အသေးစိပ်ကို ပြည်သတင်းတွင် မကြာမီ ဖော်ပြပေးပါ့မည်။
အဆိုပါသတင်းကို မတင်ပြမည် ယာဉ်ထိန်းရဲ တစ်ဦး၏ အကြောင်းကို ပြောပြလိုပါသည်ခင်ဗျာ။
ကျွန်တော်ပြောလိုသော ယာဉ်ထိန်းရဲမှာ တပ်ကြပ်ကြီး ကျော်နိုင်ထွန်း ဖြစ်ပြီး ယာဉ်တိုက်မှုတွင် တာဝန်သိပြည်သူများ၏ ဖုန်းဆက်မှုဖြင့် ချက်ခြင်းဆိုသလို ရောက်လာပြီး
ယာဉ်တိုက်မှုဖြစ်ပွားသည့် ကောင်လေး၏ အခြေအနေကိုကြည့်ကာ သူ၏လုပ်ဆောင်စရာ တာဝန်များကို အလျှင်အမြန်လုပ်ဆောင်ပြီး
ူလူမှုရေးစိတ်ဓါတ်အပြည့်ဖြင့် ဆေးရုံပို့သည်မှအစ ဖြစ်စဉ်ပြီးသည်အထိ
ပြည်သူ့တာဝန် ထမ်းဆောင်ခဲ့သည်ကို ကျွန်တော်ကိုယ်တိုင် မြင်တွေ့ခဲ့ရပါသည်။
အခြား ယာဉ်ထိန်းရဲများကဲ့သို့ မျက်မြင်သက်သေများကို ဆရာကြီးအထာဖြင့်မေးခြင်းမရှိ၊ မူးယစ်သောက်စား ထားခြင်းမရှိပဲ စကားအပြောအဆို ရည်မွန်ခြင်းပြီး ဆေးရုံပို့ရမည့်အနေအထားရှိသဖြင်
ထိုသို့ ယာဉ်ထိန်းရဲကို ဒီတခါသာ မြင်ဖူးသေးပါသဖြင့် ဂုဏ်ယူစွာ ဂုဏ်ပြုလိုက်ရပါသည်။
ထိုသို့ ပြည်သူ့ဝန်ထန်းကောင်းများ မြောက်များစွာ ပေါ်ထွက်လာရန် ဆနပြုရင်း
တပ်ကြပ်ကြီး ကျော်နိုင်ထွန်းကို ဂုဏ်ပြုလိုက်ရပါသည်။