Tuesday, July 30, 2013

Daily Online News မှ အထူးတောင်းပန်ချက်

Internet Connection  အခက်အခဲကြောင့်  သတင်းတင်မှု ပြတ်တောက်သွားရခြင်းအား ပရိသတ်များအား Daily Online News မှ အနူးအညွှတ်တောင်းပန်အပ်ပါသည်

                                                                                             Daily Online News

အရှေ့တီမောနိုင်ငံကို လှေတွေနဲ့ ရောက်ရှိလာတဲ့ ခိုလှုံခွင့်တောင်းလိုသူ ရိုဟင်ဂျာတွေကို အရှေ့တီမောနိုင်ငံက လက်မခံပဲ အင်ဒိုနီးရှားပိုင်နက်ထဲ ပြန်သွားဖို့ ပြောခဲ့တယ်ဆိုတဲ့အပေါ် အရှေ့တီမောအစိုးရက ငြင်းပယ်လိုက်ပါတယ်။ ဒီလ အစောပိုင်းတုန်းကပဲ မြန်မာနိုင်ငံက ရိုဟင်ဂျာအများစုပါဝင်တဲ့ လူပေါင်းတစ်ရာလောက်ဟာ သြစတြေးလျနိုင်ငံကို လှေတွေနဲ့ ခိုးဝင်ဖို့ ကြိုးစားတုန်း ပင်လယ်ပြင်မှာ ဒုက္ခရောက်ပြီး အရှေ့ တီမော နိုင်ငံကို မျောပါသွားခဲ့ပါတယ်။ ဒီလို ဒုက္ခရောက်သူတွေကို အရှေ့တီမောနိုင်ငံက လက်မခံပဲ အင်ဒိုနီးရှားပိုင်နက်ထဲပြန်တွန်းပို့တဲ့အတွက် နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာ ရောက်တယ်လို့ ပြောခဲ့တာကို အရှေ့တီမောအစိုးရက ငြင်းဆိုလိုက်တာ ဖြစ်ပါတယ်။ အရှေ့တီမောအနေနဲ့ ရောက်ရှိလာတဲ့ လှေကို ပြုပြင်ပေးခဲ့ပြီး လာရာလမ်း အတိုင်း ပြန်ဖို့သာ ပြောပြီး လှေပေါ်ပါလာသူတွေ ကလည်း ပြန်သွားဖို့ သဘောတူ ခဲ့တယ်လို့ ဆိုပါတယ်။ အရှေ့တီမောကို မျောပါသွားရာမှာ ပါဝင်ခဲ့တဲ့ ဇော်ဝင်းဆိုသူကတော့ သူတို့ကို အရှေ့တီမောနိုင်ငံမှာ ခိုလှုံခွင့်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် အရှေ့တီမောအာဏာပိုင်တွေက ခိုလှုံခွင့်ပေးဖို့ ငြင်းဆိုခဲ့တယ်လို့ ပြောပါတယ်။ အရှေ့တီမောအစိုးရကတော့ အရှေ့တီမောမှာ စာနာစိတ်၊ သနားစိတ်ရှိတဲ့အကြောင်း မိမိတို့နိုင်ငံမှာ ဘာသာရေး၊ နိုင်ငံရေးအခြေအနေကြောင့် နေထိုင်လို့မရပဲ တပါးနိုင်ငံကို ထွက်ပြေးနေရသူတွေအပေါ် စာနာပြီး ခိုလှုံခွင့်ပေးဖို့ အသင့်ရှိပေမယ့် ခုချိန်ထိ အရှေ့တီမောနိုင်ငံမှာ အခြေချခွင့် ပေးဖို့ တောင်းဆိုလာတဲ့ ခိုလှုံခွင့်တောင်းခံသူ တစ်ဦးတစ်ယောက်မှ မရှိသေးဘူးလို့ အရှေ့တီမော နိုင်ငံခြားရေးဝန်ကြီး Jose Louis Guterres က တုန့်ပြန်ပြောဆိုလိုက်ပါတယ်။ ABC Radio Photo: ရိုဟင်ဂျာတွေ ခိုလှုံခွင့်မတောင်းခဲ့ဘူးလို့ အရှေ့တီမောဆို ============================== 30.7.2013 အရှေ့တီမောနိုင်ငံကို လှေတွေနဲ့ ရောက်ရှိလာတဲ့ ခိုလှုံခွင့်တောင်းလိုသူ ရိုဟင်ဂျာတွေကို အရှေ့တီမောနိုင်ငံက လက်မခံပဲ အင်ဒိုနီးရှားပိုင်နက်ထဲ ပြန်သွားဖို့ ပြောခဲ့တယ်ဆိုတဲ့အပေါ် အရှေ့တီမောအစိုးရက ငြင်းပယ်လိုက်ပါတယ်။ ဒီလ အစောပိုင်းတုန်းကပဲ မြန်မာနိုင်ငံက ရိုဟင်ဂျာအများစုပါဝင်တဲ့ လူပေါင်းတစ်ရာလောက်ဟာ သြစတြေးလျနိုင်ငံကို လှေတွေနဲ့ ခိုးဝင်ဖို့ ကြိုးစားတုန်း ပင်လယ်ပြင်မှာ ဒုက္ခရောက်ပြီး အရှေ့ တီမော နိုင်ငံကို မျောပါသွားခဲ့ပါတယ်။ ဒီလို ဒုက္ခရောက်သူတွေကို အရှေ့တီမောနိုင်ငံက လက်မခံပဲ အင်ဒိုနီးရှားပိုင်နက်ထဲပြန်တွန်းပို့တဲ့အတွက် နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာ ရောက်တယ်လို့ ပြောခဲ့တာကို အရှေ့တီမောအစိုးရက ငြင်းဆိုလိုက်တာ ဖြစ်ပါတယ်။ အရှေ့တီမောအနေနဲ့ ရောက်ရှိလာတဲ့ လှေကို ပြုပြင်ပေးခဲ့ပြီး လာရာလမ်း အတိုင်း ပြန်ဖို့သာ ပြောပြီး လှေပေါ်ပါလာသူတွေ ကလည်း ပြန်သွားဖို့ သဘောတူ ခဲ့တယ်လို့ ဆိုပါတယ်။ အရှေ့တီမောကို မျောပါသွားရာမှာ ပါဝင်ခဲ့တဲ့ ဇော်ဝင်းဆိုသူကတော့ သူတို့ကို အရှေ့တီမောနိုင်ငံမှာ ခိုလှုံခွင့်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် အရှေ့တီမောအာဏာပိုင်တွေက ခိုလှုံခွင့်ပေးဖို့ ငြင်းဆိုခဲ့တယ်လို့ ပြောပါတယ်။ အရှေ့တီမောအစိုးရကတော့ အရှေ့တီမောမှာ စာနာစိတ်၊ သနားစိတ်ရှိတဲ့အကြောင်း မိမိတို့နိုင်ငံမှာ ဘာသာရေး၊ နိုင်ငံရေးအခြေအနေကြောင့် နေထိုင်လို့မရပဲ တပါးနိုင်ငံကို ထွက်ပြေးနေရသူတွေအပေါ် စာနာပြီး ခိုလှုံခွင့်ပေးဖို့ အသင့်ရှိပေမယ့် ခုချိန်ထိ အရှေ့တီမောနိုင်ငံမှာ အခြေချခွင့် ပေးဖို့ တောင်းဆိုလာတဲ့ ခိုလှုံခွင့်တောင်းခံသူ တစ်ဦးတစ်ယောက်မှ မရှိသေးဘူးလို့ အရှေ့တီမော နိုင်ငံခြားရေးဝန်ကြီး Jose Louis Guterres က တုန့်ပြန်ပြောဆိုလိုက်ပါတယ်။ ABC Radio


ပြည်တွင်းရှိ ပုဂ္ဂလိက ဘဏ်များနှင့် ပြည်ပဘဏ်များအား အကျိုးတူ ပူးပေါင်းလုပ်ကိုင်နိုင်မည့် ဘဏ်များ အကျိုးတူပူးပေါင်း ဖွင့်လှစ်နိုင်မည့် ဥပဒေအား ရေးဆွဲနေကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။

အဆိုပါ ဥပဒေအား မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းများ တိုးတက်စေရေးအတွက် ယခုနှစ်အတွင်း အပြီးသတ် အတည်ပြုနိုင်ရန် လုပ်ဆောင်မည်ဖြစ်ကာ မြန်မာနိုင်ငံ ဘဏ်များနှင့် အကျိုးတူ လုပ်ဆောင်မည့် ဘဏ်များကိုလည်း ပြည်တွင်းတွင် ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ထားသည့် ဘဏ်များအား ဦးစားပေးခွင့် ပြုမည်ဖြစ်ကြောင်း ဒေါက်တာမောင်မောင်သိမ်းက ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံရှိ ဘဏ်များနှင့် အကျိုးတူ လုပ်ဆောင်ရန် လာရောက် ညှိနှိုင်းနေသည့် ဘဏ်များတွင် အမေရိကန်၊ ဂျပန် စသည့် နိုင်ငံများအပြင် ဥရောပနိုင်ငံ အခြေစိုက် ကမ္ဘာ့နာမည်ကျော် ဘဏ်များလည်း ပါဝင်နေကြောင်း သိရသည်။

''ရင်းနှီးမြှုပ်နှံမှု အနေနဲ့ကတော့ ဘယ်ဘဏ်က ဘယ်လိုထည့်ဝင် ရမယ်ဆိုတာ ဥပဒေ ထွက်လာမှပဲ သိရပါမယ်'' ဟု ဒေါက်တာမောင်မောင်သိမ်းက ဆိုသည်။

မြန်မာနိုင်ငံရှိ ပုဂ္ဂလိက ဘဏ်များနှင့် ပြည်တွင်းတွင် ကိုယ်စားလှယ်ဘဏ် ရုံးခွဲများ ဖွင့်လှစ်ခွင့် ရရှိထားသည့် ပြည်ပဘဏ်များအား အကျိုးတူ ပူးပေါင်းလုပ်ဆောင်ရန် Joint Venture ဘဏ်များ စတင်ဖွင့်လှစ်ခွင့် ပေးရန် စီစဉ်နေကြောင်း ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက ပြောဆိုမှုများ ရှိခဲ့ပြီး အကျိုးတူ ပူးပေါင်းရာတွင် မြန်မာဘဏ် အနေဖြင့် ရာခိုင်နှုန်း ၂၀၊ ပြည်ပဘဏ် အနေဖြင့် ရာခိုင်နှုန်း ၈၀ စသည့် ပြောဆို ဆွေးနွေးမှုများ ရှိခဲ့ကြောင်း သိရသည်။

''မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ ဘဏ်တွေနဲ့ ပြည်ပဘဏ်တွေကို အကျိုးတူ လုပ်ဆောင်စေဖို့ အတွက် Joint Venture ဘဏ်တွေ ဖွင့်လှစ်ဖို့ စီစဉ်နေပါပြီ'' ဟု ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ဆိုသည်။

မြန်မာနိုင်ငံအတွင်း တရားဝင် ကိုယ်စားလှယ် ရုံးများအဖြစ် ဖွင့်လှစ်ထားသည့် ပြည်ပဘဏ်များမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ တရားဝင် စာရင်းများအရ နိုင်ငံခြားဘဏ် ကိုယ်စားလှယ်ရုံး ၄၀ ၀န်းကျင်ခန့်အား ဖွင့်လှစ်ထားပြီး ဖြစ်ကာ ပြည်တွင်းပုဂ္ဂလိက ဘဏ်များမှာ ၂၀ ဘဏ်အထိ ရှိနေကြောင်း သိရသည်။

အဆိုပါ Joint Venture ဘဏ်များ ဖွင့်လှစ်ခွင့် ပေးအပ်မည် ဖြစ်သော်လည်း ဘဏ်လုပ်ငန်း ၀န်ဆောင်မှုများကိုမူ နိုင်ငံအလိုက် သီးသန့် ၀န်ဆောင်မှုသာ ပေးအပ် လုပ်ဆောင်စေရန် ဆွေးနွေးမှုများ ရှိနေကြောင်းလည်း သိရသည်။

''ဂျပန်နိုင်ငံက ဘဏ်တစ်ခုနဲ့ ပြည်တွင်း ပုဂ္ဂလိက ဘဏ်တစ်ခု ပူးပေါင်းပြီး ဖွင့်လှစ်မှာပါ။ ဂျပန်နိုင်ငံဘဏ် အနေနဲ့ ဂျပန်နိုင်ငံကနေ လာရောက်မြှုပ်နှံတဲ့ ဘဏ်တွေအတွက် ဘဏ်လုပ်ငန်းဆိုင်ရာ ၀န်ဆောင်မှုတွေ ဆောင်ရွက်ရမှာ ဖြစ်ပြီး မြန်မာနိုင်ငံဘက်က ဘဏ်အနေနဲ့ မြန်မာလုပ်ငန်းရှင်တွေ အတွက် ဘဏ်လုပ်ငန်း ဆိုင်ရာ ၀န်ဆောင်မှုတွေ လုပ်ဆောင်ရမှာပါ'' ဟု ဦးဖြိုးမင်းသိန်းက ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန လက်အောက်မှ သီးခြားရပ်တည် စေနိုင်ရန်နှင့် နိုင်ငံခြားဘဏ်များ ၀င်ရောက်မြှုပ်နှံ နိုင်စေမည့် အချက်များပါသော မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေကြမ်းအား နိုင်ငံတော်သမ္မတ၏ သဘောထား မှတ်ချက်ဖြင့် ပြန်လည်ပေးပို့ခဲ့ပြီး ပြည်ထောင်စု လွှတ်တော်မှ ဇူလိုင် ၈ ရက်တွင် အတည်ပြု လိုက်ကြောင်း သိရသည်။
Eleven Media Group

ရိုဟင်ဂျာတွေ ခိုလှုံခွင့်မတောင်းခဲ့ဘူးလို့ အရှေ့တီမောဆို ============================== 30.7.2013


အရှေ့တီမောနိုင်ငံကို လှေတွေနဲ့ ရောက်ရှိလာတဲ့ ခိုလှုံခွင့်တောင်းလိုသူ ရိုဟင်ဂျာတွေကို အရှေ့တီမောနိုင်ငံက လက်မခံပဲ အင်ဒိုနီးရှားပိုင်နက်ထဲ ပြန်သွားဖို့ ပြောခဲ့တယ်ဆိုတဲ့အပေါ် အရှေ့တီမောအစိုးရက ငြင်းပယ်လိုက်ပါတယ်။
ဒီလ အစောပိုင်းတုန်းကပဲ မြန်မာနိုင်ငံက ရိုဟင်ဂျာအများစုပါဝင်တဲ့ လူပေါင်းတစ်ရာလောက်ဟာ သြစတြေးလျနိုင်ငံကို လှေတွေနဲ့ ခိုးဝင်ဖို့ ကြိုးစားတုန်း ပင်လယ်ပြင်မှာ ဒုက္ခရောက်ပြီး အရှေ့ တီမော နိုင်ငံကို မျောပါသွားခဲ့ပါတယ်။

ဒီလို ဒုက္ခရောက်သူတွေကို အရှေ့တီမောနိုင်ငံက လက်မခံပဲ အင်ဒိုနီးရှားပိုင်နက်ထဲပြန်တွန်းပို့တဲ့အတွက် နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာ ရောက်တယ်လို့ ပြောခဲ့တာကို အရှေ့တီမောအစိုးရက ငြင်းဆိုလိုက်တာ ဖြစ်ပါတယ်။ အရှေ့တီမောအနေနဲ့ ရောက်ရှိလာတဲ့ လှေကို ပြုပြင်ပေးခဲ့ပြီး လာရာလမ်း အတိုင်း ပြန်ဖို့သာ ပြောပြီး လှေပေါ်ပါလာသူတွေ ကလည်း ပြန်သွားဖို့ သဘောတူ ခဲ့တယ်လို့ ဆိုပါတယ်။

အရှေ့တီမောကို မျောပါသွားရာမှာ ပါဝင်ခဲ့တဲ့ ဇော်ဝင်းဆိုသူကတော့ သူတို့ကို အရှေ့တီမောနိုင်ငံမှာ ခိုလှုံခွင့်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် အရှေ့တီမောအာဏာပိုင်တွေက ခိုလှုံခွင့်ပေးဖို့ ငြင်းဆိုခဲ့တယ်လို့ ပြောပါတယ်။

အရှေ့တီမောအစိုးရကတော့ အရှေ့တီမောမှာ စာနာစိတ်၊ သနားစိတ်ရှိတဲ့အကြောင်း မိမိတို့နိုင်ငံမှာ ဘာသာရေး၊ နိုင်ငံရေးအခြေအနေကြောင့် နေထိုင်လို့မရပဲ တပါးနိုင်ငံကို ထွက်ပြေးနေရသူတွေအပေါ် စာနာပြီး ခိုလှုံခွင့်ပေးဖို့ အသင့်ရှိပေမယ့် ခုချိန်ထိ အရှေ့တီမောနိုင်ငံမှာ အခြေချခွင့် ပေးဖို့ တောင်းဆိုလာတဲ့ ခိုလှုံခွင့်တောင်းခံသူ တစ်ဦးတစ်ယောက်မှ မရှိသေးဘူးလို့ အရှေ့တီမော နိုင်ငံခြားရေးဝန်ကြီး Jose Louis Guterres က တုန့်ပြန်ပြောဆိုလိုက်ပါတယ်။

ABC Radio

ကြို့ပင်ကောက်မြို့ ကျူးကျော်ဆိုင်ရှင်များ အသနားခံစာတင် 2013-07-29

ပဲခူးတိုင်းအနောက်ပိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့က ကျူးကျော်ဆိုင်ခန်း ရာပေါင်းများစွာကို မြို့နယ်စည်ပင်က ဒီလ ၃ဝ ရက်နေ့ နောက်ဆုံးထားပြီး ပြောင်းရွှေ့ပေးရမယ်လို့ အမိန့်ထုတ်ပြန်ခဲ့တဲ့အတွက် ဆိုင်ခန်းရှင်တွေက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ အသနားခံစာတင်ခဲ့ကြပါတယ်။

ဒီကနေ့မှာတော့ ကျူးကျော်ဆိုင်ခန်းပိုင်ရှင် ၇ဝ လောက်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို အသနားခံ စာသွားတင်ခဲ့ကြောင်း ဆိုင်ခန်းပိုင်ရှင်တစ်ဦးဖြစ်သူ ဦးတင်အောင်စိုးက RFA ကို ပြောပါတယ်။

“မြို့နယ်စည်ပင်သာယာကနေပြီးတော့ မြို့ပေါ်မှာရှိတဲ့ ကျူးကျော်ဆိုင်ခန်းတွေအားလုံးကို ဇူလိုင် ၂၃ ရက်နေ့က သတိပေးစာထုတ်ပြီးတော့ ကျနော်တို့ကို ဖယ်ရှားခိုင်းပါတယ်ခင်ဗျာ၊ ဖယ်ရှားမပေးလို့ရှိရင် စည်ပင်သာယာရဲ့ တည်ဆဲဥပဒေနဲ့ အရေးယူမယ်လို့ ပြောပါတယ်ခင်ဗျ၊ ဒီနေ့ဇူလိုင် ၂၉ ရက်နေ့မှာ ကျူးကျော်ဆိုင်အားလုံးမဟုတ်ပေမယ့် တော်တော်များများဟာဆိုလို့ရှိရင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ၁ဝ နာရီလောက်ကသွားပြီးတော့ အသနားခံစာတင်ခဲ့ပါတယ်၊ တင်တဲ့အချိန်မှာလည်း တာဝန်ရှိတဲ့ပုဂ္ဂိုလ်ကလည်း ကျနော်တို့စာတွေကို လက်ခံထားပေးပါတယ်”

လက်ရှိဆိုင်ခန်းနေရာတွေမှာ သူတို့လုပ်ကိုင်စားသောက်လာတာ အခုဆိုရင် ၁ဝ နှစ်ကျော်ရှိနေပြီလို့ ပြောပါတယ်။ အရင်ကသူတို့တွေကို ဖယ်ရှားပေးဖို့ ပြောဆိုတာတွေမရှိခဲ့ပေမဲ့ ဒီနှစ်ထဲမှာမှ မြို့နယ်စည်ပင်က ဖယ်ရှားပေးဖို့အတွက် အမိန့်စာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်

ဆိုင်ခန်းတွေပြောင်းပေးရမယ်ဆိုရင် သူတို့မှာစားဝတ်နေရေးခက်ခဲမှာကြောင့် အထက်အဆင့်ဆင့်ကို အသနားခံစာတင်သွားမယ်လို့လည်း ပြောပါတယ်။

RFA

အသက်လိမ်ထားသည့် ကစားသမားများတွေ့ပါက ယူ-၁၉ နည်းပြအဖွဲ့ကို အရေးယူမည်ဟု ဦးဇော်ဇော် သတိပေး

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ယူ-၁၉ အသင်းအုပ်ချုပ်သူများ၊ နည်းပြများအနေဖြင့် မိမိအား ယုံကြည်သဖြင့် ပေးအပ်ထားသည့်တာဝန်ကို အပြည့်အ၀ယူကြရန်နှင့် အသင်းအတွင်း အသက် လိမ်ထားသည့် ကစားသမားများ တွေ့ရှိပါက အရေးယူသွားမည်ဖြစ်ကြောင်း သတိပေး ပြောကြားလိုက်သည်။

မြန်မာလက်ရွေးစင် ယူ-၁၉ ဘောလုံးအသင်းသည် လက်ရှိအချိန်တွင် တရုတ်နိုင်ငံ၌ ကျင်းပနေသည့် Weifang Cup 2013 နိုင်ငံတကာ ဖိတ်ခေါ်လူငယ် ဘောလုံးပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။

ဥက္ကဋ္ဌ ဦးဇော်ဇော်က “အုပ်ချုပ်သူတွေအနေနဲ့ ကလေးတွေကို ကြောက်အောင် ဖိအားပေးကစားခိုင်းတာမျိုး မလုပ်ပါနဲ့။ ဘောလုံးအဖွဲ့ချုပ်မှာ ဘယ်သူနဲ့ ရင်းနှီးလို့ ဘယ်ကစားသမားကို ထည့်တယ်ဆိုတာ မရှိပါဘူး။ အနာဂတ်အတွက် အသက်မှန်ကန်မှု ဦးစားပေးပြီး ရွေးချယ်ထားတဲ့အသင်းတွေ ဖြစ်သလို အဖွဲ့ချုပ်အနေနဲ့လည်း အစစအရာရာ ပံ့ပိုးပေးနေပါတယ်။

ဒီအတွက် အရှုံးနဲ့ ရင်ဆိုင်ရရင်လည်း သူများတွေ အသက်လိမ်ထားကြလို့၊ ကိုယ့်ကစားသမား အသက်ငယ်နေလို့စသဖြင့် ဆင်ခြေတွေပေးမနေဘဲ ရလဒ် ကောင်းဖို့သာ အာရုံစိုက်ပါ။ သက်တမ်းအလိုက် အသင်းတွေဖွဲ့စည်း တဲ့အခါမှာလည်း အသက်လိမ်လည် တာ၊ မမှန်မကန် ရွေးချယ်ခေါ်ယူတာ မျိုး တွေ့ရှိလာပြီဆိုရင် ပြင်းပြင်းထန်ထန် အရေးယူသွားမှာပါ” ဟု ပြောကြား ခဲ့သည်။

မဇ္ဈိမ

ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မရုံး

(အမိန့်အမှတ်၊ ၂၈/၂၀၁၃)

၁၃၇၅ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်

(၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်)

ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ(က) နှင့် ပုဒ်မခွဲ(ဃ) ၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆၊ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ်(၉) တို့ပါ ပြဌာန်း ချက်များအရ ဦးဇော်ဝင်းအား အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ် တာဝန် ပေးလိုက်သည်။

(ပုံ)သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဈေးပြောင်းရွှေ့မှုရှစ်လပြည့်သော်လည်းစည်ပင်မှ ကတိဂဝတ်များအတိုင်း ပြုလုပ်ပေးခြင်းမရှိသေး Tuesday, July 30, 2013

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ရှိ ညောင်ပင် အခွန်လွတ်ဈေးအား၂၀၁၂ခုနှစ် နိုဝင်ဘာလ (၃၀)ရက်နေ့တွင် မြို့နယ် စည်ပင်မှ အောင်သပြေ အမှတ်(၂) ဈေးကြီးသို့ ပြောင်းရွှေ့ခိုင်းခဲ့သော်လည်း ယနေ့အချိန်ထိ လုပ်ဆောင် ပေးမည်ဟု ထုတ်ပြန်ထားသော ဂတိက၀တ်များကို အကောင်အထည် မဖော်သေးသည့်အတွက် ပြုလုပ်ပေးရန် ယင်းဈေးသည်များက ပြောကြသည်။

၂၀၁၂ခုနှစ် နိုဝင်ဘာလတွင် မြို့နယ်စည်ပင်မှ လမ်းဘေးဈေးသည် ကျူးကျော်အားလုံးနှင့် စာတိုက်ဈေးခေါ် မိုးမလင်းဈေးအား အောင်သပြေ အောင်သပြေ အမှတ်(၂)ဈေးသို့ ပြောင်းရွှေ့ပေးမည်။ အခွန်လျော့ပေါ့ ကောက်ခံပေးမည်။ ကားဂိတ်၊ သုံးဘီးဂိတ်များ ဈေးအနီး ချထားပေးမည်။ ဈေးလုံခြုံရေး အထူးဆောင်ရွက်ပေးမည် အပါအဝင် (၁၁)အား ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။

“ရပ်မိရပ်ဖတွေနဲ့ သက်က်ဆိုင်ရာ ဌာနတွေက ညှိနှိုင်းဆောင်ရွက်ပေးမယ်ဆိုလို့ကျမတို့ဈေး ရွှေ့ခဲ့တာ ရှစ်လရှိပါပြီ။ အခုအထိ ဘာမှမလုပ်ပေးသေးပါဘူး”ဟု ကုန်ခြောက်သည် တစ်ဦးက ပြောသည်။

ဇူလိုင်လ(၁)ရက်နေ့တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ ယင်းကတိကဝတ်များ ဖောက်ဖျက်ခြင်းနှင့် ပတ်သက်၍ ဈေးသည်များမှ စာတင်ခြဲ့ကသည့်အတွက် စည်ပင်ဌာနမှ အစည်းဝေးခေါ်ယူခဲ့သော်လည်း အစည်းဝေးရက်တွင် ဖျက်သိမ်းကြောင်းကို စည်ပင်ဝန်ထမ်းတစ်ဦးမှ ပြောကြားခဲ့သည်။

“၇ လပိုင်း ၆ရက်နေ့ နံနက် ၁၀ နာရီ အစည်းဝေးဆိုပြီး ဖိတ်စာ ရောက်လာလို့သွားတာ ဈေးလည်းရောက်ရော အစည်းဝေး ဖျက်တယ်ဆိုတော့ ပြန်ခဲ့ရတာ။ အစည်းဝေးက အရေးမကြီးပါဘူး။ သူတို့ဂတိပေးထားတာတွေသာ အမြန်ဆုံး လုပ်ပေးဖို့သာ အရေးကြီးပါတယ်။ ဈေးမစည်ရင် ကျွန်မတို့ ဆင်းရဲသား ဈေးသည်တွေ ထမင်းငတ်ကြရလိမ့်မယ်”ဟု အထည်ရောင်းသူဈေးသည်က ပြောသည်။

ကိုကိုနိုင်

မြန်မာ့ခေတ်

ခိုလှုံသူတွေထိန်းသိမ်းဖို့ ပါပူဝါနယူးဂနီမှာ စခန်းဆောက်မယ်

သြစတြေးလျ နိုင်ငံကို ခိုလှုံခွင့်တောင်းဖို့ လှေတွေနဲ့ လာနေတာတွေကို တားမြစ် နိုင်ဖို့ သြစတြေးလျ အစိုးရက ပါပူဝါနယူးဂနီ PNG နိုင်ငံနဲ့ သဘောတူညီချက် ရယူခဲ့ပြီး၊ အခုအခါမှာ ခိုလှုံခွင့်တောင်းလိုသူတွေ ကို ထိန်းသိမ်းဖို့ စခန်းကို PNG ပိုင် မားနက်ကျွန်းမှာ အပူတပြင်းတည်ဆောက် တော့မှာဖြစ်ပါတယ်။

myanmardailynews

ရက်လွန် ၁၅၀၀ တန် Sim Card များအား သက်တမ်းတိုးနိုင်ပြီ


၁၅၀၀ တန် Sim Card များအား သက်တမ်းတိုး ဆောင်ရွက်နိုင်ကြောင်း အဆိုပါ မိုဘိုင်းဖုန်းနှင့် ပတ်သက်သည့် Hot Line (3456) မှ စုံစမ်းသိရှိရသည်။

… ရန်ကုန်မြို့၌ အသုံးပြုသည့် တန်ဖိုးနည်း ၁၅၀၀ တန် Sim Card များအား သက်တမ်းတိုး ဆောင်ရွက်လိုပါက ဗိုလ်အောင်ကျော်လမ်းရှိ ဗဟိုစာတိုက်ကြီး အပေါ်ထပ်တွင် ဆောင်ရွက်နိုင်ကြောင်း သိရသည်။ အကြောင်း အမျိုးမျိုးကြောင့် ရက်လွန်ပါက သက်တမ်းတိုး လျှောက်ထားနိုင်မည်ဖြစ်ပြီး လျှောက်ထားရန် စာချုပ်၊ ဖုန်းကတ်၊ မှတ်ပုံတင် မိတ္တူတို့ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။ အကယ်၍ သက်ဆိုင်ရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ ဌာနတို့မှ စာချုပ်ထုတ်ပေးထားခြင်း မရှိပါက စာချုပ်ထုတ်မပေးရသေးကြောင်း သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံး၊ ဌာနတို့ မှ ထောက်ခံချက် ပါရှိရမည်ဖြစ်ကြောင်း၊ ရက်လွန် ၁၅၀၀ တန် ဆင်းကတ်များ သက်တမ်းတိုး လျှောက်ထားနိုင်ခြင်းနှင့် ပတ်သက်၍ ဇူလိုင်လ ၂၅ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

သက်တမ်းလွန်ရခြင်းအတွက် ထောက်ခံချက် (ကတ်ထုတ်ပေးသည့် သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရုံး၊ ဌာန၏ ထောက်ခံချက်) ပိုင်ရှင်၏ နိုင်ငံသားစိစစ်ရေးကတ် မိတ္တူတစ်စောင် စသည့် စာရွက်စာတမ်းများနှင့် တိုင်းဒေသကြီးမန်နေဂျာထံ လိပ်မူ၍ လျှောက်ထားနိုင်ကြောင်း ဖော်ပြထားသည်။

internet journal

လားရှိုးမြို့တွင် ပုဒ်မ၁၄၄ ပြန်လည်ရုပ်သိမ်း


လားရှိုးမြို့တွင် ယခုနှစ် မေလက ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ထုတ်ပြန်ခဲ့သော ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ဇူလိုင်လ ၂၇ ရက် ညနေက ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း လားရှိုးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေလင်းက မဇ္ဈိမကို ပြောသည်။

“တစ်မြို့လုံးကို ရုပ်သိမ်းပေးလိုက်တာပါ။ ကျွန်တော်တို့ မနေ့ညက ထုတ်ပြန်ပါတယ်။ မော်တော်ယာဉ်နဲ့ လိုက်ပြီး အသိပေးပါတယ်”ဟု ဦးဝေလင်းက ပြောသည်။

လားရှိုးမြို့တွင် ည ၁၀ နာရီမှ နံနက် ၃ နာရီအတွင်း မထွက်ရအမိန့် ရုပ်သိမ်းမှုကို ဇူလိုင်လ ၂၇ ရက် ညနေ ၆ နာရီက လားရှိုးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။ ရုပ်သိမ်းကြောင်းကို မော်တော်ယာဉ်များဖြင့် လိုက်လံကြေညာပေးခဲ့ပြီး တချို့ ရပ်ကွက်များတွင်တော့ လိုက်လံ ကြေညာပေးခြင်း မရှိဘဲ ရပ်ကွက်ရုံးများရှေ့တွင်ကြေညာဆိုင်းဘုတ်ထောင်ကာ အသိပေးထားကြောင်း လားရှိုးမြို့ အမှတ် ၉ ရပ်ကွက်မှ ကိုခွန်ဇော်ဦးက ပြောသည်။

လားရှိုးမြို့တွင် ၂၀၁၃ ခုနှစ် မေလ ၂၈ ရက်က အမှတ် ၁၂ ရပ်ကွက်တွင် အမျိုးသမီးတစ်ဦးအား ဓာတ်ဆီလောင်းကာ မီးဖြင့်ရှို့ရာမှ ပဋိပက္ခများဖြစ်ပွားခဲ့ကာ ဗလီအပါအ၀င်၊ အစ္စလာမ်မိဘမဲ့ကျောင်းနှင့် ဈေးဆိုင်ခန်းများ မီးရှို့ခံခဲ့ရသည်။ ထိုနေ့တွင်ပင် ပုဒ်မ ၁၄၄ ကို ချက်ချင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ လားရှိုးမြို့တွင် မေလ ၂၉ ရက်၌လည်း ဆူပူအကြမ်းဖက်မှုများ ဆက်လက် ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ လေးဦး ဒဏ်ရာရခဲ့သည်။

အမျိုးသမီးအား ဓာတ်ဆီလောင်း မီးရှို့သူအား လားရှိုးမြို့နယ် တရားရုံးက ဇွန်လ ၁၁ ရက်တွင် ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခဲ့သည်။ ထို့အပြင် အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်သူ လားရှိုးမြို့ခံ ၆၀ ဦးကို လားရှိုးမြို့ အမှတ် ၁ ရဲစခန်းတွင် ဖမ်းဆီးခဲ့ပြီး ထိုအထဲမှ ၂၉ ဦးအား ဇွန်လထဲတွင် တရားစွဲဆိုခဲ့သည်။

သိင်္ဂီထွန်း
Mizzima

မနေ့က Max ဆီဆိုင်နှင့် ပတ်သက်သည့် ပိုစ်အတွက် https://www.facebook.com/maxenergymyanmar မှာ အောက်ပါအတိုင်း ဖြေရှင်းထားပါသည်။

Customer များသို့ ပန်ကြားချက်

၂၈.၇.၂၀၁၃ ရက်နေ့ တနင်္ဂနွေည ၉နာရီခွဲခန့်တွင် Max Energy ၏ သုဝဏ္ဏ စက်သုံးဆီအရောင်းဆိုင်၌ AA6439 ကား ဆီလာထည့်စဉ် နားလည်မှုလွဲပြီး Customer ထံမှ ဆီဖိုးငွေ ထပ်တောင်းခံမှု ဖြစ်ပွားခဲ့ပါသည်။ Customer မှ Complaint တက်ချိန်တွင် Assistant Manager က ချက်ချင်းအရောင်းရပ်၍ ရောင်းရငွေများနှင့် တိုက်ဆိုင် စစ်ဆေးပြီး ငွေကွာမှု မရှိသည်ကို သိရှိရသည်နှင့် ချက်ချင်း Customer ထံမှ ထပ်တောင်းထားငွေကို ပြန်လည်ပေးအပ်ခဲ့ပြီး အနူးအညွှတ် တောင်းပန် ဖြေရှင်းပေးခဲ့ပါသည်။

ညတွင်းချင်း Customer Complaint Manager ထံသို့ Complaint ထပ်တက်သဖြင့် ဆိုင်မှာ ဖြစ်ပျက်ခဲ့သည့် အခြေအနေကို အချိန်နှင့် တပြေးညီ စုံစမ်းပြီး Customer အား ဆိုင်ဘက်မှ နားလည်မှုလွဲမှားခဲ့သည် ကို တောင်းပန်ခဲ့ပါသည်။ ည အဆိုင်း ပြီးဆုံး၍ တာဝန်လဲလှယ်ပြီး အိမ်သို့ ပြန်သွားသော ဝန်ထမ်း နှစ်ဦးကိုလဲ နံနက်ပိုင်းတွင် AA6439 Customer ထံသို့ ဖုန်းဆက် တောင်းပန်စေခဲ့ပြီး ဖြစ်ပါသည်။ Max Energy ၏ General Manager မှလည်း Customer ဖြစ်သူအား ကျေနပ်သည်အထိ ဖုန်းဆက်၍ တောင်းပန်ပြီး ဖြစ်ပါသည်။ ကုမ္ပဏီ အနေဖြင့် ဖြစ်စဉ်မှာ ပါဝင်သော ပေါ့လျော့သည့် ဝန်ထမ်း နှစ်ဦးနှင့် တာဝန်ရှိသူများအား မဖြစ်မနေ အရေးယူသွားမည် ဖြစ်ကြောင်း နောက်နောင်ကို အလားတူဖြစ်ရပ်မျိုး၊ မိမိတို့ ဘက်မှ ထိုကဲ့သို့ နားလည်မှုလွဲမှားမှုမျိုး နောက်ထပ် မဖြစ်စေရန် အထူးသတိပြု ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Max Energy ၏ စက်သုံးဆီဆိုင် အသီးသီးတွင် အချိန်အတွယ် အရည်အသွေး မှန်ကန်မှုကြောင့် ယခုထက်တိုင် ဝယ်ယူအားပေးနေသော Customer များကိုလည်း ဆိုင်တစ်ဆိုင်၏ ဝန်ဆောင်မှု အားနည်းမှုကြောင့် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်မျိုး ထပ်မံ မဖြစ်ပွားအောင် ကုမ္ပဏီမှ အထူးဂရုစိုက် ကြပ်မတ် ဆောင်ရွက် ပေးသွားမည့် အကြောင်း ရှင်းလင်း တင်ပြအပ်ပါသည်။

Max Energy စက်သုံးဆီဆိုင်များနှင့် ပတ်သက်၍ ဝေဖန်အကြံပြုချက်များကို ဖိတ်ခေါ်အပ်ပါသည်။

မြောက်ဥက္ကလာပ တည်းခိုခန်းတွင် အမျိုးသားတစ်ဦး သေဆုံး ရန်ကုန်၊ ဇူလိုင် ၂၉

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၊ (ဃ) ရပ်ကွက်ရှိ ချမ်းမြေ့ တည်းခိုခန်းတွင် ဇူလိုင်လ ၂၈ ရက် မွန်းလွဲ ၁ နာရီခန့်က အချိန်ပိုင်း လာရောက် တည်းခိုသူ ချစ်သူ နှစ်ဦးအနက် အသက် ၃၈ နှစ်အရွယ် အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။

သေဆုံးသူ အမျိုးသားသည် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် နေထိုင် သူ ဖြစ်ပြီး အဆိုပါ တည်းခိုခန်းတွင် ချစ်သူ အမျိုးသမီးနှင့်အတူ တည်းခိုနေ စဉ် သတိလစ် မေ့မြောရာမှ ဆေးရုံသို့ ပို့ဆောင်သည့် လမ်းတွင် သေဆုံး ခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရှိရသည်။

သေဆုံးသူ အမျိုးသားသည် နှလုံးသွေးကြောကျဉ်းရောဂါ လက္ခဏာနှင့် သွေးတိုးရောဂါရှိပြီး ရင်ခွဲ စစ်ဆေးချက်များအရ နှလုံး၏ အစိတ်အပိုင်း အချို့မှာ ပုပ်နေသည်ကို တွေ့ရှိရကြောင်း မြောက်ဥက္ကလာပ မြို့နယ် ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

“ကာမအားတိုးဆေး သောက်ထားလား ဆိုတာတော့ အသေးစိတ် မသိသေး ပါဘူး။ ဒါပေမဲ့ ဖြစ်တဲ့ နေရာကို စစ်ကြည့်တာတော့ ဘာအစအနမှ မတွေ့ပါဘူး၊ အတူပါလာတဲ့ သူကိုလဲ မေးကြည်တော့ မသုံးထားဘူးလို့ ပြော တယ်” ဟု အဆိုပါ သေဆုံးမှုကို စစ်ဆေးလျက်ရှိသည့် ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

နှလုံး ကြွက်သားပုပ်သည်ဟု ဆရာဝန်၏ အတည်ပြုချက်သည် နှလုံးတွင်းသို့ လိုအပ်သည့်သွေး (အောက်ဆီဂျင်) ပမာဏ မရောက်ရှိပါက နှလုံးခုန်ရပ်ပြီး ငါးမိနစ်မှ ၁၅ မိနစ်အတွင်း နှလုံး ကြွက်သား ပုပ်နိုင်ကြောင်း အထွေထွေ ရောဂါကု ဆရာဝန် တစ်ဦးက ပြောကြားသည်။

အမျိုးသား ကာမ အားတိုးဆေးဝါးများ သောက်သုံးထားမှု ရှိ မရှိ စစ်ဆေးရာ တွင် အခြားသော စိတ်ကြွဆေး၊ မူးယစ်ဆေးများ သုံးစွဲထားခြင်း ရှိ မရှိကို စစ်ဆေးခြင်းကဲ့သို့ မလွယ်ကူကြောင်း၊ နှလုံးရောဂါ (သို့) ရင်ဘတ် အောင့် တတ်သည့် ရောဂါ ဝေဒနာ ခံစားနေရသူများ အနေနှင့် ကာမ အားတိုးဆေး ဝါးများကို မသုံးသင့်ကြောင်း ၎င်းက အကြံပြု ပြောကြားသည်။

အဆိုပါ ဆေးဝါးများသည် သွေးပေါင်ကို လျော့စေသော အာနိသင် ရှိသောကြောင့် သွေးပေါင်ကို လျော့ကျစေပြီး ခန္ဓာကိုယ်မှ အားစိုက်ထုတ်ချိန် တွင် နှလုံးတွင်းသို့ လိုအပ်သည့် သွေးပမာဏ မရောက်ဘဲ နှလုံးသွေး ရပ်ကာ သေဆုံးနိုင်ကြောင်း၊ နှလုံးသွေးကြောကျဉ်း ရောဂါကြောင့် ဦးနှောက်သွေးကြောများကို ထိခိုက်နိုင်ပြီး လေဖြတ်၊ လေငန်းရောဂါများ လည်း ဖြစ်ပွားနိုင်ကြောင်း အထွေထွေရောဂါကု ဆရာဝန် တစ်ဦးက ရှင်းပြသည်။

အဆိုပါ သေဆုံးမှုကို သေမှုသေခင်း အမှတ် ၂၉/၁၃ ဖြင့် စစ်ဆေးလျက် ရှိကြောင်း မြောက်ဥက္ကလာပ ရဲစခန်းထံမှ သိရှိရသည်။

ဇူလိုင်လ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့တွင် မရမ်းကုန်းမြို့နယ် (၁) ရပ်ကွက် ဘုရင့်နောင်လမ်းပေါ်ရှိ တည်းခိုခန်း နှစ်ခုတွင် အသက် ၅၀ အရွယ် အမျိုးသား တစ်ဦးနှင့် အသက် ၄၇ နှစ်အရွယ် အမျိုးသား တစ်ဦးတို့ အလားတူ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

သူရဦးရွှေမန်း ပြည်ထောင်စုလွှတ်တော် နာယက ရာထူးလွှဲယူသည့် အထိမ်းအမှတ် လွှတ်တော်တွင် ရုပ်ရှင်ပြမည် ရန်ကုန်၊ ဇူလိုင် ၃၀

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် ပြည်ထောင်စုလွှတ်တော် နာယက ရာထူးကို ဇူလိုင်လ ၃၁ ရက်နေ့တွင် အခမ်းအနားဖြင့် လွှဲယူ မည်ဖြစ်ပြီး ရာထူးလွှဲယူသည့် အထိမ်းအမှတ် လွှတ်တော်တွင် ရုပ်ရှင်ပြသမည်ဖြစ်ကြောင်း သိရှိရသည်။

လွှတ်တော် နာယက ရာထူး လွှဲယူသည့်အခမ်းအနားကို ဇူလိုင် ၃၁ ရက်နေ့ နေ့လယ် ၁၂ နာရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး အထိမ်းအမှတ်အနေဖြင့် လွှတ်တော် ကိုယ်စားလှယ်များ အားလုံးကို နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံမည်ဖြစ်ကြောင်း၊ ယင်းနောက် သဘင်ဆောင်တွင် မြန်မာရုပ်ရှင်ဇတ်ကား ပြသ မည်ဖြစ်ကြောင်း သိရှိရသည်။

"ပြမယ့် ဇတ်ကားက ကြယ်စင်မော်ကွန်းဆိုလား ဘာလား ဖိတ်စာထဲမှာ ရေးထားတယ်။ ကျနော်တော့ သွားမကြည့်တော့ပါဘူး"ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပြောဆိုသည်။

ပင်လယ်ရေအောက် ဖိုင်ဘာဆက်ကြောင်း ဆီမီးဝီး သရီးကို ဇူလိုင် ၃၀ ရက်နေ့မှာ ပြင်ဆင်မှုပြီးစီးပြီဖြစ်လို့ သည်ညနေ(ဇူလိုင်၃၀) ၅း၀၀နာ၇ီကစပြီး ယခင်အင်တာနက်မြန်နှုန်းအတိုင်း ပြန်သုံးနိုင်ပြီ

ပင်လယ်ရေအောက် ဖိုင်ဘာဆက်ကြောင်း ဆီမီးဝီး သရီးကို ဇူလိုင် ၃၀ ရက်နေ့မှာ ပြင်ဆင်မှုပြီးစီးပြီဖြစ်လို့ သည်ညနေ(ဇူလိုင်၃၀) ၅း၀၀နာ၇ီကစပြီး ယခင်အင်တာနက်မြန်နှုန်းအတိုင်း ပြန်သုံးနိုင်ပြီလို့ မြန်မာဆက်သွယ်ရေးလုပ်ငန်း ဆီမီးဝီးသရီး ပြည်ပကေဘယ်လ်စတေရှင်မှ လက်ထောက်အင်ဂျင်နီယာ ဦးစိုးမြင့်ထံက သိရပါတယ်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ အပြည်ပြည်ဆိုင်ရာဆက်ကြောင်းတွေနဲ့ အဓိကချိတ်ဆက်ထားတဲ့ ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ်လ် ဆီမီးဝီးသရီးဆက်ကြောင်းက ဇူလိုင်လ ၂၂ ရက်ညနေ ၅နာရီအချိန်မှာချို့ယွင်းမှုဖြစ်ခဲ့တယ်။ ပြုပြင်ဆဲကာလအတွင်း မြန်နှုန်း 5.5 GBPS ကိုပဲအသုံးပြုလို့ရခဲ့ပြီး အခုအချိန်မှာ ယခင်မြန်နှုန်း 11.5GBPS ကို အသုံးပြုနိုင်ပါပြီ။

လပြည့်ဝန်းပလာဇာတွင် မီးလောင်မှုဖြစ်ပွား ရန်ကုန်၊ ဇူလိုင် ၃၀


၃၀.၇.၂၀၁၃ ရက်နေ့ ၁၂၂၀အချိန် ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊
န၀ဒေးလမ်းနှင့်အလံပြဘုရား လမ်းရှိ လပြည့်ဝန်းပလာဇာ၏ (၆)လွှာ၊
အနောက်ဘက်(ယာ)ခန်း သဘောင်္ဆေးပုံးအခွံများနှင့် အဆောက်အဦး
ဆောက်လုပ်ပြုပြင်ရာတွင်ကာရံအသုံးပြုသည့် နိုင်လွန်ပိုက်ကွန်များထား
ရှိရာအခန်း ၌ မီးလောင်မှုဖြစ်ပွားသဖြင့်အဆိုပါနေရာသို့မီးသတ်ယာဉ်
(၁၁)စီး၊အုပ်ချုပ်မှုယာဉ်(၅)စီး၊အထောက်အကူပြုယာဉ်(၆)စီးတို့ဖြင့်
မီးငြိမ်းသတ်ခဲ့ရာ ၁၂၃၀ အချိန်တွင်မီးငြိမ်းသွားခဲ့ပါသည်။

အခင်းဖြစ်နေရာသို့ ရန်ကုန်တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာ
ဝန်ကြီး၊ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူး၊ ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ အကူတပ်ဖွဲ့ခွဲမှူး၊ အနောက်ပိုင်း
ခရိုင်ရဲတပ်ဖွဲ့မှူး၊ဒဂုံမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်တာဝန်ရှိသူတို့မှ ရောက်ရှိ
စစ်ဆေးခဲ့ပါသည်။

အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ဆက်လက်စုံစမ်းစစ်ဆေးလျက်
ရှိကြောင်းသတင်းရရှိပါသည်။

လာဘ်စားမှုအများဆုံးကျောင်း ၁၉ကျောင်းစာရင်း တရားဝင်ထုတ်ပြန်ထားသည်ဆိုသည်မှာမဟုတ်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးဦးဉာဏ်ထွန်းဦးပြောကြား ================================ အောင်သက်ကို ဇူလှိုင် ၃၀ - ရန်ကုန်

အွန်လိုင်း သတင်းစာမျက်နှာတစ်ခုတွင် ရန်ကုန် တိုင်းဒေသကြီးအစိုးရအ ဖွဲ့က ထုတ်ပြန်ထားသည်ဟူ၍ ဖော် ပြထားသော လာဘ်စားမှုအများ ဆုံးကျောင်း ၁၉ ကျောင်းစာရင်း မှာ တရားဝင်ထုတ်ပြန်ထားခြင်း မဟုတ်ဟု အဆိုပါတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးတစ်ပါးဖြစ်သူ ဦးဉာဏ်ထွန်းဦးက ပြောသည်။
အဆိုပါလာဘ်စားမှုအများ ဆုံးကျောင်းများ၏ အမည်စာရင်း များကို ရန်ကုန်တိုင်းဒေသကြီး အစိုး ရအဖွဲ့က တရားဝင်ထုတ်ဖော်ပြော ကြားထားခြင်းဖြစ်သည်ဟု မီဒီယာ တစ်ခုမှ ဖေ့စ်ဘွတ်စ်စာမျက်နှာတွင် ဖော်ပြထားခြင်းဖြစ်သည်။
ဝန်ကြီးဦးဉာဏ်ထွန်းဦးက ''အဲဒါကို တိုင်းဒေသကြီး အစိုးရ အဖွဲ့က မထုတ်ပြန်ထားပါဘူး။ သ တင်းအမှားတွေပါ။ ထုတ်ပြန်တဲ့ သူတွေက တခြားတစ်ယောက် ယောက်ကို မေးရင်းဖော်ပြလိုက် တာဖြစ်မှာပါ''ဟု ဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက် ပြီး နေပြည်တော်ပညာရေးဝန်ကြီး ဌာနရုံးသို့ဆက်သွယ်မေးမြန်းရာ ယင်းတို့၏ဝန်ကြီးဌာနရုံးသို့ တရား ဝင်အကြောင်းကြားစာမရောက် သေးသဖြင့် မသိရှိသေးဟု တာဝန် ရှိသူတစ်ဦးကပြောသည်။
အွန်လိုင်းတွင်ဖော်ပြထား သော ကျောင်း ၁၉ ကျောင်း၏ အမည်စာရင်းမှာ အထက်တန်း ကျောင်းမင်္ဂလာဒုံ(၂)၊ ဒဂုံ(၁)၊ ဗိုလ် တထောင်(၄)၊ ဗိုလ်တထောင် (၅)၊ ကမာရွတ်(၂)၊ ရန်ကင်း (၂)၊ လမ်း မတော်(၂)၊ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း (TTC)၊ လသာ(၂)၊ ဗဟန်း(၂)၊ စမ်းချောင်း(၂)၊ အလုံ(၄)၊ အင်း စိန်(၂)၊ တာမွေ(၄)၊ ကမာရွတ် (၅)၊ အလယ်တန်းကျောင်းတွင် ပန်းဘဲတန်း(၁)၊ အခြေခံပညာမူလ တန်းကျောင်းများတွင် ကမာရွတ် (၂)၊ ဗဟန်း(၂)၊ ဗဟန်း (၃)တို့ဖြစ် သည်ဟု ဖော်ပြထားသည်။
ယင်းနှင့်စပ်လျဉ်း၍ ဗဟန်း မြို့နယ်လက်ထောက်ပညာရေး မှူးဦးတင်ဖုန်းက ''ကျောင်းအုပ်ကြီး ၁၉ ဦးကို ပညာရေးဝန်ကြီးဌာနက နေပြီးခဲ့တဲ့နှစ်က ခေါ်တွေ့တာမျိုး ရှိတယ်။ ဒါကလဲ ကျောင်းတွေက နာမည်ကြီးနေတဲ့အတွက် လာဘ် စားမှုတွေမရှိအောင် ထိန်းထိန်း သိမ်းသိမ်းလုပ်ဆောင်ကြဖို့အ တွက်ပါ။ ဒီလိုအနေနဲ့ခေါ်တွေ့ တာမျိုးပဲရှိပါတယ်။ အခုလာဘ် စားတယ်ဆိုပြီး သတင်းတက်လာ တယ်ဆိုတာကလဲ ဖွလိုက်တာလို့ပဲ ထင်တယ်''ဟု ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် အခြေခံပညာမူလတန်း ကျောင်း ပေါင်း ၂၂၈၀ဝနီးပါး၊ အလယ်တန်း ကျောင်းပေါင်း ၂၅ဝခန့်နှင့် အထက် တန်းကျောင်းပေါင်း ၁၇၀ နီးပါး ခန့်တို့ ဖွင့်လှစ်ထားကြောင်း အမှတ် (၃)အခြေခံပညာဦးစီးဌာနထုတ် ပြန်ချက်များအရ သိရသည်။

ငွေသိန်းခြောက်ဆယ်ကျော်ပျောက်ဆုံးမှု ရှာဖွေဖမ်းဆီးရာမှ မန္တလေးဆေးရုံကြီးတွင် လှည့်လည်ခိုးယူနေသူအား ဖမ်းမိ Tuesday, July 30, 2013

ကချင်ပြည်နယ် အမှတ်(၂)သတ္တုတွင်းဌာနမှ အထွေထွေမန်နေဂျာ ၏ ငွေသိန်းခြောက် ဆယ်ကျော်ပျောက်ဆုံးမှုရှာဖွေဖမ်းဆီး ရာမှ မန်းဆေး ရုံကြီးတွင် ယခင်ကထဲကလှည့်လည်ခိုးယူနေသောအမှုများပါ
ပေါ်ပေါက်ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဇူလိုင်၂၁ရက်နေ့ညနေပိုင်းတွင်ဦး---- ကချင်ပြည် နယ်၊ အမှတ်(၂) သတ္တတွင်း ဌာနသည်နေပြည်တော်အစည်းဝေးမှ မြစ်ကြီးနားသို့ ပြန်လာချိန် လမ်းခုလက်တွင် နှလုံးထိခိုက်မိပြီး မန်းလေးပြည်သူ့ဆေးရုံကြီးတွင်
ဆေးကုသမှုခံယူခဲ့ကြောင်း၊ ၂၃ရက်နေ့တွင်ခွဲစိတ်ကုသခဲ့ပြီးနောက် နှလုံး
သွေးကြော ပိတ် ကု သဆောင်တွင် ဆက်လက်ကုသမှုခံယူခဲ့ကာ
၂၅ရက်နေ့ ညနေ ၄နာရီခန့်တွင် ဆေးရုံ ကုတင်ဘေးစားပွဲပေါ်တွင် တင်ထားသော ငွေကျပ် ၆၃သိန်းခန့်ပါ ပြင်သစ်နိုင်ငံလုပ် ELLSE အမျိုးစား
လက်စွဲ အိပ်အညိုရောင်မှာ ပျောက်ဆုံးလျှက်ရှိကြောင်း တွေ့ရှိရသဖြင့် ၄င်ကိုယ်တိုင် အမှတ်(၈)ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့သည်။

စခန်းမှ (ပ) ၃၀၁/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၀အရအမှုဖွင့်ဆောင်ရွက်ခဲ့ပြီး သံသယရှိသူအား လိုက်လံစစ် ဆေးရာသုံးနိုင်ဖြုန်းနိုင်သည့် အခြေနေ မရှိသော တရားခံဟု ယူဆရသူတစ်ဦးသည် စင်တင်ဆိုင်များနှင့် တခြားနေရာ များတွင်
ငွေအများပြားသုံးစွဲနေသည်ကို တွေ့ရှိရသဖြင့် ၄င်းသံသယရှိသူအား ၄င်း၏အဒေါ်ရှိရာ ယာဉ်ပျံဘူ တာအနီးသို့ Taxi ဖြင့် ပြန်လာချိန်တွင်
ဖမ်းဆီးစစ်ဆေးရာ သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည် ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

တရားခံအား ဆက်လက်စစ်ဆေးရာ ယခင် ဆေးရုံကြီးတွင် ငွေများ၊ အားသွင့်ထားသည့် ဖုန်းများအား လှည့်လည် ခိုးယူနေကြောင်း
စစ်ဆေးတွေ့ရှိရသဖြင့် အမှုအား အမှတ်(၈)ရဲစခန်းမှ နောက်ထပ် ခိုးယူထားသည့်အမှုများရှိမရှိ ယနေ့ ၃၀-၇-၂၀၁၃ရက်နေ့ ညနေ ၄နာရီခွဲခန့်အထိ
ဆက်လက်စစ်ဆေးနေဆဲဖြစ် ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖိုးလပြည့်
Popular Myanmar News Journal

မြန်မာ့ ပျူမြို့ဟောင်း ၃ မြို့ အရှေ့တောင်အာရှတွင် အကြီးဆုံးမြို့တော် ဟောင်းကြီးများဖြစ်သည်ဟု အင်္ဂလန် က ရှေးဟောင်းသုတေသန ပါမောက္ခပြောကြား(30.7.2013, Tuesday)

ပျူမြို့ဟောင်း ၃ မြို့သည် အရှေ့တောင်အာရှ မှာ အကြီးဆုံးမြို့ဟောင်းကြီး
များဖြစ်ကြောင်း မြန်မာ့ ပျူမြို့ဟောင်း များကို လေးလကြာ လာရောက်လေ့
လာခဲ့ကြရာ SOAS University of London မှ ရှေးဟောင်း သုတေသန
ါမောက္ခ ပညာရှင်တစ်ဦးဖြစ်သည်။ သူ၏ လေ့လာတွေ့ရှိချက်အရ
ပျူမြို့ဟောင်း၃ မြို့သည် အရှေ့တောင်အာရှတွင် အကြီးဆုံးမြို့ဟောင်း
ကြီးများအဖြစ် UNESCO မှ သတ်မှတ်သော ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်
စာရင်းဝင်ဖြစ်နိုင်သည်ဟု ယူဆခဲ့ကြောင်းသိရသည်။ "ပျူမြို့ဟောင်းဟာ
အရှေ့တောင်အာရှမှာ အကြီးဆုံးမြို့ဟောင်းနဲ့ စိတ်ဝင်စားစရာအကောင်း
ဆုံးနေရာလို့မြင်ပါတယ်။ မြို့ဟောင်း ၃ မြို့စလုံးက တစ်နေရာ တည်းမှာ
မရှိဘဲ တစ်မြို့စီမှာတည်ရှိနေပါတယ်။ အဲဒီမြို့ဟောင်းတွေက တစ်ချိန်ချိန်မှာ
ကမ္ဘာ့အမွေအနှစ် စာရင်းဝင် နိုင်တယ်လို့ထင်ပါတယ်’’ဟု အရှေ့တောင်
အာရှအနုပညာနှင့် ရှေးဟောင်းသုတေသန ပညာရှင် အင်္ဂလန်နိုင်ငံ SOAS
University of London မှ ရှေးဟောင်းသုတေသန ပါမောက္ခ Miss
Elizabeth H Moore က ပြောကြားခဲ့သည်။ သုတေသနပြုလုပ်ငန်းများ
သည် ချောချောမွေ့မွေ့ ဖြစ်နေကြောင်းသိရပြီး ပျူမြို့ဟောင်းများကို
ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ရန် ကို ယဉ်ကျေးမှုဝန်ကြီး
ဋ္ဌာနမှ ဆောင်ရွက်နေကြောင်း သိရသည်။

Myawady News

ကိုရီးယားနိုင်ငံသားအား ပုံနှိပ်စက်ပစ္စည်းများမပို့၍ လိမ်လည်မှုဖြင့် အရေးယူ ရန်ကုန်၊ ဇူလိုင် ၃၀

၁၇.၁.၂၀၁၃ ရက်နေ့တွင် ဗိုလ်တထောင်မြို့နယ်၊ (၂)ရပ်ကွက်နေ ဦးအောင်ကျော်ဦး၊ (ဘ)ဦးကျော်လှိုင်သည် ကိုရီးယားနိုင်ငံရှိ
M.S MYOUNG SHIN INDUSTRY CO.,Ltd မှ ဥက္ကဌဖြစ်သူ
Mr.YOON ထံ E-mail ဖြင့်ဆက်သွယ်ကာ ပုံနှိပ်စက်နှင့်ဆက်စပ်ပစ္စည်းများအား US ဒေါ်လာ ၁၅၅၈၀၀ ဖြင့်ဝယ်ယူရန်စာချုပ်ချုပ်ဆိုခဲ့ကာ ၎င်းပစ္စည်းများအတွက် US ဒေါ်လာ ၁၂၀၀၀၀ အား Mr.YOON လွှဲအပ်ခိုင်းသည့် ဘဏ်သို့လွှဲပေးခဲ့ပြီး ပစ္စည်းများအား ၂၀၁၃ ခုနှစ်မေလတွင်
နောက်ဆုံးထားပို့ပေးရန်သဘောတူခဲ့သော်လည်း ယနေ့အချိန်အထိ ပစ္စည်းများအားပို့အပ်ပေးခြင်းမရှိသည့်အပြင် US ဒေါ်လာများ
အားလည်း ပြန်လည်ပေးအပ်ခြင်းမရှိသဖြင့် ယခုမြန်မာနိုင်ငံတွင်
ရောက်ရှိနေ သည့် Mr.YOON အားအရေးယူပေးရန် ဦးအောင်ကျော်ဦးမှတိုင်တန်းခဲ့ရာ ပုဇွန်တောင်မြို့မရဲစခန်း
(ပ)၁၆၄/၂၀၁၃၊ ပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

yangonpolice

တရုတ်နိုင်ငံသားတစ်ဦးအား သေနတ်(၁)လက်နှင့်ဖမ်းဆီးရမိ ဇူလိုင်လ ၃၀ ရက် ၂၀၁၃

၂၉-၇-၂၀၁၃ ရက်နေ့ ၁၁၃၀ အချိန် ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ ၁၀၅ မိုင်နယ်စပ် ကုန်သွယ်ရေးစခန်း၊ ငွေဆင်ဂိတ်လုံခြုံရေးတာဝန်ကျတပ်ဖွဲ့ဝင်များသည် မြန်မာနိုင်ငံမှတရုတ်နိုင်ငံသို့ သွားရောက်မည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရွှေလီမြို့၊ လောင်ခမ်းရွာနေ အိုက်ဟွမ်(၃၃)နှစ် မောင်းနှင် လာသည့် တရုတ်နံပါတ် NA-၆၉၇၈ ပါ အနက်ရောင်ဆလွန်းယာဉ်အား မသင်္ကာသဖြင့် သက်သေများ ရှေ့တွင်ရှာဖွေစစ်ဆေးခဲ့သည်။ ထိုသို့ရှာဖွေစစ်ဆေးရာ ကျည်ဘောက်မပါသည့် အရှည်(၁၃.၅) လက်မခန့်ရှိ အနက်ရောင် တရုတ်နိုင်ငံလုပ် JD-၀၀၇၈၅ တံဆိပ်ပါ ကိုယ်ထည်အမှတ် ၂-၁၃၅၂၉၈ ၊ ဘောစေ့ဖြင့်ပစ်ရသောသေနတ် ၁ လက်၊ တစ်ဗူးလျှင် ၉၀ တောင့်ပါ ရွှေရောင်ကျည်ဆံ(Power loads )တံဆိပ်ပါ ၃ ဗူး၊ ဘောစေ့ ၂၂ လုံးပါ ဘောအိမ် ၁ ခု၊ နံပါတ် ၅၃၃၁၀၂၁၉၇၇၀၁၃၀၂၁၃ X ပါ တရုတ်နိုင်ငံသားကဒ်(၁)ခု၊ VIN ၀၀၀၉၂၁၆ Engine ၀၆၁၃၄၅၁ ပါ လိုင်စင်ကဒ် ၁ ခု၊ နံပါတ် F ၀၁၀၄၄၅၀၁ စိုင်းအောင်အမည်ပါ နိုင်ငံကူးလက်မှတ်အညိုရောင် ၁ ခု၊ ICBC စာတန်းပါ ၆၂၁၂၂၆၂၅၁၁၀၀၀၁၄၆၀၂၃ နံပါတ်ပါရှိသော ဘဏ်ကဒ်အပြာရောင် ၁ ခု၊ICBC စာတန်းပါ ၆၂၈၂၈၈၀၀၁၂၉၀၁၀၂၀ နံပါတ်ပါရှိသော ဘဏ်ကဒ်အပြာရောင် ၁ ခု၊POLO တံဆိပ်ပါ အညိုရောင်ပိုက်ဆံအိတ် ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့သဖြင့် အိုက်ဟွမ်အား မူဆယ်မြု့မရဲစခန်း (ပ)၁၆၀/၂၀၁၃၊ ရှမ်းလက်နက်ဥပဒေ ၁၂(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

တရားမ၀င်အနှိပ်ခန်း ဖမ်းဆီးအရေးယူ နေပြည်တော်၊ ဇူလိုင် ၃၀

၂၈-၇-၂၀၁၃ ရက်နေ့ ၂၂၃၀ အချိန် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောင်ရပ်ကွက်၊ ချမ်းသာလမ်း၊ အမှတ်(၇)မြေညီထပ်ရှိ Bosition Beauty Saloon အလှပြင်ဆိုင်တွင် တရားမ၀င်အနှိပ်ခန်းဖွင့်လှစ်နေကြောင်းသတင်းအရ စမ်းချောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူဝင်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေခဲ့ရာ ဆိုင်မန်နေဂျာ ခိုင်မိုး(၂၈)နှစ်နှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ မြစ်ငယ်မြို့နေ အနှိပ်သမ မသဒ္ဒါချို(ခ)ကာရံ(၂၁)နှစ်ပါ ၁၀ ဦးအား အနှိပ်ခန်းပြုလုပ်ရာတွင်အသုံးပြုသောစာရွက်စာတမ်းများ၊ အသုံးအဆောင်ပစ်္စည်းများ၊ ငွေကျပ်(၄၀၀၀၀ိ/-)တို့နှင့်အတူ တွေ့ရှိသိမ်းဆည်းဖမ်းဆီးရမိခဲ့သဖြင့် စမ်းချောင်းမြို့နယ်အုပ်ချုပ်ရေး ဦးစီးဌာနမှ တရားလိုပြုလုပ်ကာ စမ်းချောင်းမြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားလျက်ရှိကြောင်း သတင်းရရှိသည်။

Myawady News

တူမီးသေနတ်အား နေအိမ်ကြမ်းခင်းပေါ်ပစ်ချရာက ထိမှန်သေဆုံး နေပြည်တော်၊ ဇူလိုင် ၃၀

၂၈-၇-၂၀၁၃ ရက်နေ့ ၀၈၁၅ အချိန် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့နယ်ခွဲ၊ မိုင်းဒင်းကျေးရွာအုပ်စု၊ လွှစင်ချောင်းတောတွင် လူတစ်ဦး တူမီးသေနတ် ထိမှန်သေဆုံးကြောင်းသတင်းအရ တကောင်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ သေဆုံးသူမှာ မောင်ဝင်း(၄၀)နှစ်ဖြစ်ပြီး ၄င်းသည် ၂၇-၇-၂၀၁၃ ရက်နေ့ ၁၅၀၀ အချိန် တူမီးသေနတ်ဖြင့်တောလိုက်သွားခဲ့ကြောင်း၊ ၁၇၀၀ အချိန်ခန့်တွင် ဂျီတစ်ကောင်ဖြင့် နေအိမ်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း၊ ဇနီးဖြစ်သူမ၀င်းတင်မှာ နေအိမ်နှင့်ကိုက် ၁၀၀ ခန့်အကွာရှိ ချောင်းရိုးတွင် ရေခပ်နေစဉ် နေအိမ်တဲအတွင်းမှတူမီးသေနတ်သံကြားရသဖြင့် သွားရောက်ကြည့်ရှုခဲ့ရာ မောင်ဝင်း၏ ၀ဲနံဘေးတွင် တူမီးသေနတ်ထိမှန်ဒဏ်ရာဖြင့် တဲအပြင်၌လဲကျနေသည်ကိုတွေ့ရှိရကြောင်း၊ ဇနီးဖြစ်သူက မေးမြန်းခဲ့စဉ်မောင်ဝင်းမှ သေနတ်ကျည်ထွက်ပြီးဒဏ်ရာရရှိကြောင်းနှင့် ဆေးကုသပေးရန် ပြောဆိုခဲ့ သဖြင့် မောင်ဝင်း၏မိခင်နှင့်ပထွေးဖြစ်သူတို့အား ရင်ခွင်ရွာသို့ သွားရောက်ခေါ်ဆောင်ပြီးပြန်လာစဉ် သေဆုံးနေခြင်းဖြစ်ကြောင်း သိရှိရသည်။
သို့ဖြစ်၍ ၂၉-၇-၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန် အလောင်းအား တကောင်းဆေးရုံသို့ ပို့အပ်ခဲ့ပြီး တူမီးသေနတ်မှကျည်ထွက်ရသည့်အကြောင်းရင်းအားစိစစ်ခဲ့ရာ သေဆုံးသူသည် တောလိုက် ပြန်လာပြီး နေအိမ်တဲအတွင်းရောက်ရှိစဉ် ယမ်းထည့်ထားသည့်တူမီးသေနတ်အား နေအိမ်တဲကြမ်းခင်း ပေါ်သို့ပစ်ချစဉ် ကျည်ထွက်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသောကြောင့် တကောင်းနယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၇/၁၃)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

Myawady News

ကုန်းတွင်းအင်တာနက်ဆက်ကြောင်း ပြင်ဆင်ပြီးပါက အမြန်နှုန်းစောင့်ကြည့်မည် ပြန်လည်ကောင်းမွန်လျှင် ရေအောက်ဆက်ကြောင်း ပြုပြင်ရန်မလို ချိုကို | အင်္ဂါနေ့၊ ဇူလိုင်လ ၃၀ ရက် ၂၀၁၃ ခုနှစ် ၁၉ နာရီ ၄၃ မိနစ်

ဇူလိုင် ၂၂ ရက်က စတင်ပြတ်တောက်ခဲ့သည့် Sea Me We 3 ရေအောက်အင်တာနက်ဖိုင်ဘာဆက် ကြောင်း ပြင်ဆင်မှုတွင် ကုန်းတွင်းအင်တာနက်ဆက်ကြောင်းကို ပြင်ဆင်ချိတ်ဆက်နေပြီဖြစ်ရာ ပြင် ဆင်ပြီးပါက အင်တာနက်မြန်နှုန်း ပြန်လည်ကောင်း၊ မကောင်းကို စောင့်ကြည့်သွားမည်ဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပြင်ပဆက်သွယ်ရေးဌာန အင်ဂျင်နီယာချုပ် ဦးစိုင်းစောလင်းထွန်း က မဇ္ဈိမကို ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မူလက ထုတ်ပြန်ရာတွင် Sea Me We 3 အင်တာနက်ဆက်ကြောင်း မှာ ရေအောက်တွင် ပြတ်တောက်နေသည်ဟု ယူဆခဲ့သော်လည်း စစ်ဆေးမှုများအရ ကုန်းတွင်းတွင် တွေ့ရှိရသောကြောင့် ပြင်ဆင်မှုများကို ဇူလိုင်စတုတ္ထပတ်အတွင်းက စတင်ခဲ့သည်။ ပြင်ဆင်မှုသည် နှစ်ပတ်ခန့်ကြာ မြင့်ဖွယ်ရှိပြီး ပြင်ဆင်ပြီးနောက် အင်တာနက်မြန်နှုန်း ပြန်လည်မြင့်တက်လာပါက ပင် လယ်ရေအောက်ကေဘယ်လ်ဆက်ကြောင်းကို ပြင်ဆင်ရန် စစ်ဆေးရန်မလိုတော့ဟုလည်း အင်ဂျင်နီ ယာချုပ်က ပြောသည်။

ဦးစိုင်းစောလင်းထွန်းက “လက်ရှိတော့ ဖျာပုံနားမှာရှိတဲ့ ကုန်းတွင်းပိုင်းအင်တာနက်ဆက်ကြောင်းကေ ဘယ်လ်ကြိုးတွေကို ပြန်လည်ပြင်ဆင်ချိတ်ဆက်နေတယ်။ အဲဒီဆက်ကြောင်း ပြင်ဆင်ချိတ်ဆက်ပြီး ရင်တော့ အင်တာနက်မြန်နှုန်းကို စောင့်ကြည့်မယ်။ စောင့်ကြည့်လို့ အင်တာနက်မြန်နှုန်း ပြန်ကောင်း လာမယ်ဆိုရင် ရေအောက်ကေဘယ်လ်ဆက်ကြောင်းတွေဘက်မှာ ဘာပြဿနာမှမရှိနိုင်တော့ဘူး”ဟု ပြောသည်။

ကုန်းတွင်းအင်တာနက်ကေဘယ်လ်ဆက်ကြောင်း ပြင်ဆင်ရန်အတွက် စစ်ဆေးမှုများ ပြုလုပ်ရာတွင် ဖျာပုံမြို့မှ နှစ်မိုင်တစ်ဖာလုံ နှင့် နှစ်မိုင်ခြောက်ဖာလုံကြား ကုန်းတွင်းပိုင်း မြေအောက်တွင်မြုပ်ထားသော ပါဝါကေဘယ်လ်ကြိုးပေါက်ပြီး ပါဝါယိုစိမ့်မှု (Leakage) ဖြစ်ပေါ်နေသည့်အတွက် ပါဝါကေဘယ်လ်ကြိုး အရှည်မီတာ ၅၀၀ ကို အစားထိုးပြုပြင်နေပြီး ပြင်ပဆက်သွယ်ရေးဌာနက ကြီးကြပ်ပြုပြင် နေခြင်းဖြစ်သည်။

၎င်းက ဆက်လက်၍ “ပြည်တွင်းက အင်ဂျင်နီယာအဖွဲ့တွေနဲ့ ကုန်းတွင်းဆက်ကြောင်း ပြင်ဆင်နေ တယ်။ စင်ကာပူက SEA ME WE-3 ကေဘယ်လ်ပြုပြင်ရေးအဖွဲ့ကတော့ မလာသေးဘူး။ စောင့်ကြည့် နေတယ်။ ကုန်းတွင်းဆက်ကြောင်း ပြင်ဆင်စမ်းသပ်ပြီးလို့ မကောင်းသေးဘူးဆိုမှ အဲဒီအဖွဲ့ကနေလာပြီး ရေအောက်ဆက်ကြောင်းကို ထပ်မံစစ်ဆေးမှု ပြုလုပ်မှာပါ”ဟု ပြောသည်။

အင်တာနက်ဆက်ကြောင်း ချို့ယွင်းမှုကြောင့် အင်တာနက်လိုင်း နှေးကွေးမှုများ ဖြစ်ပေါ်နေပြီး အင်တာနက် အဓိကထား အသုံးပြုနေသည့် အိုင်တီကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းများမှာလည်း အခက်အခဲ များရှိနေသည်ဟု ဆိုကြသည်။

ပြည်တွင်းတွင် SEA ME WE-3 ရေအောက်အင်တာနက်ဆက်ကြောင်းကို အဓိကသုံးစွဲနေရပြီး ယင်း ဆက်ကြောင်းကို အာရှနှင့် ဥရောပရှိ နိုင်ငံပေါင်း ၃၄ နိုင်ငံနှင့် အဖွဲ့အစည်း စုစုပေါင်း ၆၄ ခုက ချိတ် ဆက်အသုံးပြုနေသည်။ မြန်မာနိုင်ငံအနေဖြင့် SEA ME WE-3 ရေအောက်ကေဘယ်လ်ဆက်ကြောင်း အပြင် ကုန်းတွင်းနယ်စပ်ဖြတ်ကျော်ဆက်ကြောင်းနှင့် ဂြိုဟ်တုဆက်ကြောင်းများကို သုံးစွဲနေသည်။

ထို့ပြင် SEA ME WE-3 အင်တာနက်ဆက်ကြောင်း ပြတ်တောက်မှုများ ဖြစ်ပွားပါက အသုံးပြုနိုင်ရန် အတွက်လည်း SEA ME WE-5 အင်တာနက်ဆက်ကြောင်းကို ချိတ်ဆက်ရန် ညှိနှိုင်းဆွေးနွေးမှုများပြု လုပ်နေသည်။

ပြည်တွင် သွေးလွန်တုပ်ကွေးဖြင့် လေးနှစ်အရွယ် ကလေးသေဆုံး ပြည်၊ ဇူလိုင် ၂၉

ယခုနှစ် သွေးလွန်တုပ်ကွေး ရာသီမှစ၍ လက်ရှိအချိန်ထိ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင်အတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားသည့် လူနာတစ်ရာ ဝန်းကျင်ရှိပြီး ဇူလိုင်လ ဒုတိယပတ်က အသက်လေးနှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ကြောင်း ပြည်ခရိုင်ကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လူနာကလေးငယ်မှာ ရောဂါဖောက်သည့် အချိန်တွင်မှ ဆေးရုံသို့ နောက်ကျ ရောက်လာသည့်အတွက် မည်သို့မျှ ကယ်တင်၍ မရတော့သဖြင့် မိသားစုက အိမ်ပြန်ခေါ်သွားပြီးနောက် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သွေးလွန်တုပ်ကွေးရောဂါဖြင့် သေဆုံးခဲ့သော လူနာကလေးနှင့် ပတ်သက်၍ ပြည်မြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဦးတင့်ရွှန်းက ပြောကြားသည်။
“ရှော့ခ်ဖြစ်ပြီး ၂၄ နာရီတွင်းလာရင် အသက်မဆုံးရှုံးနိုင်ဘူး” ဟု ၎င်းကဆိုသည်။

လက်ရှိ ပြည်မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ လူနာ ၅၂ ဦးရှိပြီး အခြားမြို့နယ်များတွင် ၄၈ဦး ရှိနေကြောင်း၊ ပြည်မြို့ ပြည်သူ့ဆေးရုံကြီးတွင် သွေးလွန်တုပ်ကွေး ရောဂါဖြင့် တက်ရောက် ကုသနေသူများသည် အသက် ၁၂ နှစ်အောက် ကလေးများ ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

သွေးလွန်တုပ်ကွေး ရောဂါတွင် ရောဂါအဆင့် သတ်မှတ်ချက်လေးခုရှိရာ လူနာများသည် အဆင့် ၁ နှင့် ၂ သာ ရှိကြကြောင်း ရောဂါဖြစ်ပွားမှု တားဆီးနိုင်ရန် သောက်သုံးရေများ ဖုံး၊ သွန်၊ လဲ၊ စစ်ကို အဓိကထားပြီး မြို့နေလူထုက အပတ်စဉ် လုပ်ဆောင်ရန် လိုအပ်နေသေးကြောင်း ဆေးရုံအုပ်ကြီးက သုံးသပ် ပြောကြားသည်။

သေဆုံးခဲ့သော ကလေးနေထိုင်ရာ ရပ်ကွက်နှင့် ပြည်မြို့ရှိ မူလတန်းကျောင်းများ၊ ဘုန်းတော်ကြီး ပညာသင်ကျောင်းများကို မြို့ပေါ်ရှိ လူမှုရေးအဖွဲ့အစည်းများက ခြင်ဆေးရည်များ ဖျန်းပေးခဲ့ပြီး လက်ရှိအချိန်တွင် ရောဂါဖြစ်ပွားမှု နည်းပါးနေကြောင်း ခရိုင် ကျန်းမာရေးဦးစီးဌာန ထံမှ စုံစမ်းသိရှိရသည်။

ထန်းတပင်မြို့နယ်အတွင်းရှိ လွန်ဘူးရွာသားတစ်ဦးကို အစိုးရစစ်တပ် အကြောင်းမဲ့ထိုးကြိတ် ဇူလိုင်လ ၃၀ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)

ပဲခူးတိုင်း၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်းရှိ လွန်ဘူးကျေးရွာသားတစ်ဦးဖြစ်သည့် အသက် ၂၆နှစ် အရွယ် စောသာထောဆိုသူကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ) လက်အောက်ခံတပ်ရင်း ခြေလျင်တပ်ရင်း (ခလရ-၅၃)တပ်ရင်းက အကြောင်းမဲ့ထိုးကြိတ်ခဲ့သည်ဟု ၎င်းဒေသမှလာသည့်သတင်းအရ သိရသည်။

န်းတပင်မြို့နယ်အတွင်းတွင် သွားလာလှုပ်ရှားနေသော အဆိုပါ (ခလရ-၅၃)တပ်ရင်းမှ တပ်ခွဲမှူး အဆင့်ရှိသူ ဗိုလ်ကြီး အေးကိုဟန် ဆိုသူသည် လွန်ဘူးကျေးရွာရှိ ဆင်ကျောင်းနေသော ဆင်ဦးစီး စောသာထောကို ဇူလိုင် လ ၂၇နေ့က အကြောင်းမဲ့ ထိုးကြိတ်ခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

“ဆင်ထိန်းကျောင်းဖို့ သွားလာနေတဲ့ စောသာထောကို ရွာရဲ့ လမ်းတနေရာမှာ အဲဒီဗိုလ်က တွေပြီး ထိုးလိုက် တာပဲ။ နောက် အဲဒီဗိုလ်က အရက်မူးတယ်လို့ သိရတယ်။ စောသာထောရဲ့ ခန္ဓာကိုယ်ကို အဲဒီဗိုလ်က ခြေနဲ့ ကန်ကျောက်သလို ဆဲဆိုပြီး ထိုးကြိတ်တာ အခုဆိုရင် သူ့မျက် နှာမှာမြင်မကောင်းအောင် ယောင်ကိုင်းနေ တယ်။ ပါးစပ်ဟလည်း မရလို့ အစာစားဖို့ ခက်နေတယ်”ဟု ကေအိုင်စီသို့ ပြောဆိုသည်။

ထိုဖြစ်ရပ်ကြောင့် ရွာသူရွာသားများသည် အစိုးရစစ်တပ်များကို ကြောက်ရွံ့နေကြရပြီး ၎င်းတို့လုပ်ငန်းခွင်သို့ သွားလာရန် အခက်အခဲဖြစ်နေသည်ဟု သူက ဆက်ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် အစိုးရအကြား ယခုလို အပစ်အခတ်ရပ်စဲရေး ခိုင်မာအောင် ဖော် ဆောင်နေသည့် ကာလတွင် လွန်ဘူးကျေးရွာသားတစ်ဦးကို အစိုးရစစ်တပ်မှ ထိုးကြိတ်နှိပ်စက်ခဲ့သည့်အပေါ် စိုးရိမ်မိကြောင်း KNU တောင်ငူခရိုင်၏ ခရိုင်မှူးဖြစ်သူ ပဒို စောအယ်ဝါးက ကေအိုင်စီသို့ ပြောသည်။

“ဒီလို အပစ်ရပ်ကာလမှာ အစိုးရစစ်တပ်က ရွာသားကို ထိုးကြိတ်တာ မဖြစ်သင့်တဲ့ကိစ္စပါ။ ဒီဖြစ်ရပ်အပေါ် အစိုး ရစစ်တပ် ဆက်လုပ်ရင် အပစ်ရပ်ကိစ္စဟာ အဓိပ္ပါယ် မရှိတော့ဘူး။ ကျနော်တို့အနေနဲ့ အေးအေးဆေးဆေးပဲ ဖြစ်စေချင်တယ်”ဟု စောအယ်ဝါးက ဆိုသည်။

ထို့အပြင် ယခုလို အပစ်အခတ်ရပ်စဲ ထားသောကာလတွင် ဒေသခံရွာသူရွာသားများ လွတ်လပ်စွာသွားလာခွင့် ရရှိရေးအတွက် မြန်မာအစိုးရတပ် ရှေ့တန်းတပ်စခန်းများကို မထားရှိတော့ရန်အတွက် လွှတ်တော်သို့ တင်ပြ တောင်းဆိုဆွေးနွေးကြရန် တောင်းဆိုစာရေးသားမည်ဟုလည်း အဆိုပါ လွန်ဘူးဒေသခံတစ်ဦးက ပြောသည်။

အလားတူ ဇွန်လ ၂၆ရက်နေ့ကလည်း ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နယ်ခွဲ၊ ထီးသာဆော ကျေးရွာရှိ မူလတန်းလွန်ကျောင်းမှ အလယ်တန်းပြဆရာမ နော်ကလိုမူးရှူးအား ခင်ပွန်းဖြစ်သည့် စောမြင့်ထူး ဆိုသူကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)အစိုးရစစ်တပ် ရှေ့တန်းစခန်းမှ (ခလရ-၃၀)တပ်ရင်းက အကြောင်းမဲ့ ထိုးကြိတ်မှုများ ပြုလုပ်ခဲ့သည်။

သောင်ရင်းမြစ်ရေလျှံမှုကြောင့် မြ၀တီမြို့ဧရိယာထက်ဝက်ခန့် ရေမြုပ်နေ ဇူလိုင်လ ၃၀ ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)


ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်အတွင်းရှိ သောင်းရင်းမြစ်မှာ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်သွားသဖြင့် မြ၀တီမြို့၏ ဧရိယာ ထက်ဝက်ခန့် ရေကြီးနေပြီး လူဦးရေငါးထောင်ကျော် ရေဘေးကြုံနေရသည်ဟု ရေဘေး ကြုံရသူများကို လိုက်လံကူညီပေးနေသည့် အဖွဲ့များက ပြောသည်။

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် သောင်းရင်းမြစ်မှာ ဇူလိုင်လ ၂၈ ရက်နေ့မှစပြီး စိုးရိမ်ရေအမှတ် ၁၄မှ ၂၀ အထိ ကျော်လွန်သွားပြီး မြ၀တီမြို့ရှိ ရပ်ကွက်များဖြစ်သည့် ရပ်ကွက် (၁)၊(၂)၊(၃)၊(၅) တို့တွင် ရေကြီးမှု ဆိုးဆိုး ၀ါးဝါးဖြစ်ပေါ်နေကြောင်း ရေဘေးကြုံတွေ့နေရသူ မြို့ခံတစ်ဦးက ကေအိုင်စီသို့ ပြောဆိုသည်။

“အခုမြ၀တီမြို့မှာက ရပ်ကွက် ၄ ပဲ ကျန်တော့တယ်။ မြို့ရဲ့ထက်ဝက်လောက်ကို ရေမြုပ်ကုန်ပြီ။ နေရာအနိမ့် အမြင့်ပေါ်မှုတည်တယ်။ နိမ့်တဲ့ နေရာမှာဆိုရင် အိမ်ပါမြုပ်တယ်။ တစ်ချို့လည်း အိမ်ခေါင်းမိုးပဲကျန်တယ်”ဟု ၎င်းက ဆိုသည်။

ရေဘေးကြုံနေရသူများကို မြ၀တီမြို့အတွင်းရှိ ဘုန်းကြီး ကျောင်းများဖြစ်သည့် တောရကျောင်း၊ ကြခတ်တော၊ မွန်ကျောင်း၊ ကျောက်ပုံးကြီးဓမ္မာရုံစသည့် နေရာများတွင် ကယ်ဆယ်ရေး စခန်း ၁၃ ခုဖွင့်လှစ်ကာ ကယ်ဆယ် ပေးနေကြောင်း ကယ်ဆယ်ရေးလုပ်ရာတွင် ပါဝင်သည့် အစိုရဌာနဆိုင်ရာမှ ၀န်ထမ်းတစ်ဦးက ပြောသည်။

“အခုကျနော်တို့က အားလုံးနဲ့ပေါင်းပြီးတော့ အတတ်နိုင်ဆုံးလုပ်နေပါတယ်။ ရေဘေးသင့်သူတွေကို ကယ်ဆယ် ရေးစခန်းတွေဆီ ကားတွေနဲ့သယ်ပို့လုပ်နေတယ်။ ပြီးတော့ ရေအခြေအနေကြည့်ပြီးတော့ အချိန်မှီ ကူညီကယ် ဆယ်ရေးတွေ လုပ်နိုင်အောင်လည်း အသင့်ရှိပါတယ်”ဟု ၎င်းက ရှင်းပြသည်။

လက်ရှိ ရေဘေးကြုံနေရသူများကို အစိုးရဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ငြိမ်းချမ်းရေး ရယူထား သော ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ စသည်တို့မှ ဆန်အိတ်များ၊ ရေသန့်ဗူးများနှင့် အခြားစားသောက် ဖွယ်ရာများကို လိုက်လံဝေငှကာ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် ရေဘေးကြုံတွေ့နေသူများသည် အစားအသောက်နှင့် ရေသန့်များအပြင် အခြားသောအကူ အညီများ လည်း လိုအပ်နေကြောင်း ကယ်ဆယ်လုပ်နေသည့်အဖွဲ့များက ပြောသည်။

တချိန်တည်းမှာပင် မြ၀တီမြို့၏ သောင်းရင်းမြစ်တဖက်ကမ်းရှိ မြန်မာနိုင်ငံသားအများဆုံးနေထိုင်ရာ ထိုင်းနိုင်ငံ ဘက်ခြမ်း သောင်ရင်းမြစ်ကမ်းနံဘေးရှိ အွေမူတ်ရွာအတွင်းသို့ ရေစီးဝင်မှုကြောင့် ဒေသခံနည်းဆုံး ၁,၅၀၀ ခန့် နီးစပ်ရာ ထိုင်းဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြရသည်ဟု ရေဘေးသင့်သူများကို ကူညီကယ်ရေးဆောင် ရွက်ပေးနေသည့် မြန်မာအလုပ်သမားများ ပူးတွဲလှုပ်ရှားရေးကော်မတီ(JACBA)ဥက္ကဌ ဦးမိုးကြိုးက ပြောသည်။

၎င်းအပြင် မဲဆောက်မြို့တွင် ရေကြီးမှုကြောင့် စက်ရုံအလုပ်ရုံများကို ပိတ်ထားရပြီး မြန်မာအလုပ်သမား နှစ်သောင်းမှ သုံးသောင်းအထိ အလုပ်မလုပ်နိုင်သလို အချို့သည် အလုပ်ရုံခေါင်မိုးအထိ တက်နေရမှုများရှိ သည်ဟု ဦးမိုးကြိုးက ဆက်ပြောသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ရေဘေးကြုံတွေ့နေရသည့် မြန်မာအလုပ်သမားများကို ထိုင်နိုင်ငံဆိုင်ရာ မြန်မာသံရုံး ရှိ အလုပ်သမာသံမှူး ဦးကျော်ကျော်လွင်ကလည်း ဇူလိုင်လ ၃၀ ရက်နေ့ ညနေတွင် ကိုယ်တိုင်ကွင်းဆင်းကြည့်ရှု ပြီး အလုပ်သမား ၂၁၀၀ စာအတွက် စားနပ်ရိက္ခာအကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့ သည်ဟု သိရသည်။

မြ၀တီမြို့နှင့် မဲဆောက်မြို့နံဘေးရှိ သောင်ရင်းမြစ်သည် မိုးရာသီအတွင်း၌ မြစ်ရေလျှံမှုကြောင့် သုံးနှစ်ဆက် တိုက် မြို့အတွင်းသို့ ရေးကြီးမှုဖြစ်ပေါ်ပြီး ယခုနှစ် ရေကြီးမှုမှာ အဆိုးရွားဆုံးဖြစ်ကြောင်း သိရသည်။

“စေတီ”ပျောက်သော်လည်း“ဗလီ”ကျန်


ရန်ကုန်မြို့လယ်ခေါင်မှာ သိမ်တော်ကြီးကျောင်းတိုက်ဆိုတာ ရှိတယ်။ သာသနာရောက်ကထဲကစ ရှိတဲ့''သိမ်တော်ကြီး''ပါ။ ရဟန္တာသမုတ်တဲ့ ''သိမ်ကိုးလုံး''ရှိတယ်။ သိမ်တစ်လုံးကတော့ရွှေတိဂုံတောင်ဘက်နားမှာ ရှိတယ်။

ကျန်တဲ့သိမ်တွေဘယ်ရောက်ကုန်လဲဆိုတာကို သမိုင်းကိုလေ့လာဖို့လိုပါတယ်။ ''သိမ်ကြီးဈေး'' မရှိစဉ်က အဲဒီနေရာမှာ ''ကျိုက်မြတ်သံချို''ဆိုတဲ့စေတီတော်ကြီး တစ်ဆူရှိတယ်။ ဆူးလေဘုရားလောက်ရှိတယ်။

အဲဒီစေတီတော်ကြီးရဲ့ အနီးအနားမှာ စေတီငယ်လေးတွေအများကြီးပဲ။ စေတီလေးတွေကြားမှာ ထီးလေးတွေနဲ့ဗမာတွေ ဈေးရောင်းကြတယ်။

မွတ်စလင်ပိုင် ''စူလတန်ကုမ္ပဏီ''က အင်္ဂလိပ်အစိုးရကို''ရန်ကုန်မြို့လယ်ခေါင်မှာ ဈေးမရှိသေးဘူး၊ဈေးကြီးဆောက်ချင်တယ်'' ဆိုပြီးတော့ ဈေးဆောက်ခွင့်တောင်းတယ်။

''စူလတန်''ဆိုတာ မော်လမြိုင်ဈေးကြီးဆောက်ပြီးတဲ့ ကုမ္ပဏီပဲ။ သူတို့ကအကွက်မြင်တယ်။ ''ဈေးဆောက်ခွင့်ပေးပါ''ဆိုတော့ အင်္ဂလိပ်အစိုးရက အခုသိမ်ကြီးဈေးနေရာကို ပေးလိုက်တယ်။

''စူလတန်ကုမ္ပဏီ''က ကျိုက်မြတ်သံချိုဘုရားနဲ့ အတူတူအခြားစေတီလေးတွေ အကုန်လုံး ဖျက်သိမ်းပြီးတော့ သိမ်ကြီးဈေးကို ဆောက်တယ်။

စေတီတွေ သိမ်းကြီးဈေးထဲမှာပဲပျောက်သွားတယ်။ ဒါပေမဲ့ သိမ်ကြီးဈေးဘေးမှာတော့''ဗလီ''က အခုထိ ရှိပါသေးတယ်။

သိမ်ကြီးဈေးဆာက်တော့''ဘုရား''တော့ ပျောက်သွားတယ်။ ''ဗလီ''ပဲ ကျန်တယ်။

ရန်ငြိုးနဲ့ပြောတာမဟုတ်ဘူး။ သမိုင်းအမှန်ကို ပြောပြခြင်းပါ။ သမိုင်းကြောင်းတွေကိုအရှင်ဘုရားတို့ တပည့်တော်တို့သိဖို့အရေးကြီးတယ်။

လူ့အခွင့်အရေးဆိုတာတွေပြောရင် ''စေတီတွေ မပျောက်ကွယ်ခွင့်''ဆိုတာကိုလည်းပဲပြောရမယ်။

လူ့အခွင့်အရေးသမားတွေဟာ ''ဗုဒ္ဓဘာသာဘက်'' ကလည်းရပ်တည်ပေးသင့်ပါတယ်။ အခုတော့ မြန်မာနိုင်ငံမှာ ''မွတ်စလင်လူနည်းစု''ဆိုပြီး သူတို့ဘက်ကပဲရပ်တည်ပေးနေတယ်။

တကယ်တော့ မြန်မာနိုင်ငံမှာ လူနည်းစုက ''မွတ်စလင်မဟုတ်ပါဘူး။ ဟိန္ဒူတွေ ဖြစ်ပါတယ်''။

ဒါကြောင့်တပည့်တော်တို့ရဲ့အဖွဲ့အစည်းရဲ့နောက်မှာ တစ်ခုခု ပြောစရာလိုလာရင် သမိုင်း အထောက်အထား ခိုင်မာအောင်ပြောဖို့ လိုလိမ့်မယ်။ အဲဒါကိုလည်းတင်ပြပါတယ်။
(အင်းစိန်သံဃာ့ညီလာခံကြီး၌မိန့်ကြားတော်မူ ခဲ့သော သီတဂူဆရာတော်ကြီး၏ အမျိုးသားရေးတရား ကောက်နုတ်ချက်)

ခရစ်ဒစ် ဗကတ အဖွဲ့ 
=========================

Thursday, July 25, 2013

ထားဝယ်ရေနက်ဆိပ်ကမ်းကို မြန်မာနှင့်ထိုင်း မည်သူပိုင်သနည်း ဟု ဂျပန်မေးခွန်းထုတ် From Pyimyanmar Daily Newspaper 26.7.2013

တပ်မတော်ဌာနချုပ်အသီးသီးတွင် ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံများ ပြန်လည်ချိတ်ဆွဲခွင့် ညွှန်ကြားချက် ထုတ်ပြန်မည် ပြည်မြန်မာ

ငရုတ်သီးစားခြင်း၏ အကျိုးအပြစ်များ Health Updates Journal Vol.2, No.28


ငရုတ်သီးစားခြင်း၏
အကျိုးအပြစ်များ
ငြုတ်သီးစားခြင်းဖြင့် အဆစ် များကို အအေးမိခြင်း၊ အဆစ်နာ ခြင်း၊ လေးဘက်နာရောဂါ ဖြစ်ပွား မှုကို သက်သာစေသည်။ ရာသီဥတု ကြောင့် အအေးမိခြင်း၊ ရေ ချိုးမှား ခြင်းတို့ကြောင့် ဖြစ်တတ်သော အဆစ်နာခြင်း ထုံကျဉ်ခြင်း အဆစ် များတင်းခြင်းတို့ကို ဟန့်တားပေးသည်။
သို့သော် ပုံမှန်ထက် များသော ပမာဏကို စားသုံးမိပါက ပါးစပ်တွင်း အနာပေါက်ခြင်း၊ ဝက်ခြံ ပေါက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးဝမ်းပူခြင်း၊ ရင် ခေါင်းပူခြင်း၊ ဗိုက်နာခြင်း၊ အစာအိမ် နာခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးသလိပ် အရောင်ဝါခြင်း၊ လိပ်ခေါင်းရောင်ခြင်း၊ သွေးဆင်းခြင်း တို့ဖြစ်စေတတ်သဖြင့် ချင့်ချိန်စား သုံးသင့်သည်။
နှင်း

ပညာရေးအထောက်အထား အတုတွေ့ရှိမှုကြောင့် မြန်မာများ ပိုမိုစစ်ခံရဖွယ်ရှိ


စင်ကာပူနိုင်ငံ၌ ပညာရေးလက်မှတ်အထောက်အထားအတုဖြင့် မြန်မာနိုင်ငံသား ၂၁ ဦးဖမ်းဆီးအရေး ယူခံရခြင်း
ကြောင့် ပြည်တွင်းပညာရေးမှတ်တမ်း အထောက်အထားကို ပိုမိုတင်းကျပ် စိစစ်ခံရနိုင် ကြောင်း နိုင်ငံတကာပညာ
ရေးကျွမ်းကျင်သူများက ပြောသည်။

ပြည်ပနိုင်ငံများတွင် ပညာသွားရောက်သင်ယူခြင်း၊ အလုပ်သွားရောက်လုပ်ကိုင်ခြင်းတို့အတွက် ပြည် တွင်းပညာ
ရေး အထောက်အထားများကို အတုပြုလုပ်၍ ဆောင်ရွက်နေခြင်းများရှိနေရာ ယခုအခါ စင်ကာပူနိုင်ငံ၌ စစ်ဆေး
တွေ့ရှိခဲ့ခြင်းဖြစ်သည်။http://www.myanmardailynews.org/2013/07/blog-post_7557.html

မြန်မာနိုင်ငံသို. အလည်အပတ်ရောက်ရှိလာသော နိုင်ငံခြားသားများ မြန်မာ.ယဉ်ကျေး မှု. ကမ္ဘာ.ယဉ်ကျေးမှု.နဲ.ဆန်.ကျင်သော အပြုအမှုများအား သက်ဆိုင်ရာမှ ကာကွယ် ပေးကြပါရန်။


ပုံပါမြန်မာပြည်ခရီသွား နိုင်ငံခြားသားမှာ မြန်မာနိုင်ငံ၏အထင်ကနေရာများဖြစ်သော ပုဂံ အင်းလေး ညောင်ရွှေ မန္တလေး စစ်ကိုင်း ရန်ကုန် အစရှိသောနေရာများတွင် မြန်မာ.ယဉ်ကျေးမှု. ကိုးကွယ်မှု.ဘာသာတရား လေးအမြတ်ထားရာ စေတီပုထိုးများ
နှင်. မြန်မာ.လူမှု.ပတ်ဝန်ကျင်နေရာများတွင် အများအမြင်မတင်.တယ်သော ၀တ်စား
ဆင်ယဉ်မှု.များဖြင်.ပြုမှုသွားလာနေသောမြင်ကွင်းကို မြင်ရသဖြင်. မြန်မာလူမျိုး
တစ်ဦးနေနှင်.လုံးဝမနှစ်မျို စိတ်မချမ်းမသာဖြစ်ရပါသည်။ထိုမျှမက ထိုနိုင်ငံခြားသားမှာ
အွန်လိုင်း ၀က်ဆိုဒ် များတွင်ထိုပုံများကို ဝေေ၀ဆာဆာတင်ထားတာကိုပင် တွေ.နေရ
ပါသည်။
ထိုသို.သော အပြုအမှူများနောက်ထက်ဖြစ်မလာစေရန် သက်ဆိုင်ရာတာဝန်ရှိ
သူများအနေနှင်.အလေးထားကာကွယ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

နိုင်ငံခြားသား ပထမ ပြုမှူသရော်ထားသောပုံမှာ စစ်ကိုင်း ကောင်မှု.တော်ဘုရားကြီး
ပင်ဖြစ်ပါသည်။ကျန်ပုံများမှာ ပုဂံဒေသဘက်တွင် ရိုက်ကူထားသောပုံများဖြစ်ပါသည်။

အဆိုပါပုံများကိုအောက်ပါ ၀က်ဆိုဒ်တွင်တင်ထားပါသည်။
http://www.behance.net/gallery/Burma-Mankini-King/7932245

လေးစာစွာဖြင်. ပုဂံပြည်မှသူရဲကောင်း

နိုင်ငံကျော် အဆိုတော်ကြီး လင်းလင်းခင်ဗျာ


ခင်ဗျားက . . . "လူလူချင်းသတ်တဲ့ စစ်သား" ဆိုပြီး သီချင်းကောင်းတစ်ပုဒ်ကို အဲယားကွန်း အခန်းထဲမှာ ဘီယာတစ်ခွက်၊ အသားတစ်ဖဲ့နဲ့  . . . ထိုင်စပ် နေချိန်မှာ . . . . . . . . . .

ခင်ဗျား ခုလို အရိပ်ထဲမှာနေပြီး နိုင်ငံကျော်နိုင်ဖို့ . .

နေပူကျဲတဲ ဘ၀ထဲက အညတရ စစ်သားတွေက . . အဖေ နှင့် အမေ သင် ပေးလိုက်တဲ့ . . . "ဗုဒ္ဒံ သရဏံဂစ္ဆာမိ "ဘုရားစာတစ်သုတ်နဲ့ ကိုယ့်ကိုကိုယ် "သရဏဂုဏ် " တင်နေရတာ ကိုယ့် အတ္တ၊ ကိုယ့် ဒေါသ တစ်ခု အတွက်များ ထင်နေရော့သလားဗျာ ...............။

Ref > မင်းခန့်ဦး

ရခိုင်ဒုက္ခသည်စခန်း အဟောင်းများကို လေလံတင်ဒါဖြင့် ရောင်းချ သွားရန်ရှိဟုဆို Friday, July 26, 2013

စစ်တွေမြို့ရှိ ရခိုင်ဒုက္ခသည်စခန်း အဟောင်းများတွင် ဒုက္ခသည်များ မရှိတော့သဖြင့် မကြာမီ ရက်ပိုင်းအတွင်း ဒုက္ခသည် စခန်းဟောင်းများကို
လေလံတင် ရောင်းချသွား မည် ဖြစ်ကြောင်း ပြည်နယ်အစိုးရ အဖွဲ့ထံမှ သိရသည်။

ယင်းဒုက္ခသည် စခန်းများမှာ ရဲနွယ်စု စခန်း၊ ဘောလုံးကွင်းစခန်း၊ မင်းဂံစခန်း၊ ဒုံးတိုက်ကွင်း စခန်းများနှင့် တိုးချဲ့စခန်းများ ဖြစ်ကြောင်း သိရသည်။

အဆိုပါ စခန်းများမှ ဒုက္ခသည်များသည် ယခုခါတွင် မင်းဒြားချိတ်တွင်
ဆောက်လုပ် ပေးထားသောလုံးချင်းနေအိမ်များသို့ ရောက်ရှိသွားပြီ ဖြစ်
ကြောင်း၊ယင်းအတွက် ဒုက္ခသည် စခန်းဟောင်းများအား ထိုသို့ရောင်းချရန် စီစဉ်ထားကြောင်းလည်း သိရသည်။

စစ်တွေမြို့နယ်တွင်း ကယ်ဆယ်ရေး စခန်းများတွင် ရခိုင်တိုင်းရင်းသား လူနည်းစုများသာ လုံးချင်းနေအိမ်များသို့ ရောက်ရှိနေသေးပြီး ဘင်္ဂါလီများ အနေဖြင့် အများစုမှာ အိမ်ခန်းများသို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း၊ သို့သော်
လည်း စခန်းဆောက်လုပ်ခြင်းများကို အနှောင့်အယှက် ပေးနေခြင်း
များကြောင့် တချို့သော ဘင်္ဂါလီဒုက္ခသည်များ အနေဖြင့် အမိုးအကာအောက်သို့ မရောက်ရှိ သေးသော်လည်း ဇူလိုင်လကုန်တွင် အပြီးသတ် အမိုးအကာအောက်သို့ ရောက်ရှိရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ၀န်ကြီး ဦးမြအောင်က ''စခန်းဟောင်းတွေကို
ရောင်းမှာတော့ ဟုတ်တယ်။ အခုလောလောဆယ်တော့ ဆုံးဖြတ်ချက် မချရသေးဘူး။ ဒါကြောင့် ဘယ်နေ့ရောင်းမယ် ဆိုတာ မသိသေးဘူး'' ဟု ပြောကြားသည်။ လက်ရှိအနေအထားတွင် ဒုက္ခသည်များ အမိုးအကာအောက် ရောက်ရှိနိုင်ရေးနှင့် ပတ်သက်ပြီး အစိုးရအဖွဲ့မှ အပူတပြင်း ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူအညီဖြင့် ဘင်္ဂါလီများ၏ လူဦးရေစာရင်းကို ကောက်ခံသွားရန် ရှိကြောင်း သိရသည်။

eleven media group

|ကြေးနီစီမံကိန်းစာချုပ်သစ်ချုပ်ဆို နိုင်ငံတော်အကျိုးအမြတ် ယခင်ထက်သုံးဆမြင့်တက်| ဇော်မင်းထွန်း၊ နေပြည်တော်၊ ဇူလိုင်-၂၅

" အမှတ်(၁) သတ္တုတွင်းဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်နှင့် ၀မ်ပေါင်ကုမ္ပဏီတို့ ဇူလိုင် ၂၄ရက်က အသစ်ချုပ်ဆို
လိုက်သော လက်ပံတောင်းတောင် ကြေးနီထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် လုပ်ငန်းသဘောတူစာချုပ်အရ နိုင်ငံတော်အစိုးရသည်
အခွန်ငွေများ အပါအ၀င် အကျိုးအမြတ်၏ ၅၁ရာခိုင်နှုန်း ရရှိမည်ဖြစ်ပြီး မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်သည် အကျိုးအမြတ်၏ ၁၉
ရာခိုင်နှုန်းသာ ရရှိတော့မည်ဖြစ်ကြောင်းသတ္တုတွင်းဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်အောင်က ဇူလိုင် ၂၅ရက်တွင်
ပြုလုပ်သော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး၌ ပြောကြားသည်။ "

|စံတော်ချိန်သတင်းစာ

ဖိလစ်ပိုင်နိုင်ငံက ပေးအပ်တဲ့ အာရှတိုက်ရဲ့ နိုဘဲလ်ဆုလို့ တင်စားပြောဆိုကြတဲ့ ၂၀၁၃ ခုနှစ်အတွက် ရေမွန်မက်ဆေးဆေးဆုကို ကချင် ဒုက္ခသည်တွေ အရေး ဆောင်ရွက်နေသူ လဖိုင်ဆန်းရော်၊ အာဖဂန်က အမျိုးသမီး မြို့တော်ဝန်၊ ဖိလစ်ပိုင်ကတဦး၊အင်ဒိုနီးရှားနဲ့ နီပေါနိုင်ငံတွေက အဖွဲ့အစည်း နှစ်ခုတို့ကို ရွေးချယ်လိုက်ပါတယ်

ဖိလစ်ပိုင်နိုင်ငံက ပေးအပ်တဲ့ အာရှတိုက်ရဲ့ နိုဘဲလ်ဆုလို့ တင်စားပြောဆိုကြတဲ့ ၂၀၁၃ ခုနှစ်အတွက် ရေမွန်မက်ဆေးဆေးဆုကို ကချင် ဒုက္ခသည်တွေ အရေး ဆောင်ရွက်နေသူ လဖိုင်ဆန်းရော်၊ အာဖဂန်က အမျိုးသမီး မြို့တော်ဝန်၊ ဖိလစ်ပိုင်ကတဦး၊အင်ဒိုနီးရှားနဲ့ နီပေါနိုင်ငံတွေက အဖွဲ့အစည်း နှစ်ခုတို့ကို ရွေးချယ်လိုက်ပါတယ်။

ကချင်အမျိုးသမီး လဖိုင်ဆန်းရော်ရဲ့ ဆောင်ရွက်ချက်တွေဟာ ထိခိုက် ပျက်ယွင်းနေတဲ့ အသိုက်အ၀န်းကို တိတ်ဆိတ်တက်ကြွတဲ့ ခေါင်းဆောင်မှုနဲ့ ပြန်လည် ထူထောင်ခဲ့သလို မြန်မာငြိမ်းချမ်းရေး အနာဂတ်အုတ်မြစ်အတွက် ဒေသခံ လူမှုအဖွဲ့အစည်းတွေကို အားကောင်းစေပြီးအကြမ်းမဖက်ပုံစံနဲ့ ပါဝင်လာအောင် ကြိုးပမ်းအားထုတ်တဲ့အပေါ် အသိ အမှတ်ပြု ချီးမြှင်တာလို့ ရေမွန်မက်ဆေးဆေး ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ရေမွန်မက်ဆေးဆေးဆုရှင်လဖိုင်ဆန်းရော်ကို ဒီဗွီဘီက မေးမြန်းရာမှာ ဒီဆုရရှိတဲ့အတွက် ၀မ်းသာသလို သူနဲ့ (မေတ္တာ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း) အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုတာ ဖြစ်တယ်လို့ ပြောပါတယ်။

DVB TV News

မန္တလေးမြို့ရှိ ရတနာပုံ ခေတ်နှောင်းပိုင်းလက်ရာ သီပေါမင်း၏ ကောင်းမှုတော် ရွှေနန်းတော်ကျောင်းအား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ် လာရောက်လေ့လာ Eleven Created on Friday, 26 July 2013 01:50


ပြုပြင်ထိန်းသိမ်းမှု ပြုလုပ်တော့မည့် ရွှေနန်းတော်ကျောင်းအား အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ် ကြည့်ရှုနေစဉ်။

မန္တလေးမြို့ရှိ ရတနာပုံခေတ် နှောင်းပိုင်းလက်ရာ သီပေါမင်း၏ ကောင်းမှုတော် ရွှေနန်းတော်ကျောင်းအား မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဒဲရစ်မစ်ချယ်သည် ဇူလိုင်လ ၂၅ ရက် နံနက်ပိုင်းက လာရောက် လေ့လာခဲ့ကြောင်း သိရသည်။

အဆိုပါ ရွှေကျောင်းတော်အား မူလလက်ရာမပျက် ပြန်လည် ပြုပြင်ရန် အတွက် အမေရိကန်နိုင်ငံမှ Ambassadors Fund for the Cultural Preservation က ယဉ်ကျေးမှု ၀န်ကြီးဌာနနှင့် ပူးပေါင်းပြီး ပြုပြင် ထိန်းသိမ်းမှုများကို နှစ်နှစ်ခန့် အချိန်ယူ လုပ်ဆောင်သွားမည် ဖြစ်သည်။

''အမေရိကန်အစိုးရက ယဉ်ကျေးမှု ၀န်ကြီးဌာနနဲ့ ပူးပေါင်းပြီးတော့ ရွှေကျောင်းတော်ကြီး ရေရှည်တည်တံ့နိုင် စေဖို့အတွက် နည်းပညာ အကူအညီပေးပြီးတော့ ထိန်းသိမ်းသွားမှာ ဖြစ်ပါတယ်'' ဟု ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန(မန္တလေး)မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရွှေကျောင်းတော်ကြီးကို ပြန်လည်ထိန်းသိမ်းမှုများ ပြုလုပ်ရာတွင် အမေရိကန်နိုင်ငံမှ နည်းပညာ အကူအညီများဖြင့် ရွှေကျောင်းတော်ကြီးမှ သစ်သားစ နမူနာများကို ယူဆောင်ကာ ဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ် သွားမည်ဖြစ်သည်။ အဆိုပါ ဓာတ်ခွဲစမ်းသပ်ရာတွင် သစ်သား၏ ကြာမြင့်သည့် သက်တမ်းနှင့် နောက်တွင်ရေရှည် တည်တံ့နိုင်သည့် သက်တမ်းကိုပါ ထည့်သွင်းလုပ်ဆောင် သွားမည်ဟုလည်း သိရပါသည်။

ရွှေကျောင်းတော်ကြီးအား ပြုပြင်ထိန်းသိမ်းရေး စီမံချက်တွင် အစားထိုး ပြုပြင်ထိန်းသိမ်းခြင်း၊ ကျန်ရှိနေသည့် မူလလက်ရာများ ရေရှည် တည်တံ့ နိုင်စေရေး၊ မူလလက်ရာ မကျန်ရှိသည့် အဆောက်အအုံ၏ လစ်လပ်နေရာများတွင် မူလလက်ရာအတိုင်း ဖြည့်စွက် ထိန်းသိမ်းရန် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များဖြင့် ထိန်းသိမ်းမှုများကို လုပ်ဆောင်သွားမည် ဖြစ်သည်။

General Knowledge

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စာချုပ်သစ်အရ သတ္တုတွင်း ပိတ်သိမ်းပြီးနောက် ပြန်လည် ထူထောင်ခြင်းလုပ်ငန်း ဆောင်ရွက်ရန် ၀မ်ပေါင်ကုမ္ပဏီက နှစ်စဉ် အမေရိကန်ဒေါ်လာ နှစ်သန်းကို ဘဏ်သို့ ထည့်သွင်းရမည် Friday, July 26, 2013

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စာချုပ်သစ်အရ သတ္တုတွင်း ပိတ်သိမ်းပြီးနောက် ပြန်လည် ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်ရန် ၀မ်ပေါင်ကုမ္ပဏီက နှစ်စဉ် အမေရိကန်ဒေါ်လာ နှစ်သန်းကို ဘဏ်သို့ ထည့်သွင်းရမည်ဟု သတ္တုတွင်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမြင့်အောင်က ဇူလိုင် ၂၅ ရက်တွင် ကျင်းပသည့်
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ၀မ်ပေါင်ကုမ္ပဏီတို့ ချုပ်ဆိုထားသော မူလစာချုပ်ဟောင်းတွင် သတ္တုတွင်း ပြန်လည် အပ်နှံရေးနှင့် သတ္တုတွင်း ပိတ်သိမ်းရေး ကိစ္စများကို တိတိကျကျ ဖော်ပြထားခြင်း မရှိဘဲ ယေဘုယျ အားဖြင့်သာ ဖော်ပြထားကြောင်း၊ ပြင်ဆင်သည့် စာချုပ်အရ ပြန်လည် ထူထောင်ခြင်းလုပ်ငန်း ဆောင်ရွက်ရန် ၀မ်ပေါင် ကုမ္ပဏီက နှစ်စဉ် အမေရိကန်ဒေါ်လာ နှစ်သန်းကို မြန်မာနိုင်ငံခြား ကုန်သွယ်မှုဘဏ် (သို့မဟုတ်) မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေး ဘဏ်တွင် Escrow Account ဖွင့်၍ ထည့်သွင်းသုံးစွဲ သွားမည်ဖြစ်ကြောင်း
ဒေါက်တာမြင့်အောင်က ပြောကြားသည်။

ထို့ပြင် သတ္တုတွင်း ၀န်ကြီးဌာနသည် နိုင်ငံတော်အတွက် လက်မှတ်ရေးထိုးမှု ဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ ငါးသန်းကို မြန်မာစီးပွားရေး ဦးပိုင်လီမိတက်မှ ရရှိမည်ဖြစ်ကြောင်း သိရသည်။

လူမှုရေး တာဝန်ယူမှု CSR လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်
ရွက်ခြင်းအတွက် သယံဇာတ ထုတ်လုပ်မှု လုပ်ငန်းများ မစတင်မီ တည်ဆောက်ရေး ကာလတွင် ၀မ်ပေါင်ကုမ္ပဏီက တစ်နှစ်လျှင် အမေရိကန် ဒေါ်လာတစ်သန်း ထည့်ဝင်ရမည်ဖြစ်ပြီး ထုတ်လုပ်မှု လုပ်ငန်းများ စတင်လည်ပတ်ချိန်မှ စတင်ကာ စာချုပ်ဝင်များက နှစ်စဉ် အသားတင် အမြတ်၏ နှစ်ရာခိုင်နှုန်းအား CSR လုပ်ငန်းများအတွက် အချိုးကျ ထည့်ဝင်သုံးစွဲ ရမည်ဟု ဒေါက်တာမြင့်အောင်က ဆက်လက်ပြောကြားသည်။

သတ္တုတွင်း ၀န်ကြီးဌာန၊ မြန်မာစီးပွားရေးဦးပိုင်နှင့် ၀မ်ပေါင်ကုမ္ပဏီတို့ ပါဝင်ချုပ်ဆိုခဲ့သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလုပ်ငန်း သဘောတူ စာချုပ်ကို ဇူလိုင် ၂၄ ရက်တွင် နေပြည်တော်၌ ချုပ်ဆိုခဲ့ကြောင်း သိရသည်။
eleven media group

မလေးရှား က မြန်မာတို့အတွက် ဒုတိယ အန္တရာယ်သတိပေး


မလေးရောက်မြန်မာများသိစေရန်အတတ်နိုင်ဆုံးshare ပေးစေလိုသည်
မလေးရှားနိုင်ငံ ကလန်းမြို့တွင်19.7.2013 ရက်နေမှစ၍ မလေးနိုင်ငံသားအိန္ဒိယများနှင့် မလေးများလူမျိုးရေးဆန်အရေးအခင်းများဖြစ်နေပါသဖြင် မလေးရောက်မြန်မာများအထူးသတိထားစေလိုပါသည်
မိမိတို့နှင့်တိုက်ရိုက်မသက်ဆိုင်သော်လည်း မိမိတို့ရုပ်သည်မလေးလူမျိုးနှင်တူခဲ့ပါက မလေးနိုင်ငံသားအိန္ဒိယများရုတ်တရက်မလေးနှင့်မှားကာရန်မူနိုင်ပါသည်။

မလေးတွင်ရောက်နေသူတိုင်းမလေးနိုင်ငံသားအိန္ဒိယတွေအကြောင်းသိပြီးလောက်မှာပါ
ကွာလာလမ်ပူ ကလန်းထိုမြို့များသည်အိန္ဒိယအလွန်များသောကြောင့်အထူးသတိထားစေလိုပါသည်
ယနေ့ထိမလေးဘက်မှသေဆုံး၉ဦး အိန္ဒိယဘက်မှသေဆုံး၎ဦးရှိကြောင်းနှင့်ဒဏ်ရာရအမြောက်အများရှိကြောင်းသိရပါသည်
__________________________________

စိုင်းခမ်းလတ်

|ဇွဲကပင် ဆံတော်ရှင်သို့ ကေဘယ်လ်ယာဉ်ဖြင့် တက်ရောက်ဖူးမြော်နိုင်မည်| အောင်မြင်ရဲဇော်၊ ရန်ကုန်၊ ဇူလိုင်-၂၅


" ပီနန်ဆရာတော်၊ ဇွဲကပင်ဆရာတော်နှင့် သာသနဇေယျမင်္ဂလာ (သုံးထပ်
ကျောင်း) ဆရာတော်တို့ ကြီးမှူးဦးဆောင်ပြီး မလေးရှားနိုင်ငံ ပီနန်အခြေစိုက် Alam Langkawi Sdn. Bhd ကုမ္ပဏီနှင့် ပူးပေါင်းကာ လမ်းပန်းဆက်သွယ်ရေးခက်ခဲသောဇွဲကပင်ဆံတော်ရှင်စေတီတော်သို့
ကေဘယ်လ်ယာဉ်ဖြင့် တက်ရောက်ဖူးမြော်နိုင်ရန်စီစဉ်နေပြီဖြစ်ကြောင်း မလေးရှားကုမ္ပဏီမှ မြို့ပြအင်ဂျင်နီယာ Mr.Alam Swool Hong
ကဇူလိုင် ၂၅ ရက်၌ပြောကြားသည်။ "

စံတော်ချိန်သတင်းစာ

နိုင်ငံခြားသားတွေ အ၀င်များလာရင် ..ဒါတွေ ဆက်ဖြစ်နေမှာပဲ ..သတိထား

ဧည့်သည်ဆိုတိုင်း ဧည့်သည်လို နေတာမဟုတ်ဘူး .။ နိုင်ငံခြားသားတွေ အ၀င်များလာရင် ..ဒါတွေ ဆက်ဖြစ်နေမှာပဲ ..သတိသာ ထားကြပေတော့ Source;http://www.behance.net/gallery/Burma-Mankini-King/7932245

၁၉၉၁ ခုနှစ် ယခင်စစ်အစိုးရ လက်ထက်က ဖယ်ရှားခံခဲ့ရသည့် မိကျောင်းကန်ရပ်ကွက် အပိုင်း ၁၊ ၂၊ ၃ မှ မူလမြေပိုင်ရှင်များက ခြောက်ကြိမ်မြောက် ဆန္ဒပြမှုကို ဇူလိုင် ၂၅ ရက် နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့ရှိ မဟာဗန္ဓုလ ပန်းခြံရှေ့တွင် လူအင်အား ၄၀၀ ခန့်ဖြင့် ပြ

၁၉၉၁ ခုနှစ် ယခင်စစ်အစိုးရ လက်ထက်က ဖယ်ရှားခံခဲ့ရသည့် မိကျောင်းကန်ရပ်ကွက် အပိုင်း ၁၊ ၂၊ ၃ မှ မူလမြေပိုင်ရှင်များက ခြောက်ကြိမ်မြောက် ဆန္ဒပြမှုကို ဇူလိုင် ၂၅ ရက် နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့ရှိ မဟာဗန္ဓုလ ပန်းခြံရှေ့တွင် လူအင်အား ၄၀၀ ခန့်ဖြင့် ပြုလုပ်ခဲ့ကြသည်။

၁၉၉၁ ခုနှစ်တွင် တပ်မ ၂၂ စစ်ဒေသ (၂)မှ အရာရှိ အချို့၊ စစ်ထောက်လှမ်းရေး အချို့နှင့် မြို့နယ်ငြိမ်ဝပ် ပိပြားရေး အဖွဲ့တို့က သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ တွင် နေထိုင်သူများကို ယင်းမြေပေါ်မှ ဖယ်ရှားခဲ့ပြီး လှိုင်သာယာ၊ ရွှေပြည်သာ၊ အေးမြသာယာ၊ ဒဂုံမြို့သစ် တောင်ပိုင်း၊ မြောက်ပိုင်းစသည့် ယခင်လူနေကျဲသည့် နေရာများသို့ ရွှေ့ပြောင်းခဲ့ကြောင်း ဆန္ဒပြသူများ၏ ပြောပြချက်အရ သိရသည်။

''ကျွန်တော်တို့ မိကျောင်းကန် ပြည်သူတွေ အခုလို ဆန္ဒဆက်တိုက် ဖော်ထုတ်ရတာဟာ မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ မြေဟာ ဘိုးဘွားပိုင်မြေပါ။ တပ်ပိုင်မြေ မဟုတ်ဘူးဆိုတာ အများပြည်သူ သိစေချင်ပါတယ်။ အခု ဒီမြေဟာ ရေနံ၊ သဘာဝတွင်းထွက် ပစ္စည်းတွေ ထွက်တဲ့မြေလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ ဘိုးဘွားပိုင် မြေဆိုတာ ပိုင်ဆိုင်မှု အထောက်အထားတွေ ရှိပါတယ်။ နိုင်ငံတော်အတွက် အမှန်တကယ် အသုံးမ၀င်တဲ့ မြေနေရာဖြစ်တဲ့ မိကျောင်းကန် အပိုင်း ၁၊၂၊၃ မြေကို ပြည်သူတွေကို ပြန်လည်ပေးစေ လိုပါတယ်'' ဟု ဆန္ဒပြခေါင်းဆောင် ဦးစိန်သန်းက ဆိုသည်။


ထို့အပြင် ဖယ်ရှားခံရသော ပြည်သူများ အနေဖြင့် ၎င်းတို့နစ်နာ ဆုံးရှုံးမှုများအား ဒီမိုကရေစီ အစိုးရကို ဆန္ဒပြ တောင်းဆိုခဲ့သော်လည်း ပုဒ်မ ၁၈ ဖြင့် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးတွင် မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ မှ ပြည်သူအချို့မှာ တရားစွဲဆိုခြင်း ခံထားရကြောင်း ၎င်းက ထပ်မံပြောကြားသည်။

တပ်မတော် အရာရှိကြီးများနှင့် ခရိုနီ အချို့သည် လက်ရှိအချိန်တွင် မိကျောင်းကန် အပိုင်း (၃)တွင် တိုက်တာ အဆောက်အအုံများ ဆောက်လုပ် နေထိုင်နေကြကြောင်း ဆန္ဒပြသူများ၏ ပြောပြချက်အရ သိရသည်။

Eleven Media Group

ကိုလိုနီခေတ် အဆောက်အအုံလေးလုံး ဟိုတယ်အသွင် ပြောင်းလဲအသုံးပြုခွင့်ပေးမည်| နန္ဒ၊ ရန်ကုန်၊ ဇူလိုင်-၂၅

" ရန်ကုန်မြို့ရှိ နှစ်ပေါင်းတစ်ရာ
ကျော်သက်တမ်းရှိ ကိုလိုနီခေတ်
ရှေးဟောင်း အဆောက်အအုံလေးခု
အား ဟိုတယ်အသွင်ပြောင်းလဲအသုံးပြု
ခွင့်ရ ကုမ္ပဏီများစာရင်းကို ဇူလိုင် ၂၇
ရက်တွင် ပြည်တွင်းပြည်ပကုမ္ပဏီ ၁၃
ခုမှ အပြီးသတ်ရွေးချယ်သွားမည် ဖြစ်
ကြောင်း ဇူလိုင် ၂၅ ရက်နံနက်ပိုင်း၌
ပြုလုပ်သော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု
ကော်မရှင် ရှင်းလင်းပွဲမှ သိရသည်။ "

|စံတော်ချိန်သတင်းစာ၊ အတွဲ(၁)၊ အမှတ်(၁၀၄)
သောကြာနေ့(၂၆-၇-၂၀၁၃)|

မြန်မာနိုင်ငံ ဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်က ကြီးမှုး ကျင်းပတဲ့ ABC National Billiards & Snooker Open Championship ဗိုလ်လုပွဲနှင့်ဆုပေးပွဲ

မြန်မာနိုင်ငံ ဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်က ကြီးမှုး ကျင်းပတဲ့ ABC National Billiards & Snooker Open Championship ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ဇူလိုင်လ ၂၅ရက်နေ့ ညနေ၃နာရီက မင်္ဂလာမွန်ဈေး ဒုတိယအထပ်မှာ ကျင်းပ။

26-7-2013 ရက်(သောကြာနေ့) ထုတ် ပြည်မြန်မာနေ့စဉ် သတင်းစာမှ

Photo: 26-7-2013 ရက်(သောကြာနေ့) ထုတ် ပြည်မြန်မာနေ့စဉ် သတင်းစာမှ ...

အမြဲပြုံးနေတတ်တဲ့ ယာဉ်ထိန်းတပ်ကြပ်ကြီးတစ်ဦးရဲ့ တာဝန်ထမ်းဆောင်နေတဲ့ မြင်ကွင်း မန္တလေး-ဇူလိုင်-၂၇


ပြုံးရွှင်တဲ့ မျက်နှာအမူအယာနဲ့ တာဝန်ထမ်းဆောင်တတ်တဲ့ တပ်ကြပ်ကြီးတစ်ဦးက လမ်းဖြစ်ကူးနေတဲ့ အမယ်အိုကို ကူညီပေးနေတဲ့ မြင်ကွင်းကို ဒီနေ့နံနက်မှာ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

အမယ်အိုလမ်းဖြတ်ကူးစဉ် ကူညီနေသူကတော့ တပ်ကြပ်ကြီးသန့်ဇော်မင်းဖြစ်ပြီး တာဝန်ထမ်းဆောင်နေချိန်မှာလည်း အမြဲတမ်း ပြုံးရွှင်နေတဲ့ မျက်နှာအမူအယာကြောင့် ထင်ရှားသူဖြစ်ပါတယ်။

အသက်(၃၈)နှစ် အရွယ် တပ်ကြပ်ကြီးသန့်ဇော်မင်းဟာ မန္တလေးမြို့မှာ တာဝန်ကျတာ သုံးလ၀န်းကျင်သာ ရှိသေးတယ်လို့လည်း သိရပါတယ်။

မန္တလေးအခြေစိုက် မြနန္ဒါဂျာနယ် သတင်းအယ်ဒီတာ မသင်းသင်းသော်က “သူ့ကို လူပုဂ္ဂိုလ်တစ်ဦးတည်း အင်တာဗျူး လုပ်ဖို့ တာဝန်ရှိသူအကြီးအကဲ ဆီမှာ ခွင့်တောင်းထားပါတယ်။ တာဝန်ရှိသူတွေက ခွင့်ပြုရင် နောက်တစ်ပါတ် ဂျာနယ်မှာ ဖော်ပြနိုင်မှာပါ။ ကျွန်မနဲ့ စကားပြောနေတော့ကို သူ့မျက်နှာက ပြုံးနေပါတယ်။ သူ့အကြောင်းကို စုံစမ်းကြည့်တော့လည်း လက်ပြရင်း အမြဲပြုံးနေတဲ့သူလိုပ နာမည်ပေးထားတယ်လို့လည်း သိရတယ်”လို့ ပြောပါတယ်။

Ref>>>> မန္တလေးခေတ်