Friday, May 31, 2013

“လားရှိုးမြို့ ဖြစ်စဉ်နှင့် ပတ်သက်၍ ကာယကံရှင်မိသားစု၏ မချွင်းမချန် ပြောဆိုချက်”

ကျိုင်းတုံမြို့မှ အစ္စလာမ်ဘာသာဝင် မောင်နေဝင်း(၄၂)သည် အခင်းဖြစ်ပွားမည့်နေ့ ၂၈-၅-၂၀၁၃-ရက်နေ့ နံက်(၈း၀၀)နာရီ အချိန်တွင် လားရှိုးမြို့၊ ရပ်ကွက်(၈) နယ်မြေ(၁၅) နယ်မြေမှူး၏ သမီး မအေးဝင်း(၂၉) ပိုင်ဆိုင်သော ဆီဆိုင်နား၌ အထုပ်ကြီးနှင့် ဟိုဘက်သွားလိုက် ဒီဘက်သွားလိုက် လုပ်နေပါ သည်ဟု ဆီရောင်းသူ မမြတ်အိဖြူက ပြောပါသည်။ ညနေ (၄း၉၀)မိနစ်တွင် မအေးဝင်း(၂၉)သည် မူဆယ်မှ ခင်ပွန်းသည် ပို့လိုက်သော လေထိုးတံကို စစ်ဆေးရန် ဆီဆိုင်ရှိရာသို့ ဦးတည်လာစဉ် မောင်နေဝင်းသည် ပုဆိုးဝတ်ထားရာမှ ဘောင်းဘီလဲလိုက်သည်ဟု ဆီရောင်းသူ မမြတ်အိဖြူက ပြောပါသည်။
ထိုသို့ လဲလိုက်ပြီး မအေးဝင်း(၂၉)၏ အနားသို့ ချင်းကပ်လာပါသည်။ မအေးဝင်း(၂၉)က ချင်းကပ်လာသော မောင်နေဝင်းအား “ဘာလုပ်ဖို့လဲ”-ဟု မေးရာ မောင်နေဝင်း(၄၀)သည် မအေးဝင်း(၂၉)အား ဝါးစစ်ပိတ် ဒုတ်နှင့် ရိုက်လိုက်သောခါ မအေးဝင်း(၂၉)က ရှောင်လိုက်ရာ မောင်နေဝင်း(၄၀)က ဝါးစစ်ပိတ်ဒုတ်ကို ပစ်ချလိုက်ပြီး၊ အသင့်ပါလာသော အထုတ်ထဲမှ ဓာတ်ဆီဘူးကို ယူပြီး မအေးဝင်း(၂၉)အား လောင်းပါသည်။ မအေးဝင်း(၂၉)က လမ်းမကြီးကို ကျော်၍ လမ်းကြားထဲ ပြေးဝင်းသွားပါသည်ဟု မမြတ်အိဖြူက ပြောပါသည်။
ထိုစဉ် ဆီရောင်းသူ မမြတ်အိဖြူက “ဆီတွေနဲ့ လောင်းနေပြီ၊ ဆီတွေနဲ့လောင်းနေပြီ”ဟု အော်ပါသည်။ ထိုသို့ အော်ရာ ဆီဆိုင်အနီးရှိ ကားဘော်ဒီဆိုင်မှ မောင်တင်မိုးမင်း ထွက်လာပြီး၊ မောင်တင်မိုးမင်းက လိုက်ဖို့ကြည့်လိုက်တော့ ကားရှုပ်နေတာနဲ့ ခဏစောင့်ပြီး လမ်းကူးသွားတော့ လမ်းကြားထဲတွင် မအေးဝင်း(၂၉)အား မတွေ့တော့ပါ-ဟု မောင်တင်မိုးမင်းက ပြောပါသည်။ မအေးဝင်း(၂၉)သည် ဦးဘိုအေး ဝက်ရှော့အိမ်ထဲသို့ ဝင်းပြေးသွားပြီး အဖွားဒေါ်အေးရီအား လူတစ်ယောက် ဓာတ်ဆီနဲ့လိုက်လောင်းနေသည် မိမိ၏ အမေအား ဖုန်းဆက်ပေးရန် ပြောပါသည်။ အဖွားက “နင့် အမေ ဖုန်းနံပါတ်မှ မသိတာ”ဟု ပြန်ပြောပါသည်။
ထိုစဉ် မောင်နေဝင်းရောက်လာ၍ မအေးဝင်း၏ အင်္ကျီကို ဆွဲကာ လက်ကျန်ဆီတစ်ဝက်ကျော်ကို ခေါင်းမှ လောင်းထည့်လိုက်ပါသည်။ အဖွားက မလုပ်နဲ့ဟု ပြောပြီး ခွဲရာ မောင်နေဝင်းက အဖွားအား တွန်းလိုက်ပါသည်။ အဖွားလဲကျသွားစဉ် မအေးဝင်းအား မီးခြစ်ဖြင့် မီးရှို့ပါသည်။ မအေးဝင်းသည် တစ်ကိုယ်လုံး မီးလောင်သွားပြီး၊ အိမ်ထဲသို့ ပြေးဝင်သွားရာ အဖွားက ငြိမ်းသတ်ပေးသော်လည်း မရ၊ အဖွားရော မအေးဝင်းပါ အိမ်ပြင်သို့ လိမ့်ကျသွားသောကြောင့် မီးမှာ အနည်းငယ်ငြိမ်းသွားပါသည်။
ထိုအချိန်တွင် ကားဘော်ဒီဆိုင်မှ မောင်တင်မိုးမင်း ရောက်လာပြီး ဆက်လက် ငြိမ်းသတ်လိုက်ကာ မီးရှို့သူ မောင်နေဝင်းအား မောင်တင်မိုးမင်းနှင့်အတူ အနီးအနားမှ လူအများနှင့် လိုက်လံဖမ်းဆီးပါသည်ဟု မအေးဝင်း၏ ညီမဖြစ်သူ မခင်ဝင်းရီက ပြောပါသည်။
မီးရှို့သူ မောင်နေဝင်းအား ဒေသခံပြည်သူများမှ ဝိုင်းဝန်းရိုက်နက်ကြစဉ် မောင်နေဝင်းက “င့ါကို သတ်ချင်သတ်လိုက်၊ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ယောက် သတ်ရရင် ကြေနပ်တယ်”ဆိုပြီး ပြောတော့ မအေးဝင်း၏ ညီမဖြစ်သူ မခင်ဝင်းရီက ခြေထောက်ဖြင့် မျက်နှာကို ကန်လိုက်သည်ဟု ကာယကံရှင် မိသားစုမှ မချွန်မချန် ဖြစ်ရပ်မှန်ကို ဖွင့်ဟပြောဆိုပါသည်။
သတင်းအမှန်အတိုင်း ဖြစ်စေလိုကြောင်း ဂျာနယ်များ အင်တာနက်များတွင် မအေးဝင်းက ဆီရောင်းသည်ဟု ပြောဆိုခြင်း၊ မအေးဝင်း(၂၉)နှစ်သည် မောင်နေဝင်း(၄၀)နှစ် အစ္စလမ်ဘာသာဝင်၏ ဇနီးဟု ပြောဆိုခြင်းတို့သည် ကာယကံရှင်မိသားစုမှ လုံးဝလက်မခံနိုင်ကြောင်း သတင်းအမှန်ဖြစ်စေရန် မချွန်းမချန် မအေးဝင်း (၂၉)နှစ်၏ ညီမ မခင်းဝင်းရီ၊ မမြတ်အိဖြူ၊ မောင်တင်မိုးမင်း၊ ဦးကိုကိုဝင်း အဖွား ဒေါ်အေးရီတို့မှ ပြောဆိုပါသည်။
ဆက်သွယ် စုံစမ်းရန်=
မခင်းဝင်းရီ 09-403725028
ဦးကိုကိုဝင်း 09-5351222
မောင်တင်မိုးမင်း 09-36034146
Photo: “လားရှိုးမြို့ ဖြစ်စဉ်နှင့် ပတ်သက်၍ ကာယကံရှင်မိသားစု၏ မချွန်းမချန် ပြောဆိုချက်”
===========================================
ကျိုင်းတုံမြို့မှ အစ္စလာမ်ဘာသာဝင် မောင်နေဝင်း(၄၂)သည် အခင်းဖြစ်ပွားမည့်နေ့ 
၂၈-၅-၂၀၁၃-ရက်နေ့ နံက်(၈း၀၀)နာရီ အချိန်တွင် လားရှိုးမြို့၊ ရပ်ကွက်(၈) 
နယ်မြေ(၁၅) နယ်မြေမှူး၏ သမီး မအေးဝင်း(၂၉) ပိုင်ဆိုင်သော 
ဆီဆိုင်နား၌ အထုပ်ကြီးနှင့် ဟိုဘက်သွားလိုက် ဒီဘက်သွားလိုက် လုပ်နေပါ သည်ဟု 
ဆီရောင်းသူ မမြတ်အိဖြူက ပြောပါသည်။ ညနေ (၄း၉၀)မိနစ်တွင် မအေးဝင်း(၂၉)သည်
 မူဆယ်မှ ခင်ပွန်းသည် ပို့လိုက်သော လေထိုးတံကို စစ်ဆေးရန် ဆီဆိုင်ရှိရာသို့ ဦးတည်လာစဉ် မောင်နေဝင်းသည် ပုဆိုးဝတ်ထားရာမှ ဘောင်းဘီလဲလိုက်သည်ဟု
 ဆီရောင်းသူ မမြတ်အိဖြူက ပြောပါသည်။

ထိုသို့ လဲလိုက်ပြီး မအေးဝင်း(၂၉)၏ အနားသို့ ချင်းကပ်လာပါသည်။
 မအေးဝင်း(၂၉)က ချင်းကပ်လာသော မောင်နေဝင်းအား “ဘာလုပ်ဖို့လဲ”-ဟု မေးရာ မောင်နေဝင်း(၄၀)သည် မအေးဝင်း(၂၉)အား 
ဝါးစစ်ပိတ် ဒုတ်နှင့် ရိုက်လိုက်သောခါ မအေးဝင်း(၂၉)က ရှောင်လိုက်ရာ
 မောင်နေဝင်း(၄၀)က ဝါးစစ်ပိတ်ဒုတ်ကို ပစ်ချလိုက်ပြီး၊ အသင့်ပါလာသော 
အထုတ်ထဲမှ ဓာတ်ဆီဘူးကို ယူပြီး မအေးဝင်း(၂၉)အား လောင်းပါသည်။ 
မအေးဝင်း(၂၉)က လမ်းမကြီးကို ကျော်၍ လမ်းကြားထဲ
 ပြေးဝင်းသွားပါသည်ဟု မမြတ်အိဖြူက ပြောပါသည်။

ထိုစဉ် ဆီရောင်းသူ မမြတ်အိဖြူက “ဆီတွေနဲ့ လောင်းနေပြီ၊ ဆီတွေနဲ့လောင်းနေပြီ”ဟု အော်ပါသည်။ ထိုသို့ အော်ရာ ဆီဆိုင်အနီးရှိ ကားဘော်ဒီဆိုင်မှ မောင်တင်မိုးမင်း ထွက်လာပြီး၊ မောင်တင်မိုးမင်းက လိုက်ဖို့ကြည့်လိုက်တော့ ကားရှုပ်နေတာနဲ့ ခဏစောင့်ပြီး လမ်းကူးသွားတော့ လမ်းကြားထဲတွင် မအေးဝင်း(၂၉)အား မတွေ့တော့ပါ-ဟု မောင်တင်မိုးမင်းက ပြောပါသည်။ မအေးဝင်း(၂၉)သည် ဦးဘိုအေး ဝက်ရှော့အိမ်ထဲသို့ ဝင်းပြေးသွားပြီး အဖွားဒေါ်အေးရီအား လူတစ်ယောက် ဓာတ်ဆီနဲ့လိုက်လောင်းနေသည် မိမိ၏ အမေအား ဖုန်းဆက်ပေးရန် ပြောပါသည်။ 
အဖွားက “နင့် အမေ ဖုန်းနံပါတ်မှ မသိတာ”ဟု ပြန်ပြောပါသည်။

ထိုစဉ် မောင်နေဝင်းရောက်လာ၍ မအေးဝင်း၏ အင်္ကျီကို ဆွဲကာ လက်ကျန်ဆီတစ်ဝက်ကျော်ကို ခေါင်းမှ လောင်းထည့်လိုက်ပါသည်။ အဖွားက 
မလုပ်နဲ့ဟု ပြောပြီး ခွဲရာ မောင်နေဝင်းက အဖွားအား တွန်းလိုက်ပါသည်။
 အဖွားလဲကျသွားစဉ် မအေးဝင်းအား မီးခြစ်ဖြင့် မီးရှို့ပါသည်။ မအေးဝင်းသည် 
တစ်ကိုယ်လုံး မီးလောင်းသွားပြီး၊ အိမ်ထဲသို့ ပြေးဝင်သွားရာ အဖွားက
 ငြိမ်းသတ်ပေးသော်လည်း မရ၊ အဖွားရော မအေးဝင်းပါ အိမ်ပြင်သို့ 
လိမ့်ကျသွားသောကြောင့် မီးမှာ အနည်းငယ်ငြိမ်းသွားပါသည်။
ထိုအချိန်တွင် ကားဘော်ဒီဆိုင်မှ မောင်တင်မိုးမင်း ရောက်လာပြီး ဆက်လက်
 ငြိမ်းသတ်လိုက်ကာ မီးရှို့သူ မောင်နေဝင်းအား မောင်တင်မိုးမင်းနှင့်အတူ အနီးအနားမှ လူအများနှင့် လိုက်လံဖမ်းဆီးပါသည်ဟု မအေးဝင်း၏ ညီမဖြစ်သူ မခင်ဝင်းရီက ပြောပါသည်။
မီးရှို့သူ မောင်နေဝင်းအား ဒေသခံပြည်သူများမှ ဝိုင်းဝန်းရိုက်နက်ကြစဉ်
 မောင်နေဝင်းက “င့ါကို သတ်ချင်သတ်လိုက်၊ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ယောက် သတ်ရရင် ကြေနပ်တယ်”ဆိုပြီး ပြောတော့ မအေးဝင်း၏ ညီမဖြစ်သူ မခင်ဝင်းရီက
 ခြေထောက်ဖြင့် မျက်နှာကို ကန်လိုက်သည်ဟု ကာယကံရှင် မိသားစုမှ 
မချွန်မချန် ဖြစ်ရပ်မှန်ကို ဖွင့်ဟပြောဆိုပါသည်။

သတင်းအမှန်အတိုင်း ဖြစ်စေလိုကြောင်း ဂျာနယ်များ အင်တာနက်များတွင် မအေးဝင်းက ဆီရောင်းသည်ဟု ပြောဆိုခြင်း၊ မအေးဝင်း(၂၉)နှစ်သည် မောင်နေဝင်း(၄၀)နှစ် အစ္စလမ်ဘာသာဝင်၏ ဇနီးဟု ပြောဆိုခြင်းတို့သည် ကာယကံရှင်မိသားစုမှ လုံးဝလက်မခံနိုင်ကြောင်း သတင်းအမှန်ဖြစ်စေရန် မချွန်းမချန် မအေးဝင်း (၂၉)နှစ်၏ ညီမ မခင်းဝင်းရီ၊ မမြတ်အိဖြူ၊ မောင်တင်မိုးမင်း၊ ဦးကိုကိုဝင်း အဖွား ဒေါ်အေးရီတို့မှ ပြောဆိုပါသည်။

ဆက်သွယ် စုံစမ်းရန်=
မခင်းဝင်းရီ 09-403725028
ဦးကိုကိုဝင်း 09-5351222
မောင်တင်မိုးမင်း 09-36034146

ယနေ့ ကင်မရာများထက် အဆ ၁ထောင်သာသော Sensor တီထွင် အောင်မြင်


စင်္ကာပူ နန်ယန်း နည်းပညာ တက္ကသိုလ် (NTU) က ကျောင်းသားနဲ့ ဆရာတို့ ပါဝင်တဲ့ သုတေသန အဖွဲ့က တီထွင်အောင်မြင်တာပါ။

တကယ်ပဲ ယနေ့လက်ရှိ အသုံးပြုနေတဲ့ ကင်မရာက Sensor များထက် အဆ တစ်ထောင် ကြည်လင်ပြတ်သားမှာ ဖြစ်ပါတယ်။ ဒါဆိုရင် မျက်လုံး အမြင်နဲ့တောင် မြင်ရသလောက် ဓာတ်ပုံ ဗီဒီယို resolution ပေးနိုင်မှာပါ။ အသုံးပြုတဲ့ သတ္တုကတော့ Graphene ဖြစ်ပါတယ်။ ကာဘွန်အက်တမ် ဖွဲ့စည်း ထားတဲ့ သတ္တုတစ်မျိုးပါ။ ဆံပင်ထက်တောင် အဆပေါင်း များစွာ ပါးပြီး အီလက်ထရွန်ဖြာထွက်မှုကြောင့် ကင်မရာမှာ Sensor အနေနဲ့ တပ်ရင် စွမ်းဆောင်ရည် အများကြီးပေးပါတယ်။

ယနေ့အသုံးပြုနေတဲ့ Sensor များထက်လည်း ဘက်ထရီး အသုံးပြုမှု ၁၀ ဆ လောက်သက်တယ်လို့ ဆိုပါတယ်။ ကုန်ကျစရိတ်လည်း သက်သာ မယ်ဆိုတော့ အောင်အောင်မြင်မြင်တွေ့ရှိထားတဲ့ နည်းပညာ တစ်ခုပါ။ ဒီဂျစ်တယ် ကင်မရာများအပြင် စမတ်ဖုန်းတွေမှာပါ အသုံပြုလို့ ရအောင် နှစ်အနည်းငယ်အတွင်း ကြိုးစား ဖန်တီးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: Cnet

Aung Kham (TSJ team)

-


-

စာမဲ့ကာတွန်းအရေးပြိုင်ပွဲ-15

စာမဲ့ကာတွန်းအရေးပြိုင်ပွဲ-15
(7-7-2013 နောက်ဆုံးထား ရေးဆွဲပို့ရန်)
(အွန်လိုင်းမှလည်း ၀င်ရောက်ယှဉ်ပြိုင်နိုင်သည်)
ပေးပို့ရန် ...“စာမဲ့ကာတွန်းပြိုင်ပွဲအတွက်” ဟုဖော်ပြပြီး dsnluzaw@gmail.com သို့ ပေးပို့နိုင်သည်။

မိမိကိုယ်မိမိကြိုးဆွဲချသေဆုံးခဲ့ကြောင်း

(မန္တလေး၊မေ-၃၁)ယနေ့ ညနေ(၄)နာရီခွဲအချိန်ခန့်တွင် မန္တလေး၊ပြည်ကြီးတံခွန်မြို့နယ်၊(က)ရပ်ကွက်၊လမ်းသွယ်(၁၄)၊သံယောဇဉ်ခြံအတွင်းရှိ စာရေးဆရာတစ်ယောက် တည်ထောင်ဖွင့်လှစ်အုပ်ချုပ်သော ပုဂ္ဂလိကကျောင်း၊အပေါ်ထပ်၊မိန်းကလေးအဆောင်တွင်အသက်(၁၃)နှစ်အရွယ် အဌမတန်းကျောင်းသူ၊မ---------သည်အဆိုပါအဆောင် မျက်နှာကျက် ထုပ်တန်းတွင် ကျောင်းလွတ်အိတ်အားဇောက်ထိုးထားချည်၍ မိမိကိုယ်မိမိကြိုးဆွဲချသေဆုံးခဲ့ကြောင်းသိရသည်။

ကလေးနှစ်ယောက် မွေးဖွားခွင့်အမိန့် ပါတီ ၈ ခု ထောက်ခံ

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း ထုတ်ပြန်ထားတဲ့ ရိုဟင်ဂျာ-မွတ်စလင်တွေ တစ်အိမ်ထောင် ကလေး ၂ ဦးနှုန်းသာမွေးဖွားဖို့ ဒေသန္တရအမိန့်ကို ထောက်ခံကြောင်း စစ်တွေခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မြို့နယ်ပါတီ ၈ ခုပေါင်းပြီး ဒီကနေ့ရက်စွဲနဲ့ သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

ဒီကြေညာချက်နဲ့ ပတ်သက်ပြီး ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးကျော်အေးက RFA ကို အခုလို ပြောပါတယ်။

“ကျနော်တို့ဆီမှာ ပြည်နယ်အစိုးရက အခြေအနေအရ လိုအပ်လို့ပေါ့၊ လူဦးရေထိန်းချုပ်ဖို့လည်း တကယ်ကိုလိုအပ်တယ်၊ အဲဒီအပိုင်းလည်းပြီးတော့ သူတို့စားဝတ်နေရေး၊ နေရာထိုင်ခင်းကအစပေါ့လေ ပတ်သက်ဆက်နွယ်နေတယ်၊ အဲဒါလည်း ပြည်နယ်အစိုးရရဲ့ ထုတ်ပြန်ဒေသန္တရအမိန့်ကို ကျနော်တို့အနေနဲ့ ထောက်ခံတယ်”

ရခိုင်ပြည်နယ်အတွင်း မောင်တောခရိုင်ဟာ မွတ်စလင်လူဦးရေများပြားပြီး မွေးဖွားနှုန်း မြင့်တက်လာတဲ့အတွက် ဒီဒေသန္တရအမိန့်ထုတ်ပြန်ချက်ဟာ ပထဝီနိုင်ငံရေးနဲ့ အမျိုးသားလုံခြုံရေးအရ လိုအပ်နေတာကြောင့် စစ်တွေ NLD ပါတီဝင်တွေအနေနဲ့ ထောက်ခံကြောင်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

Source: RFA Burmese

မှော်ဘီနည်းပညာတက္ကသိုလ်ကျောင်းသားချင်းခိုက်ရန်ဖြစ်ပွား

၃၁-၅-၂၀၁၃ ရက်နေ့(၁၃၃၀)အချိန် မှော်ဘီမြို့နယ်၊ လှည်းငုတ်ချောင်းကျေးရွာအုပ်စု၊ အုန်းခြံပိုင်းရှိ အမည်မရှိထမင်းဆိုင် တွင် မှော်ဘီနည်းပညာတက္ကသိုလ်မှ မောင်ပြည့်စုံအောင်ပါ
ကျောင်းသား(၂)ဦးနှင့် အမည်(စုံစမ်းဆဲ)ကျောင်းသား(၄)ဦးတို့သည် ထမင်းစားရင်း တစ်ဖွဲ့နှင့်တစ်ဖွဲ့လက်ကိုင်ဖုန်းဖြင့် ဓါတ်ပုံရိုက်သည့်ကိစ္စနှင့်ပတ်သက်၍ စကားများကြပြီး အမည်(စုံစမ်းဆဲ)ကျောင်းသားအဖွဲ့မှ ပြည့်စုံအောင်အား ဖန်ခွက်/ အချိုရည်ပုလင်း တို့ဖြင့်ရိုက်ခဲ့၍ ပြည့်စုံအောင်တွင် ပေါက်ပြဲပွန်းရှ ဒဏ်ရာများရရှိသဖြင့် ကျောင်းဆေးခန်းမှတစ်ဆင့် မှော်ဘီဆေးရုံသို့ တင်ပို့ကုသစေခဲ့ပါသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍
မော်ကွန်းထိန်းနှင့်အဖွဲ့မှ ကျောင်းစည်းကမ်းအရအရေးယူရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

တောင်ကြီးမြို့အနီးက သဘာဝလှိုင်ဂူအသစ်တွေ့


ယခင် တောင်ကြီးမြို့ ဘုရားဖြူရပ် ပညာဗောဓိ ကိုရင်လေးကျောင်းအနီး နိပ္ဘန်ေ၇ွှဂူ တောရကျောင်းတွင် သီတင်းသုံးနေထိုင်သော ဆရာတော် အရှင်စန္ဒောဘာသ မှာ တပ်မှမြေနေရာသိမ်းရာတွင်ပါဝင်သွားသဖြင့် ဓမ္မရတနာကျောင်းတိုက်တွင် စိတ်ထိခိုက်စွာဖြင့် ပြန်လည်သွားေ၇ာက်ပြီး သီတင်းသုံးနေထိုင်လျက်၇ှိပြီး အဆက်အသွယ်မရခဲ့သည်မှာ တနှစ်နီးပါးခန့်ကြာမြင့်ခဲ့သည်။

၁၄ ရက်နေ့မနက်တွင် ဦးဇင်းစန္ဒော ဆိုင်သို့ကြွလာပြီး ၀မ်းသာနေဟန်ဖြင့် ဒကာကြီး ဦးဇင်းဂူတစ်လုံးတွေ့ထားတယ်လို့ ပြောပြီး နေ့လည်ကျရင်လိုက်ကြည့်ပါလားဟု ၀မ်းသာသောစိတ်ဖြစ်ပြောဆိုနေသဖြင့် တင်ပါ့ ဦးဇင်း တပည့်တော်လိုက်ကြည့်ချင်တယ် လို့ပြောလိုက်ပါသည်။

နေ့လည်ပိုင်းဂူဝကိုရောက်မှ ဂူမှာသဘာဝလှိုင်ဂူဖြစ်ပြီး သဘာဝအငွေ့အသက် လွန်စွာပေါများသော ဂူကြီးဖြစ်ကြောင်းတွေ့ ရှိရပါတော့သည်။

ဂူမှာလမ်းနှစ်ခွရှိပြီး တလမ်းမှာေ၇ှးယခင် နဂါးများနေထိုင်သည့် လက္ခဏာ များတွေ့ရှိရသည်။ကျောက်ပုံနဂါးကိုယ်ထည် ဦးခေါင်းတော်မှာ တဆက်တည်းဖြစ်နေပြီး တရားထိုင်ရမည့်နေရာတွင် ပလ္လင်ပုံစံ သဘာဝပြုလုပ်ပေးထားသလို ဖြစ်နေပါသည်။

နောက်တလမ်းတွင် ဂူပေါက်ဝမှာ လူတစ်ဝင်စာ အလျားလိုက်ဝပ်သွားရပြီး တော်တော်ကျည်းမြောင်းစွာငုံဝင်ရပြီးဂူတဖက်အရောက်တွင်မှာတော့ဂူလွင်ပြင်ကြီးကို စိတ်ကြည်နူးဖွယ် တွေ့ရှိပါသည်။

သဘာဝ ကျောက်စောင်း၊ သက်တန့်အရောင်စုံ ကျောက်ပန်းစွဲ၊ ကျောက်စက်ဝိုင်း ကျောက်နဂါး မဟူရာချောက် လင်းနို့အကောင်များ ဇီဝဗေဒကျောက်များကို တွေ့ခဲ့ရပါတယ်။

ဂူကိုစိတ်ဝင်စားသူဆိုတော့ ဂူရဲ့သဘာဝအငွေ့အသက်ကိုခံစားရတာ အင်မတန်စိတ်ချမ်းသာတယ်။ ဂူမှာ ယခုအခါမီးများမရှိသေးတဲ့အတွက် ဓါတ်ပုံရိုက်ရာတွင် အခက်အခဲဖြစ်မူ့ကြောင့် ဦးဇင်းစန္ဒော သီးတင်းသုံးနေထိုင်ပြီးမှ လွန်စွာကြည့်ရူဖွယ်ကောင်းသော သဘာဝအလျောက်ဖြစ်ပေါ်နေသော ထိုလှိုင်ဂူမှ ထူးခြားဆန်းကြယ်သော တွေ့ရှိခဲ့သောအရာများစွာ တင်ပေးပါအုံးမည်။

သဘာဝဂူအား သဒ္ဒါဖြင့်ပြီး သွားရောက်လေ့လာလိုပါက ဦးဇင်းအရှင်စန္ဒောဘာသ - ၀၉ ၄၉၃၆၁၇၃၄ ၀၉၄၅၈၀၄၁၂၀၀
ကျေးဇူးဖြင့်
Shwe Kyar War/Thit Htoo Lwin blog

ZinYawNews

တောင်ကြီးမြို့အနီးက သဘာဝလှိုင်ဂူအသစ်တွေ့


ယခင် တောင်ကြီးမြို့ ဘုရားဖြူရပ် ပညာဗောဓိ ကိုရင်လေးကျောင်းအနီး နိပ္ဘန်ေ၇ွှဂူ တောရကျောင်းတွင် သီတင်းသုံးနေထိုင်သော ဆရာတော် အရှင်စန္ဒောဘာသ မှာ တပ်မှမြေနေရာသိမ်းရာတွင်ပါဝင်သွားသဖြင့် ဓမ္မရတနာကျောင်းတိုက်တွင် စိတ်ထိခိုက်စွာဖြင့် ပြန်လည်သွားေ၇ာက်ပြီး သီတင်းသုံးနေထိုင်လျက်၇ှိပြီး အဆက်အသွယ်မရခဲ့သည်မှာ တနှစ်နီးပါးခန့်ကြာမြင့်ခဲ့သည်။

၁၄ ရက်နေ့မနက်တွင် ဦးဇင်းစန္ဒော ဆိုင်သို့ကြွလာပြီး ၀မ်းသာနေဟန်ဖြင့် ဒကာကြီး ဦးဇင်းဂူတစ်လုံးတွေ့ထားတယ်လို့ ပြောပြီး နေ့လည်ကျရင်လိုက်ကြည့်ပါလားဟု ၀မ်းသာသောစိတ်ဖြစ်ပြောဆိုနေသဖြင့် တင်ပါ့ ဦးဇင်း တပည့်တော်လိုက်ကြည့်ချင်တယ် လို့ပြောလိုက်ပါသည်။

နေ့လည်ပိုင်းဂူဝကိုရောက်မှ ဂူမှာသဘာဝလှိုင်ဂူဖြစ်ပြီး သဘာဝအငွေ့အသက် လွန်စွာပေါများသော ဂူကြီးဖြစ်ကြောင်းတွေ့ ရှိရပါတော့သည်။

ဂူမှာလမ်းနှစ်ခွရှိပြီး တလမ်းမှာေ၇ှးယခင် နဂါးများနေထိုင်သည့် လက္ခဏာ များတွေ့ရှိရသည်။ကျောက်ပုံနဂါးကိုယ်ထည် ဦးခေါင်းတော်မှာ တဆက်တည်းဖြစ်နေပြီး တရားထိုင်ရမည့်နေရာတွင် ပလ္လင်ပုံစံ သဘာဝပြုလုပ်ပေးထားသလို ဖြစ်နေပါသည်။

နောက်တလမ်းတွင် ဂူပေါက်ဝမှာ လူတစ်ဝင်စာ အလျားလိုက်ဝပ်သွားရပြီး တော်တော်ကျည်းမြောင်းစွာငုံဝင်ရပြီးဂူတဖက်အရောက်တွင်မှာတော့ဂူလွင်ပြင်ကြီးကို စိတ်ကြည်နူးဖွယ် တွေ့ရှိပါသည်။

သဘာဝ ကျောက်စောင်း၊ သက်တန့်အရောင်စုံ ကျောက်ပန်းစွဲ၊ ကျောက်စက်ဝိုင်း ကျောက်နဂါး မဟူရာချောက် လင်းနို့အကောင်များ ဇီဝဗေဒကျောက်များကို တွေ့ခဲ့ရပါတယ်။

ဂူကိုစိတ်ဝင်စားသူဆိုတော့ ဂူရဲ့သဘာဝအငွေ့အသက်ကိုခံစားရတာ အင်မတန်စိတ်ချမ်းသာတယ်။ ဂူမှာ ယခုအခါမီးများမရှိသေးတဲ့အတွက် ဓါတ်ပုံရိုက်ရာတွင် အခက်အခဲဖြစ်မူ့ကြောင့် ဦးဇင်းစန္ဒော သီးတင်းသုံးနေထိုင်ပြီးမှ လွန်စွာကြည့်ရူဖွယ်ကောင်းသော သဘာဝအလျောက်ဖြစ်ပေါ်နေသော ထိုလှိုင်ဂူမှ ထူးခြားဆန်းကြယ်သော တွေ့ရှိခဲ့သောအရာများစွာ တင်ပေးပါအုံးမည်။

သဘာဝဂူအား သဒ္ဒါဖြင့်ပြီး သွားရောက်လေ့လာလိုပါက ဦးဇင်းအရှင်စန္ဒောဘာသ - ၀၉ ၄၉၃၆၁၇၃၄ ၀၉၄၅၈၀၄၁၂၀၀
ကျေးဇူးဖြင့်
Shwe Kyar War/Thit Htoo Lwin blog

ZinYawNews

ငါးသေးသေးလေးများ စားသုံးပေးခြင်းဖြင့် အရိုးပွရောဂါ ကာကွယ်နိုင်


ယခုရက်ပိုင်းတွင် ဈေးများ၌ ခေါင်းတစ်ရာသားဟု ခေါ်ကြသော ငါးသေးသေး လေးများ ပေါပေါများများ ဝယ်ယူလျက်ရှိကြောင်း သိရသည်။
ထိုငါးလေးများမှာ အလွန်သေးငယ်သည့် ငါးသလဲထိုး ငါးမျိုးနှင့် ငါးမှုန်လေးခေါ် ငါးသေးသေးလေးများ ဖြစ်သည်။ ရာသီပေါ် ဖြစ်သဖြင့် လတ်ဆတ်ပြီး တစ်ဆယ် ကျပ်သားလျှင် ငါးရာ ကျပ်ဝန်းကျင်သာ ဈေးရှိသဖြင့် အိမ်ရှင်မများ အတွက်လည်း ဈေးသုံးချွေတာရာ ရောက်သည်။

ခေါင်းတစ်ရာသား ငါးကလေးများကို နံနံပင်၊ ပင်စိမ်းရွက်များအုပ်၍ ငါးလေး အိုးကပ်ချက် စားလျှင် အလွန်နှုတ်မြိန်ပြီး ခံတွင်းတွေ့စေသည်။ ငါးသလဲထိုး လေးများကို ဆန်မှုန့် အနှစ်ဖြင့် အကြော် ပြုလုပ်၍လည်း စားသုံး ကြသည်။ ဆီပြန်ဟင်းလည်းချက်၍ စားနိုင်သည်။ ငါးလေးများကို အရိုးပါ ဝါးစားခြင်းဖြင့် အရိုးအဆစ်ကို သန်မာစေနိုင်ပြီး အရိုးကျိုးလွယ် ခြင်းကို ကာကွယ် နိုင်သည်။

လွန်ခဲ့သော သက္ကရာဇ်၂ဝဝဝ ပြည့်နှစ်မှ ၂ဝ၁ဝပြည့်နှစ် အထိ (၁ဝ)နှစ်ကို'' အရိုးအဆစ် ဆယ်စုနှစ်'' အဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO မှ သတ်မှတ် ခဲ့သည်။ ထိုကဲ့သို့သတ်မှတ် ရခြင်းမှာ ကမ္ဘာပေါ်တွင် အရိုးကျိုးသူ၊ အဆစ်ရောင် လေးဘက်နာ ဖြစ်သူများ တိုးပွားများပြားလာခြင်းကြောင့် ဖြစ်သည်။ အရိုးမကျိုးစေရန်အတွက် ကာကွယ်ရန် ဗီတာမင်စီ ရရှိစေ နိုင်သော နေရောင်ခြည် ခံခြင်းနှင့် ကယ်လစီယံဓာတ် ကြွယ်ဝသော နို့နှင့် ငါးများ အရိုးပါ ဝါးစားခြင်းကို ဆရာဝန်များက အကြံပြုလာ ကြသည်။


သာသနာ့ အလံတွေ့တာနဲ့ ၉၆၉ နောက်ကွယ်ကနေ မြှောက်ပေးပါတယ် လုပ်မနေနဲ့ဦးနော် ။ နိုင်ငံရေးလှည့်ကွက်ကြီးပါဆိုပြီး အော်မနေနဲ့ဦးနော်


အဲ့ဒါ အင်္ဂလန်မှာပါ .... ။



ပုံ ။ ကာဠု
ME

ရွှေဘိုအကြောင်းလေးပါ

Photo: ရွှေဘိုအကြောင်းလေးပါ

ဝန်ကြီးဌာနများ၊ အစိုးရအုပ်ချုပ်ရေးအဖွဲ့အစည်းများတွင် နိုင်ငံခြားငွေဖြင့် ပေးချေခြင်း၊ လက်ခံခြင်းများ အစား ပြည်တွင်းသုံးကျပ်ငွေဖြင့်သာ ဆောင်ရွက်ရန် ညွှန်ကြားချက် ထုတ်ပြန် နေပြည်တော် မေ ၃၀


နိုင်ငံတော်အတွင်း နိုင်ငံခြားငွေ သို့မဟုတ် အမေရိကန်ဒေါ်လာဖြင့် အခွန်အခများ ကောက်ခံခြင်း၊ ပေးချေခြင်း၊ လက်ခံခြင်း၊ လွှဲပြောင်း ခြင်းများသည် ပြည်တွင်းဈေးကွက်တွင် ဒေါ်လာလိုအပ်ချက် ပမာဏ မြင့်မားစေသည့်အပြင် ပြည်တွင်းသုံးကျပ်ငွေ၏ အသုံးဝင်မှု အခန်းကဏ္ဍကို လည်း လျော့ကျစေသည့် အတွက်

ပြည်သူ့ရေးရာဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် သာသနာရေးဝန်ကြီးဌာနမှအပ

ဝန်ကြီးဌာန/ အဖွဲ့အစည်းများအနေဖြင့် အခွန်အခများ ကောက်ခံခြင်း၊ ပေးချေခြင်း၊ လက်ခံခြင်း၊ လွှဲ ပြောင်းခြင်းများ၌ မြန်မာကျပ်ငွေဖြင့်သာ ကောက်ခံ ရန်

နိုင်ငံတော်သမ္မတက ပြည်ထောင်စုဝန်ကြီးဌာနများ အားလုံးနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့အားလုံးသို့ ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း သိရှိရသည်။
----------------------------------------------------------------------------------------------
[Read More : http://www.president-office.gov.mm/zg/briefing-room/news/2013/05/31/id-3567]

မီးရှို့ခံရသူရဲ့ သတင်းစကား ရေးသားသူ- မောင်တာ၊ ထွန်းခိုင်


အမျိုးသားတစ်ဦးက ဓာတ်ဆီလောင်းကာ မီးရှို့သောကြောင့် ဒဏ်ရာများဖြင့် လားရှိုးဆေးရုံရောက်နေ
သည့် မအေးအေးဝင်းက ၎င်း၏ညီမထံ မေ ၂၈ ရက်ညဦးပိုင်းတွင် အကူအညီတစ်ခုတောင်းခံသည်။

မီးလောင်ဒဏ်ရာများကြောင့် သတိရတစ်ချက်မရတစ်ချက်မဖြစ်မီ ၎င်း၏ညီမ မခင်ဝင်းရီထံ တောင်း
သည့်အကူအညီမှာ ခံစားနေရသော ဒဏ်ရာများကို သက်သာစေရန် အတွက်မဟုတ်ပါ။ သူတက်နေသည့်
ဆေးရုံမျက်စောင်းထိုးရှိ ဗလီအပါ အ၀င်မြို့ရှိအဆောက်အအုံ အချို့မီးရှို့ခံနေရခြင်းကို သွားရောက်တား
ဆီးပေးရန်ဖြစ်သည်။

“အဲဒီလို မဖြစ်ကြပါနဲ့လို့ တားပေးပါ” ဟု မအေးအေးဝင်းက ပြဿနာများမကြီးထွားအောင် တားပေးရန် ညီမဖြစ်သူကို
ပြောခဲ့သော စကားတစ်ခွန်းဖြစ်သည်။ စကား အနည်းငယ်ပြောပြီးနောက် မအေးအေးဝင်းသည် ဒဏ်ရာများကြောင့်
သတိရတစ်ချက် မရတစ်ချက်ဖြစ်ကာ စကားသိပ်မပြောနိုင်တော့။

သို့သော် သူ၏ဆနမပြည့်ခဲ့။ ဘယ်သောအခါကမှ ကြီးကြီးမားမားပြဿနာမဖြစ်ခဲ့ဖူးသည့် လားရှိုးမြို့တွင် မြန်မာနိုင်ငံ
အလယ်ပိုင်းရှိ မိတ္ထီလာမြို့ကဲ့သို့ဖြစ်ရပ်မျိုးဖြစ်ပွားမည်လားဆိုသည်မှာ ဒေသခံများအကြား စိုးရိမ်စိတ်များဝင်လျက်ရှိသည်။

ရှမ်းတိုင်းရင်းသားများ အများစု နေထိုင်ရာ လားရှိုးမြို့တွင် ယခုကဲ့သို့သော ပြဿနာဖြစ်မည် ကို ဘယ်သောအခါမှ
မျှော်လင့်မ ထားခဲ့ဟု ရှမ်းတိုင်းရင်းသား အင်အားစုများကပြောသည်။

“ကျွန်တော် တော်တော်ရှော့ ဖြစ်သွားတယ်။ ရှမ်းပြည်နယ်မှာ ဒါမျိုးဖြစ်မယ်လို့ မထင်ခဲ့ဘူး”ဟု ရှမ်းတိုင်းရင်းသားများ
ဒီမိုကရက်တစ် ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံမင်းက ပြောကြားသည်။

သူကဲ့သို့ပင် မန်ဆူရှမ်းဘုန်းတော်ကြီးကျောင်းအတွင်းရှိ ကယ်ဆယ်ရေး စခန်းအတွင်း ခိုလှုံနေသည့်
မွတ်စလင်အမျိုးသားတစ်ဦးကလည်း ထိုအချက်ကိုသဘောတူသည်။

“၈၈ အရေးအခင်းမှာတောင် ဒီလိုမဖြစ်ဖူးဘူး” ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးကပြောသည်။
အခုတော့ ယင်းကဲ့သို့ ပဋိပက္ခကို မကြုံဖူးခဲ့သည့် လားရှိုးတွင်လည်း ပြီးခဲ့သည့်လပိုင်းကဖြစ်ပွားခဲ့သည့် မိတ္ထီလာလိုပင်
သွေးထွက်သံယိုမှုများဖြစ်ခဲ့ပြီဖြစ်သည်။

အမှုအခင်းတစ်ခု ကစတင်ပြီး မီးရှို့အကြမ်းဖက်သည်အထိ လူအုပ်ကြီးကို ဒေါသထွက်စေခဲ့သည်။ မိတ္ထီလာဖြစ်စဉ်လိုပင်
ယင်းလူအုပ်ကြီး လက်ထဲ အသက်မဆုံးရှုံးစေရေးအတွက် အစ္စလာမ်ဘာသာဝင်များကို ဒေသခံ ရှမ်း၊ ဗမာ၊ တရုတ်
စသည့် ဗုဒ္ဓဘာသာနှင့် အခြားဘာသာဝင်များက ၀ှက်ပေးခဲ့ကြသည်။

မိတ္ထီလာဖြစ်စဉ်လိုပင် အကြမ်းဖက်မှုကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးသူရာပေါင်းများစွာကို ဘုန်းတော်ကြီးများက ၎င်းတို့
ကျောင်းများထဲတွင် နေရာထိုင်ခင်းပေးကာ စောင့်ရှောက်ပေးခဲ့သည်။ ဒုက္ခသည်များကို ၎င်းတို့အသိမိတ်ဆွေ ရှမ်း၊ ဗမာ၊
တရုတ်စသည် ဗုဒ္ဓဘာသာနှင့် အခြားဘာသာဝင်များ လို အပ်သည့်အကူအညီများပေးခဲ့သည်။

မြို့ခံများအကြားရင်းနှီးသည့် ဆက်ဆံရေးရှိခဲ့သည့် မြို့သည် မေ ၂၈ရက်အဖြစ်အပျက်မှစတင်ကာ အပျက်ပျက်နှင့်
နှာခေါင်းသွေးထွက် ခဲ့သည်။ ရပ်ကွက်ပေါင်း ၁၂ရပ် ကွက်ရှိသော မြို့တွင် တစ်ဝက်ခန့် ရှိ နေအိမ်အချို့သည် မီးရှို့ခြင်း၊
ဖျက်ဆီးခြင်းများခံခဲ့ရသည်။ ယင်းတိုက်ခိုက်မှုများအတွက် သီတာ အေးရုပ်ရှင်ရုံ မီးရှို့ခံရမှုအပါအ၀င် ရပ်ကွက်ခုနစ်နှင့်
ကိုးတို့ရှိ နေအိမ်များဖျက်ဆီးခံခဲ့ရသည်။

မငြိမ်မသက်မှုများ ဖြစ်ပွားခဲ့ သည့် လားရှိုးမြို့ကို မေ ၃၀ ရက်မှ စတင်ပြီး တည်ငြိမ်မှုများပြန်လည် ရရှိအောင်
အာဏာပိုင်များက ထိန်းသိမ်းနိုင်ခဲ့သည်။

အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် နေရာများ၊လမ်းဆုံလမ်းခွနှင့် မြို့အ၀င်အထွက်ဂိတ်
များတွင်လက်နက်ကိုင်တပ်မတော်သားများစောင့်ကြပ်နေပြီး တစ်မြို့လုံးတွင် လုံခြုံရေးကို အထူးတင်းကျပ်ထားသည်။

အကြမ်းဖက်မှုများ ဆက်လက်မဖြစ်ပွားစေရေးအတွက် ဒေသဆိုင်ရာအာဏာပိုင်များက မေ ၃၀ ရက်မှ စတင်ပြီး
တရားဥပဒေ စိုးမိုးရေးကို ခြိမ်ခြောက်လာပါက ပစ်ခတ်ကာ အခြေအနေထိန်းသိမ်းမည် ဟု ၎င်းတို့
ကတိပေးထားကြောင်း ဒေသခံများကပြောသည်။

လုံခြုံရေးအရ စိတ်မချရသည့် ရပ်ကွက်များအတွင်း မွတ်ဆလင် ဘာသာဝင်များအား တပ်မတော်ပိုင်ကားများဖြင့်
လုံခြုံရေးရယူကာ မန်ဆူရှမ်းဘုန်းတော်ကြီးကျောင်းအတွင်းရှိ ကယ်ဆယ်ရေးစခန်းများသို့ ပို့ဆောင်ပေးလျှက်ရှိသည်။

အကြမ်းဖက်မှုများဖြစ်ပွားရန် လုပ်ဆောင်သည်ဟု သံသယရှိသူများကိုလည်း လိုက်လံထိန်းသိမ်းနေပြီး မေ ၃၀ ရက်တွင်
သံသယရှိသူ ၁၃ ဦးကို ထပ်မံထိန်းသိမ်းသည်။ ထို့ကြောင့် ယခုအချိန်အထိ ထိန်းသိမ်း ခံရသူ ၃၈ ဦးရှိပြီဟု
အာဏာပိုင်များ ကပြောသည်။ ဖမ်းဆီးထိန်းသိမ်းခံ ရသူများအားလုံးသည် အမျိုးသားများဖြစ်ပြီး ၎င်းတို့ကို
လားရှိုးအကျဉ်းထောင်တွင် ထိန်းသိမ်းထားပြီး ပဋိပက္ခဖြစ်စဉ်များနှင့် မည်ကဲ့သို့ ပတ်သက်သည်ကို စစ်ဆေးနေကြောင်း
နယ်မြေခံရဲအရာရှိကပြောသည်။

မအေးအေးဝင်း မီးရှို့ခံရသည့် အဖြစ်အပျက်သည် ကေအိုင်အေနှင့် အစိုးရအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲကျင်းပသည့်
အချိန်နှင့် တိုက်ဆိုင်ကာ ဖြစ်ပွားသောကြောင့် လည်း ရှမ်းတိုင်းရင်းသားနိုင်ငံရေး အင်အားစုများအကြားသတိဖြင့်
စောင့်ကြည့် နေကြသည်။ ပဋိပက္ခများကြောင့် ငြိမ်းချမ်းရေလုပ်ငန်းစဉ်များ ထိခိုက်မည်ကို စိုးရိမ်မိကြောင်း
ရှမ်တိုင်းရင်းသားနိုင်ငံရေးအင်အားစုများကပြောသည်။

“တိုက်ဆိုင်တာက ရိုးရိုးသားသားလား။ ကြံစည်ထားတာလား၊ စဉ်စားဖို့ ကောင်းတယ်။အကြံအစည်ရှိတဲ့သူတွေ
ကြောင့်ဖြစ်တယ်ဆိုလည်းသူတို့ရဲ ကျော့ကွင်းထဲကိုမ၀င်ဖို့ လိုတယ်။ မသမာသူလူတစ်စုရဲ့ လက်ချက်ကြောင့်
ငြိမ်းချမ်းရေးပျက် သွား နိုင်တယ်။ တော်တော်သတိထားသင့်တယ်”ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ပြော
ရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်ကပြောသည်။

မိတ္ထီလာဖြစ်စဉ်နှင့် ခြားနားမှုတစ်ခုမှာ အစိုးရဘက်မှ လုံခြုံရေးကို ထိထိရောက်ရောက်ချက်ခြင်းဆောင်ရွက်ခြင်း
ဖြစ်ကြောင်း ဒေသခံများကဆိုသည်။ မိတ္ထီလာ ဖြစ်စဉ်နှင့် နောက်ထပ်ခြားနားမှုတစ်ခုဖြစ်စေရန်လည်း ဆုတောင်း
နေမိကြောင်း မန်ဆူရှမ်းဘုန်းတော် ကြီးကျောင်းအတွင်းရှိ ကယ်ဆယ် ရေးစခန်းအတွင်းခိုလှုံ့နေသူများ ထံ
လာရောက်ကြည့်ရှုသည့် အမျိုးသား တစ်ဦးကပြောသည်။

“လူတွေထပ်မသေစေဖို့ ဆုတောင်းနေတယ်”ဟု အဆိုပါ အမျိုးသားက ၎င်း၏ ဆနကိုပြောပြီး လူသူကင်းမဲ့နေသည့်
လမ်းများအတိုင်း ပြန်သွားခဲ့သည်။

“လူလူချင်းဘာသာပဲ ကွဲသွားတယ်။ ကောင်းသူရှိသလိုဆိုးသူလည်းရှိတယ်။ အပြစ်မဲ့တဲ့ လူတွေ အခုလိုဖြစ်တော့
စိတ်မကောင်းဘူး”မေ ၂၈ ညနေက မအေးအေးဝင်း တစ်ယောက်ဇာတိမြို့၏ အဖြစ်အပျက်များ
မြင်တွေ့ကြားသိရပြီးနောက် ပြောသောစကားဖြစ်သည်။ ၎င်းကတော့ မေ ၃၀ ထိ ဒဏ်ရာများကြောင့် ခုတင်ပေါ်တွင်
လှဲလျောင်းနေဆဲ။

ဓာတ်ပုံ- ရဲအောင်သူ/အေအက်ဖ်ပီ

အိမ်သာပိုက်အတွင်းမှ ပြန်လည်ကင်တင်နိုင်ခဲ့သည့် ကလေးငယ်

"ရှေးဟောင်း အမွေအနှစ် တာဝန်သိစိတ်ဖြင့် အပ်နှံသူကို ထိုက်တန်စွာ ဆုချီးမြှင့်မည်"


ရှေးဟောင်း အမွေအနှစ် ပစ္စည်းများကို တာဝန်သိစွာ လာရောက် အပ်နှံပါက ထိုက်ထိုက် တန်တန် ဆုချီးမြှင့်မည်ဟု ရှေးဟောင်း သုတေသန အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနက ကြေညာလိုက်သည်။
ရှေးဟောင်း ပစ္စည်းများ၏ မူလ တန်ဖိုးပေါ်တွင် ခေတ်ကာလ တန်ဖိုးနှင့် သမိုင်းလက်ရာ ရှေးကျမှု တန်ဖိုးကို ထပ်ဆောင်းလျက် ချီးမြှင့်မည်ဖြစ်ရာ တာဝန် သိစွာဖြင့် လာရောက် အပ်နှံကြဖို့လည်း ထည့်သွင်း တိုက်တွန်း ထားသည်။

မေ ၂၂ ရက်နေ့က တာဝန်သိစွာဖြင့် ကုန်းဘောင်ခေတ် လက်ရာ ရွှေဆံစွပ် ၁ ခုကို လာရောက် အပ်နှံခဲ့သူ ရွှေတောင်မြို့နယ်သား ၃ ဦးကို လည်း ငွေကျပ် ၂၆ သိန်းကျော်နှင့် ဂုဏ်ပြု လက်မှတ်ပေးအပ် ခဲ့သည်ဟု အဆိုပါ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် က ဆိုသည်။
ရွှေတောင် မြို့နယ် ရှားပင်ကုန်း ကျေးရွာ အနီး ဧရာဝတီ မြစ်ဆိပ်တွင် မြစ်ထဲမှ ကျောက်စရစ်များ စုပ်ယူစဉ် ရရှိခဲ့သော ရွှေဆံစွပ် ၁ ခုကို ဦးလှိုင်ဇော်ဦး၊ ဦးသိုက်ထွန်းနှင့် ဦးအောင်ဝေဖြိုး တို့က လာရောက် အပ်နှံခဲ့ သဖြင့် ထိုသို့ ချီးမြှင့်ရခြင်း ဖြစ်သည်။

”ရှေးဟောင်း အမွေ အနှစ်တွေကို အကြောင်း အမျိုးမျိုးကြောင့် တွေ့ ရှိရင် တာဝန်သိစွာနဲ့ အပ်နှံဖို့ ပညာပေးနေပါတယ်။ ယဉ်ကျေးမှု ပစ္စည်း တွေကို ဖျက်ဆီးခြင်း၊ တရားမဝင် ရောင်းချခြင်းတွေ ကိုလည်း တည်ဆဲ ဥပဒေ များအရ ကာကွယ်ထိန်းသိမ်းနေပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် က ဆက်ပြောသည်။

ရှေးဟောင်း ပစ္စည်းများကို ဌာနသို့ လာရောက် အပ်နှံပါက ဦးစီးဌာန ရှိ ရှေးဟောင်း ပစ္စည်းအကဲဖြတ် အဖွဲ့က စစ်ဆေးပြီး တန်ဖိုး တွက်ချက်မှု ပြုလုပ်ပေးနေကြောင်း ၄င်းထံမှ သိရသည်။

မင်းသုအောင်

အမျိုးသမီးကို ဓာတ်ဆီပက်မီးရှို့သူမှာ ပဋိပက္ခဖြစ်ရန် အကြိမ်ကြိမ်ကြိုးပမ်းခဲ့ဟု သမ္မတရုံးဝန်ကြီးဆို ရန်ကုန်၊ မေ ၃၀

ရှမ်းပြည်နယ် လားရှိုးမြို့တွင် ပဋိပက္ခဖြစ်ပွားအောင် ဖန်တီးခဲ့သူသည် ကျိုင်းတုံ၊ တောင်ကြီး၊ မန္တလေးတို့တွင် ပဋိပက္ခဖြစ်ပွားအောင် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သူဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက မြစ်ကြီးနား မြို့တွင် ပြုလုပ်နေသည့် ကေအိုင်အေနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပြောကြားသည်။

လားရှိုးမြို့တွင် ဓာတ်ဆီပက်မီးရှို့သူမှာ ပဋိပက္ခဖြစ်ရန်အတွက် ကျိုင်းတုံတွင် ပထမဆုံးကြိုးပမ်းခဲ့ရာ မအောင်မြင်ခဲ့ ကြောင်း၊ တောင်ကြီးနှင့် မန္တလေးမြို့ တို့တွင် ထပ်မံကြိုးပမ်းရာ မအောင်မြင် ခဲ့သဖြင့် လားရှိုးမြို့ တွင် ဓာတ်ဆီပက်မီးရှို့ရာမှ ပဋိပက္ခ ထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဦးအောင်မင်းကဆို သည်။
"ဘယ်သူက ခိုင်းတယ်။ ဘာရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုတာကို စုံစမ်းစစ်ဆေး နေတယ်" ဟု ၄င်းက ထပ်မံပြောကြားသည်။

ဓာတ်ဆီပက် မီးရှို့ခဲ့သူဟုဆိုသူ ဦးနေဝင်း၏ ခန္ဓာကိုယ်တွင် WY စိတ်ကြွဆေးပြား တွေ့ရှိခဲ့ရကြောင်း လားရှိုးမြို့ အမှတ် (၁) ရဲတပ်ဖွဲ့စခန်းထံမှ သိရှိရသည်။

မေလ ၂၈ ရက်နေ့ ညနေ ၄ နာရီ ကျော်က လားရှိုးမြို့၌ အမျိုးသမီးတစ်ဦးကို ဦးနေဝင်း ဓာတ်ဆီပက်မီးရှို့ခဲ့ရာမှ ပဋိပက္ခများ စတင်ဖြစ်ပွားခဲ့ပြီး ယင်းပဋိပက္ခများတွင် လူ့အဖွဲ့အစည်းနှစ်ခု အပြန်အလှန် တိုက်ခိုက်သဖြင့် တစ်ဦးသေဆုံးကာ ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်မှု များတွင် ပါဝင်ပတ်သက်ခဲ့သူဟု ယူဆရသော လူ ၃၉ ဦးကို ဖမ်းဆီး အရေးယူနေကြောင်း လားရှိုးမြို့ ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လားရှိုးမြို့တွင် မေလ ၂၈ ရက်နေ့မှ စတင်ခဲ့သည့် ပဋိပက္ခများသည် ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့တို့တွင် ပြင်းထန်ခဲ့သော် လည်း မေလ ၃၀ ရက်နေ့တွင် ပြန်လည် တည်ငြိမ်မှု ရရှိခဲ့ကြောင်း ၄င်းကဆိုသည်။

မေလ ၂၈ ရက်နေ့ ည ၁၁ နာရီတွင် လားရှိုးမြို့ရှိ အစ္စလာမ်ဘာသာဝင်များမှာ မနေဝံ့တော့သဖြင့် တပ်မတော်အကူအညီ တောင်းခံခဲ့ရာ ယနေ့ညတွင် အစ္စလာမ် ဘာသာဝင် ၂၀၀ ကျော်ကို မန်ဆူရှမ်း ကျောင်း ပရဟိတစာသင်တိုက်သို့ ပို့ဆောင် ပေးခဲ့ပြီး မေလ ၃၀ ရက်နေ့တွင်လည်း တပ်မတော် အကူအညီဖြင့် ပို့ဆောင်ပေးခဲ့ရာ အစ္စလာမ်ဘာသာဝင် ၆၀၀ ကျော် အပါအဝင် ဒုက္ခသည် ၁၀၀၀ ခန့်ရှိနေပြီ ဖြစ်ကြောင်း အဆိုပါကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်ဦးပုညကမိန့်ကြား သည်။

လာရှိုးမြို့တွင် ပဋိပက္ခများပြန်လည် တည်ငြိမ်သွားသော်လည်း မြို့မဈေးအပါအဝင် ပုဂ္ဂလိကဈေးဆိုင် အများအပြား ပိတ်ထားဆဲဖြစ်ပြီး အဓိကနေရာများ တွင်လည်း လူသူနည်းပါးနေကြောင်း၊ လုံခြုံ ရေးအင်အား ကိုလည်း အထူးတိုးမြှင့်ထား ပြီး အစ္စလာမ်ဘာသာဝင်များ နေထိုင်သည့် နေရာများသို့ သွားလာခွင့် ပိတ်ပင်ထားကြောင်း ဒေသခံရှေ့နေတစ်ဦးက ဆိုသည်။

ပဋိပက္ခများ ရပ်တန့်ရေးအတွက် မန္တလေးတိုင်းဒေသကြီးမှ ဘာသာပေါင်းစုံ ပဋိပက္ခဖန်တီးမှုများ ကြိုတင်ကာကွယ် တားဆီးရေးကော်မတီက လာရှိုးမြို့သို့ မေလ ၃၀ ရက်နေ့တွင် လာရောက်ကာ အကြမ်းဖက်ရန်စမှုများ ရပ်တန့်ရေး၊ ဥပဒေ မဲ့တုံ့ပြန်မှုများ မပြုလုပ်ရန်၊ လူသား အချင်းချင်း စာနာမှုများထားရှိရန် ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

မန္တလေးမြို့တွင် Smart Myanmar ဖုန်းဆိုင်ဖောက်ထွင်းခံရ

မန္တလေးမြို့၊ ၂၆ ၇၈ ၇၉ ကြား မေလ ၃၀ရက်နေ့ည ၁၀း၀၀ နာရီ ဖုန်းဆိုင် ဖောတ်ထွင်းခံရ

Posted From Mandalay News 54 + မန်းလေး ချစ်သူများ

ရဲတိုက်အတွက် သံပုရာရည်တိုက်တာလား

ကိုးကွယ်ရာမဲ့ ဖြစ်နေတဲ့ ရဲတိုက်
ကျွန်တော် က ရဲတိုက်ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေထဲက တစ်ယောက်ပါ။ သူ့ ကို အင်တာဗျူးပြီး သူ့ဘ၀ အကြောင်းကို စာရေးဖူးတယ်။ အင်တာဗျူး ခဲ့တာ နဲ့ ပတ်သက်ပြီး ကျွန်တော့် ကို ပြောပြ သလောက် ဘယ်သူ့ကိုမျှ မပွင့်လင်းခဲ့ဖူးဘူး လို့ သူကပြန်ပြောတယ်။
သူ့ဘ၀ အကြောင်းကို တော်တော်ပြည့်ပြည့်စုံစုံ ကျွန်တော် သိခွင့်ရ ခဲ့တယ်။
ရဲတိုက် က တောင်ကြီးမြို့မှာ ကြီးပြင်းတယ်။ သူသိပ်ချစ်တဲ့ သူ့မိခင် သေဆုံးသွားတယ်။ သူ့ဖခင် နောက်အိမ်ထောင်ပြုတယ်။ မိထေွး နဲ့ သူ အဆင်မပြေဘူး။ သူ့ကို သူ့အဖေ က ပြင်ဦးလွင် ဘော်ဒါ ဆောင် ပို့ ပစ်လိုက်တယ်။ ဘော်ဒါ အုပ်က သူ့ကို မကြည်ဘူး။ သေရာပါ ဒဏ်ရာ ရအောင် ရိုက်တာ ခံရတယ်။ သူ့ အဖေ က သစ်စက် လုပ်တယ်။ ရဲတိုက် ဆယ်တန်းအောင်ပြီးတော့ ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ ရှိတဲ့ဖခင် ရဲ့ သစ်စက်မှာ အလုပ်ကူလုပ်ရတယ်။ အဲဒီအချိန်မှာ လက်နက်ကိုင်တွေက သူတို့သစ်စက်ကို မီးရှို့ ဖျက်ဆီး တာခံရတယ်။ အသက်လုပြီး သူပြေးခဲ့ရတယ်။
သူ့ဘ၀ ခရီးကို ပြန်ကြည့်ရင် စိတ်ဒဏ်ရာ ဖြစ်စရာတွေ သိပ်များပါတယ်။
ရဲတိုက် ရဲ့ အဖိုးဘက်က အာရပ်သွေးပါတယ်။ ဒါကြောင့် သူ့ရုပ်သွင်က ကုလားဆန်နေတယ်။ အကြောင်းမသိသူတွေက ရဲတိုက်ကို အစ္စလာမ် ဘာသာ ကိုးကွယ်သူ လို့ ထင်တယ်။ ရဲတိုက် က မိရိုးဖလာ ဗုဒ္ဓ ဘာသာ ဖြစ်ပါတယ်။ သူ ပဉ္ဇင်း ခံတယ်။ ၀ိပဿ နာ တရား အားထုတ်တယ်။ ဒါပေမယ့် သူမျှော်လင့်ထားတဲ့ အေးချမ်းမှု တော့ ရဲတိုက်မရသေးဘူး။
ဧရာဝတီ မြစ်ဆုံမှာ တရုတ်တွေ ရေကာတာဆောက်မယ်ဆိုတော့ ဧရာဝတီ ရဲ့တန်ဖိုး ကို သတိပြုမိအောင် ရဲတိုက် က မိတ်ဆွေတွေ နဲ့အတူ ကင်မရာကိုင်ပြီး ဧရာဝတီ ကိုမှတ်တမ်းတင်တယ်။ မှတ်တမ်းစာအုပ်တစ်အုပ် ထုတ်ခဲ့တယ်။ ဧရာဝတီ မှတ်တမ်း ဓာတ်ပုံတွေကို ပြပွဲခင်းတော့ ဒေါ်အောင် ဆန်းစုကြည်တက်ရောက်တဲ့ ဖွင့်ပွဲမှာ ရဲတိုက် က အခမ်းအနားမှူး လုပ်ခဲ့တယ်။ အဲဒီတုန်းက သမ္မတ က မြစ်ဆုံ ရပ်ပါ့မယ် မပြောသေးဘူး။ နောက်တော့ ရပ်ထားပါ့မယ် ပြောလာရတယ်။
ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်၊ လူတွေ စစ်ဘေး တိမ်းရှောင်ပြေးကြရတယ်။ ဒုက္ခမျိုးစုံ ကြုံကြရတယ်။ စာနာစိတ် နဲ့ ရဲတိုက် က စစ်မြေပြင်က ဒုက္ခသည် စခန်းတွေကို ကိုယ်တိုင်သွားပြီး အကူအညီတွေ အများကြီးပေးခဲ့တယ်။ ကချင် ဒုက္ခသည် စခန်းတွေ က ရဲတိုက် ဆိုရင် အားကိုး ချစ်ခင်တယ်။
အမျိုးသား ဒီမိုကရေးစီ အဖွဲ့ချုပ် ရွေးကောက်ပွဲဝင်မယ်ဆိုတော့ ရဲတိုက် က နိုင်ငံချစ်စိတ် ရှိတဲ့ အခြားအနုပညာရှင်တွေ နဲ့ လက်တွဲပြီး စည်းရုံးရေး ခရီးတွေ မှာ ပါဝင်ခဲ့တယ်။
၂၀၁၂ ခု ဇွန် လ ကချင်စစ်ပွဲ တစ်နှစ်ပြည့် အဖြစ် ငြိမ်းချမ်းရေးတောင်းဆိုတဲ့ ဓာတ်ပုံပြပွဲတစ်ခု ရန်ကုန် တော်ဝင်နှင်းဆီ သီရိခန်းမ မှာ လုပ်တယ်။ ဓာတ်ပုံပြပွဲက အပြန်မှာ ရဲတိုက် က ကိုမျိုးဇော် (ဒါရိုက်တာ ရီဇော် ) ဆီက ငွေ နှစ်သိန်း တောင်းသွားတယ်။ သူဘာလုပ်တယ် ထင်ပါသလဲ။ ရွှေတိဂုံ ဘုရားသွားဖူးပြီး တစ်ပြားမကျန် ဘုရားကိုလှူပစ်ခဲ့တယ်။မြန်မာပြည် ငြိမ်းချမ်းပါစေ တဲ့။
ရဲတိုက်က သူ့မတည်ငွေတွေ ထည့် မိတ်ဆွေတွေကိုလည်း စည်းရုံ့းပြီး ရဲတိုက်ဖောင်ဒေးရှင်းကို တည်ထောင်တယ်။ သူ့ ရည်ရွယ်ချက် တစ်ခုကတော့ လေလွင့်လူငယ်လေးတွေ ကို အသက်မွေး ၀မ်းကျောင်း ပညာသင်ယူနိုင်အောင်ကူညီချင်တာ။ သူငယ်စဉ်က ဆင်းရဲဒုက္ခ အမျိုးစုံ ကြုံခဲ့ဖူးတာမို့ စာနာတယ်၊ ကူညီချင်တယ်လို့ ပြောတယ်။

ရဲတိုက် ရဲ့ လုပ်ရပ်တွေကို အခြေခံ ပြီး သူ့ စိတ် သဘာဝ ကို ကျွန်တော် သုံးသပ်ကြည့်မိတယ်။ သူ ဘ၀ နာခဲ့တယ်။ သူများတွေကိုသူ့လို ဘ၀ မနာစေချင်ဘူး။ သူငယ်စဉ်ကတည်းက စိတ်ဒဏ်ရာ တွေ ရခဲ့တယ်။ ဒါတွေက သူသက်သာ ချင်တယ်။မငြိမ်းချမ်းမှူတွေကြောင့် ဆင်းရဲနေရသူတွေ ကို သူစာနာတယ်။ ငြိမ်းချမ်းမှု လိုချင်တယ်။ ကိုးကွယ်ရာ ရှာဖွေနေတယ်။ အချို့က ရဲတိုက်ကို ဘာသာမဲ့ လို့ထင်တယ်။ တကယ်ကတော့ ဘာသာတရားတွေက သူ့ကို ငြိမ်းချမ်းမှု ပေးနိုင်မှာလား ၊သူရှာ ဖွေတယ်။ ကိုးကွယ်ရာ ရှာတယ်။
ဘုရားရှင် တွေကတော့ မဟာ ကရုဏာ ရှင်တွေ မို့ ရဲတိုက် ကို တစ်နေ့နေ့ မှာ ငြိမ်းချမ်းမှု ပေးသနားပါလိမ့်မယ်။ ယခု အထိတော့ ရဲတိုက်ဟာ ကိုးကွယ်ရာ မဲ့နေသေးသူသာဖြစ်ပါတယ်။ သူတတ်စွမ်းနိုင် သလောက် ကောင်းကျိုးပြုထားတဲ့ လောကကြီးကလည်း သူ့ကို စောင့်ရှောက် ပါ လိမ့်မယ်။
ကျော်ရင်မြင့်

Posted from: မောင်ဝမ်း

အောင်ပန်း - ဟဲဟိုး လမ်းပိုင်းရှိ တီကောင်တောင် အကွေ့တွင် မေလ၃၀ရက်နေ့ နံနက် ၁၁နာရီခန့်၌ ဆီboxer ကား တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - နေလင်းသိုက်

Photo: အောင်ပန်း - ဟဲဟိုး လမ်းပိုင်းရှိ တီကောင်တောင် အကွေ့တွင် မေလ၃၀ရက်နေ့ နံနက် ၁၁နာရီခန့်၌ ဆီboxer ကား တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်ကို တွေ့ရစဉ်။

ဓာတ်ပုံ - နေလင်းသိုက်

သရုပ်ဆောင်လွင်မိုး ကြွေရည်သုတ်ပစ္စည်း တင်ပို့ ရန်ကုန်၊ မေ၂၉

မြန်မာနိုင်ငံ ကျေးလက်ဒေသများတွင် လူသုံးများနေသေးသည့် ကြွေရည်သုတ် သံထည်ပစ္စည်းများကို ရုပ်ရှင်သရုပ်ဆောင် လွင်မိုး ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ဝမင်းကုမ္ပဏီပိုင် ကြွေရည်သုတ်ပစ္စည်း စက်ရုံမှ ထိုင်းဈေးကွက်သို့ တင်ပို့လျက် ရှိကြောင်း ရုပ်ရှင်သရုပ်ဆောင် လွင်မိုးက The Voice သို့ ပြောကြားသည်။

၎င်းတို့ ကုမ္ပဏီက ထုတ်လုပ်သည့် ကြွေရည်သုတ် လေးဆင့်ချိုင့်နှင့် ကြွေရည်သုတ် လင်ပန်းများကို Thai Stainless Steel ကုမ္ပဏီနှင့် ပူးပေါင်းကာတစ်လလျှင် ကွန်တိန်နာ နှစ်လုံးနှုန်းဖြင့် လစဉ် တင်ပို့သွားမည်ဖြစ်ကြောင်း ဝမင်းကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးခွန်နောင်မြင့်ဝေက ပြောကြားသည်။
"ဘန်ကောက်မှာတော့ လူသုံးမများ ပေမယ့် ထိုင်းကျေးလက်ဈေးကွက်က တော် တော် အဝယ်လိုက်ပါတယ်။ နှစ်လလောက် အစမ်းပို့ကြည့်ပြီးမှ လစဉ်ပို့ဖို့ ထိုင်းကုမ္ပဏီနဲ့ စာချုပ်တာပါ" ဟု ဦးခွန်နောင်က ရှင်းပြသည်။

စတီးပစ္စည်းများ သုံးစွဲခြင်းထက် ကျန်းမာရေးအရ ပိုမိုသင့်လျော်ပြီး အရောင် အသွေးမျိုးစုံ ရရှိနိုင်ခြင်းကြောင့် ထိုင်းနိုင်ငံ သားများသည် ကြွေရည်သုတ် ပစ္စည်းကို ပိုမိုအသုံးပြုကြကြောင်း ၄င်းကဆိုသည်။

ကြွေရည်သုတ် လေးဆင့်ချိုင့်အလုံး ရေ ၁၆,၀၀၀နှင့် ကြွေရည်သုတ်လင်ပန်း ချပ်ရေ ၁၀,၀၀၀ကို မေလ၃၀ရက်နေ့မှ စတင်ကာ ထိုင်းနိုင်ငံသို့ လစဉ်တင်ပို့သွားမည် ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပို့ကုန်အမယ်သစ် တစ်ခုဖြစ်သည့်အတွက် နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန၏ အားပေးကူညီမှု အပြည့်အဝ ရရှိကြောင်း ကုမ္ပဏီတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
"ခုလေးဆင့်ချိုင့်၊ ငါးဆင့်ချိုင့်နဲ့ လင်ပန်းထုတ်ပါတယ်။ အမည်ဆယ်မျိုးလောက် တိုးထုတ်သွားဖို့ ရှိပါတယ်။ ထိုင်းဈေးကွက်ပြီးရင် ဂျပန်ကိုလည်း ပို့နိုင်ဖို့ စီစဉ်နေပါတယ်" ဟု ၄င်းက ထုတ်ဖော်ပြောကြားသည်။

ဝမင်း ကြွေရည်သုတ်ပစ္စည်း စက်ရုံမှာ ကြွေရည်သုတ်ပစ္စည်းများကို ဒေါင်းဒင်္ဂါး အမှတ်တံဆိပ်ဖြင့် ပြည်တွင်းဈေးကွက်သို့ ဖြန့်ဖြူးလျက်ရှိပြီး ဒေါင်းဒင်္ဂါးကြွေရည်သုတ် သပိတ်မှာ ရောင်းအားအကောင်းဆုံး ထုတ်ကုန်တစ်ခုဖြစ်ကြောင်း အုပ်ချုပ်မှုဒါရိုက်တာ ဦးခွန်နောင်က ပြောကြားသည်။

သမိုင်းလမ်းဆုံရှိ စက်မှုဝန်ကြီးဌာနပိုင် စက်ရုံကို ဝမင်းကုမ္ပဏီက နှစ်ရှည်ငှားရမ်း လုပ်ကိုင်နေခြင်းဖြစ်ပြီး တစ်ရက်လျှင် ချိုင့်အလုံးရေ ၁၅၀၀မှ ၂၀၀၀အထိ ထုတ်လုပ်ပေးနိုင်ကြောင်း၊ ထိုင်းနိုင်ငံသို့ All Star တံဆိပ်ဖြင့် တင်ပို့သည့် အဆိုပါပစ္စည်းများမှာ ၃ ဒသမ ၅ဒေါ်လာမှ ၄ဒေါ်လာအထိ တန်ကြေးရှိပြီး ပြည်တွင်းဈေးကွက်တွင် ကျပ်သုံးထောင် ခန့်ဖြင့် ရောင်းချလျက်ရှိကြောင်း ဝမင်းကုမ္ပဏီ ထံမှသိရသည်။

လွင်မိုးနှင့် ခေတ်ပြိုင်သရုပ်ဆောင် အများစုမှာ ရုပ်ရှင်သရုပ်ဆောင်လောက၊ လူမှုရေးနယ်ပယ် များတွင် ဝင်ရောက် လုပ်ကိုင်နေပြီး လွင်မိုးမှာ စီးပွားရေးနယ်ပယ်သို့ အဓိကအားပြု ဝင်ရောက်ခဲ့သည်။
လွင်မိုး၏ ဝမင်းကုမ္ပဏီသည် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ကနဦးလမ်းအူကြောင်း ရှင်းလင်းခြင်းလုပ်ငန်းနှင့် တနင်္သာရီတိုင်း ဒေသကြီးအတွင်း သတ္တုတူးဖော်ရန် စမ်းသပ်လုပ်ငန်း များ လုပ်ဆောင်လျက်ရှိသည်။

“ဦးဝီရသူထံ- ARD German Television မှ လာရောက် အင်တာဗျူး”

၃ဝ-၅-၂ဝ၁၃ မွန်းလွဲ (၂းဝဝ)၊ ဓမ္မစေတိယကျောင်းဆောင်ကြီး၌ လက်ခံတွေ့ဆုံ ဖြေကြားခဲ့သည်။
ဦးဝီရသူ မူဆယ်မှာ (၉၆၉) တရားဟောတယ်။ မူဆယ်မှာ ဘာမှ မဖြစ်ခဲ့ဘူး။ (၉၆၉)ရောက်တဲ့နေရာ ငြိမ်းချမ်းရေး အပြည့်ရှိတယ်။ မွတ်ဆလင်မ်တွေကသာ အကြမ်းဖက် ရန်ရှာတာမျိုး မလုပ်ဘူးဆိုရင် မြန်မာပြည်ကြီး ထာဝရ ငြိမ်းချမ်းမှာပါ။
ဦးဝီရသူ ရောက်တဲ့နေရာတိုင်း သြဝါဒပေးတဲ့အခါ၊ တရားဟောတဲ့အခါ ပြဿနာဖြစ်လာရင်၊ အစော်ကားခံရရင် အကြမ်းဖက် မတုန့်ပြန်ဖို့ ဥပဒေဘောင်အတွင်းမှ ထိရောက်စွာ အရေးယူနိုင်အောင်သာ ကြိုးစားကြဖို့ ညွှန်ကြားခဲ့တာကြောင့် အဓိကရုဏ်းမပေါ်ပေါက်ခြင်း ဖြစ်ပါတယ်။
Photo

မိဘသဘောမတူဘဲခိုးယူပေါင်းသင်း၍အောင်မျိုးလင်းအား အရေးယူမှု

၂၆.၅.၂၀၁၃ရက်နေ့ ၂၁၀၀ အချိန်ခန့်တွင်ဆိပ်ကြီးခနောင်တိုမြို့ နယ်နေ ဒေါ်----- သည်နေအိမ်၌ ရှိနေစဉ် သမီးဖြစ်သူ မ -----သည် မိုးချုပ်သည်အထိ နေအိမ်သို့ပြန်မလာ၍ သမီးဖြစ်သူအလုပ်လုပ်သည့် လမ်းမတော်မြို့နယ်၊ ၄ရပ်ကွက်ရှိကုန်စုံဆိုင်သို့ သွားရောက်စုံစမ်းရာ ပိုင်ရှင်၏ညီဖြစ်သူ အောင်မျိုးလင်း၊ (ဘ)ဦးဟာအစ်၊ မွတ်ဆလင်/အစ္စလာမ် ကျောက်တံတားမြို့နယ် နေသူမှ
သွေးဆောင်ခေါ်ယူပြီး ဒဂုံတောင်မြို့နယ် ၂၆ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ အောင်သပြေတည်းခိုခန်းသို့ ၂၈.၅.၂၀၁၃ ရက်နေ့အထိခေါ်ယူတည်းခိုပေါင်းသင်းခဲ့သဖြင့် အရေးယူပေးပါရန်
တိုင်တန်းခဲ့၍ လမ်းမတော်မြို့မရဲစခန်း တွင် အရေးယူထားရှိပြီး တရားခံ အောင်မျိုးလင်းအားဖမ်းဆီး ရမိရေးဆောင်ရွက်လျှက်
ရှိကြောင်း သတင်း ရရှိပါသည်။

"အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်-Mr.O.Ibobi Singh မုံရွာမြို့ ရောက်ရှိစဉ် ခေတ္တတည်းခိုခဲ့သော ၀င်းယူနတီ ဟိုတယ် မြောက် ဘက် ကိုက်(၃၀၀)အကွာတွင် တရုတ်နိုင်ငံထုတ် ဗုံးသီးနှင့်ကျည်ဆံများ တွေ့ရှိ"


စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့သို့ မေလ(၂၇)ညနေပိုင်းက ရောက်ရှိ လာသော အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်-Mr.O.Ibobi Singh
ခေတ္တတည်းခိုခဲ့သော ၀င်းယူနတီဟိုတယ်၏ မြောက်ဘက်ရှိ ကန်ထဲတွင် တရုတ်နိုင်ငံထုတ် လက်ပစ်ဗုံး(၂)လုံးနှင့် ကျည်ဆံများ နှင့် Nokia လက်ကိုင် ဖုန်း(၁)လုံး ဆင်းကဒ်ပါ တို့ကို ယနေ့(30-5-2013)ကြာသာပတေးနေ့ နံနက် (၇)နာရီခန့် အဆိုပါ ရေကန်အတွင်းသို့ ကန်စွန်းရွက် ဆင်းခူးသူတစ်ဦးမှ
တွေ့ရှိ၍ သက်ဆိုင်ရာသို့ ခေါ်ယူအပ်နှံခဲ့ကြောင်းသိရပါသည်။
အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်-Mr.O.Ibobi Singh သည် မေလ (၂၈)ရက်နေ့က မုံရွာမြို့ မြစန္ဒာခန်မတွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဖြစ်သူ ဦးသာအေး နှင့်တွေ့ဆုံပြီး နှစ်ပြည်နယ် ကုန်သွယ်ရေးကိစ္စများ နယ်စပ်ရေးရာကိစ္စများကို ဆွေးနွေးခဲ့ကြပြီး Mr.O.Ibobi Singh က သတ္တုတူး ဖော်ရေးလုပ်ငန်းများဖြစ်သည့် လက်ပန်းတောင် နှင့် ကြေးစင်
တောင်သတ္တုတူးဖော်ရေးလုပ်များ နှင့် ကျောက်မီးသွေးတူးဖော်ရေး လုပ်ငန်း များကို လည်းအထူးစိတ်ဝင်းစားကြောင်း ထည့်သွင်းပြောကြားခဲ့တယ်လို့ သိရပါသည်။
Mr.O.Ibobi Singh မုံရွာမြို့သို့ရောက်ရှိနေစဉ်အခိုက်တွင် စစ်ကိုင်းတိုင်း ဒေသကြီး ရဲသတင်းတပ်ဖွဲ့(SB)မှ အထူးလုံခြုံရေးတာဝန်ယူ
ပေးထားခဲ့ကြောင်း အဆိုပါ နှစ်ပြည်နယ်ဝန်ကြီးချုပ်တို့ကုန်သွယ်ရေးဆွေး
နွေးပွဲသို့ တက်ရောက်သတင်းရယူခဲ့ကြသော သတင်းမီသမားများကို သူပုန် ဖောက်ခွဲရေးသမားများကို စစ်ဆေးသလိုပုံစံမျိုးနဲ့ စစ်ဆေးမှုများ ပြုလုပ်ပြီးမှ သတင်းဝင်ယူခွင့်ပြုပြီး ယခုကဲ့သို့ ဖောက်ခွဲရေးပစ္စည်းများရှိ နေ သည့် နေရာကိုတော့ စစ်ကိုင်းတိုင်းဒေသကြီး အထူးရဲသတင်းတပ်ဖွဲ့(SB) အနေဖြင့် သတင်းမရခြင်းမှာ အထူးစိတ်စားဖွယ်ကောင်းလှပါတယ်လို့ မုံရွာအခြေစိုက် သတင်းမီဒီယာသမားများကဆိုပါတယ်။

ပဋိပက္ခအလွန် လားရှိုး (ဓာတ်ပုံ- စတိဗ်တစ်ကနာ)

ရပ်ကွက် ၉ ရဲစခန်းထဲ ခိုလှုံနေရတဲ့ မွတ်စလင်ဒုက္ခသည်များ (ဓာတ်ပုံ- စတိဗ်တစ်ကနာ)

အစာငတ်ခံဆန္ဒပြပွဲက နောက်ထပ် အလုပ်သမားနှစ်ဦး ဆေးရုံတင်ရ


ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ငွေပင်လယ်စက်မှုဇုန်မှာရှိတဲ့ စံကောင်း ပီနံအိတ်စက်ရုံရှေ့မှာ အစာငတ်ခံ ဆန္ဒပြနေတဲ့ အလုပ်သမား ၁၆ ဦးထဲက နောက်ထပ် အမျိုးသမီးအလုပ်သမား ၂ ဦးကို ဒီကနေ့ အင်းစိန်ဆေးရုံကို ပို့ဆောင်လိုက်ရတယ်လို့ သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့ကတည်းက အဲဒီအလုပ်သမား ၁၆ ဦး အစာငတ်ဆန္ဒပြနေရာမှာ မနေ့က အလုပ်သမ ၂ ဦး မူးလဲသွားတဲ့အတွက် အင်းစိန်ဆေးရုံမှာ ဆေးကုသမှုခံယူနေရပြီး ဒီကနေ့မှာ နောက်ထပ် ၂ ဦးကို ဆေးရုံပို့ခဲ့ရတာပါ။

အခုလိုအလုပ်သမားတွေ အစာငတ်ခံဆန္ဒပြနေရတာဟာ လစာကိစ္စကြောင့်မဟုတ်ပဲ အထုတ်ခံရတဲ့ အလုပ်သမား ၄၉ ဦးကို အလုပ်ပြန်ခန့်ပေးဖို့ ဆန္ဒပြတောင်းဆိုနေကြဖြစ်ပြီး၊ တောင်းဆိုချက်တွေ အောင်မြင်တဲ့အထိ ဆက်လက်ဆန္ဒပြသွားမယ်လို့ စံကောင်း ပီနံအိတ်စက်ရုံရဲ့ အခြေခံအလုပ်သမားသမဂ္ဂ ဥက္ကဌ ကိုဝင်းထွန်းအောင်က RFA ကို ပြောပါတယ်။

"အစာငတ်ခံဆန္ဒပြတာဆိုရင်တော့ ဒီကနေ့ဆိုရင်တော့ ၃ ရက်ကျော်လာပြီပေါ့ခင်ဗျာ၊ နာရီနဲ့ပြောရင်တော့ နာရီ ၆၅ နာရီကျော်လာပြီပေါ့၊ ဒီကြားထဲမှာ ဆေးရုံပို့ရတာ ၃၊ ၄ ဦးလောက်ရှိသွားပြီခင်ဗျ၊ မနေ့က ၂ ဦး၊ ဒီနေ့ ၂ ဦး၊ ၄ ဦးပေါ့၊ ပို့လိုက်တဲ့သူကတော့ အဓိကကတော့ ဗိုက်ပေါ့ဗျာ၊ ဗိုက်အောင့်တယ်ဆိုတဲ့ပုံစံမျိုးပါပဲ၊ မူးတာပေါ့နော် ကောင်လေးတွေကတော့၊ ကြွက်တက်တာဘာညာပေါ့၊ ကျနော်တို့ဆီမှာတော့ ကျန်းမာရေးအရမပြည့်စုံတော့ ဆေးရုံကိုပဲပြည့်စုံ တဲ့နေရာကို ကားငှားပြီးတော့ပို့ခိုင်းတယ်ပေါ့ခင်ဗျ၊ ကျနော်တို့တောင်းဆိုတာက ငွေရေးကြေးရေးကိစ္စ မပါဘူး၊ ဥပဒေမှာပါတဲ့ အခွင့်အရေးတောင်းဆိုတာ မရမချင်းဆက်လက်ပြီးတော့ ဒီ့ထက်အရှိန်အဟုန်မြှင့် ပြီးတော့ ကျနော်တို့တောင်းဆိုမှု အောင်မြင်တဲ့အထိလုပ်ဆောင်သွားမယ်ခင်ဗျ"

ဆန္ဒပြနေတဲ့ ရက်တွေအတွင်း အလုပ်ရှင်တွေဖက်ကရော၊ အာဏာပိုင်တွေဖက်ကပါ တောင်းဆိုချက်တွေကို လာရောက်ညှိနှိုင်းဖြေရှင်းပေးတာမျိုး မရှိသေးပေမယ့် မြို့နယ်အာဏာပိုင်တွေဖက်ကတော့ အစာငတ်ခံဆန္ဒပြတာကို ဆက်မလုပ်ဖို့ တားမြစ်တာတွေတော့ရှိတယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းခဲ့သည့် မြန်မာပြည်(မျိုးဆက်)


ဗိုလ်ချုပ်အောင်ဆန်းသည် လက်ဝဲယိမ်း နိုင်ငံရေးသမားဟု မြင်သည်။ သူ၏ အမြင်မှာ ဆိုရှယ်လစ်ဆန်သည်။ ကွန်မြူနစ် စနစ်ကိုလည်း ရောက်မသွားပါ။ သူဖွဲ့ချင်သော အစိုးရစနစ်မှာ ဒီမိုကရေစီ အစိုးရစနစ်ဖြစ်ပြီး စီးပွားရေးစနစ်မှာ ဆိုရှယ်လစ်စီးပွားရေးစနစ် ဖြစ်သည်။

ဆိုရှယ်လစ် စီးပွားရေးစနစ်၏ အကျဉ်းချုပ်ကို ပြန်နွှေးရလျှင် ကုန်ထုတ်လုပ်ရေး (Production) နှင့် ဖြန့်ဝေရေး (Distribution) ကို လူထုလိုသလောက် ကွက်တိရောက်ရန် စီမံထားခြင်းဖြစ်သည်။ အရင်းရှင်စနစ်၏ သဘောဖြစ်သော လိုလို မလိုလို ငွေပေးလျှင်ရသည် ဟူသည်ကို ကန့်သတ်ထားခြင်း ဖြစ်သည်။ ငွေကြေး (Currency) ဟူသည်မှာ တစ်ဦးလက်မှ တစ်ဦး စီးဆင်းမြဲဖြစ်ရာ ထိုသို့ ငွေကြေးဖြင့် ဖြန့်ဝေပါက ဈေးကွက် (Market) ဖြစ်ပေါ်လာမည်။ ထိုအခါ ငွေများသည် ငွေရင်းနှီးရှိသူ ထံသို့ ထပ်မံစုဝေးမည် (Capital Accumulation)။ ထိုအရာကို ကာကွယ်ရန် Labour Voucher ဟုခေါ်သည့် လက်မှတ်များကို သုံးရသည်။ ကိုယ်လိုသလောက် ထုတ်ပေးသည့်စနစ် ဖြစ်သည်။ ထိုထုတ်လုပ်ရေးနှင့် ဖြန့်ဝေရေးတို့တွင် လူထုမည်မျှ လိုအပ်သည်ကို ပမာဏ (Magnitude) များ နှင့်မချိန်စက်ဘဲ အရေအတွက် (Quantity) ဖြင့် အဓိကချိန်စက်ပါသည်။

ချုပ်ပြောရလျှင် ထိုစနစ် (ဗိုလ်ချုပ်နေဝင်း အကောင်အထည် ဖော်ခဲ့စဉ်က) ဗျူရိုကရေစီချိန်းတွင် အားနည်းမှုများ တင်းကြမ်းရှိခဲ့သည့်အပြင် ဗိုလ်ချုပ်နေဝင်းသည် အရင်းရှင်စနစ်၏ အခြေခံသဘောသဘာဝကို နားမလည်သောကြောင့် စီးပွားပျက်ခဲ့သည်။ ဈေးကွက်မရှိ၊ ငွေကြေး လည်ပတ်မှု မရှိခြင်းကြောင့် စီးပွားရေးကြီးထွားမှု မရှိခဲ့တော့ပါ။

ဗိုလ်ချုပ်အောင်ဆန်းသည် ဘောဂဗေဒကို ကျွမ်းကျင်သူဖြစ်သည်။ သူ၏မိန့်ခွန်းထဲတွင် “အရင်းရှင်စနစ်မှ တစ်ဆင့် ကူးပြောင်းကာ ဆိုရှယ်လစ် ပုံစံသွားရမည်ဟု ဆိုခဲ့ပါသည်။” ထိုအဓိပ္ပာယ်မှာ Economic Institutions များကို တည်ဆောက်ပြီး တိုင်းပြည်စီးပွားရေးကို အရင်းရှင်များ လက်ထဲ အပြည့်မရောက်ရန် နိုင်ငံတော်မှ အချို့သောကဏ္ဍများတွင် ချုပ်ထားမည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။ ထိုစနစ် အလုပ်ဖြစ် မဖြစ် ယနေ့ဗီယက်နမ်နှင့် တရုတ်၊ စင်ကာပူတို့ကို ကြည့်နိုင်ပါသည်။ အရင်းရှင်စနစ် သဘောအရ ဈေးကွက် ရှိပါမည်။ ထိုသို့ဈေးကွက် ရှိသော်လည်း ဘီအိုစီ မောင်ပိုင်စီးထားသည့် စွမ်းအင်ပိုင်း၊ ဆန်ထုတ်လုပ်ရေးပိုင်းလို ကိစ္စများတွင် နိုင်ငံတော်မှ ဝင်ရောက်ချုပ်ကိုင်မည်ဟု ဆိုလိုဟန် ရှိပါသည်။ (Market Socialism)

ပင်လုံစာချုပ်ကို အကောင်အထည်ဖော်နိုင်သော ဗိုလ်ချုပ်အောင်ဆန်း အနေနှင့် သူရင်ဆိုင်ရမည့် အင်အားစုများမှာ ကွန်မြူနစ်များသာ ဖြစ်ပါလိမ့်မည်။ ပြည်မနှင့် မြစ်ဝကျွန်းပေါ် စီးပွားတောင့်လာပါက တောင်တန်းဒေသ များသည်လည်း ခွဲထွက်လိမ့်မည်မဟုတ်ပါ။ လက်နက်ကိုင် တော်လှန်ရေးကိုတော့ အချိန်ယူ ဖြေရှင်းရနိုင်ပါသည်။ သို့သော် သူသာဦးဆောင်ပါက သူ၏ ဖက်ဒရယ်တပ်မတော်ကို ကွန်မြူနစ်တို့ ကြာရှည် တောင့်ခံနိုင်ရန် လမ်းမမြင်မိပါ။ တိုင်းရင်းသားတပ်ပေါင်းစု တပ်မတော်
သည် ကွန်မြူနစ်တို့ထက် ပိုမိုအင်အားတောင့်မည်မှာ သေချာပါသည်။

တရုတ်ပြည်နှင့် ဗကပပြဿနာကို ငြိမ်အောင်ထိန်းရမည်မှာ မှန်သော်လည်း အရှေ့တောင်အာရှ နိုင်ငံများကို ဦးဆောင်စည်းရုံးနိုင်သည့် အနေအထားကို လက်ဦးမှု အရင်ရယူထားနိုင် ပါလိမ့်မည် (သူ၏မိန့်ခွန်းပါ ဆိုဗီယက်ကို ရည်ညွှန်းထားသည်ကိုကြည့်)။ အခြေခံဒီမိုကရေစီ စနစ်ကို အားပေးသော ဗိုလ်ချုပ်အောင်ဆန်းသည် ကျန် ကွန်မြူနစ်များ ပြောသကဲ့သို့ အာဏာရှင် ဖြစ်လာနိုင်စရာလည်း မရှိပါ။ ထို့ပြင် ရန်ကုန်ဆိပ်ကမ်းနှင့် မဟာဗျူဟာမြောက် ပင်လယ် ရေလမ်းကြောင်းများ (ယနေ့ထားဝယ်) သည် ဆောလျင်စွာ ဖွံ့ဖြိုးခဲ့စရာရှိပြီး အရှေ့တောင်အာရှ စီးပွားရေးအင်အားကြီး ဖြစ်လာခဲ့နိုင်ပါသည်။

ဗြိတိသျှလက်ထက်က ကဲ့သို့ပင် ပထဝီအရ ဗျူဟာမြောက် မြန်မာသည် ကြားနေနိုင်ငံ အနေနှင့် ရပ်တည်ဖွယ်ရှိပြီး စီးပွားရေးထိပ်သီး အနေနှင့် ရပ်တည်နိုင်ခဲ့မည်ဟု ထင်ပါသည်။ ထို့ပြင် စစ်တပ်အပေါ် သူ၏ လွှမ်းမိုးနိုင်စွမ်းအရ စစ်တပ်သည် အရှေ့တောင်အာရှတွင် အင်အားကြီး ဖြစ်လာစရာ ရှိနေခဲ့ပါသည်။ (ဗြိတိသျှတော်ဝင်လေတပ်ကို ကြည့်သောအခါ ပြောသည့် စကားကို လေ့လာပါ)။

ဗို်လ်ချုပ်အောင်ဆန်း အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဆိုစဉ်က နာမည်ကြီး ဘောဂဗေဒ ပါမောက္ခတစ်ဦးနှင့် သွားရောက်ဆွေးနွေး ခဲ့ပါသည်။ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း အနောက်တိုင်း ခရီးစဉ်အတွင်း ဆွေးနွေးမှု များမှာ အနာဂတ်စီမံကိန်းထက် အပြန်အလှန် သံတမန်ဆက်ဆံရေးများ တိုးမြှင့်ရေးနှင့် ပိတ်ဆို့မှုဖယ်ရှားရေးသာ အဓိက ဖြစ်နေခဲ့သည်ကို တွေ့ရမည် ဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ စစ်ရေးစွမ်းရည်မှာမူ မှတ်တမ်းသိပ်မတွေ့ရပါ။ ဗိုလ်ချုပ်ကျော်ဇော မှာမူ ထူးချွန်ထက်မြက်သော စစ်ဗျူဟာမှူး ဖြစ်သည်ဟု သိရပါသည်။

သို့သော် ဗိုလ်ချုပ်အောင်ဆန်း၏ တပ်တွင်းနှင့် အရပ်ဘက်အပေါ် သြဇာညောင်း ခြင်းက သူ့လက်ထက် နိုင်ငံရေးပဋိပက္ခကို ဟန်ချက်ငြိမ်အောင် ထိန်းနိုင်ခဲ့သည်ဟု ယူဆမိပါသည်။ အထက်ပါအချက်များကို ကြည့်လျှင် ဗိုလ်ချုပ်အောင်ဆန်းသည် ထူးချွန်သော အစိုးရခေါင်းဆောင် တစ်ယောက် (Good Policy Maker) ဖြစ်မည်မှာ သေချာပါသည်။

လက်ရှိ မြန်မာပြည် လိုအပ်သည်မှာလည်း တိကျထိရောက်သော စီမံကိန်းများနှင့် ထိုအရာကို တင်းပြည့်အကောင်အထည် ဖော်နိုင်သည့် လုပ်သားစုသာလျှင် ဖြစ်ပါသည်။ သို့မှသာ စက်မှုနိုင်ငံ ထူထောင်ရေးကို ခုန်တက်နိုင်မည်ဖြစ်ပြီး တတိယကမ္ဘာ နိုင်ငံများကြားသို့ တက်လှမ်းနိုင်မည် ဖြစ်ပါသည်။

လားရှိုး မန်ဆူရှမ်းကျောင်း ဒုက္ခသည်များ ခိုလှုံ

လားရှိုးမြို့ရှိ မန်ဆူရှမ်းကျောင်း ဘုန်းကြီးကျောင်းမှာ ပဋိပက္ခအရေးခင်းကြောင့် ဒုက္ခရောက်နေသူ လူဦးရေ ၆၀၀ကျော်လောက် ရောက်ရှိနေပါတယ်။ အရေးခင်းကြောင့် ပိတ်မိနေသူတွေကိုလည်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက သွားရောက်ကယ်ထုတ်ပြီး မန်ဆူကျောင်းရှိ ဒုက္ခသည်စခန်းကို ပို့ဆောင်ပေးနေဆဲ ဖြစ်ပါတယ်။

အဲဒီ့နေရာကို မန္တလေးမြို့နဲ့ ပြင်ဦးလွင်မြို့တွေက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေနဲ့ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တွေ လာရောက်ပြီး ဒုက္ခသည်များကို အားပေးစကားများ ပြောကြားခဲ့ကြပါတယ်။

သတင်းဓါတ်ပုံ - အိမ်ခိုင်မြဲ

“ဦးဝီရသူ- နိုင်ငံတော်သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက စုဒ္ဒသမရွှေကျင်သာသနာပိုင် သက်တော်ရှည် ဝါဆိုဆရာတော်ကြီး၏ ၉၇-နှစ်ရောက် မွေးနေ့ပွဲသို့ တက်ရောက်ကြည်ညို” (30.5.2013 8:00 AM)

Photo

ဒီပဲယင်းဆယ်နှစ်ပြည့် အောက်မေ့ဖွယ်

ဒီပဲယင်းအရေးအခင်း ဆယ်နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် ကြည်ရွာ၌ မေလ၃၀ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ပြီး ဒေသခံလူထု နှစ်ထောင်ကျော်ခန့် တက်ရောက်ခဲ့ကြသည်။

“ဦးဝီရသူထံ- လန်ဒန်တိုင်းမ်သတင်းစာမှ Asia Editor Mr Richard Lioyd Parry လာရောက် အင်တာဗျူး”


၃ဝ-၅-၂ဝ၁၃ မွန်းတည့် (၁၂းဝဝ)၊ ဓမ္မစေတိယကျောင်းဆောင်ကြီး၌ လက်ခံတွေ့ဆုံ ဖြေကြားခဲ့သည်။
လားရှိုးကိစ္စက ဂျီဟတ်လုပ်ဖို့အတွက် အကွက်ဆင်တာဗျ။ ပထမ- ကိုနေဝင်းက တစ်မြို့လုံးပတ်ပြီး ပြဿနာရှာတယ်။ ဒုတိယ- ကုလားငါးယောက်က ကျူခုံစောင့်ကောင်လေးကို ဝိုင်းရိုက်တယ်။ ဒီထိ မြို့လူထုက ဘာမှ မတုန့်ပြန်ခဲ့ဘူးဗျ။ တတိယကျမှ ကုလားနေဝင်းက မအေးအေးဝင်းကို ဓာတ်ဆီလောင်းမီးရှို့ပြီး ပြဿနာမဖြစ်ဖြစ်အောင် ဖန်တီးလိုက်တာပါ။ အဲဒီတော့မှ မြို့လူထုက ဒေါသပေါက်ကွဲပြီး အကြမ်းဖက် တုန့်ပြန်လိုက်မိတာ။ ဒါဟာ မွတ်ဆလင်မ်တွေ ဆင်တဲ့အကွက်ထဲ ဝင်သွားတာပဲ။ ကြည့်ထားပါ။ မွတ်ဆလင်မ်တွေက မျက်ရည်ခံထိုးပြီး ကမ္ဘာကြီးကို ငိုပြတော့မယ်။ မြန်မာပြည်ကို ဂျီဟတ်လုပ်ဖို့ အာရပ်ကမ္ဘာကို တောင်းဆိုတော့မယ်။ ရခိုင်ကို မအောင်မြင်ကတည်းက မြန်မာတွေကို တအားငြိုးထားတာ။

ဘာသာရေးအကြောင်းပြ အကြမ်းဖက်မှုများကို ဆန့်ကျင်ကြပါစို့ မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ မေလ ၃၁ ရက် ၂၀၁၃ ခုနှစ် (အယ်ဒီတာ့အာဘော်)

လူသားတိုင်းအတွက် မွေးရာပါ အခြေခံလူ့အခွင့်အရေးတွင် လွတ်လပ်စွာယုံကြည်ခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်နှင့် အခြားလူမျိုးတို့၏ ယုံကြည်မှုတို့ကို လေးစားမှုရှိရပေမည်။ လားရှိုးမြို့တွင် လက်ရှိဖြစ်ပွားနေသော အကြမ်းဖက်မှုများ၊ ပစ္စည်းဥစ္စာ အဆောက်အဦးများ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦးများကို ပစ်မှတ်ထား ဖျက်ဆီးနေမှုများသည် လူ့အခြေခံအခွင့်အရေးကို ချိုးဖောက်မှုဖြစ်သည်။

နိုင်ငံသားတိုင်း အေးချမ်းလုံခြုံစွာ နေထိုင်နိုင်ရေးမှာ နိုင်ငံတစ်နိုင်ငံ ရပ်တည်ဖြစ်ထွန်းမှု၏ အခြေခံဖြစ်ပေသည်။ နိုင်ငံ၏ စီးပွားရေး တည်ငြိမ်တိုးတက်ကောင်းမွန်ရန်မှာ နိုင်ငံသားတိုင်း အခြေခံလူ့အခွင့်အရေးကို အေးချမ်းတည်ငြိမ်စွာဖြင့် ရရှိမှုတွင် အများအပြား မူတည်နေသည်။

မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းပေါ် လျောက်လှမ်းရန်ကြိုးစားနေချိန်တွင် နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာနိုင်ငံအတွင်း ဘာသာရေး အကြမ်းဖက်မှုများကို စိုးရိမ်ပူပန်စွာ အနီးကပ်စောင့်ကြည့်နေသည်။ မြန်မာနိုင်ငံ စီးပွားရေး ပြန်လည်ဖွံ့ဖြိုးတိုးတက်လာရန်မှာ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများအတွက် စိတ်ချရသော အခြေနေများကို ဖန်တီးပေးရန် အရေးကြီးသည်။

လုံခြုံရေးများ ချထားသည့်ကြားထဲက လမ်းမများပေါ်တွင် ဆိုက်ကယ်၊လူအုပ်စုလိုက် များဖြင့် တုတ်တရမ်းရမ်း၊ ဓါးတလှမ်းလှမ်းဖြင့် ဥပဒေမဲ့ ပြုလုပ်နေသည်မှာ ဥပဒေ စိုမိုးရေးအတွက် တာဝန်ရှိသူများ မျက်မှောက်တွင် ပင် ဖြစ်ပွားနေပေသည်။ တာဝန်အရှိဆုံးမှာ နိုင်ငံတော်အစိုးရ ဖြစ်ပေသည်။ အကြမ်းဖက်မှုများကို ထိရောက်စွာ မတားဆီး၊ မနှိမ်နင်းနိုင်ပါက အစရအား ပြည်သူလူထု၏ ယုံကြည်မှု လျော့လာလိပ်မည် ဖြစ်သည်။ သို့ရာတွင် အစိုးရတစ်ခုတည်းဖြင့် မပြီးပါ။ နိုင်ငံသားတိုင်းမှာ မိမိနိုင်ငံ အေးချမ်းသာယာဖွံ့ဖြိုးရေး၊ နိုင်ငံသားတိုင်း အေးချမ်းသာယာစွာနေနိုင်ရေးတို့အတွက် ကိုယ်စီတာဝန်ရှိကြပါသည်။

ထိုအကြမ်းဖက်မှုများကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ပြီး အရေးယူဆောင်ရွက်ရန် မြန်မာနိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်။ ငါနှင့်မဆိုင်လို့၊ ငါနှင့်မတည့်လို့၊ ငါနှင့် ဘာ သာမတူလို့ စသဖြင့် အကြောင်းအမျိုးမျိုးပြပြီး ဆိတ်ဆိတ်နေလျှင် ငါ့အလှည့်ရောက်လျှင် နောက်ကျသွားလိမ့်မည်။ အကြမ်းဖက်မှုက ငါ့ဘက်လှည့် လာသည့်အခါ ငါတစ်ယောက်တည်းပဲ ကျန်နေတော့မည်။

အထူးသဖြင့် လူနည်းစုများအား နိုင်ငံသားတိုင်း၏ တန်းတူအခွင့်အရေးဖြင့် ကာကွယ်စောင့်ရှောက်ရန် အရေးကြီးပေသည်။ အကြမ်းဖက်မှုများ၏ နောက်ကွယ်တွင် ကြိုးကိုင်လှုံ့ဆော်နေသူများ၊ အုပ်စုများ ရှိ၊ မရှိအားလည်း သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့အစည်းများအနေနှင့် တရားဥပဒေနှင့်အညီ မှန်မှန်ကန်ကန် စုံစမ်းဖော်ထုတ်သင့်ပြီး ထိုသူများ၊ ထိုအုပ်စုများရှိပါက တည်ဆဲဥပဒေများအရ တိတိကျကျ လျင်လျင်မြန်မြန် အရေးယူသင့်သည်။

Mizzima - News in Burmese

ဟံသာဝတီ ဦးဝင်းတင်နှင့် ဒေါ်စန်းစန်းနွဲ့(သာယာဝတီ) တို့ကို ရွှေကလောင်ဆု (Golden Pen of Freedom) လာရောက်ချီးမြှင့် Re-post By ACM 31-5-2013


မြန်မာနိုင်ငံမှ နာမည်ကျော် စာရေးဆရာနှင့် သတင်းစာဆရာများ ဖြစ်ကြသော ဟံသာဝတီ ဦးဝင်းတင်နှင့် ဒေါ်စန်းစန်းနွဲ့ (သာယာဝတီ) တို့ကို World Association of Newspapers and News Publishers အဖွဲ့မှ ရွှေကလောင်ဆု (Golden Pen of Freedom Award) ကို မေ ၃၀ ရက်တွင် လာရောက်ချီးမြှင့်ခဲ့သည်။

၎င်းတို့နှစ်ဦးမှာ ရွှေကလောင်ဆုအတွက် ၂၀၀၁ ခုနှစ်ကတည်းက ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သော်လည်း အခြေအနေ အရပ်ရပ်ကြောင့် ယခုအချိန်မှ ကိုယ်တိုင်လာရောက်ပြီး အိမ်အရောက် လိုက်လံချီးမြှင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

''ဒီကနေ့ နိုင်ငံ့အခြေအနေက အများကြီး တိုးတက်လာပေမယ့် လုံလောက်မှု မရှိသေးပါဘူး။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာရော၊ လူ့အခွင့်အရေး ကိစ္စရပ်တွေမှာရော၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ကိစ္စရပ်တွေမှာရော၊ ငြိမ်းချမ်းရေး ကိစ္စရပ်တွေမှာရော ပြောင်းလဲနေပြီ ဆိုပေမယ့် လုံလောက်တဲ့ နက်ရှိုင်းမှု မရှိသေးပါဘူး'' ဟု ဦးဝင်းတင်က ဆုကို လက်ခံရယူစဉ်တွင် ပြောကြားခဲ့သည်။

အဆိုပါဆုကို World Association of Newspapers အဖွဲ့က ၁၉၆၁ ခုနှစ်ကတည်းက စတင်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး စာပေလွတ်လပ်ခွင့် ရရှိစေရန် ရေးသားသူ၊ ပြုမူသူ တစ်ဦးတစ်ယောက်ချင်းကို ဖြစ်စေ၊ အစုအဖွဲ့ တစ်ခုကိုဖြစ်စေ၊ အဖွဲ့အစည်း တစ်ခုကိုဖြစ်စေ နှစ်စဉ်ပေးအပ်သော ဆုဖြစ်သည်။

မြန်မာနိုင်ငံ၏ လတ်တလော မီဒီယာလွတ်လပ်ခွင့် အခြေအနေနှင့် ပတ်သက်၍လည်း ဦးဝင်းတင်က ''မီဒီယာကဏ္ဍဟာ လုံးဝ လွတ်လပ်ပြီလို့ ပြောလို့မရသေးပါဘူး။ အရင်က တစ်ချိန်လုံး ဆင်ဆာရှိခဲ့တော့ လူတွေက အကျင့်ပါပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ဆာဖြတ်မိနေတာတွေ ရှိနေတုန်းပါပဲ။ လူငယ်စာနယ်ဇင်းသမားတွေ အနေနဲ့လည်း လုပ်ချင်ကိုင်ချင်စိတ် ရှိကြပြီး စိတ်အားထက်သန် ကြပေမယ့် စနစ်ကျတဲ့ လေ့ကျင့်သင်ကြားမှုတွေ လိုအပ်နေပါသေးတယ်'' ဟု သုံးသပ်သည်။

''အခု မြန်မာနိုင်ငံက အရင်ကထက်စာရင် အများကြီး လွတ်လပ်လာပါတယ်။ ဒါပေမဲ့ ရှေ့ဆက်ပြီးတော့လည်း အများကြီး လုပ်ဆောင်သွားရပါဦးမယ်'' ဟု ဒေါ်စန်းစန်းနွဲ့ (သာယာဝတီ)က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ ရွှေကလောင်ဆု ရရှိခဲ့သူများမှာ ၁၉၆၃ ခုနှစ်တွင် နာမည်ကျော် သတင်းစာဆရာကြီး ဂါးဒီးယန်းဦးစိန်ဝင်း၊ ၂၀၀၁ ခုနှစ်တွင် ဟံသာဝတီဦးဝင်းတင်နှင့် ဒေါ်စန်းစန်းနွဲ့(သာယာဝတီ)တို့ ဖြစ်ကြသည်။

အဆိုပါ WAN အဖွဲ့သည် မေ ၃၀ ရက် ညနေပိုင်းတွင် စာနယ်ဇင်းကောင်စီသို့ သွားရောက်ကာ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။


Eleven Media Group

ပဲခူးတိုင်းဒေသကြီး၊ပေါင်းတည်မြို့ ၊ပေါ်တော်မူ ကျောင်းတိုက် အင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်း( သံဃာသီးသန့် ) သင်တန်းဆင်းပွဲအခမ်းအနား ( 30.5.2013 )

Photo: ပေါ်တော်မူ အင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်း( သံဃာသီးသန့် )
သင်တန်းဆင်းပွဲအခမ်းအနား ( 30.5.2013 )Photo: ပေါ်တော်မူ အင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်း( သံဃာသီးသန့် )
သင်တန်းဆင်းပွဲအခမ်းအနား ( 30.5.2013 )Photo: ပေါ်တော်မူ အင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်း( သံဃာသီးသန့် )
သင်တန်းဆင်းပွဲအခမ်းအနားတွင် ကြွရောက်တော်မူလာကြသည့် ဆရာတော် သံဃာတော်များ ... ( 30.5.2013 )

ပဲခူးတိုင်းဒေသကြီး၊ပေါင်းတည် သိမ်ကုန်းရွာ ယဉ်ကေးလိမ္မာသင်တန်းဆုပေးပွဲ အမှတ်တရပါ

Photo: ပေါင်းတည်   သိမ်ကုန်းရွာ ဆုပေးပွဲ အမှတ်တရပါ

ပြင်သစ်တွင် လိင်တူချင်း ပထမဆုံးအကြိမ် တရားဝင် လက်ထပ်ထိမ်းမြား


အသက်(၄၀)အရွယ်ရှိ Gayအခွင့်အရေး လှုပ်ရှားသူ အော်ဘင်သည် အစိုးရဝန်ထမ်း တစ်ဦးဖြစ်သော အသက်
(၃၀)ကျော်အရွယ် ဘွိုင်လူအော်နှင့် ထိမ်းမြားခဲ့ခြင်းကြောင့် ၎င်းတို့ နှစ်ဦးသည် နိုင်ငံ၏ ပထမဆုံး မှတ်ပုံတင်
Gayမောင်နှံ ဖြစ်လာကြောင်း ပြင်သစ် သတင်းစာများက ဖော်ပြခဲ့သည် ။

ဆန္ဒပြ ဆန့်ကျင်မှုများ အင်အားကြီးမားစွာ ပေါ်ပေါက်နေသော်လည်း ပြင်သစ်နိုင်ငံတွင် ပထမဆုံးအကြိမ် လိင်တူ
ချင်း ထိမ်းမြားလက်ထပ်မည့် http://www.myanmardailynews.org/2013/05/blog-post_31.html

လားရှိုး ပဋိပက္ခတွင် ပါဝင်လှုံ့ဆော်သည်ဟု ယူဆရသူ ၃၈ ဦးအား ဖမ်းဆီးထား၊ ဓာတ်ဆီလောင်း၍ မီးရှို့ခံထားရသူ အမျိုးသမီး သေဆုံးသည်ဆိုသည့် သတင်း မမှန်ကန် Created on Friday, 31 May 2013 04:03


မေ ၃၀ ရက်အထိ လားရှိုးမြို့အတွင်း ဖြစ်ပေါ်ခဲ့သော ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များတွင် ပါဝင်သူ ၃၈ ဦးအား ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
လားရှိုးမြို့နယ်အတွင်း အကြမ်းဖက် ဖျက်ဆီးမှုများနှင့် ပတ်သက်၍ ပါဝင်သူဟု ယူဆရသူများကို မေ ၂၉ ရက်မှ စတင်ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး မေ ၃၀ ရက် ညနေပိုင်းအထိ ဖမ်းဆီးထားသူ ဦးရေမှာ ၃၈ ဦး ရှိကြောင်း သိရသည်။
လမ်းပေါ်သို့ လူအုပ်စုဖြင့် ထွက်ကာ တုတ်ဓားလက်နက်များ ကိုင်ဆောင်ကာ အကြမ်းဖက် ဖျက်ဆီးမှုများ ပြုလုပ်သည်ကို တွေ့ရှိရသဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ ဖမ်းဆီး ထိန်းသိမ်းခံရသူများကို လားရှိုးထောင်တွင် စစ်ဆေးလျက်ရှိကြောင်း၊ ဖမ်းဆီးခံရသူ အများစုမှာ မြန်မာလူမျိုးများ ဖြစ်ပြီး အခြားတိုင်းရင်းသား အနည်းငယ် ပါဝင်ကြောင်း သိရသည်။

''ထိန်းသိမ်းထားတဲ့ ရည်ရွယ်ချက်က အကြမ်းဖက်မှု အခြေအနေတွေ တည်ငြိမ်သွားအောင် ခေတ္တ ထိန်းသိမ်းရတာ ဖြစ်ပါတယ်။ ဒေသတည်ငြိမ် အေးချမ်းရေးကို မပျက်စေဖို့ လိုက်လံထိန်းသိမ်း နေရတာ ဖြစ်ပါတယ်။ ဒီနေ့လည်း သာသနာရေး ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ကြီးကြပ်ဆောင်ရွက်ပြီး ဒုတိုင်းမှူးတွေ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတွေ အပါအ၀င် စစ်ကြောင်း ငါးကြောင်းနဲ့ တုတ်၊ ဓား လက်နက်ကိုင်ဆောင်တဲ့ အဖွဲ့အစည်းတွေကို လူစုခွဲတာတွေ၊ လိုက်လံရှင်းလင်းမှုတွေ ဆောင်ရွက်နေပါတယ်။ မေလ ၃၀ ရက်နေ့ အထိ လားရှိုးမြို့နယ် အခြေအနေက ထိန်းနိုင်တဲ့ အနေအထား ရှိပါတယ်။ ဖျက်ဆီးတဲ့ အဖွဲ့တွေကို ထိန်းနိုင်ပြီဖြစ်ပြီ ဖြစ်ပေမယ့် ပြဿနာကို ဖန်တီးဖို့စောင့်နေတဲ့ အဖွဲ့လေးတွေက ရှိနေပါသေးတယ်။ အင်နဲ့အားနဲ့တော့ မရှိတော့ပါဘူး'' ဟု သာသနာရေး ၀န်ကြီးဌာန၊ သာသနာထွန်းကား ပြန့်ပွားရေး ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးခိုင်အောင်က မေလ ၃၀ ရက်နေ့တွင် ပြောကြားခဲ့သည်။
ထို့အပြင် ဓာတ်ဆီလောင်း၍ မီးရှို့ခံထားရကာ ဆေးရုံတက် ကုသခံနေရသူ မအေးအေးဝင်း သေဆုံးသည် ဆိုသော သတင်းထွက်ပေါ် ခဲ့သော်လည်း မှန်ကန်မှု မရှိကြောင်း သိရသည်။
မေ ၃၀ ရက် နံနက် ၈ နာရီခန့်တွင် နယ်မြေ ၁၇၊ ရပ်ကွက်(၇)၌ ၂၀ ဦးခန့်ရှိသော လူတစ်စုက မွတ်စလင်တစ်ဦး ပိုင်ဆိုင်သော အိမ်တစ်လုံးကို ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သဖြင့် ယင်းဖြစ်စဉ်တွင် ပါဝင်ခဲ့သော လူ ၁၃ ဦးခန့်ကို သက်ဆိုင်ရာက ဖမ်းဆီးထိန်းသိမ်းခဲ့ရာ မေ ၂၈ ရက်မှ စတင်သည့် သုံးရက်တာ ပဋိပက္ခ ဖြစ်စဉ်အတွင်း ဆူပူလှုံ့ဆော်သူဟု သံသယရှိသူ စုစုပေါင်း ၃၈ ဦးအား ဖမ်းဆီးထားကြောင်း သိရှိရပါသည်။
လက်ရှိအချိန်တွင် ရှမ်းပြည်နယ် လားရှိုးမြို့နယ်၌ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး စစ်တပ်နှင့် ရဲတပ်ဖွဲ့အင်အား ၄၀၀ ခန့်ဖြင့် လုံခြုံရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လားရှိုးမြို့ ပြည်သူ့ဆေးရုံအနီး လမ်းမတော်လမ်းမပေါ်၌ လုံခြုံရေးဆောင်ရွက်နေသည်ကို မေ ၃၀ ရက်နံနက်ပိုင်းက တွေ့ရစဉ်
''လက်ရှိအချိန်မှာတော့ ဆူပူမှုတွေ အများစုကို ထိန်းချုပ်နိုင်ပြီလို့ ပြောလို့ရတယ်။ ဒီထက် ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပါတယ်'' ဟု လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူးဖြစ်သူက ဆက်လက်ပြောကြားသည်။
လားရှိုးမြို့နယ်အတွင်း လုံခြုံရေး အင်အားကို မေလ ၃၀ ရက်နေ့တွင် ထပ်မံတိုးမြှင့်ခဲ့ပြီး ခမရ ၅၀၄ ကို လားရှိုးမြို့ လုံခြုံရေးအတွက် အင်အားပူးပေါင်းထားကြောင်း သိရှိရသည်။
မေ ၂၈ ရက်မှစ၍ နှစ်ရက်တာ ပဋိပက္ခ ဖြစ်စဉ်ကြောင့် လူနေအိမ်ငါးလုံး၊ ဘာသာရေး အဆောက်အအုံသုံးလုံး၊ ဂိုဒေါင်လေးလုံး၊ ရုပ်ရှင်ရုံတစ်ရုံ၊ ဆိုင်ခန်း ၃၄ ခန်း၊ မော်တော်ယာဉ်နှစ်စီး၊ ဆိုင်ကယ် ၁၁ စီး ပျက်စီးခဲ့ကြောင်း သိရသည်။
မေ ၃၀ ရက် နံနက်ပိုင်း၌ လားရှိုးမြို့တွင် အခြေအနေမှာ ပုံမှန်အတိုင်းရှိခဲ့ပြီး လုံခြုံရေးကို ပိုမိုတင်းကျပ်စွာ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်။ လားရှိုးမြို့မ ဈေးကြီး၌လည်း ဈေးရောင်းချခွင့် ယာယီပိတ်ထားခဲ့သည်။
နေအိမ်မှ ထွက်ပြေးတိမ်းရှောင်နေရသော မွတ်စလင် ၁၀၀၀ ခန့်ကိုလည်း ရပ်ကွက် (၁၂) ရှိ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်း၌ စောင့်ရှောက်ထားကြောင်း သိရသည်။

ယင်းဘုန်းတော်ကြီးကျောင်းတွင် လာရောက်ခိုလှုံသူ မွတ်စလင်တစ်ဦးက ''ကျွန်တော်တို့ မိသားစုလေးယောက်စလုံး ရောက်နေပါတယ်။ စစ်တပ်၊ ရဲနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက အပြင်မှာနေရင် လုံခြုံရေး စိတ်မချရလို့ ဘုန်းတော်ကြီး ကျောင်းမှာပဲ နေထိုင်ဖို့ ပြောကြားထားပါတယ်။ ဆွေမျိုးသားချင်း တွေနဲ့တော့ အဆက်အသွယ်မရပါဘူး'' ဟု ဆိုသည်။
မြို့တွင်း၌လည်း သက်ဆိုင်ရာက''ပုဒ်မ ၁၄၄ ထုတ်ထားကြောင်း၊ ည ၇ နာရီ နောက်ပိုင်း အပြင်မထွက်ရန်လည်းကောင်း၊ လူစုလူဝေး မပြုလုပ်ရန်၊ တုတ်ဓားလက်နက် ကိုင်ဆောင်ခြင်းမပြုရန်''ကားဖြင့်လှည့်လည် အသိပေးလျက်ရှိသည်။
''လားရှိုးမြို့က ခြောက်ကပ်သွားပြီ။ အထူးသဖြင့် ရပ်ကွက် (၇) ဆိုရင် သုသာန်ပြင်လို ဆိတ်ငြိမ်လို့။ အကြမ်းဖက်လိုတဲ့ လူတွေကလည်း ဟိုနားစုစု၊ ဒီနားစုစုနဲ့။ စစ်တပ်၊ ရဲနဲ့ တာဝန်ရှိသူတွေက အကြောင်းကြားရင် ချက်ချင်းရောက်လာပေမယ့် သူတို့ လုံခြုံရေးမရှိတဲ့ဘက်ကို ရွှေ့ကြတယ်'' ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
လားရှိုးမြို့တွင် မွတ်စလင်အများအပြား ၀င်ရောက်လာခြင်း၊ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေခြင်း၊ လူစုလူဝေးများ ပြုလုပ်နေခြင်း စသည့် ကောလာဟလများ ထွက်ပေါ်ခဲ့သော်လည်း ညနေ ၅ နာရီ ၃၀ မိနစ်ထိ အခြေအနေ တည်ငြိမ်မှုရှိခဲ့သည်။

ညနေ ၄ နာရီခန့်တွင် မီးရှို့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယင်းမှာ လယ်ကွင်းအတွင်း၌ အမှိုက်ပုံမီးရှို့ခြင်းသာ ဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
သို့သော်လည်း ဈေးဆိုင်များ၊ စားသောက်ဆိုင်များမှာ ဖွင့်လှစ်ရောင်းချခြင်း မရှိခဲ့ဘဲ လမ်းမများပေါ်တွင်လည်း လူသွားလူလာမရှိသ လောက်ဖြစ်ခဲ့ပြီး တစ်မြို့လုံး ဆိတ်ငြိမ်ခဲ့သည်။
အကြမ်းဖက်မှုဖြစ်စဉ်များနှင့် ပတ်သက် ၍ မေ ၃၀ ရက် ညနေပိုင်းအထိ တုတ်၊ ဓား ကိုင်ဆောင် အကြမ်းဖက်ဆူပူသူ ၃၈ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
''အခုအကြမ်းဖက်မှု ဖြစ်စဉ်တွေကို ထိန်းသိမ်းတဲ့နေရာမှာ ရဲတပ်ဖွဲ့ရဲ့ဆောင်ရွက်မှုက ပြတ်သားပြီး ရဲရဲဝံ့ဝံ့ ဆောင်ရွက်ခဲ့ကြတာကို တွေ့ရပါတယ်။ လားရှိုးမှာ ရှိတဲ့သူတွေကလည်း အေးအေးချမ်းချမ်းနဲ့နေပြီး ကိုယ့်စီးပွားရေးကိုပဲ အာရုံစိုက်ကြတဲ့ သူတွေပဲဆိုတော့ အကြမ်းဖက်လိုသူတွေ ဖမ်းပြလိုက်တော့ မိတ္ထီလာဖြစ်စဉ်လောက် မကြီးထွားခဲ့ပါဘူး။ နောက်ပြီး အဓိကလှုံ့ဆော်သူနဲ့ လွတ်နေတဲ့ သူတွေကိုပါ ဖမ်းဆီးအရေးယူဖို့လိုပါတယ်။ ပါဝင်ဆောင်ရွက်ခဲ့ပေးကြတဲ့ သူအားလုံးကို ကျေးဇူးတင်ပါတယ်'' ဟု အမှတ်(၂) ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

အေးချမ်းမွန် Credit & Copy From >Eleven Media Group< Thank For Your Postst
Re-post By ACM 31-5-2013