Sunday, September 29, 2013

ပုသိမ်မှာ ငွေ ၂၀၀ ရှိရင် ထမင်းစားလို့ရတယ်


စာဖတ်သူတို့ ထမင်းတခါပြင်တပွဲကို ငွေ ၂၀၀ နဲ့ ရောင်းတဲ့ဆိုင်များ တွေ့ဖူးကြပါသလား။ ကျနော်လည်း အရင်က မတွေ့ဖူးပါဘူး။ တန့ကတော့ မိတ်ဆွေသတင်းထောက်တယောက်ရဲ့ အကူအညီနဲ့ ထမင်းတပွဲ ၂၀၀ ကျပ်နဲ့စားလို့ရတဲ့ဆိုင်ကို ရောက်ခဲ့ပါတယ်။


(ဘဲဥနဲ့ဝက်သားတွဲမှာထားတဲ့ ၃၀၀ ကျပ်တန် ထမင်းပွဲ)
အဲဒီထမင်းဆိုင်လေးကတော့ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ကမ်းနားလမ်းမှာတည်ရှိတဲ့ မြို့တော်ခန်းမနောက်ဘက်က ပန်းခြံလမ်းထဲမှာပါ။

ဆိုင်ရှေ့ရောက်ချိန်မှာ ဆိုင်ကိုအကဲခတ်ကြည့်တော့ ထမင်းဆိုင်ရယ်လို့လည်း ဆိုင်းဘုတ်တပ်ခြင်းမရှိ။ ဆိုင်နာမည်လည်း မရှိ။ ထမင်းတခါပြင် ၂၀၀ လို့တောင် ဆိုင်းဘုတ်တပ်ကြော်ညာ ထားတာလည်း မတွေ့ရပါဘူး။

ဒါပေမယ့် ဆိုင်ရှင်ကတော့ ထမင်းပွဲကို လက်မလည်အောင် တပွဲပြီးတပွဲပြင်ပေးပြီး ရောင်းနေတာကို တွေ့ရပါတယ်။

ကျနော်နဲ့ ကျနော့်မိတ်ဆွေက ဆိုင်ရှေ့က ပလတ်စတစ်ထိုင်ခုံတွေမှာ ၀င်ထိုင်လိုက်ပြီး ပုသိမ်သားဖြစ်တဲ့ကျနော့်မိတ်ဆွေက မှာလိုက်တယ် ...

“၀က်၊ ဘဲနဲ့ ထမင်း နှစ်ပွဲပေးပါ”

သူမှာလိုက်တဲ့ဟင်းက ကျနော့်နားထဲတမျိုးဖြစ်နေလို့ ကျနော့်မိတ်ဆွေကိုမေးလိုက်တယ်။

“ဘာလဲဟ ၀က်ဘဲဆိုတာ”

“၀က်သားဟင်းနဲ့ ဘဲဥဟင်း နှစ်မျိုးလုံးထည့်ပေးပါလို့ ပြောတာ”

ဟိုက်ရှားဘား......။ ထမင်းတပွဲ ၂၀၀ တန်ဆိုင်မှာ ၀က်သားဟင်းလည်း ရနေပါလား။
ဆိုင်ရှင်အမျိုးသားကလည်း ခပ်သွက်သွက်ပဲ စတီးပန်းကန် ၂ ချပ်ယူပြီး ပြင်ပေးလိုက်တာ ခဏချင်းမှာပဲ ထမင်း ၂ ပွဲရောက်လာတယ်။

ဘဲဥတလုံး၊ လက် ၂ လုံးလောက်ရှိမယ့် ၀က်သားဟင်း ၇ ဖတ်လောက်နဲ့ ဟင်းအရည်ဆမ်းထားတဲ့ ထမင်းပွဲက သူရောင်းနေတဲ့ဈေးနှုန်းနဲ့ ဘယ်လိုမှ ယုံနိုင်စရာမရှိဘူး ဖြစ်နေတယ်။

(အခြေခံလူတန်းစားတို့အားထားရာ ပုသိမ်မြို့ ပန်းခြံလမ်းက ၂၀၀ ကျပ်တန် ထမင်းရောင်းတဲ့ဆိုင်)

ဆိုင်မှာ ဟင်းက ငါးဟင်း၊ ငါးဆုပ်ဟင်း၊ ဘဲဥဟင်း၊ ၀က်သားနဲ့ အမဲအူဆိုပြီးတော့ ဟင်း (၅) မျိုး ရတယ်။ ဟင်း တမျိုးစားလည်း ၂၀၀ ကျပ်၊ နှစ်မျိုးစားလည်း ၂၀၀ ကျပ်ပဲ ပေးရတယ်။ ဘဲဥဟင်းနဲ့ တခြားဟင်းတမျိုးတွဲရင်တော့ ၃၀၀ တဲ့။

ကျနော်တို့မှာလိုက်တဲ့ ထမင်းပွဲကတော့ ၃၀၀ တန်ထမင်းပွဲပေါ့။
ထမင်းလိုက်ပွဲထပ်ယူရင် တပွဲ ၁၀၀။ တခြားထမင်းဆိုင်ကြီးတွေလို ဟင်းချို၊ အရွက်ကြော်၊ ငါးပိရည် တို့စရာ တွေတော့ မပါဘူး။ ဒါပေမယ့် ရေနွေးကြမ်းရတယ်။ ဆားပန်းကန်နဲ့ အစပ်ကြိုက်သူအတွက် ငရုတ်သီးစိမ်းပန်းကန် ချထားပေးတယ်။

မှာထားတဲ့ထမင်းပွဲကို စားကြည့်လိုက်တော့ ဟင်းလက်ရာ ကောင်းသလို ဆန်ကလည်း ဆန်ကြမ်းပေမယ့် အညံ့စားကြီး မဟုတ်ဘဲ စားလို့အဆင်ပြေတဲ့အနေအထားမှာ ရှိတာ တွေ့ရတယ်။ ကျနော်လည်း မြည်းရင်းစမ်းရင်း စားလိုက်တာ တပန်းကန်ကုန်သွားတယ်။

ကျန်တဲ့လူတွေအကဲခတ်ကြည့်တော့ ထမင်းစားလိုက်၊ ငရုတ်သီးစိမ်းလေးကိုက်လိုက်၊ ရေနွေးကြမ်းပူပူ သောက်လိုက်နဲ့ သူ့ဟာနဲ့သူ အဆင်ပြေနေတယ်။
ဟင်းအရည်လိုချင်ရင် ထပ်တောင်းလို့လည်း ရတယ်။ ဟင်းရည်တောင်းရင် အသားဖတ် ၂ ဖတ်၊ ၃ ဖတ်တောင် ဆိုင်ရှင်က အဆစ်ထည့်ပေးလိုက်သေးတယ်။

(၂၀၀ ကျပ်ဖိုး ဟင်းနှစ်မျိုး တွဲစားလို့ရ)

ပုသိမ်မှာ လက်ဖက်ရည်တခွက်တောင် ၂၀၀ ကျပ် ဖြစ်နေတဲ့ခေတ်မှာ ထမင်းတပွဲကို ငွေ ၂၀၀ နဲ့ ရောင်းနေတဲ့ကိစ္စက အတော့်ကို ထူးဆန်းစရာပဲမဟုတ်လား။

ဆိုင်ရှင်အမျိုးသားကိုဇေယျာလင်းကို မေးလိုက်တယ်။

“ဒီဈေးနှုန်းနဲ့ ရောင်းနေတော့ အစ်ကိုတို့ မြတ်ကော မြတ်ရဲ့လားဗျ”

“ဈေးသည်ပဲဗျာ။ မြတ်လို့ရောင်းတာပေါ့။ အဓိကကတော့ စားတဲ့လူတွေ ဈေးသက်သက်သာသာနဲ့ အဆင်ပြေပြေစားလို့ရနေရင် ကျေနပ်ပါတယ်။ ကျနော်တို့ ဒီဆိုင်ဖွင့်လာတာ အခုဆိုရင် သက်တမ်း ၁၅ နှစ်နီးပါးရှိနေပြီ။
စရောင်းတုန်းကတော့ ထမင်းတပွဲ ၄၀ (ကျပ်)၊ နောက်တော့ ကုန်ဈေးနှုန်းတက်လာလို့ ၂၀၀ ကျပ်အထိ တက်ရောင်းဖြစ်တာ”လို့ ကိုဇေယျာလင်းက ပြန်ဖြေပါတယ်။

ရောင်းလို့ မကုန်တဲ့နေ့ မရှိသလို နေ့လည် ၁၁ နာရီလောက်ကစရောင်းတာ မွန်းလွဲ ၂ နာရီထိုးလောက်ဆိုရင် ရောင်းကုန်ပြီလို့ သူက ပြောပါတယ်။

ကျနော်စဉ်းစားကြည့်တယ်။ ဒီဈေးနှုန်းနဲ့ရောင်းနိုင်ရအောင် ဆန်တွေများ အလကား ရနေလို့များလား။

“အစ်ကိုတို့ ဆန်ကျတော့ကော။ ရွာက မှာတာလား”

“မဟုတ်ပါဘူး။ ဆန်ကလည်း ပုသိမ်ကပဲ ၀ယ်ပါတယ်။ အသားတွေ ဟင်းတွေလည်း ဈေးသက်သက်သာသာနဲ့ သန့်သန့်ရှင်းရှင်းစားလို့ရအောင် ချက်ပါတယ်”လို့ သူက ပြောပါတယ်။

ထမင်းဆိုင်ကို အားပေးနေသူတွေကတော့ ကမ်းနားတ၀ိုက်က ကုန်တင်ကုန်ချ အလုပ်သမားတွေ၊ ဆိုက္ကားသမားတွေ၊ အခြေခံလူတန်းစားတွေနဲ့ ကျေးရွာတွေက တက်လာတဲ့ တောသူတောင်သားတွေအများစုဖြစ်နေတာ တွေ့ရပါတယ်။

“မသိသူကျော်သွား၊ သိသူဖော်စား“ဆိုတဲ့ စကားပုံလိုပဲ ဒီဆိုင်ကိုသိနေတဲ့ ဖောက်သည်တွေက လူအုပ်လိုက်ဝင်လာ ခပ်သုတ်သုတ်စား။ ပြီးတာနဲ့ ငွေရှင်းပြီး ပြန်ကြ။ ရောင်းတဲ့လူကလည်း ကျေကျေနပ်နပ်နဲ့ရောင်း၊ စားတဲ့လူကလည်း ကျေကျေနပ်နပ်နဲ့ စားကြတာ တွေ့ရပါတယ်။

“ကျနော်တို့လို ဆိပ်ကမ်းကကုန်တင်ကုန်ချအလုပ်သမားတွေအတွက်တော့ ဒီဆိုင်လေးက တအားအဆင်ပြေတယ်။ ပုသိမ်တမြို့လုံးမှာ ဒီဆိုင်က ဈေးအသက်သာဆုံးပဲ။
ဈေးလည်းသက်သာတယ်။ စားလို့လည်း ကောင်းတယ်”လို့ ပုသိမ်ဆိပ်ကမ်းက ကုန်တင်ကုန်ချလုပ်သားတဦးက ပြောပါတယ်။

ဆိုခဲ့သလိုပဲ ထမင်းဆိုင်ရယ်လို့တောင် ဆိုင်းဘုတ်တပ် နာမည်ပေးထားခြင်းမရှိပေမယ့် မြို့တော်ခန်းမနား အနီးတ၀ိုက်မှာ “၂၀၀ ကျပ်တန် ထမင်းဆိုင်”လို့ မေးလိုက်ရင် မသိတဲ့လူ မရှိသလောက်ဖြစ်အောင်ကို နာမည်ကြီးပါတယ် တဲ့။

ကဲ ... ပုသိမ်မှာ ငွေ ၂၀၀ ရှိရင် ထမင်းစားလို့ရတယ်ဆိုတာ မယုံဘူးဆိုရင်တော့ မြို့တော်ခန်းမ နောက်ကျောက ပန်းခြံလမ်းထဲမှာရှိတဲ့ ၂၀၀ ကျပ်တန် ထမင်းဆိုင်ကိုသာ ကြွခဲ့ပါလို့ ပြောပါရစေဗျာ…

See More Here
http://blog.irrawaddy.org/2013/09/blog-post_29.html

ဆလိုင်းသန့်စင်
ဧရာဝတီသတင်း

သတင်းအမှားတဲ့....... Myanmar Daily News

သတင်းအမှားတွေကို လိမ်ညာဖော်ပြတဲ့ အွန်လိုင်းစာမျက်နှာတွေကြောင့်......
---------------------------------------------------------------------

လူမှုကွန်ယက် အင်တာနက်စာမျက်နှာများဖြစ်သော https://www.facebook.com/pages/သတင်းပေါင်းစုံ/480651228657570 တွင်ရေးသားဖော်ပြခဲ့ပြီး https://www.facebook.com/MyawadyNews မှ ကူးယူဖော်ပြထား သည့် ကူညီကြပါ ခေါင်းစဉ်ဖြင့် သက်ဆိုင်ရာ ရဲစခန်းသို့ ထူးခြားမှုကြား သိပါက ဆက်သွယ်သတင်းပေးကြပါဟု ဆိုကာ ရွှေပြည်သာမြို့နယ်၊ အဖ ဦးကျော်စွာ၊ အမိဒေါ်ပြည့်စုံ၊ သမီးမခင်ပြည့်စုံ ၂၆.၉.၂၀၁၃နေ့ ဘယ်သူသတ်သွားမှန်းမသိကြောင်းနှင့် အလောင်းရှာတွေ့ပုံဟုဆိုကာ http://www.empressleak.com/wicked-world-watch-teenage-girl-raped-and-murdered-in-the-bush/ မှ သတင်း ပါ ဓါတ်ပုံအား ကူးယူဖော်ပြထားသည့် အဆိုပါသတင်းမှာ လုံးဝမှန်ကန်မှုမရှိကြောင်းအသိပေးဖော်ပြအပ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရှိ ရွှေပြည်သာမြို့နယ်ရဲတပ်ဖွဲ့နယ်မြေ
အတွင်းသာမက အခြားရဲစခန်းနယ် မြေများအတွင်း၌လည်း အဆိုပါ
အမျိုးသမီးငယ် သေဆုံးမှု၊ အသတ်ခံရမှုဖြစ်စဉ်မရှိပါကြောင်း ပြည်သူများ
သိရှိနိုင်စေရေးအသိပေးဖော်ပြအပ်ပါသည်။

အဆိုပါသတင်းအားရေးသားဖော်ပြခဲ့သည့် သတင်းပေါင်းစုံ facebook
Pageအနေဖြင့်ယင်းကဲသို့မမှန်ကန်သည့်သတင်းအား ရေးသားဖော်ပြခြင်း
အားဖြင့် သတင်းဖတ်ရှုသူပြည်သူများ အထိတ်တလန့်နှင့် စိတ်အနှောက်
အယှက်ဖြစ်စေနိုင်ပြီးရဲတပ်ဖွဲ့၏Imageအားထိခိုက်နိုင်ပါသဖြင့် နောင်တွင်
အလားတူ မမှန်ကန်သည့်သတင်းများအား ရေးသားဖော်ပြခြင်းမပြုပါရန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးသတင်းထုတ်ပြန်ရေးဌာနမှ မေတ္တာ
ရပ်ခံအပ်ပါသည်။

(Post by- https://www.facebook.com/yangonpolice)

ကမ်းနားလမ်းသစ်တွင် ယာဉ်တိုက်မှုဖြစ်ပွား Saturday, September 28, 2013


စက်တင်ဘာ၂၈ ရက်နေ့ နေ့လယ် ၂ခွဲ ခန့်က ကျောက်တံတားမြို့နယ်၊ကမ်းနားလမ်းသစ်တွင် ကွန်တိန်နာ နောက်တွဲယာဉ်နှင့် ကန်တာယာဉ်တစ်စင်း တို့ မျက်နှာချင်းဆိုင် ယာဉ်တိုမှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ကွန်တိန်နာနောက်တွဲယာဉ်မှ တုစ်ဖက်ယာဉ်ကြောအတွင်းလမ်းကြောင်းမှားဝင်ရောက်ရာမှ တစ်ဖက်မှ ကန်တာနှင့်မျက်နှာချင်းဆိုင်တိုက်မိခဲ့ဖြစ်ပြီး၊ကန်တာယာဉ်မောင်းမှာ ခြေတောက်တစ်ဖက်ကျေသွားခဲ့ပြီးရန်ကုန်ဆေးရုံကြီးသို့ ဆေးကုသမှုခံယူလျက်ရှိကြောင်းသိရသည်။

သူရမင်းဇော်(NewsWatch)
ဓါတ်ပုံ(နေမင်းခ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

လိုင်စင်ရ အသံတိတ် လူသတ်သမားများ


“အသားမှုန့်တွေက အချိုမှုန့်ထက် ပိုဆိုးတယ်”

တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ကြားရသော စကားကြောင့် အိမ်ထောင်ရှင်မ ဒေါ်တင်တင်ဌေး ကြောက်လန့် စိတ် အတော်ကြီးမားသွားသည်။

ယင်းကြောင့် လက်ရှိသုံးစွဲနေသော အသားမှုန့်များ၊ အချိုမှုန့်များ နေရာတွင် မည်သည့် ဟင်းခတ်ပစ္စည်း အစားထိုး ရမည်ကို ဒေါ်တင်တင်ဌေး တစ်ယောက် စဉ်းစားကြည့်သော်လည်း အဖြေမထွက်ခဲ့ချေ။

အစားအစာများ ချက်ပြုတ် ကြော်လှော်ရာတွင် သုံးစွဲနေသော အသားမှုန့်များတွင် အချိုမှုန့်များ၏ ပါဝင်ပစ္စည်းအတိုင်းသာ ပါဝင်ကြောင်း၊ အထူးသဖြင့် အချိုမှုန့်၊ အသားမှုန့်များသည် အချိုအရသာ ရရှိရန် အသုံးပြုသော်လည်း ယင်းတို့၏ ပါဝင်ပစ္စည်းများသည် အငန်ဓာတ်သာ ဖြစ်သောကြောင့် ရေရှည်စားသုံးမည် ဆိုပါက ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း မြန်မာနိုင်ငံရှိ စားသုံးသူ ကာကွယ်ရေး တာဝန်ရှိသူများနှင့် ဆေးပညာရှင် အသိုင်းအဝိုင်းက ပြောကြားထားသည်။

နေ့စဉ် အစားအစာများတွင် မပါမဖြစ် သုံးစွဲနေသော အချိုမှုန့်များကို ၁၉၀၈ ခုနှစ်တွင် ဂျပန်လူမျိုး Mr.KikunaeIkeda က စတင်တီထွင်ခဲ့ရာ ပထမဆုံး အချိုမှုန့်ကို ပင်လယ်ကျောက်ပွင့်များ၏ အစွမ်းသတ္တိကို အခြေခံကာ ထုတ်လုပ်ခဲ့သည်။

ယင်းနောက် အာဂျီနိုမိုတို အမည်ဖြင့် ကမ္ဘာကျော် ဟင်းခတ်ပစ္စည်း အချိုမှုန့် တစ်မျိုးကို အောင်မြင်အောင် ထုတ်လုပ်လာနိုင်ခဲ့သည်။ အချိုမှုန့်၏ အောင်မြင်မှုသည် ၁၉၅၉ ခုနှစ်တွင် အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး အဖွဲ့ကြီး၏ အသိအမှတ်ပြုမှုကို ရရှိလာသည်။

သို့သော် ၂၀၀၀ ပြည့်လွန်နှစ်များတွင်မူ အချိုမှုန့်၏ ဆိုးကျိုးများ သိသိသာသာ ပေါ်ပေါက်လာခဲ့သဖြင့် ကမ္ဘာ့နိုင်ငံကြီး အများစုကလည်း အချိုမှုန့် ရောင်းချ တင်သွင်းခွင့်များကို တရားဝင် ပိတ်ပင်လာပြီး အချိုမှုန့် သုံးစွဲမည့်နေရာတွင် အသားမှုန့်များ ဝင်ရောက်လာသည်။

အချိန်ကာလ အတန်ကြာကတည်းက အချိုမှုန့် သုံးစွဲနေခဲ့ရာမှ မြန်မာနိုင်ငံတွင် ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၀၀ ပြည့်နှစ် ဝန်းကျင်တွင် ယင်းအချို့မှုန့်များ တင်သွင်းခွင့် စတင်ပိတ်ပင်ခဲ့ပြီး ယခုနှစ်ပိုင်းတွင်မှ တရားဝင် တင်သွင်းခွင့် ပြုခဲ့ရာ လက်ရှိအချိန်တွင် ပြည်ပမှ အထူးသဖြင့် ထိုင်းနိုင်ငံမှ အချိုမှုန့်၊ အသားမှုန့်များသာမက ပြည်တွင်းထုတ် အသားမှုန့်များလည်း အိမ်ရှင်မတိုင်း၏ မီးဖိုခန်းတွင် နေရာယူလျက် ရှိသည်။

အချိုမှုန့်အန္တရာယ်ကို သိရှိပြီးနောက် အစားထိုးသုံးနိုင်သည့် အသားမှုန့်များကြောင့် လက်ရှိအချိန်တွင် အသားမှုန့် သုံးစွဲသူ ရာခိုင်နှုန်းသည် အချိုမှုန့် သုံးစွဲသူများထက် ပိုများနေလိမ့်မည် ဖြစ်သည်။ အသားမှုန့်၏ ကျန်းမာရေး ဆိုးကျိုးများသည် အချိုမှုန့်၏ ဆိုးကျိုးအတိုင်း ဖြစ်လာမည်ကိုမူ စားသုံးသူများ ကျယ်ကျယ်ပြန့်ပြန့် မသိကြသေးချေ။

လူ့ကျန်းမာရေးအတွက် တိတ်တဆိတ် အန္တရာယ်ပေးနေသော အချိုမှုန့်၊ အသားမှုန့်များသည် မြန်မာနိုင်ငံ အတွင်းသို့ နေ့စဉ် ဝင်ရောက်နေပြီး နေ့စဉ် စားသုံးနေသည့် အစားအစာတိုင်းတွင် နေရာယူကြီးစိုးလျက် ရှိသည်။

ရေရှည် သုံးစွဲလာသော အချိုမှုန့် ပြဿနာကို အသားမှုန့် အန္တရာယ်ထက် ပိုမိုရင်ဆိုင်နေရသည်မှာ အသားမှုန့်ထက် ဈေးနှုန်းသက်သာသော အချိုမှုန့်များကို စားသောက်ဆိုင် အများစုတွင် အသုံးပြု နေခြင်းဖြစ်ပြီး ပြည်သူ့ကျန်းမာရေး ကဏ္ဍအတွက် စိန်ခေါ်မှုကြီး တစ်ရပ်လည်း ဖြစ်နေသည်။

အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန၏ တရားဝင် ခွင့်ပြုချက် လိုင်စင်နှင့် ရောင်းချနေသော အချိုမှုန့်များ ရှိသော်လည်း တရားမဝင် သွင်းယူလာသော အချိုမှုန့် အန္တရာယ်က ရှိနေသေးသည်။
တရားမဝင် အချိုမှုန့်များတွင် တရုတ်နိုင်ငံရှိ အသေးစား တစ်နိုင်တစ်ပိုင် လုပ်ငန်းတို့မှ အချိုမှုန့် တံဆိပ် အတုများ ပြုလုပ်ကာ တင်သွင်းမှုများ ရှိသည့်အပြင် တံဆိပ်မပါသော အချိုမှုန့် အိတ်ကြီးများ ဖြင့်လည်း ဝင်ရောက်လျက် ရှိကြောင်း ရန်ကုန်မြို့ရှိ ဈေးဆိုင်များထံမှ စုံစမ်းသိရှိရသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့အထိ ကာလအတွင်း ထိုင်း-မြန်မာနယ်စပ်မှ အချိုမှုန့် တန်ချိန် ၄၀ နီးပါး တရားဝင် တင်သွင်းခဲ့ဖူးကြောင်း၊ တစ်ဖက်တွင်လည်း အဆိုပါ နှစ်လအတွင်း တရားမဝင် သွင်းလာသော အချိုမှုန့် တန်ချိန် ၁၀ ခန့် ဖမ်းဆီးထားပြီ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

ယင်းပမာဏသည် အချိုမှုန့် ပမာဏသာဖြစ်ပြီး တရားဝင် ဖြန့်ဖြူး ရောင်းချနေသည့် အသားမှုန့်၏ ပမာဏကို ထည့်သွင်းထားခြင်း မရှိသေးချေ။ မြန်မာနိုင်ငံရှိ လူဦးရေသန်း ၆၀ ကျော်တွင် လွယ်လင့်တကူ ဝယ်ယူရရှိနိုင်သော အချိုမှုန့်၊ အသားမှုန့်များ၏ အန္တရာယ်ကို သိလျက်နှင့် တိုးဝင်နေကြရသူ အများအပြား ရှိနေသည်။
“အခုအချိုမှုန့်၊ အသားမှုန့် အစားထိုး ရွှန်းတိုးတိုးကို သကြားနဲ့ တွဲသုံးတယ်။ ကျန်တာတွေလည်း မသုံးရဲဘူး” ဟု အသက် ၄၀ ကျော်အရွယ် အိမ်ရှင်မတစ်ဦးက ပြောကြားသည်။ ယင်းမှာ ပြည်တွင်းထုတ် အသားမှုန့်တစ်မျိုး ဖြစ်သည်။

အသားမှုန့် ထုတ်လုပ်ရာတွင် နိုင်ငံနှင့် လုပ်ငန်းရှင်အပေါ် မူတည်၍ ကွဲပြား ခြားနားသလို အသားမှုန့် အရောင်အဆင်းလည်း ကွဲပြားခြားနားကြောင်း၊ ယင်းကြောင့် ပြည်တွင်းထုတ် အသားမှုန့် အများစုသည် အဖြူရောင် အဆင်းရှိပြီး ထိုင်းနိုင်ငံဘက်မှ ဝင်ရောက်လာသော အသားမှုန့်များနှင့် ကွဲပြားကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက ရှင်းပြသည်။

အစားအစာများတွင် အချို့မှုန့်နှင့် အသားမှုန့်များအစား ပုစွန်ခြောက်၊ ငံပြာရည်အချို၊ သကြားနှင့် ဆန်မှထုတ်သော ဟင်းခတ်အရည် တစ်မျိုးတို့ကို အသုံးပြု

ရထားလာနေစဉ် ကား၊ ဆိုင်ကယ်၊ ထော်လာဂျီနှင့် လူများဖြတ်ကူးနေမှုကြောင့် သြဂုတ်လအတွင်း ရထားဖြင့် တိုက်မှုဖြစ်စဉ် ကိုးကြိမ်ဖြစ်ပွားခဲ့ပြီး ငါးဦးသေဆုံး


ပြည်တွင်း၌ ရထားခရီးစဉ်များ ပြေးဆွဲနေစဉ် ရထားသံလမ်းအား ကား၊ ဆိုင်ကယ်၊ ထော်လာဂျီ၊ နွားလှည်းများနှင့် လူများဖြတ်ကူးနေမှုကြောင့် သြဂုတ်လအတွင်း ရထားတိုက်မှုဖြစ်စဉ် ကိုးကြိမ်ဖြစ်ပွားခဲ့ပြီး ငါးဦးသေဆုံးကာ နှစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ ရထားရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

၂၀၁၃ ခုနှစ် သြဂုတ် ၁ ရက်မှ ၃၁ ရက်နေ့ထိ သံလမ်းပေါ်တွင် အိပ်/ထိုင်နေမှုကြောင့် အမျိုးသားနှစ်ဦး သေဆုံးခဲ့ကာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ သံလမ်းပေါ်တွင် ကျောပေးလမ်းလျှောက်မှုကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ရထားပေါ်သို့ ခုန်တက်/ခုန်ဆင်းမှုကြောင့် အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ရထားပေါ်မှ အိပ်ငိုက်ပြုတ်ကျ ခဲ့မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် သံလမ်းဖြတ်ကူးမှုကြောင့် အမျိုးသားလေးဦး သေဆုံးခဲ့ကြောင်း ရထားရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ယင်းလအတွင်း ရထားဖြင့် ကား၊ နွားလှည်းနှင့် ထော်လာဂျီတိုက်မှုဖြစ်စဉ် တစ်ကြိမ်စီနှင့် ဆိုင်ကယ်တိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရထားရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက "ရထားလမ်းပေါ်မှာ မူးပြီးတော့ အိပ်နေတာတွေ၊ ထိုင်နေတာတွေ ရှိတယ်။ ရထားက ဟွန်းတီးတော့လည်း မကြားဘူး။ အနီးကပ်ကျမှ သူတို့က သိတဲ့အခါ ရုတ်တရက် ထလို့မရတော့ အသက်သေဆုံးတဲ့အထိ ဖြစ်နေတယ်။ ရထားသံလမ်းတွေက အမြဲတမ်း ရထားဘီးတွေနဲ့ ပွတ်တိုက်နေတော့ သံလိုက်ဓာတ်လို လျှပ်စီးဝင်နေတတ်တယ်။ အဲဒါကြောင့် သံလမ်းမှာ ထိုင်နေတဲ့သူတွေ၊ အိပ်နေတဲ့သူတွေ ချက်ချင်းထလို့ မရဘဲ ဆွဲထားသလို ဖြစ်နေတယ်။ တချို့ကျတော့လည်း ရထားက အဝေးကြီး ရှိနေတာပဲ အနီးကျမှ ထမယ်ဆိုပြီး ထလို့မရတာတွေလည်း ရှိနေတယ်" ဟု ပြောကြားသည်။

ဆက်လက်၍ "ရထားနဲ့ ကားတွေ၊ ထော်လာဂျီ၊ ဆိုင်ကယ်တွေ၊ နွားလှည်းတွေနဲ့ စက်ဘီးတွေကို တိုက်မိတဲ့ဖြစ်စဉ် အများစုကတော့ ရထားလာနေတာကို သိရဲ့သားနဲ့ လွတ်မယ်ဆိုပြီး ဖြတ်သွားနေတာတွေ၊ ရထားလာလို့ သံလမ်းကို ဖြတ်သန်းခွင့် ခဏပိတ်နေတဲ့ အချိန်မှာ ဇွတ်တိုးပြီးတော့ ဖြတ်မောင်းပြီး သွားနေတဲ့အတွက် မကြာခဏ တိုက်မှုတွေ ဖြစ်ပွားနေရတာပါ" ဟု ပြောကြားသည်။

ထို့ပြင် သြဂုတ်လအတွင်း ရထားဖြင့် ကား၊ ထော်လာဂျီ၊ ဆိုင်ကယ်၊ စက်ဘီး စသည့်တိုက်မှုဖြစ်စဉ် ငါးကြိမ်ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကာ နှစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
Eleven Media Group'

ထွေးဦးမြန်မာ ရုပ်သေးပညာရှင် ဦးမောင်ကြည် ဖျော်ဖြေမှု ပြီးဆုံးချိန် ရုတ်တရတ် ကွယ်လွန် ရန်ကုန်၊ စက်တင်ဘာ ၂၈ The Voice Weekly

ဆီဒိုးနားဟိုတယ် မင်းတုန်းခန်းမတွင် စက်တင်ဘာ ၂၇ ရက်နေ့ညက ပြုလုပ်သော ထိုင်း-မြန်မာ ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံပွဲတွင် ကပြဖျော်ဖြေခဲ့သည့် ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့မှ ပင်တိုင် ရုပ်သေးပညာရှင်ဖြစ်သူ ဦးမောင်ကြည်မှာ အဆိုပါ ခန်းမအတွင်း ဖျော်ဖြေမှု ပြီးဆုံးချိန် ဆေးသောက်နေစဉ် ရုတ်တရက် သေဆုံးခဲ့ကြောင်း ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့မှ ဒေါ်တင်တင်ဦးက The Voice သို့ ပြောကြားသည်။

ထိုင်း-မြန်မာ ခရီးသွားလာရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံပွဲတွင် ရုပ်သေး အကအလှများဖြင့် ကပြဖျော်ဖြေ ခဲ့ပြီးနောက် ပစ္စည်းများ သိမ်းဆည်း၍ အပြီးတွင် ဦးမောင်ကြည်က အသင့် ယူဆောင် လာသည့် ဆေးဝါးများကို သောက်သုံးစဉ် လဲကျသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သေဆုံးသူ၏ တပည့်လည်းဖြစ်သည့် ရုပ်သေးပညာရှင် တစ်ဦးဖြစ်သူ ဒေါ်တင်တင်ဦးကပင် ထပ်မံရှင်းပြသည်။
“ဆေးကို အစာမရှိဘဲ သောက်နေတာတွေ့လို့ ပေါင်မုန့်လေးစားပြီး သောက်ပါလို့ ပြောတာကို ဆရာက ဆေးသောက်ပြီးမှ စားမယ်ဆိုပြီး ဆေးကို အရင်သောက်တယ်။ ပြီးတော့ ပေါင်မုန့်စားနေတုန်း ရှေ့ကို ငိုက်ကျပြီး ကျွန်မလက်ပေါ်မှာတင် ဆုံးသွားတာပါ” ဟု ၎င်းက ထပ်မံပြောကြားသည်။

သေဆုံးသူမှာ နှလုံးရောဂါနှင့် သွေးတိုး ရောဂါဝေဒနာ ခံစားနေရသူ ဖြစ်ပြီး ယခုသေဆုံးမှုမှာ နှလုံးအဆို့ရှင် ပိတ်၍ သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု မှုခင်းဆရာဝန်ကြီးက မှတ်ချက် ပေးထားကြောင်း မိသားစု ဝင်တစ်ဦးက ဆိုသည်။

ဦးမောင်ကြည်မှာ အသက် ၁၈ နှစ် အရွယ်ခန့်က သဘင်လောကသို့ စတင်ဝင်ရောက်ခဲ့ကာ ဇာတ်မင်းသားအဖြစ် အနှစ် ၂၀ ခန့် လုပ်ကိုင်ခဲ့ပြီးနောက်ပိုင်း ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနတွင် ရုပ်သေး ကြိုးဆွဲပညာရှင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်ကာ အကြိမ် ၅၀ နှင့်အထက် ဇီဝိတဒါန သွေးလှူဒါန်းမှုကြောင့် လူမှုထူးချွန်ဆု ရရှိခဲ့ကြောင်း ၎င်းကထပ်မံပြောကြားသည်။

သေဆုံးသူ ဦးမောင်ကြည်မှာ ၂၀၀၆ ခုနှစ်မှစတင်၍ သေဆုံးချိန် ထိ ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့နှင့် ဆိုးတူကောင်းဖက် တစ်လှေတည်းစီးကာ လုပ်ကိုင်ခဲ့သူ ဖြစ်သည်။ ၎င်း၏ မိသားစုအတွက် ဖခင်ကောင်းတစ်ဦး ဆုံးရှုံးရုံမက မြန်မာ့ရုပ်သေး လောကအတွက် ရုပ်သေး ဆရာကောင်းတစ်ဦး ဆုံးရှုံးခဲ့ရကြောင်း ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့ တည်ထောင်သူ ဦးခင်မောင်ထွေးက ပြောကြားသည်။


ပြည်ပသို့ ကျွန်းသစ်တင်ပို့မှုကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစ၍ အလုံးလိုက် လုံးဝတင်ပို့တော့မည် မဟုတ်ကြောင်း သစ်တောဝန်ကြီး ပြောကြား


ပြည်ပသို့ ကျွန်းသစ်လုံး တင်ပို့မှုကို ယခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ၄၂ ရာခိုင်နှုန်းအထိ လျှော့ချသွားမည်ဖြစ်ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစ၍ လုံးဝတင်ပို့တော့မည် မဟုတ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောကြားသည်။

စက်တင်ဘာ ၂၇ ရက်တွင် ကျင်းပပြုလုပ်သည့် မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီ မြေစီမံ ခန့်ခွဲမှုဆိုင်ရာ သတင်းထုတ်ပြန် ရှင်းလင်းပွဲအပြီး သတင်းထောက်များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားရာတွင် ၀န်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော့်ကို သမ္မတက ဘတ်ဂျက်နဲ့ ပတ်သက်ပြီး ဘာမှမပြောဘူး။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းဖို့အတွက်ပဲ ပြောတော့ ကျွန်တော့်အတွက် ဘတ်ဂျက်ရှာပေးရတဲ့ နေရာမှာ ဘာမှဖိအား မရှိဘဲ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို လုပ်ဆောင်သွားမှာပါ" ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောကြားသည်။

ထို့အတူ သစ်တောရေးရာ ၀န်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက "ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်း သစ်တောဖုံးလွှမ်းမှုကို ငါးနှစ်တစ်ကြိမ် FAO နှင့် ပူးပေါင်းဆန်းစစ်ချက်အရ မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှု ဧရိယာ ၄၆ ဒသမ ၉၆ ရာခိုင်နှုန်း ရှိပါတယ်။ ၂၀၁၅ မှာ ငါးနှစ်ပြည့်ရင် ဆန်းစစ်ဖို့ လုပ်ငန်းတွေ လုပ်နေပါတယ်။ ကျွန်တော်တို့က FOI ဥပဒေပေါ်မှာ အခြေခံပြီး MIC က တိုက်ရိုက်စီမံ ခန့်ခွဲမှာပါ။ သစ်တောစီမံမှု မြေတွေထဲမှာ ရင်းနှီးမြှုပ်နှံမှု လုပ်မယ်ဆိုရင်တော့ သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းနဲ့ ကျွန်တော်တို့ ဥပဒေတွေ ပါလာမှာပေါ့" ဟု ပြောကြားသည်။

"နိုင်ငံတော်မှာ သစ်တောပြုန်းတီးမှုတွေ၊ သယံဇာတ ပြုန်းတီးမှုတွေ ရှိလာတဲ့ အတွက်ကြောင့် ပြီးခဲ့တဲ့ နှစ်ကစပြီး နိုင်ငံတော်မှာ သစ်ထုတ်လုပ်မှုကို လျှော့ချခဲ့ပါတယ်။ ကျွန်းက ၁၅ ရာခိုင်နှုန်း၊ သစ်မာဆိုရင် ၂၂ ရာခိုင်နှုန်းလောက် လျှော့ခဲ့ပါတယ်။ ဒီနှစ်မှာ ကျွန်းကို ၄၂ ရာခိုင်နှုန်း လျှော့မယ်။ သစ်မာကို ၅၀ ရာခိုင်နှုန်း လျှော့မယ်။ အလားတူ အလုံးလိုက် ပြည်ပတင်ပို့မယ့် ကိစ္စကို ၂၀၁၄ မှာ တင်ပို့ခွင့် မပြုတော့ဘူး။ ကုန်ကြမ်းအနေနဲ့ ပေးရတော့ အကျိုးအမြတ် နည်းတယ်။ နိုင်ငံမှာ သစ်အခြေခံ လုပ်ငန်းတွေ လုပ်ခွင့်ပေးလိုက်ရင် ရလာမယ့် အကျိုးအမြတ်က များသလို အလုပ်အကိုင် အခွင့်အလမ်းတွေ ဖွံ့ဖြိုးတိုးတက် လာမှာပါ" ဟု ဦးဇော်ဝင်းက ဆက်လက်ပြောကြားသည်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခွင့် ရရှိသည့် ပုဂ္ဂလိက ကုမ္ပဏီများ အနေဖြင့် ဓာတ်အားခကို ဖြစ်သင့်သည်ထက်ပို၍ မြင့်တက်ရောင်းချခြင်းများ မရှိစေရန် အစိုးရမှ ဈေးနှုန်းသတ်မှတ် ထိန်းချုပ်မည်ဟု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား


လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခွင့် ရရှိသည့် ပုဂ္ဂလိက ကုမ္ပဏီများ အနေဖြင့် ဓာတ်အားခကို ဖြစ်သင့်သည်ထက်ပို၍ မြင့်တက်ရောင်းချခြင်းများ မရှိစေရန် အစိုးရမှ ဈေးနှုန်းသတ်မှတ် ထိန်းချုပ်မည်ဟု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက စက်တင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ရုံး၌ ပြုလုပ်သည့် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မီဒီယာများ တွေ့ဆုံပွဲတွင် Daily Eleven သတင်းစာ၏ "လက်ရှိအချိန်တွင် ပုဂ္ဂလိက လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီများကို ခွင့်ပြုပေးလျက်ရှိကြောင်း ၎င်းတို့မှ ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အားများကို လက်ရှိဓာတ်အားခ နှုန်းထားများထက် ပိုသောနှုန်းဖြင့် ရောင်းချမည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း၊ ထို့ကြောင့် အဆိုပါ ကုမ္ပဏီများအား ရောင်းချရမည့် လျှပ်စစ်ဓာတ်အားခ နှုန်းထားများကို ၀န်ကြီးဌာန အနေဖြင့် သတ်မှတ်ပေးထားခြင်း ရှိ၊ မရှိ" မေးခွန်းကို ပြန်လည်ဖြေရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက "ပုဂ္ဂလိက ကုမ္ပဏီတွေကို လောလောဆယ်ကတော့ သူတို့ကို ကျွန်တော်တို့က ဓာတ်အားထုတ်လုပ်ခွင့်ပဲ ပေးထားတာ။ ဓာတ်အားရောင်းချတာတော့ သူတို့ကို ရောင်းခွင့်မပေးသေးပါဘူး။ မပေးသေးဘူး ဆိုတာက ပုဂ္ဂလိက ဓာတ်အားထုတ်လုပ်တာကလည်း အခုလောလောဆယ် gas နဲ့ ထုတ်တာပါ။ ထုတ်တဲ့အခါမှာ ကျွန်တော်တို့က ဘာကိုပဲ သူတို့ကိုပေးလဲဆိုတော့ သူတို့စက်တပ်ဆင်ပြီး ထုတ်လုပ်ခကိုပဲ သူတို့ကို ပေးတာ။ ကျန်တာက ကျွန်တော်တို့ ၀န်ကြီးဌာနက နေပြီးတော့ ဒီဓာတ်အားတွေကို ယူပြီးတော့မှ ပြည်သူလူထုကိုဖြန့်မှာ ဖြစ်ပါတယ်။ အဲဒီအပိုင်းမှာ နှစ်ပိုင်းရှိပါတယ်။ နံပါတ်တစ် အပိုင်းက သူတို့ရဲ့ ဓာတ်အားထုတ်လုပ်ခကို ကျွန်တော်တို့ လက်ရှိဝန်ကြီးဌာနက ထုတ်လုပ်နေတဲ့ gas turbine တွေရဲ့ ဓာတ်အားထုတ်လုပ်ခထက် မများစေရဘူး။ အဲဒီနှုန်းတော့ ကျွန်တော်တို့ Level ဖြစ်အောင်ချိန်ပြီး လုပ်ပေးပါတယ်။ လောလောဆယ် ကျွန်တော်တို့ အခုလုပ်နေတာကတော့ သူတို့ဆီက ဓာတ်အားကို ကျွန်တော်တို့က ၀ယ်ပြီးတော့မှ ကျွန်တော်တို့ကပဲ ပြည်သူကို ဖြန့်တဲ့နည်းကို သုံးပါသေးတယ်။ နောက်ဆိုရင်တော့ ခုနက ပုဂ္ဂလိက ဓာတ်အားထုတ်ရောင်းတဲ့ ဟာတွေ ပေါ်လာရင် အဲကျရင်လည်း အခုကျွန်တော်တို့ ၀န်ကြီးဌာနက ပါမယ်။ ပါမယ် ဆိုတာက ဓာတ်အားခ မြင့်သွားမှာ စိုးလို့ပါတာပါ။ ဓာတ်အားခကို ကျွန်တော်တို့က ထိန်းချုပ်ဖို့ပါ။ မြင့်အောင်လုပ်လို့ မရဘူး။ ကျွန်တော်တို့ကနေပြီး တကယ့်စံနှုန်း သတ်မှတ်ပြီးတော့မှ ဖြစ်သင့်ဖြစ်ထိုက် တာကိုပဲ ကျွန်တော်တို့က ရောင်းချခွင့်ပြုမှာ ဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော် မလုပ်ရသေးဘူး။ လာမယ့်နွေမှာ စက်မှုဇုန်တွေ ကျွန်တော်စပြီး လုပ်ကြည့်မယ်။ ဒါလည်း ကျွန်တော်ခင်ဗျားတို့ အားလုံးကိုခေါ်ပြီး ပွင့်ပွင့်လင်းလင်း ချပြပါမယ်။ ကျွန်တော်တို့ ဘယ်လောက်နဲ့ လုပ်မလဲ။ ဘယ်လိုလုပ်မလဲ။ ဒါကို ခင်ဗျားတို့ အနေနဲ့ ၀ိုင်းပြီးသုံးသပ် ပေးကြပါ။

နောက်တော့ ပုဂ္ဂလိက လုံးဝဖြစ်သွားရင်တော့ သူတို့ပဲ ထုတ်ရောင်းဖြစ်သွားမယ် ။အဲဒီ step ကို ကျွန်တော်တို့က သွားလို့မရသေးဘူး။ ပုဂ္ဂလိကကလည်း မလုပ်နိုင်ဘူး။ ကျွန်တော်တို့နှုန်းနဲ့ မရောင်းနိုင်ဘူး။ သူတို့ရောင်းမယ်ဆို သူတို့က ခင်ဗျားတို့ ပြောသလိုပဲ ၁၀၀ ကျော်မယ်။ ၂၀၀ ကျော်မယ်။ ကျွန်တော်တို့ ပေးမရောင်းဘူး။ ကျွန်တော်တို့ပဲ ထိန်းထားတာ" ဟု ဖြေကြားခဲ့သည်။

လက်ရှိတွင် ပုဂ္ဂလိက ကုမ္ပဏီအချို့သည် မြို့နယ်အချို့၌ အစိုးရနှင့် ပူးပေါင်းလုပ်ကိုင် နေမှုများ ရှိကြောင်း၊ ဥပမာ မန္တလေးတွင် ရှိကြောင်း၊ ၎င်းတို့အား လျှပ်စစ်ဓာတ်အား ရောင်းချခြင်းကို လုပ်ကိုင်ခွင့် ပြုခဲ့သော်လည်း လက်ရှိအစိုးရမှ ရောင်းချနေသည့် ဈေးနှုန်းဖြစ်သည့် တစ်ယူနစ် ၃၅ ကျပ်နှုန်းသာ ကောက်ခံရန် သတ်မှတ်ထားကြောင်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။
Eleven Media Group'

သာသနာ့အလံကို ဖျက်ဆီးသည်ဟုဆိုကာ သံတွဲတွင် ရုန်းရင်းဆန်ခတ်ဖြစ် ရန်ကုန်၊ စက်တင်ဘာ ၂၈ The Voice Weekly

ရခိုင်ပြည်နယ် သံတွဲမြို့တွင် စက်တင်ဘာလ ၂၈ ရက် မွန်းတည့် ၁၂ နာရီခန့်၌ ဘာသာခြားတစ်ဦးက သာသနာ့အလံကို ဖျက်ဆီးသည်ဟုဆိုကာ ရုန်းရင်းဆန်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သံတွဲမြို့ ဒေသခံများက ပြောကြားသည်။

သံတွဲမြို့ မြို့တော်ခန်းမ အနီးရှိ ငပလီ အထွေထွေ ရောင်းဝယ်ရေး ဆိုင်ရှေ့တွင် လာရပ်သော သုံးဘီးယာဉ်၏ ယာဉ်မောင်းကို ဆိုင်ပိုင်ရှင်က ဆဲဆိုပြီး ယာဉ်တွင် တပ်ဆင်ထားသော သာသနာ့အလံကို ဖျက်ဆီးသည်ဟုဆိုကာ အနီးပတ်ဝန်းကျင်မှ လူအယောက် ၂၀၀ ခန့်က ဝိုင်းအုံမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ နေရာသို့ သံတွဲမြို့ သိမ်ကုန်း ဆရာတော် ကြွရောက်၍ လူစုခွဲရန် မိန့်ကြား ပြီးနောက် ပြန်လည် ငြိမ်သက်သွားကာ အဆိုပါ ဆိုင်ပိုင်ရှင်ကို သံတွဲရဲစခန်းတွင် ဖမ်းဆီးထားကြောင်း ဒေသခံများက ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သံတွဲမြို့နယ် ရဲစခန်းကို ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ ညနေ ၄ နာရီခန့်တွင် အခြေအနေ ပြန်လည် ငြိမ်သက်သွားပြီး တရားခံကို ဖမ်းဆီးထားကြောင်း ပြန်လည် ဖြေကြားသည်။

သံတွဲမြို့တွင် တောင်ကုတ်မြို့သူတစ်ဦး ဇွန်လ ၃၀ ရက်နေ့က အဓမ္မကျင့်ခံရသည့် သတင်းအပေါ် မူတည်ပြီး ပဋိပက္ခများ ဖြစ်ပွားခဲ့ရာ နေအိမ်အချို့ မီးရှို့ခံခဲ့ရကာ ပဋိပက္ခ အရှိန်မြင့်လာသဖြင့် ညမထွက်ရ အမိန့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့ရသည်။

အလားတူ သြဂုတ်လ ၂၇ ရက်နေ့က သံတွဲမြို့တွင် နံတော်တောင် တောင်ခြေရင်းရှိ ဘုန်းတော်ကြီး တစ်ပါးကို အစ္စလာမ် ဘာသာဝင်တစ်ဦးက ဆဲဆိုသည်ဟု ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့ပြီး နောက်တွင် ယင်းနေရာသို့ လူ ၆၀ ခန့် စုဝေးလာသဖြင့် ရဲတပ်ဖွဲ့များက တားဆီးခဲ့ရသည်။

ကလင် ကလင် ရွှေဝယ်တယ် ရွှေဘောက်ချာ ဝယ်တယ် Author: အိအိကျော် ရန်ကုန်၊ စက်တင်ဘာ ၂၂-

-ရပ်ကွက်တွေထဲ အထိ စက်ဘီးနဲ့လိုက်ပြီး ဘောက်ချာမရှိ တဲ့ ရွှေတွေ၊ ရွှေအပေါင်ဘောက်ချာတွေ လိုက်လံဝယ်ယူလာကြပါတယ်။
“ဈေးထဲမှာလဲ ရွှေပြန်ဝယ်တဲ့ဆိုင်တွေ များလာတာကြောင့်လဲပါတယ်၊ ပြီးတော့ ရွှေပေါင်ဘောက်ချာကို အဓိက ရောင်းကြ တာများတော့ အခုလို ရပ်ကွက်တွေထဲထိ လိုက်ဝယ်ဖြစ်တာ”လို့ ထန်းတပင်မြို့နယ်ရှိ ရပ်ကွက်တွေထဲမှာ ရွှေလိုက်လံဝယ်ယူသူ ဦးထွန်းထွန်းအောင်က ပြောပါတယ်။
ရွှေဝယ်တယ်၊ ရွှေဘောက်ချာဝယ် တယ်ဆိုပြီး စက်ဘီးဘဲလ်တီးအော်တဲ့ အ ပြင် စက်ဘီးမှာ ရွှေဝယ်တယ်ဆိုင်းဘုတ်ပါ ချိတ်ဆွဲပြီး ရပ်ကွက်တွေထဲပတ်ပြီး ဝယ် ကြတာဖြစ်ပါတယ်။
ရွှေတိုရွှေစ တချို့နဲ့ ဘောက်ချာ ပျောက်တဲ့ရွှေတွေကို ရွှေဆိုင်တွေက ပြန် မဝယ်တာကြောင့် ရွှေရောင်းချင်တယ်ဆို ရင် ဘောက်ချာမဲ့ဝယ်သူတွေကို အားကိုး နေရတယ်လို့လည်း သိရပါတယ်။
“ရွှေက ဝယ်ထားတာတော့ ကြာပြီ လေ၊ နာဂစ်တုန်းက ရွှေ့ဟယ်ပြောင်း ဟယ်ဆို တော့ ရွှေဆိုင်ကပေးတဲ့စာရွက်လဲ ပျောက် ပြီလေ၊ အခုလို ရပ်ကွက်ထဲအထိ လိုက်ဝယ် တော့ ပိုအဆင်ပြေတယ်၊ လူလဲသိပ်မမြင် ဘူး၊ ဈေးထဲအထိလဲ သွားစရာ မလိုဘူး”လို့ ရွှေပြည်သာ (၂) ရပ်ကွက်နေ သူ အိမ်ရှင်မ တစ်ဦးက ပြောပါတယ်။
ဘောက်ချာရောင်းလို့ရ
ရွှေကို ငွေလိုလို့ ပေါင်ကြပေမဲ့ အပေါင်ဆိုင်က ထက်ဝက်ဈေးလောက်ပဲ ပေးပါတယ်။ ပြန်မရွေးနိုင်တဲ့အခါ ဘောက် ချာတွေကို ရွှေဝယ်သည်ဆိုသူ တွေဆီမှာ ပြန်ရောင်းချကြတယ်လို့ သိရပါတယ်။
“ရွှေကိုတော့ ဆွဲပြားလောက်၊ နား ကွင်းတွေလောက်ပဲ ရောင်းကြတယ်၊ ဆွဲကြိုး၊ လက်စွပ်တွေဆိုရင် ရွှေအပေါင် ဘောက်ချာနဲ့ လာရောင်းကြတာ များ တယ်၊ ဒီဘောက်ချာနဲ့ဆို အပေါင်ဆိုင်အ ထိ သူရော ကိုယ်ရော သွားရတော့ အခုလို ရပ်ကွက်ထဲ စက်ဘီးနဲ့ လိုက်ဝယ်တော့ အဆင်ပြေတယ်”လို့ ရွှေနဲ့ ရွှေအပေါင် ဘောက်ချာလိုက်လံဝယ်ယူသူ ကိုအောင် သိန်းက ပြောပါတယ်။
ဝယ်ယူတဲ့သူတွေဟာ ရွှေရဲ့တန်ဖိုး သုံး ပုံ တစ်ပုံလောက်ကိုသာ အမြတ်အဖြစ် ယူ ကြပြီး ဒုံးရောင်းတဲ့ရွှေဆိုင်တွေမှာ အ ချိန်နဲ့ ပြန်ရောင်းကြတယ်လို့ သိရပါတယ်။

စစ် ကိုင်း ဘူတာတွင် လူပြောက် ကြော်ငြာ

Photo: စစ် ကိုင်း ဘူတာတွင် လူပြောက် ကြော်ငြာ

* Breaking News * MyanmarDaily.net

လက်ပန်တောင်းတောင်ဒေသရှိ ကြေးနီစီမံကိန်းကြောင့်မကြာခင် ဖြိုဖျက်ခံရတော့မည့်လယ်တီဆရာတော်ဘုရားကြီး၏သိမ်နှင့်စေတီတော်ထိန်းသိမ်းကာကွယ်ရေးအတွက်မန္တလေးမြို့မှချီတက်လာသောပြည်သူများ စစ်ကိုင်းတံတားကိုဖြတ်ကျော်ပြီးစစ်ကိုင်းမြို့ကိုစဝင်ချိန်မှာရဲတပ်ဖွဲ့ဝင်များသံဆူးကြိုးဖြင့်ကာရံလိုက်ပြီးဒုတ်တွေဖြင့်ဝင်ရိုက်နေပြီပြည်သူတွေကိုဆွဲရမ်းထိုးကြိပ်နေပြီ မြင်းခြံမှကိုသန့်ဇင်နှင့်နှစ်ယောက်ဖမ်းသွားပြီ၊ယခုကိုသန့်ဇင်ပြန်လွတ်လာပြီပြည်သူတွေလက်ခြင်းချိပ်ပြီလမ်းပေါ်တွင်ထိုင်ချလိုက်ပြီလုံထိန်းများကားပေါ်ဆွဲတင်ရန်ကြိုးစားနေသည် အချုပ်ကားများ၊လူနာတင်ကားများပါ အသင့်ရှိနေသည်၊၊ ပြည်သူများမှစစ်ကိုင်းမြို့ကိုဝင်နိုင်ရန် ဆက်လက်ကြိုးစားနေသည်၊၊ ညနေ၅နာရီ

KO Han Win Aungီ

Saturday, September 28, 2013

မွန်လူမျိုး သန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုးအမည် မှားယွင်းမှု ၈၀ ရာခိုင်နှုန်းခန့် ဖြစ်နေသည်ဟုဆို Friday, September 27, 2013

ရန်ကုန်တွင် မွန်လူမျိုး သန်းခေါင်စာရင်းကောက်ယူမှုကို ဆောင်ရွက်နေရာ လူမျိုးအမည် မှားယွင်းမှုများတွေ့ရသည်မှာ စာရင်းကောက်သည့် လူဦးရေ၏၈၀ ရာခိုင်နှုန်းခန့် ဖြစ်နေသည်ဟု မွန်လူမျိုးလူဦးရေ စာရင်းကောက်ယူရေးစီမံချက် ဦးဆောင်ကော်မတီအဖွဲ့ဝင် မိခင်လေးမြင့်က စက်တင်ဘာ ၂၆ ရက်တွင် ပြောသည်

မွန်လူမျိုး သန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုးအမည် မှားယွင်းမှု ၅၀ ရာခိုင် နှုန်းခန့်ရှိမည်ဟု ခန့်မှန်းသော်လည်း လက်တွေ့ကောက်ယူရာတွင် ၈၀ ရာခိုင်နှုန်းခန့် လွဲမှားနေခြင်းဖြစ်သည်ဟု ၎င်းင်းက ပြောခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် မွန်လူမျိုးလူဦးရေစာရင်း ကောက်ယူ ရေးစီမံချက်ပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မွန်လူမျိုး လွှတ်တော်အမတ်ပေါ်ထွက် လာစေရန် ဖြစ်သည်။ ယင်းအပြင် ရန်ကုန်တိုင်းဒေသ
ကြီးအတွင်းရှိ မွန်လူဦးရေသည် တစ်နိုင်ငံလုံး လူဦးရေ၏ ၀.၀၁ရာခိုင်နှုန်းထက် ကျော်လွန်ကြောင်း တင်ပြနိုင်ရန်အတွက်လည်း ကွင်းဆင်းစာရင်း ကောက်ယူခြင်းဖြစ်သည် ။
မိခင်လေးမြင့်က “သန်းခေါင်စာရင်း မှားနေတဲ့ မွန်တွေက မွန်လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းပဲ သန်းခေါင်စာရင်းမှာ လူမျိုး အမည်မှားနေမယ်ပေါ့။ အခုတကယ်တမ်းကောက် ကြည့်တော့မှ ၈၀ရာခိုင်နှုန်းလောက်က မှားနေမှန်းသိရတယ်” ဟု ပြောသည်။

မွန်လူမျိုးလူဦးရေ စာရင်းကောက်ယူရေး စီမံချက်အား ဇူလိုင်လ ပထမပတ်တွင် စတင်ခဲ့ပြီး ဒီဇင်ဘာလတွင် အပြီးသတ်မည်ဖြစ်ကာ ရန်ကုန်မြို့တွင် ခန့်မှန်းအားဖြင့် မွန်လူဦးရေ တစ်သိန်းခွဲခန့် ရှိမည်ဟုလည်း ၎င်းက ဆိုသည်။

ယခင်က မွန်လူမျိုးများသည် သန်းခေါင်စာရင်းတွင် ဗမာလူမျိုးဟု မှားယွင်းဖော်ပြခြင်းခံရသည်ဟု စစ်တမ်းများ အရ တွေ့ရှိ ရသော်လည်း သန်းခေါင်စာရင်း ကောက်ယူချိန်တွင် မွန်လူမျိုးများအား ကရင်လူမျိုးဟု မှားယွင်း
ဖော်ပြထားသည်များလည်း တွေ့ရှိ နေရသည်ဟု မွန်လူမျိုးလူဦးရေစာရင်းကောက်ယူရေးစီမံချက် ဦးဆောင်ကော်မတီ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးနိုင်မင်းသောင်းသျှင်က ပြောသည်။

လူမျိုး လူဦးရေစာရင်းကောက်ယူရေး စီမံချက်အရ စမ်းသပ်ကောက်ယူသော မွန်အိမ်ထောင်စု ၃၀ ၌ ၁၀ စုသာ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းတွင် မွန်လူမျိုးဟု စာရင်းအမှန်တွေ့ရှိရသည်ဟု မွန်လူမျိုး လူဦးရေ စာရင်းကောက် ယူရေး စီမံချက်၏ ဦးဆောင်ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သည့် နိုင်ခင်မောင်မောင်က ဇူလိုင်လအတွင်းက ပြောခဲ့သည်။

ရန်ကုန်တိုင်းအတွင်းရှိ မွန်လူဦးရေ စာရင်းကောက်ယူရာတွင် ပါဝင်မည့် ၀န်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများကို သြဂုတ်လ အတွင်းက လူဦးရေစာရင်းကောက်ယူရာတွင် ကျွမ်းကျင်သည့် ဆရာမ တစ်ဦးခေါ်ယူကာ နှစ်ရက်သင်တန်းပေးခဲ့သေး သည်ဟု လည်း စီမံချက်စီမံခန့်ခွဲမှုဒါရိုက်တာ ဦးမင်းစိုးအောင်က ပြောသည်။

မွန်လူမျိုး လူဦးရေစာရင်း ကောက်ယူရာတွင် အဆင်ပြေစေရန်အတွက် မြို့နယ်များတွင် စေတနာ့ဝန်ထမ်းများ ထားရှိကာ ခန့်အပ်ထားသည့် ၀န်ထမ်းများနှင့် ချိတ်ဆက် ဆောင်ရွက်သွားခြင်း ဖြစ်သည်။

Mizzima

မြန်မာတိုင်း (မ်) ကို ဖျက်သိမ်းရန် လျှောက်ထားမှု တရားရုံးက စတင်ကြားနာ ရန်ကုန်၊ စက်တင်ဘာ ၂၆ The Voice Weekly

မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် မြန်မာတိုင်း (မ်) ဂျာနယ်ကို ထုတ်ဝေနေသည့် Myanmar Consolidated Media ကုမ္ပဏီကို ဖျက်သိမ်းရန် တရားရုံးသို့ လျှောက်ထားခဲ့မှုကို စက်တင်ဘာလ ၂၆ ရက် နံနက် ၁၁ ခန့်က အနောက်ပိုင်းခရိုင် တရားရုံးတွင် စတင်၍ ရုံးတင်စစ်ဆေးခဲ့သည်။

အဆိုပါကုမ္ပဏီ၏ အစုရှယ်ယာ ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည့် ဒါရိုက်တာနှစ်ဦးဖြစ်သူ ဒေါက်တာ တင်ထွန်းဦးနှင့် ဒေါက်တာခင်မိုးမိုးတို့က သြဂုတ်လ ၁၂ ရက်နေ့တွင် ယင်းသို့ လျှောက်ထားခြင်းဖြစ်ပြီး အဆိုပါနေ့တွင် တရားရုံး၌ စတင်ကြားနာခဲ့ခြင်း ဖြစ်သည်။

ကုမ္ပဏီ ဖျက်သိမ်းပေးရန် လျှောက်ထားမှုနှင့် ပတ်သက်၍ အဆိုပါ ကုမ္ပဏီ၏ ဒါရိုက်တာနှစ်ဦးဖြစ်သော ဦးမင်းစိန်နှင့် မစ္စတာရော့စ်ဒန်ကလီ၏ ရှေ့နေက ကန့်ကွက်ကြောင်း လျှောက်လွှာကို တရားရုံးသို့ တင်ပြခဲ့ကြောင်း ဒေါက်တာတင်ထွန်းဦး ဘက်မှ ရှေ့နေများကလည်း အဆိုပါ ကန့်ကွက်သည့် လျှောက်လွာကို နှုတ်ဖြင့် ပြန်လည် ကန့်ကွက်ခဲ့သည်ဟု ဒေါက်တာ တင်ထွန်းဦးနှင့် ဒေါက်တာခင်မိုးမိုး တို့ဘက်မှ လိုက်ပါ ဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးအောင်သန်းစိုးက The Voice သို့ ပြောကြားသည်။

ကုမ္ပဏီ ဖျက်သိမ်းရန် လျှောက်ထားမှုကို ကုမ္ပဏီမှ အကြီးတန်းဝန်ထမ်း ၁၀ ဦးတို့က လက်မှတ်ရေးထိုး၍ တရားရုံးတွင် ကျမ်းကျိန်ကာ ကန့်ကွက်လွှာ တင်ခဲ့ပြီး တရားရုံးက မှတ်တမ်းအဖြစ် လက်ခံထားရှိကြောင်း၊ ကုမ္ပဏီမှ ဝန်ထမ်းအများစုက ကုမ္ပဏီ ဖျက်သိမ်းရန်ကို မလိုလားသည့်အတွက် မိမိအပါအဝင် အကြီးအကဲ ၁၀ ဦးက လက်မှတ်ရေးထိုးကာ ကန့်ကွက် တင်ပြခဲ့ခြင်း ဖြစ်ကြောင်း မြန်မာတိုင်း (မ်) ဂျာနယ်မှ ဒုတိယ စာတည်းမှူးချုပ် ဖြစ်သူ ဦးဇော်မြင့်က The Voice သို့ပြောကြားသည်။
“ကုမ္ပဏီက အမြတ်ငွေ ရနေပါတယ်၊ ရှုံးလို့ ဖျက်သိမ်းတာက တစ်မျိုးပေါ့။ ကုမ္ပဏီမှာ ဝန်ထမ်း ၃၅၀ ကျော် ရှိတယ်။ ဒီကုမ္ပဏီကို မှီခိုနေတဲ့ မိသားစုဝင်တွေ ထောင်ချီ ရှိတယ်။ ဖျက်သိမ်းလိုက်ရင် ဝန်ထမ်းတွေ ဒုက္ခရောက်သွားမှာပေါ့၊ ဒါကြောင့် ကန့်ကွက်ရတာပါ” ဟု ၎င်းကရှင်းပြသည်။

ဝန်ထမ်းများ၏ ကန့်ကွက်လွှာမှာ အမှုနှင့် သက်ဆိုင်ခြင်း မရှိကြောင်း ပြန်လည် ရှင်းပြသော်လည်း ကုမ္ပဏီ ဖျက်သိမ်းရန် လျှောက်ထားသည့် အကြောင်းရင်းနှင့် ပတ်သက်၍ ဒေါက်တာတင်ထွန်းဦးနှင့် ဒေါက်တာခင်မိုးမိုးတို့ဘက်မှ လိုက်ပါ ဆောင်ရွက်နေသူ တရားလွှတ်တော်ရှေ့နေ ဦးကျော်မြင့်က အသေးစိတ် ပြောကြားခဲ့ခြင်း မရှိပေ။

Myanmar Consolidated Media ကုမ္ပဏီကို သြစတြေးလျနိုင်ငံသား ရော့စ်ဒန်ကလီနှင့် ဦးဆန်နီဆွေတို့က ၂၀၀၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ကြပြီး တပ်မတော် ထောက်လှမ်းရေးအဖွဲ့ ဖျက်သိမ်းပြီးချိန်တွင် ဦးဆန်နီဆွေနှင့်ဇနီး ဒေါ်ယမင်းထင်အောင်တို့၏ အစုရှယ်ယာများကို ပြည်မြန်မာဂျာနယ် ထုတ်ဝေသော ဒေါက်တာတင်ထွန်းဦးနှင့် ဒေါက်တာဒေါ်ခင်မိုးမိုး တို့ကို ရောင်းချ ပေးခဲ့ရသည်။

ဒေါက်တာခင်မိုးမိုးသည် ဇွန်လ ၂၈ ရက်နေ့က မြန်မာတိုင်း (မ်) ရုံးခန်းသို့ သွားရောက်စဉ် ရုံးနှင့် မသက်ဆိုင်သူများကိုပါ ခွင့်ပြုချက်မရှိဘဲ ရုံးခန်းအတွင်းသို့ ခေါ်လာသည်ဟုဆိုကာ ကုမ္ပဏီ အစုရှယ်ယာ ၄၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသော ရော့စ်ဒန်ကလီက ဒေါက်တာခင်မိုးမိုး၏ လက်မောင်းဆွဲကာ “Get Out” ဟု ပြောဆိုခဲ့သဖြင့် ကိုယ်ထိလက်ရောက်မှုများ ဖြစ်ပွားခဲ့ပြီး ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် နှစ်ဖက် အပြန်အလှန် တရားစွဲဆိုထားကြသည်။

အနာဂတ်ရဲ့ ကလေးငယ်တွေ အတွက် ပလက်ဖောင်း ပျိုးခင်းလေးရဲ့ စာသင်ကြားမှု


ပလက်ဖောင်း ပျိုးခင်းလေးရဲ့ စာသင်ကြားမှု့ အရှိန်တော်ရလာပါပြီ .... ဘ၀တူ ကလေးတွေကို သူတို့ အချင်းချင်း လက်တွဲခေါ်ခဲ့ကြပြီး စာသင်ကြားဖို့ စိတ်ဝင်စားလာခဲ့တာ တွေ့ရပါတယ် ... အခုဆိုရင် ကလေး (23)ယောက်တောင် ရှိနေပါပြီ ...

ှSunday တိုင်း ကုမုဒြာ လူငယ်ပရဟိတ အဖွဲ့မှ ဦးဆောင်ဆရာတော် Ukumu Dra က ယဉ်ကျေးလိမ္မာဖို့ သွန်သင် နည်းပြပေးနေပါတယ် ...

အနာဂတ်ရဲ့ ကလေးငယ်လေးတွေကို တစ်ဒေါင့် တစ်နေရာကနေ ကိုယ်ကျိုးမဖက်ဘဲ စိတ်စေတနာ အရင်ခံနဲ့ ကူညီတဲ့ ဆရာတော်ကိုလည်း ကျေးဇူးတင် ပီတိဖြစ်ရပါတယ် ..( အရေးပေါ် သွေးလှူ post မှာ ကူညီကြရင် ဖွားဝိုင်း နဲ့ ဆက်စပ်ပြီး ကူညီဖြစ်ပါတယ် )

တည်ထောင် အနစ်နာခံခဲ့ပြီး ဖွားဝိုင်းတို့ကို သူတို့ရဲ့ ဘ၀လေးတွေ ဘယ်လိုရှိတယ်ဆိုတာလည်း ပြခဲ့တဲ့ ကိုစိန်ဝင်း၊ နားချိန်လေး မှာတောင် ပရဟိတ အတွက် ဖြစ်တည်နေဆဲ ဆရာမလေးအဖြစ် Kind Rose Phyo Pyae Sone Oo Zinmin Mandalay AL Lin တို့ကိုလည်း လေးစားမိပါတယ်

ကလေးတွေအတွက် ကျောင်းစိမ်းဝတ်စုံ၊ အနွေးထည် တွေလည်း စီစဉ် လှူဒါန်းမဲ့သူတွေ ကမ်းလှမ်းထားပါတယ်။ ကျောင်းပိတ်ရင်လည်း အလည်အပတ် ဗဟုသုတရမဲ့ နေရာလေးတွေ လိုက်ပို့မယ်လို့ တိုင်ပင်ထားကြပါတယ် ...

မိတ်ဆွေ ... ဒီလို..ပရဟိတ လုပ်ငန်းတွေ ရှိတယ်ဆိုတာ ပီတိဖြစ်စေဖို့ပါ ....

ပလက်ဖောင်း ပျိုးခင်းလေးရဲ့ နေရာက ...

78 လမ်း -31×32 ကြား Fantacy World ရှေ့ ပလက်ဖောင်းပေါ်မှာပါ ဆင်းရဲနွမ်းပါး ကျုးတဲလေးတွေ မှာနေထိုင်တဲ့ ကလေးငယ်လေးတွေကို ညပိုင်းစာသင်ပေးနေခြင်းပါ။

အမှတ်တရ ..." ဖွားဝိုင်း "

credit - Spring Waing

Posted From Oneto Onemyanmar

ကော့သောင်း အကျဉ်းထောင်မှ ပြောင်းရွှေ့အကျဉ်းသားများ မော်လမြိုင် အကျဉ်းထောင်သို့ ရောက်ရှိ စက်တင်ဘာ ၁၈ ရက်က ကော့သောင်း


စက်တင်ဘာ ၁၈ ရက်က ကော့သောင်း အကျဉ်းထောင်မှ ပြောင်းရွှေ့လာသော အကျဉ်းသားများ တင်ဆောင်လာသည့် ပြည့်ဖြိုးထွန်း ၁၅ သင်္ဘောသည် စက်တင်ဘာ ၂၅ ရက် ည ၇း၃၀ အချိန်တွင် မော်လမြိုင်မြို့ သံလွင်မြစ်အတွင်း ရောက်ရှိပြီး စက်တင်ဘာ ၂၆ ရက် မနက် ၁၀ နာရီခန့် အချိန်တွင် မော်လမြိုင်မြို့ မုပွန်ရပ်ကွက်ရှိ B.O.C ဆိပ်ကမ်းမှ မော်လမြိုင် အကျဉ်းထောင်သို့ ရွှေ့ပြောင်းရောက်ရှိ လာကြောင်း သိရသည်။

အဆိုပါ သင်္ဘောဖြင့် ကော့သောင်း အကျဉ်းထောင်မှ အကျဉ်းသား ၁၂၀ ဦး တင်ဆောင်လာပြီး ပင်လယ်ပြင်အတွင်း စက်ချွတ်ယွင်းမှုနှင့် ရာသီဥတု ဆိုးဝါးမှုကြောင့် နာရီ ၄၀ ကျော်သာကြာသော ခရီးအား ၈ ရက်ခန့် ကြာမြင့်အောင် မောင်းနှင်ခဲ့ရကြောင်း သိရသည်။

''လမ်းခရီးမှာ လေးရက်လောက် အဆက်အသွယ် ပြတ်သွားတော့ စိတ်တော်တော် ပူသွားတယ်။ ဒီလိုရက်အကြာကြီး ဆိုတော့ ကော့သောင်းမှာ ကျန်ခဲ့တဲ့ မိသားစုဝင်တွေ အရမ်းကို စိတ်ပူနေကြတာပေါ့။ ဒီလို အကျဉ်းသားတွေကို မော်လမြိုင်မှာ လာတွေ့ရမယ် ဆိုတော့ ကော့သောင်းက မိသားစုဝင်တွေ အတွက်တော့ သွားရေးလာရေး၊ နေရေးထိုင်ရေး အခက်အခဲတွေ ဖြစ်မှာပါ'' ဟု အကျဉ်းသားတစ်ဦး၏ မိသားစုဝင် တစ်ဦးဖြစ်သူ မလှလှနွယ်က ပြောကြားခဲ့သည်။

စက်တင်ဘာ ၁၃ ရက် ညနေပိုင်းက ကော့သောင်းမြို့ အကျဉ်းထောင်အတွင်း ပဋိပက္ခဖြစ်ပွားကာ ထောင်အာဏာပိုင်များမှ ပစ်ခတ်မှုကြောင့် အကျဉ်းသားတချို့ ဒဏ်ရာရ သေဆုံးခဲ့ပြီး၊ နိုင်ငံပိုင် မီဒီယာများမှ သတင်းဖေါ်ပြမှုကို မကျေနပ်သဖြင့် ထောင်တွင်း ဆန္ဒပြမှု ဖြစ်ပွားခဲ့သောကြောင့် ယခုကဲ့သို့ ထောင်ပြောင်းရွှေ့ ခံရခြင်းဖြစ်သည်။

ကော့သောင်းထောင် အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင် လေးဦးသည် စက်တင်ဘာ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ကော့သောင်းမြို့သို့ လာရောက်ပြီး စုံစမ်းစစ်ဆေး ခဲ့သော်လည်း တိကျသော အဖြေတစ်စုံတရာမှ ထုတ်ပြန်ခဲ့ခြင်း မရှိဘဲ မော်လမြိုင်ထောင်သို့ ပြောင်းရွှေ့သည့် အကျဉ်းသား အရေအတွက်မှာ ၁၂၀ ခန့် ရှိသည်ဟုသာ ပြောကြားခဲ့သည်။

မော်လမြိုင်ထောင်သို့ အကျဉ်းသားများ ရွှေ့ပြောင်းနေသည်ကို စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဘိုဘိုမြင့်)

Eleven Media Group

၁၁၅ မိုင် ယာဉ်ရပ်နားစခန်း ပျံကျ ဈေးဆိုင်တန်းများ ရှင်းလင်း တောင်ငူ၊ စက်တင်ဘာ ၂၄


ဖြူးမြို့နယ် ဒိုင်းတစ်ရာကျေးရွာ အုပ်စု ရန်ကုန်-မန္တလေး အမြန်လမ်း ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းရှိ ပျံကျဈေးဆိုင် ၁၅၀ ခန့်ကို မြို့နယ် အုပ်ချုပ်ရေးမှူး၏ ပုဒ်မ ၁၈၈ ထုတ်ပြန်ခဲ့ပြီးနောက် စက်တင်ဘာလ ၂၄ရက်နေ့တွင် ရဲတပ်ဖွဲ့ဝင်နှင့် မြို့နယ် အုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သော လူ ၂၀၀ ခန့်ဖြင့် ရှင်းလင်းခဲ့ကြောင်း ဖြူးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပျံကျဈေးဆိုင်များကို ရွှေ့ပြောင်းရန် စက်တင်ဘာလ ၁၈ ရက်နေ့မှစ၍ စက်တင်ဘာလ ၂၄ ရက်နေ့အထိ ရက်သတ္တတစ်ပတ်ကြာ အချိန်ပေးခဲ့ပြီး လုပ်ထုံး လုပ်နည်းများနှင့်အညီ ရှင်းလင်း ဖယ်ရှားခဲ့ခြင်း ဖြစ်ကြောင်း၊ ပျံကျဆိုင်ခန်းများကို ဆိုင်ပိုင်ရှင်များ ကိုယ်တိုင် ဖျက်သိမ်းခဲ့ပြီး ယင်းနေ့ညပိုင်းတွင် ပြီးစီးခဲ့ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

၁၁၅ မိုင် ယာဉ်ရပ်နားစခန်း သန့်ရှင်းသာယာလှပရေး၊ မီးဘေး ကာကွယ်ရေးနှင့် ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ ဝင်ရောက် အနားယူ အပန်းဖြေနိုင်ရေးအတွက် ပလက်ဖောင်းပေါ် ရောင်းချသည့် ပျံကျဆိုင်ခန်းများ ဖွင့်လှစ် ရောင်းချနေခြင်း ကို ပိတ်သိမ်းရန် မြို့နယ်အုပ်ချုပ်ရေးရေး အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ပုဒ်မ ၁၈၈ ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း ဖြူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းအောင်က ပြောဆိုသည်။

အမြန်လမ်း စီမံကိန်းကြောင့် မြေသိမ်းဆည်းခံရကာ လုပ်ကိုင်စားသောက်ရန် မြေမရှိ သဖြင့် ဈေးရောင်းချ နေရခြင်းဖြစ်ပြီး ဈေးရောင်းခွင့် အပိတ်ခံရမှုကြောင့် မည်သို့ လုပ်ကိုင်စားသောက်ရမည်ကို မသိရှိကြောင်း၊ ၎င်းတို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများက စားဝတ်နေရေးအတွက် စဉ်းစားပေးစေလိုကြောင်း အမြန်လမ်း တည်ဆောက်ရေး စီမံကိန်းကြောင့် လယ်မြေ ၂ ဒသမ ၇ ဧက သိမ်းဆည်းခံ ခဲ့ရသဖြင့် ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းတွင် ပျံကျဈေးဆိုင် ဖွင့်လှစ်ရောင်းချသူ ဒေါ်ဝိုင်းကြည်က ပြောကြားသည်။

၂၀၀၇ ခုနှစ်တွင် ရန်ကုန်-မန္တလေး အမြန်လမ်း စီမံကိန်းကြောင့် ဖြူးမြို့နယ် ဒိုင်းတစ်ရာ ကျေးရွာ အနီးတစ်ဝိုက်ရှိ ရွာပေါင်း ၁၅ ရွာမှ ဒေသခံများ၏ လယ်ယာမြေများ သိမ်းဆည်းခံရသဖြင့် သိမ်း ဆည်းခံရသူများက ၂၀၁၂ ခုနှစ်တွင် ၁၁၅ မိုင် ယာဉ်ရပ်နားစခန်း၌ ပျံကျ ဈေးဆိုင်များ ဖွင့်လှစ်ခဲ့ရာ မဖယ်ရှားမီ ကာလအထိ ဆိုင်ပေါင်း ၂၀၀ ခန့် ရှိကြောင်း ပိတ်သိမ်းခံ ပျံကျဈေးဆိုင် ပိုင်ရှင်များက ပြောကြားသည်။

The Voice Weekly

နည်းပညာကျောင်းသားတစ်ဦး တွံတေးတူးမြောင်းအတွင်း သေဆုံး ဇော်ဇော်ထွေး | ကြာသပတေးနေ့၊ စက်တင်ဘာလ ၂၆ ရက် ၂၀၁၃ ခုနှစ် ၁၃ နာရီ ၄၂ မိနစ်

အရက်သောက်ပြီး တွံတေးတူးမြောင်းအတွင်း ရေဆင်းကူးခဲ့သည့် ဒုတိယနှစ် အနောက်ပိုင်း နည်းပညာတက္ကသိုလ် ကျောင်းသားတစ်ဦး ရေနစ်သေဆုံးခဲ့မှုတစ်ခု စက်တင်ဘာ ၂၃ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယင်းအမှုမှာ တွံတေးမြို့နယ်တွင် ဖြစ်ပွားခဲ့ခြင်းခြင်းပြီး စက်တင်ဘာ ၂၄ ရက်တွင် မြို့နယ်ဆေးရုံသို့ ရေနစ်သေဆုံးသူ အမျိုးသား အလောင်းတစ်လောင်း ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့သည်။

သေဆုံးသူမှာ မောင်ထက်ကိုကိုဦး (၂၂)နှစ်၊ အနောက်ပိုင်းနည်းပညာ တက္ကသိုလ် (GTC)ဒုတိယနှစ် ကျောင်းသား အမှတ် (အ/၁၀)၊ မြ၀တီလမ်း၊ အုန်းပင်စုရပ်ကွက်၊ တွံ့ တေးမြို့နေသူဖြစ်သည်ကို စစ်ဆေးတွေ့ရှိထားသည်။

၎င်းသည် စက်တင်ဘာ ၂၃ ရက် နံနက် ၂ နာရီအချိန်က သူငယ်ချင်းဖြစ်သူ စည်သူ ၊ ချစ်ဦးတို့နှင့်အတူ အရက်သောက်ပြီး မင်းပိုင် ရပ်ကွက်၊ မော်တော်လေး ရေဆိပ်ရှိ တွံတေးတူးမြောင်းအတွင်း ရေဆင်းကူးရာမှ ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်ကို သိရှိခဲ့ရသည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

ထို့ကြောင့်ပင် သူ၏ သူငယ်ချင်းဖြစ်သူများက ပျောက်ဆုံးသူ၏ မိသားစုဝင်များအား အကြောင်းကြားပြီး လိုက်ရှာခဲ့ရာ စက်တင်ဘာ ၂၄ ရက် ညနေ ၄ နာရီခွဲအချိန်တွင် ပျော်ဘွယ် လေးကျေးရွာထိပ် တွံတေးတူးမြောင်း အတွင်းမှ ရှာဖွေတွေ့ ရှိခဲ့သည်ဟု သိရသည်။

လက်ရှိတွင် သေဆုံးသူအလောင်းအား တွံတေးဆေးရုံသို့ ပို့ဆောင်ထားပြီး မြို့နယ် ရဲစခန်းက ယင်းသေဆုံးမှုကို သွေးရိုးသားရိုး ရေနစ်သေဆုံးခဲ့ခြင်း ဟုတ်မဟုတ်ကို သေမှု သေခင်းအမှတ်စဉ် ၁၄/၂၀၁၃ဖြင့် စုံစမ်း စစ်ဆေးနေသည် ဟု တိုင်းရဲဌာနက ဆိုထားသည်။

Mizzima - News in Burmese

ဆန္ဒဖေါ်ထုတ်သူ (၁၀) ဦးကို ထောင်ချ၍ ကျောက်ဖြူတွင် ပြည်သူ ၄၀၀ ခန့်က ဆန္ဒပြပြီ (နိရဉ္စရာ- ၂၆ စက်တင်္ဘာ ၂၀၁၃) / မောင်အေး


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှ ဆန္ဒဖေါ်ထုတ်သူ (၁၀) ဦးကို မြို့နယ် တရားရုံးက ထောင်ချလိုက်သဖြင့် လူပေါင်း ၄၀၀ ခန့်က တရားရုံးရှေ့တွင် စုရုံးပြီး ကြွေးကြော်သံများ ပြိုင်တူ ကြွေးကြော်ကာ ဆန္ဒပြနေကြသည်ဟု သတင်း ရရှိသည်။

ကျောက်ဖြူ ဆန္ဒပြသူများ သပိတ်စခန်းဖွင့်ရန် စီစဉ်

( နိရဉ္စရာ- ၂၆ စက်တင်္ဘာ ၂၀၁၃) / မောင်အေး

ကျောက်ဖြူမြို့ တရားရုံးရှေ့တွင် ဆန္ဒပြနေသူများသည် သူတို့ တောင်းဆိုချက်ကို အစိုးရက တစ်စုံတစ်ရာ လိုက်လျော့ မပေးသဖြင့် ဆက်လက် ဆန္ဒပြနိုင်ရန်အတွက် သပိတ်စခန်း ဖွင့်ရန် စီစဉ်နေကြပြီဟု သတင်း ရရှိသည်။

ယနေ့ ညနေ (၅) နာရီထိ လူစု မကွဲသေးကြောင်းနှင့် ဆန္ဒပြသူ အရေအတွက်သာ တစထက် တစ များလာနေသည်ဟု မျက်မြင်များက ပြောသည်။

“ လူတွေကတော့ ထပ်ပြီးတိုးလာပါတယ်။ ဒေသခံတွေလည်း ထပ်ရောက်လာကြတယ်။ အခုတော့ ဆန္ဒပြသူ တွေ ဒီနေရာမှာ သပိတ်စခန်း ဖွင့်ပြီး ညအိပ် ဆန္ဒပြဖို့စီစဉ်နေကြပါတယ်။ တချို့လည်း စားရေးသောက်ရေးအတွက် စီစဉ်နေကြ ပါပြီ”ဟု ကျောက်ဖြူတရားရုံးရှေ့ရောက်နေသူ ကိုမောင်အေးက ပြောသည်။

ဆန္ဒပြထုတ်ဖော်သူများမှာ တရားရုံးရှေ့တွင် ယခုအခါ ၅၀၀ ကျော်ခန့်ရှိနေပြီး လုံခြုံရေးယူထားသည့် စစ်တပ်၊ ရဲနှင့် မီးသတ်တပ်ဖွဲ့ဝင်များလည်း တရားရုံး အထဲတွင်နေရာယူထားကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ကျော်ဖြူစိုးမှ ထောင်ဒဏ်ချမှတ်ခံရသူ တစ်ဦးဖြစ်သည့် ကိုထွန်းကြည် ဖခင် ဦးထွန်းမောင်နုအား ဒေသခံများကိုခေါ်ပြီး ပြန်ရန် နှစ်ကြိမ်သတိပေးထားပြီး၊ မဒေးကျွန်းမှ ဆရာတော်တချို့ကို လည်း ဒေသခံများကို အိမ်ပြန်ဖို့ ပြောပေးရန် မြို့နယ် အုပ်ချုပ်ရေးမှူးက ဖုန်းနှင့် မေတ္တာရပ်ခံနေကြောင်း သိရသည်။

“ကျွန်တော့်ကို မြို့နယ်အုပ်ချုပ်ရေးက ရွာကလူတွေကို ခေါ်ပြီးပြန်သွားပါ။ တခုခုဖြစ်လာရင် ခင်ဗျာတို့ဘက်က နစ်နာမယ်လို့ပြောပါတယ်။ ကျွန်တော်က ဘယ်သူ့ကိုမှ ခေါ်လို့မရဘူး။ အားလုံးက ဆက်နေဖို့ပြောနေကြ တယ်” ဟု ကိုထွန်းကြည်ဖခင် ဦးထွန်းမောင်နုက နိရဉ္စရာသို့ ပြောသည်။

နောက်ဆုံးရရှိသည့် သတင်းအရ မြို့နယ် ရဲမှူးကြီး၊ ရခိုင်တိုင်းရင်းသားမျိုးတခြားတာဝန် ရှိ သူများက တရားရုံးရှေ့တွင် ဆွေးနွေးနေကြပြီး တစ်စုံတရာ ဆုံးဖြတ်ချက်မချ နိုင်သေးကြောင်း သိရသည်။

နိရဉ္စရာ

စက်တင်ဘာလ ၂၆ရက်၊ ညနေ5း20 လောက်က လမ်း 30 မှာ ဆိုင်ကယ်စီးနေရင်း မီးလောင်တာပါ ကံကောင်းလို့ဘာမှမဖြစ်ပါ။ Posted From Mgmg Toke (မန္တလေး သတင်း ပုံရိပ်များ)

Photo: စက်တင်ဘာလ ၂၆ရက်၊ ညနေ5း20 လောက်က လမ်း 30 မှာ ဆိုင်ကယ်စီးနေရင်း မီးလောင်တာပါ ကံကောင်းလို့ဘာမှမဖြစ်ပါ။

Posted From Mgmg Toke (မန္တလေး သတင်း ပုံရိပ်များ)

မန္တလေးသတင်းအကုန်သိရန်


မန္တလေး (ချမ်းမြသာစည်းမြီု့နယ်)အထက(၂၆)မှ ၉တန်းကျောင်းသား လေးမှ လပတ်စာမေးပွဲ ဖြေးဆိုရာတွင် အဖြေလွာ စာရွက် ပေါ်တွင် သင်္ချာ အကြမ်းတွက်ရာ ထိုစာ၇ွက်မှ ရှုတ်နေသဖြင့်ဖြဲထားလိုက်ပြီးအဖြေလွှားစာရွက်အားအပ်လိုက်ရာ


အတန်းစောင့်ဆရာမမှသိရှိပြီးကျောင်းအုပ်ကြီးရုံးခန်းသို့ပိုလိုက်ရာထိုကျောင်းအုပ်ကြီးမှာထိုကျောင်းသားလေးအာကျောင်းမှ၃နှစ်ထုတ်ပြစ်းမည့်
ဟုပြောကြာပါသည်။

အတန်းပိုင်ဆရာမမှထိုကျောင်းသားနစ်နာမည်ဆိုသဖြင့်မိဘကို
အကြောင်းကြာပြီးမိဘမှရှိခိုးပြီးတောင်ပန်းမှု့ကိုခခယယကိုပြုလုပ်ခဲ့ရ
ပါသည်။ ကျောင်းသားလေးမှာလည်းတော်တော်ကိုစိတ်ထိခိုက်သွား
ရပါသည်။

မိဘများကိုထိုကျောင်းအုပ်ကြီးမှထိုကျောင်းသာအာဒဏ်ရိုက်သည့်အနေဖြင့်စားပွဲခုံ၂လုံအာဝယ်ပေးရန်ဒဏ်ရိုက်လိုက်ပါသည်။

ထို ကိစ္စနှင့်ပတ်သတ် ရ်ျ ကျောင်းအုပ်ကြီး အနေဖြင့် ထိုကျောင်းသားအာ နာလည်းအောင်ပြောဆိုရမည့်အစာ အတင်အဓမ္မ ကျောင်း ၃နှစ်နာရမည့်ပြောဆိုသည်မှာ ဆရာတစ်ယောက်အနေဖြင့် မလုပ်သင့်တဲ့ကိစ္စဖြစ်နေပါသည် ။

ဒိလိုပြောဆိုမှု့အတွက် ကျောင်းသားဟာ အကြောက်လွန်ပြီး အသက်ရန်ရှာရင်ကျောင်းသားေ၇ာ ကျောင်းသာမိဘပါနစ်နာသွားနိုင်
ပါတယ်။

ထိုပုံစံမျီုး ပုသိမ် ကြီးမြီု့နယ်မှကျောင်းသားတစ်ယောက် အဆိတ်သောက် သေးဆုံးမှု့မျီုး ဖြစ်ခဲ့ပါတယ်။

ကျောင်းသား မိဘအနေနဲ့ထိုဖြစ်ရပ်မျိုးဖြစ်မှာကို အလွန်းစိုးရိမ်နေပါတယ်။ အထက(၁၆)ကျောင်းအုပ်ကြီးအနေနဲ့ ဒိလိုမျီုးကိစ္စမျိုးနောက်မပေါ်ပေါက်စေ ရန် မန္တလေး သတင်း အကုန်သိရန်မှ အသိပေးအပ်ပါသည်။

မြန်မာ ပညာရေး တိုတက် စေခြင်သူမှပေးပို့ပါသည်
By: မန္တလေးသတင်းအကုန်သိရန်

Posted From မန္တလေး သတင်း ပုံရိပ်များ

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်အုပ်ချုပ်ရေးမှူးက အုန်းဇုန်းကျေးရွာအုပ်ချုပ်ရေးမှူးကို ပါးရိုက်မှု စက်တင်ဘာလ၂၅ ရက် နေ့လည် ၁နာရီက ဖြစ်ပွားခဲ့

သတ္တုတွင်းဝန်ကြီးဌာနမှ အရာရှိတစ်ဦး အုန်းဇုန်းကျေးရွာ အုပ်စု၊ ၀က်သေကျေးရွာကို လာရောက်ကွင်းဆင်းတာကို ရာအိမ်မှူး၊ဆယ်အိမ်မှူးတွေ ဆင့်ခေါ်ရာမှာ လာရောက်ဖို့ နောက်ကျတာကြောင့် ယခုလို ပါးရိုက်ခံရတာဖြစ် တယ်လို့ အရိုက်ခံရတဲ့ အုန်းဇုန်းကျေးရွာအုပ်ချုပ်ရေးမူး ဦးမြင့် က ပြောပါတယ်။

" ငါးမိနစ်၊ဆယ်မိနစ်လောက်ပဲနောက်ကျတယ်။ ဘာမပြောညာမပြောနဲ့ ပါးရိုက်တယ်။ လောလောဆယ်အမှုသွားဖွင့်တယ်။ ရဲစခန်းက အမှုဖွင့် မပေးသေးဘဲ ဆေးစာတောင်းလို့ မနက်ဖြန် ဆေးစာရမယ်" လို့ ဦးမြင့်က ပြောပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူး ပါးရိုက်ခံရတဲ့အမှုနဲ့ပတ်သက်ပြီး သပိတ်ကျင်းမြို့နယ် အုပ်ချုပ်ရေးမှူးကို ဆက်သွယ်မေးမြန်းရာ ဆက်သွယ်လို့မရခဲ့ပါ။ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ဆက်လက်ဆက်သွယ် မေးမြန်းရာ ပါးရိုက်ခံရမှုဖြစ်စဉ်ကို ကြားသိရကြောင်းဖြေကြားပါတယ်။

The Modern News Journal

ရေလွှမ်းနိုင်သည့် နေရာ ၂၀ ခန့်ရှိနေဟု ဒေါက်တာ ထွန်းလွင်ပြောကြား


မြန်မာ နိုင်ငံတွင် ရေဖုံးလွှမ်း နိုင်ခြေမြင့် မားလျက်ရှိသည့် နေရာပေါင်း ၂ဝခန့်ရှိနေကြောင်း မိုးလေဝသ နှင့် ဇလဗေဒပညာရှင် ဒေါက် တာထွန်းလွင်က ပြောကြားလိုက် သည်။

အဆိုပါရေဖုံးလွှမ်းခံရမှု အခြေအနေ မြင့်မားနေဆဲဒေသ များမှာ ဧရာဝတီတိုင်း အရှေ့ တောင်ပိုင်း၊ ရန်ကုန်တိုင်းအရှေ့ တောင်ပိုင်း၊ ပဲခူးတိုင်းတောင်ပိုင်း စွန်းတို့ဖြစ်ပြီး ဧရာဝတီတိုင်းတွင် (ပုသိမ်ဒေသ၌ တစ်နေရာ၊ မအူပင် ဒေသ၌ ခြောက်နေရာ)၊ ပဲခူးတိုင်း တွင် ရှစ်နေရာနှင့် ရန်ကုန်တိုင်း တွင် ငါးနေရာခန့်တို့ဖြစ်ကြောင်း သိရသည်။

''မြန်မာနိုင်ငံမြောက်ဖျား ကို မုန်တိုင်းအကြွင်းအကျန်တွေ ဝင်လာမှာမို့လို့ အထက်ပိုင်းတွေ မိုးပိုမယ်။ အောက်ပိုင်းကတော့ မုတ်သုံက ပြန်တော့ ထွက်နေပြီ။ ဒါပေမဲ့ မုတ္တမကွေ့မှာတော့ မိုး ကောင်းနေ တုန်းပဲ။

ရေကြီး တာ တွေက ဒီလိုမိုးကောင်းနေလို့ပဲ။ အရင်နှစ်တွေထက် မိုးပိုလဲ နည်း နည်းပဲ။ ဒီနှစ်ထက်ပိုဆိုးတဲ့အ ခြေအနေတောင် ရှိခဲ့သေးတယ်'' ဟု ဒေါက်တာထွန်းလွင်ကထပ် မံပြောသည်။

စက်တင်ဘာ ၂၃ရက် သန်း ခေါင်အချိန် တိုင်းထွာချက်များ အရ ၂၄နာရီ မိုးရေချိန် ရရှိမှု (တစ်လက်မခွဲ)နှင့်အထက်ရရှိခဲ့ သည့်ဒေသများမှာ တနင်္သာရီ၊ မကွေး၊ ရန်ကုန်၊ မွန်ပြည်နယ်၊ မန္တလေးတိုင်းနှင့် ကချင်ပြည်နယ် တို့ဖြစ်ကာ ယင်းဒေသများတွင် နေရာကွက်၍ မိုးကြီးခဲ့ကြောင်း၊ ယင်းကဲ့သို့ မိုးရွာသွန်းမှုမြင့်မား ခဲ့ခြင်းကြောင့် ရေဖုံးလွှမ်းမှုအခြေ အနေများ ဖြစ်ပေါ်ခြင်းဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းမှ ဒေသခံ တစ်ဦးက ''လက်ရှိကျွန်တော် တို့ ဒေသ မှာ ရေကြီးနေပါတယ်။ ၂၂ ရက်နေ့ကစရွာတဲ့မိုးက အခုအ ချိန်အထိပဲ။ ကယ်ဆယ်ရေးတွေ ကို အသင့်အနေထားစောင့်ကြည့် ခိုင်းထားရ တယ်။ နေ့ဘက်လဲ စောင့်တယ်။ ညဘက်လဲစောင့် ခိုင်းထားတယ်။ လူတွေရွှေ့ပြောင်း ရလောက်တဲ့အထိတော့ အခြေ အနေမဆိုးသေး ဘူး''ဟု ပြော သည်။

ရန်ကုန်တိုင်းဒေသကြီးမှ ဒေသခံတစ်ဦးက တာမွေမေတ္တာ ညွန့်နှင့် တာမွေ ယုဇနပလာ ဇာ ရှေ့ ကားလမ်းများတွင် ရေကြီး နေကြောင်း၊ ၂၃ရက် တွင် ခြေ ထောက်မြုပ်ရုံသာရှိသော်လည်း ၂၄ရက် နံနက်ပိုင်းတွင် ဒူးဆစ် အထိ ရေများရောက်ရှိလာ ကြောင်း၊ ကားလမ်းများ လည်း ရေကြီး မှုကြောင့် ယာဉ်ပိတ်ဆို့ ခြင်းများ လည်းဖြစ်နေကြောင်း ပြော သည်။

''၂၃ရက် ညက မိုးတော် တော်ရွာ လို့လားမသိ ဘူး။ ရေ တော်တော် တက်လာတယ်။ မိုးက ဒီအတိုင်းသာ ဆက်ရွာနေရင် တော့ ရေတက်တာ ပိုဆိုးလာ လိမ့်မယ်လို့ထင်တယ်''ဟု ပြော သည်။

မြန်မာနိုင်ငံ တွင် ယခုနှစ် အတွင်း ရေကြီးမှုဘေးကို ကြုံ တွေ့ရသည်မှာ ယခုအကြိမ် အပါအဝင် သုံးကြိမ်ခန့်ရှိပြီဖြစ် သည်။

အောင်သက်ကို
Yangon Media Group

ဆေးရုံတွင် စစ်ဆေးပြီးနောက် နှစ်တန်းကျောင်းသူ တစ်ဦး အဓမ္မပြုကျင့်ခံရကြောင်း အမှုဖွင့် ဇော်ဇော်ထွေး | ကြာသပတေးနေ့၊ စက်တင်ဘာလ ၂၆ ရက် ၂၀၁၃ ခုနှစ် ၁၃ နာရီ ၃၉ မိနစ်

နှစ်တန်းကျောင်းသူတစ်ဦးကို ဆေးရုံသို့ ပြသခဲ့ရာတွင် အဓမ္မပြုကျင့်ခြင်းခံထားရကြောင်း မှတ်ချက်ပေးခဲ့သဖြင့် ပြစ်မှု ကျူးလွန်သူအား အရေးယူပေးရန် အဖွားဖြစ်သူက စက်တင်ဘာ ၂၄ ရက်တွင် ဒဂုံဆိပ်ကမ်းရဲစခန်း၌ အမှုဖွင့် တိုင်တန်းထားသည်။

အမှုကို ဒဂုံဆိပ်ကမ်းမြို့နယ်နေသော အဓမ္မပြုကျင့်ခံရသည်ဟုဆိုသော ကလေးငယ်၏ အဖွားတော်စပ်သူ ဒေါ်---- (၆၀)နှစ်က အမှုဖွင့် တိုင်တန်းထားခြင်းဖြစ်သည်။

စက်တင်ဘာ ၁၈ ရက် ည ၉ နာရီအချိန်က သူမ၏ မြေးဖြစ်သူ မ-----(၈)နှစ်၊ ဒုတိယတန်း (-----၊ ဒဂုံတောင်) ၏ မိန်းမကိုယ်တွင် သွေးများထွက်နေသည်ကို တွေ့ရှိခဲ့ရ၍ “မျှော့” ကောင်ဝင်နေသည်ဟု ထင်မြင်မိခဲ့သည်ဟုလည်း အဖွားဖြစ်သူက ရဲအားပြောပြထားသည်။

ထို့ကြောင့်ပင် ကလေးငယ်အား သင်္ဃန်းကျွန်း စံပြဆေးရုံမှတစ်ဆင့် မြောက်ဥက္ကလာ ဆေးရုံသို့ သွားရောက်ပြသခဲ့ရာတွင် မြေးဖြစ်သူမှာ အဓမ္မပြုကျင့်ခြင်းခံထားရသည်ကို သိရှိခဲ့သည်ဟု ဆိုထားသည်။

ထို့ကြောင့် မြေးငယ်ဖြစ်သူအား မေးမြန်းရာတွင် စက်တင်ဘာ ၁၈ ရက်ညဦးပိုင်း အချိန်က အိမ်နီးချင်းဖြစ်သူ မောင်----- (၁၅) နှစ်က လမ်းအတွင်းရှိ လူမနေသော အဆောက်အအုံအတွင်းသို့ ခေါ်ဆောင်သွားပြီး သားမယားအဖြစ် တစ်ကြိမ် ပြုကျင့်ခဲ့ကြောင်း ပြောပြထားသည်ဟုလည်း အဖွားဖြစ်သူက အမှုဖွင့်ရာတွင် ထွက်ဆိုထားသည်။

ယင်းကြောင့် မြေးငယ်ဖြစ်သူအာ အဓမ္မပြုကျင့်ခဲ့သူ မောင်------(၁၅)နှစ်အား အရေးယူပေးရန် စက်တင်ဘာ ၂၄ ရက်တွင် စွပ်စွဲ အမှုဖွင့် တိုင်တန်းထားခြင်းဖြစ်သည်ဟု ရဲဌာနက ဆိုသည်။

ယင်းတိုင်တန်းမှုကို ဒဂုံဆိပ်ကမ်းရဲစခန်းက (ပ) ၃၂၈/၂၀၁၃ဖြင့် အမှုဖွင့်ပြီး စွပ်စွဲခံထားရသူအား ရဲစခန်းတွင် ထိန်းသိမ်းစစ်ဆေးနေပြီး ပြစ်မှုထင်ရှားပါကလည်း ပုဒ်မ ၃၇၆ ဖြင့် တရားစွဲတင်ပို့မည်ဟု တိုင်းရဲဌာနမှ သိရသည်။

Mizzima - News in Burmese

သရုပ်ဆောင် မင်းခန့်ကျော်ကို သရဝဏ် ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေးက တရားစွဲမည် ရန်ကုန်၊ စက်တင်ဘာ၂၅ The Voice Weekly'

သရဝဏ်ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ရေးမှ သရုပ်ဆောင် မင်းခန့်ကျော်ကို နှစ်ဦးသဘောတူ စာချုပ်ဖြင့် ရိုက်ကူးပေးရန် အပ်နှံထားသော ဗီဒီယိုဇာတ်ကား ငါးကားကို အချိန်မီအပ်နှံခြင်း မရှိဘဲ ရှောင်လွှဲနေသည့်အတွက် ပုဒ်မ-၄၂၀ (လိမ်လည်မှု) ဖြင့် ကျောက်တံတား တရားရုံးတွင် တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ယင်းရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေး၏ မန်နေဂျာက The Voice သို့ ပြောကြားသည်။
“သူက ကျွန်မတို့ သရဝဏ်က ထုတ်လုပ်ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ဒုတိယမင်းသားအနေနဲ့ ၁၀ ကားကျော်လောက် ရိုက်ဖူးပါတယ်။
သူက ခေါင်းဆောင်မင်းသား အနေနဲ့ ကန်ထရိုက်ယူပြီး ရိုက်ခွင့်ပေးပါဆိုလို့ ပထမဆုံး ဇာတ်ကားကို သိန်း ၂၀၊ နောက်ထပ်လေးကားကို ၂၃ သိန်းစီနဲ့ သုံးလအတွင်း မာစတာခွေအပြီး အပ်ပါမယ်ဆိုပြီး နှစ်ဦးသဘောတူ စာချုပ်ချုပ်ခဲ့ကြတယ်။ ဒါပေမဲ့ ဒီဇာတ်ကားတွေကို သုံးနှစ်လောက် ကြာတဲ့အထိ မအပ်နှံဘဲ ရှောင်ပြေးနေတဲ့ အတွက် အခုလို တရားစွဲရတာပါ” ဟု ဒေါ်သင်းသင်းအေးက ထပ်လောင်းပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ The Voice က သရုပ်ဆောင် မင်းခန့်ကျော်ကို ဆက်သွယ်မေးမြန်းရာ ဇာတ်ကားများကို သတ်မှတ်ချိန်အတွင်း မအပ်နှံနိုင်ခြင်းမှာ ကားဆက်ခန်းတွင် ဇာတ်ကားများကို အလှည့်ကျ ကားဆက်ရသည့်အတွက် စောင့်ဆိုင်းနေရခြင်း ဖြစ်ကြောင်း၊ တာဝန်ယူထားသော ဇာတ်ကား ငါးကားအနက် နှစ်ကားပြီးသွားပြီ ဖြစ်ပြီး၊ သုံးကားမှာ ကားဆက်သည့် အဆင့်တွင် ရောက်နေပြီ ဖြစ်ကြောင်း၊ ယခုကိစ္စမှာ နားလည်မှု လွဲမှားခြင်းကြောင့် ဖြစ်သည်ဟု မှတ်ယူပြီး နှစ်ဖက်ညှိနှိုင်း ဆွေးနွေးပြီးပါက အဆင်ပြေသွားမည်ဟု ယူဆကြောင်း ပြန်လည် ဖြေကြားသည်။

ဇာဂနာ ကျန်းမာရေးအခြအနေကြောင့် အောက်ဆီဂျင်ပေးထား ရန်ကုန်-စက်တင်ဘာ၂၆


ဇာဂနာ(မောင်သူရ)သည် ကျန်းမာရေးအခြေအနေကြောင့် ယနေ့ အောက်ဆီဂျင်ဘူးဖြင့် အသက်ရှုနေရကြောင်းသိရသည်။ ဇာဂနာ ၏ ကျန်းမာရေးနှင့်ပတ်သက်ပြီး လူရွှင်တော် အရိုင်းကှို ဆက်သွယ်မေးမြန်းခဲ့ရာ "ဒီမနက်မှသိတာ ၊ ဖေ့ဘုတ်ပေါ်မှာတွေ့လိုက်တာ၊ အသက်ရှုမဝဘူး၊ အဆုတ်ေ၇ာင်နေတယ်လို့ ပြောတယ်။

အခု အောက်ဆီဂျင်ပေးထားတယ်။ ဆေးရုံတင်မှာကို မတက်ချင်ဘူးပဲ ငြင်းနေတာ။ ငြိမ်းချမ်းရေးပွဲပြီးတဲ့ညက အကောင်းပဲရှိသေးတယ်။ မနေ့ည စက်တင်ဘာ ၂၅ ရက်ညကမှဖြစ်တာ။

တစ်ယောက်တည်းနေရင်း အသက်ရှုကျပ်လာတယ်ပြောတယ်။အခု သူ့အိမ်ကို သတင်းသွားမေးရမယ်။ " ဟု ပြောပြခဲ့သည်။

Popular Myanmar News Journal

Tuesday, September 24, 2013

ရန်ကုန်တိုင်း ဒေသကြီး၌ စည်းကမ်းမဲ့ မောင်းနှင်သည့် ယာဉ်မောင်း တစ်နေ့လျှင် ပျမ်းမျှ ၅၀၀ ကျော် အရေးယူနေရ Eleven Media Group

ရန်ကုန်တိုင်း ဒေသကြီး၌ စည်းကမ်းမဲ့ မောင်းနှင်သည့် ယာဉ်မောင်း တစ်နေ့လျှင် ပျမ်းမျှ ၅၀၀ ကျော် အရေးယူနေရ

ရန်ကုန်တိုင်း ဒေသကြီးအတွင်း တစ်နေ့လျှင် ပျမ်းမျှစည်းကမ်းမဲ့ မောင်းနှင်နေသည့် ယာဉ်မောင်း ၅၀၀ ကျော်ကို စစ်ဆေး အရေးယူ နေသော်လည်း စည်းကမ်းလိုက်နာမှု မရှိသေးကြောင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီမှ တာဝန်ရှိသူ ပြောကြားချက်အရ သိရသည်။

စည်းကမ်းမဲ့ မောင်းနှင်မှုကြောင့် လစဉ် ယာဉ်အစီးရေ ၁၅၀၀၀ ၀န်းကျင်ကို အရေးယူနေရပြီး အဆိုပါ ယာဉ်များ၏ ရာခိုင်နှုန်း ၉၀ မှာ ခရီးသည်တင် ယာဉ်များဖြစ်ကြောင်း ယာဉ်ထိန်း ဒုတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်) မှ သိရသည်။

စည်းကမ်းမဲ့ ယာဉ်များကို ဖောက်ဖျက်သည့် ပြစ်မှုပေါ်မူတည်၍ ဒဏ်ငွေများနှင့် လိုင်စင်ပိတ်သိမ်းမှုများ ပြုလုပ်နေသော်လည်း စည်းကမ်းမဲ့ယာဉ်များ လျော့ကျသွားခြင်း မရှိသေးကြောင်း သိရသည်။

''ကျွန်တော်တို့ အနေနဲ့ စည်းကမ်းမဲ့ မောင်းနှင်နေတဲ့ ယာဉ်တွေကို နေ့စဉ်အဖွဲ့ ၁၀ ဖွဲ့နဲ့ စစ်ဆေးပြီး အရေးယူနေတယ်။ စည်းကမ်းမဲ့ယာဉ်တွေ လျော့ကျဖို့အတွက် ဒဏ်ငွေတိုးပြီး အရေးယူဖို့ စီစဉ်နေတယ်။ ဖေဖော်ဝါရီလက စပြီးတော့ စည်းကမ်း အရမ်းဖောက်တဲ့ ယာဉ်မောင်းတွေကို အရေးယူနေတဲ့အပြင် ယာဉ်တွေကိုလည်း ၁၄ ရက် ထိန်းသိမ်းတဲ့ စီမံချက် စတင်နေပါတယ်။ ဒါပေမဲ့ လျော့ကျသွားခြင်း မရှိသေးဘူး'' ဟု ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်ရေး ကော်မတီမှ တွဲဖက်အတွင်းရေးမှူး ရဲမှူးသာဌေးက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ စည်းကမ်းမဲ့ မောင်းနှင်မှုကြောင့် နေ့စဉ်ယာဉ်တိုက်မှုများ ဖြစ်ပွားနေပြီး ယာဉ်ကြောပိတ်ဆို့ ရှုပ်ထွေးမှု ဖြစ်ပွားရခြင်း အကြောင်းအရာများ အနက် တစ်ချက် ပါဝင်ကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း လစဉ်စည်းကမ်း ဖောက်ဖျက်မှုကြောင့် အရေးယူခဲ့ရသည့် ယာဉ်အများစုမှာ ဖြူနီကြားတွင် ယာဉ်ရပ်ခြင်း၊ မှတ်တိုင်ကျော်ရပ်ခြင်း၊ အပြိုင်အဆိုင် မောင်းနှင်ခြင်း၊ မီးပွိုင့်အနီဖြတ်ခြင်း၊ မှတ်တိုင်မဟုတ်ဘဲ ခရီးသည် အတင်အချ လုပ်ခြင်း၊ တံခါးဖွင့် မောင်းနှင်ခြင်းတို့ကို ကျူးလွန်ခဲ့ကြသည်။

(ရွှေဂုံတိုင် မီးပွိုင့်အနီးတွင် ယာဉ်ကြောပြောင်းပြန် မောင်းနှင်နေသည့် အငှားယာဉ် သုံးစီးနှင့် ခရီးသည်တင်ယာဉ် တစ်စီး (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်))

နဝဒေးတံတားအောက် လူသတ်မှု ပြစ်မှုကျူးလွန်သူများကို အရေးယူပေးရန် ဒေသခံများ လက်မှတ်ရေးထိုး ပြည်၊ စက်တင်ဘာ ၂၂

တပ်မတော်သားသုံးဦး ပါဝင်သည်ဟု စွပ်စွဲတိုင်ကြားထားသော ပြည်မြို့ နဝဒေး တံတားအောက် လူသတ်မှုနှင့် စပ်လျဉ်း၍ ပြစ်မှု ကျူးလွန်သူများကို ဥပဒေနှင့်အညီ ထိရောက်စွာ ဖော်ထုတ် အရေးယူပေးရန် ဒေသခံများက စက်တင်ဘာလ ဒုတိယပတ်မှ စတင်၍ စုပေါင်း လက်မှတ် ရေးထိုးနေပြီ ဖြစ်ကြောင်း ပါဝင်လှုပ်ရှားသူများထံမှ သိရှိရသည်။
ငါးလကြာသည်အထိ အမှုမှန် စုံစမ်းဖော်ထုတ်နိုင်ခြင်း မရှိသည့်အတွက် လက်မှတ်ထိုး တောင်းဆိုလှုပ်ရှားမှု ပြုလုပ်၍ လူသတ်မှု ဖြစ်စဉ် မှတ်တမ်းများနှင့် သုံးသပ်ချက် အစီရင်ခံစာများကို ဖြန့်ဝေကာ လက်မှတ်များကို စုဆောင်းနေပြီး လက်ရှိလက်မှတ် ရေးထိုးသူများတွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌဖြစ်သူ ဦးကျော်သူ အပါအဝင် ပြည်မြို့နယ်ရှိ လူမှုရေး အဖွဲ့အစည်းများနှင့် ဒေသခံ တစ်သောင်းကျော်၏ လက်မှတ်များ စုဆောင်းရရှိထားပြီ ဖြစ်သည်ဟု ယင်းလက်မှတ်စု ဆောင်းမှုတွင် ပါဝင်လှုပ်ရှားနေသောသူ ပြည်မြိုခံ အမျိုးသားတစ်ဦးက ပြောကြားသည်။
“ခုကတော့ လက်မှတ်က သောင်းဂဏန်း ရှိပြီ။ သိန်းဂဏန်းထိ ရလာနိုင်တယ်။ လက်မှတ်တွေကို စုပြီးတော့ ဒီလကုန်လောက်မှာ နိုင်ငံတော်သမ္မတကြီး အပါအဝင် ဌာနဆိုင်ရာ တွေကိုပို့မယ်။ Facebook မှာ Page တစ်ခု ဖန်တီးပြီး Vote တောင်းမယ်။ တစ်နိုင်ငံလုံး အာရုံစိုက်အောင် စဉ်ဆက်မပြတ် ပြုလုပ်သွားမယ်” ဟု ၎င်းကဆိုသည်။
အဆိုပါ လူသတ်မှုတွင် ကျူးလွန်သူ တရားခံ၏ DNA နှင့် တိုက်ဆိုင် စစ်ဆေးရန် သေဆုံးသူ အမျိုးသားထံမှ သင်္ဂြိုဟ်မည့်နေ့တွင် ရုပ်အလောင်းမှ DNA ယူခဲ့ပြီး တရားခံများ ဖမ်းမိနိုင်ရန်အတွက် တပ်မတော်က စစ်ခုံရုံးနှင့် စီအိုင်ဒီတို့မှ တစ်ပြိုင်နက် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
ဧပြီလ ၂၃ ရက်နေ့က လူသတ်မှု ဖြစ်ပွားပြီးချိန်တွင် သောင်ပြင်နှင့် ကပ်လျက် ကမ်းပါးယံ ကိုင်းတောထဲတွင် ပုန်းခိုနေသော သံသယဖြစ်ဖွယ် လူသုံးဦးကိုသာ တွေ့ရှိရပြီး ရပ်ကွက်နေလူထုက ဖမ်းဆီးရာနှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့သော်လည်း တစ်ဦးမှာ လွတ်မြောက်သွားခဲ့ကြောင်း၊ ဖမ်းဆီးခဲ့သည့် လူများမှာ ခလရ ၇၅ တပ်မှ တပ်သားများ ဖြစ်ကြပြီး တပ်မတော်သားများ ဖြစ်သည့်အတွက် ရဲတပ်ဖွဲ့ဝင်များက ညတွင်းချင်း တပ်သို့ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း လိုက်လံ ဖမ်းဆီးခဲ့သူ ဆင်စု ရပ်ကွက်သားများထံမှ သိရှိရသည်။

Voice Weekly