Saturday, June 29, 2013

လူ့အခွင့်အရေးသမားများ ဖတ်ရန်


***မွတ်စလင်နှင့် လက်ထပ်ခွင့် မပြုသောနိုင်ငံ (သို့မဟုတ်) ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ကြသောနိုင်ငံ (သို့မဟုတ်) စင်ကာပူ***
========================================

တကယ်တော့ စင်ကာပူမှာ မွတ်စလင်နဲ့ အခြားဘာသာဝင်တွေကို လက်ထပ်ခွင့် ပေးမထားပါဘူး။ စင်ကာပူမှာ လက်ထပ်မော်ကွန်းရုံးကြီး ၂ ရုံးရှိပါတယ်။
(၁) လက်ထပ်မော်ကွန်းရုံး Registry of Marriages (ROM) http://app.rom.gov.sg/index.asp

(၂) မွတ်စလင် လက်ထပ်မော်ကွန်းရုံး Registry of Muslim Marriages (ROMM) http://app.romm.gov.sg/index.asp
ဆိုပြီး ရုံး ၂ ရုံး ထားရှိပါတယ်။

ပထမ ROM လက်ထပ်မော်ကွန်းရုံးက မွတ်စလင်မှ လွဲလို့ အခြားသော ဘာသာဝင်တွေအားလုံးကို လွတ်လပ်စွာ လက်ထပ်ပေးတဲ့ တရားရုံးပဲဖြစ် ပါတယ်။ ဗုဒ္ဓဘာသာ အချင်းချင်းသော်လည်းကောင်း၊ ဗုဒ္ဓဘာသာ နဲ့ ခရစ်ယာန်သော်လည်းကောင်း၊ ခရစ်ယာန်နဲ့ ဟိန္ဒူကိုသော်လည်းကောင်း ... ကျန်ဘာသာတွေအားလုံး လွတ်လွတ်လပ်လပ် လက်ထပ်ခွင့် ရှိပါတယ်။

Women’s Charter http://www.scwo.org.sg/index.php/resources အတိုင်းဆောင်ရွက်ကာ တစ်လင်တစ်မယားစနစ် ဥပဒေကို ပြဌာန်းတယ် ဆိုပါတော့ဗျာ။ အခြားဘာသာဝင်အားလုံး တစ်လင်တစ်မယားစနစ်ပဲ ကျင့်သုံးခွင့်ပေးထားပါတယ်။ ဒါပေမယ့် ဒီတရားရုံးမှာ လက်ထပ်မယ်ဆိုရင် မိမိဟာ မွတ်စလင်မဟုတ်ကြောင်း ထွက်ဆိုရပါတယ်။ မောင်နှံ နှစ်ယောက်စလုံး တစ်ယောက်မှ မွတ်ဖြစ်လို့ မရပါဘူး။ မွတ်အ၀င် မခံဘူးလို့ အလွယ်ပြောလို့ရပါတယ်။ ဒုတိယ ROMM မွတ်စလင်လက်ထပ်မော်ကွန်းရုံး ကတော့ မွတ်စလင်အချင်းချင်းကိုပဲ လက်ထပ်ပေးပါတယ်။ အခြား ဘာသာဝင်အမျိုးသမီး ခေါ်လာလို့ မရဘူးပေါ့ဗျာ။ (ဒီလင့်မှာလည်း http://en.wikipedia.org/wiki/Matrimonial_law_of_Singapore လေ့လာနိုင်ပါတယ်။)

ဒါဆိုရင် .. ဆိုပါတော့ .. မွတ်တစ်ယောက်က ဗုဒ္ဓဘာသာအမျိုးသမီး တစ်ယောက်ကို လက်ထပ်ချင်ရင်ဘယ်လိုလုပ်မလဲ .. ?
အဖြေက 'လက်ထပ်ခွင့် မရှိ'တဲ့.. ။ ဒါကိုမှ လက်ထပ်ချင်ရင် နည်း ၂ နည်းတော့ ရှိပါတယ်။

(၁) မွတ်က ဗုဒ္ဓုဘာသာကိုပြောင်းပြီး ပထမ ROM လက်ထပ်မော်ကွန်းရုံးမှာ လက်ထပ်ရမယ်။ (သို့မဟုတ်)

(၂) ဗုဒ္ဓုဘာသာအမျိုးသမီးက မွတ်ဘာသာကို ၀င်ပြီး ဒုတိယ ROMM မွတ်စလင်လက်ထပ်မော်ကွန်းရုံးမှာ လက်ထပ်ရမယ်။

.. ဟာ ... ဒါဆိုဘာထူးမှာလဲကွာ .. မွတ်က ဗုဒ္ဓုဘာသာအမျိုးသမီးကို မွတ် ဘာသာထဲ ၀င်ခိုင်းပြီး လက်ထပ်မှာပေါ့ကွာ လို့ စောဒကတက်နိုင်ပါတယ်။ .. ဒီလိုရှိပါတယ် ..။ ကျွန်တော်တို့ ဆီမှာ ကျတော့ မွတ်က မြန်မာမ တစ်ယောက် ကို ''လူကိုပဲယူပါ။ ယူပြီး မင်းလည်းမင်းဘာသာကို ကိုးကွယ်၊ ငါလည်း ငါ့ဘာသာကို ဆက်ကိုးကွယ်မယ်'' ဆိုပြီး လက်ထပ်ပါတယ်။ ယူပြီးနည်းနည်း ကြာမှ နည်းမျိုးစုံးသုံးပြီး မွတ်ဘာသာထဲ ၀င်ခိုင်းတယ်ပေါ့ဗျာ။ ဒီအချိန်မှာ နှိပ်စက်ရင် တရားရုံးမှာ တိုင်နိုင်တယ်ဆိုပေမယ့် ... ဒီအခြေအနေရောက် မှတော့ တိုင်ပါတော့မလား ...။

တိုင်လိုက်လို့ ဖမ်းပြီဆိုရင်တောင် သူ့ရဲ့ ပကတိအပျိုစင်ဘ၀ကို ပြန်ရပါဦး မလား? ဒီတော့ ဒီအခြေအနေရောက်မှတော့ မတိုင်တော့ဘူးပေါ့ဗျာ... သူတို့ဘာသာထဲပဲ ၀င်လိုက်တော့တာပေါ့။ တကယ်တော့ မွတ်စလင်အမျိုးသား တစ်ယောက်က သူ့အမျိုးသမီးက အခြားဘာသာ ဖြစ်နေရင် မွတ်ဘာသာထဲကို ရအောင်သွတ်သွင်းရပါတယ် .. မသွင်းနိုင်ရင် သူဟာတာဝန်မကျေဘူးပေါ့ဗျာ။

ဒီသဘောကို ကောင်းကောင်းနောကြေတဲ့ စင်ကာပူသားတွေက လိမ်ယူပြီး သူတို့အိမ်ရောက်မှ ဘာသာပြောင်းခိုင်းမယ့် အစား အစကတည်းက ရအောင်ပြောင်းခိုင်းနိုင်မှ ယူခွင့်ပြုပါတယ်။ … မယူခင်ဘာသာပြောင်းခိုင်းဖို့ ဆိုတာကြတော့ မွတ်အိမ်ထဲရောက်မှ ဘာသာပြောင်းခိုင်းရတာလောက် မလွယ်တော့ဘူးဗျ။ မိန်းကလေးဘက်က အလိုလိုနေရင်းစဉ်းစားစရာပို များသွားစေပါတယ်။
လူလည်းယူရမယ်? ..
ဘာသာလည်းပြောင်းရမယ်? ။
ဒီလိုဆိုတော့ မိဘတွေ၊ အသိုင်းအ၀ိုင်းတွေဘက်ကလည်း ပိုအချိန်ရသွား တာပေါ့ဗျာ။ ဒါကို အချိန်ဆွဲနိုင်ဖို့ စင်ကာပူသားတွေက ဒီနေရာမှာ တစ်ဆင့်ခံ ထားပြန်သေးသဗျ။ ဘာသာပြောင်းမယ်ဆိုရင်တောင် ချက်ချင်းပြောင်းလို့ မရဘူး။ အခြေခံ မွတ်ဘာသာသင်တန်းတွေ .. ဘာတွေတက်ခိုင်းသေးတယ် .. အဓိပ္ပါယ်က သူတို့ဘာသာကို အသေအချာမြည်းကြည့်ပြီး၊ ပြန်စဉ်းစားပြီးမှ၊ ကိုယ့်ဘာသာနဲ့ သေသေချာချာနှိုင်းယှဉ် စဉ်စားပြီးမှ ၀င်ပါဆိုတဲ့ သဘောပါ။ .. ဒီမှာတင် သတို့သမီးတစ်ချို့က ပြန်စိတ်ပြောင်းသွားတာပေါ့ဗျာ။

ဒီတော့ ဒီမှာလို သူတို့ဘာသာထဲ မ၀င်ဝင်အောင်ရိုက်နှက်ရတာတို့၊ ဘုရားပုံတော်ကို နင်းပြီး ပြောင်းခိုင်းရတာတို့ ဆိုတဲ့ ဖြစ်ရပ်မျိုးတွေ စင်ကာပူ မှာ မဖြစ်တော့ဘူးပေါ့ဗျာ။ ကိုယ့်ဘာသာကို စွန့်ခွာပြီး မွတ်ဘာသာကို ပြောင်းကာ မွတ်ကုလားနဲ့ သွားလက်ထပ်တယ်ဆိုတဲ့ စင်ကာပူ ဗုဒ္ဓုဘာသာ အမျိုးသမီး အရေအတွက်ဟာ အင်မတန်နည်းပါတယ်။ ဒီနေရာမှာတော့ ဥပဒေကြောင့် အပြင် နဂိုကတည်းက လူမျိုး၊ ဘာသာချစ်စိတ် အခြေခံကောင်း တဲ့ စင်ကာပူ တရုတ်အမျိုးသမီးတွေကိုလည်း ချီးကျူးရမှာပေါ့ဗျာ။

မွတ်တစ်ချို့ကတော့ အမျိုးသမီးကို စည်းရုံးလို့ မရတဲ့အခါမှာ သူတို့ကိုယ်သူတို့ အခြားဘာသာပါလို့ လိမ်ညာပြီး ROM လက်ထပ်ရုံးမှာ လက်ထပ်တာ ရှိပါတ ။ .. ဒါဆိုကော ဘာထူးသေးလဲကွာ .. ဆိုရင် .. မတူတဲ့ အချက်က အဲဒီအမျိုးသမီး ကို မွတ်ဘာသာထဲ ၀င်ခိုင်းလို့ မရတော့ပါဘူး။ အတင်းအကြပ် ၀င်ခိုင်းခဲ့ရင် သူ့ကိုယ်သူ အခြားဘာသာပါလို့ ရုံးတော်မှာလိမ်ငြာ ထွက်ဆို တာက တစ်မှု၊ မွတ်ဘာသာထဲကို အတင်းအကြပ်ဝင်ခိုင်းတာက တစ်မှုဆိုတော့ အမှုနှစ်မှု ဖြစ်မယ်ပေါ့ဗျာ။ ဒီအပြင် ROM လက်ထပ်ရုံးမှာ လက်ထပ်လိုက်ပြီ ဆိုတာနဲ့ နောက်တစ်ယောက်တော့ လုံးလုံးလျားလျားယူလို့ မရတော့ပါဘူး။ အမွေဆက်ခံမှုတွေက အစ မွတ်ထုံးစံကို လိုက်လို့မရတော့ပါဘူး။

ဒါဆို .. ဟုတ်ပါပြီ .. မွတ်အချင်းချင်း ၄ယောက်ယူပြီး လူနဲ့ မျိုမယ်ဆိုရင်ကော ?? … ဆိုတော့လည်း .. အလွယ်တကူ နောက်တစ်ယောက်ထပ်ယူလို့ မရအောင် ဥပဒေကို ပညာသားပါပါ ပြဋ္ဌာန်းတားမြစ်ထားပါတယ်။ ဒီနေရာမှာ ROMM မွတ်စလင်လက်ထပ်မော်ကွန်းရုံးကို MUSLIM LAW ACT နဲ့ အုပ်ချုပ်ပါတယ်။ မွတ်တွေကို ၄ ယောက်ယူခွင့်ပေးတယ်ပေါ့ဗျာ ... ဒါပေမယ့် တကယ်ယူဖို့ မလွယ်ဘူး။ နောက်တစ်ယောက်ယူချင်တယ်ဆိုတာနဲ့ နောက် တစ်ယောက်ကို ကျွေးနိုင်လောက်အောင်ချမ်းသာကြောင်း ပိုင်ဆိုင်မှုတွေ အကုန်ပြရပါတယ်။ ဒါဟာ ဘာကို တားလိုက်တာလည်း ဆိုတော့ သာမာန် လူတန်းစားနဲ့ ဆင်းရဲသားမွတ်တွေ နောက်မိန်းမယူခွင့် မရှိဆိုတာကို သွယ်ဝိုက်သောနည်းနဲ့ တားလိုက်တာပါ။ ယူခွင့်ရှိတဲ့ မွတ်အရေအတွက် အလိုအလျောက်နည်းသွားတာပေါ့ဗျာ။

ဒါဆိုသူဋ္ဌေးမွတ်တွေ လွတ်လွတ်လပ်လပ်ယူမှာပေါ့ ဆိုပြန်တော့လည်း ... ဒီလို ‘ထစ်’ထားပြန်တယ်။ နောက်တစ်ယောက်ယူမယ်ဆိုတာနဲ့ တရားရုံးမှာ လျှောက်ရပါတယ်။ ဒီအခါမှာ တရားရုံးက ဘာလုပ်သလဲဆိုတော့.. Kadi လို့ ခေါ်တဲ့ အရာရှိက .. ပထမ မိန်းမရော၊ နောက်ယူမယ့် မိန်းမကော နှစ်ယောက်စလုံးကို သီးခြားစီခေါ်ယူတွေ့ဆုံပြီး အသေးစိတ် အင်တာဗျုးပါတယ်။

လက်ရှိမိန်းမကို အဓိကမေးတာက နောက်တစ်ယောက်ယူတာကို မင်းသဘောတူရဲ့လား? လက်ခံနိုင်ရဲ့လား?

နောက်တစ်ယောက်ရောက်လာရင် မင်းစိတ်ချမ်းသာမှာ သေချာရဲ့လား ? ခြိမ်းခြောက်ထားလို့ သဘောတူနေရတာလား?

ဆိုတာတွေကို ခရေစေ့တွင်းကျ မေးတယ်ပေါ့ဗျာ။ သူက ‘NO’ ဆိုရင်ယူခွင့် မရှိပါဘူး ... ဘယ်လိုလဲ? မွတ်မတွေ သိပ်သဘောထားကြီးမယ်ထင်သလား? ကျွန်မယောက်ျား နောက်မိန်းမတစ်ယောက်ထပ်ယူမှာကို သိပ်ပျော်တာပဲလို့ ဖြေမယ်ထင်သလား? ...

အိုစမာဘင်လာဒင်ကို ခြေရာခံမိသွားတာဟာ သူ့ရဲ့ ပထမ မယားကြီးရဲ့ သတင်းပေးချက်ကြောင့်ပါလို့ စီအိုင်အေအရာရှိတစ်ဦးက ၀န်ခံ ပြောဆိုသွား ခဲ့ပါတယ်။ အငယ်ဆုံးမိန်းမကို ဂရုစိုက်လွန်းတာကို သည်းမခံနိုင်တော့လို့ ကိုယ့်ယောက်ျားကို သတ်မယ့်သူကိုတောင် မိတ်ဖွဲ့နိုင်တာကို ကြည့်လိုက်ရင် မွတ်စလင် အမျိုးသမီးတွေ မယားကြီး၊ မယားငယ်လုပ်ရတာကို မပျော်ပိုက်ကြဘူးဆိုတာ ထင်ရှားပါတယ်။ ဒါကို အသေအချာနားလည်တဲ့ စင်ကာပူသားတွေက မင်းတို့ရဲ့ ‘မယားကြီးရဲ့ သဘောတူလက်ခံမှု’ ရရင် နောက်မိန်းမတစ်ယောက်ထပ်ယူပါ ဆိုတာဟာ 'မယူနဲ့’ လို့ ပညာသားပါပါ တားထားတဲ့ ဥပဒေတစ်ရပ်ပဲ ဖြစ်ပါတယ်။

အခြားအသေးစိတ် အချက်အလက်တွေကို ဒီလင့်မှာ [http://policy.mofcom.gov.cn/english/flaw!fetch.action?id=bfd32cf9-e1e7-4378-8455-beb6d4f28c16&pager.pageNo=7#934446910-002016] ဖတ်ကြည့်နိုင်ပါတယ်။

၁၉၆၆ မှာ စတင်ပြီး တင်းကျပ်စွာရေးဆွဲကာ ကျပ်ကျပ်မတ်မတ်ဆောင် ရွက်လိုက်တာ ၁၉၇၀ နဲ့ ၁၉၇၄ အကြားမှာ လက်ထပ်ကြတဲ့ မွတ်အတွဲပေါင်း ၁၃,၁၂၃ မှာ ၃၅ ယောက်ပဲ မိန်းမတစ်ယောက်ထက်ပိုယူပါတော့တယ်။ ယနေ့အခါမှာ တော့ မိန်းမတစ်ယောက်ထက်ပိုယူတဲ့ စင်ကာပူမွတ်စလင် ဆိုတာ မရှိသလောက်တောင် ရှားသွားပြီ ဖြစ်ပါတယ်။

နောက်တစ်ခါ .. ဟုတ်ပါပြီ .. မိန်းမတစ်ယောက်ယူပြီး ကလေး တစ်ဒါဇင်လောက်မွေးနေရင်ရောလို့ စောဒကတက်နိုင်ပါသေးတယ်။ ဒါကိုလည်း သမ္မတကြီး လီကွမ်ယုက ၁၉၇၀ ခုနှစ်မှာ ‘Stop at Two’ ဆိုတဲ့ မူဝါဒကို ချမှတ်အကောင်အထည်ဖော်ခဲ့ပါတယ်။ မွတ်အပါအ၀င် မိသားစု အားလုံး ကလေး ၂ယောက်ထက်ပို မွေးခွင့်မရှိဘူးပေါ့ဗျာ။

ဒီလိုဆိုတော့ မွတ်တွေအနေနဲ့ မိန်းမကလည်း တစ်ယောက်ထက်ပို မယူရ၊ ကလေးကလည်း ၂ယောက်ထက်ပို မယူရဆိုတော့ သူတို့ ရဲ့ လူမျိုစီမံကိန်းကြီး လုံးဝရပ်ဆိုင်းသွားလေသတည်းပေါ့ဗျာ။ [ယခုအချိန်မှာတော့ စင်ကာပူဟာ ချမ်းသာနေပြီမို့ Stop at two ပေါ်လစီကို ဆက်လက် မကျင့်သုံးတော့ပါဘူး။ ကလေးပြန်မွေးခိုင်းပါပြီ။ ဒါပေမယ့် လူဦးရေအချိုးကိုတော့ သေသေချာချာ စောင့်ကြည့်နေပါတယ်။] ကျွန်တော့်တို့မြန်မာတော်တော်များများက မွတ်ဆိုရင် ကလေးယူနှုန်းတားခွင့်မရှိလို့ ပဲ သိကြတဲ့သူများပါတယ်။

တကယ်တော့ မဟုတ်ပါဘူး။ မိန်းမ ၄ ယောက်ယူသလိုပါပဲ။ တန်းတူထား ရင်ယူခွင့်ရှိတယ် လို့ပဲ ပြောထားတာပါ။ ကလေးမွေးတဲ့ကိစ္စလည်း ဒီသဘောပါပဲ ။ သူတို့ဘာသာမှာ ကလေးများများယူတာကို အားပေးတယ်ပဲ ပြောထားပါတယ်။ လုံးဝတားမြစ်ခွင့်မရှိလို့ ပိတ်ပင်ထားတာမဟုတ်ပါဘူး။ ဒါကြောင့်လည်း အခုအခါမှာ မွတ်စလင်နိုင်ငံ တော်တော်များများမှာ သားဆက်ခြား စီမံကိန်းတွေကို ဆောင်ရွက်လာနေကြပါပြီ။

ဒီနေရာမှာ ကျွန်တော်တို့နိုင်ငံမှာ လက်ရှိဆောင်ရွက်နေတဲ့ သားဆက်ခြား စီမံကိန်းအကြောင်း အနည်းငယ် ဝေဖန်ဆွေးနွေးချင်ပါတယ်။ ကျွန်တော်တို့ ဆီမှာ တစ်မိသားစု ကလေး ဘယ်နှစ်ယောက်လို့ အတိအကျသတ်မှတ် လိုက်ပြီလို့တော့ မကြားမိသေးပါဘူး။ ကျေးရွာတွေမှာ ဆရာဝန်၊ ဆရာမတွေ က ရွာသူရွာသားတွေကို သားဆက်ခြားဖို့ နားချကြပါတယ်။ မြန်မာတွေရဲ့ ထုံးစံအတိုင်း ပြောတဲ့စကားကို နားထောင်ကြတဲ့ အတွက် တားဆေးသုံးလာ ကြပါပြီ။ ဒါပေမယ့် မွတ်ရွာတွေမှာကျတော့ သူတို့ဘာသာက မတားခိုင်းဘူး ဆိုပြီး သိပ်မသုံးကြပါဘူး။

ဒီအတိုင်းဆက်သွားကြရင် တစ်ချိန်မှာ မြန်မာတွေနည်းပြီး မွတ်တွေများတဲ့ အနာဂတ်မြန်မာနိုင်ငံ ဖြစ်လာနိုင်ပါတယ်။ တစ်မိသားစု ကလေး ၄ ယောက်ဆို ၄ ယောက် .... စသဖြင့် တိတိကျကျ သတ်မှတ်ဖို့ လိုပါတယ်။ ဆရာဝန်၊ ဆရာမတွေရဲ့ အပြစ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အုပ်ချုပ်သူတွေနဲ့ နိုင်ငံရေး သမားများအားလုံး သေသေချာချာ လေးလေးနက်နက် စဉ်းစားချင့် ချိန်ပြီး တိကျတဲ့ မူဝါဒတွေချမှတ်ဖို့ လိုပါတယ်။ ရှေးယခင်ကာလတွေတုန်းက ‘အိမ်ထောင်၊ သားမွေး’ဆိုတာ လူမှုရေးကိစ္စသက်သက် ဖြစ်ခဲ့ပေမယ့် ယခု အခါမှာတော့ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးမက တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာနဲ့ပါ သက်ဆိုင်နေပြီဆိုတာကို သတိထားမိဖို့ လိုပါတယ်။

လက်ရှိကျွန်တော်တို့ နိုင်ငံမှာ ထွန်းကားလာတဲ့ အမျိုးသားရေးစိတ်ဓါတ်နဲ့ ပတ်သက်လို့လည်းဆွေးနွေးချင်ပါတယ်။ တကယ်တော့ ဒီအမျိုးသားရေး ၀ါဒဟာ ၁၉ ရာစုနဲ့ ၂၀ ရာစုမှာ အကြီးအကျယ်ထင်ရှားခဲ့ပါတယ်။ ဒီမျိုးချစ် စိတ်တွေပြင်းထန်ခဲ့တဲ့အတွက် ဥရောပသားတွေဟာ သူတို့လူမျိုးကောင်းစား ဖို့အတွက် ကမ္ဘာကို ကျွန်ပြုခဲ့တယ်ဆိုပါတော့။

ဟစ်တလာလို သိပ်အစွန်ရောက်သူတွေပေါ်လာတော့ ကမ္ဘာစစ်ကြီးတွေဖြစ်ပြီး ပြာကျခဲ့ကြပါတယ်။ စစ်ကြီးတွေပြီးတော့မှ ပြန်စဉ်းစားကျတော့ .. အော် မျိုးချစ်စိတ်တွေကြောင့် ငါတို့တွေ စစ်ဖြစ်ခဲ့ကြတာလို့ တွေးမိပြီး မျိုးချစ်စိတ်တွေ ကို အပြစ်မြင်ကာ ပြန်လျှော့ချကြတယ်ပေါ့ဗျာ။ ဒီနေရာမှာ ကျွန်တော်တို့ မြန်မာတွေ သံယောင်မလိုက်မိဖို့ လိုပါတယ်။ ကျွန်တော်တို့ နဲ့ သူတို့နဲ့က သမိုင်းကြောင်းချင်း မတူပါဘူး။

မြန်မာပြည်ဟာ သီပေါမင်းလက်ထက်မှာ ပါတော်မူတယ်ဆိုပေမယ့် အဓိကတာဝန်ရှိတာ မင်းတုန်းမင်းပါ။ သူလက်ထက်မှာ ပြင်ဆင်ဖို့ အချိန်ရပေ မယ့် တရားဝင်မိဖုရား ၆၀ အပြင် မောင်းမမိဿံ၊ မိဖုရားငယ်အပါအ၀င် မိန်းမ ၁၀၀ ကျော်နဲ့ အပျော်ကျုးနေတော့ တိုင်းပြည်အတွက် ပြင်ဆင်ဖို့ သတိမရနိုင် ဘူးပေါ့ဗျာ။ မင်းတုန်းမင်းသာ ကနောင်မင်းသားကြီး တစ်ဝက်လောက် တိုင်းပြည် အတွက် စိတ်ဝင်စားခဲ့ရင်၊ အမျိုးသားရေး ပေါ့ပေါ့မတွေးခဲ့ရင် သီပေါလို အရည်အချင်းမရှိသူ ဘုရင်တက်ဖြစ်ပြီး ပါတော်မမူနိုင်ဘူးပေါ့ဗျာ။

လက်နက်ချင်းကွာလို့သက်သက် ရှုံးတာမဟုတ်ပါဘူး။ [သီပေါမင်းသား ၁၆ နှစ်မှာ မင်းဖြစ်သလို အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ချူလာလောင်ကောင် မင်းသားဟာ အသက် ၁၄နှစ် နဲ့ သီပေါဘုရင်နဲ့ မရှေးမနှောင်းမှာ ဘုရင်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် တိုင်းပြည်ကို အပြည့်အ၀စိတ်ဝင်စားပြီး အသေအချာ ဥာဏ်ကစားနိုင်ခဲ့တော့ ပြင်သစ်လက်ကလွတ်သလို အဂ๎လိပ်လက်ကလည်း လွတ်ခဲ့ပါတယ်။] ဒီတော့ ဥရောပသားတို့က မျိုးချစ်စိတ်ပြင်ထန်ခဲ့လို့ နယ်ချဲ့တွေဖြစ်ခဲ့ချိန်မှာ ကျွန်တော်တို့က အမျိုးသားရေးပေါ့ပေါ့တွေးခဲ့ကြလို့ သူ့ကျွန်ဖြစ်ခဲ့ကြပါတယ်။ ဗိုလ်မင်းရောင်တို့၊ ၀န်းသိုစော်ဘွားကြီးတို့၊ ဗိုလ်ချုပ်အောင်ဆန်းတို့ ဦးဆောင်ခဲ့တဲ့ ကျွန်တော်တို့ ဘိုးဘွားတွေသာ ‘မဟာလူသားဆန်ဝါဒ’ ကျင့်သုံးပြီး British လည်းလူပဲ၊ မြန်မာလည်းလူပဲ .. လူ လူချင်းအုပ်ချုပ်တာ အရေးမကြီးဘူးလို့ တွေးခဲ့ကြရင် ကျွန်တော်တို့ အခုထိတောင် လွတ်လပ်ရေး ရဦးမှာ မဟုတ်သေးပါဘူး။

ဒါကြောင့် ဥရောပသားတွေအတွက် မျိုးချစ်စိတ်ဟာ အဆိပ်ဖြစ်ခဲ့တယ် ဆိုရင်တောင် ကျွန်တော်တို့အတွက် ကတော့ ဆေးလို့ပဲ ယုံကြည်ပါတယ်။ တကယ်တော့ သူတို့တတွေက မျိုးချစ်စိတ်များလွန်းနေတာ ဖြစ်ပြီး၊ ကျွန်တော်တို့တတွေက နည်းလွန်းနေတာပါ။ ဒီနေရာမှာ ဆရာတော်များက အမျိုးသားရေးစိတ်ဓါတ်များ မွေးကြဖို့၊ ကိုယ့်လူမျိုး၊ ဘာသာဝင်အချင်းချင်းချစ်ကြဖို့ ဆုံးမတာကို ခါးခါးသီးသီး ဖြစ်ကြတဲ့ မြန်မာတွေကို တွေ့လို့ အံ့အားသင့်မိပါတယ်။

ဆန့်ကျင်ပြောဆိုသူတွေကိုချည်းပဲ အံ့သြတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ မြန်မာတွေရဲ့ နားမှာ မျိုးချစ်စိတ်ဆိုတာကို အင်မတန်စိမ်းနေကြတာကို တွေ့မိလို့ပါ။ (အစွန်းရောက် မျက်ကန်းမျိုးချစ်မျိုးကို အားမပေးသလို ကောက်ရိုးမီး မျိုးချစ်စိတ်မျိုးကိုလည်း အားမပေးပါ။) မျိုးချစ်စိတ်ဆိုတာ ကျွန်တော်တို့ တစ်နိုင်ငံတည်းများ ကွက်ပြီး ပျောက်ဆုံးနေသလားလို့တောင် စဉ်းစားမိပါတယ်။ တကယ်တော့ ဘာသာခြား၊ လူမျိုးခြား တော်တော်များများ ဟာ ကလေးဘ၀ကတည်းက ကိုယ့်လူမျိုးကို ချစ်ကြဖို့၊ စည်းလုံးကြဖို့ သွန်သင်ခံခဲ့ကြရပါတယ်။ သူတို့လူမျိုးသူတို့ ချစ်ရမယ်ဆိုတာကို ဘယ်သူကမှ ကြီးလာမှ တစ်ကူးတစ်က ထပ်ပြီးသင်နေစရာ မလိုအောင်ကို သိကြပါတယ်။ စင်ကာပူမှာလည်း ဒီအတိုင်းပါပဲ။ စင်ကာပူ တရုတ်အမျိုးသမီးတွေဟာ သူတို့ နဲ့လူမျိုးတူ၊ ဘာသာတူတွေကို ပဲ ယူကြတာများပါတယ်။

သေသေချာချာပြန်စဉ်းစားကြည့်ရင် စင်ကာပူဆိုတာ မြို့သေးသေးလေးပါဗျာ။ မလေးရှားနဲ့ အင်ဒိုနီးရှားလို မွတ်စလင်နိုင်ငံကြီး ၂ နိုင်ငံရဲ့ အလယ်နားမှာ နေရတဲ့ မြို့လေးတစ်မြို့ပါ။ ‘မွတ်စလင်ပတ်လည် ၀န်းရံနေသောမြို့ကို စင်ကာပူဟုခေါ်သည်’ လို့တောင် ပြောလို့ ရပါတယ်။ တကယ်လို့များ ...
- စင်ကာပူသားတွေသာ သူတို့ခြံစည်းရိုးကို အသေအချာမကာရံခဲ့ကြရင် ...
- စင်ကာပူအစိုးရကသာ မွတ်တွေရဲ့ မျိုးပွားနှုန်းထိမ်းချုပ်တဲ့ ဥပဒေတွေကို ပညာသားပါပါ မပြဋ္ဌာန်းထားခဲ့ရင် …

- စင်ကာပူတရုတ်အမျိုးသမီးတွေသာ လင်ယူပက်စက်ခဲ့ကြရင် …
....... ''Islamic Republic of Singapore'' ဆိုတဲ့ နိုင်ငံသစ်တစ်နိုင်ငံဟာ ဒီကမ္ဘာမြေမှာ ပေါ်ထွန်းလာခဲ့တာ အတော်လေးတောင်ကြာနေလောက်ပါပြီ။ စင်ကာပူမှာ လက်ရှိမွတ်စလင် ၁၅ % ရှိပါတယ်။ ၁၉၆၅ မှာ လွတ်လပ်ရေး ရခဲ့တဲ့ စင်ကာပူဟာ လွတ်လပ်ရေးရခါစတုန်းကလည်း မွတ်စလင် ၁၅% ၊ အခုလည်း ၁၅% ပါ။ မွတ်ရာခိုင်နှုန်းတွေလုံးဝ တိုးမလာပါဘူး။

စင်ကာပူသားတွေဟာ အခုလိုကမ္ဘာကတောင် လေးစားရအောင် ချမ်းသာ ကြီးပွား တိုးတက်အောင် ဆောင်ရွက်နိုင်ရုံမက မွတ်စလင်တွေရဲ့ လူမျိုတိုက်စစ်အောက်မှာ ၀ါးမျိုမှုကို မခံခဲ့ကြရဘူးဆိုတာဟာ အစိုးရနဲ့ ပြည်သူ လက်တွဲညီညီ ဆောင်ရွက်နိုင်ခဲ့လို့ပါ။ အစိုးရက လိုအပ်တဲ့ ဥပဒေပြဋ္ဌာန်း ကာကွယ်နေချိန်မှာ ပြည်သူတွေကလည်း ကိုယ့်လူမျိုးတူ၊ ဘာသာတူချင်း အားပေးခဲ့ကြ၊ လက်ထပ်ခဲ့ကြပါတယ်။

ဒါကြောင့်မို့လို့ ကျွန်တော်တို့ နိုင်ငံမှာလည်း လူမျိုး၊ ဘာသာ၊ သာသနာ မကွယ်ပျောက်ရလေအောင် ပြည်သူပြည်သားတွေဘက်ကလည်း အမျိုးသားရေးစိတ်ဓါတ်တွေ ပြန်လည်နိုးကြားကြဖို့ လိုသလို အစိုးရအနေ နဲ့လည်း ကိုယ့်လူမျိုး၊ ဘာသာ၊ သာသနာကို ရေရှည်တည်တံ့အောင် ထိမ်းသိမ်းကာကွယ်ပေးနိုင်မယ့် လက်တွေ့ကျတဲ့ ဥပဒေအသစ်တွေ ပြဌာန်းပေးနိုင်ပါစေလို့ နှစ်သစ်ဦးမှာ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

လူမျိုး၊ ဘာသာ၊ သာသနာ အဓွန့်ရှည်တည်တံ့ပါစေလို့ ဆန္ဒပြုလျက် -
ဘယ်ဘာသာကိုမှ စော်ကားတိုက်ခိုက်ဖို့ မရည်ရွယ်ပါ။ ကိုယ့် လူမျိုး ၊ ဘာသာ၊ သာသနာ မကွယ်ပျောက်ရန် ထိန်းသိမ်းစောင့်ရှောက်ဖို့သာ ရည်ရွယ်ပါသည်။

အသက်မပြည့်သော မိန်ခလေးများကို မတရား စေခိုင်းမှု Saturday, June 29, 2013


အသက်မပြည့်သော မိန်ခလေးများကို မတရား စေခိုင်းမှုမန္တလေး
တိုင်း ဒေသကြီး၊ မန္တလေး စက်မှုဇုန်(၁)မြ၀တီ မင်းကြီး ကျောင်းတိုက် လမ်းတွင် တရုတ် လူမျိုးပိုင်သော သက်တန့်နီယွန် ကုမ္ပဏီ ရှိပါတယ်။ တရုတ် လူမျိုးတွေက မြန်မာ ဗီဇာနဲ့ နေတယ်လို့ ပြောပါတယ်။ သက်တန့်နီယွန် ဆိုတဲ့ဆိုင်းဘုတ် ကလည်း စစ်ဆေး ရေးတွေလာမှ တပ်ဆင် ထားလေ့ ရှိတယ်လို့ သိရပါတယ်။

လျှပ်စစ်မီးသီး ပြုလုပ်ရန် မိန်းခလေး တွေကို ခိုင်းစေ ပါတယ်။ မီသီးတွင် ပါရှိသော ခဲ ဆော်တဲ့ အလုပ်လုပ် ကြရပါ တယ်။ ခဲဆော်တဲ့ နေရာမှာ ထင်းရှူးဆီ သုံးပြီး ခဲ ဆော်ရမှာဖြစ်ပေမဲ့ ပြင်းလွန်းတဲ့ ဓါတု အက်စစ်တမျိုး သုံးပြီး ခဲဆော်ခိုင်း ပါတယ်။ မိန်းခလေးတွေ ကိုယ်တိုင် ထင်းရှူးဆီ ယူလာ ခဲ့ရင်တောင်မှတရုတ်တွေက လာသိမ်းသွားပါတယ်။ကျန်းမာရေး
စောင့်ရှောက်မှု မရှိပါဖူး အကာအကွယ်အနေနဲ့လက်အိပ်နဲ့နှာခေါင်း စွပ်ဆိုတဲ့ပေါပေါရနိုင် တာတောင် မပေးပါ ဘူးလို့ မလှိုင်မြို့ညောင်ကန်
ကျေးရွာမှ လာရောက်လုပ် နေကြတဲ့မိန်းခလေး အလုပ်သမားတွေက
ပြောပါတယ်။

နေစရာပေးထား ပေမဲ့မီး၊ ရေအသုံးပြုခ လုပ်ခ ကနေဖြတ် တောက်ပါတယ်။ မိုးရွာရင် မိုးမလုံလို့ မအိပ်ရဖူးလို့သိရှိ ရပါတယ်။ သုံးရက်လုပ်ခ လေးထောင်
ကျပ် ပေးနေတာနေ(၂၅၀၀)ကျပ်ပေးတာ မကျေနပ်ကြတာကို ပြောဆို ကြတောင်းဆိုကြတော့ နောက်နေ့ကစပြီး လာစရာ မလိုတော့ဘူးးဆိုပြီး တမင်သက် သက်အလုပ်ထုတ်လိုက် ပါတယ် တိုင်ချင်ရာ တိုင်ကြလို့လည်း တရုတ်လူမျိုး မြန်မာနံ မည် ယူထားတဲ့ကျော်ဝင်းထွန်းက တွန်းထုတ်ရင်း ဆိုတယ်လို့ သိရပါတယ်။

အလုပ် ထုတ်ခံရတဲ့ မိန်ခလေးများမှာ-(၁၅)နှစ်ထဲက ၀င်လုပ်နေတဲ့ မမီးမီး-ဘ-ဦးကြည်လင် ညောင်ကန် မလှိုင်မြို့။ အသက်(၁၃)နှစ်ထဲက လုပ်နေတဲ့ မခိုင်မွန်ဟန်-ဘ-ဦကြည် လင် ညောင်ကန် မလှိုင်မြို့။ အသက်(၁၆)နှစ်
ထဲက ၀င်ရောက်လုပ်နေတဲ့ မလှလှဝင်း -ဘဦးမောင်ညို ညောင်ကန်၊ မလှိုင်မြို့။

အသက်(၁၂)ခွဲလောက်ထဲက လုပ်နေတဲ့ မနီလာထွန်း ဘ-ဦးနိုင်ဝင်းညောင်
ကန်၊ မလှိုင်မြို့။ အသက်(၁၆)နှစ်ထဲက လုပ်တဲ့ မသင်းနွယ်အောင် ဘ-ဦးသန်းထွန်းအောင် ညောင်ကန်မလှိုင်မြို့။ အသက်(၁၆)နှစ် ထဲကလုပ်တဲ့ မတင်မော်အောင် ဘဦးသန်းထွန်းအောင် ညောင်ကန်၊ မလှိုင်မြို့။ အသက်(၂၄)နှစ်ထဲကလုပ်နေတဲ့မဇာဇာ ဘ-ဦးရဲဝင်း ညောင်
ကန်မလှိုင်မြို့။ အသက်(၂၂)နှစ်ထဲက လုပ်တဲ့ မနွယ်နွယ်ဝင်း ဘ-ဦးမောင်
ညို ညောင်ကန်၊မလှိုင် မြို့။ အသက်(၂၂)ခွဲထဲက လုပ်တဲ့မဖြူသီဝင်း ဘ-ဦးရီ ညောင်ကန် မလှိုင်မြို့။ အသက်(၂၂)နှစ်ထဲက လုပ်တဲ့မသူဇာ ဘ-ဦးမင်းလှိုင် ညောင်ကန်၊ မလှိုင်မြို့။ အသက်(၁၆)နှစ်ခွဲ ထဲက လုပ်တဲ့မမိုးမိုး ဘ-ဦးမင်းလှိုင် ညောင်ကန် မလှိုင်မြို့။

ထို (၁၁)ဦးမှာ အလုပ်သမား နစ်နာရမှုတို့ကို မြ၀တီဆရာ တော်နှင့် တပည့် ဒါယကာ ဦးဘိုကြိုင်(၀မ်းတွင်း)တို့ထံ လာရောက်ပြီး Rainbow တံဆိပ်ပါ မီးသီးသွင်း လုပ်ငန်း ၏ ရက်ရက်စက်စက် အလုပ်ထုတ် ခံရသော နစ်နာမှုတို့ကို သမ္မတကြီးနှင့် နိုငံတော် အဆင့်လူကြီးများ ထံဥပဒေနဲ့ အညီလုပ်ဆောင်ပေးပါရန် ပြောပြ အကူအညီတောင်း ခံလာတယ်ဆိုတာ သတင်းရရှိပါတယ်။ ခဲဆိပ်များကြောင့်လည်း ကျန်မာရေးချို့တဲ့နေရ တယ်လို့ သိရပါတယ်။ မြ၀တီ ဆ၇ာတော်-၀၉-၉၁၀၄၁၀၄၆၊၀၉-၃၃၁၁၅၅၀၉။ ကိုဘိုကြိုင်-၀၉-၃၃၁၁၅၅၀၄။ တို့ကို မေးမြန်း နိုင်ပါတယ်။

YoYarLay

ရုံးချိန်းရက် မှားရေးမိ၍ တရားခံ နှစ်ဦး ရဲစခန်းတွင် သုံးညအိပ်ခဲ့ရ Friday, June 28, 2013

ဗဟန်းမြို့နယ် တရားရုံးရီမန်ရုံးချိန်းရက် မှားယွင်းရေးသားခဲ့သဖြင့် အချုပ် တရားခံနှစ်ဦး အင်းစိန်အကျဉ်း ထောင်သို့မပြန်ရဘဲ ဗဟန်းရဲစ ခန်းတွင် သုံးညအိပ်ခဲ့ရကြောင်း ဗဟန်းမြို့နယ်ရဲစခန်းမှ သိရ သည်။ မူးယစ်တရားခံနှစ်ဦးဖြစ် သည့် အေးကျော်အောင်နှင့် ကျော်ငြိမ်းဦးတို့နှစ်ဦး၏ရုံးချိန်း ရက်မှာ ဇူလိုင် ၉ရက်ဖြစ်သည်ကို ဗဟန်းမြို့နယ်တရားရုံးက ဇွန် ၉ရက်ဟုဆိုပြီး ဇွန်၂၃ရက်တွင် ၎င်းတို့နှစ်ဦးကိုရုံးထုတ်စဉ်က မှားယွင်း ရေးသား ခဲ့သဖြင့် ယင်း နေ့တွင် အင်းစိန်အကျဉ်းထောင် မှ တရားခံနှစ်ဦးကို လက်မခံ သောကြောင့် ဗဟန်းရဲစခန်းတွင် ၎င်းတို့နှစ်ဦးကို သုံးညချုပ်ထား ပြီး ဇွန် ၂၆ရက်မှ ဗဟန်းတရား ရုံးသို့ပို့ဆောင်စစ်ဆေးပြီး ယင်း မှ တစ် ဆင့် အင်းစိန် အကျဉ်းထောင်သို့ ပို့ ဆောင်ခဲ့ကြောင်း သိရသည်။

''ဗဟန်းတရား ရုံးမှာ ရုံးချိန်းရက် ပြန်လည်ပြင်ဆင်ရတယ်။ အင်းစိန်အကျဉ်းထောင်ကို အချုပ်သားလာပို့ရင် ထောင်တာဝန် ရှိသူတွေက အသေးစိတ်စစ်ဆေးတယ်။ တစ်ခုခုမှားနေရင် လက်မ ခံဘူး။ ဒါတရားရုံး က ပေါ့ လျော့ လို့ဖြစ်တဲ့ကိစ္စပဲ''ဟု တရားလွှတ် တော်ရှေ့နေတစ်ဦးက ပြောသည်။ တရားရုံးများအနေဖြင့် တရားခံ များ၏ချုပ်မိန့်ရီမန်ရုံးချိန်းရက် များ မှားယွင်းရေးသားခြင်းများ ကို ဆင်ခြင်သင့်ကြောင်း ယင်းက ဆက်လက် ပြော ကြား သည်။

ယင်းနှင့် ပတ်သက်၍ ဗဟန်း ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ''အချုပ်တရားခံနှစ်ဦးကို ဗဟန်း စခန်းမှာ သုံးရက်ချုပ်ထားဖြစ် တယ်။ အစောင့်အကြပ်တွေ သေ ချာတော့ ချထားရတာပေါ့။ မ ထွက်ပြေးရအောင်လို့။ သူတို့ နှစ် ဦး က မူးယစ် ဆေးဝါးခံ နေရတာ ပါ''ဟု ပြောသည်။ အချုပ်စခန်းများမှ တရား ခံထွက်ပြေးမှုတစ်ခု မင်္ဂလာတောင် ညွန့်တရားရုံးအချုပ်တွင် လွန်ခဲ့ သည့်လအနည်းငယ်က ဖြစ်ပွား ခဲ့သေးကြောင်း သိရသည်။

Yangon Media Group

ကျွန်တော်တို့  မကွေးနည်းပညာရဲ့  အခြေအနေပါ နောက်ထပ် နှစ်မိုးသုံးမိုးလောက်ရွာရင် သဘောင်္နဲ့ ကျောင်းတက်ရမလား မသိဘူး !!!!!!

ကျွန်တော်တို့  မကွေးနည်းပညာရဲ့  အခြေအနေပါ
နောက်ထပ် နှစ်မိုးသုံးမိုးလောက်ရွာရင် သဘောင်္နဲ့ ကျောင်းတက်ရမလား မသိဘူး !!!!!!
☆☆★★☆☆★☆★☆★★ ☆☆★★☆☆★☆★☆★★

>>>>> MAGWAY GTU မှပိုက်ဆံကောက်ပြီး မပြင်ဖြစ်တဲ့လမ်းလေးပါ

မိုးမရွာတော့ ဖုန်ထ .... မိုးရွာတော့ ဗွက်ထ (ရေကြီး) တဲ့ ကျောင်းအ၀င်အထွက်လမ်း ပါ .......
ကျွန်တော်တို့ ကျောင်းသားတွေ အတွက် စာနာပြီး Share ပေးဖို့ မျှော်လင့်ပါတယ် ..... please Share For Us

ZAN HTET KO

ပျော်ဘွယ်မြို့နယ်မှ ရဲအရာရှိ သုံးဦးကို စစ်ဆေး

ရန်ကုန်- အာဏာပိုင်များနှင့် ပူးပေါင်းခဲ့သည်ဟု မူးယစ်တရားခံများက ထုတ်ဖော်ဝန်ခံသောကြောင့် ပျော်ဘွယ်မြို့နယ်မှ ရဲအရာရှိ သုံးဦးကို နေပြည်တော်မှ ရဲမှူးကြီး ကိုယ်တိုင်စစ်ဆေးနေကြောင်း သတင်းရရှိသည်။

ပျော်ဘွယ်နှင့် သာစည်မြို့နယ်များမှ မူးယစ်ဆေးရောင်းဝယ်သုံးစွဲ သူများကို မန္တလေးတိုင်းတောင်ပိုင်း မူးယစ်အဖွဲ့အထူးတပ်ဖွဲ့မှ ဖမ်းဆီး
စစ်ဆေးရာမှ တရားခံများက ထုတ်ဖော်သောကြောင့် ပျော်ဘွယ်မြို့နယ်မှ ရဲအရာရှိသုံးဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ရဲမှူးကြီး
အောင်မြတ်မိုးကိုယ်တိုင် စစ်ဆေးနေခြင်းဖြစ်ကြောင်း မြို့နယ်ထွေ/ အုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ရဲစခန်းရော သံသယရှိတဲ့ အိမ်တွေကို ပါဝင်ပြီး ရှာဖွေပါတယ်။ ရဲမှူးကြီးနဲ့ အတူ ရဲတပ်ရင်းတစ်ရင်းပါပါလာတယ်။ အရာရှိ သုံးယောက်ကိုလည်း ရဲမှူးကြီး ကိုယ်တိုင်စစ်နေပါတယ်”ဟု အဆိုပါ တာဝန်ရှိသူကဆိုသည်။

မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာတွင် ပါဝင်ပတ်သက်သည်ဟူသော သံသယဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အရေးယူစစ်ဆေးနေသော ရဲအရာရှိ သုံးယောက်မှာ ပျော်ဘွယ်မြို့နယ်ရဲစခန်း ဒုရဲအုပ် အောင်မြတ်ဦး၊ မြို့နယ်သတင်းတပ်ဖွဲ့မှ ဒုရဲအုပ် နီနီလင်းနှင့် မြို့နယ်မီးသတ် ဦးစီးဌာန ဒုဦးစီးမှူး ဇင်းမင်းထွန်းတို့ဖြစ်သည်။

မူးယစ်ဆေ၀ါး၊လက်နက်နှင့် တရားမ၀င်လိုင်စင်မဲ့ မော်တော်ယာဉ်များ သယ်ဆောင်ရောင်းဝယ်မှုတွင် ရဲအရာရှိများပါဝင်ပတ်သက်သောကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးနှင့်တမူးခရိုင်များတွင် ဇွန် ၁၅ ရက်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်ကတိုက်ရိုက်စစ်ဆေးအရေးယူခဲ့သည်။ သတင်းပေးတိုင်ကြားသော ဒေသများသို့လည်းရှောင်တခင် စစ်ဆေးအရေးယူနိုင်ရန် ရဲအရာရှိအင်အား တစ်ရာခန့်ပါဝင်သော အထူးရဲတပ်ဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ပျော်ဘွယ်မြို့နယ် ရဲအရာရှိများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ အရေးယူစစ်ဆေးနေခြင်းသည် ဒေါ်အောင်ဆန်းစုကြည်က မူးယစ်ဆေးဝါး ပြဿနာများတွင် အုပ်ချုပ်ရေးပိုင်းမှ ထိထိရောက်ရောက် အရေးမယူဘဲ လျစ်လျှုရှုထားသည်ဟု ထင်မြင်ကြောင်း ပြောဆိုပြီးနောက် နေပြည်တော်မှ ဒုတိယအကြိမ်မြောက် အရေးယူခြင်းဖြစ်သည်။ မေ ၂၇ ရက်က ရန်ကုန်မြို့ ရွှေဂုံတိုင်တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမအကြိမ် ကော်မတီအစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြူတင်းပေါက်မှာ ချစ်တင်းနှောနေစဉ် ပြုတ်ကျသေဆုံးသော စုံတွဲ 29.6.2013


လူသေစေနိုင်လောက်အောင် ပူသော ရာသီဥတုဖြစ်ပါတယ်။ အကြောင်းမှာ ဝူဟန်က စုံတွဲတစ်တွဲ ပြူတင်းပေါက်မှာ ချစ်တင်းနှောရင်း ပြုတ်ကျသေဆုံး ရသောကြောင့် ဖြစ်သည်။

မကြာသေးခင်က စုံတွဲတစ်တွဲက လေရအောင် ပြူတင်းပေါက်မှာ ချစ်တင်းနှောရလောက်တဲ့အထိ ပူအိုက်ကြောင်းကို netizen က ဖော်ပြသွားခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာပဲ အဲဒီစုံတွဲက ပျော်ရွှင်ရန်အတွက်သာ စိတ်အားပြင်းပြနေခဲ့ပြီး၊ သူတို့ရဲ့ ပျော်စရာအချိန်လေးကို ၎င်းပြူတင်းပေါက်က ဖျက်ဆီးသွားလိမ့်မယ်ဆိုတာကို သတိမပြုမိခဲ့ပါဘူး။ သူတို့ ပျော်ပါးနေစဉ်မှာပဲ ရုတ်တရက် ပြူတင်းပေါက်ကျိုးပျက်သွားပြီး သူတို့နှစ်ဦးလည်း အဆောက်အအုံထက်မှ ပြုတ်ကျသေဆုံးခဲ့ရပါတယ်။

netizen ရဲ့ ပြောပြချက်အရ ထိုစုံတွဲက သူတို့ရဲ့ ပျော်စရာအချိန်လေးမှာ ဒီပြူတင်းပေါက်ရဲ့ အားနည်းမှုကို သတိမပြုမိခဲ့ကြပါဘူး။ အဲဒီလိုနဲ့ အမျိုးသမီးက အထွတ်အထိပ်ရောက်လာတာနဲ့ တပြိုင်နဲ့ သူမခါးကိုလည်း ခုံးလိုက်တာကြောင့် ပြူတင်းပေါက်က တွန်းအားကို မခံနိုင်ပဲ ကျိုးပျက်သွားပြီး သူမ ဟန်ချက်ပျက်သွားပါတယ်။ စုံတွဲနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ဖက်ထားတာကြောင့် သူတို့နှစ်ဦးစလုံး အဆောက်အဦးပြင်ပကို ပြုတ်ကျသေဆုံးခဲ့ပါတယ်။

MDSG

ငွေစု ဘဏ်စာရင်းဖြင့် ATM စက်များတွင် ငွေထုတ်နိုင်သည့် ဝန်ဆောင်မှု စမည် ရန်ကုန်၊ ဇွန် ၂၇

ဘဏ်ဝန်ဆောင်မှုများ လျင်မြန်စွာ တိုးတက် မြင့်မားလာသည့် မြန်မာနိုင်ငံ တွင် စာရင်းရှင် အပ်ငွေစာရင်း (Current Account) ရှိမှသာ ATM (အလို အလျောက် ငွေထုတ်စက်) များတွင် ငွေထုတ်နိုင်သည့် စနစ်မှ ငွေစု ဘဏ် စာရင်းဖြင့် ATM စက်များတွင် ငွေထုတ်နိုင်သည့် ဝန်ဆောင်မှု စတင်တော့ မည်ဖြစ်ကြောင်း ယင်းစနစ် စတင်လုပ်ဆောင်မည့် ကမ္ဘောဇဘဏ်နှင့် သမဝါယမဘဏ် တို့ထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ ဘဏ်စနစ်များ တပ်ဆင်ပြီးပါက အတိုးရရှိသည့် စုငွေစာရင်းဖြင့် ATM ကတ်များ အသုံးပြုခြင်း၊ မိုဘိုင်းလ်ဖုန်းဖြင့် ဘဏ် ဝန်ဆောင်မှု၊ အင်တာနက်ဖြင့် ငွေစာရင်း လက်ကျန်စာရင်းကြည့်ခြင်းနှင့် ဈေးဝယ်ခြင်း စသည့် ဘဏ်ဝန်ဆောင်မှုများကို လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း သမဝါယမ ဘဏ်၏ အကြီးတန်း အရာရှိ တစ်ဦးက ရှင်းပြသည်။

ကမ္ဘောဇဘဏ်က Oracle Systemနှင့် သမဝါယမဘဏ်က Temenos T24 System များကို ဘဏ်ခွဲများတွင် စတင် စမ်းသပ်နေခြင်းဖြစ်ပြီး အချိန်နှစ်လ ခန့် ကြာမြင့်ဖွယ်ရှိကာ အဆင်ပြေပါက အများပြည်သူ လက်တွေ့ အသုံးပြုနိုင်ရန် စတင် လုပ်ဆောင်မည်ဖြစ်ကြောင်း အဆိုပါ ဘဏ်များထံမှ သိရသည်။

Temenos T24 Systemကို ဆွစ်ဇာလန် စတော့ဈေးကွက် စာရင်းဝင် Temenos Group AG က ပြုလုပ်ခြင်းဖြစ်ပြီး Temenos Group သည် ဘဏ်နှင့် သက်ဆိုင်သည့် ဆော့ဖ်ဝဲများကို အဓိကပြုလုပ်သော ကုမ္ပဏီဖြစ်ကာ နိုင်ငံပေါင်း ၁၂၅ နိုင်ငံမှ ငွေကြေး အဖွဲ့အစည်း ၁၀၀၀ ခန့်အတွက် နည်းစနစ်များ ပြုလုပ်ပေးလျက်ရှိသည်။

Oracle သည် အမေရိကန်အခြေစိုက် ကွန်ပျူတာနည်းပညာ ကော်ပိုရေးရှင်း တစ်ခုဖြစ်ပြီး ကွန်ပျူတာ ပစ္စည်းများအတွက် စနစ်များပြုလုပ်ခြင်းကို အဓိက လုပ်ဆောင်နေသော ကုမ္ပဏီ တစ်ခုဖြစ်ပြီး မိုက်ခရိုဆော့ဖ်နှင့် အိုင်ဘီအမ် ပြီးလျှင် တတိယ အကြီးဆုံး ဆော့ဖ်ဝဲ ကုမ္ပဏီ တစ်ခုဖြစ်သည်။The Voice Weekly

"လက်ကိုင်ဖုန်းပြောဆိုခ များ တစ်မိနစ်လျင် ၅ ကျပ် နှုန်းအထိ ကျဆင်းလာနိုင်ဟု ဆက်သွယ်ရေး ဒု ၀န်ကြီးဆို" စိုင်းနောင် နေပြည်တော် ဇွန်၊၂၈

GSM နှင့် CDMA လက်ကိုင်ဖုန်းများ၏ ပြောဆိုဆက်သွယ်ခကို တစ်မိနစ်လျင် ၅ ကျပ်နှုန်း အထိကျဆင်းလာနိုင်သည့် အလားအလာ ရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးသောင်းတင်က ပြည်သူ့လွှတ် တော်တွင် ပြောကြားလိုက်သည်။
"ခုအချိန်ထိ (၅) ကျပ် နှုန်းအထိ အဆိုပြု ကမ်းလှမ်းထားတာ များမရှိသေးသည့်တိုင် အပြိုင် အဆိုင် လုပ်လာ ကြမည့် ကုမ္မဏီ ၄ ခုအနေနဲ့ ပြိုင်ဆိုင် မှု ရဲ့ သဘောတရား အရ တစ်ချိန်ပြီး တစ်ချိန် ဈေး နှုန်းတွေ ကျဆင်းလာမှာ ဖြစ် ပါတယ်။ တစ်ချိန်ချိန် မှာ တော့ ၅ကျပ် နှုန်း အထိကျဆင်းကောင်း ကျဆင်းလာနိုင်ပါတယ်" ဟု ဒု ၀န်ကြီးကပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ လသာ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့် က "လက်ကိုင်ဖုန်းများ၏ ပြောဆို ဆက်သွယ်ခကို တစ်မိနစ်လျှင်(၅၀)ကျပ်နှုန်းမှ (၅)ကျပ်နှုန်းသို့ လျှော့ချပေးရန် လက်ကမ်းအဆိုပြုလာသည့် ကုမ္ပဏီများ ရှိ/မရှိနှင့် မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်းက ဦးဆောင် လျှော့ချ သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းကာ ပြည်သူ့လွှတ်တော်တွင် မေးမြန်းခဲ့ ခြင်းဖြစ်သည်။
ထို့ပြင် ဒု ၀န်ကြီးက "ကျွန်တော် တို့ ဝန်ကြီးဌာန က လွှတ်လပ်စွာဈေးကွက်ယှဉ် ပြိုင် မှု အရ ဈေးနှုန်းကိစ္စကို သတ်မှတ်မှာ မဟုတ်ပါဘူး
သူတို့ အနေ နဲ့ လွှတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ပေးမှာ ဖြစ်ပါတယ်" ဟု ထပ်လောင်းပြောကြားသည်။
လက်ရှိတွင် GSM ၊CDMA လက်ကိုင်ဖုန်း များ၏ပြောဆိုဆက်သွယ်ခကို တစ်မိနစ်လျှင် (၅၀)ကျပ် နှုန်းမှ (၅) ကျပ်နှုန်းသို့လျှောချပေးရန်ကမ်းလှမ်း အဆိုပြုလာသည့် ကုမ္မဏီများ
မရှိသေးကြောင်း ဒု ၀န်ကြီး၏ ပြောကြားချက်အရ သိရသည်။Popular Myanmar News Journal

အမျိုးသားရေးအတွက် စင်ကာပူ နိုင်ငံက လက်ထပ်ခွင့် ဥပဒေ


စင်ကာပူမှာ မွတ်စလင်နဲ့ အခြားဘာသာဝင်တွေကို လက်ထပ်ခွင့် ပေးမထားပါဘူး။

စင်ကာပူမှာ လက်ထပ်မော်ကွန်းရုံးကြီး ၂ ရုံးရှိပါတယ်။

(၁) လက်ထပ်မော်ကွန်းရုံး Registry of Marriages (ROM)
[http://app.rom.gov.sg/index.asp]

(၂) မွတ်စလင် လက်ထပ်မော်ကွန်းရုံး Registry of Muslim Marriages (ROMM) [http://app.romm.gov.sg/index.asp]

ဆိုပြီး ရုံး ၂ ရုံး ထားရှိပါတယ်။

(၁) လက်ထပ်မော်ကွန်းရုံး Registry of Marriages (ROM)
[http://app.rom.gov.sg/index.asp]

ပထမ ROM လက်ထပ်မော်ကွန်းရုံးက မွတ်စလင်မှ လွဲလို့
အခြားသော ဘာသာဝင်တွေအားလုံးကို လွတ်လပ်စွာ လက်ထပ်ပေးတဲ့
တရားရုံးပဲဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ အချင်းချင်းသော်လည်းကောင်း၊ ဗုဒ္ဓဘာသာ နဲ့ ခရစ်ယာန်သော်လည်းကောင်း၊ ခရစ်ယာန်နဲ့ ဟိန္ဒူကိုသော်လည်းကောင်း ... ကျန်ဘာသာတွေအားလုံး လွတ်လွတ်လပ်လပ် လက်ထပ်ခွင့် ရှိပါတယ်။

Women’s Charter [http://www.scwo.org.sg/index.php/resources ] အတိုင်းဆောင်ရွက်ကာ တစ်လင်တစ်မယားစနစ် ဥပဒေကို ပြဌာန်းတယ်ဆိုပါတော့ဗျာ။ အခြားဘာသာဝင်အားလုံး တစ်လင်တစ်မယားစနစ်ပဲ ကျင့်သုံးခွင့်ပေးထားပါတယ်။

ဒါပေမယ့် ဒီတရားရုံးမှာ လက်ထပ်မယ်ဆိုရင် မိမိဟာ မွတ်စလင်မဟုတ်ကြောင်း ထွက်ဆိုရပါတယ်။

မောင်နှံ နှစ်ယောက်စလုံး တစ်ယောက်မှ မွတ်ဖြစ်လို့ မရပါဘူး။

မွတ်အ၀င် မခံဘူးလို့ အလွယ်ပြောလို့ရပါတယ်။

(၂) မွတ်စလင် လက်ထပ်မော်ကွန်းရုံး Registry of Muslim Marriages (ROMM) [http://app.romm.gov.sg/index.asp]

ဒုတိယ ROMM မွတ်စလင်လက်ထပ်မော်ကွန်းရုံးကတော့ မွတ်စလင်အချင်းချင်းကိုပဲ လက်ထပ်ပေးပါတယ်။

အခြားဘာသာဝင်အမျိုးသမီး ခေါ်လာလို့ မရဘူးပေါ့ဗျာ။

(ဒီလင့်မှာလည်း [http://en.wikipedia.org/wiki/Matrimonial_law_of_Singapore] လေ့လာနိုင်ပါတယ်။)

အခြားအသေးစိတ် အချက်အလက်တွေကို
ဒီလင့်မှာ [http://policy.mofcom.gov.cn/english/flaw!fetch.action?id=bfd32cf9-e1e7-4378-8455-beb6d4f28c16&pager.pageNo=7#934446910-002016] ဖတ်ကြည့်နိုင်ပါတယ်။

၁၉၆၆ မှာ စတင်ပြီး တင်းကျပ်စွာရေးဆွဲကာ ကျပ်ကျပ်မတ်မတ်ဆောင်ရွက်လိုက်တာ
၁၉၇၀ နဲ့ ၁၉၇၄ အကြားမှာ လက်ထပ်ကြတဲ့ မွတ်အတွဲပေါင်း ၁၃,၁၂၃ မှာ ၃၅ ယောက်ပဲ မိန်းမတစ်ယောက်ထက်ပိုယူပါတော့တယ်။

ယနေ့အခါမှာ တော့ မိန်းမတစ်ယောက်ထက်ပိုယူတဲ့ စင်ကာပူ မွတ်စလင်ဆိုတာ မရှိသလောက်တောင် ရှားသွားပြီ ဖြစ်ပါတယ်။

မင်းမောင် (ဆာမူရိုင်း)

ရှမ်းပြည်နယ်(တောင်ပိုင်း) ဟဲဟိုးလေဆိပ် တာဝန်ခံ ရဲမှူး ထူးနိုင် ဘာလဲ ဘယ်လဲ 29.6.2013



ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ် ဟဲဟိုးလေဆိပ်ကို ယခင်
စစ်တပ် က တာဝန်ယူပြီး နောက်မှာ စစ်တပ်ကနေ အသွင်းပြောင်းပြီး
လေကြောင်းရဲတပ်ဖွဲ့ကို ရောက်သွားတဲ့ ရဲမှူး ထူးအောင် ဟာ ဟဲဟိုးလေဆိပ်ကဌာနမတူသော နိုင်ငံ့ဝတ်ထမ်းများ ၊ ကုမ္ပဏီ ၀န်ထမ်းများအပေါ် လုံခြုံရေးအကြောင်းပြပြီး အာဏာရှင် တစ်ယောက် လို ဆက်ဆံပြောဆိုနေတယ်လို့ သိရပါတယ် ။

ရဲမှူး ထူးနိုင်ဟာ လုံခြုံရေးကို အကြောင်းပြပြီး အာဏာပြနေပေမယ့်လည်း
သူ့ရဲ့ပြောဆိုမှု များကတော့ ငွေကြေးလာဘ်လာဘကို မျှော်လင့်နေသူ
ကိုယ်ကျိုးရှာနေသူ ဆိုတာကို သက်သေအဖြစ် ဖော်ပြနေပါတယ် ၊ ဥပမာ - လ၀က၀န်ထမ်းများကို မှတ်ပုံတင်စစ်ရာမှာ လူနဲ့ မှတ်ပုံတင် တွဲပြီး စစ်ရမယ်
ဘယ်သူမှ ကင်းလွတ်ခွင့် မပြုနဲ့ ဆရာကျောင်း ဦးအောင်ကိုဝင်း ကိုတော့
ကင်းလွတ်ပြုလိုက် လေဆိပ် VIP ခန်းထဲကို ငါ့အမိန့် မရရင် ဘယ်သူမှ
ဝင်ခွင့်/အသုံးပြုခွင့် မပေးနဲ့တဲ့လို့ ပြောကြားခြင်းကို လေဆိပ်မှ
ဝန်ထမ်းတစ်ဦးရဲ့ ပြောဆိုချက်အရ သိရှိရပါတယ် ။

နောက် လေဆိပ်လုံခြုံရေးတာဝန်ယူထားတဲ့ ရဲတပ်ရင်းကို ကွင်းအ၀င်ဝ ငွေရတဲ့ဂိတ်ကို မစောင့်စေပဲ အပြင်စည်းလုံခြုံရေးသာ ယူဆောင်ရန်ဆိုပြီးပြောဆိုခဲ့တယ်လို့ ၊ ရဲအရာရှိတစ်ဦးက ထပ်မံ ပြောကြားပါတယ်။

ရဲမှူးထူးနိုင်ဟာ နိုင်ငံ့ဝန်ထမ်းများအပေါ် လုံခြုံရေးအကြောင်းပြ
ဆက်ဆံမှုတင်းမာသော်လည်း RCSS ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ဦးးယွက်ဆစ် လေဆိပ်ကိုရောက်ရှိလာစဉ်မှာတော့ သူကိုယ်တိုင် လုံခြုံရေး လုပ်ပေးခဲ့တယ်လို့သိရပါတယ် ။

ကဲ ရဲမှူး ထူးနိုင် ရေ ……………
လုံခြုံရေးဆိုတာ ဦးယွက်ဆစ် လုံခြုံရေးလား ပြည်သူ့လုံခြုံရေးလား
ဒါမှမဟုတ် ငွေရဖို့လား ဥပဒေဆိုတာ ဘယ်သူ့အတွက်လည်း ခရိုနီ ကာကွယ်တဲ့ ဥပဒေဆိုတာ ရှိလား ၀န်ထမ်းချင်း ရိုင်းဆိုင်းစွာ ဆက်ဆံတာများဟာ ၀န်ထမ်းကျင်းဝတ်
ဌာနကျင့်ဝတ်တွေကို မသိတာလား ဂရုမစိုက်တာလား

(ဆက်လက်ဖော်ပြပါမည်)

ကလောမြို့မှ ၀န်ထမ်းတစ်ဦး

Friday, June 28, 2013

Facebook Hack ခံရသည့် ကိစ္စကို ခွန်းဆင့်နေခြည်နှင့် ခင်ဇာခြည်ကျော်တို့ ဖုန်းပြောထားသော အသံဖိုင်။

အသံဖိုင် နားထောင်ရန်

တရုတ်ရှင်ကျန်းပြည်နယ် အူဂါနှင့်ဟန်လူမျိုးတို့အကြား ပဋိပက္ခ ၂၇ ဦးသေဆုံး Friday, June 28, 2013


အူဂါမွတ်ဆလင်များနှင့် ဟန်လူမျိုးများအကြား မကြာခဏ ပဋိပက္ခ ဖြစ်ပွားလေ့ ရှိသော တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်တွင် ဗုဒ္ဓဟူးနေ့ နံနက်စောစောပိုင်းက ပဋိပက္ခ ဖြစ်ပွားခဲ့ရာ လူ ၂၇ ဦး သေဆုံးသွားကြောင်း တရုတ်အစိုးရ၏ ဆင်ဟွာသတင်းတွင် ဖော်ပြထားချက်များကို ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။

... ရှင်ကျန်းပြည်နယ် မြို့တော် Urumqi ၏ အရှေ့တောင်ဘက် မိုင် ၁၂၀ ခန့်တွင် ရှိသော နယ်မြို့တစ်ခုဖြစ်သည့် တာဘန်တွင် ဓားများ ကိုင်ဆောင်ထားသော အကြမ်းဖက်လူတစ်စုက ရဲစခန်းနှင့် ဒေသခံအစိုးရ အဆောက်အအုံတစ်ခုကို တိုက်ခိုက်လာခြင်းကြောင့် ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းခဲ့ရခြင်းလည်း ဖြစ်သည်။

ယခုပဋိပက္ခနှင့် ပတ်သက်၍ ဆင်ဟွာ သတင်းဖော်ပြချက်များကို အတည်ပြုနိုင်ရန်မှာမူ သတင်းနှင့် ပတ်သက်၍ တင်းကျပ်စွာ ထိန်းချုပ်ထားခြင်းကြောင့် မလွယ်ကူကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။

အကြမ်းဖက် လူတစ်စုသည် လူများကို ဓားဖြင့်ထိုးခြင်း၊ ရဲကားများကို မီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

ယင်းပဋိပက္ခကြောင့် ရဲတပ်ဖွဲ့ဝင် ကိုးဦးနှင့် လူခုနစ်ဦး သေဆုံးခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ပစ်ခတ်ခြင်းကြောင့် လူ ၁၀ ထပ်မံ သေဆုံးခဲ့သည်။

ယခုနှစ် ဧပြီလကလည်း ရှင်ကျန်းပြည်နယ် Kashgar မြို့တွင် အူဂါမွတ်ဆလင်များနှင့် ဟန်လူမျိုးများ အကြား ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး နောက် လူ ၂၁ ဦး သေဆုံးခဲ့သည်။

၂၀၀၉ ခုနှစ်ကလည်း ရှင်ကျန်းပြည်နယ် မြို့တော် Urumqi မြို့တွင် အူဂါများနှင့် ဟန်လူမျိုးများအကြား ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်းကြောင့် လူ ၂၀၀ ခန့် သေဆုံး ခဲ့ရသည်။

The Voice Weekly

Google က Network Engineer


ပုံမှာ မြင်တွေ့နေရတာကတော့ Google ဌာနချုပ် Data Center မှာ အလုပ်လုပ်နေတဲ့ Denise Harwood အမည်ရ အမျိုးသမီး Network Engineer တစ်ဦး ဖြစ်ပါတယ်။

Trouble Shooting လုပ်နေတာပါ။ အပူချိန်လွန်ကဲနေတဲ့ ကွန်ပြူတာ processor ကို အဖြေရှာဖို့အတွက် Diagnoses လုပ်နေပုံ ဖြစ်ပါတယ်။

ကမ္ဘာတစ်လွှားက Request လုပ်သမျှ၊ ပို့သမျှ Data များကို သိမ်းဆည်းထားပေးတဲ့ ဧရာမ ကွန်ပြူတာခန်းကြီးမှာ ပါ။ ရေခဲတိုက် လိုပဲ အေးနေအောင် ထားရပြီး Stand by Device တွေအမြဲရှိရပါတယ်။ Network Engineer များကလည်း ပုံမှာ မြင်တွေ့ရတဲ့ Denise လိုပဲ နေ့ရောညပါ မနားတမ်းအလုပ်လုပ်ရတာပါ။ တာဝန် ကျတဲ့အချိန်အတွင်း ၂၄ နာရီပတ်လို့ ဖြစ်ပေါ်တဲ့ ကိစ္စအရပ်ရပ်တိုင်းကို ချက်ချင်းဖြေရှင်းပေးရပါတယ်။

Operation လုပ်နေရပြီး Implement လုပ်ပြီးသား Data Center ကို ဆက်လက် run နေအောင် ထိန်းသိမ်းပေးရခြင်းဖြစ်ပါတယ်။ ဒီမှာ ကွန်ပြူတာ အင်ဂျင်နီယာများလည်း ပါဝင်ပါတယ်။ အခြားသော ပညာရှင် များလည်း Data Center မှာ တာဝန်ထမ်းဆောင်ရပါတယ်။

Google မှ ခေါ်ဆိုတဲ့ အလုပ်အကိုင်အခွင့်အလမ်းများကို လိုအပ်ချက်များနဲ့ တကွ သိရအောင် အောက်ပါလခ့်မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။

www.google.com/about/jobs/

Ref:AP
Aung Kham (TSJ team)

http://blog.techspace.com.mm/2013/06/google-network-engineer.html

.

ဟိုင်းဝေးလမ်း ဖောက်ထားသော တာဝါ


ဂျပန်နိုင်ငံ၊ အိုစကာမြို့ မှာ တည်ရှိတဲ့ ၁၆ ထပ်တိုက်ဖြစ်ပြီး Gate Tower Building လို့ အမည်ပေးထားပါတယ်။

၁၉၉၂ ခုနှစ်က ဆောက်လုပ်ပြီးစီးခဲ့တာ ဖြစ်ပြီး ၅ထပ်၊ ၆ထပ်၊ ၇ထပ် စတဲ့ အထပ် သုံးထပ်ကို ဟိုင်းဝေးကားလမ်းဖောက်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဓာတ်လှေကားစီးရင် ယင်းအထပ်တွေကို အလိုအလျောက် ကျော် သွားပါတယ်။ ခေါင်မိုးမှာ ရဟတ်ယာဉ် ကွင်းလည်း ထားရှိထားပါတယ်။

ဟိုင်းဝေးလမ်း ကြောင့် တိုက်တုန်ခါမှု၊ အသံဆူညံမှု မဖြစ်အောင် အထပ်ပေါင်း များစွာ ခံထားပါတယ်။ ပြီးတော့ တိုက်တစ်ခုလုံးကိုလည်း double core -နှစ်ထပ် ပြုလုပ် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အစ ကတည်းက ယင်းနေရာမှာ ဟိုင်းဝေးလမ်း ဖြစ်ပြီး Suezawa Sangyo Co. Ltd မှ အစိုးရထံ ခွင့်ပြုချက်တောင်းလို့ ကြိုးစားတည် ဆောက်ခဲ့ တာ ဖြစ် ပါတယ်။ တည်ဆောက်ပေးတဲ့ ကုမ္မဏီကတော့ Sato Kogyo Co. Ltd. ဖြစ် ပါတယ်။

ယခုချိန်မှာတော့ Gate Tower မှာ ပုဂ္ဂလိက ရုံးနဲ့ ကုမ္မဏီအချို့ အခြေဆိုက်ပြီး ဂျပန်နိုင်ငံရဲ့  ပထမဆုံး ဟိုင်းဝေးလမ်းဖောက် တာဝါအဖြစ် မှတ်တမ်း တင်ခဲ့ကြောင်း သိရပါတယ်။
---
Ref: wiki
International news for myanmar

http://www.innewsmyanmar.com/2013/06/blog-post_28.html

.

ဗိုက်ပူ Transformer!!! မြန်မာ့ Animation တိုးတက်မှုအတွက် ဂုဏ်ယူမိပါတယ်။

ကြည့် ရှူရန်

ဖုံးနံပါတ်တစ်ခု လှလို့ဝယ်ထားတယ်

ဝယ်ဈေး လေးသိန်းပေးရပါတယ် ဈေးပိုရရင်ပြန်ရောင်းချင်ပါတယ် နံပါတ်က ဂဏန်း၂လုံးပဲမှတ်ရမယ် စီးပွားရေးလုပ်တဲ့သူတွေအတွက်အဆင်ပြေမယ်ထင်ပါတယ် စိတ်ဝင်စားတဲ့သူတွေcomment ရေးပေးခဲ့ပါ စာချုပ်စာတမ်းအပြည့်အစုံပါ ပါတယ် မကွေးကပါ လိုချင်ရင်ဆက်သွယ်လို့ရပါတယ် ဖုံးနံပါတ် 09-43102108 ကိုဆက်ပြီးမေးမြန်းစုံစမ်းနိုင်ပါတယ် ကဒ်မချိုးရသေးပါ နံပါတ်က 33336333 ပါ...ကျေးဇူးပါ

ဟာသလေး

Photo: နံရံပေါ်က စာသားများချဲရောဂါ
သမားများအတွက် သီရီတုံ ကြီးဒါကြောင့်
အရှင်ပြေနေတာ ထင်တယ်နော်..ဟဲ...ဟဲ

ဒေါ်အောင်ဆန်းစုကြည် လုပ်ကြံခံရကိန်းရှိတယ်လို့ တွက်ပြလိုက်တဲ့ ဆရာဇင်ယော်နီ Zayar Myatkhaing

Photo: ဒေါ်အောင်ဆန်းစုကြည် လုပ်ကြံခံရကိန်းရှိတယ်လို့ ကျွန်တော့်ကို တွက်ပြလိုက်တဲ့ ဆရာဇင်ယော်နီ

လူရွှင်တော် ကိုအရိုင်းအရိုးဆေးရုံ တင် Friday, June 28, 2013

လူရွှင်တော် ကိုအရိုင်း ပေါင်အရင်းမှာ သွေးမလျောက်တော့လို့  မနေ့  ဇွန် ၂၇ ရက် ညက အရိုးဆေးရုံ တင်လိုက်ရပါတယ်။ အခု ICU ထဲ ရောက်နေပါပြီ။ အခြေအနေကိုတော့ ညနေဆို သိရမယ် ။ ခွဲစိတ်မှု အားလုံး အဆင်ပြေပါစေ

DVB entertainment

အစ္စလာမ်ခင်ပွန်း၏ နှိပ်စက်မှုကြောင့် ဦးခေါင်းဒဏ်ရာလေးချက် ချုပ်ခဲ့ရသော မခင်မျိုးဦး ဗုဒ္ဓဘာသာသို့ပြန်လည်ကူးပြောင်းပွဲ ကျင်းပ


“ဆွမ်းလောင်း၊ ဘုရားဆွမ်းတော်ကပ်၊ ဘုရားရှိခိုးတိုင်း ပြင်းထန်စွာတားမြစ်ပြီး မကြာခဏရန်ဖြစ်တယ်။
ကျွန်မဦးခေါင်းကို ရိုက်ခွဲတဲ့အထိ ပြင်းထန်စွာ နာကျင်ဝေဒနာခံစားရအောင် ပြုလုပ်တယ်။ နေမကောင်းဖြစ်ရင်
လည်း ဆေးခန်းပို့မပေးဘူး။ စိတ်ဆင်းရဲပြီး သေအောင်သတ်မယ်လို့ အကြိမ်ကြိမ် ကြိမ်းမောင်းပြောဆိုခဲ့ပါ
တယ်” ဟု ဗဒ္ဓဘာသာသို့ ပြန်လည်ကူးပြောင်းသူ မခင်မျိုးဦးက ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းရှိ တိပိဋကနိ
ကာယ်ကျောင်းတိုက်တွင် ၂၃.၆.၂၀၁၃ တနင်္ဂနွေနေ့ညနေ ၃ နာရီက ကျင်းပပြုလုပ်ခဲ့သော ဗုဒ္ဓဘာသာပြန်
လည်ကူးပြောင်းပွဲအခမ်းအနားတွင် စာနယ်ဇင်းများ၏ မေးမြန်းချက်များတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။

မြိတ် ကမ်းနားလမ်း လုံးချင်းအိမ်ရာများ အရောင်းအဝယ်ဖြစ် Dawei Watch | သောကြာနေ့၊ ဇွန်လ ၂၈ ရက် ၂၀၁၃


တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်မြို့၊ ကမ်းနားလမ်း၊ သာကေတရပ်ကွက် မြိတ် ဈေးဝယ်စင်တာ (Myeik Shopping Center) အနောက်ဘက်ရှိ နှစ်ထပ်တိုက် လုံးချင်းအိမ်ရာများ အရောင်းအဝယ်ဖြစ် နေသည်ဟု လုံးချင်းတိုက် အိမ်ရာများကို ကြီးကြပ် ဆောင်ရွက်ပေးနေသူ ဦးဖိုးအောင်မှ သိရသည်။

ဆင်ဝင်၊ ရေ၊ မီး အစုံပါသော နှစ်ထပ် တိုက် လုံးချင်း ၁၉ လုံးရှိသည့်အနက် ၁၇ လုံးမှာ ရောင်းထားပြီး
ဖြစ်သည်ဟု ဦးဖိုး အောင်က ပြောသည်။

တန်ဖိုးအားဖြင့် နှစ်ထပ်တိုက် လုံးချင်း တစ်လုံးကို ငွေသိန်းပေါင်း ကျပ်၁၈ဝဝ နှုန်းဖြင့် ရောင်းချနေပြီး ဝယ်ယူသူအများ စုမှာ မြိတ်မြို့ပေါ်မှဖြစ်ပြီး ကော့သောင်း မြို့နှင့် ထားဝယ်မြို့များမှ ဝယ်ယူထားသူ များလည်း ရှိသည်ဟု ၎င်းက ပြောသည်။

''ဝယ်လိုအားကို ကြည့်ပြီး လိုအပ်ရင် ထပ်တိုးဆောက်သွားမယ်''ဟု ဦးဖိုးအောင် က ဆိုသည်။

ကမ်းနားလမ်းတွင် တည်ရှိပြီး မြင်ကွင်း ကောင်းခြင်းကြောင့် ယင်းသို့ ရောင်းကောင်းခြင်းဖြစ်သည်ဟု
ဒေသခံများက မှတ်ချက်ပြုသည်။

အဆိုပါ နှစ်ထပ်တိုက်လုံးချင်း အိမ်ရာများကို မြိတ်ဒေသခံ စီးပွားရေးလုပ်ငန်းရှင် တစ်ချို့မှ စုပေါင်းပြီး
ဆောက်လုပ်ထား ခြင်းဖြစ်ပြီး မြိတ်တွင် လုံးချင်းအိမ်ရာများ ဆောက်လုပ် ရောင်းချခြင်းသည် ပထမဦး ဆုံးအကြိမ် ဖြစ်သည်။

ကလေးလိုချင်လွန်းသဖြင့် ကြံမိကြံရာ လုပ်ခဲ့သည့် ဗြိတိန်သူ ....... Friday, June 28, 2013


ဗြိတိန်နိုင်ငံမှ အမျိုးသမီး တစ်ဦးက သူမသည် ကလေး လိုချင် လွန်းသဖြင့် အမျိုးသား ၂၀ နှင့်အတူ အိပ်ခဲ့ ဖူးကြောင်း ထုတ်ဖော် ဝန်ခံ လိုက်သည်။

အသက် ၂၅ နှစ် ရှိပြီ ဖြစ်သော လာရာ ကာတာက ပြီးခဲ့သည့် နှစ်များအတွင်း သူမသည် ကျန်းမာရေး အရ ကလေး ရနိုင်ရန် အလွန် ခက်ခဲ မည်ဟု သိလာ ပြီးနောက် ထို အဖြေကို လက်မခံ ချင်ခဲ့ဟု ဆိုသည်။ ထို့ကြောင့်လည်း မည်သူမှန်း မသိသည့် လူစိမ်းများနှင့် လိင် ဆက်ဆံခဲ့ကြောင်း လာရာက ဆိုသည်။

တစ်ကြိမ်က ဆိုလျင် သူမသည် အရက်မူး ဟန်ဆောင်ပြီး အမျိုးသား တစ်ဦးထံ အတင်း သွားရောက်ကာ ထိုသူနှင့် လိုက်သွား ခဲ့ကြောင်း လာရာက ပြောကြား သွားသည်။ ရုံးမန်နေဂျာ တစ်ဦး ဖြစ်သည့် လာရာက သူမသည် ကလေး ရမည်ဟု မျှော်လင့်ချက်ဖြင့် ထိုသို့ ပြုလုပ် ခဲ့သော်လည်း ကွန်ဒုံး သုံးချင်သည့် အမျိုးသား တစ်ဦးနှင့် ကြုံခဲ့သဖြင့် စိတ်ပျက် ရသေးကြေင်း ဝန်ခံ ခဲ့သည်။ ထိုစဉ်က လာရာသည် အိတ်ထဲမှ ကွန်ဒုံး တစ်ခု ထုတ်ပေး လိုက်သော်လည်း ထို သူ မသိအောင် အပေါက်ဖောက် လိုက်ကြောင်း ပြောကြား သွားသည်။

သူမသည် အတည်တကျ ချစ်သူ မထားဘဲ လူစိမ်းများကိုသာ ချဉ်းကပ်ပြီး ကလေး ရအောင် ကြိုးစား ခဲ့ခြင်းဟု ဆိုသည်။ သူမသည် သုက်ပိုး အလှူရှင် အကူအညီဖြင့် ကိုယ်ဝန် ရအောင် ဆောင်ရွက်ရန် စဉ်းစား ခဲ့သော်လည်း ပေါင်စတာလင် ၂၀၀၀ မျှ ကုန်ကျမည့် အခြေအနေ အတွက် ငွေကြေး မတတ်နိုင်ခဲ့ဟု ပြောကြားခဲ့သည်။ သို့သော်လည်း သူမ အနေနှင့် ယခုထိ ကိုယ်ဝန် မရသေးသဖြင့် စိတ်ပျက်လျက်ရှိသည်။

လာရာက သူမသည် ကားထဲနှင့် နိုက်ကလပ်ရှိ အိမ်သာ ခန်းထဲတွင်ပင် အမည်မသိ လူစိမ်းများနှင့် လိင် ဆက်ဆံခဲ့ဖူးကြောင်း ပြောကြားသွားသည်။ သူမက လူတိုင်းကို ကွန်ဒုံးမသုံးရန် တိုက်တွန်း ခဲ့သော်လည်း အချို့က သဘောမတူ ခဲ့ကြောင်း၊ နောက်ပိုင်းတွင် သူမ အိတ်ထဲကျပ် အပေါက်ဖောက်ထားသည့် ကွန်ဒုံးများ အမြဲဆောင် ထားလိုက်ကြောင်း လာရာက ပြောဆို သွားသည်။

လူထုအသံ

ကလေးလိုချင်လွန်းသဖြင့် ကြံမိကြံရာ လုပ်ခဲ့သည့် ဗြိတိန်သူ လာရာကာတာ

" A "သွေးပိုင်ရှင်များ ၏ထူးခြားချက်


သွေးအမျိုးအစားကို လိုက်ပြီး လူတွေရဲ့ စိတ်နေစိတ်ထားတွေကို
ခန့်မှန်းလို့လည်း ရပါတယ်..ဒီနေ့တော့ သွေးအုပ်စု လေးမျိုးထဲက
အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားများကို ဖော်ပြပေးလိုက်ပါတယ်..

အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားကတော့ အောက်ပါအတိုင်းပါ..
ငယ်စဉ်ဘ၀မှာတော့ သူတပါးကို စဉ်းစားပေးတယ်ဆိုတာ သိပ်မရှိခဲ့ဘဲ
ကိုယ်အတွက်ကိုသာ စဉ်းစားတတ်ကြပါသတဲ့... သူတပါးကို နောက်ပြောင်ရတာကိုလဲ ကြိုက်နှစ်သက်ပါသတဲ့...

ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ငယ်စဉ်က စရိုက်သဘာဝများက တဖြည်းဖြည်း ပြောက်ကွယ်သွားပြီး သူများတကာတွေ အံ့အားသင့် လောက်အောင် အေးဆေးတည်ငြိမ်တဲ့သူ ဖြစ်လာပါတယ်တဲ့...
အရွယ်ရောက်လာတဲ့ အခါမှာတော့ ကိုယ်လုပ်ရမည့် အရာအားလုံးကို တာဝန်သိစွာ လုပ်ကိုင်တတ်သူများ ဖြစ်လာပါတယ်တဲ့... တခါတလေ ပတ်ဝန်းကျင် အခြေအနေ မကောင်းတဲ့ အခါမှာ စိတ်လေလွင့် တတ်ပါတယ်တဲ့... အသစ်အဆန်းတွေကို စမ်းသပ်လုပ်ကိုင် တာထက် ကျင့်သားရနေတဲ့ ပတ်ဝန်းကျင်မှာ အေးအေးချမ်းချမ်း ကျင်လည်ရတာကို နှစ်သက်သူများ ဖြစ်ကြပါတယ်... အလုပ်တစ်ခုကို လုပ်ပြီဆိုရင် လည်း အလျင်လိုတာမျိုး မရှိဘဲ အဆင့်လိုက် အဆင့်လိုက်
တဖြည်းဖြည်းချင်း ဖြေရှင်းတတ်တဲ့ စတိုင်လ် ပါ... သပ်သပ်ရပ်ရပ်
စေ့စေ့စပ်စပ်နဲ့ အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်တတ်သူများပါ...
နေ့စဉ်နေ့တိုင်း လုပ်နေကြ အလုပ်တွေကိုပဲ လုပ်နေတတ်လို့ အသစ်အဆန်းကို မရှိဘူးလို့ အပြောခံရတာကိုလည်း ခံရတတ်ပါတယ်... ဒါ့အပြင် ဘယ်လို အခြေအနေမျိုး မဆို ကြိုက်တယ် မကြိုက်ဘူးဆိုတဲ့ အတွေးဟာ ပြတ်သားလွန်းတာကြောင့် မာဆတ်ဆတ်နိုင်တယ်... ဘုကြတယ် ဆိုပြီး အပြောခံရတာမျိုးလည်း ရှိနိုင်ပါတယ်...

အေသွေးပိုင်ရှင်များရဲ့ သူများနဲ့ မတူ ထူးခြားချက်ကတော့ တနေ့တာအတွင်း
ပေါ်ပေါက် ရင်ဆိုင်ရတဲ့ အလုပ် မှန်သမျှကို စနစ်တကျ ဆောင်ရွက် တတ်ပေမယ့် စိတ်ရှုတ်လွယ်တဲ့ လူမျိုးတွေပါတဲ့... ကိုယ်နဲ့ ဆက်ဆံနေတဲ့ လူတွေကို နွေးနွေးထွေးထွေး ဆက်ဆံတတ်ပြီး သူတပါကို ပျော်ရွှင်မှု ပေးချင်ကြသူများ ဖြစ်ပါတယ်... တခါတလေမှာတော့ သူများကို မယုံမကြည် ဖြစ်တတ်လို့ ကိုယ့်အကြောင်းတွေကို ဘယ်သူ့ကိုမှ မပြောဘဲလည်း နေတတ်ပါသတဲ့... ဒီလို မယုံကြည်တတ်တဲ့ သဘောထားကြောင့် လူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ကန့်လန့်ကာ တစ်ချပ်ချထားပြီး ဆက်ဆံတတ်ကြ ပါတယ်တဲ့... ဒီသဘာဝလေးကတော့ သူတို့ရဲ့ မကောင်းတဲ့ အကျင့်လေး တစ်ခုပါတဲ့... ဘ၀ရဲ့ အနှစ်သာရကို တစ်နေရာမှာဘဲ မရှာဘဲ အားလပ်ရက် ကိုလည်း ခုံမင်တတ်ပါတယ်တဲ့... အားလပ်တဲ့ အခါမှာ လျှောက်လည် ရတာ ကိုလည်း နှစ်သက်သလို လျှောက်လည်လို့ ကုန်ကျတဲ့ စရိတ်ကိုလည်း
မနှမျောပါဘူးတဲ့... တစ်ယောက်တည်း သီးသန့် ကမ္ဘာလေးကို တည်ဆောက် ချင်သူများ ဖြစ်ပါတယ်... အထက်လူကြီးရဲ့ အဆူခံရတာမျိုးကို ခံပြီးပြီဆိုရင် မေ့လို့ မရဘဲ စိတ်ထဲမှာ သိမ်းထားတတ်တာကြောင့် စိတ်ဖိစီးမှုများရှိနေတတ်ပါတယ်..
>
> . ဒေါသထွက်တဲ့အခါမှာလည်း ဒေါသကို ဖော်ပြလေ့မရှိတာကြောင့် စိတ်ဖိစီးမှု ပိုများတာ ဖြစ်ပါတယ်... စိတ်ဖိစီးမှုတွေများနေတာကြောင့် စိတ်ဓါတ်ကျနေရတဲ့ နေရက်တွေလည်း ရှိတတ်ပါတယ်တဲ့... ဒါကြောင့်မို့ စိတ်ထဲက မကြေနပ်ချက်လေးတွေကို တခါတလေ ဖော်ပြဘို့ လိုပါတယ်..
တကယ်လို့  တိုက်ဆိုင်ရင် Like & Share
>
> ဒီကနေ့ ဖော်ပြပေးလိုက်တာကတော့ အေသွေးပိုင်ရှင်များရဲ့ စရိုက်သဘာဝများဘဲ ဖြစ်ပါတယ်... ကျွန်တော်နဲ့ ကျွန်မက စံ ဇာဏီဘို မဟုတ်ပေမယ့် စိတ်နှလုံး အပန်းဖြေနိုင်ရန် အတွက် ဖော်ပြပေးလိုက် ပါတယ်...

Movies & Entertainments

ဝေဒနာရှင်များ တရားသံများနာကြားနိုင်ပြီ ဦးကျော်သူ(နာရေူးညီမှုအသင်း-ရန်ကုန်)

လူသတ္တဝါ မှန်သမျှတို့သည် မအိုချင်ဘဲ အိုကြရပေလိမ့်မည်။ မနာချင်ဘဲ နာကြရပေလိမ့်မည်။ တစ်နေ့နေ့၌ မသေချင်ဘဲလည်း မုချသေကြရပေလိမ့်မည်။ တစ်နေ့နေ့၌ ရှောင်လွဲ၍မရ ရင်ဆိုင်ကြုံတွေ့ ရမည့် (သေဆုံးခြင်း)ကိစ္စတစ်ခုအတွက် တရားသဘောအား နှလုံးသွင်းကာ ကြိုကြိုတင်တင် ပြင်ဆင် ဆောင်ရွက် လေ့ကျင့်ပေးထားခြင်းဖြင့် မကွယ်လွန်မီ လူ့ဘဝ၌ ကောင်းမှုကုသိုလ်များ များစွာပြုလုပ်ခဲ့ပြီး တရားကျင့်ကြံပွားများအားထုတ်မှုများ ပြုလုပ်ပါလျှင် ပြိတ္တာဘုံသို့ မည်သို့မျှ မရောက်ရှိနိုင်ပေ။ ကောင်းမွန် သော ဘုံဘဝသို့သာ ရောက်ရှိရမည်ဟူ၍ သင် တထစ်ချ ယုံကြည်နေသည်ဆိုပါအံ့။ ဗုဒ္ဓရှင်တော်မြတ်ဘုရားမှ ပုထုဇဉ်သတ္တဝါတို့သည် ကွယ်လွန်သွားကြချိန်တွင် - ၁။ နတ်ဘုံသို့ လားရောက်ရခြင်း (ဒေဝဂတိ) ၂။ လူ့ဘုံသို့ လားရောက်ရခြင်း (မနုဿဂတိ) ၃။ တိရစ္ဆာန်ဘုံသို့ လားရောက်ရခြင်း (တိရစ္ဆနဂတိ) ၄။ ငရဲဘုံသို့ လားရောက်ရခြင်း (နိရယဂတိ) ၅။ ပြိတ္တာဘုံသို့ လားရောက်ရခြင်း (ပေတဂတိ) ဟူသော လားရာဂတိ ငါးမျိုးဟောကြားခဲ့ပါသည်။ ၁၈.၆.၂ဝ၁၃ ရက်နေ့ထုတ် ပေါ်ပြူလာဂျာနယ်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၏ အင်တာဗျူးအား “ဝင်း” ဆံသဆိုင်မှ ဦးသန်းဝင်းသည် ဖတ်ရှုခဲ့ချိန်၌ အိပ်ရာထက်တွင် လှဲလှောင်းနေရရှာသည့် သူ၏မိခင်ကြီး ဒေါ်သန်းကြည် အသက် (၉၂) နှစ်အား ၂၄. ၆. ၂ဝ၁၃ ရက်နေ့တွင် တာမွေမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်သို့၎င်း၊ ၂၅.၆.၂ဝ၁၃ ရက်နေ့တွင် ယင်းကဲ့သို့ပင် ပေါ်ပြူလာ ဂျာနယ်အား ဖတ်ရှုမိခဲ့သူ ကိုအောင်သူရသည်လည်း သူ၏ဖခင်ကြီး ဦးထွန်းကြည် အသက် (၇၈) နှစ်သည် လေငန်းရောဂါ ဝေဒနာ ပြင်းထန်စွာခံစားနေရသည့်အတွက် သာကေတမြို့နယ်၊ အနော်မာရပ်ကွက်သို့ ၄င်း၊ ၂၆.၆.၂ဝ၁၃ ရက်နေ့တွင် ထပ်မံ၍ ဆက်သွယ်လာခဲ့သည့် ကိုရဲဝင်းသည် စံတော်ချိန် နေ့စဉ်ထုတ် သတင်းစာအား ဖတ်ရှုခဲ့ရပြီး ချက်ချင်းဆိုသလို နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ဆက်သွယ်ခဲ့ရာ ညီတော်စပ်သူ ကိုသူရကျော် အသက် (၃၁) နှစ်သည် အသည်းရောဂါ ဝေဒနာအား ပြင်းထန်စွာခံစား နေရပြီး ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးသို့ တက်ရောက်၍ ဆေးဝါးကုသမှု ခံယူနေသူအတွက်၎င်း အစ ရှိသည့် ရောဂါဝေဒနာများအား ခံစားနေရသော ကာယကံရှင်တို့၏ ဆန္ဒ (သို့) မိသားစုဝင် ညီအစ်ကို၊ မောင်နှမ၊ သားသမီးတို့သည် ဝတ္တရားကျေပွန်စွာဖြင့် ကောင်းမှုကုသိုလ်ပြုလိုသည့် ဆန္ဒအရ သံဃာတော် အရှင်သူမြတ်တို့၏ မေတ္တာပို့သမှု၊ တရားဒေသနာတော်များနာကြားလိုမှု၊ ပရိတ်/ပဋ္ဌာန်း ဒေသနာတော်များ ရွတ်ဖတ်ခြင်းအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အကူအညီတောင်းခံရာ ဝဋ်ကြွေးတော်ပြေ စေတီတော်၊ ရန်အောင်မြေကျောင်းတိုက်ရှိ သံဃာတော်များတို့အား ပင့်လျှောက်၍ ကာယကံရှင်ရှိရာ နေအိမ် (သို့) ဆေးရုံများသို့သွားရောက်၍ ကူညီဆောင်ရွက်ပေးခြင်းဖြစ်သည်။ ဝေဒနာရှင်များတို့မှ ကိုယ်တိုင်ကိုယ်ကျ သင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် လှူဒါန်းမှုအစုစုတို့အတွက် ဝေဒနာရှင်များနှင့် မိသားစုဝင်များတို့မှ ရေစက်သွန်းချ၍ ကုသိုလ်ကောင်းမှု အစုစုတို့အား အမျှပေးဝေခဲ့ကြပေသည်။ လူသားတိုင်းအနေဖြင့် နေ့စဉ်နေ့တိုင်း တစ်နေ့ (၃) ကြိမ်ခန့် သရဏဂုဏ်တင်ဆောင်သင့်ပေသည်။ လူသားတိုင်းသည် အချိန်မရွေး သေဆုံးနိုင်သည်။ ကိုယ်လုပ်မှ ကိုယ်ရမှာဖြစ်သည့်အတွက် ကိုယ်တိုင် သရဏဂုဏ်တင်ဖို့ လိုအပ်သည်။ မိသားစုဝင် (သို့) သံဃာတော်များတို့မှ လုပ်ဆောင်ပေးခြင်းသည် ထိုသူ အတွက် ရရှိကောင်းမှ ရရှိမည်ဖြစ်သည်။ နောက်ဆုံးချိန်တွင် သားသမီးကောင်းရှိဖို့နှင့် မိတ်ဆွေကောင်း ရှိဖို့ရန် အထူးအရေးကြီးပြီး ဝေဒနာရှင်၏ ဘေး(အနီး)တွင် လာရောက်၍ မျက်ရည်ကျ ငိုယိုနေခြင်းသည် ၄င်းဝေဒနာရှင်အား အပယ်ငရဲဘုံသို့ တွန်းပို့နေခြင်းဖြစ်သည့်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဝေဒနာရှင်များအတွက် ဇူလိုင် (၁၉) အာဇာနည်နေ့ရက်မှစတင်၍ အကောင်အထည်ဖော်မည်ဟု ဥက္ကဋ္ဌ ဦးကျော်သူမှ အင်တာဗျူးများတွင် ပြောကြားခဲ့သော်လည်း ကောင်းမှုကုသိုလ်ပြုလုပ်ရန်အတွက် နေ့ရက် သတ်မှတ်၍ လုပ်ဆောင်ရန် မလိုအပ်သည့်အတွက် ယခုကဲ့သို့ ဂျာနယ်၊ သတင်းစာများ၌ ဖတ်ရှုမိသူတို့၏ ဆက်သွယ်အကြောင်းကြားလာခြင်းတို့ကြောင့် ချက်ချင်းအကောင်အထည်ဖော် လုပ်ကိုင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ “ကုသိုလ်လုပ်သည့်နေ့သည်ကား - ရက်ရာဇာ” “အကုသိုလ်လုပ်သည့်နေ့သည်ကား - ပြဿ ဒါး” ပင်ဖြစ်တော့သည်။

ညီဖြစ်သူက အစ်ကိုအရင်းနှင့် မရီး နှစ်ဦးစလုံးကိုသတ်


ရှမ်းပြည်နယ် ပင်းတယမြို့နယ်တွင် ညီဖြစ်သူက အစ်ကိုအရင်းဖြစ်သူနှင့် မရီးတို့နှစ်ဦးစလုံးအား ရိုက်
သတ်ခဲ့သည့် နှစ်လောင်းပြိုင်လူသတ်မှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဇွန် ၂၃ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ရွှေပြုံး(ခ)ဖိုးပြုံး(ခ) အောင်ပြုံးက ရွာဆော် ဦးဖိုးသိန်း
(၄၃) နှစ်ကို အစ်ကို ဦးဖိုးပြုံး၏ ဇနီးဖြစ်သူ မပြုံးအား ရွာ၏အနောက်ဘက်ချောင်းတွင် သတ်ထားခဲ့ကြောင်း ပြော
ဆိုသဖြင့်http://www.myanmardailynews.org/2013/06/blog-post_5414.html

ထိုင်းတောင်ပိုင်း သူပုန်များ၏ တောင်းဆိုချက်များ လက်ခံနိုင်ဖွယ်မရှိဟု ထိုင်းကာကွယ်ရေး ဝန်ကြီးဆို ဘန်ကောက်၊ ဇွန် ၂၇


အစိုးရတပ်များ အလုံးစုံဆုတ်ခွာရေး စသည့်အချက်များ ပါဝင်သော ထိုင်းနိုင်ငံ တောင်ပိုင်း မွတ်ဆလင် သူပုန်များ၏ တောင်းဆိုချက်များမှာ လက်ခံနိုင်ဖွယ်ရာ မရှိသဖြင့် ပယ်ချလိုက်ကြောင်း ထိုင်း ကာကွယ်ရေး ဝန်ကြီး ဆူကမ်ပိုဆူဝါနာတက်က ပြောကြားလိုက်ကြောင်း mcoto သတင်း တစ်ရပ်က ဖော်ပြထားသည်။

ဘာရစ်ဆန်ရီဗော်လူစီ နာရှင်နယ် (BRN) လက်နက်ကိုင် အင်အားစု၏ ဆက်ဆံရေးရုံးမှ အကြီးအကဲ ဟက်ဆန် တိက်ဘ်က Youtube တွင် တင်ထားသော ဗီဒီယို၌ တောင်းဆိုချက် ခုနစ်ချက်ကို ပြောကြားခဲ့ပြီး ယင်းအချက်များတွင် ရာမာဒန် ဥပုသ်လအတွင်း ထိုင်းတောင်ပိုင်း ပြည်နယ် သုံးခုမှ စစ်တပ်များ၊ ရဲများ ပြန်လည် ဆုတ်ခွာပေးရန်ဆိုသည့် အချက် ပါဝင်ခဲ့သည်။

လက်နက်ကိုင် မွတ်ဆလင် သူပုန်များ၏ ထိုသို့ တောင်းဆို သတ်မှတ်ခြင်း များသည် မရိုးသားမှုဖြစ်ကြောင်း လေတပ်ဦးစီးချုပ် ဆူကမ်ပိုက ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံက ကြားဝင် စေ့စပ်ပေးကာ ထိုင်းအစိုးရနှင့် တောင်ပိုင်း မွတ်ဆလင် သူပုန်များ ငြိမ်းချမ်းရေး သဘောတူညီချက်များ ရရှိရန် ကြိုးစား လျက်ရှိကာ ဆက်ဆံရေးရုံးများပင် ဖွင့်ထားလျက်ရှိသည်။

"BRN ခေါင်းဆောင်တွေအနေနဲ့ သူတို့ဟာ ထိုင်းအစိုးရနဲ့ တရားဝင် ဆွေးနွေးနေတယ် ဆိုတာ သတိထားဖို့ လိုပါတယ်။ သူတို့ကို ကျွန်တော်တို့က လေးစားစွာ ဆွေးနွေးပါတယ်။ တောင်ပိုင်းကနေ တပ်တွေ ဆုတ်ပေးရ မယ်ဆိုတဲ့ ကြိုတင်သတ်မှတ်ချက်ဟာ လက်ခံနိုင်စရာ မရှိပါဘူး" ဟု ၎င်းက ပြောကြားသည်။

ထိုင်းဝန်ကြီးချုပ်နဲ့ ပါလီမန်တို့ကို ထိုင်းသူပုန်တို့၏ တောင်းဆိုချက်သည် ကျိုးကြောင်း ဆီလျော်မှု မရှိကြောင်း ကာကွယ်ရေးဝန်ကြီးက ဝေဖန်ပြော ဆိုသည်။

အစိုးရနှင့် သူပုန်တို့ ငြိမ်းချမ်းရေး ရရှိရန် သတ်မှတ်ချက်များဖြင့် ရုန်းကန်နေရချိန်တွင် ပဋိပက္ခရှိရာ တောင်ပိုင်းပြည်နယ် နှစ်ခုတွင် သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်မှုကြောင့် နှစ်ဦး သေဆုံးသွားကြောင်း ထိုင်းရဲက သတင်းထုတ်ပြန် ထားသည်။

နာရာသီဝပ် ပြည်နယ်တွင် အသက် ၅၄ နှစ်အရွယ် ယာကိုပါစီ သည် မော်တော်ဆိုင်ကယ်ဖြင့် ခရီးလမ်း သွားနေစဉ် အမျိုးအမည် မသိ သေနတ်ကိုင် လူတစ်စုက ပစ်ခတ် လုပ်ကြံခဲ့ခြင်းဖြစ်သည်။

နောက်ထပ် တိုက်ခိုက်မှုသည် တောင်ပိုင်းပြည်နယ် ပတ္တာနီတွင် ဖြစ်ခဲ့ခြင်းဖြစ်ကာ မွတ်ဆလင် ဘာသာရေးကျောင်းမှ ဆရာ တစ်ဦးဖြစ်သူ အစ္စမာအေဖာအိုမာနီက ဗလီဝတ်ကျောင်း အနီးတွင် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ပေသည်။

ထိုင်းသူပုန်များက တောင်းဆိုထားသော အချက်များတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိသော ယာလာ၊ ပတ္တာနီနှင့် နာရာသီဝပ် ပြည် နယ်များမှ စစ်တပ်နှင့် ရဲများ လုံးဝ ဆုတ်ပေးရန်ဆိုသည့် တောင်းဆိုမှု ပါဝင်သည်။

ဥက္ကံပဋိပက္ခ ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များကို သံဃာတော်များ ထောက်ပံ့ ရန်ကုန်၊ ဇွန် ၂၇

ဥက္ကံမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် ပါဝင်သည်ဟု ယူဆ၍ ဖမ်းဆီးခံ ထားရသူ ၂၅ ဦးတို့၏ မိသားစုဝင်များကို ဇွန်လ၂၆ ရက် မွန်းလွဲ ၁ နာရီက သာယာဝတီ မြို့နယ်လုံးဆိုင်ရာ သာသနပါလက ဂဏဝါစက သံဃာအဖွဲ့က ဥက္ကံမြို့ အောင်ဇေယျ ရပ်ကွက် လောင့်ဘုန်းတော်ကြီးကျောင်းတွင် ထောက်ပံ့ခဲ့ကြောင်း အဆိုပါ သံဃာ့အဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဦးတေဇောဘာသက မိန့်ကြားသည်။

ဘာသာရေး ပဋိပက္ခကြောင့် မီးဘေးသင့်ပြည်သူ များကို လှူဒါန်းထောက်ပံ့မှု များပြားသော်လည်း ပဋိပက္ခကြောင့် သံသယဖြင့် ဖမ်းဆီးခံထားရသူ များ၏ မိသားစုဝင်များကို ထောက်ပံ့မှု နည်းပါးခြင်းကြောင့် ယင်းကဲ့သို့ လှူဒါန်း ထောက်ပံ့ရခြင်း ဖြစ်ကြောင်း ဆရာတော် ဦးတေဇောဘာသက ဆက်လက် မိန့်ကြားသည်။

သံသယရှိ၍ ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များအား ထောက်ပံ့မှုကို သာယာဝတီမြို့မှ မြို့နယ်လုံးဆိုင်ရာ သာသနပါလကဂဏဝါစက သံဃာအဖွဲ့၊ ငြိမ်းချမ်းရေးနှင့် နာရေးကူညီမှုအသင်း၊ ဓမ္မစကူးလ်၊ ကရုဏာရှင် သွေးလှူရှင်များ အသင်း၊ ဥက္ကံမြို့ရှိ ထာဝရဖြူစင်မေတ္တာ အသင်းတို့ ပူးပေါင်း၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း အဆိုပါ အဖွဲ့များထံမှ သိရှိရသည်။

ဖမ်းဆီးခံထားရ သူများ၏ မိသားစုဝင်များကို တစ်အိမ်ထောင်လျှင် ကျပ် တစ်သောင်းခွဲနှင့် ဆန်တစ်အိတ်၊ ဗလာစာအုပ် သုံးဒါဇင် ထောက်ပံ့ခဲ့ပြီး စုစုပေါင်း တန်ဖိုးငွေကျပ် ရှစ်သိန်းကျော် ထောက်ပံ့ခဲ့ကြောင်း အဆိုပါ အဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဥက္ကံပဋိပက္ခကြောင့် ဖမ်းဆီးခံထားရသူ များမှာ ပနီပင်ကျေးရွာတွင် ၁၀ ဦး၊ ကျွဲပုန်းကြီးကျေးရွာတွင် ရှစ်ဦး၊ ဗန္ဓုလရပ်ကွက်တွင်နှစ်ဦး၊ ဥယျာဉ်ကြီးကျေးရွာ တွင် နှစ်ဦး၊ မီးနင်းကန်ကုန်း ကျေးရွာတွင် သုံးဦးတို့ အပါအဝင် စုစုပေါင်း ၂၅ ဦး ပါဝင်ကြောင်း ဖမ်းဆီးခံထားရသူ မိသားစုဝင်များက ပြောကြားသည်။

"အိမ်ထောင်ဦးစီး အဖမ်းခံရလို့ အခု စားဝတ်နေရေးလည်း ခက်တယ်၊ ဘာမှလုပ်လို့ကို မရဘူး၊ ဒီအမှုကို အမှန်ဆုံးနဲ့ အမြန်ပေါ်ပေါက်အောင် သက်ဆိုင်ရာ လူကြီးများကို အမြန်ဆုံး ဆောင်ရွက်စေချင်တယ်" ဟု ဥက္ကံပဋိပက္ခတွင် ပနီပင်ရွာမှ အဖမ်းခံရသူ ဦးမင်းသုအောင်၏ အမျိုးသမီး ဒေါ်အေးမော်လွင်က ပြောကြားသည်။

ဖမ်းဆီးခံထားရသူ ၂၅ ဦးကို ပုဒ်မ ၂၉၅၊ ၄၃၆၊ ၁၄၃၊ ၄၄၉ တို့ဖြင့် အမှုဖွင့်ကာ တိုက်ကြီးမြို့နယ် တရားရုံးတွင် စစ်ဆေးလျက်ရှိကြောင်း အဆိုပါမြို့နယ် ရဲစခန်းထံမှ သိရသည်။