Friday, November 29, 2013

ကိုယ်ပိုင်ကား မောင်းသူများ သတိထားရန်

25 . 11 . 2013 ရက်နေ့တွင် 35 - 86 လမ်းထောင့်တနေရာတွင် ကျန်တော့် အဖေကားမောင်းလာစဉ် နောက်မှဆိုင်ကယ်ဖြင့် လိုက်လာပြီး တိုက်မိသွားသည်ဟုပြောဆိုကာ ရတနာပုံ တကသိုလ်ဘက်သို့ မောင်းခိုင်ပါတယ် ဒါပေမယ့် အဖေကမမောင်းဘဲနဲ့ ညိမ်းဆေးခန်းသွားမယ်လို့ ပြောတော့မသွားရဘူးတဲ့ ရတနာပုံဘက်ကိုပဲ မောင်းခိုင်းပါတယ် ကျန်တော့်အဖေက လုံးဝမသွားဘူးလို့ပြောတော့ ပိုက်ဆံ 30000 ပေးလို့တောင်းပါတယ် ။ 30000 တော့မပေးနိုင်ဘူး 5000 တော့ပေးလိုက်မယ်ဆိုတော့ သူကမရဘူးတဲ့ အဲ့တာဆိုရဲစခန်းမောင်းဆိုပြီး ကြောက်မလားဆိုပြီး ဖိန့်ပါတယ် ။ ဒါနဲ့ရဲစခန်းကို တကယ်လည်းမောင်းရော လမ်းတနေရာရောက်တော့ ဆင်းမယ်ဆင်းမယ် ဆိုပြီးတခါးချက်ကို အတင်းဖွင်တာ အဖေကတော့ ရဲစခန်ထိအဲ့ဒီလူကိုခေါ်သွားမလို့ စိတ်ကူးပေမယ့် ကားတခါးကိုအတင်းဖွင့်နေတော့ တခါးပြက်သွားမှာစိုးလို့ ကားကိုရပ်ပေးလိုက်တော့ ဒက်စဘုတ်ပေါ်မှာ တင်ထားသောငွေ 5000 ယူပြီးထွက်ပြေသွားပါသည်

##!!!! ဆိုင်ကယ်နံပတ်မှာ ၂၇ယ - ဟုယူစရသည် - ၁၆၅၉၄ မှာသေချာမြင်လိုက်ရပါတယ် ။ ဒါပေမယ့် without ကိုနံပတ်တပ်ထားတာ ဖြစ်နိုင်ပါတယ် ,,,,

###>>>. ဒါကြောင့်သည်လိုအဖြစ်ပျက်နှင့် ကြုံလာလျှင် ရဲစခန်းကိုသာမောင်းသွားပါ။ သူသွားခိုင်သလို ရတနာပုံလူပြတ်တဲဘက်ဆိုလျှင် အဖွဲ့ လိုက်ပစ်စည်းလုပြီး အသတ်တောင်ခံရနိုင်ပါသည်။ မိန်းကလေးများ ပိုပြီးသတိရှိသင့်ပါတယ် ကြောက်လန့်ပြီး သူခိုင်းသလို သူတောင်းသလောက် မလုပ်မိ ၊ မပေးမိပါစေနဲ့ ။ ###>>>.

ဒီအဖြစ်ပျက်ကို ချမ်းမြသာစည် မြို့နယ်အုပ်ချုပ်ရေးရုံ နှင့် အမှတ် ( ၆ ) ရဲစခန်း သို့လူကိုယ်တိုင် အကြောင်းကြားထားပါသည်။

တချို့သောသူများက နောက်ထပ်အမှု့ရှုပ်မည်စိုးသဖြင့် သူတို့တောင်းသလောက် ပေးလိုက်ကြပါသည် ။ လူမိုက်အားပေးမလုပ်ပါနှင့် ။ သတိထားကြပါလို့ သတိပေးပါတယ်။.

ရှယ်ယာပေးကြပါ ။

(မန္တလေး)
Hein Lin Aung

ဖုန်းကတ် မသမာမှု ချောင်းဦးတမြို့နယ်လုံးတွင်ဖြစ် ချောင်းဦး၊ နိုဝင်ဘာ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင် တန်ဖိုးနည်း ဖုန်းများကို တာဝန်ယူဖြန့်ဝေနေသည့် အုပ်ချုပ်ရေးမှူးအများစုက မသမာမှုပြု၍ တိုင်ကြားမှုများ လက်ခံရှိနေသည်မှာ မြို့နယ်လုံးကျွတ် ဖြစ်နေကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း ဦးကျော်ဆွေက
ပြောကြားသည်။

လစဉ် လတိုင်း ဖုန်းမသမာမှုကို ပြုလုပ်၍ ကျေနပ်မှုမရှိသူများက လာရောက်တိုင်တန်းနေကြောင်း၊ သင့်တော်သလိုဆောင်ရွက်ပေးနေရ
ေ ကြာင်း၊ တစ်မြို့နယ်လုံးကျေးရွာအုပ်စု၃၂အုပ်စုလုံးတွင်ဖြစ်ပွားနေကြောင်
၎င်းက ဆက်လက်ပြောကြားသည်။

ချောင်းဦးမြို့နယ် မြို့ပေါ် ၆ ရပ်ကွက်တွင် နေစဉ် မကျေနပ်သံများ ကြားနေရပြီး နယ်ဘက် ကျေးရွာများတွင်လည်း မကျေနပ်မှုများ ဖြစ်ပေါ် နေကာ မည်သည့် နေရာကို တိုင်ရမှန်း မသိဖြစ်နေသည်ဟု ဦးကျော်ဆွေက ဆိုသည်။

" ပြည်သူတွေရဲ့ မကျေနပ်ချက်တွေက ဆန္ဒထုတ်ဖော်ပွဲတွေကို ဦးတည်နေတယ်" ဟု ၎င်းက မှတ်ချက်ပြုပြောကြားသည်။

၁၅၀၀တန်ဆင်းကဒ်များကို ခွဲတည်းနည်း၍ မဲနှိုက်သည်ဟုဆိုကာ အုပ်ချုပ်ရေးမှူးများနှင့် ဆယ်အိမ်ခေါင်းများပင်ရယူခဲ့ကြကြောင်း မာန် အောင် မြေရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

" ဥက္ကဋ္ဌရဲ့ မိန်းမက တိုင်ချင်ရာတိုင် ဂရုမစိုက်ဘူးလို့ ပြောတယ်။ ဒီဖုန်းတွေကို ရောင်းလို့ရတဲ့ ပိုက်ဆံနဲ့ ဂျစ်ကားဝယ်စီးမယ်လို့
လည်း ပြောတယ်" ဟု ၎င်းက ဆိုသည်။

မိုးသီးဇွန်(ချောင်းဦး)
People Power

မိန်းမအားဆေးရုံရောက်စေပြီး ယောကျာ်းအားအချုပ်ရောက်စေခဲ့သော တန်ဖိုးနည်းဖုန်း

နေပြည်တော် ဥတ္တရသီရိမြို့နယ် ချောင်းမကြီးကျေးရွာနေ မမော်မော်ဦး (၂၀)နှစ်သည် နေအိမ်၌ ၎င်း၏ခင်ပွန်းဖြစ်သူ ဇေယျာဝင်း (၂၄)နှစ် ကံလှရပ်ကွက် ပုပ္ဗသီရိမြို့နယ်နေသူမှ ဂျီအက်စ်အမ်ဖုန်းဆင်းကတ်မဲပေါက်ကြောင်း ပြောရာ မမော်မော်ဦးက အဆိုပါဖုန်းဆင်းကတ်အား ရောင်းချပြီးအကြွေးဆပ်ရန်ပြောရာ ခင်ပွန်းဖြစ်သူက ညစ်ညမ်းစွာအော်ဟစ်ဆဲဆိုပြီး တုတ်နှင့်ရိုက်သဖြင့် မမော်မော်ဦးတွင် ယာဘက်မျက်လုံးဖူးရောင်ဒဏ်ရာ တစ်ချက်၊ ဦးခေါင်း နောက်စေ့ဖူးရောင်ဒဏ်ရာ တစ်ချက်၊ ဝဲဘက်လက်မောင်းကျိုးဒဏ်ရာ တစ်ချက်ရရှိသဖြင့် နေပြည်တော် ခုတင် (၁၀ဝ၀)ဆေးရုံတွင် ဆေးဝါးကုသခဲ့ရပြီး ခင်ပွန်းဖြစ်သူ ဇေယျာဝင်းအား အရေးယူပေးရန် ဇနီးဖြစ်သူက တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် ဥတ္တရသီရိမြို့နယ် ဘုရားကုန်းရဲစခန်းမှ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ကြေးမုံ

အကြမ်းဖက်သမားများက အမျိုးသမီးရင်သားတု ဖောက်ခွဲရေး ပစ္စည်းများ ထုတ်လုပ်ကာ ခြိမ်းခြောက်နေ


အကြမ်းဖက်သမားများက အမျိုးသမီးရင်သားတု ဖောက်ခွဲရေး ပစ္စည်းများ ထုတ်လုပ်ကာ ခြိမ်းခြောက်နေ

အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့က ဖောက်ခွဲရေး ပစ္စည်းများအား အမျိုးသမီးတို့၏ ရင်သားတုများ အသွင် ထုတ်လုပ်ခဲ့ကြပြီး ၎င်းတို့ပစ်မှတ်ထား တိုက်ခိုက်လိုသည့် နေရာများသို့ အစစ်ဆေးခံရခြင်း မရှိဘဲ တိုက်ရိုက် တိုက်ခိုက်နိုင်မည့် ဗုံးသယ်ယူရေး နည်းလမ်းသစ် တစ်ခု အဖြစ် အသုံးချနေကြပြီ ဖြစ်ကြောင်း သိရသည်။

၎င်းဗုံးများသည် အမျိုးသမီးများ၏ ပင်ကို ရင်သားနေရာတွင် ရင်သားတု ခွဲစိတ် တပ်ဆင်သကဲ့သို့ပင် တပ်ဆင်နိုင်မည်ဖြစ်ပြီး လေဆိပ်မှ လုံခြုံရေးများ စစ်ဆေးသည့် ကိရိယာများပင် ၎င်းရင်သားတုဗုံးများအား ရှာမတွေ့နိုင်ဟုအား ရှာမတွေ့နိုင်ဟုအား ရှာမတွေ့နိုင်ဟုအား ရှာမတွေ့နိုင်ဟုအား ရှာမတွေ့နိုင်ဟု အယ်လ်ကိုင်ဒါ အဖွဲ့၏ ဗုံးထုတ်လုပ်ရေး အရာရှိ အီဗရာဟမ်အယ်လ်အာဆီရီက ပြောကြားခဲ့ကြောင်း ကောလာဟလ သတင်းများ ထွက်နေခဲ့သည်။

လန်ဒန်မြို့ ဟီးသရိုးလေဆိပ်မှ လေဆိပ်ဝန်ထမ်းများကို ၎င်းရင်သားတု ဗုံးများအား အထူးစိစစ်ကြရန် သတိပေး ကြေညာထားသည့် အပြင် ၎င်းရင်သားတုဗုံးများဖြင့် ထိုးဖောက် ၀င်ရောက်ကာ တိုက်ခိုက်ခံရမည် ကိုပြည်သူများ ကြောက်လန့်နေကြသည်။

ရင်သားတုဗုံးများ သတင်းကြောင့် လေဆိပ်အတွင်း ၀င်ရောက်လာသော အမျိုးသမီးများအား သတိထားရန်နှင့် သံသယဖြစ်ဖွယ် မည်သည့် အမျိုးသမီးကို မဆို စစ်ဆေးရန် လေဆိပ်လုံခြုံရေး ၀န်ထမ်းများအား အထူးတာဝန် ချမှတ်ထားသည်။

အယ်လ်ကိုင်ဒါတို့ ခန္ဓာကိုယ်အတွင်း ထည့်ယူကာ ဖောက်ခွဲ တိုက်ခိုက်နိုင်သော ၎င်းရင်သားတုဗုံးများသည် အလွန် စိုးရိမ်တုန်လှုပ်ဖွယ် ကောင်းသော ဖောက်ခွဲရေး ပစ္စည်းများဖြစ်ကြောင်း ဖောက်ခွဲရေးပစ္စည်း ကျွမ်းကျင်ပညာရှင် အန်ဒီအော့ပန်ဟေးမားက ပြောကြားခဲ့သည်။

(pyimyanmar --- မှ )

စားဝတ်နေရေး အဆင် မပြေ ကြမ်းတမ်းမှု ကြောင့် အလ္လာ မှ စောင်မ နိုင်ရန် သားသမီး (၄) ဦး အား သတ်ဖြတ်ပြီး အလ္လာ အား ယစ်ပူဇော်


မောင်တော မြို့နယ်၊ စံပါယ်ကုန်း ကျေးရွာ မှ မရိုအားဇားဘေဂွန် (ဘ) အေဇားမျှာ ဆိုသူ သည် ၄င်း သားသမီ (၄) ဦး အား လည်လှီး သတ်ဖြတ်ပြီး အလ္လာ အရှင်မြတ် အား ယစ်ပူဇော် ခဲ့သည်။

အဆိုပါ မရိုအားဇာဘေဂွန် (၃၅) နှစ် သည် စားဝတ်နေရေး အဆင်မပြေ လည်ခြင်း၊ အလ္လာ ရှင်မြတ် ထံမှ ကုသိုလ် ရယူ လိုခြင်း တို့ကြောင့် ၄င်း သားသမီး (၄) ဦး ဖြစ်သည့် မနူရ်ဆာမန်၊ အဒူရာမာန်၊ မယာစ်စမိန်၊ နူရ်အာတစ် တို့ အား မိမိ အိမ် နှင့် ကိုက် ၂၀ ခန့် ဝေးသော လယ်ကွင်း သို့ တစ်ဦးချင်း စီ ခေါ်ဆောင် သွားပြီး အီစ္စလာမ် ဘာသာ ရဲ့ အယူဝါဒ အတိုင်း လည်လှီး သတ်ဖြတ် ခဲ့ပါသည်။ သူမ သည် အာရ်ဗီဖတ်စာ (၈) တန်းထိ အောင်မြင် ခဲ့ဖူးသူ ဖြစ်ပြီး ဘာသာရေး အစွန်း ရောက် သူ ဖြစ်သည်။

သူမ ကိုယ်တိုင် လည်း သူ့ သားသမီးများ အား မိမိ ကိုယ်တိုင် သတ်ဖြတ် ယစ်ပူဇော် ခဲ့ပါကြောင်း ၀န်ခံ ထွက်ဆို ခဲ့ပြီး ယခု အခါ ပြစ်ဒဏ် ချမှတ် ရန် ရပ်ကွက် အုပ်ချုပ်ရေးမှူး မှ တရားလို ပြု တရား စွဲဆို ထားပြီး ဖြစ် ပါသည်။

Share Arakan News

ကူညီ ပေးနိုင်မဲ့စေတနာအလျူရှင်များရှိရင်ဆက်သွယ်ကူညီပေးစေလိုပါတယ်.


ဦးလေးက ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ် ညောင်ကုန်းအုပ်စု ကံစုဆိုတဲ့ရွာက ဦးမြင့်အောင်ပါ .သူရဲ့ နှုတ်ခမ်းကမွေးရာပါနူတ်ခမ်းကြီးပါ .ဒါပေမဲ့အသက်၂၀ကျော်အရွယ်ကစလို့ နှုတ်ခမ်းကတစ်ဖြေးဖြေးနဲ့ပိုကြီးလာခဲ့ပါတယ်.. ဆေးဝါးကုသချင်ပေမဲ့ ငွေကြေးမပြည့်စုံတာကြောင့်ဆေးမကုနိုင်ခဲ့ပါဘူး .. သူရဲ့အဖြစ် ချင်းဆုံးဆန္ဒကသူရဲ့  နုတ်ကြီးကို ကူညီကုသပေးမဲ့စေတနာရှင်ကိုမျှော်လင့်နေပါတယ်တဲ့..တကယ်လို့ friတို့အနေ နဲ့ကိုဝင်းဇော်ဦးတို့လိုဆက်သွယ်ကူညီ ပေးနိုင်မဲ့စေတနာအလျူရှင်များရှိရင်ဆက်သွယ်ကူညီပေးစေလိုပါတယ်.
..09250441941ကိုဆက်သွယ်အကြောင်းကြားပေးနိုင်ပါတယ်.

မူရင်းးးးး koWin Khaing

မြဝတီမြို့မှာ ပေါက်ကွဲမှုတခုဖြစ် တရားခံ၊ ဒဏ်ရာရသူ ပျောက်ဆုံး နေ့သစ် ၊ နိုဝင်ဘာလ ၂၉ ၊ ဒေါန ၊ မြဝတီမြို့

မြ၀တီမြို့ ဟေမာန်ဦးဘုန်းကြီး ကျောင်းနောက်နားမှာ ဒီကနေ့ မနက် ၄ နာရီကျော်လောက်က ဗုံးဟုယူဆရသော ပေါက်ကွဲမှုတခုဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရနိုင်တဲ့ အထောက်အထားတွေ တွေ့ရှိရကာ ပေါက်ကွဲမှု တရားခံနဲ့ ဒဏ်ရာရသူများ ပျောက်ဆုံးနေတယ်လို့ မြို့ခံတဦးအား ဆက်သွယ်မေးမြန်းခံရာမှ သိရှိခဲ့ရပါတယ်။

အမျိုးသားတဦးနဲ အမျိုးသမီးတဦး တည်းခိုနေတဲ့ ဟေမာန်ဦး ဘုန်းကြီးကျောင် အနောက်တည့်တည့် အိမ်တလုံးမှ ဒီမနက် ဝေလီဝေလင်းအချိန် ၄ နာရီကျော်လောက်မှာ ဗုံးကွဲသံကြားရတယ်။ ပေါက်ကွဲခဲ့တာဖြစ်ပြီး အဲဒီအိမ်က အမျိုးသားရော အမျိုးသမီးပါ ပျောက်ဆုံးသွားပါတယ်၊ ဖြစ်စဉ်ရဲ့ ပတ်ဝန်းကျင်မှာ သွေးပေနေတဲ့ နေရာတွေ တွေ့ရတယ်။ ပျောက်သွားတဲ့ အမျိုးသမီးနဲ့ အမျိုးသားဟာ ဒဏ်ရာရပြီး ထွက်ပြေးသွားတာ ဖြစ်မယ်လို့ ယူဆရကြောင်း အနီးပတ်ဝန်းကျင်မှ မြို့ခံတဦးကို ဆက်သွယ်မေးမြန်ရာမှ သိရှိရပါတယ်။

ဒီပေါက်ကွဲမှုနဲ့ပတ်သက်လို့ မြဝတီမြို့က တာဝန်ရှိတဲ့ အာဏာပိုင် အသိုင်းအဝိုင်းကတော့ ပေါက်ကွဲမှုကို ဗုံးပေါက်တာလို့ အတည်မပြုနိုင်ဘူး၊ သူများတွေ ပြောသံတော့ကြားတယ်၊ ဗုံးပေါက်ကွဲမှု မဟုတ်ဘူးလို့ ပြောဆို သုံးသပ်နေကြကြောင်း သိရှိရပါတယ်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာမြအေး ကွယ်လွန်

ယနေ့ နံ နက် ၁၁ နာရီ အချိန် တွင် အာရှ တော်ဝင် ဆေးရုံ ၌ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န် ကြီး ဒေါက်တာမြအေး အသည်း ကင် ဆာ ရော ဂါ ဖြင့် ကွယ် လွန် သွားကြောင်းသိရသည်။

ဒေါက်တာမြအေးသည် ယခင် မန္တလေး တက္ကသိုလ် ပါမ္ခော ချုပ် အဖြစ် တာ ၀န် ယူ ခဲ့ပြီးယခု အစိုးရ လက်ထက် တွင်ပညာရေး ၀န် ကြီး အဖြစ် တာ ၀န် ပေး ခံ ခဲ့ ရ သူ ဖြစ် သည်။

၎င်းသည် ယခုနှစ်ဆန်း ပိုင်း မှ စ ကာ ကျန်း မာရေး စတင်ချို့ ယွင်း ခဲ့ ၍ နေပြည်တော်ရှိ ခုတင် ၁၀၀၀ ဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသမှုခံယူခဲ့သလို ထိုင်းနိုင်ငံသိုလည့်း သွားရောက်၍ ဆေးကုသမှု ခံ ယူ ခဲ့သည်။ ထို့အပြင် ရန် ကုန်ရှိ ၀ိတို ရိ ယ ဆေး ရုံ တွင်လည်း ဆေး ကုသမှု ခံ ယူ ကာ နေအိမ် တွင် ပြန်လည် နေ ထိုင် ရာမှ ကျမ်းမာရေးအခြေ အနေ ဆိုးရွားမှု ကြောင့်အာရှ တော်ဝင် ဆေးရုံ တွင် တက်ရောက်ကုသရာမှ ကွယ်လွန် ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

MTA
Popular Myanmar News Journal

မြန်မာဂျာနယ်လစ်ကွန်ရက်ဝင်အဖြစ်မှ နှုတ်ထွက်ခွင့်ပြုခြင်း ----------------------------------------------------------- နေ့စွဲ - ၂၉၊ နိုဝင်ဘာ၊ ၂၀၁၃ အဘ ဥက္ကာကိုကို


မြန်မာဂျာနယ်လစ်ကွန်ရက်ဝင်တစ်ဦးဖြစ်သူ ကိုဝေဖြိုးဟန်(ခေါ်) ကိုမိုးသူအောင်သည် နိုဝင်ဘာ ၂၅ ရက်နေ့ နံနက်တွင် ကွယ်လွန်ခဲ့ပါသဖြင့် မြန်မာဂျာနယ်လစ်ကွန်ရက်၏ အသင်းဝင်အဖြစ်မှ နှုတ်ထွက်ခွင့်ပြုလိုက်ပါသည်။

မြင့်ကျော်
အထွေထွေအတွင်းရေးမှူး
မြန်မာဂျာနယ်လစ်ကွန်ရက်။ Myint Kyaw Shwe Hmone Aung Thu Ra

(MJN အထွေထွေအတွင်းရေးမှူးနှင့် လူမှုရေးကော်မတီ တာဝန်ခံများ အမိန့်စာပြန်စဉ်)

SEA Game ဖွင့်ပွဲ လက်မှတ်များ ကျပ် ငါးသောင်းမှ ခြောက်သောင်းအတွင်းဈေးပေါက် 29-11-2013

SEA Game ဖွင့်ပွဲလက်မှတ်များ မှောင်ခိုဈေးကွက်မှာ ကျပ်ငါးသောင်းမှ ခြောက်သောင်း အထိ ဈေးပေါက်လျက်ရှိကြောင်း သိရသည်။

SEA Game ဖွင့်ပွဲ လက်မှတ် ကို တန်းစီစနစ်နဲ့ ရောင်းတယ်။ အဲ့တုန်းက မအားလို့မဝယ်ဖြစ်ဘူး။ အခု မှောင်ခိုလက်မှတ်က ငါးသောင်းတဲ့။ သွားချင်ပေမယ့် ကြည့်ချင်ပေမယ့် မကြည့်ဖြစ်မသွားဖြစ်တော့ပါဘူး။ ဟု အသက် ၃၅နှစ်အရွယ် အီလက်ထရောနစ်ဆိုင် မန်နေဂျာ တစ်ဦးကဆိုသည်။

မြန်မာနိုင်ငံတွင် နေရာ၊ ခုရေ မလုံလောက်မှုကြောင့် အမြဲတမ်း မှောင်ခိုဈေးကွက်များပေါ်ပေါက်လာပြီး ၁၅၀၀တန် ဖုန်းများသည်ပင်လျှင် အဆ ၁၀၀ ခန့် ခုန်တက်သွားခဲ့သောကြောင့် နိုင်ငံသားများအနေဖြင့် ရပိုင်ခွင့်များ ဆုံးရှုံးမှုအများဆုံးသော နိုင်ငံဖြစ်သည်။

Myanmar News International

ရခိုင်တွင် ရိုဟင်ဂျာများရှိကြောင်း ပြောသည့် ဒေါ်စုအား ဒီဇင်ဘာ ၂ ရက်နေ့တွင် ရန်ကုန်လေဆိပ်မှ စောင့်ကြိုဆန္ဒပြမည်


ရခိုင်တွင် ရိုဟင်ဂျာများရှိကြောင်း ပြောသည့် ဒေါ်အောင်ဆန်းစုကြည်အား ဒီဇင်ဘာ ၂ ရက်တွင် ရန်ကုန်လေဆိပ် မှ စောင့်ကြိုဆန္ဒပြမည် ဖြစ်ကြောင်း ရခိုင်အမျိုးသား ကွန်ယက်မှ သတင်းရရှိသည်။

သြစတြေးလျနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်မှ ရိုဟင်ဂျာနှင့်ပတ်သက်၍ မေးမြန်းမှုတွင် ရခိုင်ပြည်နယ်တွင် ခိုးဝင်ဘင်္ဂါလီ ၅၀ ခန့်သာရှိ၍ ရိုဟင်ဂျာဆိုသည်များသာ ရှိကြောင်း သြစတေးလျခရီးစဉ်၌ ပြောကြားသွားပါသည်။


ဒေါ်အောင်ဆန်းစုကြည်၏ ဖြေကြားမှုနှင့်ပတ်သက်ပြီး ရခိုင်တိုင်းရင်းသား အားလုံး သာမက မြန်မာလူထု တစ်ရပ်လုံး ဒေါသထွက်လျှက်ရှိပြီး ရခိုင်အမျိုးသား ကွန်ယက်မှ ဦးစီးကာ ဆန္ဒပြရန်အတွက် သက်ဆိုင်ရာ အာဏာပိုင်များထံသို့ ခွင့်ပြုချက် တင်လိုက်ပြီဖြစ်ကြောင်း သိရသည်။


ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာတိုင်းရင်းသားများနှင့် မတည့်ဖြစ်နေပြီး သြဇီခရီးစဉ်တွင် ကချင်များက မကြိုဆိုကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သလို အပြန်တွင်လည်း ရခိုင်များက ဆန္ဒပြအုံးမည်ဖြစ်သည်။


ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျ ခရီးစဉ်ကို နိုဝင်ဘာ ၂၆ တွင် စတင်ခဲ့ပြီး ဒီဇင်ဘာ ၂ ရက်တွင် အဆုံးသက်မည်ဖြစ်သည်။

http://www.myanmarexpress.net/2013/11/blog-post_3134.html
-

Tuesday, November 26, 2013

၂၀၁၁ ခုနှစ်တွင် အမျိုးသားဇာတ်ဆောင်ဆု ရရှိခဲ့သော ရုပ်ရှင်မင်းသား နောင်နောင်သည် ၎င်း၏ Face book မှ တဆင့် ဆဲဆိုခဲ့ကြောင်း ၎င်းဖေ့ဘွတ်တွင် တွေ့ရှိရသည်

ရန်ကုန်၊ နိုဝင်ဘာ ၂၆

၂၀၁၁ ခုနှစ်တွင် အမျိုးသားဇာတ်ဆောင်ဆု ရရှိခဲ့သော ရုပ်ရှင်မင်းသား နောင်နောင်သည် ၎င်း၏ Face book မှ
တဆင့် ဆဲဆိုခဲ့ကြောင်း ၎င်းဖေ့ဘွတ်တွင် တွေ့ရှိရသည်။

“ အကယ်ဒမီရထားတဲ့ အနုပညာသမားအနေနဲ့ ဒါမျိုးလုံးဝ
မလုပ်သင့်ဘူးလို့ ထင်တယ်။ ခင်ဗျားရဲ့ နောက်ကွယ်မှာ
ခင်ဗျားကို အစဉ်တစ်စိုက် အားပေးနေတဲ့ ပရိသတ်ရှိ
နေတယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ ခင်ဗျားကို လေးစား ပါလို့ပဲ ပြောချင်ပါတယ်” ဟု ဖေ့ဘွတ်သုံးစွဲသူ ကိုမိုးလုံးဟိန်းက အကယ်ဒမီ နောင်နောင်၏ Status အောက်တွင် ခပ်ကြမ်းကြမ်း မှတ်ချက်ပြုထားသည်။

ဘယ်သူရိုင်းရိုင်း၊ ကိုယ်ရိုင်းရန်မသင့်လျော်ကြောင်း သူများ
အမှားမှ ကိုယ့်အမှားဖြစ်လိမ့်မည်ဟုလည်းကောင်း သည်းခံ
နိုင်ရန် ကြိုးစား သင့်ကြောင်း လူမှုကွန်ရက်တွင် ကိုကျော်ဝင်း ထွန်းက ပြောထားသည်။

“နိုင်ငံကျော် အကယ်ဒမီမင်းသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို
ငှဲ့ကွက်ပြီး သူငယ်ချင်း၊ မိတ်ဆွေအပေါင်း အသင်းတွေကို ခင်မင်
လေးစား သောအားဖြင့် ဒီစာကို အချိန်မှီ ပြန်ဖျက်သင့်တယ်”ဟု ကိုထွန်းစိုးက မှတ်ချက်ပြုထားသည်။

ဖေ့ဘွတ်သုံးစွဲသူအများစုမှာ အကယ်ဒမီနောင်နောင်၏ Status နှင့်ပတ်သက်ပြီး အဟက်ခံရခြင်း ဖြစ်နိုင်ကြောင်း ထင်ကြေးပေးလျက်ရှိသည်။

“အားလုံး ဆိုတဲ့ စကားတစ်ခွန်းကြောင့် ကိုနောင်နောင် ဗုဒ္ဒဘာသာ မြန်မာလူမျိုးဆိုရင် ငရဲဆိုတဲ့ တန်ုပြန်သက်
ရောက်မှုနဲ့ ရင်ဆိုင်ရလိမ့်မယ်။ လူတွေက ကောင်းသတင်း သာ နှုတ်ဆိတ်နေရင်နေမယ် မကောင်းတာ ဆိုရင်တော့
အကိုလဲ သိမှာပါ ကျွန်တော်တို့တင် မဟုတ်ဘူး။ အားလုံး
ဆိုတော့ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ အို.......
ပြောရင်းနဲ့ တောင် ကျက်သီးထလာပါတယ်ဗျာ။ တော်ပါ
ပြီ ဒီပို့စ်က အကို ပရိတ်သတ် တစ်ယောက်ရဲ့ နောက်ဆုံး
ပို့စ်လို့ အကို သတ်မှတ်လိုက်ပါ”ဟု အမှတ်တရ အမည်ဖြင့်
ဖေ့ဘွတ်သုံးစွဲသူ တစ်ဦးက ပြောဆိုထားသည်။

၎င်း၏ စာတကြောင်းကြောင့် မိဘဂုဏ် အမျိုးဂုဏ်နှင့်
မန္တလေး၏ ဂုဏ်သိက္ခာကို မကျစေလိုကြောင်း ယဉ်ကျေး
တဲ့ မန္တလေးသား ဖြစ်စေလို ကြောင်း နောင်နောင်၏ လူမှု
ကွန်ရက် မိတ်ဆွေ ဖြစ်သူ ဦးဇော်ဇော်က ဆိုသည်။

ထာဝရအလင်းတန်း ဇာတ်ကားဖြင့် အကယ်ဒမီဆု ရရှိခဲ့သူ နောင်နောင်သည် ၂၀၁၁ ခုနှစ် မြန်မာ့ရုပ်ရှင်
ထူးချွန်ဆု ချီးမြှင့်ပွဲတွင် ရရှိခဲ့ခြင်း ဖြစ်သည်။



မောင်မျိုး

ငွေစာရင်းတမ်းပြုလုပ်ရာမှ ခိုက်ရန်ဖြစ်ပွားခြင်းသည် အမှုမမြောက်ဟုဆို မိုးမိတ်၊ နိုဝင်ဘာ၂၆။ The Myanma Age

မိုးမိတ်မြို့၊ ရွှေဇာလီကျေးရွာတွင် ဘုံကထိန် ငွေစာရင်းရှင်းတမ်း
လုပ်ရာမှ ခိုက်ရန်ဖြစ်ပွားကြသောကြောင့် သက်ဆိုင်ရာ မိုးမိတ်
ရဲစခန်းနှင့် မိုးမိတ်မြို့နယ် တရားရုံးသို့ အမှုဖွင့်တိုင်ကြားသော်လည်း ၎င်းဌာနဆိုင်ရာများမှ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသောကြောင့် မိုးမိတ်မြို့နယ်တွင် တရားဥပဒေစိုးမိုးမှု အားနည်းနေကြေင်း သွားရောက်တိုင်ကြားသူကိုစိုးပိုင်က ပြောသည်။

မိုးမိတ်မြို့၊ ရွှေဇာလီကျေးတွင် ရွာလုံးကျွတ်စုပေါင်း ဘုံကထိန်ပွဲ ပြုလုပ်ပြီးနောက် ဘုံကထိန် ငွေစာရင်းရှင်းတမ်းအဖြစ် ရပ်မိ/ရပ်ဖ ရွာလူကြီးများနှင့် ရွာလူငယ်အဖွဲ့တို့ အသီးသီးတက်ရောက်၍ ငွေစာရင်းရှင်းတမ်းအစည်းအဝေးကို ရွာဦးဘုန်းကြီးကျောင်း၌ကျင်းပပြုလုပ်ရာ ရွာလူကြီး၏
ရှင်းလင်းချက်များကို ရွာလူငယ်အဖွဲ့ခေါင်းဆောင် ကိုစိုးပိုင်ဆိုသူက စိစစ်သင့်သည့် အချက်များစိစစ်သင့်ကြောင်း ပြန်လည်ဆွေးနွေး
တင်ပြရာမှ သဘောထားကွဲလွှဲကြကာ အစည်းအဝေးပျက်သွားခဲ့ခြင်း ဖြစ်သည်။

ယင်းနောက်ကိုစိုးပိုင်ဆိုသူက အစည်းအဝေးအပြီး အိမ်အပြနတွင် ရွာလူကြီးမှငွေစာရင်းလက်ကျန်ရှင်းရန် ကျန်သည်ဟု ခေါ်ဆို၍
ကိုစိုးပိုင်အား ရွာဦးဘုန်းကြီးကျောင်းဝင်း၌ ရွာလူအများရှေ့တွင်“ရွာမှာလူစွာလုပ်ချင်တဲ့ကောင်”ဟုဆို၍ ရုတ်တရက်ထိုးကြိတ်ခဲ့ကြောင်း၊ ရွာအုပ်ချုပ်ရေးမှုးနှင့်
ရွာသားများက ၀င်ရောက်ထိန်းသိမ်းခဲ့ကြောင်း၊ ယင်းကိစ္စအား
ကိုစိုးပိုင်က တရားဥပဒေနည်းအရ ရင်ဆိုင်ရန် မိုးမိတ်ပြည်သူ့
ဆေးရုံမှ ဆရာဝန်၏ဆေးစာနှင့်အတူ မိုးမိတ်မြို့မရဲစခန်းသို့အမှုဖွင့်တိုင်ကြားရာ ၎င်းရဲစခန်းကအမှုမဖွင့်ပေးသောကြာင့် မိုးမိတ်မြို့နယ်
တရားရုံးသို့ တိုင်ရာ သွေးထွက်သံယိုမဖြစ်၍ အမှုမမြောက်ဟုဆိုသောကြောင့် အမှုတိုင်ကြားခွင့်
မရသည့်အပြင် လူ့အခွင့်အရေးများ ဆုံးရှုံးနေရကြောင်း ဥပဒေအကာအကွယ်မဲ့ ဖြစ်နေရကြောင်းကိုစိုးပိုင်က ဆိုသည်။

“ရဲစခန်းနဲ့တရားရုံးကသွေးထွက်သံယိုမဖြစ်လို့အမှုမမြောက်ဘူး
လို့ပြောတော့သွေးထွက်သံယိုဖြစ်မှဥပဒေအရအမှုမြောက်တာလား
ပြောချင်ပါတယ်”ဟု ကိုစိုးပိုင်က ဆက်လက် ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍မိုးမိတ်မြို့မ ရဲစခန်းမှူးကျော်သိန်းက
“ဒီကိစ္စက ကိုစိုးပိုင်ကို အဲ့ဒီရွာလူကြီးဆိုသူက ကိုယ်ထိလက်ရောက်ကြူုးလွန်တာမှန်ပါတယ်။ ဆရာဝန်ဆေးစာနဲ့အမှုလာဖွင့်ပေမဲ့ သွေးထွက်သံယို
မတွေ့တော့ ကျွန်တော်တို့အနေနဲ့ ရဲအရေးမပိုင်တာမို့
ပုဒ်မ၃၂၃အရ တရားရုံးကို ဦးတိုက်လျှောက်နိုင်ရန်
ကူညီပေးခဲ့တာပါ။ တရားရုံးအပိုင်းကတော့ သိပါဘူး” ဟု အဆိုပါစခန်းမှုးက ပြောသည်။

ထွန်းထွန်း၊စိုးမင်းနိုင်

ဆီးဂိမ်းတွင် မြန်မာ့ဂေါ်လီပစ် ကစားနည်း ထည့်သွင်းကျင်းပမည် နေပြည်တော်၊ နိုဝင်ဘာ ၂၆။

လာမည့် ဒီဇင်ဘာလတွင် မြန်မာအိမရှင်အဖြစ်လက်ခံကျင်းပသည့် ၂၇ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာ့ဂေါ်လီပစ် ကစားနည်းနှင့် ဆင်တူသော ပီတန်းကစားနည်းကို ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း
မြန်မာပီတန်း အသင်းမှ တဝန်ခံ ဦးနေမျိုးလွင်က ပြောကြားသည်။

“ဒီကစာနည်းက ဂေါ်လီ ပစ်ကစားခြင်းနဲ့တူတယ်။ ဂေါ်လီပစ်
ကစားရတာကတော့ လွယ်တယ်။ ပီတန်းအားကစားနည်း က
နဲနဲခက်တယ် ။ ဘာဖြစ်လို့လဲဆိုတော့ သတ္တုနဲ့လုပ်ထားတဲ့ ဘောလုံးဖြစ်နေလို့ ပြီးတော့ ပစ်တဲ့သူကလဲ သတ်မှတ်ထားတဲ့ စက်ဝိုင်းထဲက ပစ်ရတာ အရေးကြီးတာက ကစားသမားတွေ စိတ်ငြိမ် ဖို့လိုတယ်”ပာု ၎င်းက ဆိုသည်။
“ပီတန်း အားကစားနည်းက မလွယ်ပါဘူး၊ အဓိကကစိတ်ငြိမ်ဖို့
လိုပါတယ်။ အဲဒီအတွက်လည်အားကစား သမာတွေးကို စိတ်ငြိမ်စေတဲ့ လေ့ကျင့်မှုတွေ အဓိကပြုလုပ်ပေးရတယ်။ ”ပာု ထိုင်းနည်းပြက ပြောကြားသည်။

ပီတန်အားကစားနည်းတွင် တစ်ဦးချင်းနှင့် အသင်းလိုက်
ကစားရသော ပွဲများပါဝင်သည်။ အသင်းလိုက် ကစာနည်းတွင်
နှစ်ယောက်တွဲ၊ လေးယောက်တွဲနှင့် ခြောက်ယောက်တွဲအဖြစ် ခွဲခြားထားသည်။ ၎င်းကစားနည်းတွင် ကစားသူက သက်မှတ်ထားသော စက်ဝိုင်း နေရာတွင် ခြေနှစ်ဘက် စုံရပ်ထား၍ သတ္ထုဘောလုံးကို သစ်သားဖြင့် လုပ်ထားသော သေးငယ်သည့် ဘောလုံးရှိရာသို့ အနီးဆုံး ရောက်ရှိအောင် ပြစ်ကစားရသော ကစားနည်ဖြစ်သသည်။

၎င်းပီတန်းအားကစားနည်သည် ၂၀၀၁ခုနှစ်မှ စ၍ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင်ုံမှန် ထည်သွင်း ကျင်းပနေသော အားကစားနည်းတစ် ရပ်ဖြစ်ပြီး ယင်းကစားနည်ကို လာအို၊ ကမ္ဘောဒီယားနှင့် ထိုင်းနိုင်ငံတို့၌ ရိုးရာအားကစားနည်း တစ်ရပ်အဖြစ်တွင်ကျယ်စွာ ကစားကြသည်။

မြန်မာ့ခေတ်

ဘော်ဒါဆောင်နေ ကျောင်းသူလေးရဲ့ စာအုပ်နဲ့ ပစ္စည်းတွေသိမ်းထားတဲ့ကိစ္စ မြို့နယ်သက်ဆိုင်ရာကို တိုင်ထားပေမယ့် NLDလူကြီးဖြစ်နေလို့ အရေးမယူတာလား..တဲ့(ဟာဂျူလီ-ကသာ)


၂၅၊၁၁၊၁၃ရက်နေ့ နေ့လည် (၁၂)နာရီ (၄၀)မိနစ်က ကျွန်တော်တို့ မီဒီယာရုံးကို ကသာမြိုနယ်၊မင်းလယ်ရွာမှ ဒေါ်မာမာအေးနှင့် ကလေးမလေးတစ်ဦး ရောက်ရှိလာပြီး
တူမဖြစ်သော ဒဿမတန်းကျောင်းသူတစ်ဦး၏ သင်လက်စဖြစ်သော ကျောင်းစာအုပ်များနှင့် အ၀တ်အစားများကို ဘော်ဒါပိုင်ရှင်ဖြစ်သူမှ ပြန်မပေးသည့်အတွက် ကျောင်းဆက်တက်ရန်
ခက်ခဲနေကြောင်း၊ထိုဖြစ်စဉ်အပေါ် မြို့နယ်အုပ်ချုပ်ရေးမှူးထံစာတင်ထားခဲ့ သော်လည်း တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ပေးခြင်း မရှိသည့်အပေါ် ဘော်ဒါဆောင်ပိုင်ရှင်မှာ
NLD တိုင်းအမှုဆောင် ဖြစ်နေဖြင်ကြောင်းများလားဟု သံသယများ ဖြစ်နေရကြောင်း လာရောက်ပြောကြားခဲ့ပါသည်၊ ယခုလို ကျောင်းသူတစ်ယောက် စာဆက်လက်သင်ကြားခွင့် မရခဲ့ခြင်းအပေါ်
ကသာမြို့နယ် NLDဥက္ကဌ ထံလည်းလူကိုယ်တိုင် သွားရောက်တိုင်ကြားပြီးခဲ့သော်လည်း သူအနေနှင့် ထိုဆရာနှင့် ညှိ၍ မရကြောင်း ပြောဆိုခဲ့သည်ဟု ခဲ့ပါသည်၊ထိုဘော်ဒါဆောင်မှာ ကသာမြို့နယ်
ကျောက်ထုံးကြီးကျေးရွာတွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ဘော်ဒါတွင် ကျေးရွာNLD ဆိုင်းဘုတ်ထောင်ထားပြီး ပိုင်ရှင်ဆရာဖြစ်သူမှာလည်း NLDအဖွဲ့စစ်ကိုင်းတိုင်းဒေသကြီးကော်မီတီဝင်ဖြစ်ကြောင်း
ပြောဆိုချက်များအရ ကသာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးမြင့်ကြည်ထံ ဦးစွာ ဆက်သွယ်မေးမြန်းခဲ့ပါသည်၊
" သူတို့ လာတိုင်ကြတာဟုတ်ပါတယ်၊အဲဒီဆရာက တိုင်းဒေသကြီးကော်မီတီဝင်ဖြစ်နေတဲ့အပြင် NLDဆိုင်းဘုတ်လည်း ထောင်ထားပါတယ်၊ဒါကြောင့် ကျွန်တော်လည်း ဖုန်းဆက်ပေးပါတယ်၊
အဲဒီဆရာက ဒါဟာ NLDနဲ့မဆိုင်ဘူး၊သူ့ရဲ့ စီးပွားရေး အလုပ်သာဖြစ်တဲ့အကြောင်း ပြောပါတယ်၊ဒါနဲ့ ကျောင်းသူတွေရဲ့ အုပ်ထိန်းသူတွေ နောက်တစ်ခေါက်လာတော့ ခင်ဗျားတို့ သဘောအရသာ
ဆောင်ရွက်ပါ၊ကျွန်တော်ကတော့ ညှိလို့ မရဘူးလို့ ပြောပြလိုက်ပါတယ်" ဟုဆိုပါသည်၊
ထိုနောက် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထိုက်ထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ မိမိတို့ဆီ တိုင်စာရောက်လာကတည်းက မြို့နယ်ပညာရေးမှူးအား ထိုဖြစ်စဉ်အပေါ်အဖွဲ့ ဖွဲ့၍စစ်ဆေးရန်
ညွှန်ကြားထားပါကြောင်း၊ပညာရေးမှူးအနေဖြင့်လည်း ချောင်းဝတွင် ဆရာတစ်ဦးမှ နမ်းခိုင်းသည့် ပြဿနာအပေါ် စစ်ဆေးနေရသည့်အတွက် မအားလပ်သေး၍ မစစ်ဆေးရသေးသည် ဖြစ်နိုင်ကြောင်း၊
NLDကို ကြောက်၍ ဆက်မလုပ်ခြင်းမှာ မဟုတ်ပါကြောင်း၊ပညာရေးမှူးနှင့်အဖွဲ့မှ စစ်ဆေးတွေ့ရှိချက်ပေါ်မုတည်၍ ဥပဒေနှင့် ဆောင်ရွက်အရေးယူသွားမှာသာ ဖြစ်ကြောင်း" ပြောဆိုခဲ့ပါသည်၊
မြို့နယ်အုပ်ချုပ်ရေးမှူးထံ တိုင်ကြားချက် အကျဉ်းချုပ်မှာ ကျောက်ထုံးကြီးရွာရှိ ဆရာဦးကျော်စွာဝင်း ဦးစီးသော မျိုးစေ့မှန် စာသင်ဝိုင်းတွင် တူမဖြစ်သူမစပါယ်ပန်းအိလှိုင်ကို ညအိပ်ညနေ ကျောင်းအိပ်
ကျောင်းစား ထားခဲ့ပါကြောင်း၊(၁၀၊၁၁၊၁၃)ရက်နေ့ညနေ(၅)နာရီတွင် မိဘများမှ ကထိန်ပွဲသွားရန် မစပါယ်ပန်းအိလှိုင်နှင့် မလွင်မာမိုးတို့အား သွားခေါ်ခဲ့ကြောင်း၊(၈)နာရီ မထိုးခင် မိဘများအား လာခေါ်
ခိုင်းသဖြင့် စာနောက်ကျသည်ဆိုပြီး ကျောင်းသူ(၂)ဦးကို ဆရာဦးကျော်စွာဝင်းမှ တိုင်ကိုဖက်ခိုင်းပြီး (၃)လက်မပျဉ်ချောင်းဖြင့် (၅)ချက်ရိုက်နှက်ခဲ့ရာ (၃)ချက်မြောက်တွင် နာလွန်းသဖြင့် ဆက်လက်
အရိုက် မခံနိုင်တော့ကြောင်း ငို၍ ပြောဆိုရာ ခေတ္တအရိုက်ရပ်ပြီး နောက်(၂)ချက် ဆက်ရိုက်ပါကြောင်း၊အရိုက်ခံရသည့် နေရာမှာ နာကျင်လွန်းသဖြင့် ကျောင်းသူ(၂)ဦး တစ်ယောက်တင်ပါးကို တစ်ယောက်
ဆေးလူးပေးကြရကြောင်း၊ ထိုဖြစ်စဉ်အပေါ် အဒေါ်ဖြစ်သူဒေါ်မာမာအေးမှ လွန်ကျူးစွာရိုက်နှက်သည်ဆိုခါ ဘော်ဒါဆောင်မှ မစပါယ်ပန်းအိလှိုင်ပြန်ခေါ်ခဲ့ရာ ကျောင်းလခပေးမှသာ မစပါယ်ပန်းအိလှိုင်၏
စာအုပ်နှင့် အ၀တ်အစားသေတ္တာအားပြန်ပေးမည်ဆိုကြောင်း၊ နောက်နေ့ စာသင်ဝိုင်းလခ ကျန်ငွေ(၂၀၀၀၀)သွားပေးရာ နှစ်ကုန်အထိ ပေးရမည့်ငွေမှာ ကျပ်(၈၀၀၀၀)ဖြစ်ကြောင်း မပေးပါက
စာအုပ်နှင့် အ၀တ်အားသေတ္တာကို မပေးနိုင်ဟု ပြောလိုက်ကြောင်း ပါရှိပါသည်၊ထိုသို့စာအုပ်နှင့် အ၀တ်အစားသေတ္တာများ သိမ်းဆည်းထား၍ မစပါယ်ပန်းအိလှိုင်မှာ စာဆက်လက်သင်ကြားရေး
အခက်အခဲဖြစ်နေသောကြောင့် ၁၈ရက်နေ့ကတည်းက မြို့နယ်တာဝန်ရှိသူထံ အလျှင်အမြန်ဖြေရှင်းပေးနိုင်ရန် စာတင်ရခြင်း ဖြစ်ကြောင်း ပြောပြပါသည်၊
ထိုဖြစ်စဉ်အပေါ် ဥပဒေကျွမ်းကျင်သူတစ်ဦးမှ သုံးသပ်ပြောဆိုသည်မှာ " အရိုက်ခံရပြီးတဲ့အချိန် ရဲစခန်းမှာ အမှုဖွင့်ရင် ရတာပေါ့၊အခုချိန်မှ ဖွင့်ရင်တော့ ဆေးစာရဖို့ ခက်ခဲသွားသလို သက်သေကျောင်းသားတွေက
ဘော်ဒါဆောင်ကဆိုတော့ နည်းနည်းတော့ ခက်သွားတာပေါ့၊ဖွင့်လိုက်ပြီး မနိုင်ရင်ခက်မယ်၊ကလေးသူငယ်အက်နဲ့ဖွင့်ရင်တော့ ပိုထိရောက်မယ်ထင်ပါတယ်၊ဒီလိုဖြစ်စဉ်တွေဟာ မဖြစ်သင့်ပါဘူး၊" ဟုဆိုပါသည်၊
မြို့မိမြို့ဖတစ်ဦးကလည်း "NLD နဲ့ မဆိုင်ဘူးဆိုတာကတော့ မဟုတ်ဘူး၊ဆိုင်တာပေါ့၊ တိုင်းအမှုဆောင်တစ်ယောက်ဖြစ်တဲ့အပြင် ဘောဒါဆောင်မှာ ဆိုင်းဘုတ်လည်းထောင်ထားပြီးမှတော့ NLDနဲ့ မဆိုင်ဘူး ပြောလို့
ဘယ်ရပါ့မလဲ၊ဥပမာ ရဲအရာရှိတစ်ယောက်ဟာ အရပ်ဝတ်နဲ့ လူတစ်ယောက်ကို ထိုးတယ် ကြိတ်တယ်ဆိုရင် ရဲ အရာရှိထိုးတယ်ပဲ ပြောရမှာပေါ့၊ဒါအရပ်သားတစ်ယောက်အနေနဲ့ လုပ်တယ်လို့ ပြောလို့ ဘယ်ရပါ့မလဲ၊
ဒီတော့ ဒီဖြစ်စဉ်အပေါ်မှာ NLDကလည်း စစ်ဆေးအရေးယူသင့်တယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ကလေးသူငယ်အခွင့်အရေးဟာ (၁၆)နှစ်အောက်တွေ အားလုံးနဲ့ အကြုံးဝင်တယ်၊ဒါကတစ်ချက်၊နောက်တစ်ချက်က
ကျောင်းသူတစ်ယောက်ရဲ့စာအုပ်တွေ သိမ်းထားပြီး ပြန်မပေးတာဟာ သူမရဲ့ ပညာရေးရော ဘ၀နဲ့ပါဆိုင်တဲ့အတွက် သိပ်အရေးကြီးတယ်၊NLDက လုပ်နေတဲ့ ပညာရေး ပြုပြင်ပြောင်းလဲရေးတွေ၊လူငယ်တွေရဲ့
အခွင့်အရေး ကာကွယ်မှုတွေ၊အကြမ်းဖက်မှု တားဆီးရေးတွေနဲ့ ဖီလာဖြစ်နေတော့ ဒါဟာ NLDအနေနဲ့လည်း အရေးယူဆောင်ရွက်သွားသင့်ပါတယ် ၊ကျွန်တော်တို့ အားကိုးချစ်ခင်တဲ့ NLDကို
ဘာမဟုတ်တာနဲ့ အထိအပါး မခံနိုင်ပါဘူး၊" ဟု ဆိုသွားခဲ့ပါသည်၊(ဟာဂျူလီ-ကသာ)

ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်နှင့် လွှတ်တော် ဥက္ကဋ္ဌများနှင့် တွေ့ဆုံရန် မေတ္တာရပ်ခံစာ ပို့မည်ဟူသော ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး Voice Weekly က ကျွန်တော်ကို မှတ်ချက်တောင်းခဲ့ပါတယ်။ အဲဒီ မှတ်ချက်ကို သတင်းရေးတဲ့အခါ အခုလို သတင်းခေါင်းစဉ်တပ်ထားတာကို အွန်လိုင်းမှာဖတ်ရ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တွေ့ရန် မလိုဟု သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

နောက်တစ်ခါ သတင်းရဲ့ အစခြေဆင်းမှာလည်း အဲဒီသဘောအတိုင်းအခုလိုရေးသားထားပြန်ပါတယ်။

×××× ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တပ်မတော် ကာကွယ်ရေးဦးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်း စုကြည်တို့ တွေ့ဆုံရန် မလိုအပ်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်××

အဲဒီသတင်းခေါင်းစဉ်နဲ့ အဖွင့်စာသားဟာ ကျွန်တော်တကယ်ပြောခဲ့တဲ့ မှတ်ချက်စကား၊ အဲဒီစကားအတိုင်း သတင်းရဲ့ စာကိုယ် ထဲမှာ ဖော်ပြထားတာနဲ့ ကွဲလွဲနေပါတယ်။ Voice ရဲ့သတင်းစာကိုယ်မှာက အခုလိုဖော်ပြထားတာကို တွေ့နိုင်ပါ တယ်။

××× “လွှတ်တော်ထဲမှာ တပ်မတော်သားတွေ ရှိနေပြီပဲ။ လုံလောက်နေပြီလို့ ထင်ပါတယ်။ ကာချုပ်အနေနဲ့ တွေ့နိုင်မယ်၊ မတွေ့နိုင်ဘူးဆိုတာ အတိအကျ ပြောလို့ မရပါဘူး” ဟု ၎င်းက ပြောဆိုသည်။ ××

ကျွန်တော့်မှတ်ချက်စကားဆိုလိုရင်းက ရှင်းပါတယ်။ လွှတ်တော်ထဲမှာ တပ်မတော်သားကိုယ်စားလှယ်များ ရှိနေ ပြီဖြစ်တဲ့ အတွက် အခြေခံဥပဒေကိစ္စဆွေးနွေးဖို့လုံလောက်ပြီလို့ ( ကျွန်တော်အနေနဲ့ ) ထင်တယ်။ ဒါ့ကြောင့် ကာချုပ်အနေနဲ့ တွေ့၊ မတွေ့ အတိအကျမပြောနိုင်ဖူးလို့ ဆိုလိုတာပဲဖြစ်ပါတယ်။

ဒါပေမယ့် သတင်းခေါင်းစဉ်နဲ့ အဖွင့်ကိုပဲ ဖတ်လိုက်မယ်ဆိုရင် ကျွန်တော်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဖို့ မလိုဘူး လို့ယတိပြတ် ပယ်ချလိုက်တဲ့သဘောဖြစ်နေပါတယ်။ ဒါဟာ တနည်းအားဖြင့် လွဲမှားစွာ ကိုးကား ( ရေးသားလိုက်တယ်လို့ ယူဆပါတယ်။

မြန်မာသံတော်ဆင့်ကလည်း ဒီလိုမျိုး လွဲမှားကိုးကားပြီးခေါင်းစဉ်တပ်ခဲ့တဲ့အတွက် နိုဝင်ဘာ ၂၅ ရက်နေ့ ထုတ် Messenger ဂျာနယ်နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြန်ရှင်းရပါသေးတယ်။ အစိုးရ ၀န်ကြီးဌာနများက တာဝန်ရှိ သူတွေအနေနဲ့ မီဒီယာများနဲ့ ဆက်ဆံဖို့ နောက်တွန့်နေရတဲ့အကြောင်းအရင်းကို ကျွန်တော့်ကို မေးလာတဲ့ အခါတိုင်း လွဲမှားစွာ ကိုးကားရေးသားခံရမှာကို စိုးရိမ်မှုကလည်း အကြောင်းတစ်ခုဖြစ်တယ်လို့ ဖြေခဲ့ဖူးပါ တယ်။

သတင်းခေါင်းစဉ်နဲ့ အဖွင့်စာသားကို စာဖတ်သူစိတ်ဝင်စားအောင် ရေးသားရတယ်ဆိုတာနားလည်နိုင်ပါတယ်။ ဒါပေမယ့် တကယ်ပြောတဲ့ ဆိုလိုရင်းနဲ့ ကွဲလွဲမှုမရှိအောင် ဂရုစိုက်ပေးမယ်ဆိုရင်တော့ ကျင့်ဝတ်နဲ့လည်းညီ နှစ်ဘက်ပြောရဆိုရတာလည်းပိုကောင်းမယ်လို့ မျှော် လင့်မိပါတယ်။

Ye Htut

ကျပ်သိန်းတစ်ထောင်ဆိုသည်မှာ ပြည်သူ့ချွေးနည်းစာများမှ ရရှိသောအခွန်ငွေ နှင့် သယံဇာတများ ရောင်းချရာမှ ရရှိသော ငွေများ ပါဝင်နေသဖြင့် စာရင်းဇယားများထားရှိ၍ နိုင်ငံတော်အကျိုးဖြစ်ထွန်းမှုကိုသာ ဦးစားပေးကာ စနစ်တကျ အသုံးပြုသွားရန်လိုကြောင်း

ကျပ်သိန်းတစ်ထောင်ဆိုသည်မှာ ပြည်သူ့ချွေးနည်းစာများမှ ရရှိသောအခွန်ငွေ နှင့် သယံဇာတများ ရောင်းချရာမှ ရရှိသော ငွေများ ပါဝင်နေသဖြင့် စာရင်းဇယားများထားရှိ၍ နိုင်ငံတော်အကျိုးဖြစ်ထွန်းမှုကိုသာ ဦးစားပေးကာ စနစ်တကျ အသုံးပြုသွားရန်လိုကြောင်း ဝန်ကြီးဦးကျော်ဆန်း မှပြောကြား

(နေပြည်တော်သတင်း)

ကျပ်သိန်းတစ်ထောင်ဆိုသည်မှာ ပြည်သူ့ချွေးနည်းစာများမှ ရရှိသောအခွန်ငွေ နှင့် သယံဇာတများ ရောင်းချရာမှ ရရှိသော ငွေများ ပါဝင်နေသဖြင့် စာရင်းဇယားများ ထားရှိ၍ နိုင်ငံတော်အကျိုးဖြစ်ထွန်းမှု ကိုသာ ဦးစားပေးကာ စနစ်တကျ အသုံးပြုသွားရန်လိုကြောင်း
ဝန်ကြီးဦးကျော်ဆန်းမှပြောကြားလိုက်သည် ၊

လွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်များသို့ ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် မြို့နယ်တစ်မြို့နယ်လျှင် ကျပ်သိန်းတစ်ထောင်နှုန်းဖြင့် သုံးစွဲခွင့် ပြုလိုက်ခြင်း အပေါ်ဝန်ကြီးဦးကျော်ဆန်းမှ ပြောကြားခြင်းဖြစ်သည်ဟု သိရသည် ၊

ပြည်သူလုထုက ရွေးကောက်တင်မြှောက်ထားတဲ့ သူတွေဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဒီအချိန်မှာ လူမှန်နေရာ မှန် ရောက်လာတဲ့ သူတွေဖြစ်တယ်ဆိုတာ ပြသရမယ့် အချိန်ကောင်းပါပဲ ၊ ပိုက်ဆံကိုင် မသုံးရတဲ့ သူတွေက အခုလို ပိုက်ဆံကိုင်သုံးရတဲ့

နေရာရောက် သွားပေမယ့် အရောင်မပြောင်းသွားဘူး အမူအကျင့်တွေ မပြောင်းသွားဘူး ကျောသားရင်သားမခွဲခြားဘူး ပြည့်တဲ့အိုးထဲအတင်းဖြည့်နေတဲ့သူတွေမဟုတ်ဘူး စတဲ့ အဂတိကင်းတဲ့သူတွေဖြစ်ကြောင်း ပြသနိုင် ရပါမယ်၊ ပြည်သူတွေကလည်းမျက်စေ့ဒေါက်ထောက် စောင့်ကြည့်နေကြမှာပါ လို့လဲ ဦးကျော်ဆန်းက ဆက်လက်ပြောကြားသွားပါတယ် ၊

အရင်တုန်းက လွှတ်တော်ထဲထိုင် မူဝါဒ ပေါ်လစီ နဲ့ ဥပဒေတွေ ဆွေးနွေးနေရတဲ့သူတွေဟာ အခု ပြည်သူတွေကြားထဲ လက်တွေ့ကျတဲ့ ဆောင်ရွက်မှုတွေကို နှဖူးတွေ့ဒူးတွေ့ ဆောင်ရွက်ရတော့မှာဖြစ်လို့ တချို့နေရာတွေမှာ အပြောလွယ်သလောက်

အလုပ်ခက်တယ်ဆိုတာ တွေ့လာရတော့မှာဖြစ်တယ်လို့လည်း ဦးကျော်ဆန်းက သတိပေးပြောကြားသွားပါတယ် ၊

ငွေကိုင်သုံးပြီးဆိုကတည်းက စာရင်းရှိရမယ်လေ ၊ အသေးစိတ်ကို စာရင်းရှိရမှာ ၊ ခေါင်းစဉ်တပ်တာကောင်းရုံနဲ့ မရဘူး အလုပ်လည်းကောင်းရမယ် ၊ စာရင်းဇယားမှတ်တမ်းမှတ်ရာတွေနဲ့ တိတိကျကျထားရှိရမယ် ၊ ကိုယ်လုပ်တာ မှန်သလား မှားသလား အောင်မြင်သလား မအောင်မြင်ဘူးလား ဆိုတာကို လက်ညှိုးထိုးပြနိုင်ရမယ် ၊ တချို့ဟာတွေက ထိုင်ပြီးဝေဖန်ရတာ လွယ်သလောက် ကိုယ်တိုင် နှဖူးတွေ့ဒူးတွေ့ ထလုပ်ဖူးမှ ခက်ပါလားဆိုတာ သိမှာ ၊ ဒါအင်မတန်ကောင်းတဲ့ အစီအစဉ်ပါ ၊

(နေပြည်တော်မှ ရရှိသော သတင်းဖြစ်သည်)
Hawdeka Khalaylay

မန်းလေး ဘောလုံးဒိုင်မှာ နှစ်လောင်းပြိုင်လူသတ်မှုတရားခံများ ၂၄နာရီအတွင်းဖမ်းဆီးရမိ နိုဝင်ဘာ ၂၅


နိုဝင်ဘာ ၂၄ နေ့တစ်နာရီခန့်က မန်းလေး မဟာအောင်မြေမြို့နယ် စိမ်းပေါင်းရပ်ကွက်
၃၈-၃၉လမ်း၊၈၂-၈၃လမ်းကြားမှာ နာမည်ကြီးဘောလုံးဒိုင်ရှိ ၀န်ထမ်း၂ဦးကို ရက်ရက်စက်စက်
ဓါးနဲ့အချက်ပေါင်းများစွာဝင်ရောက်ခုတ်ခဲ့လို့ ၂လောင်းပြိုင်လူသတ်မှုဖြစ်ပေါ်ခဲ့ပါတယ်။
ဒီအပေါ်မှာ မြို့ပေါ်က လူတွေက စိတ်ဝင်တစားရှိနေ သုံးသပ်နေကြတာပါ
နေ့ခင်းကြောင်တောင်ဒီလောက်ရက်ရက်စက်စက်ဝင်ရောက်သတ်သွားတာဆိုတော့ မြို့ခံတွေ
စိတ်မှာစိုး၇ိမ်ပူပန်နေကြပါတယ်၊ခုတော့ ယင်းလူသတ်တရားခံတွေကို မဟာအောင်မြေမြို့နယ်
ရဲတပ်ဖွဲ့မှူးကိုယ်တိုင်ဦးစီးပြီး နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေက ကျိုးစားဖေါ်ထုတ်နိုင်ခဲ့ပါပီ
ယင်းလူသတ်သူတွေဟာရန်ငြိုးကြောင့်လို့သိရပါတယ် ၄င်းတို့ကတော့ ကျော်မျိုးလွင်၊ဦးလုံးဥသျှောင်ရပ်ကွက်နေသူနဲ့ လင်းလင်းထွန်း(ခ)ကိုလင်းတို့ဖြစ်ကြပါတယ်လို့သိရပါတယ်
ယင်းတို့ကို ဆက်လက်စစ်ဆေးမေးမြန်းနေပါတယ်။

အောင်မိုး

အသိမပေးဘဲလည်း ပြတ်နေတာပဲ Popular Myanmar News Journal

အသိမပေးဘဲလည်း ပြတ်နေတာပဲ
ညကဆို ဘောဂသိဒ္ဓိရပ်ကွက်မှာ တိုင်ပေါ်ပြီး ဘာမှသုံးမရဖြစ်နေတယ် .. နှစ်ခါသုံးခါရှိပြီ
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ နေပြည်တော်နယ်မြေအတွင်း
GSM/UMTS မိုဘိုင်းရေဒီယိုစခန်းများလိုင်းတိုးချဲ့ခြင်းအတွက်
ယာယီပြတ်တောက်မည့်အကြောင်းအသိပေး

နေပြည်တော်-နိဝင်ဘာ၂၆

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ နေပြည်တော်နယ်မြေအတွင်း
GSM/UMTS မိုဘိုင်းရေဒီယိုစခန်းများလိုင်းတိုးချဲ့ခြင်းအတွက်
ယာယီပြတ်တောက်ခြင်းနှင့်ခေါ်ဆိုရခက်ခဲခြင်းများဖြစ်ပေါ်နိင်သည့်
အကြောင်းအသိပေးချက်ယနေ့ထုတ်ပြန်သည်။

တက္ကသိုလ်နောက်ဆူံးနှစ်စာမေးပွဲဖြေခါနီးမှ ပုဒ်မ(၁၈)နဲ့ ထောင်ချခံလိုက်ရတဲ့ ကိုဒီငြိမ်းလင်း ကို စာမေးပွဲဖြေခွင့်ပေးဖို့ သူ့မိဘတွေက ပညာရေးဝန်ကြီးဋ္ဌာနကိုတောင်းဆိုသွားဖို့ရှိပါတယ်


ကိုဒီငြိမ်းလင်းက ရန်ကုန်အနောက်ပိုင်းခရိုင်တက္ကသိုလ်က ဘူမိဗေဒ အထူးပြုဘာသာရပ်နောက်ဆုံးနှစ်ကျောင်းသားပါ။ကိုဒီငြိမ်းလင်းကနောက်ဆုံးနှစ်စာမေးပွဲကို ဒီဇင်ဘာလ(၂)၇က်နေ့မှာဖြေရမှာပါ။

ကိုဒီငြိမ်းလင်းက (၂၀၀၇)ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့လို့ထောင် (၁၅)နှစ်ကျခံခဲ့ရပါတယ်။ဒါပေမဲ့ (၂၀၁၂) ခုနှစ်မှာ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာပါခဲ့လို့ ထောင်ထဲမှာ (၄)နှစ်ကျော်ပဲနေခဲ့ရပါတယ်။

အဲဒီကတည်းက တက္ကသိုလ်ထဲကနေ နိုင်ငံရေးလုပ်တယ်ဆိုပြီး စာမေးပွဲဖြေဆိုခွင့်ကို လည်းအပိတ်ခံလိုက်ရတာပါ။ဒီနှစ်(၂၀၁၃) ခုနှစ်မှာမှ ကျောင်းတတ်ခွင့်ပြန်ရခဲ့တာပါ။

အခုတော့ကိုဒီငြိမ်းလင်းက လက်ပံတောင်းအရေးနဲ့ ပက်သက်ပြီးရန်ကုန်မှာ ဆန္ဒဖော်ထုတ်မှုတွေကို ဦးဆောင်သူတစ်ယောက်အဖြစ်ပါဝင်ခဲ့လို့ ပုဒ်မ(၁၈)နဲ့ ကြည့်မြင်တိုင်၊အလုံ၊နဲ့ စမ်းချောင်းတို့က အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ် လတစ်ပေါင်းတည်းကျခံစေ ဖို့ အမိန့်ချလိုက်ပါပြီ။

Credit : Saw Phoe Kwar (ဒီနေ့တွေ့ရတဲ့ ကိုဒီငြိမ်းလင်းတို့မိသားစု)

Today Myanma

ပြန်လည်မျှဝေပေးပါတယ်.
လေးစားလျက်
Martin Swe

သူများနိုင်ငံမှာ မူရင်းဈေးနဲ့ဝယ်လို့ရတဲ့ မော်တော်ကားတွေကို ဒီနိုင်ငံမှာ အဆမတန်ဈေးကြီးပေးပြီးမှ စီးနိုင်အောင်လုပ်ထားတာဟာ ကိုယ့်နိုင်ငံသားတွေကို သူများနိုင်ငံသားတွေနဲ့ လူတန်းမစေ့အောင်လုပ်နေတာ လူတန်းစားကွာဟမှုကြီးအောင် လုပ်နေတာ ဟု ဦးခင်ညွန့် ပြောကြား


သူများနိုင်ငံမှာ မူရင်းဈေးနဲ့ဝယ်လို့ရတဲ့ မော်တော်ကားတွေကို ဒီနိုင်ငံမှာ အဆမတန်ဈေးကြီးပေးပြီးမှ စီးနိုင်အောင်လုပ်ထားတာဟာ ကိုယ့်နိုင်ငံသားတွေကို သူများနိုင်ငံသားတွေနဲ့ လူတန်းမစေ့အောင်လုပ်နေတာ လူတန်းစားကွာဟမှုကြီးအောင် လုပ်နေတာ ဟု

အင်တာဗျူးတွင် ဦးခင်ညွန့်မှပြောကြားလိုက်သည် ၊

ကိုယ်ကြည့်နေတယ်လေ ၊ ခေါင်းစဉ်က ဒီမိုကရေစီ ကိုပြောင်းသွားပြီသာဆိုတယ် လုပ်ရပ်တွေက ဒီမိုကရေစီလုံးဝမကျသေးတာတွေကိုတွေ့နေရတယ် ၊ ခုကားဈေးတွေကိုကြည့်လေ ၊ ကားဆိုတာမျိုးဟာ ဇိမ်ခံပြီးစီးတဲ့သူတွေရှိသလို လုပ်ငန်းလိုအပ်ချက်အရ

မဖြစ်မနေသုံးမှ ဖြစ်မှာမို့လို့ စီးနေရတဲ့သူတွေလည်း ရှိတာပဲ ၊ နယ်စပ်တွေမှာ ဆယ့်ငါးသိန်းလောက်ပေးရတဲ့ကားက ဒီမှာ သိန်းတစ်ရာလောက်ဖြစ်နေတယ် ၊ အခွန်တွေကို နိုင်ငံတော်အတွက် ပြန်သုံးနေပါတယ်လို့ ဘယ်လောက်ပြောနေပြောနေ

လောလောလတ်လတ်တော့ ကိုယ်နိုင်ငံသားတွေက သူများနိုင်ငံသားတွေထက် အောက်ကျနောက်ကျ ဖြစ်သွားတာအမှန်လေ ၊ လူတန်းမစေ့ဖြစ်သွားတာအမှန်လေ ၊

အဲတော့ဘာဆက်ဖြစ်သလဲ ၊ တစ်အိမ်ကို ကားတစ်စီး မိသားတစ်စုကို ကားတစ်စီး စီးနိုင်ဖို့တော်တော်ခက်သွားပြီ ၊ တစ်ဘဝလုံးကားတစ်စီးပိုင်နိုင်ဖို့ မမျှော်မှန်းရဲတဲ့ အခြေအနေကို အလိုလိုရောက်သွားပြီလေ ၊ တဖက်မှာတော့ အိမ်ထဲခြံထဲမှာ ကားအပြည့်နဲ့

ကားတွေပိုနေလို့ လမ်းမတောင် ထွက်ရပ်ထားရတဲ့သူတွေလည်း ပေါ်လာတာပေါ့ ၊ ဟုတ်တယ်လေ ၊ ကားကိုဝယ် စိတ်ကြိုက်စီးပြီး ပြန်ရောင်းရင် မြတ်တယ်ဆိုတာ ဒီနိုင်ငံမှာ ဈေးကွက်ကြီးတစ်ခုလို ဖြစ်နေတာကိုး ၊ လူတန်းစားကွာဟမှုတွေဖြစ်အောင်

လူတန်းစားကွာဟမှုတွေကြီးလာအောင် လုပ်နေတာလားလို့ မေးရမလိုတောင်ဖြစ်နေပြီ ၊

သူများနိုင်ငံက သုံးပြီးသား ကားတွေ တင်သွင်းပြီး အရောင်းအဝယ်လုပ်ငန်းလုပ်တာဟာ ဒီနိုင်ငံမှာ သူဌေးကြီးဖြစ်စေတဲ့ လုပ်ငန်းတစ်ခုလို့ ဖြစ်နေတယ်လေ ၊ ဒီလိုဖြစ်နေတဲ့ ဒီလိုဖြစ်နေအောင်တမင်ဖန်တီးထားတဲ့ ပတ်ဝန်ကျင်ကြီးက ဘယ်တော့များမှစစ်မှန်တဲ့

ဒီမိုကရက်တစ်ပတ်ဝန်းကျင် စစ်မှန်တဲ့ အိုးပန်းမားကတ်အီကော်နော်မစ် ပတ်ဝန်းကျင် ဖြစ်လာမှာတုန်း ဗျ ၊ ကိုယ်ပြောတာ မလွန်ဘူးထင်ပါတယ်နော် ၊

ဟန်းဖုန်းတန်ဖိုးတွေကိုလည်းကြည့်ပါအုံး ၊ တရားဝင်ထုတ်ဈေးက ၁၅၀၀ တဲ့ အပြင်ပေါက်ဈေးက တစ်သိန်းခွဲအောက်ထစ်ပဲ ၊ ကဲ ထုတ်ဈေး နဲ့ အပြင်ပေါက်ဈေးက အဆတစ်ရာကျော်ကွာနေတယ် ၊ အဲဒါ မားကတ်မှာ ဆပ်ပလိုင်း နဲ့ ဒီမန်း မမျှတာမဟုတ်ဘူး ၊

အနာနဲ့ဆေးနဲ့မတွေ့တာကိုပြနေတာ ၊ မားကတ်မှာ ဖုန်းတွေကို လိုက်ဝယ်ပြီး ပြန်ရောင်းတဲ့ ဈေးကွက်ကြီးတစ်ခု အလိုလိုဖြစ်လာတယ်လေ ၊ မဲပေါက်တဲ့ ဖုန်းတွေကို ပြန်ကောက်ပြီး ကြိုက်ဈေးခေါ်ပြန်ရောင်းတဲ့ ဈေးကွက်ကြီးတစ်ခုပေါ်လာတယ်လေ ၊ အခြေအနေအရ

အဲဒီဈေးကွက်ကြီး အလိုလို ပေါ်လာတာပေါ့ ၊ ဝယ်ရောင်းလုပ်မယ်ဆိုရင် အမြန်ပိုက်ဆံချမ်းသာစေတဲ့ဈေးကွက်ကြီးဖြစ်နေတာပေါ့ ၊ ဒါဈေးကွက်အစစ်မဟုတ်ဘူး ၊ စီမံခန့်ခွဲမှုမှားယွင်လို့ ဘေးထွက်ဆိုးဆိုးအဖြစ်ထွက်လာတဲ့ ပြယုဂ် ပဲ ၊

ဟန်းဖုန်းတွေကို ဆက်တိုက်ချပေးနေပါတယ်လို့ ဘယ်လောက်ပြောပြော အပြင်မှာ အခုလို အဆတစ်ရာကျော် ဈေးတွေကွာနေတာဟာ လူထုက အစိုးရဆောင်ရွက်ချက်ကို မယုံဘူးဖြစ်နေတာ ၊ အစိုးရပေးတဲ့ အာမခံချက်တွေကို လူထုက မယုံကြည်ဘူးဆိုတာပြနေတာပဲ

၊ နိုင်ငံရေးစကားနဲ့ပြောရင် အစိုးရဆောင်ရွက်ချက်တွေ မှားယွင်းနေတာ ကျရှုံးနေတာပေါ့ ၊
ဒါတွေက ကာလတိုမဟုတ်ပဲ ကာလရှည်ဖြစ်လာရင် တိုင်းပြည်တစ်ခုလုံးအောက်ကျနောက်ကျ ထပ်ဖြစ်သွားမယ် ၊ တိုင်းပြည်နစ်နာတယ်
၊ ဒါတွေက စီပွားရေး တက္ကသိုလ်က

ဆရာကြီး ဆရာမကြီးတွေကို တိုင်ပင်လိုက်ရင် သိနိုင်တာပဲလေ ၊ ပြင်လိုက်ရင်အလွယ်လေးဆိုပေမယ့် ရောဂါကျွမ်းသွားပြီးဆိုရင်တော့ အချိန်မီမှာမဟုတ်တော့ဘူး ၊ ဒါသိထားရမယ် ၊

(ဦးခင်ညွန့်က အင်တာဗျူးတွင်ဝေဖန် ပြောကြားသွားခြင်းဖြစ်သည်)
Source: Hawdeka Khalaylay

NLD မှ ဒေါက်တာမြတ်ဥာဏစိုး အခြေခံဥပဒေချိုးဖောက် ဟု ဆို Red Star News

ဒီရက်ပိုင်း အတွင်းမှာပဲ ပြည်ထောင်စုလွှတ်တော်ဥပဒေကို ပြင်ဆင်တဲ့အခါမှာ နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်ခွင့် အတော်များများကို ပြည်ထောင်စုလွှတ်တော်ကို ယူလိုက်ပြီ ဆိုပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးက ပြောကြားလိုက်တဲ့ သတင်းကို ဖတ်ရှုလိုက်ရပါတယ်။ ပြောဟန်ဆိုဟန်နဲ့ ပြောကြားသွားတဲ့ စကားလုံးတွေအရ ဘာကို ဆိုလို သလဲ ဆိုတာ ခန့်မှန်းရတော့ စိုးရိမ်ပူပန်မိပါတယ်။ လွှတ်တော်ရဲ့ အထက်မှာ မိုးကောင်းကင်ကြီးပဲ ရှိတယ် ဆိုတဲ့ စကားလို လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်၊ လွှတ်တော်ရဲ့ အာဏာကို ချဲ့ထွင်ကြပါ။ လက်ရှိသွားနေတဲ့ ဒီမိုကရေစီကို ပျက်ပြားစေမယ့်၊ အခြေခံဥပဒေကို ကျော်လွန်ရာ ရောက်စေမယ့် လုပ်ပိုင်ခွင့်တွေ ကိုတော့ မယူကြပါနဲ့ ဆိုတာကိုတော့ ထောက်ပြလိုပါတယ်။

ဥပဒေပြုရေးဟာ အုပ်ချုပ်ရေးအလုပ် လုပ်စရာ မလို ပါဘူး။ မြင်သလောက်ပြောရရင် ဥပဒေပြုရေးကိစ္စတွေက ခက်ခဲနက်နဲလှပြီး အပင်ပန်းခံရတာဖြစ်တဲ့ အတွက် အုပ်ချုပ်ရေးကို စောင့်ကြည့်တဲ့အလုပ်က ပိုပြီး လွယ်ကူသက်သာ တယ်လို့ ယူဆနိုင်ပါတယ်။ ဒီတော့ အုပ်ချုပ်ရေးနယ်ပယ်တွေကို ၀င်ရောက် စွက်ဖက်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ သမ္မတ လုပ်ပိုင် ခွင့်ထဲက ဘာတွေ ဘယ်လို ယူလိုက်သလဲ ဆိုတာ အတိအကျ မသိပေမယ့် အခြေခံဥပဒေက သမ္မတကို ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်တွေကို ယူမယ်ဆိုရင်တော့ ဒါဟာ အခြေခံဥပဒေကို ကျော်လွန်တာပဲ ဖြစ်ပါ တယ်။ အုပ်ချုပ်ရေးကရော အသာတကြည် လက်ခံ နိုင်မယ့် အလားအလာ မရှိပါဘူး။

မကြာသေးခင်ကပဲ သူရဦးရွှေမန်းက အရင်တုန်းက န၀တ၊ နယက ပုံစံမျိုး မူဝါဒ ချမှတ်ပေးပြီး အခုသမ္မတက အရင်တုန်းက ၀န်ကြီးချုပ်ပုံစံမျိုး အကောင်အထည်ဖော်ရမယ် ဆိုပြီး ပြောကြားခဲ့တဲ့ သတင်းကိုလည်း ကြားသိရတဲ့အခါ အံ့သြခြင်းကြီးစွာ ဖြစ်ရပါတယ်။ စနစ်ကို နားမလည်လို့များ ဒီလိုပြောရတာလား ဆိုတာကိုလည်း တွေးမိ ပါတယ်။ အဲဒီစနစ်က အာဏာသိမ်းအစိုးရအနေနဲ့ ရုပ်ပြအစိုးရကို ထားခဲ့တာ ဖြစ်ပါတယ်။ အခုသွားနေတဲ့ လမ်းကြောင်းက သမ္မတအုပ်ချုပ်ရေးစနစ် ပဲ ဖြစ်ပါတယ်။

(ဘုန်းအောင်)

ပုဒ်မ(၁၈)နဲ့ ပုံပျက်ပန်းပျက်ဒီမိုကရေစီ

ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တွေ့ရန် မလိုဟု သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြောကြား ရန်ကုန်၊ နိုဝင်ဘာ ၂၅


ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တပ်မတော် ကာကွယ်ရေးဦးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရန် မလိုအပ်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

လွှတ်တော်အတွင်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရှိနေသောကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ တွေ့ဆုံရန် မလိုအပ်ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်နှင့် လွှတ်တော် ဥက္ကဋ္ဌများနှင့် တွေ့ဆုံရန် မေတ္တာရပ်ခံစာ ပို့မည်ဟူသော ထုတ်ပြန်ချက်အပေါ် ၎င်းက အထက်ပါအတိုင်း တုံ့ပြန် ပြောကြားခဲ့ခြင်း ဖြစ်သည်။
“လွှတ်တော်ထဲမှာ တပ်မတော်သားတွေ ရှိနေပြီပဲ။ လုံလောက်နေပြီလို့ ထင်ပါတယ်။ ကာချုပ်အနေနဲ့ တွေ့နိုင်မယ်၊ မတွေ့နိုင်ဘူးဆိုတာ အတိအကျ ပြောလို့ မရပါဘူး” ဟု ၎င်းကပြောဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် အစိုးရအနေနှင့် လွှတ်တော်အတွင်း ပြင်ဆင်ခြင်းနှင့် ပြည်သူ့ဆန္ဒ ခံယူမည့် ကိစ္စနှစ်ခုအပေါ် ဥပဒေနှင့်အညီ တရားမျှတမှု ရှိစေရန် ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ၎င်းက သမ္မတကိုယ်စား ပြောကြားသည်။

နိုင်ငံခေါင်းဆောင်များ တွေ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံမှုကို ရှောင်လွှဲနေပါက ဒီမိုကရေစီ ယဉ်ကျေးမှုနှင့် နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ပုံရိပ်ကို ထိခိုက်စေမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဗဟိုကော်မတီဝင် ဦးမင်းသူက ပြောကြားသည်။

ဥပဒေ ပြင်ဆင်မှုနှင့် ပြောင်းလဲမှုများသည် လွှတ်တော် အတွင်းတွင် ညှိနှိုင်းရန် အခက်အခဲ ရှိနေမြဲ ဖြစ်သောကြောင့် လွှတ်တော် ပြင်ပတွင် ညှိနှိုင်း ဆွေးနွေးထားရန် လိုအပ်ကြောင်း ၎င်းကထပ်လောင်း ပြောဆိုသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်ထံမှ ပေးပို့လာသည့် မေတ္တာရပ်ခံစာ မရောက်ရှိ သေးသောကြောင့် သမ္မတအနေနှင့် တွေ့ဆုံမည့် အခြေအနေကို အတိအကျ ပြောကြား မရသေးကြောင်း ဦးရဲထွဋ်က ထပ်လောင်း ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အဆင်ပြေ ချောမွေ့စွာ ပြင်ဆင်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် လွှတ်တော် ဥက္ကဋ္ဌများနှင့် တွေ့ဆုံ ဆွေးနွေးရန် မေတ္တာရပ်ခံစာ ပို့မည်ဟု နိုဝင်ဘာ ၂၃ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

The Voice Weekly'

လေဖြတ်ထားခြင်းရှိမရှိ ဘယ်လိုသိနိုင်မလဲ

အသားကင်ဆိုင်တွင် အမျိုးသမီးတစ်ဦး ချော်လဲကျသည်။ ဖိနပ်အသစ်စီးလာ၍ ခြေချော်လဲကျတာပါဟုပင် သူမကပြန်ပြောလိုက်သေးသည်။ သူမကအ၀တ်အစားတွင် ကပ်နေသောဖုန်များကိုခါ၍ သန့်ရှင်းလိုက်ပြီး ပန်းကန်ပြားတစ်ချပ်ဆွဲကာ ညနေစာစားသည်။ သူမကိုကြည့်ရသည်မှာ တစ်ညနေလုံးအေးအေး ဆေးဆေး။
ညနေခြောက်နာရီရောက်တော့ သူမအမျိုးသားက အသားကင်ဆိုင်ကို ဖုန်းဆက်သည်။ ညနေခြောက်နာရီမှာ သူမဆုံးပါးသွားခဲ့သည်ဟူ၍။ ဆရာဝန်၏အဆိုအရ လေဖြတ်ခြင်းကြောင့် သူမလဲကျခဲ့ခြင်းဖြစ်ပြီး သုံးနာရီအတွင်း ဆေးရုံရောက်ရှိလာပါက အသက်မသေအောင် ကယ် ဆယ်နိုင်သည်ဟုဆိုသည်။
သို့ဆိုလျှင် အချိန်မီကယ်တင်နိုင်ရန် လူတစ်ဦးလေဖြတ်မဖြတ် ဘယ်လိုစမ်းသပ်သိရှိနိုင်မည်လဲ။ ဦးနှောက်နှင့် အာရုံကြောဆရာဝန်များက အဆင့် (၃) ဆင့်ပါဝင်သော စမ်းသပ်နည်းတစ်ခုကို တီထွင်ထားသည်။ အတိုကောက်အားဖြင့် STR ဟု မှတ်နိုင်သည်။
(၁) S – SMILE၊ လေဖြတ်မဖြတ်သိရှိနိုင်ရန် ဒဏ်ရာရသူကို ပြုံးခိုင်းပါ။

(၂) T – TALK၊ ၀ါကျတစ်ခွန်းကို သဒ္ဒါမှန်မှန်၊ ယုတ္တိကျကျပြောခိုင်းပါ (ဥပမာ။ ။ ယနေ့နေသာသည်)

(၃) R – RAISE BOTH ARMS၊ လူနာကို လက်နှစ်ဘက်လုံးမြှောက်ခိုင်းပါ။
အထက်ပါစမ်းသပ်မှု သုံးခုစလုံးအနက် တစ်ခုခုမလုပ်နိုင်ပါက ဆေးရုံချက်ချင်းပို့ပါ။ ထိုနည်းများနှင့် စမ်း၍ မသေချာပါက လူနာကိုလျှာထုတ်ခိုင်းပါ။ လျှာလိပ်နေလျှင်ဖြစ်စေ၊ လျှာတစ်ဖက်ဖက်သို့စောင်းနေလျှင်ဖြစ်စေ လေဖြတ်နေခြင်းဖြစ်နိုင်သည်။
အထက်ပါနည်းလမ်းများကို သိထားသူအနေနှင့် အခြားလူ (၁၀) ဦးကိုမျှဝေပေးပါက အနည်းဆုံး အသက်တစ်ချောင်းကို ကယ်တင်နိုင်မည်ဖြစ်ကြောင်း ဆရာဝန်များက တိုက်တွန်းထားသည်။

သီဟ
Health Updates Journal

ဖားကန့်မြို့မှ ပို့လာသော သတင်း

ယနေ့ ၁၂း၀၀ နာရီခန့်တွင် ဖားကန့်ဒေသ၊ နမ့်မော ၊ ကျောက်ကြီးကုန်းမော သို့ ကား ၆ စီးဖြင့် ရောက်ရှိလာပြီး ကျောက်တူးသမားများ၏ အစားအစာကို အ၀ လာစားပြီးနောက် လက်ကျန်များကို ဖျက်ဆီးသွားပေးကြပါသည်။

ကျောက်တူးသမား ၁၀၀ ကျော်ကိုလည်း ဖမ်းဆီးသွားပြီး မော်တော်ဆိုင်ကယ် အစီး ၅၀ ကျော်ကိုလည်း သိမ်းယူသွားပါသည်။ ကျန်ရှိသော မော်ဆော်ဆိုင်ကယ်များကိုလည်း သုံးစွဲ၍ မရအောင် ဖျက်ဆီးသွားပေးကြပါသည်။

သတင်းကြိုရ၍ အချိန်မီရှောင်တိမ်းနေသူများမှ အပ ထိုမော်တွင် နေထိုင်သော ကျန်ရှိသူများ အားလုံး၏ ပစ္စည်းများကို သယ်ယူသွားခြင်း၊ မနိုင်၍ ကျန်နေသော ပစ္စည်းများကို ဖျက်ဆီးသွားပေးခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

မည်သည့် တပ်မှ ဖြစ်ကြောင်းကို မသိရသေးသော်လည်း တပ်သား ၁၀၀ ကျော်နှင့် မြန်မာနိုင်ငံရဲများလည်း ပါဝင်ကြောင်း သိရသည်။ တပ်နှင့် ဦးဆောင်သူ စစ်ကြောင်းမှူးအမည်ကို စုံစမ်းဆဲဖြစ်ကြောင်း သတင်းပို့လာပါသည်။
____________________
Khin Htwe (25-11-2013)

ဂင်းနစ် စံချိန်တင်နိုင်ရန် ၁၅ နိုင်ငံဖြတ်သန်းလမ်းလျှောက်မည့် အိုင်ယာလန်နိုင်ငံသား မန္တလေးမြို့သို့ ခြေလျင်ခရီး ရောက်လာ =============================================== လှိုင်ထွေးအောင်


မန္တလေး ၊ နိုဝင်ဘာ ၂၄ ။ ။ အိုင်ယာ လန်နိုင်ငံမှ Mr. Mangan Nory သည် ခြေကျင်လမ်းလျှောက်ခြင်းဖြင့် ဂင်းနစ်စံချိန်တင်ရန် နိုင်ငံ ၁၅ နိုင်ငံကို တောက်လျှောက်ဖြတ် သန်းလမ်းလျှောက်လျက်ရှိရာ ၎င်း၏ မြန်မာနိုင်ငံအတွင်း လမ်း လျှောက်ခရီးစဉ်အဖြစ် နိုဝင်ဘာ ၂၃ရက်ညက မန္တလေးမြို့သို့ ရောက်ရှိလာကြောင်း သိရသည်။

Mr. Mangan Nory မှာ အသက် ၅၆နှစ်အရွယ်ရှိပြီး ၎င်း၏လမ်းလျှောက်ခရီးစဉ်ကို မိခင်အိုင်ယာလန်နိုင်ငံမှ စတင် ထွက်ခွာခြင်းဖြစ်သည်။ မြန်မာ နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံကို ခြေကျင်ခရီးဖြတ်သန်း လမ်းလျှောက်မည်ဖြစ်ရာ နိုဝင် ဘာ ၆ရက်တွင် ထိုင်းနိုင်ငံမှတစ် ဆင့် မြန်မာနိုင်ငံ မြဝတီမြို့သို့ ရောက်ရှိခဲ့သည်။ မြန်မာနိုင်ငံအ တွင်း ခြေကျင်လမ်းလျှောက်ခရီး စဉ်ကို မြဝတီမြို့မှ အိန္ဒိယနယ်စပ် တမူးမြို့အထိ သွားရောက်မည်ဖြစ် ရာ မန္တလေးကို မြို့ရွာပေါင်းများစွာ ဖြတ်သန်းရောက်ရှိလာခြင်းဖြစ်သည်။

''နေပြည်တော်ကနေ ရန် ကုန်-မန္တလေးကားလမ်းဟောင်း အတိုင်း မန္တလေးကိုလျှောက်လာ တာပါ။ မနေ့ညက မြစ်သားမြို့ နယ် သာလွန်ကျေးရွာအထိရောက် လာတယ်။ ဒီနေ့ နိုဝင်ဘာ ၂၃ရက် နံနက် ၆နာရီခွဲမှာ သာလွန်က စ ထွက်ပါတယ်။ မြန်မာနိုင်ငံအတွင်း နိုဝင်ဘာ ၆ရက်က ဒီဇင်ဘာ ၄ ရက်အထိ ၂၈ရက်တိုးဗီဇာနဲ့ လမ်း လျှောက်လာတာပါ။ ဒီနေ့အထိ ၁၆ရက် လမ်းလျှောက်ပြီးပြီ။ ၁၂ ရက်အတွင်း တမူးအရောက်သွား မှာပါ။ ကျွန်တော်တို့ ကူညီစောင့် ရှောက် မှု ပြုလုပ်ပေးနေပါတယ်'' ဟု ကမ္ဘာလှည့်ခရီးသည် များ စောင့်ရှောက်ရေး တပ်ဖွဲ့၊ မန္တလေး ဌာနခွဲမှ လိုက်ပါစောင့်ရှောက်သူ ဒုရဲအုပ်ကျော်မင်းက ပြောသည်။

Mr. Mangan Nory သည် ကမ္ဘာ့ဂင်းနစ်လမ်းလျှောက်စံချိန် တင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံပေါင်း၁၅နိုင်ငံ၊ ကီလို၅၃၀၀၀ ခရီး လမ်းလျှောက်မည်ဖြစ်ရာ ယခုအခါ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်းကိုးနိုင်ငံ၊ ကီလို၃၈၀၀၀ လမ်းလျှောက်ခဲ့ပြီးဖြစ်သည်။
Yangon Media Group

ရခိုင်ပြည်နယ် မောင်တောဈေးကြီးနှင့် သုံးမိုင်ရှိ ဗလီ အဖြစ် အသုံးပြုထားသော အဆောက်အဦး တစ်ခုတို့ နိုဝင်္ဘာလ ၂၃ ရက်နေ့ ညနေက မီးလောင်မူ ဖြစ်ပွားရာ

ရခိုင်ပြည်နယ် မောင်တောဈေးကြီးနှင့် သုံးမိုင်ရှိ ဗလီ အဖြစ် အသုံးပြုထားသော အဆောက်အဦး တစ်ခုတို့ နိုဝင်္ဘာလ ၂၃ ရက်နေ့ ညနေက မီးလောင်မူ ဖြစ်ပွားရာ ဖြစ်စဉ် နှစ်ခုမှာ အချိန် အနည်းငယ် အတွင်း ရှေ့ဆင့် နောက်ဆင့် ဖြစ်ပွား ခဲ့သော်လည်း မီးမှာ ရှို့မီး မဟုတ်ဘဲ ပေါ့ဆီမီးသာ ဖြစ်နိုင်ကြောင်း မောင်တော ခရိုင် ရဲမှူးကြီးက ပြောသည်။

“ ကျွန်တော်တို့ စစ်ဆေးနေပါတယ်။ ကျွန်တော်တို့ လက်ရှိ မြင်ရတာက ပေါ့ဆမီးလိုဘဲ ထင်ပါတယ်။ ဘယ်ရခိုင်မှလာ မရှို့သလို ဘယ်မွတ်ဆလင်ကလည်း အနီးအနားမှာ မရှိပါဘူး။ မီးလောင်ဆိုတဲ့ ဗလီဆိုတာကလည်း အမူ ဖြစ်နေတဲ့အတွက် ပစ်ထားတဲ့ ဗလီပါ။ သက်ကယ်မိုး၊ ထရံကာ အဆင့်ပါ။ ဆေးလိပ်မီးကနေ လောင်တဲ့ပုံစံပါ” ဟု မောင်တောခရိုင် ရဲမှူးကြီး ဦးရွှေသန်းက ပြောသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၊ မြို့မ အနောက်ရပ်ကွက်ရှိ မြို့မ စည်ပင်သာယာဈေးတွင် နိုဝင်္ဘာလ ၂၃ ရက်နေ့ ညနေ ၇ နာရီ ၁၅ မိနစ်တွင် မီးလောင်ခဲ့ပြီး ၎င်းနေ့ ညနေ ၉ နာရီခွဲခန့်တွင် မောင်တော သုံးမိုင်တွင် အမူဖြစ်၍ ပစ်ထားသော ဗလီပျက်တစ်လုံး မီးလောင်ခဲ့သည်ဟု သိရသည်။

မောင်တော မြို့မဈေးမီးမှာ ဆိုင်ခန်းပိုင်ရှင် အဘူဘော်ကော် ပိုင်ဆိုင်သော ဆိုင်ခန်းအမှတ် (၂)ဘီ- ၁၁/၁၂၊ အလှကုန်နှင့် ဖိနပ်ဆိုင်တို့မှ မီးစတင်လောင်ကျွမ်းခဲ့ပြီး ဆိုင်ခန်း (၂) ခန်း မီးထဲ ပါသွားခဲ့သည်။ ပျက်စီးဆုံးရှုံးမူ ပမာဏမှာ ကျပ် (၁၀) သိန်းဖိုးခန့် ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရ တာဝန်ရှိသူများက ပြောသည်။

မောင်တောသုံးမိုင် ဗလီမီးလောင်မူ အတွင်း လူသူမနေဘဲ ဗလီအဖြစ် အသုံးပြုထားသော သက်ကယ်မိုး၊ ၀ါးထရံကာ အဆောင် တစ်ခု မီးထဲပါသွားခဲ့သည်။

သို့သော်လည်း နိုင်ငံတကာတွင် ရခိုင် လူမျိုးများကို အပုတ်ချလိုသူ တစ်စုက သာသာရေး လူမျိုးရေး ပဋိပက္ခ ဖြစ်ပွားစေရန် ရည်ရွယ်ပြီး ရခိုင် ၃၀၀ ခန့်က ၎င်းဗလီအား ၀င်ရောက် တိုက်ခိုက်ကြောင်း သတင်းများ မဟုတ်မမှန်ရေးသားကာ ၀ါဒဖြန့် နေကြကြောင်း သိရသည်။

“ ဘယ်ရခိုင်မှ လာမရှို့ပါဘူးဗျာ။ ဒါက သက်သက် ပြဿနာကို မကျယ်ရင် ကျယ်အောင်ချဲ့နေတဲ့သူတွေက လုပ်နေတာပါ။ ဘယ်ရခိုင်မှ ဒီအချိန်မှာ မီးလာရှို့ဖို့ဆိုတာ မဖြစ်နိုင်ဘူး” ဟု ရဲမှူးကြီးက ဆိုသည်။

မောင်တော ဒေသခံ ရခိုင်များကမူ အိုအိုင်စီ ကိုယ်စားလှယ်များကို ရခိုင် လူမျိုးများက စစ်တွေနှင့် မောင်တောတွင် ဆန္ဒပြကန့်ကွက်သဖြင့် မကျေနပ်သူ ဘင်္ဂလီ အစွန်းရောက် အချို့မှ ပြဿနာ ပိုမို ကြီးထွားလာစေရန် ရည်ရွယ်ပြီး အကွက်ကျကျ စီစဉ်ပြီး မီးရှို့ခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

မောင်တောခရိုင် ရဲမှူးကြီး ဦးရွှေသန်းကမူ ရခိုင်နှင့် မွတ်ဆလင်များ တစ်ဘက်နှင့် တစ်ဘက် စွပ်စွဲချက်များကို ပယ်ချပြီး ပေါ့ဆီမီးကြောင်း ဈေးကြီးနှင့် ဗလီ မီးလောင်ခြင်းသာ ဖြစ်နိုင်ကြောင်း ဆက်လက် ပြောဆိုသည်။

ယခုမီးလောင်သည်ဆိုသော ဗလီသည် ယခင်အင်္ဂလိပ်ခေတ်က အသုံးပြုခဲ့သော မီးရထား ဘူတာရုံဟောင်း တစ်ခု ဖြစ်ပြီး ယင်းအထဲတွင် လက်မှတ်ရောင်းသည့် ရုံအဟောင်း တစ်ခုပင် ရှိသေးသည်ဟု မောင်တော ဒေသခံ တစ်ဦးက ဆိုသည်။

၎င်းဘူတာရုံ အဟောင်းအား ၂၀၀၂ – ၂၀၀၃ ခုနှစ်က ၀န်းကျင်က မောင်တောတွင် တာဝန်ကျခဲ့သူ ထောက်လှမ်းရေး (၁၈) မှ ဗိုလ်မှူး ၀င်းမြင့်မှ ကျပ်ငွေ (၄၅) သိန်းဖြင့် မွတ်ဆလင် စီးပွားရေး သမား တစ်ဦးကို ရောင်းချခဲ့ပြီး ယင်းနောက်ပိုင်းတွင် အမူ ဖြစ်နေသဖြင့် ဗလီအဖြစ် အသုံးပြုထားသည်ဟု သိရသည်။
IBlogger Myanmar

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ပထမဆုံးအကြိမ် နိုင်ငံတော်ခရီးစဉ်အဖြစ် ဖိလစ်ပိုင်နိုင်ငံကို ရှေ့တပတ်ထဲ သွားရောက်ဖို့ စီစဉ်ထားပါတယ်

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ပထမဆုံးအကြိမ် နိုင်ငံတော်ခရီးစဉ်အဖြစ် ဖိလစ်ပိုင်နိုင်ငံကို ရှေ့တပတ်ထဲ သွားရောက်ဖို့ စီစဉ်ထားပါတယ်။ အရပ်သား အစိုးရရဲ့အကြီးအကဲတဦးအနေနဲ့ ပထမဆုံးအကြိမ် သွားမယ့်ခရီးစဉ် အတွင်းမှာတော့ ၂ နိုင်ငံကြား ကိစ္စရပ်တွေသာမက ဒေသတွင်း ကိစ္စတွေကိုပါ ဆွေးနွေးနိုင်ဖို့ မျှော်လင့်ထားတဲ့အကြောင်းလည်း နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မအင်းကြင်းနိုင်က တင်ပြပေးထားပါတယ်။

သမ္မတဦးသိန်းစိန်ဟာ ဖိလစ်ပိုင်နိုင်ငံကို ဒီဇင်ဘာ ၄ ရက်ကနေ ၆ ရက် အထိ လာရောက်မှာဖြစ်တယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနရဲ့ တနင်္လာနေ့ ထုတ်ပြန် ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ၂၀၁၄ ခုနှစ်မှာ အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်မယ့် သမ္မတ ဦးသိန်းစိန်အစိုးရအတွက် ဒီဖိလစ်ပိုင်ခရီးစဉ်မှာ ထူးခြားမှုတွေ ရှိနေပါတယ်။ အထူးသဖြင့် တောင်တရုတ်ပင်လယ် ရေပြင်ပိုင်နက်နဲ့ ပတ်သက်လို့ တရုတ်နဲ့အာဆီယံ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို မြန်မာအနေနဲ့ အာဆီယံဥက္ကဋ္ဌဖြစ်လာမယ့်အချိန်မှာ စတင်ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ ရှိတယ်လို့ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

“ဖိလစ်ပိုင်ကလည်း ကျနော်တို့နိုင်ငံရဲ့ အာဆီယံဥက္ကဋ္ဌရာထူး တာဝန်ပေးအပ်ဖို့ ထောက်ခံပါတယ်။ ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း အသင့်ရှိပါတယ်။ နောက်တစ်ခုကတော့ ကျနော်တို့ ဥက္ကဋ္ဌရာထူးလက်ထက်မှာ ဆက်ပြီးတော့မှ ဆွေးနွေးရမယ့် ဒေသဆိုင်ရာကိစ္စတွေ ရှိတာပေါ့။ ဥပမာဆိုပါတော့- တောင်တရုတ်ပင်လယ်နဲ့ပတ်သက်ပြီးတော့မှ ကျနော်တို့ အာဆီယံနဲ့ တရုတ်နိုင်ငံကြား လိုက်နာဆောင်ရွက်ရမယ့် အခြေခံစည်းမျဉ်းတွေနဲ့ ပတ်သက်လို့ ဆွေးနွေးမယ့်ကိစ္စမျိုးတွေကတော့ ကျနော်တို့ ဥက္ကဋ္ဌတာဝန်ယူတဲ့အချိန်မှာ စရမယ့် သဘောမျိုး ရှိတယ်လေ။ ဒီလိုကိစ္စမျိုးတွေအတွက်လည်း ကျနော်တို့ အမြင်ချင်းဖလှယ်နိုင်တာပေါ့။”

ဒါ့အပြင် သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်အတွင်း စိုက်ပျိုးရေးနဲ့ ခရီးသွားလားရေး လုပ်ငန်းတွေမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကို အဓိကထား ဆွေးနွေးဖို့လည်း ရှိတယ်လို့ ဦးရဲထွဋ်ကဆိုပါတယ်။

“အဓိက-ကတော့ ကျနော်တို့က အများဆုံးရည်မှန်းတာတော့ လယ်ယာစိုက်ပျိုးရေးကဏ္ဍပေါ့။ နောက် ခရီးသွားလုပ်ငန်းကဏ္ဍ။ အဲဒါမျိုးတွေမှာတော့ ကျနော်တို့ ပိုပြီးတော့ မျှော်မှန်းထားတာပေါ့။ ဖိလစ်ပိုင်မှာတော့ လယ်ယာစိုက်ပျိုးရေးကဏ္ဍက တော်တော် ဖွံ့ဖြိုးတိုးတက်နေတာကိုး။ အဲဒါမျိုးတွေလည်း ကျနော်တို့ လေ့လာဖို့ မှန်းထားတယ်။ ကျနော်တို့ ရင်းနှီးမြှုပ်နှံဖို့တော့ အဲဒါတွေ ဆွေးနွေးဖို့ ရှိပါတယ်။”

ဒီနှစ်ဇွန်လတုန်းက နေပြည်တော်မှာကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးညီလာခံမှာ ဖိလစ်ပိုင်သမ္မတ အကီနိုနဲ့ သမ္မတဦးသိန်းစိန်တို့နှစ်ဦး တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေးအတွက် ဆွေးနွေးခဲ့ကြတာပါ။

ဖိလစ်ပိုင်နိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်တွေက တိုက်ခတ်ခဲ့တဲ့ ဟိုင်ယန် တိုင်ဖွန်မုန်တိုင်းသင့် ဒုက္ခသည်တွေအတွက် မြန်မာအစိုးရကနေ အမေရိကန်ဒေါ်လာ တစ်သိန်းနဲ့ ကူညီကယ်ဆယ်ရေး ပစ္စည်းတွေကို ထောက်ပံ့ကူညီပေးခဲ့တယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

“ဖိလစ်ပိုင်မှာ ပြီးခဲ့တဲ့ တိုင်ဖုန်းမုန်တိုင်းမှာ ဘေးဒုက္ခခံခဲ့ရတဲ့ပြည်သူတွေအတွက် ကျနော်တို့အစိုးရကနေပြီးတော့ ငွေသားလှူပါတယ်။ ပြီးလို့ရှိရင် ကျနော်တို့ တပ်မတော်ကလည်း လေယာဉ်ပျံတစ်စီးနဲ့ ရေသန့်ဗူးတွေ၊ ဆေးဝါးတွေ၊ နောက် အစားအသောက်တွေ သွားပြီးတော့မှ ပို့ဆောင်ပေးခဲ့ပါတယ်။ ဒီဘက်က တပ်မတော်အရာရှိတွေ လိုက်သွားပြီးတော့ ဖိလစ်ပိုင်ကလည်း တပ်မတော်က အကြီးအကဲက လက်ခံပြီးတော့ ယူခဲ့ကြပါတယ်။ ကျနော်တို့က အစိုရချင်း ဆက်ဆံရေးရော- တပ်မတော်ချင်းဆက်ဆံရေးရော ကောင်းမွန်တဲ့ အနေအထားမှာ ရှိပါတယ်။ ဒါကို ပိုပြီးတော့ တိုးမြှင့်နိုင်မှာပေါ့။”

၂၀၀၅ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံကို အရင် နအဖ စစ်အစိုးရလက်ထက် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်းက နောက်ဆုံး သွားရောက်ခဲ့တာပါ။ ဖိလစ်ပိုင်နဲ့မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်သွယ်ရေးကို ၁၉၅၆ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာဆိုရင် နှစ် (၆၀) ပြည့်မှာဖြစ်ပါတယ်ရှင်။

အင်ကြင်းနိုင် (ဗွီအိုအေ)

၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဝင်ကြေးကို ကျပ်သုံးသိန်းဖြင့် ပြင် ဆင်သတ်မှတ်ပေးလိုက်ကြောင်း

၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဝင်ကြေးကို ကျပ်သုံးသိန်းဖြင့် ပြင် ဆင်သတ်မှတ်ပေးလိုက်ကြောင်း နိုဝင်ဘာ ၂၂ရက်ကပြုလုပ် သည့် ပြည်ထောင် စုရွေးကောက်ပွဲကော် မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ ဆုံပွဲမှ သိရသည်။

သို့သော် ပါတီများ၏မကျေ နပ်မှုများ အတွက် စစ်ဆေးတိုင် ကြားမှုအတွက် သတ်မှတ်ထား သည့် ငွေကျပ် ၁ဝသိန်းကိုမူလျှော့ ပေးမည် မဟုတ်ကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်ဥက္ကဋ္ဌ ဦးတင်အေးကပြော ကြားလိုက်သည်။

နိုဝင်ဘာ ၂၂ရက်က အမေ ရိကန်အခြေစိုက် ရွေးကောက်ပွဲဆိုင်ရာဖောင်ဒေး ရှင်း တစ်ခုနှင့် ပူးပေါင်းလုပ်ဆောင် သည့် ရွေး ကောက် ပွဲကော်မရှင် မဟာဗျူဟာ စီမံချက်ဆွေးနွေးပွဲတွင် ဥက္ကဋ္ဌက ပြောခဲ့ခြင်းဖြစ်သည်။

ကိုယ်စားလှယ်လောင်း ယှဉ် ပြိုင်သူ၏ ပေးသွင်းရသည့် ယခင် ငွေကျပ် ငါးသိန်းမှ ယခု သုံးသိန်း ပြင်ဆင်ခြင်းနှင့် ပတ်သက်ပြီး ကော် မရှင်ဥက္ကဋ္ဌက ''အခုသုံးသိန်းကို လျှော့ချပေးထားတယ်။ နိုင်သူကို ပြန်ပေးမယ်။ မဲရလဒ်က ရှစ်ပုံတစ် ပုံရှိရင်လဲပြန်ပေးပါမယ်''ဟု ဥက္ကဋ္ဌ ကပြောသည်။

''ကန့်ကွက်လွှာနဲ့ပတ်သက် တာကိုတော့မလျှော့ပါဘူး''ဟု ရွေး ကောက်ပွဲ အငြင်းပွားမှုများအ တွက်သတ်မှတ်ငွေ ကျပ် ၁ဝသိန်း နှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီ များကို ယင်းက ဆက်လက်အ သိပေး သည်။

ရွေးကောက်ပွဲဝင် ရောက်ယှဉ်ပြိုင်မည့် ကိုယ်စား လှယ်များ၏ သတ်မှတ်ချက်များ မှရရှိလာသည့် ငွေကြေးများကို ကော်မရှင်က နိုင်ငံတော်ကိုပေး သွင်းသွားမည်ဖြစ်ကြောင်း သိရ သည်။
အဆိုပါဆွေးနွေးပွဲပြုလုပ် ရခြင်းသည် ရွေးကောက်ပွဲကော် မရှင်၏ နည်းဥပဒေပြဋ္ဌာန်းမှုအ တွက် ဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။

Myanmar Express

နောင်ချိုနှင့် ရွှေညောင်လမ်းစီမံကိန်း နောင်ချိုဘက်လမ်းပိုင်း ပြီးစီးတော့မည်

နောင်ချိုမြို့နယ်နှင့်ရှမ်းပြည်နယ်တောင်ပိုင်း ဆက်သွယ် ထားသော နောင်ချို-တောင်းခမ်း-ကျောက်ဂူ-အင်းတော်-ရပ်စောက်-ရွှေညောင်-လမ်းစီမံကိန်းတွင် နောင်ချိုမြို့ဘက်
အခြမ်းမှ တာဝန်ယူထားသော နောင်ချိုဒုဋ္ဌ၀တီ လမ်းပိုင်းသည်
ပြီးစီးရန် (၂)မိုင်ခန့်သာ လိုတော့ကြောင်း နောင်ချိုဆောက်လုပ်ရေး
လုပ်ငန်းတာဝန်ရှိသူများထံမှ သိရှိရသည်။

အဆိုပါလမ်းစီမံကိန်းအားလုံး ပြီးစီးပါက နောင်ချိုမြို့နှင့် ရှမ်းပြည်နယ် တောင်ပိုင်းအား (၁၅၇)မိုင်
အတိုဆုံးလမ်းဖြင့် သွားလာနိုင်တော့မည် ဖြစ်သည်။

“ကျွန်တော်တို့လမ်းပိုင်းက ပြီးဖို့(၂)မိုင်ပဲကျန်တော့တယ်၊
အင်းတော်နဲ့ ရပ်စောက် လမ်းပိုင်းကို လမ်းအထူးအဖွဲ့ကနေ
လုပ်နေပါတယ်။ ၂၀၁၄ နှစ်ဦးပိုင်းမှာ လမ်းပိုင်းပြီးသွားနိုင်ပါတယ်”
ဟု နောင်ချိုမြို့ ဆောက်လုပ်ရေးလုပ်ငန်း လက်ထောက် အင်ဂျင်နီယာက ပြောသည်။

ယင်းသို့ လမ်းပိုင်းပြီးစီး သွားပါက နောင်ချိုမြို့မှာ
စီးပွားရေးအရ လမ်းပမ်းဆက်သွယ်မှု အချက်အခြာကျသော မြို့(၁)မြို့ဖြစ်လာနိုင်ကြောင်း ဒေသခံများမှသုံးသပ်ပြောသည်။
လက်ရှိတွင် တောင်ပိုင်းမှ ကုန်တင်ကားများ သွားလာမှု ရှိနေပြီ ဖြစ်ကြောင်း ဒေသခံများမှ ပြောသည်။

“တောင်ပိုင်းက ကုန်ကားတွေ ဒီလမ်းကနေ မူဆယ်ဘက် သွားတာမျိုးရှိနေပါပြီ။ တောင်ပိုင်း မြောက်ပိုင်းလမ်း
ပြီးသွားရင်တော့ ကားတွေပိုပြီး သွားလာကြတော့မယ်။ အဲ့ဒီအချိန်ဆိုရင်တော့ မြို့က ပိုပြီးတော့
စည်ကားလာနိုင်ပါတယ် ” ဟု နောင်ချိုမြို့ တောင်ရပ်ကွက်တွင်
နေထိုင်သူ ဒေသခံတစ်ဦးမှ ပြောသည်။

နောင်ချိုမြို့နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ရွှေညောင်မြို့
လမ်းပိုင်း ပြီးစီးသွားပါက ရွှေညောင်မြို့မှတဆင့်
တောင်ကြီးမြို့သို့ (၁၅၇)မိုင် ဖြင့် လွယ်ကူစွာ
သွားလာနိုင်တော့မည်ဖြစ်သည်။

စိုင်းကံသာ(လားရှိုး)

ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပမည့် ရန်ကုန်မြို့တွင်း ၅ နေရာတွင် အင်တာနက်စတင် သုံးစွဲနိုင်ပြီဖြစ်


ဆီးဂိမ်းစ်ပြိုင်ပွဲကာလအတွင်း ရန်ကုန်မြို့ရှိ ပြိုင်ပွဲကျင်းပမည့် နေရာ၅
နေရာတွင် နိုဝင်ဘာလဒုတိယအပတ်မှ စတင်ပြီး အင်တာနက် သုံးစွဲနိုင်နေပြီ
ဖစ်ကြောင်း Red Link ကုမ္ပဏီမှ မန်နေဂျာတစ်ဦးဖြစ်သူ ဦးမျိုးမြင့်ညွန့်က
Tech Space သို့ပြောကြားသည်။

ဦးမျိုးမြင့်ညွှန့်က "နိုဝင်ဘာလ ဒုတိယအပတ်မှာ Wi Fi ပေးနိုင်ဖို့ ဆောင်ရွက်ခဲ့တယ်။ အခု ရန်ကုန်မှာ ပြိုင်ပွဲပြုလုပ်မယ့် နေရာ
၅ နေရာစလုံး သုံးလို့ရနေပြီ" ဟု Tech Space ၏ မေးမြန်းမှုကိုဖြေကြားခဲ့
သည်။

Red Link မှာ ရန်ကုန်မြို့ရှိပြိုင်ပွဲကျင်းပမည့် သုဝဏ္ဏအားကစားရုံ၊ မြောက်ဒဂုံ သေနတ်ပစ်ကွင်း ၊သိမ်ဖြူ အားကစားရုံ၊
နှင့် MCC ခန်းမတို့တွင် အင်တာနက် Wi Fi အခမဲ့ ဝန်ဆောင်မှုပေးသွား
မည်ဖြစ်သည်။ Red Link ကုမ္ပဏီမှာ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၊ ရွှေသံ
လွင် ကုမ္ပဏီတို့နှင့် အတူ ဆီးဂိမ်းစ် ပြိုင်ပွဲ၌ အင်တာနက် Wi Fi အခမဲ့ ဝန်
ဆောင်မှုပေးရန်အတွက် လုပ်ကိုင်ခွင့် ရရှိထားသော ကုမ္ပဏီဖြစ်ပြီး ဆီးဂိမ်းစ်
ပြိုင်ပွဲ၏ တရားဝင် Web Site ကိုလည်း Red Link မှတာဝန်ယူလွှင့်တင်ပေး
ခဲ့ခြင်းဖြစ်သည်။

ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရန်ကုန်မြို့ ၌ အားကစားနည်း ၇ မျိုး လက်ခံကျင်း
ပသွားမည်ဖြစ်ပြီး အမျိုးသား ဘောလုံးအုပ်စုပွဲစဉ်များ ၊ ကမ်ပိုအားကစားနည်း၊ နပန်းအားကစားနည်း၊ သေနတ်ပစ်၊ အလေးမ၊ ကာယဗလ၊ ဟော်ကီအားကစားနည်းတို့ ပါဝင်မည်ဖြစ်သည်။

---------------------------------

အေဝမ်း

---------------------------------

Who will be Miss International 2013? မှာ မြန်မာမှတပါး အခြားမရှိကြောင်း မြန်မာ့ကိုယ်စားပြု ဂုဏ်ရည်အေးကျော်အားVote ခြင်းဖြင့် အားပေးကူညီကြပါ..


လာမယ့် ဒီဇင်ဘာလ ၁၇ရက်နေ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ Miss International Beauty Pageant 2013အတွက် မြန်မာကိုယ်စားပြု ဂုဏ်ရည်အေးကျော်ဟာ ဒီဇင်ဘာလ (၂)ရက်နေ့မှာ ဂျပန်နိုင်ငံသို့ ရောက်ရှိလာမှာ ဖြစ်ပါတယ်..။ အဆိုပါ ပြိုင်ပွဲနောက်ဆုံးနေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၁၇ရက်နေ့မှာတော့ တိုကျို မြန်မာသံရုံးရှိရာ မြို့ဖြစ်တဲ့ Shinagawa Prince Hotel Hallမှာ ကျင်းပမှာဖြစ်တဲ့ အတွက် ဂျပန်နိုင်ငံရောက် မြန်မာမိသားစုများမှ မြန်မာဝတ်စုံများနဲ့ မြန်မာနိုင်ငံ ကိုယ်စားပြု သင်္ကေတများ ကိုင်ဆောင်ကာ ပြိုင်ပွဲ ကျင်းပရာ အတွင်းအပြင်မှ သွားရောက် အားပေးကြမှာ ဖြစ်ပါတယ်..။

ယခုလက်ရှိ အွန်လိုင်း Vote နှစ်ခုထားရှိပြီး
ပထမတခုဖြစ်တဲ့ Who deserves the crown? (သရဖူနဲ့ ထိုက်တန်သူ)
ဆိုတဲ့နေရာမှာတော့ ယခင်အကြိတ်အနယ် ဖြစ်နေတဲ့ ဂျီဘရော်တာ နိုင်ငံမယ်ကို မြန်မာတွေရဲ့ မျိုးချစ် တန်ခိုးနဲ့ မဲပေါင်း ၁သောင်း၎ထောင်ကျော် အသာနဲ့ ရာဇဝင်ထဲမှာ ထားခဲ့နိုင်ခဲ့ပါပြီ။
(မှတ်ချက် Page ကို Liked လုပ်ပြီး တနေ့ (၅)ကြိမ်Voteနိုင်ပါတယ်.. https://apps.tradablebits.com/tb_app/349344လင့်ခ်)

သို့ပေတည့်
နောက် Vote တခုဖြစ်တဲ့ https://apps.tradablebits.com/tb_app/349344
Who will be Miss International 2013? မှာတော့ ယမန်နေ့များက ဖိလစ်ပိုင်နိုင်ငံသူက ဦးဆောင်နေပြီး ယနေ့မှာတော့ မျိုးချစ်မြန်မာများရဲ့ ကြိုးစားအားပေးမှုကြောင့် မြန်မာ ၃၆ရာခိုင်နှုန်း ဖိလစ်ပိုင် ၂၈ရာခိုင်နှုန်းနဲ့ ပြန်လည် ဦးဆောင်နေပါပြီ။ ရာဇင်ထဲမှာ ဂျီဘရောတာမယ်ကို မဲအပြတ်နဲ့ ထားရစ်နိုင်ခဲ့သလို ဖိလစ်ပိုင်မယ်ကိုလည်း ထပ်မံအပြတ်အသတ် ကျော်ဖြတ်နိုင်ဖို့ ဒီလင့်ခ်မှာ ထပ်မံ https://www.facebook.com/BeautyPageantGS?sk=app_129324060456864&app_data ထပ်မံ Vote ပေးကြရအောင်လားဗျာ..
(ဒုတိယလင့်ခ် Vote နည်း လင့်ခ်ကိုသွားပါ Liked လုပ်ပါ (ကွန်ပြူတာ သုံးသူများ) Ctrl Keyနဲ့ F Key ကိုတွဲနှိပ်ပြီး ကွက်လပ်ပေါ်လာရင် Myanmar ဆိုတာရိုက်ပြီး ရှာပါ ပြီးရင် လေးထောင့်ကွက်မှာ အမှန်ခြစ်ပြီး အောက်ကို ဆွဲချပြီး Voteကိုနှိပ်ပြီး ကြိုက်သလောက် အမုန်းVote နိုင်ပါတယ်..)

ကြုံတောင့် ကြုံခဲ လာမယ့် ဒီဇင်ဘာလ ၁၇ရက်နေ့မှာ ဂျပန်နိုင်ငံတိုကျိုမြို့မှာ ကျင်းပမယ့် Miss International Beauty Pageant 2013ပြိုင်ပွဲအတွက် တိုကျို၊ နာဂိုယာ၊ အိုဆာကာနဲ့ အနယ်နယ် အရပ်ရပ်မှ မြန်မာမိသားစုများ တိုကျို မြန်မာသံရုံးရှိရာ မြို့ဖြစ်တဲ့ Shinagawa Prince Hotel Hallမှာ ပြိုင်ပွဲ ပြုလုပ်မှာ ဖြစ်တဲ့အတွက် လာရောက် အားပေးကြဖို့ တိုက်တွန်း နှိုးဆော်အပ်ပါတယ်..။

ဒီမိုဝေယံ
https://www.facebook.com/GonyiAyeKyaw (Miss Myanmar မန္တလေးသူ ဂုဏ်ရည်အေးကျော် လင့်ခ်)

မိခင်နို့စို့ရာမှ အင်္ကျီတွယ်ချိတ် ဝမ်းဗိုက်အတွင်း ဝင်သွားခဲ့ကြောင်း

ကျိုက်လတ်မြို့နယ် ဆားဖိုသိုင်းချောင်းကျေးရွာတွင် နေထိုင်သော ကိုသန်းဇော်-မအေးအေးခိုင်တို့၏ တစ်လ သားအရွယ်သားငယ်လေးမှာ အောက်တိုဘာ ၂၆ ရက် တွင် မိခင်နို့စို့ရာမှ အင်္ကျီတွယ်ချိတ် ဝမ်းဗိုက်အတွင်း ဝင်သွားခဲ့ကြောင်း သိရသည်။

၎င်းကလေးငယ်အား မိခင်ဖြစ်သူက နို့တိုက်နေစဉ် မိခင်အင်္ကျီတွင် ချိတ်ထားသော တွယ်ချိတ်ကို ကလေး ငယ်လက်ဖြင့် ဆွဲမိရာမှ ပါးစပ်အတွင်းဝင်သွားခဲ့သည်။ ယင်းအတွက် ဖခင်ဖြစ်သူက လက်ဖြင့်နှိုက်ယူရာ ချိတ်မှာ ပိုဝင်သွားခဲ့သည်။

ကလေး၏ ပါးစပ်အတွင်းမှ သွေးထွက်ကာ နာကျင် လွန်း၍ အော်ဟစ်ငိုယိုနေသဖြင့် လူမှုဝန်ထမ်းစိတ်ရှိသော လူငယ်များ၏ကူညီမှုကြောင့် ကျိုက်လတ်မြို့နယ် ပြည်သူ့ ဆေးရုံကြီးသို့ ရောက်ရှိခဲ့သည်။ ထိုမှ မအူပင်ဆေးရုံ ကြီးသို့ တစ်ဆင့်လွှဲခဲ့သည်။ ကလေးမိဘများမှာ ပျိုးနုတ်၊ ကောက်စိုက်တောင်သူများသာဖြစ်သည့်အတွက် စေတနာ ရှင်များ၊ အသင်းအဖွဲ့များမှ လိုအပ်သည့် ကူညီထောက်ပံ့မှု များပေးကာ မအူပင်ဆေးရုံကြီးသို့ အရောက်ပို့ပေးခဲ့သည်။

မအူပင်မှ ရန်ကင်းကလေးအထူးကုဆေးရုံကြီးသို့ လွှဲပြောင်း၍သွားခဲ့ရာ ရန်ကုန်ကလေးဆေးရုံကြီးသို့ မှား၍ရောက်သွားခဲ့သည်။ ယင်းဆေးရုံကြီးမှ ဆေးမှတ်တမ်းများ ရယူကာ မူလညွှန်ကြားသည့်အတိုင်း ရန်ကင်း ကလေးအထူးကုဆေးရုံကြီးသို့ ပြန်၍တက်ရောက်ကုသခဲ့သည်။

ကလေးငယ်၏ ဝမ်းဗိုက်အတွင်းမှ တွယ်ချိတ်ကို မခွဲမစိတ်ရဘဲ အောင်မြင်စွာထုတ်ယူနိုင်ခဲ့သည်။ ယခုအခါ ကလေးငယ်မှာ စိတ်ချရသည့်အနေအထားရောက်ပြီဖြစ်၍ ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီဖြစ်ရာ ¤င်းတို့နေထိုင်ရာ ကျေးရွာသို့ ကျန်းမာစွာဖြင့် ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

လပ်ကီးမြို့တော်.

လိင်တူချစ်ခြင်းကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်ထားခြင်း ပယ်ဖျက်ပေး ရန် ဒေါ်အောင်ဆန်းစုကြည်တောင်းဆိုမှု မြန်မာ LGBT အခွင့်အရေးဆိုင်ရာ ကွန်ရက်က ထောက်ခံ

ရန်ကုန် ၊ နိုဝင်ဘာ ၂၄ ။ ။ မြန်မာ နိုင်ငံတွင် လိင်တူချစ်ခြင်းကို ရာ ဇဝတ်မှုအဖြစ်သတ်မှတ်ထားခြင်း အားပယ်ဖျက်ပေးရန် ပထမဆုံး အကြိမ်ဒေါ်အောင်ဆန်းစုကြည် ၏တိုက်တွန်းတောင်းဆိုမှုအပေါ် မြန်မာ LGBT အခွင့်အရေးဆိုင် ရာကွန်ရက်ကထောက်ခံ သည့် ကြေညာ ချက်တစ်စောင်ကိုထုတ် ပြန်လိုက်ကြောင်း သိရသည်။

နိုဝင်ဘာ ၁၉ရက်တွင်ပြု လုပ်သော HIV/AIDS နှင့်ပတ် သက်သည့် ကမ္ဘာ့ကုလသမဂ္ဂအာ ရှပစိဖိတ်ဒေသဆိုင်ရာညီလာခံ သို့ပေးပို့သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏မိန့် ခွန်းတွင် ယင်းကဲ့သို့ ထည့်သွင်းပြော ကြားခဲ့ခြင်းကို မြန်မာ LGBT ခွင့်အရေး ဆိုင်ရာကွန်ရက်မှ နို ဝင်ဘာ ၂၂ရက်တွင် ထုတ်ပြန် လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်မှ ပေးပို့သော အဆိုပါမိန့်ခွန်းတွင် လိင်တူ ချစ်မှု အပေါ်ရာဇဝတ်မှု အဖြစ်သတ်မှတ်ထားသော ဥပ ဒေများရှိနေခြင်းက လိင်တူချစ်သူ များအကြား HIV/AIDS ကုသ ရေးမှာ အခက်အခဲ အဟန့်အတား ဖြစ်နေကြောင်း၊ လိင်တူချစ်သူ များကြား HIV/AIDS ကူးစက် ပြန့်ပွားမှုနှုန်းမှာ အမြင့်ဆုံးတွင် ရှိနေပြီး ထိုသို့ဖြစ်နေရခြင်းမှာ လည်း

လူထုအတွင်းခွဲခြားမှုကို ဖြစ်နေစေသည့် အယူအဆအစွဲ များ၊ ဥပဒေများ ရှိနေသောကြောင့် ဖြစ်ကြောင်း ထည့်သွင်းပြောကြား ခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ပြောကြားချက်အပေါ် မြန်မာLGBTအခွင့်အရေးဆိုင်ရာ ကွန် ရက်မှ ဦးတင်ကိုကိုက " LGBTအသိုင်းအဝိုင်းကို တန်းတူအခွင့် အရေးရလာဖို့အတွက် နိုင်ငံခေါင်း ဆောင်တစ်ယောက်က ပထမဆုံး အကြိမ် အခုလို ကျွန်တော်တို့နဲ့ ပတ်သက်လို့ ထည့်သွင်းပြောကြား ပေးသွားတဲ့ အတွက် အလွန်ဝမ်း သာပါတယ်။ ကျွန်တော်တို့အရှေ့ ကနေမားမား ရပ်ပေးမယ့် တိုင်း ပြည်ခေါင်းဆောင်တစ်ယောက် ပေါ်ထွက်လာတာပေါ့။ ဘယ်တုန်း ကမှ ဘယ်လိုလူကြီးတစ်ယောက် ကမှ ထည့်သွင်းပြောကြားလေ့ မရှိ ခဲ့တဲ့စကားတစ်ခုကို အခုလိုပြော ကြားတာဟာ ကျွန်တော်တို့ LGBT အသိုင်းအဝိုင်းအတွက် ရှေ့လျှောက်ရမယ့်အားတစ်ခုပါ ပဲ''ဟု ပြောသည်။

၂၀၁၃ခုနှစ် ဇူလိုင် ၆ရက် နှင့် ရရက်တို့တွင် မန္တလေးမြို့၌ အမျိုးသားချင်း ချစ်ခင်စုံမက်သူ များနှင့် ဆန့်ကျင်ဘက်လိင်ကဲ့သို့ ပြောင်းလဲနေထိုင်သူ ၁၂ယောက် သည် မန္တလေးတိုင်းရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

Yangon Media Group

အစ္စလာမ် ဗလီများအား အင်ဂိုလာ အစိုးရ ဖျက်စီး Angle Black Angle


အင်ဂိုလာနိုင်ငံဟာ အစ္စလာမ်ဘာသာကို တားမြစ်ဆန့်ကျင်တဲ့ ကမ္ဘာမှာ ပထမဦးဆုံးသောနိုင်ငံအဖြစ် အခုလို ဗလီတွေကို ဖျက်စီးပစ်ခြင်းဖြင့် ပြသလိုက်တာ ဖြစ်တယ်လို့ ဘာသာရေး ဝက်ဘ်ဆိုဒ်ကြီးတစ်ခုဖြစ်တဲ့ http://www.onislam.net/ အတိအလင်း ဖေါ်ပြလိုက်ပါတယ်...လူ့ အခွင့်အရေးနှင့် တရားရေးဝန်ကြီးဌာန မှထုတ်ပြန်သည့် နောက်ထပ် အမိန့် မထွက်မချင်း ဗလီတွေအားလုံး ပိတ်ထားရမှာဖြစ်တယ် ဟု အင်ဂိုလာ ယဉ်ကျေးမူ့ ဝန်ကြီး ရိုဆာ ခရုဇ် ဆီလ်ဗာက နိုဝင်ဘာ ၂၂ ရက် သောကြာနေ့ ကပြောကြားလိုက်ပါတယ်...ဆက်လက်ပြီး ဝန်ကြီးက အင်ဂိုလာနိုင်ငံရဲ့ ယဉ်ကျေးမူ့  ဓလေ့ ထုံးစံနဲ့ ဆန့် ကျင်တဲ့ ဒီလိုဘာသာရေးအဆောက်အုံတွေကို အလျော့မပေးပဲ မဖြစ်မနေ ဖျက်စီးပြစ်ရမှာဖြစ်တယ် လို့ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်.....။

မှသတင်းအား အကျဉ်းချူပ်ဘာသာပြန်ထားခြင်းဖြစ်ပါသည်...မူရင်းသတင်းကို မှာသွားရောက် ဖတ်ရူနိုင်ပါသည်......
ပုံ / စနေသား

by Snay Thar

ပြည်သူလူထု၏ ဆန္ဒအရ “ အင်ဂိုလာနိုင်ငံတွင် အစ္စလာမ်အယူဝါဒ ကို တရားဝင် ပိတ်ပင်ပြီး ၊ နိုင်ငံတစ်ဝှမ်းရှိ ဗလီများအားလုံးကိုလည်း တစ်လုံးမကျန် ဖျက်သိမ်းပစ်တော့မည် ဖြစ်ကြောင်း ” သတင်းရရှိပါတယ်။ အင်ဂိုလာနိုင်ငံ အစိုးရအဖွဲ့၏ ခေါင်းဆောင်ကလည်း ရေဒီယိုမိန့်ခွန်းမှ “ အစ္စလာမ်အယူဝါဒ ဆိုတာဟာ လိုရာဆွဲထားတဲ့ ဥပဒေ တစ်ခုသာဖြစ်ပြီး ၊ ဘာသာတရား တစ်ခုအဖြစ် ၎င်းတို့အနေဖြင့် လုံးဝ လက်မခံနိုင်ပါကြောင်း ” တရားဝင် ပြောကြားလိုက်ပါတယ်။ လုအန်ဒမြို့တော်ရှိ ဗလီနှစ်လုံးကိုလည်း ဖျက်သိမ်းရန် အမိန့်ရထားပြီး ဖြစ်ကြောင်း မြို့တော်ဝန်က ပြောပါတယ်။

ကျွန်တော်တို့ ပုဂံရှေးဟောင်း နယ်မြေတွင် နေရာဒေသ ကျယ်ပြန့်မှုနှင့် လုံခြုံရေး အားနည်းချက်များကို အခွင့်ကောင်းယူပြီး FIT ခေါ် ခရီးစရိတ် ချွေတာသည့် နိုင်ငံခြားသား တိုးရစ်များ၏ အကြံအဖန် လုပ်ပုံများကို ဓာတ်ပုံနှင့်တကွ သက်သေပြလိုပါသည်။


ကျွန်တော်တို့ ပုဂံရှေးဟောင်း နယ်မြေတွင် နေရာဒေသ ကျယ်ပြန့်မှုနှင့် လုံခြုံရေး အားနည်းချက်များကို အခွင့်ကောင်းယူပြီး FIT ခေါ် ခရီးစရိတ် ချွေတာသည့် နိုင်ငံခြားသား တိုးရစ်များ၏ အကြံအဖန် လုပ်ပုံများကို ဓာတ်ပုံနှင့်တကွ သက်သေပြလိုပါသည်။

တိုးရစ်အချို့သည် စရိတ်ချွေတာသည့် အနေနှင့် ပုံတွင် မြင်တွေ့ရသည့်အတိုင်း ဂူဘုရားများပေါ်တွင် ညအိပ်ခြင်း၊ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ် ထားသည့် ဘုရားများပေါ်တွင် ဖိနပ်စီးခြင်း များကို ပြုလုပ်နေကြကြောင်း တွေ့မြင်နေရပါသည်။

ပုံတွင် တွေ့မြင်ရသည်မှာ ဂျာမန် အမျိုးသား သုံးယောက်နှင့် အမျိုးသမီး တစ်ယောက်တို့သည် ပုဂံ ရွှေဆံတော် ဘုရားပေါ်တွင် Sleeping Bag များ ယူလာပြီး အိပ်စက်နေခြင်း၊ အမျိုးသမီးက ဖိနပ် စီးထားခြင်း တို့ကို ၂၂.၁၁.၂၀၁၃ နေ့၊ နံနက် ၄ နာရီ ၅၀ မိနစ်ခန့်က နေထွက် ကြည့်ရန် ရောက်ရှိလာစဉ် အမှတ်တမဲ့ တွေ့ရှိပြီး ရိုက်ကူးထားခြင်း ဖြစ်ပါသည်။

ဤကဲ့သို့ လုပ်၍ရမှန်း သိလျှင် နောင်တစ်ချိန် ပြဿနာပေါင်း များစွာ ပုဂံတွင် ကြုံတွေ့လာရမည့် အရေး ရင်လေးပြီး ဤစာကို ပေးရခြင်း ဖြစ်ပါသည်။ ထိရောက်စွာ စိစစ်အရေးယူရန် သင့်ပါပြီ။

(ဘုရားဖူး ခရီးသွားတစ်ဦး)

မိတ္ထီလာတွင် ဖခင်အရင်းက သမီးနှစ်ဦးကို ဓားဖြင့်ထိုး၍ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချသေဆုံး


မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် သပြေဝကျေးရွာတွင် နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းခန့် က လင်မယားချင်း စကားများခဲ့သည်ကို အကြောင်းပြု၍ ဖခင်က မူလတန်း ကျောင်းသူအရွယ် သမီးနှစ်ဦးကို ဓားဖြင့်ထိုး၍ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သေဆုံးခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သပြေဝကျေးရွာ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့် ယင်းကျေးရွာနေ အမဲသား ရောင်းချသူ ဦးမင်းဦး (ခ) ဒါဂျေ (၃၀) နှစ်သည် နေအိမ် ထုပ်တန်းတွင် ငါးမူးလုံး အစိမ်းရောင် နိုင်လွန်ကြိုးဖြင့် ကြိုးဆွဲချ သေဆုံးနေသည်ကို စစ်ဆေး တွေ့ရှိကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ကြိုးဆွဲချ သေဆုံးသူ ဦးမင်းဦး၏ သမီးနှစ်ဦး ဖြစ်သော သင်းနုဝေ (၆) နှစ် သူငယ်တန်းသည် ဝဲဘက်ရင်အုံတွင် ဓားဖြင့် ထိုးသွင်းရာ တစ်ချက်ဖြင့် သေဆုံးလျက် ရှိပြီး မေမြတ်နိုဦး (၉) နှစ် တတိယတန်းသည် ဝဲဘက်ရင်အုံတွင် ဓားနှင့် ထိုးသွင်းရာ တစ်ချက် ရရှိထားသော်လည်း အသက်ရှင်နေသေး၍ မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံသို့ အမြန်ပို့ဆောင် ခဲ့ရကြောင်း၊ လွန်ခဲ့သည့် ၂ ရက်ခန့်က ဦးမင်းဦးသည် ဇနီးဖြစ်သူ ဒေါ်ခင်နွဲ့နှင့် စကားများရာမှ ရိုက်နှက်ခဲ့၍ ဒေါ်ခင်နွဲ့က သမီးနှစ်ဦးကို ခေါ်၍ အိမ်မှ ဆင်းသွားခဲ့ရာ ဦးမင်းဦးက သွားရောက်၍ ဇနီးဖြစ်သူကို အိမ်ပြန် ခေါ်ရာတွင် မလိုက်၍ သမီးငယ်နှစ်ဦးကို အိမ်သို့ခေါ်ပြီး ပြစ်မှု ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း၊ သေဆုံးသူ ဦးမင်းဦးသည် စိတ်ဆိုးသည့် အခါများတွင် မိသားစုကို သတ်မည်ဟု ကြိမ်းမောင်းမှုများ ရှိခဲ့ကြောင်း ရဲမှတ်တမ်းများတွင် ဖော်ပြထားချက်အရ သိရသည်၊၊

သေဆုံးသူ ဖခင်က သမီးနှစ်ဦးကို ဓားဖြင့် ထိုးပြီးချိန်၌ ၎င်းက ကိုယ့်ကိုယ်ကိုယ် ဓားဖြင့်ထိုး၍ သတ်သေခဲ့သော်လည်း ဒဏ်ရာ မပြင်းထန်၍ ထပ်မံကြိုးဆွဲချ သေဆုံးခဲ့ကြောင်း၊ ဓားဖြင့် ထိုးရာ၌ အသက်မသေသေးသော်လည်း မမေမြတ်နိုးဦးသည် မအော်ရဲ၍ ငြိမ်နေခဲ့ရပြီး ဖခင်သေဆုံးမှ ပတ်ဝန်းကျင်ကို အကူအညီ တောင်း၍ အနီးဝန်းကျင်က လူများသိသွားကာ ရဲတပ်ဖွဲ့ကို လာရောက် အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း၊ မေမြတ်နိုးဦး၏ အခြေအနေမှာ စိုးရိမ်ရ၍ ညတွင်းချင်းပင် မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံမှ တစ်ဆင့် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ပေးခဲ့ရကြောင်း ယင်းအမှုကို စစ်ဆေးခဲ့သော မိတ္ထီလာမြို့ အမှတ် (၃) ရဲစခန်းမှ ဒုရဲအုပ်ထွန်းထွန်းက ရှင်းပြသည်။

အဆိုပါ အမှုနှင့် ပတ်သက်၍ ပြစ်မှု ကျူးလွန်သူ ဦးမင်းဦးကို မိတ္ထီလာမြို့ အမှတ် (၃) ရဲစခန်းတွင် (ပ) ၁၁၃/၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ယင်းရဲစခန်းမှ စုံစမ်းသိရှိရသည်။

The Voice Weekly