြစရာ အကောင်း ဆုံး ကတော့ သူမ ခန္ဓာ ကိုယ် ကိုတွေ့ ရှိ ရတဲ့ ရေတိုင်ကီ တွေ ဆီ ကို တက်ဖို့ အတွက် က မိန်းခလေး တစ်ယောက် အတွက် မလွယ်တဲ့ အပြင် အချက်ပေး စနစ်တွေ ကို ကျော်ဖြတ် ရတာ ဖြစ်ပါတယ် ... ဒီ ဟိုတယ် မှာ ယခင် ကလဲ ခေါင်မိုး ပေါ် က ခုန်ချ သတ်သေတာ တွေ ဖြစ်ခဲ့တဲ့ အတွက် မသက်ဆိုင် သူတွေ တက်လို့ မရအောင် အချက် ပေး စနစ်တွေ တပ်ဆင် ထားတယ် လို့ ဆိုပါတယ် ....

မှုခင်း ဆရာဝန်တွေ ကလဲ လူသတ်မှု ဖြစ်ကြောင်း အထောက် အထား လုံးဝ ရှာမတွေ့ တဲ့ အတွက် ရဲ တွေ က၂၀၁၃ ဇွန်လ မှာ မိမိဖာသာ မိမိ သတ်သေတဲ့ အမှု ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ ရပါတယ် .... ထူးဆန်းတဲ့ အကြောင်း အရာလေး ကို ကြည့်ချင် ရင်တော့
အောက်က ဗွီဒီယို ဖိုင်မှာ ကြည့်နိုင် ပါတယ် .... မမြင်ရတဲ့ ပရလောက ကြောင့် ဖြစ်ရတယ် လို့လဲ အချို့ က ယုံကြည် နေကြတယ် လို့ သိရှိရ ပါတယ် ....

လူပျောက်ကြော်ငြာ

ယခုထိ အကူအညီပေးစေလိုပါတယ်

များများ Share ပေးကြပါ


Classic Burma News

ကျောင်းသူ တစ်ဦးက စက္ကန့် ၂၀ အတွင်းအားပြည့်စေမည့် ဘက်ထရီထွင်


Eesha Khare လို့အမည်ရတဲ့ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ် မှာ နေထိုင်သော ၁၈ နှစ် ကျောင်းသူ လေးက တီထွင်လိုက်တာ ဖြစ်ပါတယ်။ Google က ပေးတဲ့ Young Scientist Award ကိုလည်း ရရှိလိုက်ပါတယ်။

သူမ တီထွင်လိုက်တဲ့ ဘက်ထရီဟာ ဘယ်စမတ်ဖုန်း အမျိုးအစားကိုမဆို စက္ကန့် ၂၀ အတွင်းအားပြည့်အောင် သွင်ပေးနိုင်ပါတယ်။ Supercapacitor လို့ အမည်ပေးထားပြီး အားသိုလောင်သိမ်းဆည်းထားနိုင်မှု ပမာဏလည်း များပါတယ်။ အရွယ်အစားကတော့ သေးသေးငယ်ငယ်လေးပါ။ အနာဂတ် မှာ ခေါက်ခွေလို့ရတဲ့ ဖုန်း သုံးလည်း ထည့်သွင်းလို့ရမယ့် ဘက်ထရီ မျိုးအထိတောင် တွက်ချက်ဖန်တီးထားခြင်း ဖြစ်ပါတယ်။

1,000-cycle rechargeable battery ဖြစ်ပြီး အကြိမ် ၁ သောင်း Charge လုပ်နိုင်မယ့် ဘက်ထရီဖြစ်တယ်လို့ ဆိုပါတယ်။ သူမရဲ့ ဖန်တီးမှုကို Intel တောင် လက်ဖျားခါသွားပါတယ်။ ဒီလိုထွင်တဲ့ Eesha Khare ကတော့ ဟားဗတ်စ်တက္ကသိုလ်တက်ဖို့ ပညာသင်ဆုရပြီး ပရောဂျက်အတွက် အမေရိကန်ဒေါ်လာ ၅ သောင်း အချီးမြင့်ခံရကြောင်း သိရပါတယ်။

ဗီဒီယိုကြည့်ရှုရန် -

http://youtu.be/Ug1BBMtVYgI

www.work.com.mm
www.facebook.com/work.com.mm

-