Monday, December 30, 2013

နို့ခဲယောင်ဆောင်ပြီးရောက်လာတဲ့ စိတ်ကြွဆေးပြား


အခုတလော အွန်လိုင်းမှာ ထွက်ပေါ်လာတဲ့ စိတ်ကြွဆေးပြားပုံစံက တစ်မျိုးပါပဲ။ ဒါပေမဲ့ လူတွေတော်တော်များများမသိကြသေးတဲ့အတွက် မနုဿ ကနေပြီး အားလုံးသိအောင် သတိပေးတင်ပြပါရစေ။
လူတွေတော်တော်များများက စိတ်ကြွဆေးပြားဆိုရင် သောက်ဆေးပုံစံမျိုးလို့ပဲ ထင်ကြပါတယ်။ အခုနောက်ပိုင်းမှာတော့ အဖမ်းအဆီးတွေများလာတော့ ကလေးတွေစားသုံးတဲ့ နို့ခဲပုံစံမျိုး ၊ သကြားလုံးပုံစံမျိုးနဲ့ ပြောင်းလဲထုတ်လုပ်လာတာကိုတွေ့ရပါလိမ့်မယ်။
ဆေးလုံးအရွယ်အစားကတော့ 0.9 စင်တီ လောက်ရှိပြီး မသိနားမလည်းတဲ့ မိန်းကလေး ယောကျာ်းလေးတွေ စားသုံးမိပြီး မဖြစ်သင့်တာ မဖြစ်ရအောင် ရှောင်ကြဉ်နိုင်ဖို့အတွက် မနုဿ တင်ပြပေးလိုက်ပါပြီနော်။ ကျန်တဲ့သူတွေလည်း ရှောင်ကြဉ်နိုင်ဖို့အတွက် လက်ဆင့်ကမ်းပေးကြပါဦးနော်။

ချစ်တဲ့. . . မနုဿ

မိုးစက်ဝိုင်လေးကို တဏှားပါတယ်... ၁၀ ကြီးတောင်တဲ့... ဒီစာကို ဖတ်ပြီး မျက် ရည် ဘူးသီးလုံးလောက် ကျသွားတယ်... (မြန်မာစာ ကောင်းကောင်း မရေးတတ်ပဲ ဂျာနယ် ထုတ်စားနေကြတဲ့ သူတွေက ရီရလို့)


 Photo: မိုးစက်ဝိုင်လေးကို တဏှားပါတယ်... ၁၀ ကြီးတောင်တဲ့... ဒီစာကို ဖတ်ပြီး မျက် ရည် ဘူးသီးလုံးလောက် ကျသွားတယ်... (မြန်မာစာ ကောင်းကောင်း မရေးတတ်ပဲ ဂျာနယ် ထုတ်စားနေကြတဲ့ သူတွေက ရီရလို့) :P

ဖားကမြွေကို မျိုသည့် ထူးဆန်းသည့် ဖြစ်ရပ် ကျောက်တန်း ဒီဇင်ဘာ ၂၇


သဘာဝဖြစ်စဉ် အလေ့အထ၏ သဘောအရ မြွေက ဖားကိုသာမျို သည့် ဖြစ်စဉ်များသာ ရှိခဲ့သော်လည်း ရန်ကုန်တောင်ပိုင်းခရိုင်
ကျောက်တန်းမြို့ ရွှေကုန်းရပ်ကွက် မဟာသုခလမ်းတွင် ဒီဇင်ဘာ ၂၇ ရက် နံနက် ၁၁ နာရီခွဲက ဖားကမြွေကို မျိုသည့် ထူးဆန်းသည့်ဖြစ်ရပ် တစ်ခုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မဟာသုခလမ်းတွင် မြွေဟောက်တစ်ကောင် အရှည်တစ်ပေခွဲခန့်သည် လမ်းပေါ်သို့ တက်ရောက် လာသည်ကို လမ်းသူ၊ လမ်းသားများက မြင်၍ ဘေးလွတ်ရာသို့မောင်းထုတ်ရာ မြွေဟောက်မှ ပါးပျဉ်းထောင်ပြီး အနီးရှီ မြေတွင်းထဲသို့ ဝင်သွားရာ တွင်းထဲရှိ ဖားနှင့်တွေ့ကာ ဖားကမြွေကိုမျိုသည့် ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့သည်။

ထိုထူးဆန်းသည့် ဖြစ်ရပ်ကို မြို့တွင်းရှိ ပြည်သူများ စိတ်ဝင်တစား လာရောက်ကြည့်ရှုကြကြောင်း သိရသည်။

MOI Webportal Myanmar

စီးနင်းသူနည်းပါးမှုကြောင့် တစ်လအကြာတွင် Thai Air Asia လေကြောင်းလိုင်း၏ နေပြည်တော်သို့ ပြေးဆွဲသည့် ခရီးစဉ်များ ရပ်ဆိုင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် မြန်မာနိုင်ငံ နေပြည်တော်မြို့တော်နှစ်ခုအား တိုက်ရိုက်ပြေးဆွဲနေသည့် Thai Air Asia လေကြောင်းလိုင်းသည် စတင်ပြေးဆွဲသည့်အချိန်မှ တစ်လအကြာတွင် လိုက်ပါစီးနင်းသူ နည်းပါးမှုကြောင့် ခရီးစဉ်အားလုံး ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

ဘန်ကောက်-နေပြည်တော်နေ့စဉ်ပြေးဆွဲနေသော စရိတ်နည်းလေကြောင်းလိုင်းသည် ၎င်း၏ လေကြောင်းခရီးစဉ်များအား လိုက်ပါစီးနင်းသူနည်းပါးလွန်းသောကြောင့် ဆက်လက်ပြေးဆွဲရန် မသင့်တော့ကြောင်း ဆုံးဖြတ်ခဲ့ပြီး လေကြောင်းခရီးစဉ်များအား ကြာသပတေးနေ့ နောက်ပိုင်းတွင် ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ခံကျင်းပသည့် အရှေ့တောင်အာရှအကြီးဆုံး အားကစားပြိုင်ပွဲဖြစ်သည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်ကာလတွင် ထိုင်ခုံ ၁၈၀ ဆံ့သော Thai Air Asia ၏ ဂျက်လေယာဉ်များဖြင့် ထိုင်ခုံပြည့် ပြေးဆွဲနိုင်ခဲ့သော်လည်း နောက်ပိုင်းကာလတွင် ထိုင်ခုံ ၁၀ ခုံပင် မပြည့်တော့ကြောင်း TAA သတင်းရင်းမြစ်က ဆိုသည်။

နိုဝင်ဘာ ၂၈ ရက်မှ စတင်ပြေးဆွဲသော ခရီးစဉ်များတွင် အများအားဖြင့် စီးနင်းလိုက်ပါခဲ့သူများမှာ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် လာရောက်သော ထိုင်းအားကစားသမားများ၊ နည်းပြများ၊ လိုက်ပါအားပေးသူများ၊ စာနယ်ဇင်းသမားများ အစရှိသည်တို့ဖြစ်သည်။ TAA အမှုဆောင်အရာရှိများက ပြောကြားရာ၌ အားကစားပွဲတော်အချိန်က လေကြောင်းလိုင်းကို စတင်ပြေးဆွဲပေးခြင်းဖြင့် အားကစားပွဲတော်ကြောင့် ခရီးသွားသူအများ အပြားရှိလာမည်ဟု လေကြောင်းလိုင်းအနေဖြင့် မျှော်လင့်ခဲ့သော်လည်း မျှော်မှန်းထားသည့်အတိုင်းဖြစ်မလာကြောင်း ပြောကြားခဲ့သည်။

နေပြည်တော်သည် အပန်းဖြေခရီးသွားလိုသူများအတွက် အပန်းဖြေလည်ပတ်စရာ များများစားစားမရှိခြင်းကြောင့် စရိတ်နည်းလေကြောင်းလိုင်းဖြင့် လာရောက်မည့် ခရီးသွားနည်းပါးခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ဆက်လက်ပြောကြားသည်။

TAA က ဆက်လက်ပြောဆိုရာတွင် ယခုအခါ မြို့တော်နှစ်ခုကြား တိုက်ရိုက်ပျံသန်းမှု အတွက် စရိတ်နည်းလေကြောင်းလိုင်း ၀န်ဆောင်မှုရှိတော့မည်မဟုတ်ဘဲ ၀န်ဆောင်မှု အပြည့်ပါဝင်သည့် Bangkok Airways လေကြောင်းလိုင်းသာရှိတော့မည်ဖြစ်သည်ဟု ဆိုသည်။

Bangkok Airways လေကြောင်းလိုင်းသည် နေပြည်တော် ဘန်ကောက်ခရီးစဉ်ကို ထိုင်ခုံ ၇၀ ဆံ့ လေယာဉ်များဖြင့် တစ်ပတ်လျှင် ငါးကြိမ် ပျံသန်းပေးလျက်ရှိသည်။

ရန်ကုန်အထွေထွေ ရောဂါကု ဆေးရုံသစ်ကြီး (ဂျပန်ဆေးရုံ)ရှိ အဆောင်ဟောင်းတွင် ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းက လူနာတစ်ဦး ဓာတ်လှေကားညပ် သေဆုံးခဲ့ကြောင်း အဆိုပါ ဆေးရုံအုပ်ကြီးက ပြောကြားသည်။

ဖြစ်စဉ်မှာ ယင်းနေ့ နံနက် ၁၁ နာရီခွဲခန့်က လူနာကိုအောင်ဇော်မျိုး အသက် ၂၆ နှစ်သည် ဆေးကုသမှုခံယူပြီး သုံးလွှာသို့ လူနာတင်လှည်းဖြင့် ဓာတ်လှေကားဖြင့် တက်ရောက်စဉ် နှစ်လွှာနှင့် သုံးလွှာကြား၌ ဓာတ်လှေကား ဖရိန်ဖြင့် ကန့်လန့်ညပ်၍ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်သောင်းက ''လူနာက သုံးလွှာမှာ ကုသနေတဲ့လူနာပါ။ အောက်ထပ်မှာ ဆေးကုသမှုခံယူပြီး တက်လာတာ။ နှစ်လွှာမှာ ထော်လီ ထုတ်တဲ့အချိန် ဓာတ်လှေကားက ရုတ်တရက် အပေါ်ကို တက်သွားတယ်။ အဲ့ဒီမှာ အပေါ်ကဖရိန်နဲ့ သူ့ခါး ကန့်လန့်ကြီး ညပ်သွားတာ။ ဆွဲထုတ်အပြီးမှာ အောက်ဆီဂျင်တွေပေးပြီး ကုသသေးတယ်။ ဒါပေမဲ့ သူက ဆုံးသွားပါပြီ။ ခုလက်ရှိ သူ့ကိုဆေးရုံကပဲ တာဝန်ယူ သင်္ဂြိုဟ်ပေးမှာပါ'' ဟု ဆိုသည်။

ဆေးရုံအောက်ထပ်တွင် အပေါက်စောင့်သည့် ၀န်ထမ်းတစ်ဦးက ''၀ုန်းဆိုပြီး အသံကြားလိုက်လို့ ဘာဖြစ်တာလဲဆိုပြီး တက်ကြည့်တော့ ဓာတ်လှေကားနဲ့ လူနာက ကန့်လန့်ကြီး ညပ်နေတာ။ မကြည့်ရဲတော့တာနဲ့ အောက်ကို ပြန်ဆင်းလာခဲ့တယ်။ ဓာတ်လှေကားက အပေါ်ကနေ အောက်ကိုပြုတ်ကျတာ မဟုတ်ဘဲ အောက်ကနေအပေါ်ကို တက်သွားတာ။ တော်တော်ထူးဆန်းတယ်'' ဟု ပြောကြားသည်။

ယင်းကဲ့သို့ ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ အဆိုပါ ဓာတ်လှေကားအား တာဝန်ယူ စစ်ဆေးပေးနေသည့် အင်ဂျင်နီယာ တစ်ဦးက ''အခုဖြစ်သွားတဲ့ ဖြစ်စဉ်က ဓာတ်လှေကား အပြင်တံခါးက ပိတ်ပြီး အတွင်းတံခါးက မပိတ်ဘဲ အပေါ်ကို တက်သွားတဲ့အခါ လူနာက ဖရိန်နဲ့ ကန့်လန့်ကြီး ညပ်သွားတာပါ။ အခုဓာတ်လှေကားတိုင်းက တံခါးအစုံမပိတ်ဘဲ လုံးဝမတက်ပါဘူး။ ဓာတ်လှေကားကိုလည်း အင်ဂျင်နီယာ အဖွဲ့က တစ်လတစ်ခါ စစ်ဆေးမှုတွေ ပြုလုပ်ပါတယ်။ ဘာကြောင့် ဒီလိုမျိုးဖြစ်တယ် ဆိုတာကိုတော့ အသေအချာ မပြောတတ် သေးပါဘူး။ အတော်ထူးဆန်းပါတယ်'' ဟု ဓာတ်လှေကားအား တာဝန်ယူ စစ်ဆေးပေးနေသည့် အင်ဂျင်နီယာ တစ်ဦးက ပြောကြားခဲ့သည်။

ယင်းဓာတ်လှေကားမှာ ဆေးရုံစဆောက်သည့် ၁၉၈၄ ခုနှစ်ကတည်းက တပ်ဆင်ထားပြီး ဓာတ်လှေကား အမျိုးအစားမှာ ဂျပန်လုပ် ''အော့တစ်'' အမျိုးစား ဖြစ်ကြောင်း ၎င်းကထပ်မံ ပြောကြားသည်။

သေဆုံးခဲ့သည့်လူနာ ကိုအောင်ဇော်မျိုးမှာ ယင်းဆေးရုံတွင် နိုဝင်ဘာလကတည်းက တက်ရောက် နေသူဖြစ်ကာ ရန်ကုန်ဆေးရုံကြီးတွင် နှလုံးအဆို့ရှင် ခွဲစိတ်ရန် ရက်ချိန်းယူထားပြီး ဖြစ်ကြောင်းနှင့် ၎င်းမှာမလေးရှားနိုင်ငံတွင် အလုပ်သွားရောက် လုပ်ကိုင်နေရာမှ သီတဂူ အထောက်ကူပြု အဖွဲ့၏ အစီအစဉ်ဖြင့် ပြန်လည်ရောက်ရှိ လာခဲ့သည့် မလေးရှားရောက် မြန်မာအလုပ်သမား တစ်ဦးလည်း ဖြစ်ကြောင်း ဆေးရုံအုပ်ကြီးထံမှ သိရသည်။

(လူနာညပ်၍ သေဆုံးခဲ့သည့် ဓာတ်လှေကား ၀င်ပေါက်အား တွေ့ရစဉ် (ဓာတ်ပုံ- ဥာဏ်ဝင်းရှိန်))
Photo: ရန်ကုန်အထွေထွေ ရောဂါကု ဆေးရုံသစ်ကြီး၌ မလေးရှားမှ သီတဂူ အစီအစဉ်ဖြင့် ပြန်လာသူ လူနာတစ်ဦး ဓာတ်လှေကားညပ် သေဆုံး




ရန်ကုန်အထွေထွေ ရောဂါကု ဆေးရုံသစ်ကြီး (ဂျပန်ဆေးရုံ)ရှိ အဆောင်ဟောင်းတွင် ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းက လူနာတစ်ဦး ဓာတ်လှေကားညပ် သေဆုံးခဲ့ကြောင်း အဆိုပါ ဆေးရုံအုပ်ကြီးက ပြောကြားသည်။

ဖြစ်စဉ်မှာ ယင်းနေ့ နံနက် ၁၁ နာရီခွဲခန့်က လူနာကိုအောင်ဇော်မျိုး အသက် ၂၆ နှစ်သည် ဆေးကုသမှုခံယူပြီး သုံးလွှာသို့ လူနာတင်လှည်းဖြင့် ဓာတ်လှေကားဖြင့် တက်ရောက်စဉ် နှစ်လွှာနှင့် သုံးလွှာကြား၌ ဓာတ်လှေကား ဖရိန်ဖြင့် ကန့်လန့်ညပ်၍ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်သောင်းက ''လူနာက သုံးလွှာမှာ ကုသနေတဲ့လူနာပါ။ အောက်ထပ်မှာ ဆေးကုသမှုခံယူပြီး တက်လာတာ။ နှစ်လွှာမှာ ထော်လီ ထုတ်တဲ့အချိန် ဓာတ်လှေကားက ရုတ်တရက် အပေါ်ကို တက်သွားတယ်။ အဲ့ဒီမှာ အပေါ်ကဖရိန်နဲ့ သူ့ခါး ကန့်လန့်ကြီး ညပ်သွားတာ။ ဆွဲထုတ်အပြီးမှာ အောက်ဆီဂျင်တွေပေးပြီး ကုသသေးတယ်။ ဒါပေမဲ့ သူက ဆုံးသွားပါပြီ။ ခုလက်ရှိ သူ့ကိုဆေးရုံကပဲ တာဝန်ယူ သင်္ဂြိုဟ်ပေးမှာပါ'' ဟု ဆိုသည်။

ဆေးရုံအောက်ထပ်တွင် အပေါက်စောင့်သည့် ၀န်ထမ်းတစ်ဦးက ''၀ုန်းဆိုပြီး အသံကြားလိုက်လို့ ဘာဖြစ်တာလဲဆိုပြီး တက်ကြည့်တော့ ဓာတ်လှေကားနဲ့ လူနာက ကန့်လန့်ကြီး ညပ်နေတာ။ မကြည့်ရဲတော့တာနဲ့ အောက်ကို ပြန်ဆင်းလာခဲ့တယ်။ ဓာတ်လှေကားက အပေါ်ကနေ အောက်ကိုပြုတ်ကျတာ မဟုတ်ဘဲ အောက်ကနေအပေါ်ကို တက်သွားတာ။ တော်တော်ထူးဆန်းတယ်'' ဟု ပြောကြားသည်။

ယင်းကဲ့သို့ ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ အဆိုပါ ဓာတ်လှေကားအား တာဝန်ယူ စစ်ဆေးပေးနေသည့် အင်ဂျင်နီယာ တစ်ဦးက ''အခုဖြစ်သွားတဲ့ ဖြစ်စဉ်က ဓာတ်လှေကား အပြင်တံခါးက ပိတ်ပြီး အတွင်းတံခါးက မပိတ်ဘဲ အပေါ်ကို တက်သွားတဲ့အခါ


အပြည့်အစုံသို့ --> ရန်ကုန်အထွေထွေ ရောဂါကု ဆေးရုံသစ်ကြီး၌ မလေးရှားမှ သီတဂူ အစီအစဉ်ဖြင့် ပြန်လာသူ လူနာတစ်ဦး ဓာတ်လှေကားညပ် သေဆုံး http://www.myanmarcnn.com/2013/12/blog-post_2242.html#ixzz2okHULQLz

================================================
ယခုသတင်းနှင့်အလားတူ အရေးကြီးသတင်း၊ စိတ်ဝင်စားဖွယ်သတင်း၊ အိုင်တီနည်းပညာများ၊ ကျန်းမာရေးဆောင်းပါးများ၊ နိုင်ငံရေး၊ မှုခင်း၊ အားကစား၊ ထူးဆန်းထွေလာ၊ ရာသီဥတုသတင်း ဟာသများနဲ့ ရသစာပေများကို အချိန်နှင့်တစ်ပြေးညီ လွှင့်တင်ပေးနေပါသည်။ သတင်းအသစ်တင်တိုင်း သိရှိလိုပါက https://www.facebook.com/ibloggermm ကို Add ထားပေးပါ။ 
================================================

မြစ်ဆုံစီမံကိန်း ဆုံးဖြတ်ချက် သမ္မတ ပြင်ဆင်မည်မဟုတ်ဟုဆို 7Day News Journal'

သမ္မတဦးသိန်းစိန်က မြစ်ဆုံစီမံကိန်းကို ၎င်း၏ သမ္မတ သက်တမ်းအတွင်း ဆိုင်းငံ့ထားမည့် ဆုံးဖြတ်ချက်ကို ပြင်ဆင်မည်မဟုတ်ဘဲ တစ်ဖက်ကုမ္ပဏီက ဥပဒေကြောင်းအရ စွဲဆိုလာပါကလည်း ပြည်သူ့ဆန္ဒကိုမူတည်၍ နိုင်ငံတကာစံနှုန်းများ၊ ဥပဒေများနှင့်အညီ အစိုးရက တုံ့ပြန်သွားမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

ဒီဇင်ဘာ ၂၆ ရက်က CPI ကုမ္ပဏီက ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် သမ္မတဦးသိန်းစိန်ကို ယခင်အစိုးရနှင့် ချုပ်ဆိုခဲ့သော စာချုပ်များအား လေးစားသင့်ကြောင်း ပြောကြားချက်အပေါ် တုံ့ပြန် ပြောကြားခြင်းလည်း ဖြစ်သည်။

ပြည်သူ့ဆန္ဒကို အလေးထားသည့်အနေဖြင့် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲအတွက် အကျိုးမျှော်ကိုး ပြုလုပ်ထားခြင်းလည်းမဟုတ်ကြောင်း ၎င်းကပြောသည်။

“ကုမ္ပဏီကတော့ သူ့ဆန္ဒကို သူပြောတာပေါ့။ သမ္မတကြီး အကြိမ်ကြိမ်ပြောကြားထားသလိုပဲ သူ့အစိုးရသက်တမ်းမှာတော့ ဒါကို ဆိုင်းငံ့ထားမှာ။ ဘယ်လိုအကြောင်းနဲ့မှ ဆုံးဖြတ်ချက်ကို ပြင်မှာမဟုတ်ဘူး။ တစ်ဖက်ကုမ္ပဏီက ဥပဒေကြောင်းအရ လုပ်လာလို့ ပြောဆိုဖြေရှင်းလာရရင်တောင် ကျွန်တော်တို့ အစိုးရသက်တမ်းအတွင်းမှာ နိုင်ငံတကာဥပဒေစံနှုန်းတွေနဲ့ စာချုပ်ပါ စည်းမျဉ်းတွေအတိုင်းပဲ ရင်ဆိုင်တုံ့ပြန်သွားမှာပါ”ဟု ဦးရဲထွဋ်ကပြောကြားသည်။

မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ဆီးဂိမ်းအားကစား ပိတ်ပွဲ၊ ဖွင့်ပွဲတွင် တရုတ်အစိုးရ၏ အဓိကပံ့ပိုးကူညီမှုရှိခဲ့ပြီးနောက် မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်လို၍ တရုတ်က ထိုသို့ကူညီခဲ့ခြင်းဖြစ်ကြောင်း၊ ဆီးဂိမ်းကို အကြောင်းပြု၍ မြစ်ဆုံစီမံကိန်းပြန်စရန် ဖိအားပေးလာနိုင်ဖွယ်ရှိကြောင်း ဝေဖန်မှုများ ပေါ်ထွက်နေချိန်တွင် ဆီးဂိမ်းအပြီး လေးရက်အကြာတွင် CPI ကုမ္ပဏီက ယင်းသို့ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ် ဧရာဝတီမြစ်အထက်ပိုင်းရှိ မြစ်ဆုံတွင် ရေကာတာ ခုနစ်ခု တည်ဆောက်ရန် ၂၀၀၆ ခုနှစ်က စစ်အစိုးရနှင့် China Power Investment Corporation (CPI) တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာရေးထိုးခဲ့ကြခြင်းဖြစ်သည်။ သို့သော် ယင်းစီမံကိန်းကို ကန့်ကွက်မှုများကြောင့် သမ္မတဦးသိန်းစိန်က ၎င်း၏အစိုးရသက်တမ်းအတွင်း ဆိုင်းငံ့ထားခဲ့သည်။စစ်အစိုးရနှင့် ချုပ်ဆိုထားသည့်စာချုပ် ဖြစ်သော်လည်း လက်ရှိသမ္မတဦးသိန်းစိန်မှာ စစ်အစိုးရမှ အရပ်ဝတ်သို့ ပြောင်းလဲထားသော ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်နေပြီး မြစ်ဆုံကိစ္စမှာ နောင်ကျင်းပမည့် ရွေးကောက်ပွဲအရ ပေါ်ပေါက်လာမည့် အစိုးရအတွက် အကျပ်အတည်းပြဿနာတစ်ခုဖြစ်နေကြောင်း၊ ယင်းကိစ္စကို အပြီးတိုင် ရပ်စဲပစ်စေလိုကြောင်း သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူများနှင့် ပြည်သူ့အရေးတက်ကြွလှုပ်ရှားသူများက ဝေဖန်ပြောကြားသည်။

ထိုစဉ်က စီမံကိန်းအတွက် မြန်မာဘက်က တာဝန်ယူလက်မှတ်ရေးထိုးထားသူအချို့မှာ လက်ရှိအစိုးရအတွင်း ဆက်လက်ပါဝင်နေဆဲဖြစ်ရာ ယခုမြစ်ဆုံစီမံကိန်းအပြီးရပ်စဲရန်မှာ လက်ရှိအစိုးရ၌ပါ တာဝန်ရှိကြောင်း ဥပဒေပညာရှင်အချို့ကလည်း ထောက်ပြကြသည်။

ထို့အပြင် ယခုနှစ်စက်တင်ဘာက စင်ကာပူနိုင်ငံသို့ ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိခဲ့စဉ် စင်ကာပူရောက်မြန်မာမိသားစုများနှင့် တွေ့ဆုံခိုက် မြစ်ဆုံကိစ္စ နှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောကြားခဲ့သည်။

“အစိုးရများကို တာဝန်ယူမှုရှိစေချင်ရင် ပွင့်လင်းမြင်သာမှုရှိရမယ်။ ကျွန်မတို့ မြစ်ဆုံစီမံကိန်းအတွက် ဘာလုပ်မလဲဆိုတာက ဘယ်လို Contract မျိုး ရေးဆွဲထားလဲ။ ဘယ်လိုလက်မှတ်ထိုးထားလဲဆိုတာ မသိဘဲနဲ့ ကျွန်မ ပြောလို့မရဘူး။ ကျွန်မ မေးချင်တယ်။ လက်မှတ်ထိုးတဲ့လူတွေက ဘာလို့ တာဝန်ယူပြီးတော့ မရှင်းသလဲဆိုတာ ကျွန်မသိချင်တယ်” ဟု ပြောကြားခဲ့သည်။

“နိုင်ငံတကာနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေမှာ အငြင်းပွားမှုတွေဖြစ်လာရင် နိုင်ငံတကာခုံရုံးတွေတက်ရတာတွေ ရှိနိုင်တယ်။ တရုတ်ကုမ္ပဏီကတော့ ခုထိ ဒါမျိုးလုပ်မယ်လို့ ထုတ်တော့ မပြောသေးဘူး။ အခုဦးပိုင်နဲ့ F&N ဖြစ်နေတဲ့ ပြဿနာလိုပေါ့။ ခုံရုံးတက်တဲ့အခါ စာချုပ်မှာပါတဲ့ အချက်တွေက အသက်ပဲ။ ဒါတွေကို အစိုးရက ကြိုပြီးပြင်ဆင်ထားဖို့လိုတယ်”ဟု နိုင်ငံတကာနှင့် အငြင်းပွားမှုပြဿနာများတွင် အတွေ့အကြုံရှိသည့် ဥပဒေပညာရှင်တစ်ဦးကပြောကြားသည်။

ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအနီး ပေါက်ကွဲမှုဖြစ်ပွား Monday, December 30, 2013 Burmese Treasure

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ် ခိုင်မြို့နယ် မုံးစီးကျေးရွာ၏ အရှေ့မြောက်ဘက် ဝေဠုဝန်ဘုန်းတော်ကြီး ကျောင်းနှင့် ဝိန်းခေါင်ကျေးရွာသွားလမ်းခွဲအနီးတွင် ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲ ၂ နာရီ ၅၅ မိနစ်ခန့်က ကြွပ်ကြွပ်အိတ်ဖြင့်ထုပ်ပြီး အဝတ်ဖြင့်ပတ်ထားသော အထုပ်တစ်ထုပ်ကို ဝေဠုဝန် ဘုန်းတော်ကြီးကျောင်းနေ ကိုရင်နှစ်ပါးကတွေ့ရှိခဲ့ပြီး ကိုရင်တစ်ပါးက ကောက်ယူသဖြင့် အဖော် ပါလာသူ ကိုရင်က မယူဘဲပြန်ချရန် ပြော၍ ပြန်ချခဲ့ရာ ၎င်းနေရာတွင်ပင်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

အဆိုပါပေါက်ကွဲမှုကြောင့် ကိုရင်ရှင်နေဝိန္ဒသည် ဦးခေါင်းမိုင်းစထိမှန်၍ ဦးခေါင်းခွံကွဲ၊ ဦးနှောက်ထွက်၊ ညာလက်ဖျံ၊ ညာရင်အုံတို့တွင် မိုင်းစထိမှန် ဒဏ်ရာများဖြင့် နေရာ၌ပင်ပျံလွန်တော်မူခဲ့ပြီး ကိုရင်ရှင်စိဏ္ဏာ သည် ညာတံတောင်ဆစ်၊ ညာဘက် လက်ကောက်ဝတ်၊ ဘယ်ရင်အုံ မိုင်းစထိမှန် ပေါက်ပြဲဒဏ်ရာများရရှိခဲ့သည်။

အဆိုပါ ဒဏ်ရာရရှိသောကိုရင် ရှင်စိဏ္ဏာသည် မုံးစီးတိုက်နယ်ဆေးရုံတွင် ဆေးရုံတက်ရောက်ကုသလျက် ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်ဖြစ်ပွားရသည့် အခြေအနေအသေး စိတ်ကို စုံစမ်းဖော်ထုတ်လျက်ရှိ ကြောင်း သတင်းရရှိသည်။

အာဆီယံဥက္ကဋ္ဌ တာဝန်ယူချိန် ပထမဆုံး ကျင်းပမည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးတွင် ယခင်အစည်းအဝေး၏ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရန် ဆွေးနွေးမည် ဒီဇင်ဘာ ၃၀ ရက်၊ ၂၀၁၃ ခုနှစ်

အာဆီယံဥက္ကဋ္ဌ တာဝန်ယူချိန် ပထမဆုံး ကျင်းပမည့် အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ သီးသန့်အစည်းအဝေး၌ ယခင်(၂၃)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးပွဲတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထူးက ပြောကြားသည်။

၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌ တာဝန်ယူချိန်တွင် ပထမဆုံးကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးကို ဇန်န၀ါရီ ၁၅ ရက်မှ ၁၈ ရက်အထိ ပုဂံမြို့ ရွှေနန်းတော်ဟိုတယ်၊ နန်းမြင့်ဆောင်တွင် လေးရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲအတွက် လွန်ခဲ့တဲ့ သုံး၊ လေးလကတည်းက ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့တယ်။ ဒီနေ့မှာလည်း ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ် အစည်းအဝေးပွဲကို ကျင်းပဖို့ရှိပါတယ်။ အဓိကကတော့ (၂၃) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးပွဲက ဆွေးနွေးချက်တွေကို ဆက်ပြီးအကောင်အထည်ဖော် ဆောင်ရွက်ဖို့နဲ့ ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံအနေနဲ့ ဘာတွေဆက်လက် ဆောင်ရွက်သွားမယ် ဆိုတာကို ဆွေးနွေးမှာပါ။ ကျွန်တော်တို့အနေနဲ့ လျာထားချက်တွေ ရှိပါတယ်။ ဒါပေမဲ့ အာဆီယံတွေက သဘောတူမှ ရမှာပါ။ အဲဒီလျာထားချက်တွေကိုလည်း ထုတ်ပြန်ပြီးသားပါ” ဟု ၎င်းကဆိုသည်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲအတွက် လွန်ခဲ့တဲ့ သုံး၊ လေးလကတည်းက ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့တယ်။ ဒီနေ့မှာလည်း ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ် အစည်းအဝေးပွဲကို ကျင်းပဖို့ရှိပါတယ်။ အဓိကကတော့ (၂၃) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးပွဲက ဆွေးနွေးချက်တွေကို ဆက်ပြီးအကောင်အထည်ဖော် ဆောင်ရွက်ဖို့နဲ့ ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံအနေနဲ့ ဘာတွေဆက်လက် ဆောင်ရွက်သွားမယ် ဆိုတာ . . . . .

၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် ဘရူနိုင်းနိုင်ငံ ဘန်ဒါစရီဘီဂါဝမ်မြို့၌ ကျင်းပခဲ့သော (၂၃)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတွင် အာဆီယံဥက္ကဋ္ဌတာဝန်ကို မြန်မာနိုင်ငံက လွှဲပြောင်းရယူခဲ့သည်။

အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံဆွေးနွေးဘက် နိုင်ငံများနှင့် ဒေသတွင်းရှိ နိုင်ငံများ စသည်ဖြင့် နိုင်ငံပေါင်း ၂၇ နိုင်ငံ ပါဝင်သည့် အာဆီယံဒေသဆိုင်ရာ ဖိုရမ်အစည်းအဝေးကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်က မြန်မာနိုင်ငံတွင် ကျင်းပခဲ့ပြီး အာဆီယံဒေသဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးနှင့် ၀န်ကြီးအဆင့် အစည်းအဝေးများကို မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် နှစ်လယ်ပိုင်းအတွင်း ကျင်းပသွားရန်ရှိကြောင်း၊ ဒေသဆိုင်ရာ ကိစ္စရပ်များကို သံတမန် နည်းလမ်းအရ ကာကွယ်စောင့်ရှောက်ရာတွင် မည်သည့်နည်းလမ်းများဖြင့် ဆောင်ရွက်မည်ကို ဆွေးနွေးသည့် အစည်းအဝေးဖြစ်ကာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်နိုင်မည့် အစည်းအဝေးဖြစ်ကြောင်း၊ အာဆီယံဒေသတွင်း နိုင်ငံများကြား ပဋိပက္ခများ ဖြေရှင်းရာတွင် အင်အားမသုံးဘဲ သံတမန်နည်းအရ ဖြေရှင်းရန်အတွက် ပြုလုပ်သည့် အစည်းအဝေးပွဲဖြစ်ကြောင်း သိရသည်။

EMG

Thursday, December 26, 2013

ဆီးဂိမ်းပြိုင်ပွဲတွင် ပါဝင်ကူညီခဲ့ကြသော မိတ်ကပ်ပညာရှင် Volunteer များမှ ပြိုင်ပွဲတာဝန်ခံများ၏မမှန်မကန်လုပ်ရပ်များကို ရှင်းလင်းပြီ ........ Khine Lynn Soe


( ၂၇ ) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ တွင် ပါဝင်ကူညီခဲ့ကြသော မိတ်ကပ်ပညာရှင် Volunteer များမှပြိုင်ပွဲတာဝန်ခံများ၏မမှန်မကန်လုပ်ရပ်များအား ထုတ်ဖော်တင်ပြသော သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီဇင်ဘာလ ( ၂၆ ) ရက်နေ့ မွန်းလွဲ ( ၂ ) နာရီ အချိန်က မန္တလေးမြို့ ၈၄လမ်း ၊ ၃၂ - ၃၃ လမ်းကြားရှိ D&G Food Center မှာ ကျင်းပပြုလုပ်ခဲ့ပါတယ် ။ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းနဲ့ပတ်သက်ပြီး မိတ်ကပ်အဖွဲ့ခေါင်းဆောင် ကိုကျော်သူမှ ယခုလိုပြောကြားသွားပါတယ် ။

" ကျွန်တော်တို့ မိတ်ကပ်လိမ်းချယ်ရာမှာ အရည်အချင်းပြည့်ဝတဲ့ Volunteer တွေကို သတင်းစာထဲမှာကြေညာထည့်ပြီး အလုပ်စခေါ်တယ် ။ အလုပ်စရတဲ့ အချိန် ( ၁၁ )လပိုင်း ( ၁၀ ) ရက်နေ့ကစပြီး နေပြည်တော် ၊ ရွာတော်စခန်းမှာ နေရတယ် ။ မိတ်ကပ်ပညာရှင် အားလုံးပေါင်း ( ၄၅၀ ) မှ ( ၅၀၀ ) နီးပါးရှိပါတယ် ။ အစားအသောက် အဆင်ပြေပေမဲ့ အိပ်ရတဲ့နေရာကတော့ အုတ်ခင်းထားတဲ့ပေါ်မှာပဲ အိပ်ရပါတယ် ။ ကျွန်တော်တို့ကို စတင်ခေါ်ကတည်းက နိုင်ငံတော်မှ တစ်နေ့ ဘယ်လောက်ထောက်ပံ့ကြေးပေးမယ်လို့ ဆိုပေမဲ့ ကျွန်တော်တို့က ဘာမှ မယူပဲ Volunteer အနေနဲ့ လုပ်ပေးခဲ့ခြင်းဖြစ်ပါတယ် ။ အားလုံးက ဖွင့်ပွဲ ၊ ပိတ်ပွဲ သာသိပေမဲ့ ကျွန်တော်တို့က ဖွင့်ပွဲ ၊ ပိတ်ပွဲ ၊ အစမ်းလေ့ကျင့်ပွဲ အားလုံးစုစုပေါင်း ( ၉ ) ကြိမ်တိတိ လူပေါင်း ( ၈၀၀၀ ) ကျော် ( ၉၀၀၀ ) နီးပါး လိမ်းပေးခဲ့ရကြောင်း ။ စပွန်ဆာတွေရှိတယ် ဆိုပေမဲ့ စပွန်ဆာတွေပေးတာ မလုံလောက်လို့ ကိုယ်ပိုင်ပစ္စည်းတွေသုံးခဲ့ရပါတယ် ။ ဒါတွေလုပ်ပေးတယ်ဆိုတာလဲ ဘာအခွင့်အရေးမှ လိုချင်လို့ လုပ်ပေးခဲ့တာမဟုတ်ပါဘူးလို့ " ပြောကြားသွားခဲ့ပါတယ် ။

ဆက်လက်ပြီး မိတ်ကပ်ပညာရှင် Volunteer များအပေါ် တာဝန်ရှိသူများမှ ခွဲခြားဆက်ဆံခံရခဲ့မှုအပေါ်
" ဖွင့်ပွဲ ၊ ပိတ်ပွဲတွေ ကျင်းပတဲ့အခါဆိုရင် တခြား Volunteer တွေဆို အနည်းဆုံး ( ၂ ) ယောက် တစ်ခုံ ရတယ် ။ ကျွန်တော်တို့ မိတ်ကပ်Volunteer ဆိုရင် တော့ ( ၄ ) ယောက်မှ တစ်ခုံသာရပါတယ် ။ တစ်ခါတစ်လေဆိုရင် ထိုင်ခုံနံပါတ်တွေထပ်နေလို့ ဖယ်ပေးခဲ့ရတာတောင်ရှိပါတယ် ။ ဖွင့်ပွဲ ပိတ်ပွဲ ပြီးလို့ ပြန်ပြီဆိုရင်လဲ နောက်ဆုံးကားနဲ့မှ အမြဲပြန်ရပါတယ် ။ ဖွင့်ပွဲ ပိတ်ပွဲခွေတွေ Volunteer များကို အခမဲ့ ဝေခဲ့တဲ့အချိန်မှာ လဲ မိတ်ကပ်Volunteerများ မပါဝင်ခဲ့ပါဘူး ။ နောက်ပြီး နိုင်ငံတော်မှ Volunteerများကို Lucky Draw ဗလာမပါဖောက်ပေးရာတွင်လည်း မိတ်ကပ်Volunteerများ မပါဝင်ခဲ့ပါဘူး ။ ကျွန်တော်တို့ အဲဒီလောက်အထိ သည်းခံနိုင်ပေမဲ့ နိုင်ငံတော်က Volunteer တွေကိုချီးမြှင့်တဲ့ ဆင်းကဒ် ဝေတဲ့အခါမှာလည်း မရရှိခဲ့ပြန်ပါဘူး ။ အဲဒါနဲ့ပတ်သက်ပြီး တာဝန်ရှိသူ ယဉ်ကျေးမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးခိုင်ထွန်း ကိုသွားရောက်စုံစမ်းပါတယ် ။ အမြဲတမ်းVolunteerတွေကို ဝေတာ သူတို့မပါတဲ့အကြောင်း သွားရောက်မေးတော့ ဦးခိုင်ထွန်း က မိတ်ကပ်Volunteerတွေ မပါဘူးဆိုတဲ့အကြောင်း ၊ ဆင်းကဒ်လိုချင်ရင် ( ၅၀ ) တော့ပေးမယ် မင်းတို့ ခွဲယူကြလို့ ပြောပါတယ် ။ သို့သော် နိုင်ငံတော်မှ တကယ်ချီးမြှင့်တယ် ဆိုရင်တော့ အားလုံးရမှဖြစ်မယ် ဒါမှမဟုတ် ဦးခိုင်ထွန်း ဘာသာ စိုက်ပေးတာသော်လည်းကောင်း ၊ မိတ်ကပ်Volunteerတွေကို သနားလို့ပေးတာဆိုရင် မယူဘူးလို့ " မိတ်ကပ်အဖွဲ့ခေါင်းဆောင် ကိုကျော်သူ မှ ယဉ်ကျေးမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးခိုင်ထွန်း နဲ့တွေ့ဆုံပြောဆိုခဲ့ရပုံများကို ရှင်းလင်းပြောဆိုပါတယ် ။

ယနေ့ထုတ် နာမည်ကြီးနေ့စဉ်သတင်းစာတစ်စောင်မှာ ပါလာတဲ့ ဆီးဂိမ်းမှာ Volunteer လုပ်ခဲ့သူများကို ဆင်းကဒ်တစ်ကဒ်စီ နိုင်ငံတော်အစိုးရမှ ချီးမြှင့်တယ် ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး
" ၄၄ နှစ်ကြာမှ ကျင်းပခွင့်ရတဲ့ ဆီးဂိမ်းပွဲတော်မှာ Volunteer အနေနဲ့ပါဝင်ခဲ့လို့ နိုင်ငံတော်က ချီးမြှင့်တဲ့ ဆင်းကဒ်ကို ဂုဏ်ယူစွာ နဲ့ ရချင်လို့ပါ ။ ဒီနေ့ထုတ် နေ့စဉ်သတင်းစာတစ်စောင်တောင်မှ Volunteer အားလုံးရတယ်လို့ ရေးထားတာတွေ့တော့ မိဘပြည်သူတွေ တစ်မျိုးမြင်ပြီး မိတ်ကပ်Volunteer မရဘူးဆိုတာသိစေချင်တယ် ။ တခြားVolunteer တွေမိမိတို့ရှေ့မှာ ဆင်းကဒ်တွေကို ပုံးလိုက်ထုတ်လာတာတွေမြင်တယ် ။ မိတ်ကပ်Volunteer တွေအနေနဲ့ သိချင်တာက တကယ်ပဲ နိုင်ငံတော်ချီးမြှင့်တဲ့အထဲမှာ မိတ်ကပ်Volunteer မပါတာပဲလား ၊ ပါရဲ့သားနဲ့ ခွဲခြားဆက်ဆံခံရတာလားဆိုတာ ကွဲကွဲပြားပြား သိချင်ပါတယ် " ဆိုတဲ့အကြောင်း ရှင်းလင်းပြောကြားသွားပါတယ် ။ အကယ်၍ ထူးခြားမှုမရှိပါက အားကစားပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း ဆီသို့ တရားဝင်စာပို့သွားပါမယ် ။ တရားဝင်ပို့တဲ့စာဟာလည်း တိုင်ကြားတာမဟုတ်ပါဘူး အဖြေမှန်သိဖို့သာ ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားပါသည် ။
(2 photos)

မလေးရှားနိုင်ငံ ဆာရာဝပ် ပြည်နယ်ရှိ သဘောင်္ကျင်း စက်ရုံတစ်ခုတွင် မြန်မာ ၉၇ ဦး အသက် အန္တရာယ်စိုးရိမ် ရင်ဆိုင်နေရ (နောက်ဆုံးရ မလေးရှား သတင်း)


(သတင်း အချက်အလက်များ မှန်ကန် ပြည့်စုံရေး အတွက် ကျွန်တော် ကိုယ်တိုင်
ဆက်သွယ် မေးမြန်းထားပါသည်။)

မလေးရှားနိုင်ငံ SABAH,SARAWAK (ဆာဘား ဆာရာဝပ်) ပြည်နယ်ရှိ
(ဘရူးနိုင်းနယ်စပ် ဆာရာဝပ်ပြည်နယ် ၊ မီရီမြို့ ရှိ အာဆီယံတံတား အနီး
Shin Yang Shipyard SDN. BHD သဘောင်္ကျင်း စက်ရုံတွင် အလုပ်လုပ်ကိုင်နေသော
မြန်မာ အလုပ်သမား ၂ ဦးသည် အင်ဒိုနီးရှား ၂ ဦးနှင့် ရန်စကားများရာကနေ
ပြသာနာ စတင်ဖြစ်ခဲ့ကြောင်း သိရှိရသည်။

" ပြသာနာစဖြစ်တာက ၂၃ ရက် တနင်္လာနေ့မှာပါ။ အဲဒီနေ့က ကျွန်တော်တို့ အိုတီ ဆင်းနေပါတယ်။
တစ်ချို့တစ်ဝက်က အခန်းမှာပါ။ အခန်းမှာကျန်တဲ့ မြန်မာ ၂ ယောက်က စားသောက်ဖို့အတွက် ဆိုင်မှာ
ပစ္စည်းတွေ သွားဝယ်တဲ့အခါ အင်ဒိုနီရှား လူမျိုး ၂ယောက်နဲ့ ရန်စထိုးကြိတ်ပြီး ပြသာနာဖြစ်ခဲ့ပါတယ်။

သူတို့နဲ့ ပြသာနာ ဖြစ်ခဲ့ပြီး မြန်မာတွေက အဆောင်ကို ပြန်လာတဲ့ အချိန်မှာ အင်ဒို ၃ ယောက်က
ထပ်လိုက်လာပြီး အဆောင်ကို ခဲတွေနဲ့ ပေါက်တယ်။ ဒါနဲ့ ကျွန်တော်တို့ မြန်မာထဲက အစ်ကိုတစ်ယောက်က
ပြသာနာ မဖြစ်အောင် ပြောပေမယ့် သူတို့ လက်မခံဘူး ... ထပ်ပြီး စကားများကြတယ်။

အင်ဒို ၃ ယောက် ပြန်သွားတော့ နောက်ထပ် အင်ဒိုနီရှား လူမျိုးတွေ အများကြီး
ကျွန်တော်အထင် ၅၀၀ ကျော်မယ်ဗျာ ကျွန်တော်တို့ နေတဲ့ဖက်မှာက သူတို့လူမျိုးတွေများတယ်။
အုပ်စုလိုက် ရောက်ချလာတယ်။ သူတို့လက်ထဲ တုတ်တွေ ဓားတွေ ၊ ခဲတွေ စတဲ့ လက်နက်အပြည်ပါပဲ ....

ကျွန်တော်တို့လည်း အဆောင်က ထွက်ပြေးခဲ့ရတယ်။ အဆောင်က ကျွန်တော်တို့ ပစ္စည်းတွေ
အားလုံး ရိုက်ခွဲပြီး မီးရှုံ့ခံရတယ်။ ကျွန်တော်တို့နေတဲ့ နေရာအနားက တောထဲ ဝင်ပြေးပြီး
ပုန်းနေရတယ်။ အခု သူတို့ အင်ဒိုနီးရှား လူမျိုးတွေ ကျွန်တော်တို့ နေတဲ့ အဆောင်ရှေ့မှာ အုပ်စုလိုက်
လက်နက်အပြည့်နဲ့ ထိုင်စောင့်ကြတယ်။ ဘယ်သူမှ မထွက်ရဲဘူး
ထွက်တဲ့လူကို သတ်ဖို့ သူတို့စောင့်နေကြတယ်။

အခုလက်ရှိ ကျွန်တော်တို့ အဆောင်နဲ့ နည်းနည်းဝေးတဲ့ ဝပ်ရှော့ထဲမှာ တောင်းပန်ပြီး နေနေရပါတယ်။
ဒီကိစ္စနဲ့ ပက်သက်ပြီး ကျွန်တော်တို့ အေးဂျင့် မလေးနိုင်ငံသားကို ကျွန်တော်တို့ မြန်မာပြည်ကို ပြန်မယ်။
ဆက်မလုပ်နိုင်ဘူး ငါတို့ကို အင်ဒိုနီးရှားတွေက လိုက်သတ်နေတယ်လို့ ပြောပြတော့ ပြောတဲ့မြန်မာတွေကို
ထိုးလားကြိတ်လား လုပ်သေးတယ်။

ဒါနဲ့ မြန်မာပြည်က အေးဂျင့်ကို ဖုန်းဆက်ပြီး ပြောတော့ သူဘာမှ တာဝန်မယူနိုင်ဘူးလို့
လက်လွတ်စပယ် ပြောလိုက်တယ်။ အခုလက်ရှိ ဒီမှာ ပိတ်မိနေတယ်။ အခု မလေးရှားက ပရဟိတ
အဖွဲ့တွေနဲ့ မြန်မာသံရုံးက အလုပ်သမားရေး အရာရှိတွေကို ဖုန်းဆက်ပြီး ပြောပြထားတယ်။
ကူညီပေးမယ်လို့တော့ ပြောတယ်။

လက်ရှိ ကျွန်တော်တို့ဆီက လူတွေ တစ်ယောက်မှ အပြင်ထွက်လို့ မရဘူး ။
ကျွန်တော်တို့ဆီကိုလည်း ဘယ်သူမှ ဝင်လာပြီး ကူညီလို့ မရဘူး ဖြစ်နေတယ်။
ကျွန်တော်တို့ မြန်မာ ၉၇ ယောက် စလုံးအခု ဝပ်ရှော့ထဲမှာ သတင်းစာ စက္ကူလေးခင်းပြီး
ဖြစ်သလိုနေ ရှိတာလေးနဲ့ ဖြစ်သလိုစားပြီး ကူညီမယ့် သူကိုစောင့်နေပါတယ် "
ဟု မြန်မာ တစ်ဦးဖြစ်သူ ကိုတင်ဦးမှ မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာသို့
ပြောကြားခဲ့သည်။

ဒီကိစ္စနဲ့ ပက်သက်ပြီး ကွာလာလမ်ပူမြို့ရှိ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့သို့
အကူအညီ တောင်းခံလာရာ မြန်မာသံရုံး အလုပ်သမား အရာရှိများထံသို့ တိုက်ရိုက် ဆက်သွယ်ကာ
သတင်းပို့ခဲ့ပြီး သူတို့ အဖွဲ့မှလည်း လိုအပ်သော ကိစ္စများကို ကူညီဖို့အတွက် လုဆောင်နေကြောင်း
ဥက္ကဌ ကိုသက်မှ ပြောခဲ့သည်။

မလေးရှားနိုင်ငံရှိ ဆာဘား ၊ ဆာရာဝပ်ပြည်နယ်သည် မလေးရှားနိုင်ငံ၏ ခွဲထွက်ပြည်နယ်
တစ်ခုဖြစ်ပြီး ကွာလာလမ်ပူမြို့တော်နှင့် အလွန် ဝေးကွာနေကြောင့် သွားလာရန်ပင် မလွယ်ကူသော
နေရာတစ်ခုဖြစ်ကာ ၎င်းနေရာတွင် မြန်မာလူမျိုးများ အကြောင်းအမျိုးမျိုးကြောင့်
အသက်ဆုံးရှုံးမှု အများဆုံးနေရာလည်း ဖြစ်သည်။

ထိုကြောင့် မလေးရှားနိုင်ငံသို့ အလုပ်သမား ပို့ဆောင်မှုများကို ဆာဘား ဆာရာဝပ် ပြည်နယ်သို့ ပို့ဆောင်ရန်အတွက် တရားဝင် တားမြစ်ထားတဲ့ တစ်နေရာ တစ်ခုလည်း ဖြစ်သည်။ သို့သော်လည်း မလေးရှားနိုင်ငံသို့ လာရောက်အလုပ်လုပ်ရန် မသိသေးသော မြန်မာများအား အေးဂျင့်များမှ
တဆင့် လိမ်လည်ကာ ထိုနေရာသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

ဒီကိစ္စနဲ့ ပက်သက်ပြီး ကူညီမည့်သူများ အနေဖြင့် မိမိတို့ တတ်နိုင်တဲ့ ဖက်ကနေ
+60111 6067 664 ကိုဆက်သွယ်ပြီး အကူညီပေးနိုင်ပါသည်။

(သတင်းဓာတ်ပုံများကို ကျွန်တော်ဖုန်းထဲသို့ ပို့ပေးထားသောပုံများနှင့်
အွန်လိုင်း FB မှပေးပို့ထားသော ဓာတ်ပုံများ ဖြစ်သည်။)

နေဇော်လင်း

Admin
Nay Zaw Lin1
Free Online Radio Media (Malaysia)
Website - http://www.malaysiaonlineradiomedia.com/
Facebook Page - https://www.facebook.com/pages/Nayzawlin1/292530074131729

မလေးရှားမှာ မြန်မာတွေ ရန်ပြုခံရတဲ့အတွက် ပုန်းအောင်းနေရ RFA Burmese


မလေးရှားနိုင်ငံ အရှေ့ဘက် သင်္ဘောကျင်းတစ်ခုမှာ မြန်မာအလုပ်သမားတွေကို အင်ဒိုနီးရှား အလုပ်သမားတွေက ရန်ပြုဖို့ကြိုးစားနေတဲ့အတွက် မြန်မာ ၉၇ ဦး ပုန်းအောင်းနေရပြီး အကူအညီ စောင့်ဆိုင်းနေကြတယ်လို့ သိရပါတယ်။

ဆာရာဝပ်ပြည်နယ်နဲ့ ဘရူနိုင်းလ်နိုင်ငံနယ်စပ် အာဆီယံတံတားအနီးက ရှင်ယန်းသင်္ဘောကျင်းမှာ အလုပ်လုပ်နေတဲ့ မြန်မာတွေထဲက တချို့ တနင်္လာနေ့ညနေက ဈေးဝယ်ထွက်ချိန်မှာ ရန်ပြုခံရပြီးတဲ့နောက် အခြေအနေပိုဆိုးလာခဲ့ပြီး မနေ့ညကတော့ အဲဒီနေရာက မြန်မာအားလုံး ဂိုဒေါင်တစ်ခုမှာ ပုန်းအောင်းနေရတာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အဲဒီပုန်းနေတဲ့ မြန်မာတွေထဲက ကိုတင်ဦးကို တယ်လီဖုန်း အဆက်အသွယ်ရပြီး မေးကြည့်တဲ့အခါ သူတို့ဟာ မြန်မာသံရုံး အပါအဝင် အခြားမြန်မာအသိုင်းအဝိုင်းကို ဆက်သွယ်ပြီး အကူအညီ တောင်းထားတယ်လို့ ဆိုပါတယ်။

“မြန်မာ ၉၇ ယောက်ထဲမှာ ကျနော်ပါပါတယ်၊ ကျနော်တို့ ဒုက္ခရောက်နေလို့ပါ၊ အကုန်လုံးလက်နက်ကိုင်တဲ့ ပုံစံမျိုးနဲ့ ခြိမ်းခြောက်ခံနေရတာပါ၊ ကျနော်တို့ ဂိုထောင်တစ်ခုထဲမှာ မြန်မာအကုန်လုံးစုပြီးတော့ နေနေရတဲ့အခြေအနေပါ”

မှူးဇော်အမည်နဲ့ လူသိများတဲ့ နိုင်ငံတော်သမ္မတရုံးက အရာရှိတစ်ဦး ရဲ့ ဖေ့ဆ်ဘွတ်အင်တာနက် စာမျက်နှာမှာ ဒီကိစ္စနဲ့ပတ်သက်လို့ မလေးရှားမှာရှိတဲ့ မြန်မာအလုပ်သမားအရာရှိက အာဘာဖီကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးကိုယ်တိုင်ဦးစီးပြီး မလေးနဲ့ ဘရူနိုင်းက မြန်မာသံရုံးတွေ၊ သက်ဆိုင်ရာနိုင်ငံအစိုးရတွေနဲ့ ဆက်သွယ်ပြီး အကာအကွယ်ပေးနိုင်ဖို့ အမြန်ဆုံး ဆောင်ရွက်နေတယ်လို့ ရေးသားဖေါ်ပြထားပါတယ်။ အာဘာဖီကုမ္ပဏီဆိုတာက အဲဒီအလုပ်သမားတွေကို ပို့ပေးတဲ့ကုမ္ပဏီဖြစ်တယ်လို့ ဆိုပါတယ်။

အလုပ်သမားတွေကတော့ သူတို့အတွက် အန္တရာယ်ကြီးနေတဲ့အတွက် အမြန်ဆုံးနေရပ်ပြန်ဖို့ပဲ ဆန္ဒရှိကြတယ်လို့ ပြောပါတယ်။

တောင်ကြီးမြို့၊ ခရစ်စမတ်နေ့၊ လက်လုပ်မိုင်း တခုထောင်ထားသည် ကို တွေ့ရှိရှင်းလင်း


ဒီဇင်ဘာလ ၂၅ရက်နေ့၊ တောင်ကြီးမြို့ ၊ စိန်ပန်းရပ်ကွက် ၊ ပြည်တော်အေးလမ်းကြားမှာ လက်လုပ်မိုင်း တခုကို ၂၅-၁၂-၂၀၁၃ ရက်နေ့ ၁၂ နာရီ ၅၅ မိနစ်မှာ စည်ပင်သာယာရေးဝန်ထမ်းကနေ စတင်တွေ့ရှိပြီး သက်ဆိုင်ရာ တာဝန်ရှိသူများကို သတင်းပို့ခဲ့ရာမှ တာဝန်ရှိသူတွေမှ
နေရာတွင်ပင် ဖောက်ခွဲဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။

တရားခံ ဖမ်းဆီးရမိရေးကို တောင်ကြီးမြို့ပေါ်ရှိ လုံခြုံရေးတာဝန်ရှိသူများမှ အရေးတကြီး စုံစမ်းဖော်ထုတ်နေတယ်လို့ သိရပြီး ယခင်မိုင်းဖြစ်စဉ်များနှင့်လည်း ပတ်သက်နိုင်တယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

တောင်ကြီးမီဒီယာ

စိတ်ပျက်ဖွယ်အဖျက်လုပ်ငန်းများကိုရှုတ်ချ

သာယာတဲ့ရာသီဥတု၊ ချိုမြိန်တဲ့သဘာဝအရသာရှိတဲ့ သစ်သီးဝလံများ၊
ဖော်ရွေတဲ့တိုင်းရင်းသား တွေရှိတဲ့ အေးချမ်းလှတဲ့ တောင်ကြီးမြို့ကို နှောက်ယှက်တဲ့သူရဲ့ရန်မှ ၀ိုင်းဝန်းကာကွယ် ကြပါစို့ဗျာ၊

ဒီနေ့လဲ သာယာအေးချမ်းလှတဲ့ ခရစ်စမတ်နေ့မှာ စိန်ပန်းရပ်ကွက်ထဲက၊ပြည်တော်အေးလမ်းကြားမှာ လက်လုပ်မိုင်း တခုထောင်ထားလို့၊ သက်ဆိုင်ရာရဲတပ်ဖွဲ့၊ မိုင်းရှင်းတပ်ဖွဲ့များရှင်းလင်း ဆောင်ရွက်ခဲ့ကြရပါတယ်၊

ဒါကြောင့် တောင်ကြီးမြို့ကိုချစ်သူများ အားလုံးချစ်တဲ့တောင်ကြီးအေးချမ်း လှပအောင်ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ကြပါစို့။

Post...Shan Prince
Posted From Shan News

""မန္တလေးမြို့ မောင် ကိန်းရွှေဆိုင် အား ဓားပြတိုက် ခဲ့သော အားရှန့်သည် လွှတ်တော် ကိုယ်စားလှယ် တစ်ဦး၏ တူဖြစ်ကြောင်း သိရ""


မန္တလေးမြို့ ချမ်းအေးသာစံ မြို့ နယ် လမ်း၈၀၊ ၂၉ လမ်း နှင့် လမ်း၃၀ ကြားရှိ မောင် ကိန်း ရွှေဆိုင် အား ဒီဇင် ဘာ ၂၄ ရက် ည နေ ၅ နာရီ ၄၅ မိနစ်ခန့်က ပစ္စတိုတစ်လက်ဖြင့် တစ်ကိုယ်တော် ဓားပြတိုက်ခဲ့သော အားရှန့် သည် မန္တလေးမြို့ ၆၄ လမ်း၊သိပ္ပံလမ်း တောင် ဘက်တွင် နေထိုင်ကြောင်း၊

ဦးလေး ဖြစ်သူမှာ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်ကြောင်း ၊ ၎င်းကိုင် ဆောင် ခဲ့ သည့် သေနတ်အား ဦးလေးဖြစ်သူ နေထိုင် သည့် လောက်ကိုင် ရှိ နေအိမ်အ စောင့် ကိုးကန့်များ ထံမှ ယူဆောင် လာခြင်း ဖြစ်ကြောင်း ၎င်းသတိရ လာချိန်တွင် ထွက်ဆိုခဲ့သည်။

အားရှန့်၏ ဦးလေးဖြစ်သူမှာ ဦးလျူကွယ် ရှီ (ကိုးကန့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်) တစ်ဦးဖြစ်ပြီး ၎င်း နေထိုင် သည့် နေအိမ်ကို ရှာဖွေသော်လည်း မသင်္ကာဖွယ် ပစ္စည်း တစ်စုံတစ် ရာ မ တွေ့ကြောင်း သိရသည်။

ထို့နောက် အားရှန့်၏ ကျန်းမာရေး အ ခြေ အ နေ ကြောင့် ဆက်လက် မေးမြန်းနိုင်ခြင်း မရှိသေးဘဲ အနီးကပ် စောင့်ကြည့်နေ ကြောင်း သိရသည်။

မန္တလေးသတင်းတပ်ဖွဲ့

မြန်မာနိုင်ငံမှာ ၂ ရက်ကြာ ပြသမယ့် ၂၀၁၄ ကမ္ဘာ့ဖလား ချန်ပီယံဆု ရန်ကုန်မြို့ကို ဒီဇင် ဘာ ၂၅ ရက်နေ့မှာ မွန်းလွဲပိုင်းမှာ ရောက်ရှိလာပါတယ်။


၂၀၁၄ ကမ္ဘာ့ဖလားဟာ အိန္ဒိယနိုင်ငံကနေ လေကြောင်း ခရီးနဲ့ ရောက်ရှိလာပြီး ဖီဖာနဲ့ ကိုကာကိုလာ အချိုရည်က တာဝန်ရှိသူတွေပါ လိုက်ပါလာတာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ဆုကြီးရဲ့ ခရီးစဉ်ကို ကိုကာကိုလာ အချိုရည်က တာဝန်ယူ လုပ်ဆောင်ပေးနေတာပါ။

ဖီဖာရဲ့ ကမ္ဘာ့ဖလား ရုပ်တုဟာ ကမ္ဘာ့နိုင်ငံအနှံကို လှည့်လည်
ပြသနေတာဖြစ်ပြီး မြန်မာနိုင်ငံကို ပထမဦးဆုံး အကြိမ် ရောက်ရှိလာတာပါ။ ဆုဖလား ရုပ်တုကို ရန်ကုန်မြို့ သုဝဏ္ဍ ဘောလုံးကွင်းမှာ ကမ္ဘာ့ဖလားကို ထားရှိပြီး အများပြည်သူ ကြည့်ရှုနိုင်ဖို့ ပြသသွားမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ - ကျော်ဇေယျာဝင်း
DVB TV News

အသေးစားချေးငွေ မရရှိသေးသည့် ကျေးရွာများအား ၂၀၁၄ ခုနှစ်တွင် ကျပ်ဘီလျံ ၅၀ ထုတ်ချေးမည် Thursday, December 26, 2013

အသေးစားချေးငွေ မရရှိသေးသော တစ်နိုင်ငံလုံးအတွင်းရှိ ကျေးရွာနှင့် မြို့ပြနေ အခြေခံလူထုအား လာမည့် ၂၀၁၄ ခုနှစ်တွင် ကျပ်ဘီလျံ ၅၀ ထုတ်ချေးသွားမည်ဖြစ်ကြောင်း သမ၀ါယမ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ဧရာဝတီတိုင်း ဒေသကြီးအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀ မြှင့်တင်ရေး အခမ်းအနားတွင် ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ကျပ်ဘီလျံ ၅၀ အား လာမည့် ၂၀၁၄ ခုနှစ် ဧပြီ၊ မေနှင့် ဇွန်လတို့တွင် အသေးစားချေး ငွေမရရှိသေးသည့် ကျေးလက်နှင့် မြို့ပြနေ ပြည်သူလူထုအား လုပ်ငန်းအသုံး စရိတ်အဖြစ် ထပ်မံထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လုပ်ငန်းအသုံးစရိတ်အဖြစ် ချေးငွေရရှိထားသည့် ပြည်သူလူထုအတွက် ထပ်မံ၍ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ချေးငွေပမာဏကို တိုးမြှင့်ပြီး ထုတ်ချေးသွားရန် စီစဉ်နေကြောင်း သိရသည်။

“နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်မှုအရ ယခုထုတ်ချေးသည့် ချေးငွေများကို အတိုးနှုန်းလျှော့ချကာ တစ်ကျပ်ခွဲနှုန်းဖြင့် ထုတ်ချေးသွားမည်ဖြစ်ကြောင်း၊ ယခင်ချေးငွေများကိုလည်း ယခင်အတိုးနှုန်းဖြစ်သည့် နှစ်ကျပ်ခွဲနှုန်းဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းအတိုးနှုန်းများကိုလည်း လျှော့ချနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်” ဟု သမ၀ါယမ၀န်ကြီး ဦးကျော်ဆန်းက ရှင်းလင်းခဲ့သည်။

မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း ၆၄၀၀၀ ကျော်ရှိပြီး ကျေးလက်ဒေသများတွင် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး၊ ရေကောင်းရေသန့်ရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေး မြင့်တက်လာရန် ပြည်တွင်း၊ ပြည်ပ အကူအညီများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သမ္မတဦးသိန်းစိန်က ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀ မြှင့်တင်ရေးအခမ်းအနားတွင် ပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ကျေးရွာပေါင်း ၆၄၀၀၀ ကျော်ရှိသည့်အနက် ၄၀၀၀၀ ကျော်မှာ လျှပ်စစ်မီး မရရှိသေးကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ သိရသည်။

Eleven Media Group

၁၅၀၀ တန်CDMAများကိုLTE စနစ် ပြောင်းလဲမည်ဟုဆို

မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC) နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့ ပူးပေါင်းရောင်း ချခဲ့သည့်၁၅၀၀ကျပ်တန်MEC Tel CDMA 800 မိုဘိုင်းဖုန်းလိုင်းများကိုLong Time Evolution (LTE) စနစ်သို့ ကူးပြောင်းသွားရန် စီစဉ်ထားသည်ဟုသိရသည်။

“အစ်ကိုတို့က 3G စနစ်၊ဒါကို တချို့ 4G သွားလို့မရဘူးလို့ပြောနေကြတယ်။ နောက်ပိုင်းထွက်တဲ့မိုဘိုင်းဖုန်းလိုင်းတွေမှာ 4G စနစ်ကို ဆက်သွားမှာ။ LTE စနစ်ကိုသွားလို့မရဘူး မဟုတ်ဘူး။ သွားလို့ ရတယ်” MEC Tel မှ တာဝန်ရှိသူမန်နေဂျာတစ်ဦးကပြောသည်။

MEC သည်CDMA ဖုန်းလိုင်းများကိုZTE နှင့် ပူးပေါင်း၍ တည်ဆောက်ထားခြင်းဖြစ်ပြီး နောင်တစ်ချိန်၌ LTE စနစ်သို့ ကူးပြောင်းသွားမည်ဟု သိရသည်။ ZTE နှင့်ပြိုင်ဘက်ကုမ္ပဏီသည်ZTE ၏ နည်းပညာများမှာ ခေတ်မီခြင်းမရှိတော့သည့်အပြင် MEC အနေဖြင့် ZTE နည်းပညာများကို ချဲ့ထွင်နေပါက နောင်တစ်ချိန်ပြင်ဆင်ရန် ခက်ခဲမည်ဟု ဝေဖန်ခဲ့ကြသည်။

MEC အနေဖြင့် ZTE သည်မြန်မာ့ဆက်သွယ်ရေးနှင့် အစဉ်အဆက် လက်တွဲလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည့်အပြင် လက်ရှိကာလ၌လည်းအဆိုပါနည်းပညာသည အဆင်ပြေစွာ သုံးစွဲနေဆဲဖြစ်သည်ဟု ပြောဆိုခဲ့သည်။ အများအနေဖြင့်4G စနစ်သို့ CDMA များကူးပြောင်းနိုင်ခြင်းမရှိဘူး ပြောဆိုကြသည်မှာ မှားယွင်းသည့်အပြင်၎င်းတို့အနေဖြင့်လည်းLTE စနစ်ကို ကူးပြောင်းရန်ရည်ရွယ်ပြီးဖြစ်ကြောင်း MEC ကပြောဆိုခဲ့သည်။

လက်ရှိအချိန်၌မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် 3G နည်းပညာကိုသာ ဆက်လက်အသုံးပြုမည်ဟု ကြေညာခဲ့ပြီးတိုးချဲ့ခန့်အပ်လိုက်သည့် ဆက်သွယ်ရေးအော်ပရေတာများသည်လည်3းG, 2G နည်းပညာများကို အသုံးပြု၍ လုပ်ကိုင်ဆောင် ရွက်သွားမည်ဟုထုတ်ပြန်ပြောဆိုထားသည်။ လက်ရှိအချိန်၌MEC သည်မိုဘိုင်းဖုန်းလိုင်း၁ သန်းကျော်ကို ချထားပေးပြီးဖြစ်သည်။

မြင့်ကျော်လှိုင်by Internet Journal

မန္တလေးမြို့၊ မောင်ကိန်းရွှေဆိုင် ဓါပြတိုက်ခံရ

ဒီဇင်ဘာလ ၂၄ရက်၊ ညနေ ၅း၃၀ တွင် ၂၉ လမ်း ၈၀ လမ်းဒေါင့် မောင်ကိန်း ရွှေဆိုင် အား ဓါးပြတိုက်မှု ဖြစ်ပွားခဲ့ရာ ဓါးပြမှ သေနတ်ဖြင့် ၇ ချက်ခန့် ဆက်တိုက် ပစ်ခတ်ပြီး ပစ္စည်းယူ ပြန်အထွက်တွင် လုံခြုံရေးနှင့် တာဝန်သိပြည်သူများ က ဝိုင်းဝန်းဖမ်းဆီးခဲ့ ကြပါသည်။

Posted From Saw Gyi (မန္တလေး သတင်း ပုံရိပ်များ)
Photo From Saw Gyi & မိုး စက်

ယာဉ်နှစ်ထပ်ရပ်ခြင်းကို ဓာတ်ပုံရိုက်ကာ ဖေ့စ်ဘုတ်မှတစ်ဆင့် တိုင်ကြားနိုင် ဖြိုး|ဒီဇင်ဘာလ ၂၄ ရက်၊ အင်္ဂါနေ့၊ ၂၀၁၃ ခုနှစ်

မန္တလေးမြို့တွင်း ယာဉ်ကြောပိတ်ဆို့စေမည့် ယာဉ်နှစ်ထပ်ရပ်နားခြင်းကို ဌာနသို့ လာရောက်တိုင်ကြားနိုင်သည့်အပြင် ဆိုရှယ်မီဒီယာဝက်ဘ်ဆိုဒ် Facebook ဖေ့ဘုတ်မှလည်း သတင်းပေး တိုင်ကြားနိုင်သည် ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနမှ ဌာနခွဲမှူး ဦးစိုးတင့်အောင်က မဇ္ဈိမသို့ ပြောသည်။

“သတင်းပေးရင် သွားရောက်စစ်ဆေး အရေးယူမယ်၊ ဘယ်လမ်းမှာမဆို ပြည်သူလူထု အနှောင့်အယှက် ပေးရင် ဖမ်းမှာပဲ၊ ဖေ့ဘုတ်ကနေ ဓာတ်ပုံရိုက်ပြီး သတင်းပေးလဲရတယ်၊ သွားစစ်ဆေးပြီး ဟုတ်တယ်ဆို ရင် ဒဏ်ရိုက်မယ်”ဟု ပြောသည်။

သတင်းပေးတိုင်ကြားရာတွင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ သန့်ရှင်းရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်သည့်အပြင် Facebook မှ မန္တလေးသတင်း နှင့်ပတ်သက်သည့် Group များ၊ Page များ၊ စည်ပင်သာယာနှင့်သက်ဆိုင်သော Page များတွင်လည်း ပုံ များပေးပို့ တိုင်ကြားနိုင်ခြင်းဖြစ်သည်။

မန္တလေးမြို့တွင်းတွင် သန့်ရှင်းရေးဌာနမှ လုပ်ငန်းလိုင်စင်ရရှိထားသည့် မည်သည့်လုပ်ငန်းမဆို ဆိုင်များ ရှေ့တွင် ယာဉ်နှစ်ထပ်ရပ်နားခြင်းကို သတင်းပေး တိုင်ကြားနိုင်ပြီး စစ်ဆေးတွေ့ရှိပါက ဒဏ်ရိုက် အရေး ယူမည်ဖြစ်သည်။

“သန့်ရှင်းရေးဌာနမှ လုပ်ငန်းလိုင်စင်ယူထားတဲ့ ဘယ်လုပ်ငန်းမဆို သူတို့ဆီကိုလာတဲ့ ယာဉ်နှစ်ထပ်ရပ် တဲ့ ယာဉ်တွေကို လက်ခံတဲ့အတွက် အရေးယူတာဖြစ်ပါတယ်၊ ဒဏ်ရိုက်အရေးယူပြီးတာတောင် မဆင်ခြင်ဘဲ ပိုဆိုးလာရင်တော့ စည်ပင်ဥပဒေအရ တရားစွဲမှာပါ”ဟု ဦးစိုးတင့်အောင်က ပြောသည်။

လုပ်ငန်းပမာဏပေါ်မူတည်၍ ဆိုင်သေးဆိုပါက ကျပ်ဒဏ်ငွေသုံးသောင်း၊ ဆိုင်ကြီးဖြစ်ပါက ကျပ်ငါး သောင်း သတ်မှတ်ထားပြီး ပထမတစ်ကြိမ် ဒဏ်ရိုက်ခံပြီး လိုက်နာမှုမရှိပါက စည်ပင်သာယာဥပဒေပုဒ်မ ၂၄၊ ၂၅၊ ၂၆ တို့ဖြင့် တရားစွဲဆိုမည်ဖြစ်ကာ ပုဒ်မများအရ ဒဏ်ငွေ ကျပ်ငါးသိန်းနှင့် ထောင်ဒဏ်တစ်နှစ် ချမှတ်နိုင်သည်။

ဒီဇင်ဘာ ၁၁ ရက်မှ စတင်ကာ ဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်ခဲ့ရာ ဆိုင်ပေါင်း ၁၉ ဆိုင်ကို ဒဏ်ရိုက်ခဲ့ပြီး ဒဏ်ငွေ ၈၂၀,၀၀၀ ရရှိထားကြောင်း သန့်ရှင်းရေးဌာနမှ သိရသည်။

မန္တလေးမြို့တွင် ဒီဇင်ဘာလ ၉ ရက် မှစတင်ကာ ယာဉ်ရပ်နားကန့်သတ်နယ်မြေ ဧရိယာခြောက်ခု သတ် မှတ်ခဲ့ပြီး အဆိုပါဧရိယာအတွင်း ယာဉ်ရပ်နားခြင်းနှင့် ယာဉ်နှစ်ထပ်ရပ်တန့်ခြင်း ပြုလုပ်သည့် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များကို ယာဉ်သယ်ကရိန်းဖြင့် ဆွဲယူကာ ဒဏ်ရိုက်ခြင်းလုပ်ငန်းများကို မန္တလေးမြို့ တော် စည်ပင်သာယာရေးကော်မတီ အခွန်ဌာနက တာဝန်ယူလုပ်ဆောင်လျက်ရှိသည်။

သင်္ဃန်းကျွန်းမြို့နယ် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ သုံးစွဲမှုအစီရင်ခံစာ ဇန်န၀ါရီပထမပတ်တွင် လွှတ်တော်ဖွံ့ဖြိုးရေး လုပ်ငန်းကော်မတီသို့ တင်မည် Tuesday, December 24, 2013

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေသုံးစွဲမှု အစီရင်ခံစာကို ဇန်န၀ါရီပထမပတ်တွင် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ဥက္ကဋ္ဌအဖြစ်ပါဝင်သည့် လွှတ်တော်ဖွံ့ဖြိုးရေးလုပ်ငန်းကော်မတီသို့ တင်ပြသွားမည်ဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။

ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ သိန်း ၁၀၀၀ အား သုံးစွဲရန်အတွက် သင်္ဃန်းကျွန်းမြို့နယ်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွံ့ဖြိုးရေးကော်မတီဝင်များမှ မြို့နယ်တွင် ကွင်းဆင်းလေ့လာမှု လေးကြိမ်ပြုလုပ်ခဲ့ပြီး နောက်ဆုံးအကြိမ်အဖြစ် ဒီဇင်ဘာ ၂၂ ရက်က ကွင်းဆင်းလေ့လာမှုအပြီး မီဒီယာများအား ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
လွှတ်တော်က ချပေးတဲ့နေရာမှာ ပိုတဲ့ငွေတွေကိုလည်း တကယ်ချို့တဲ့တဲ့နေရာတွေ ရပ်ကွက်တွေကို ပိုမိုချထားပေးသွားမယ်။ နောက်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေသုံးစွဲမှုအစီရင်ခံစာကို ဇန်န၀ါရီ ပထမပတ်အတွင်းမှာ လွှတ်တော်ကို အစီရင်ခံတင်ပြသွားဖို့ရှိတယ် . . .

ဦးသိန်းညွန့်က "ကျွန်တော်တို့ အခုသင်္ဃန်းကျွန်းမြို့နယ်အတွင်းမှာ ရပ်ကွက် ၃၀ ကို ကွင်းဆင်းလေ့လာပြီးပါပြီ။ အခုကွင်းဆင်းတဲ့ရပ်ကွက်က နောက်ဆုံးပါ။ ကျွန်တော်တို့မြို့နယ်အတွင်းမှာဆို အခုဒေသဖွံ့ဖြိုးရေးအတွက် သိန်း ၇၀၀ ကျော်လောက် လျာထားပါတယ်။ လွှတ်တော်က ချပေးတဲ့နေရာမှာ ပိုတဲ့ငွေတွေကိုလည်း တကယ်ချို့တဲ့တဲ့နေရာတွေ ရပ်ကွက်တွေကို ပိုမိုချထားပေးသွားမယ်။ နောက်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေသုံးစွဲမှုအစီရင်ခံစာကို ဇန်န၀ါရီ ပထမပတ်အတွင်းမှာ လွှတ်တော်ကို အစီရင်ခံတင်ပြသွားဖို့ရှိတယ် " ဟု ဆိုသည်။

ပြည်ထောင်စုလွှတ်တော်မှ တစ်မြို့နယ်လျှင် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ သိန်း ၁၀၀၀ အား မြို့နယ်တွင်း သောက်သုံးရေရရှိရေး ဆောင်ရွက်ရန်၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ရန်နှင့် လမ်းတံတားများပြင်ဆင်ရန်အတွက် မြို့နယ် ၃၃၀ ကျော်အား ချထားပေးခဲ့ပြီး အဆိုပါရန်ပုံငွေများ စိစစ်ရေးအတွက် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကိုယ်တိုင် ဥက္ကဋ္ဌအဖြစ်ပါဝင်ပြီး လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သော ရန်ပုံငွေစိစစ်ရေးကော်မတီအား ဖွဲ့စည်းကာ မြို့နယ်အလိုက် ဖွံ့ဖြိုးရေးရန်ပုံငွေ သုံးစွဲမှုများအား စိစစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သင်္ဃန်းကျွန်းမြို့နယ်အပါအ၀င် အချို့သောမြို့နယ်များအနေဖြင့် အဆိုပါဒေသဖွံ့ဖြိုးရေးရန်ပုံငွေ သိန်း ၁၀၀၀ မှာ လုံလောက်မှုမရှိသဖြင့် ၂၀၁၄ ခုနှစ်တွင် ဖွံ့ဖြိုးရေးရန်ပုံငွေ တိုးမြှင့်ချထားပေးရန် အဆိုတင်သွင်းသွားမည်ဖြစ်ပြီး ယခုနှစ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေအား သင်္ဃန်းကျွန်းမြို့နယ်အတွင်း လမ်းတံတားပြင်ဆင်ရေးနှင့် ရေရရှိရေးတို့တွင် အဓိကထားသုံးစွဲသွားမည်ဖြစ်ကြောင်း ဦးသိန်းညွန့်က ဆက်လက်ပြောကြားသည်။

Eleven Media Group

တောင်ငူမြို့ ကုန်သည်ကြီးလမ်း ၀င်းကမ္ဘာဖုန်းဆိုင် အနီးတွင် မီးလောင်မှုဖြစ်


မနက် ၁ နာရီအချိန်ခန့်တွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး အဆိုပါမီးလောင်ကျွမ်းမှုကြောင့် ၀င်းကမ္ဘာုဖုန်းဆိုင်၊ ၀င်းသီရိ လက်ဖက်ပဲကြော်ဆိုင်၊ စိုးရတနာရွှေဆိုင်နှင့် အထည်ဆိုင်လုပ်ငန်းအိမ် တစ်လုံးတို့လောင်ကျွမ်းခဲ့ပါသည်။

မီးလောင်မှုအရှိန်များသောကြောင့် တောင်ငူမြို့နယ် မှ မီးသတ်ကားများအပြင် ရေတာရှည် အုတ်တွင်းတို့မှ မီးသတ်ကားများပါ လာရောက်ကူညီငြိမ်းသတ်ခဲ့ရပြီး မီးလောင်ကျွမ်းမှု အချိန် ၃ နာရီခန့်ကြာမြင့်ခဲ့သည်။

လက်ရှိအချိန်တွင် မီးညွှန့်ချိုးနိုင်ခဲ့ပြီး အပြီးသတ်ငြိမ်းသတ်နိုင်ရန် မီးသတ်တပ်ဖွဲ့ဝင်များ ကြိုးစားလျှက်ရှိကြောင်းသိရပါသည်။

မီးလောင်ကျွမ်းရာနေရာသို့ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့မှ အနီးကပ် ကြီးကြပ်လျှက်ရှိပြီး မည်သို့ မီးစတင်လောင်ကျွမ်းမှုဖြစ်စဉ်ကို စုံစမ်းလျှက်ရှိကြောင်းသိရပါသည်။

မီးသတ်တပ်ဖွဲ့ဝင်များကို တောင်ငူမြို့ရှိ ရေဂါလံ ၃၄၀၀၀ ခန့်ဆန့်သော တင်းလဲရေဘော်ဆာ ၄ ခန့် ရေတယ်ပေးနေသည်ကိုတွေ့ရပါသည်။

Posted From Ko Kyaw Swar toungoo group

အူရီးဒူးက ပြည်တွင်းတွင် 3G နက်ခ်ဝပ်ကို နှစ်နှစ်အတွင်း အပြီးတည်ဆောက်မည် စ,ချိုကို|ဒီဇင်ဘာလ ၂၃ ရက်၊ တနင်္လာနေ့၊ ၂၀၁၃ ခုနှစ်

ပြည်တွင်းတွင် ဆက်သွယ်ရေးအော် ပရေတာအဖြစ် ရွေးချယ်ခံထားရသော အူရီးဒူး (Ooredoo) က မြန်မာနိုင်ငံတွင် နှစ်နှစ်အတွင်း 3G နက်ခ်ဝပ်ကို အပြီးတည်ဆောက်သွားမည်ဟု ယင်းကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်တွင် ပြောဆိုလိုက်သည်။

3G နက်ခ်ဝပ် တည်ဆောက်ရေးအတွက် အူရီးဒူးအနေဖြင့် Nokia Solution and Network (NSN) ကုမ္ပဏီကို ရွေးချယ်ထားပြီး ပြည်တွင်းတွင် နှစ်နှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်သည်။

Ooredoo Myanmar ၏ အမှုဆောင်အရာရှိချုပ် Rock Cormack က “မြန်မာနိုင်ငံမှာရှိတဲ့ အူရီးဒူးရဲ့ ဆက်သွယ်ရေး ကွန်ရက်သုံးစွဲသူတွေကို ကမ္ဘာ့အဆင့်မီ ဆက်သွယ်ရေးဝန်ဆောင်မှုတွေ ဖြန့်ဝေပေးနိုင် ဖို့ ကျွန်တော်တို့ အလေးအနက် စတင်ဆောင်ရွက်နေပါပြီ။ အခုတည်ဆောက်မယ့် 3G နက်ခ်ဝပ် ၀န်ဆောင်မှုတွေအတွက် NSN အနေနဲ့ ထောက်ပံ့ကူညီပေးနိုင်တဲ့စွမ်းအားတွေရှိတယ်လို့ကျွန်တော်တို့ ယုံကြည်ပါတယ်”ဟု ထုတ်ပြန်ချက်တွင် ပြောသည်။

NSN သည် သဘောတူညီချက်ရယူထားသော နှစ်နှစ်အတွင်း 3G နက်ခ်ဝပ်ကို အပြီးတည်ဆောက် သွားမည်ဖြစ်ပြီး ယင်းနက်ခ်ဝပ်ကို လိုင်းအား 900 MHz နှင့် 2100 MHz ပေါ်တွင် တည်ဆောက်မည် ဖြစ်သည်။

NSN နှင့် Ooredoo ၏ သဘောတူညီချက်များတွင် နက်ခ်ဝပ်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ အကျိုးရှိရှိအသုံးချရေး၊ နည်းစနစ်အချက်အလက်စုဆောင်းခြင်းများ ပါဝင်ပြီး Hardware၊ Software နှင့် စွမ်းရည်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ၀န်ဆောင်မှုများအပါအ၀င် ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရေး ၀န်ဆောင်မှုများ လည်းပါသည်။

လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲသည် သမ္မတဖြစ်သင့်ဟု ဥပဒေပညာရှင်တို့ အကြံပြု စိုးသန်းလင်း|ဒီဇင်ဘာလ ၂၃ ရက်၊ တနင်္လာနေ့၊ ၂၀၁၃ ခုနှစ်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီနှင့် ပြည်ထောင်စုလွှတ်တော်သို့ တိုင်းနှင့်ပြည်နယ်အသီးသီးမှ ဥပဒေပညာရှင်များက အကြံပြုစာတမ်းပေးပို့ရာတွင် လက်နက်ကိုင်တပ်ဖွဲ့ အားလုံး၏အကြီးအကဲသည် နိုင်ငံတော်သမ္မတသာ ဖြစ်သင့်ဟူသော အကြံပြုချက်လည်း ပါဝင်ကြောင်း Myanmar Aid Network ၏ Case official တရားလွှတ်တော်ချုပ် ရှေ့နေဦးမြင့်သွင်က မဇ္ဈိမသို့ ပြော သည်။

“တစ်နိုင်ငံလုံးက ရှေ့နေအသင်းတွေ၊ ဥပဒေအထောက်အကူပြု လုပ်ငန်းတွေမှာ ဆောင်ရွက်နေတဲ့ ဥပ ဒေပညာရှင်တွေ စုစည်းပြီး ဒီဇင်ဘာ ၂ ရက်ကနေ ၇ ရက်အထိ စုပေါင်း ဆွေးနွေးခဲ့ကြတယ်။ အဲဒီ ဆွေး နွေးပွဲရလဒ်ဖြစ်တဲ့ အကြံပြုချက်စာတမ်းကို ပြည်ထောင်စုလွှတ်တော်ကိုရော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှူးဆီကိုပါ ဒီနေ့ ပေးပို့သွားမှာပါ။ ဥပဒေပညာ ရှင်တွေ စုပေါင်းဆွေးနွေးပွဲမှာ အခြေခံဥပဒေ အခန်းအားလုံးကို ပုဒ်မတစ်ခုချင်းစီကို ဘက်မလိုက်ဘဲ ဥပဒေရှုထောင့်ကနေ အပြုသဘော ဝေဖန် သုံးသပ်ခဲ့ပါ တယ်။ အဲဒီမှာ ပုဒ်မ ၁၆၊ ပုဒ်မ ၂၀(ဂ)နဲ့ ပုဒ်မ ၃၃၈ တို့ကို ရှေ့နောက် ညီညွတ်အောင်နဲ့ ဒီမိုကရေစီကျင့်စဉ်ကို မှန်ကန်စေလိုတဲ့အတွက် လက်နက်ကိုင်တပ် ဖွဲ့အားလုံးရဲ့ အကြီးအကဲက ကာကွယ်ရေးဦးစီးချုပ်မဟုတ်ဘဲ သမ္မတပဲဖြစ်သင့်တယ်ဆိုတဲ့ ပြင်ဆင် အကြံပြုချက်မျိုးတွေလည်းပါတယ်”ဟု ၎င်းက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မ ၁၆ ပါ နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေး အကြီး အကဲသည် နိုင်ငံတော်သမ္မတဖြစ်သည်ဟူသော စာသားတွင် နိုင်ငံတော်အကြီးအကဲ နိုင်ငံတော်အုပ်ချုပ် ရေးအကြီးအကဲနှင့် နိုင်ငံတော်စစ်သေနာပတိချုပ်သည် နိုင်ငံတော်သမ္မတဖြစ်သည်”ဟု ဖြည့်စွက်သင့် ကြောင်း ပုဒ်မ၂၀(ဂ)ပါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီး အကဲဖြစ်သည် ပြဋ္ဌာန်းချက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အစား နိုင်ငံတော်သမ္မတဟု ပြင်ဆင် သင့်ကြောင်း စသည့် အကြံပြုချက်များ ပါဝင်သည်ဟု ဦးမြင့်သွင်က ပြောသည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၇)ပါ တပ်မတော်ဆိုင်ရာပုဒ်မများ၏ အစဖြစ်သည့် “နိုင်ငံတော် အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ရှိရမည်”ဟူ သော ပုဒ်မ-၃၃၈ ဥပဒေကို လက်နက်ကိုင်တပ်ဖွဲ့တစ်ခုတည်းမှ အဆုံးစွန် အာဏာထိန်းသိမ်းနိုင်စေဖို့” ဟူသော ရည်ရွယ်ချက်ဖြင့် ပုဒ်မတစ်ခုလုံး ဖြုတ်ပစ်ရန်လည်း အကြံပြုထားကြောင်း သိရသည်။

ထိုသို့ အဆုံးစွန်အာဏာမရှိစေရန်အတွက် ပုဒ်မ-၃၄၀ ပါ တပ်မတော်သည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူတစ်ရပ် လုံး ပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိသည် အစရှိသည့် စာသားတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သဘောတူညီချက်ဖြင့်”ဟု ပြင်ဆင် အကြံပြုထားကြောင်းလည်း အဆိုပါစာတမ်း ၌ ဖော်ပြပါရှိသည်။

တစ်နိုင်ငံလုံး၌ ဥပဒေပညာရှင်များအဖွဲ့တို့မှ ကိုယ်စားလှယ်များ စုဝေးပြီး ၂၀၀၈ အခြေခံဥပဒေကို လေ့ လာသုံးသပ်ကြရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်၏ နိဒါန်းမှစ၍ အခန်းအလိုက်၊ ပုဒ်မများအလိုက် သာမက နောက်ဆုံးဇယားများအထိပါ လေ့လာသုံးသပ် အကြံပြုထားကြောင်း ဦးမြင့်သွင်က ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ IBC ၌ ပြုလုပ်ခဲ့သည့်Legal Aid and Rule of Law Forum တွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ရှေ့နေအသင်းများ၊ဥပဒေအထောက် အကူပြုအဖွဲ့များ၊ ဖိတ်ကြားထားသော တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီအဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အသီးသီး တက်ရောက်ခဲ့ကြပြီး အခြေခံဥပဒေပါ အကြောင်း အရာများကို ဆွေးနွေး သုံးသပ်ခဲ့ကြကြောင်း၊ အဆိုပါဆွေးနွေးသုံးသပ်ချက်များအား ပြည်ထောင်စုလွှတ် တော်သို့ တင်ပြဆွေးနွေးနိုင်ပါက နိုင်ငံနှင့်ပြည်သူ့အကျိုးအတွက် များစွာ အထောက်အကူပြုနိုင်ကြောင်း၊ တက်ရောက်လာသူ လွှတ်တော်ကိုယ်စားလှယ်တို့က အကြံပြုခဲ့ကြောင်း၊ ထိုအကြံပြုချက်ကို လေးစား သောအားဖြင့် တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရှေ့နေအသင်းများ၊ ဥပဒေအထောက် အကူပြု လုပ်ငန်းအဖွဲ့များနှင့် အခြား ဥပဒေပညာရှင်များ စုစည်းကာ ဒီဇင်ဘာ ၂ ရက်နေ့အထိ စုပေါင်း ဆွေးနွေးပြီး ယခုကဲ့သို့ သုံးသပ် အကြံပြုချက်စာတမ်း ထွက်ပေါ်လာရကြောင်းလည်း ဦးမြင့်သွင်က ပြောသည်။

၂၀၁၃-၂၀၁၄ ပထမ ပညာသင်နှစ်ဝက်တွင် ရတနာပုံနှင့် စစ်ကိုင်းတက္ကသိုလ်မှလွဲ၍ ကျန်တက္ကသိုလ်ရှိ ကျောင်းသားများအား အဆောင်ပေးနိုင်မည်

ရတနာပုံနှင့် စစ်ကိုင်းတက္ကသိုလ်မှလွဲ၍ ကျန်တက္ကသိုလ်များရှိ ကျောင်းသားကျောင်းသူများအား အဆောင်ပေးနိုင်မည်ဖြစ်ပြီး စည်ပင်သာယာနယ်နိမိတ် ပြင်ပနေသူများအား ဦးစားပေးသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၂ ရက်က ပညာရေးဝန်ကြီးဌာနတွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောကြားသည်။

၂၀၁၃-၂၀၁၄ ပညာသင်နှစ် ပထမ ပညာသင်နှစ်ဝက်၌ တက္ကသိုလ်၊ ဒီဂရီ ၂၅ ခုအနက် ရတနာပုံနှင့် စစ်ကိုင်းတက္ကသိုလ်မှအပ ကျန် ၂၃ ကျောင်းတွင် အဆောင်ထားရှိနိုင်မည်ဖြစ်ကြောင်း မြစ်ကြီးနားတက္ကသိုလ် အနေဖြင့် ပြည်နယ်အစိုးရ၏ ကူညီမှုဖြင့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစ၍ အဆောင်ထားရှိထားကြောင်း ဒေါက်တာသိန်းဝင်းက ဆက်လက်ပြောကြားသည်။

“လက်ရှိမှာတော့ စစ်ကိုင်းပညာရေး တက္ကသိုလ်နဲ့ မြစ်ကြီးနား တက္ကသိုလ်တွေမှာတော့ အတန်းအားလုံးကို အဆောင်ထားရှိ ပေးထားနိုင်ပါတယ်။ ၂၀၁၃-၂၀၁၄ ပညာသင်နှစ် ပထမနှစ် ကျောင်းသူကျောင်းသားတွေအတွက် အဆောင်ရွေးချယ်ရာမှာ စည်ပင်သာယာနယ်နိမိတ် ပြင်နေသူတွေကို ဦးစားပေး ရွေးချယ်ပါတယ်။ အဆောင်ဆန့်အား မလုံလောက်ပါက တက္ကသိုလ်ဝင်တန်းအောင် ရမှတ်အများ အနည်းအလိုက် ရွေးချယ်ပါတယ်” ဟု ဒေါက်တာသိန်းဝင်းက ပြောကြားသည်။

အဆောင်ရှိပြီးဖြစ်သည့် တက္ကသိုလ်များတွင် လက်ရှိဘဏ္ဍာနှစ်အတွင်း ၀န်ထမ်းအိမ်ရာ အသစ်များ ဆောက်လုပ်နေကြောင်း၊ ဆောက်လုပ်ပြီးစီး၍ ၀န်ထမ်းများ ပြောင်းရွှေ့ပြီးပါက လစ်လပ်သွားသည့် ကျောင်းသူကျောင်းသား အဆောင်များ၌ ဒုတိယ စာသင်နှစ်ဝက်တွင် လက်ရှိထက် ပိုမိုထားရှိနိုင်မည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

အောက်မြန်မာပြည် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်က “ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်ပညာရေး တက္ကသိုလ်နဲ့ စစ်ကိုင်းပညာရေး ကောလိပ်တွေမှာတော့ ပထမနှစ်ကနေ နောက်ဆုံးနှစ်အထိ အဆောင်ပေးမှာ ဖြစ်ပါတယ်။ အခြားတက္ကသိုလ်နဲ့ ကောလိပ်တွေမှာလည်း ပထမနှစ်အပြင် အခြားအတန်းတွေမှာလည်း အဆောင်ပေးနိုင်ဖို့ စိစစ်လျက် ရှိပါတယ်။ စစ်တွေတက္ကသိုလ်၊ ရတနာပုံ တက္ကသိုလ်နဲ့ စစ်ကိုင်းတက္ကသိုလ်တွေမှာတော့ အဆောင်ပေးနိုင်ခြင်း မရှိသေးဘဲ လာမည့်စာသင်နှစ်ဝက်တွင် အဆောင်ပေးနိုင်ရန် စီစဉ်လျက်ရှိပါတယ်” ဟု ပြောကြားသည်။

အဆောင်နေသူ ကျောင်းသားကျောင်းသူများသည် အဆောင်လခအဖြစ် တစ်လကျပ် ၅၀၀၀ ကောက်ခံမည်ဖြစ်ပြီး စားသောက်ရေး အဆင်ပြေစေရန် စီစဉ်ထားကြောင်း၊ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှစ၍ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၏ အဆောင်များတွင် စည်ပင်သာယာနယ်နိမိတ် ပြင်ပနေ ပထမနှစ် ကျောင်းသားကျောင်းသူသစ်များကို လက်ခံထားရှိနေပြီဖြစ်ကြောင်း သိရသည်။

Eleven Media Group

ATM ကတ်ဖြင့် ငွေထုတ်ယူရာတွင် အင်တာနက် ပြတ်တောက်ခြင်း၊ စက်ထဲတွင် ငွေသားမရှိခြင်း စသည့်အဆင်မပြေမှုများ ကြုံတွေ့ရခြင်းကြောင့် သုံးစွဲသူများ အခက်တွေ့ EMG


ATM စက်များတွင် ATM ကတ်များဖြင့် ငွေသားထုတ်ယူရာတွင် အင်တာနက် ပြတ်တောက်ခြင်း၊ စက်ထဲတွင် ငွေသားမရှိခြင်း စသည့်အဆင်မပြေမှုများ ကြုံတွေ့နေရခြင်းကြောင့် သုံးစွဲသူများအနေဖြင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။

“ATM ကတ်တွေကို သုံးစွဲတဲ့အခါ အများဆုံး ကြုံတွေ့ရတာကတော့ အင်တာနက် အဆင်မပြေလို့ ငွေထုတ်လို့မရတာက အများဆုံး ဖြစ်ပါတယ်။ ATM စက်တိုင်းဖြစ်တာ မဟုတ်ရင်တော့ အွန်လိုင်းဖြစ်နေတဲ့ ATM စက်ကို လိုက်ရှာပြီး ငွေထုတ်ရတာပေါ့။ ဒါပေမဲ့ ဖြစ်နိုင်ရင်တော့ ကိုယ်နဲ့နီးစပ်တဲ့ ATM စက်မှာ တစ်ခါတည်း အဆင်ပြေဖို့ လိုတာပေါ့။ မဟုတ်ရင် အချိန်တွေကြန့်ကြာပြီလေ။ တစ်ခါတလေ ထုတ်နေရင်း လိုင်းကျလို့ဆိုပြီး ငွေလည်းထွက်မလာ၊ ကတ်လည်း ပြန်ထွက်မလာဘဲ အသိမ်းခံလိုက်ရတာတွေလည်း ရှိတယ်။ ကိုယ့်ကတ်ရဲ့ စာရင်းထဲကနေ ငွေနုတ်သွားပြီး ငွေကထွက်မလာတဲ့အခါ တော်တော်များများက ATM ကို မသုံးချင်တော့လောက်အောင် စိတ်ပျက်သွားကြတယ်။ ငွေအရေအတွက်များရင် ဘဏ်ကိုသေသေချာချာ ပြောပြပြီး ရက်အနည်းငယ်စောင့်ရင် ငွေပြန်ထုတ်လို့ ရပေမယ့် ငွေနည်းနည်းပါးပါး ထုတ်တဲ့အခါမျိုးမှာ ကြုံရရင် အလုပ်ရှုပ်ခံပြီး မလုပ်ချင်ကြတော့ဘူး” ဟု ATM ကတ်ဖြင့် ငွေထုတ်စဉ် အခက်အခဲများ ကြုံတွေ့ခဲ့ရသော ကိုကိုရဲက ပြောပြသည်။

“နောက်ကြုံရတာ တစ်ခုကတော့ တော်တော်ဆိုးတယ်။ ATM အတွက်ထားတဲ့ ဆာဗာက အင်တာနက် ပြတ်တောက်သွားတာလို့ ထင်ပါတယ်။ သွားထုတ်တဲ့ ATM စက်မှာသာမက တခြား ATM စက်တွေမှာလည်း ငွေစစ်တာ၊ ငွေထုတ်တာတွေ ဘာမှလုပ်လို့ မရတော့ဘူး။ အဲဒီအချိန်မျိုးကတော့ အဆိုးဆုံးပါပဲ” ဟု ATM စက်များတွင် ငွေမကြာခဏ ထုတ်ယူလေ့ရှိသူ တစ်ဦးက ပြောပြသည်။

“တစ်ခါတလေမှာ Connection ကြောင့် အဆင်မပြေတာတွေ ကြုံရနိုင်ပါတယ်။ စက်ထဲမှာ ငွေကုန်နေတာကတော့ Monitoring System ရှိလို့ ဘဏ်ကအချိန်မီ သိနိုင်ပါတယ်။ အဆင်မပြေတာကြုံရရင် ဘဏ်ကိုသတင်းပို့ပေးပါ။ အင်တာနက်ပိုင်းက ဆက်သွယ်ရေးနဲ့ဆိုင်တော့ ပြောရခက်တယ်။ ပိုက်ဆံထွက်ခါနီးမှာ Connection ကျ သွားတဲ့အခါ ငွေထွက်မလာဘဲ ပြန်သိမ်းသွားတာမျိုး ကြုံရရင် သုံးစွဲသူတွေက စိုးရိမ်တတ်ပါတယ်။ ဒါမျိုးဖြစ်ရင် ဘဏ်ကနေပြန်စစ်ပြီး ငွေပြန်ထုတ်ပေးပါတယ်။ Telenor တို့ ပေါ်လာရင်တော့ ဒါတွေက ပြေလည်သွားမယ်လို့ ထင်ပါတယ်။ အခုက အင်တာနက် မကောင်းတဲ့ကြားက လုပ်ရတာဖြစ်လို့ နားလည်ပေးစေချင်တယ်။ တစ်ပတ်ကို ကျပ်နှစ်ဘီလျံလောက် ATM စက်တွေထဲ ငွေပြန်ဖြည့်ပေးနေရတာကိုကြည့်ရင် သုံးစွဲမှုများနေတာ သိသာပါတယ်” ဟု CB ဘဏ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ATM ကတ်ဖြင့် ငွေထုတ်နေသူတစ်ဦးကို တွေ့ရစဉ်

မွန်အမျိုးသားပါတီအမည်သစ်ဖြင့် မွန်နိုင်ငံရေးပါတီ နှစ်ခု ပေါင်းပြီ ဟင်္သာနီ (မွန်မြေ) ၊ ရွှေရည်ဝင်းထက်|ဒီဇင်ဘာလ ၂၃ ရက်၊ တနင်္လာနေ့၊ ၂၀၁၃ ခုနှစ်

မွန်ဒီမိုကရေစီပါတီ (MDP) နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) တို့ ဒီဇင်ဘာ၂၂ ရက်တွင် မော်လမြိုင်မြို့ ဈေးကြိုရပ်ရှိ ဒါတုမာလာကျောင်းတိုက်၌ ကျင်းပသော ၁၉ ကြိမ်မြောက် နှစ်ပါတီ ပေါင်း စည်းရေး ညှိနှိုင်းအစည်းအဝေးမှ အမည်သစ်တစ်ခုဖြစ်သည့် မွန်အမျိုးသားပါတီ (Mon National Party) အမည်ဖြင့် ပေါင်းစည်းမည်ဖြစ်သည်ဟု အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။

“နှစ်ပါတီ ပေါင်းကို ပေါင်းရရမယ်၊ အမျိုးသားရေးအတွက် အတူတူ အလုပ်တွဲလုပ်ရမယ်၊ ပေါင်းချင်တဲ့လူ ရှိတယ်၊ မပေါင်းချင်တဲ့လူ ရှိတယ်၊ ပေါင်းချင်တဲ့လူက ပေါင်းမယ်။ ဒီနေ့ ဒါကို ဆုံးဖြတ်မယ်”ဟု မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရေစီပါတီဥက္ကဋ္ဌ နိုင်ငွေသိန်းက အဖွင့်မိန့်ခွန်း၌ ထည့်သွင်း ပြောကြားသွားသည်။

သို့သော်လည်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအနေဖြင့် အင်အားစုအားလုံး (ပါတီဝင်အားလုံး)လာ ရောက် ပေါင်းစည်းရန်မှာ မဖြစ်နိုင်ပဲ အများစုသာ လာရောက်ပေါင်းစည်းမည် ဖြစ်သည်ဟုလည်း ဥက္ကဋ္ဌ နိုင်ငွေသိန်းက ဆိုသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ပါတီအဖွဲ့ဝင်အင်အား မည်မျှ လာရောက်ပေါင်းစည်းမည်နှင့် မပေါင်းစည်းနိုင်သည့်သူများမှာ မည်သည့်အကြောင်းပြချက်ရှိ၍ မပေါင်းစည်းနိုင်ကြောင်း အစည်းအဝေး အပြီး မဇ္ဈိမ၏ မေးမြန်းချက်ကိုမူ နိုင်ငွေသိန်းက ဖြေကြားရန် ငြင်းဆိုခဲ့ပါသည်။

သို့သော်လည်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ မပေါင်းစည်းနိုင်သည့်လူများမှမူ “လုံးဝ” မပေါင်း စည်းနိုင်ကြောင်း မိမိတို့ပါတီတွင်း အစည်းအဝေးများ၌ သဘောထားပေးထားပြီး ဖြစ်ကြောင်း ၎င်းပါတီ ဥက္ကဋ္ဌ နိုင်ငွေသိန်းနှင့် ဒေါက်တာအောင်နိုင်ဦးတို့က ပြောသည်။

မွန်ဒီမိုကရေစီပါတီ ဒု-ဥက္ကဋ္ဌ နိုင်တင်အောင်ကမူ ၎င်းမပေါင်းစည်းနိုင်မည့် လူများအတွက် ၎င်းတို့၏ သဘောဆန္ဒအလျောက် လာရောက်ပေါင်းစည်းနိုင်မည့်အချိန်တွင် ပါတီသစ်၌ လာရောက် ပေါင်းစည်းနိုင်ရေးအတွက် အမြဲ တံခါးဖွင့်ကာ ကြိုဆိုထားလျက်ရှိကြောင်း မဇ္ဈိမသို့ ပြောသည်။

ပူးပေါင်းမည့် အခြားပါတီတစ်ခုဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် ၂၀၁၀ ပြည့်နှစ် အ ထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ပါတီဖြစ်သည်။

ဖွဲ့စည်းပုံပြင်ရန် တပ်မတော်သားအမတ်များ ပြောပြီ ဉဏ်လှိုင်လင်း|ဒီဇင်ဘာလ ၂၃ ရက်၊ တနင်္လာနေ့၊ ၂၀၁၃ ခုနှစ်

လွှတ်တော်အသီးသီးတွင် ၂၅ ရာခိုင်နှုန်းစီ နေရာယူထားကြသည့် တပ်မတော်သား လွှတ်တော်အမတ် များက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြင်ဆင်ရန်လိုအပ်သည်ဟု ပြောဆိုလိုက်ပြီး တပ်မတော် သားအမတ်တို့ ပြင်ဆင်လိုသည့်အချက် ၁၅ ချက်ရှိသည်ဟု ဗိုလ်ချုပ်ရာထူးအဆင့်ရှိ တပ်မတော်သား လွှတ်တော်အမတ်တစ်ဦးက ဒီဇင်ဘာ ၂၂ ရက်တွင် မဇ္ဈိမကို ထုတ်ဖော်ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီထံသို့ ပြင်ဆင်လိုသည့် အချက် ၁၅ ချက်ကို ဒီဇင်ဘာ ၁၅ ရက်က အကြံပြုစာပေးပို့ပြီးဖြစ်သည်ဟုလည်း အဆို ပါဗိုလ်ချုပ်က ပြောသည်။

“ဒီဇင်ဘာ ၁၅ ရက်မှာ တပ်မတော်က အကြံပြုစာပို့မယ်လို့ အရင်ကတည်းက စီစဉ်ထားပါတယ်။ အဲဒီ အတိုင်း သက်ဆိုင်ရာတာဝန်ရှိသူတွေ လုပ်ကြမှာပါ။ အချက် ၁၅ ခု အကြံပြုထားပါတယ်”ဟု ပြောသည်။

သို့သော် အသေးစိတ် ပြောဆိုရန်ကိုမူ ငြင်းဆိုခဲ့ပြီး မူလစီစဉ်ထားသည့်အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီဝင် တပ်မတော်သား ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဗိုလ်မှူး ချုပ်တင်စန်းနိုင်က တရားဝင် ထုတ်ပြန်ပေးရမည်ဟုလည်း ဆိုသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်၍ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်ဝေ လင်းက“မှန်မှန်ကန်ကန်နဲ့ ပြင်သင့်တယ် မပြင်သင့်ဘူးဆိုတာတွေ အကြံပြုဖို့ တပ်မတော်က ဆန္ဒရှိပါ တယ်။ ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေးကော်မတီကို တပ်မတော်က ဘာမှမတင်ပြဘူးဆိုတာ မဟုတ်ပါ ဘူး”ဟု ဒီဇင်ဘာ ၁ ရက်တွင် မဇ္ဈိမကို ပြောဆိုထားသည်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၀၉ ဦးဖြင့် ဖွဲ့စည်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ လေ့လာသုံး သပ်ရေး ပူးပေါင်းကော်မတီတွင် ပြည်ထောင်စုလွှတ်တော်အတွင်း ကာကွယ်ရေးဦးစီးချုပ် တိုက်ရိုက်တာ ၀န်ပေးထားသည့် တပ်မတော်သား ၂၅ ဦးသည် ဒုတိယ အများဆုံးအဖြစ် ပါဝင်နေသည်။

ထို့ပြင် လွှတ်တော်အတွင်း၌လည်း ၂၅ ရာခိုင်နှုန်းသော မဲပေးခွင့်ကို တပ်မတော်သားတို့ ရယူထားကြ သည်။ ယင်းသို့ ဥပဒေပြုရေးတွင် တပ်မတော်သားတို့ပါဝင်နေမှုကို လျှော့ချရေး အကြံပြုစာအများအပြား ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီထံသို့ ရောက်ရှိနေသည်ဟု ကော်မတီအတွင်းရေးမှူး ဦးအေးမောက်နှင့် လုပ်ငန်းကူညီဆောင်ရွက်ပေးနေသူ ဒီပဲယင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦး သန်းထွန်းက ဒီဇင်ဘာ ၂ ရက်တွင် ပြောဆိုခဲ့သည်။

ပူးပေါင်းကော်မတီသည် အကြံပြုစာများကို ယခုလကုန်အထိ လက်ခံရယူမည်ဖြစ်ပြီး ယင်းတို့ကို စုစည်းကာ ပြည်ထောင်စုလွှတ်တော်သို့ ဇန်န၀ါရီလကုန်မတိုင်မီ အစီရင်ခံရမည်ဖြစ်သည်။

နှစ် ၃၀ အတွင်း မြို့ပေါ်နေလူဦးရေ နှစ်ဆတိုးလာပြီး ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ မြို့ပေါ်နေလူဦးရေ ၂၃ သန်းကျော်သည်အထိ တိုးတက်လာနိုင် Monday, 23 December 2013

ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း နှစ် ၃၀ အတွင်း မြို့ပေါ်နေ လူဦးရေမှာ နှစ်ဆတိုးတက်လာကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း၊ အကြံပေးပုဂ္ဂိုလ် သံအမတ်ကြီး ဦးလှမောင် (ငြိမ်း)က ပြောကြားသည်။

“မြန်မာနိုင်ငံမှာ ၁၉၈၀ တုန်းက မြို့ပေါ်နေလူဦးရေဟာ ရှစ်သန်းကနေ အခု ၁၆ သန်းအထိ ရှိလာတယ်။ နှစ်ဆတက်လာတယ်” ဟု သံအမတ်ကြီး ဦးလှမောင် (ငြိမ်း)က ပြောကြားသည်။

မြန်မာနိုင်ငံသည် အခြားနိုင်ငံများကဲ့သို့ စက်မှုလက်မှု တိုးတက်ဖွံ့ဖြိုးလာမှုနှင့် စီးပွားရေးတိုးတက်လာမှုတို့အပေါ် မူတည်၍ မြို့ပေါ်နေလူဦးရေမှာ တစ်နှစ်ထက်တစ်နှစ် တိုးတက်လာလိမ့်မည်ဟု မျှော်မှန်းရကြောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေး အခြေအနေအရ စုစုပေါင်း လူဦးရေအပေါ် မြို့ပေါ်နေလူဦးရေ ရာခိုင်နှုန်း အချိုးအစားမှာ ၂၀၀၀ ပြည့်နှစ်တွင် ၃၀ ခန့်ရှိပြီး ၂၀၁၅ ခုနှစ်တွင် ၃၅ ခန့်အထိ တိုးတက်လာနိုင်ကြောင်း သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ စုစုပေါင်း မြို့ပေါ်နေ လူဦးရေမှာ ၂၀၀၀ ပြည့်နှစ်တွင် ၁၅ ဒသမ ၃၄ သန်းခန့်ရှိပြီး ၂၀၁၅ ခုနှစ်တွင် ၂၃ ဒသမ ၆၈ သန်းအထိ တိုးတက်လာမည်ဟု ခန့်မှန်းကြောင်း သံအမတ်ကြီး ဦးလှမောင်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ မြို့ပေါ်နေလူဦးရေအတွက် စုစုပေါင်း အိမ်ရာလိုအပ်ချက်ကို ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စံနှုန်းများအပေါ် အခြေခံ၍ ခန့်မှန်းကြည့်ရှုရာ၌ မြို့ပေါ်နေ လူဦးရေအတွက် ၂၀၀၀ ပြည့်နှစ်တွင် စုစုပေါင်းအိမ်ရာမှာ ၂ ဒသမ ၈၉ သန်းခန့်ရှိပြီး ၂၀၁၅ ခုနှစ်တွင် စုစုပေါင်းအိမ်ရာ ၄ ဒသမ ၇၄ သန်းအထိ လိုအပ်လာမည်ဟု ခန့်မှန်းရကြောင်း သိရသည်။

အဆိုပါ အချိန်ကာလအတွင်း တစ်နှစ်ပျမ်းမျှ အိမ်ရာလိုအပ်ချက်မှာ ၁ ဒသမ ၂၃ သိန်းခန့် ရှိလိမ့်မည်ဟု ခန့်မှန်းရပြီး ယင်းတို့အနက် ငါးပုံတစ်ပုံခန့်မှာ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့ပေါ်နေ လူဦးရေတို့အတွက် အိမ်ရာလိုအပ်ချက်ဖြစ်ကြောင်း သံအမတ်ကြီး ဦးလှမောင်က ပြောကြားသည်။

“ရန်ကုန်မြို့မှာ တစ်နှစ်ကို အခန်း ၂၀၀၀၀ လောက် လိုအပ်နေတာကို အခန်း ၇၀၀၀ လောက်ပဲ တည်ဆောက်နိုင်တဲ့အတွက် နှစ်စဉ်အခန်းလိုအပ်ချက်က မြင့်တက်နေဆဲပါပဲ” ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ စာရင်းများအရ မြန်မာနိုင်ငံ၏ လက်ရှိလူဦးရေမှာ တစ်နှစ်ပျမ်းမျှ ၂ ဒသမ ၂၀ ရာခိုင်နှုန်း တိုးတက်လျက်ရှိကြောင်း၊ ယင်းကဲ့သို့ လူဦးရေ ဆက်တိုက်တိုးပွားသွားမည် ဆိုပါက မြန်မာနိုင်ငံ၏ စုစုပေါင်း လူဦးရေမှာ ၂၀၀၀ ပြည့်နှစ်တွင် ၅၀ ဒသမ ၁၃ သန်း ရှိခဲ့ရာမှာ ၂၀၁၅ ခုနှစ်တွင် လူဦးရေသန်းပေါင်း ၆၇ ဒသမ ၆၅ အထိ တိုးတက်လာမည်ဟု ခန့်မှန်းကြောင်း၊ တစ်နည်းအားဖြင့် မြန်မာနိုင်ငံ၏ စုစုပေါင်း လူဦးရေမှာ ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အထိ ၁၅ နှစ်တာ အချိန်ကာလအတွင်း လူဦးရေ ၁၇ ဒသမ ၅၂ သန်းခန့် တိုးတက်လာနိုင်ကြောင်း သံအမတ်ကြီး ဦးလှမောင် (ငြိမ်း)က သုံးသပ်ခဲ့သည်။

EMG

စောစောစီးစီး သတင်းကောင်းလေးတစ်ခုရတယ် ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲကို 2016 မှာ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပဖို့ အရွေးခံရပြီတဲ့ဗျာ ဒီတစ်ခါ အိမ်ရှင်ဖြစ်တဲ့ပွဲမှာ ကွင်းထဲထိ သွားအားပေးနိုင်အောင် ကြိုးစားရအောင်နော်

Photo

Thursday, December 19, 2013

ပေါင်းတည်ထောင်အတွင်း အစာငတ်ခံ ဆန္ဒပြအချုပ်သားများ မိသားစုနှင့် တွေ့ခွင့်မရဟုဆို ရွှေရည်ဝင်းထက်|ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့၊ ၂၀၁၃ ခုနှစ်

ပေါင်းတည်ထောင်တွင်း ဒီဇင်ဘာ ၁၃ ရက်မှစတင်၍ အစာငတ်ခံဆန္ဒပြနေသည့် အချုပ်သားသုံးဦးနှင့် သက်ဆိုင်ရာ မိသားစုဝင်များကို ထောင်အာဏာပိုင်များက တွေ့ဆုံခွင့်မပေးသေးဟု အချုပ်ကျနေသူ တစ်ဦးဖြစ်သည့် ဒေါ်မြင့်မြင့်အေး၏ တူမဖြစ်သူ မဟန်ဆုရင်က ဒီဇင်ဘာ ၁၇ ရက်တွင် မဇ္ဈိမကိုပြော သည်။

“မနေ့တုန်းက ဒေါ်မြင့်မြင့်အေးရဲ့အစ်မ ထောင်ဝင်စာသွားတွေ့တယ်။ ဒါပေမဲ့ အတွေ့မခံဘူး။ သူတို့ ပြောတာတော့ ထောင်ထဲမှာ ဆရာဝန်တွေရှိတယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ပေးနေတယ် လို့ပြောတယ်။ အစာမစားတာ လေးငါးရက်လောက်ရှိပြီဆိုတော့ အားနည်းနေတယ်လို့တော့ ပြောတယ်။ သူတို့အားလုံး ရောဂါအခံရှိကြတယ်”ဟု မဟန်ဆုရင်က ဆိုသည်။

မိတ်္ထီလာမြို့ ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ဒေါ်မြင့်မြင့်အေး၊ ၀ိမုတ်္တိ လူမှုကူညီရေးအဖွဲ့မှ ဒေါ်မိမိခိုင် တို့သည် အသင်းအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ-၆ နှင့် နတ်တလင်း ပြည်သူ့အကျိုးဆောင်ကွန် ရက်မှ ဦးသန့်ဇင်ထက်သည် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေ ပုဒ်မ ၁၈ ဖြင့်လည်းကောင်း တ ရားစွဲဆိုခံထားရခြင်းဖြစ်သည်။

ထိုသူတို့သည် အာမခံမပေးဘဲ တရားစွဲဆိုထားသည်မှာ ခြောက်လကျော်ပြီဖြစ်သော်လည်း အမိန့်ချမှတ် မှုကြန့်ကြာနေသဖြင့် အစာငတ်ခံ ဆန္ဒပြရန် ဆုံးဖြတ်ခြင်းဖြစ်သည်ဟု မခင်ဆုဟန်က ပြောသည်။

“အိမ်က ထောင်ဝင်စာသွားတွေ့တော့ ဒု-ထောင်မှုးနဲ့တွေ့တယ်။ မိသားစုတွေနဲ့ တွေ့လို့မရဘူး။ ထောင် စည်းကမ်းဖောက်ဖျက်တဲ့အတွက် တွေ့ခွင့်မပေးဘူးလို့ ပြောတယ်။ ထောင်စည်းကမ်းဖောက်ဖျက်တယ် ဆိုတာ ဘာကိုပြောတာလဲ။ အစာငတ်ခံဆန္ဒပြတာက ထောင်စည်းကမ်းကို ဖောက်ဖျက်တာလားလို့ မေး တော့ မဖြေဘူး”ဟု နတ်တလင်းမြို့နယ် ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ဦးဇော်ရန်းက ပြောသည်။

ယင်းတို့သုံးဦးသည် ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် ကြတ်ကြီးကြိုးဝိုင်းအတွင်း သိမ်းယူထားသည့် လယ် ယာမြေ ဧက ၁၄၀ ခန့်ပေါ်တွင် ထွန်တုံးတိုက်ပွဲဆင်နွဲသည့် တောင်သူများကို အားပေးကူညီခဲ့သဖြင့် ဇွန် လ ၁၁ ရက်က အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါသုံးဦး၏ အမှုနှင့်စပ်လျဉ်း၍ တရားရုံးများက ဆုံးဖြတ်ချက်မချဘဲ အချိန်ဆွဲနေခြင်းကြောင့် လူ့အ ခွင့်အရေး ဆုံးရှုံးနေရသည်ဟုဆိုကာ အမြန်ဆုံး ဖြေရှင်းပေးရန် ပဲခူးတိုင်းရှိ နတ္တလင်း၊ သဲကုန်း၊ ဇီးကုန်း မြို့မှ တောင်သူ ၃၇ ဦးက ဒီဇင်ဘာ ၁၁ ရက်စွဲဖြင့် သမ္မတဦးသိန်းစိန်ထံ စာရေးသား တောင်းဆိုထား သည်။

Mizzima - News in Burmese'

ရန်ကုန်- ဘန်ကောက် နေ့ချင်းရောက် ၂ ထပ်ဘတ်စ်ကားပြေးဆွဲမယ် Wednesday, December 18, 2013


ရန်ကုန်- ဘန် ကောက် ၂ ထပ် အဲယားကွန်း ဘတ်စ်ကားတွေ ပြေးဆွဲပေးတော့ပါမယ်လို့သိရပါတယ်။

ဘန်ကောက်က ခရီးသည်ပို့ဆောင်ရေး ကုမ္ပဏီတခုက ၂ ထပ်အဲကွန်းဘတ်စ်ကား၊ ဓာတ်ပုံ-vntbusinessgroup

Yangon Air Bus Taxi ဆိုတဲ့ မော်တော်ယာဉ်လိုင်းသစ်ကနေ လာမယ့် ၂၀၁၄ ခုနှစ် မြန်မာ-ထိုင်း နှစ်သစ် ကူး ပွဲတော် အမီ ပြေးဆွဲသွားမယ့် လူ ၁၂၀ ဆန့်တဲ့၂ ထပ် အဲကွန်း ဘတ်စ်ကားတွေနဲ့ မြန်မာနိုင်ငံသား ခရီးသည် တဦးကို ကျပ် ၃ သောင်း၊ နိုင်ငံခြားသား ခရီးသည် တဦးကို အမေရိကန်ဒေါ်လာ ၄၀ နှုန်းနဲ့ပြေး ဆွဲပေးမှာဆိုတဲ့ အကြောင်း ဒီကနေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။

ခရီးစဉ်ကတော့ ရန်ကုန်- သထုံ- ဖားအံ- ကော့ကရိတ်- မြဝတီ- မဲဆောက်- ဘန်ကောက်ဖြစ်ပြီး မောင်းနှင် ချိန် ၁၂ နာရီနဲ့ နေ့ချင်း အရောက် ပို့ဆောင်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံ ဘန်ကောက်ကို ဈေးဝယ်ထွက်ချင်သူ၊ အလည်သွားချင်သူတွေနဲ့ ထိုင်းနိုင်ငံက တဆင့် မြန်မာနိုင်ငံ ရန်ကုန်မြို့ကို ဘတ်စ်ကားနဲ့ အလည်သွားချင်သူတွေ၊ ခရီးလမ်း တလျှောက် တောတောင် သဘာဝအလှတွေကို ကြည့်ရှု ခံစားလိုသူတွေအတွက် သတင်းကောင်း တပုဒ် ဖြစ်ပါလိမ့် မယ်။

အိမ့်သံစဉ် ~

ဧရာဝတီ Facebook / ဧရာဝတီ Twitter

သတင်းကောင်းလေးပါ.. ~မြန်မာအမျိုးသမီးဘောလုံးအသင်းအားစုစုပေါင်း သိန်း(၁၅၀၀) ဂုဏ်ပြုချီးမြှင့်သွားမည်~

ယခုလိုအစွမ်းကုန်ကြိုးစားပေးခဲ့ကြသောမြန်မာအမျိုးသမီးဘောလုံးအသင်းအား

- မြန်မာနိုင်ငံဘောလုံးအဖွဲချုပ်ဥက္ကဌ ဦးဇော်ဇော်မှ ဂုဏ်ပြုငွေ ကျပ်သိန်း (၅၀၀)
-ကမ္ဘောဇဘဏ်မှ ဂုဏ်ပြုငွေ ကျပ်သိန်း(၅၀၀)
-ဇေကမ္ဘာကုမ္ပဏီမှ ဂုဏ်ပြုငွေ ကျပ်သိန်း(၃၀၀)
-အား/ ကာမှ ဂုဏ်ပြုငွေ ကျပ်သိန်း(၂၀၀) စုစုပေါင်း သိန်း(၁၅၀၀)

ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်းအတွင်းသတင်းများအရကြားသိရပါသည်...။

  IBlogger Myanmar ================================================

မြန်မာမှယိုးဒယားဘက်သို့ လူကျွံဘောဟုသတ်မှတ်ခံရသောဂိုးဝင်သွားပြီး စက္ကန့် ၅၀ အထိ စည်းကြပ်ဒိုင်( တောင်ကိုရီးယားမှ- Park Mi Suk ) အလံထောင်ထားခြင်းမရှိ သေးပါ

Photo: မြန်မာမှယိုးဒယားဘက်သို့ လူကျွံဘောဟုသတ်မှတ်ခံရသောဂိုးဝင်သွားပြီး စက္ကန့် ၅၀ အထိ စည်းကြပ်ဒိုင်( တောင်ကိုရီးယားမှ- Park Mi Suk ) အလံထောင်ထားခြင်းမရှိ သေးပါ---

မြန်မာမှယိုးဒယားဘက်သို့ လူကျွံဘောဟုသတ်မှတ်ခံရသောဂိုးဝင်သွားပြီး စက္ကန့် ၅၀ အထိ စည်းကြပ်ဒိုင်( တောင်ကိုရီးယားမှ- Park Mi Suk ) အလံထောင်ထားခြင်းမရှိ သေးပါ

Photo: မြန်မာမှယိုးဒယားဘက်သို့ လူကျွံဘောဟုသတ်မှတ်ခံရသောဂိုးဝင်သွားပြီး စက္ကန့် ၅၀ အထိ စည်းကြပ်ဒိုင်( တောင်ကိုရီးယားမှ- Park Mi Suk ) အလံထောင်ထားခြင်းမရှိ သေးပါ---

~မြန်မာအမျိုးသမီး ဘောလုံးအသင်းရဲ့ ဂျပန်လူမျိုး နည်းပြ~

မြန်မာအမျိုးသမီး ဘောလုံးအသင်းရဲ့ ဂျပန်လူမျိုး နည်းပြက အခု
ကစားသွားတဲ့ပွဲမှာ အိန္ဒိယ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေကို မကျေနပ်တာကြောင့် အာရှဘောလုံးအဖွဲ့ချုပ်ကို တိုင်ကြားသွားမယ်
လို့ ထိုင်း-မြန်မာ ဆီမီးဖိုင်နယ်အပြီး ပြုလုပ်သွားတဲ့ သတင်းစာ
ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။



post by နှင်းဆီဖူးလေးများ-Love BUDS

Photo: ~မြန်မာအမျိုးသမီး ဘောလုံးအသင်းရဲ့ ဂျပန်လူမျိုး နည်းပြ~

မြန်မာအမျိုးသမီး ဘောလုံးအသင်းရဲ့ ဂျပန်လူမျိုး နည်းပြက အခု
ကစားသွားတဲ့ပွဲမှာ အိန္ဒိယ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေကို မကျေနပ်တာကြောင့် အာရှဘောလုံးအဖွဲ့ချုပ်ကို တိုင်ကြားသွားမယ်
လို့ ထိုင်း-မြန်မာ ဆီမီးဖိုင်နယ်အပြီး ပြုလုပ်သွားတဲ့ သတင်းစာ
ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။



post by နှင်းဆီဖူးလေးများ-Love BUDS



================================================
ယခုသတင်းနှင့်အလားတူ အရေးကြီးသတင်း၊ စိတ်ဝင်စားဖွယ်သတင်း၊ အိုင်တီနည်းပညာများ၊ ကျန်းမာရေးဆောင်းပါးများ၊ ဟာသများနဲ့ ရသစာပေများကို အချိန်နှင့်တစ်ပြေးညီ လွှင့်တင်ပေးနေပါသည်။ သတင်းအသစ်တင်တိုင်း သိရှိလိုပါက http://www.myanmarcnn.com သို့သွား၍ Follow လုပ်ထားပေးပါ။ သို့မဟုတ် IBlogger Myanmar ကို add ထားပေးပါ။

ဒီနေ့မနက် မြို့မဈေးမှာ ဘောလုံးပွဲနဲ့ပတ်သက်ပြီး ကျွန်တော် ညွှန်းတဲ့ပုံက ဒီပုံဖြစ်ပါတယ်။


လူမျက်နှာတွေပါနေလို့ ၀န်ထမ်းတစ်ဦးကို ဖျက်ပြီး ကျွန်တော့်ထံ ဖိုင်ရှယ်ယာနဲ့ပြန်ပို့ခိုင်းလိုက်ပါတယ်။

သူ့ဆီက ပုံပြန်ပို့လိုက်တော့ အစည်းအဝေးသွားခါနီးဖြစ်နေတဲ့အတွက် ချက်ခြင်း တင်ပြီး Loading လုပ်နေတုံးပဲ ရုံးကထွက်သွားခဲ့ပါတယ်။

အခုပြန်ရောက်လာတော့ ကျွန်တော့်ကို သြဘာပေးထားတဲ့မှတ်ချက်တွေကို တွေ့ရပါတယ်။

ပြင်ဆင်ပေးသူ ၀န်ထမ်းကတော့ ပိုကောင်းတဲ့ပုံတွေ့လို့ ပေးလိုက်တာလို့ဆိုပါတယ်။
ဒါပေမယ့် ပို့စ်တင်ဖို့ mouse ကို click မလုပ်ခင် စိစစ်ရမယ့် တာဝန်ရှိသူက ကျွန်တော်ဖြစ်ပါတယ်။

ဒါ့ကြောင့် ကျွန်တော့်ရဲ့ မူရင်းပုံကို ပြန်တင်ပေးလိုက်ပါတယ်။ အမှားအတွက်တောင်းပန်ပါတယ်။

ဒီပုံတင်တာကလည်း ဘယ်သူ့ကိုမှ ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်မရှိပါဘူး။ မျှော်လင့်ချက် ပျောက်ဆုံးသွား တဲ့ အပေါ် ခံစားချက်ကို ထိထိမိမိထင်ဟပ်တဲ့အတွက် ဝေမျှလိုတာပါပဲ။

““သိသိကြီးနဲ့ တေ့ဖြုတ်တာလို့ ပြောလို့ရသလို နားလည်မှုလွဲသွားတဲ့ အားနည်းချက်ကတော့ ၅၀/၅၀ ပေါ့””


အင်ဒိုနီးရှားကို မယုံနိုင်စရာ ရှုံးပွဲကြုံရသည့် ဒီဇင်ဘာ ၁၆ ည တွင် မြန်မာအသင်း ဘာတွေဖြစ်ခဲ့ပါလဲ။ ဒေါသကြီးသည့် ပတ်ဆောင်ဟွာနှင့် မြန်မာကစားသမား၊ နည်းပြများအကြား ဘာသာပြန်အဖြစ် တာဝန်ယူရမည့် ဦးနိုင်ဝင်းက ထိုညအဖြစ်အပျက်နှင့် ပတ်သက်ပြီး ကန့်လန့်ကာနောက်ကွယ်မှ အကြောင်းအရာများကို ပြောပြခဲ့သည်။

ခပ်အေးအေးနေတတ်ပြီး မြန်မာကစားသမားများ ချစ်ခင်ကြသည့် ကိုနိုင်ဝင်းသည် ပတ်ဆောင်ဟွာဒဏ် မခံနိုင်သောကြောင့် ထွက်စာတင်သည့် စကားပြန်သုံးဦးနောက်တွင် ဘာသာပြန်အဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။ မြန်မာဘောလုံးအသင်းအတွက် နည်းပြပတ်၏ ကိုယ်ထိလက်ရောက်စော်ကားမှုများကိုပင် ခံခဲ့ရသည့် ဦးဝင်းနိုင်နှင့် 7Day Daily တွေ့ဆုံခန်းမှ အချို့ကို ဖော်ပြလိုက်ပါသည်။

နည်းပြနဲ့ ကစားသမားတွေကြားမှာ အစ်ကိုက အနီးကပ်ဆုံးနေရတာဆိုတော့ ပထမဆုံးမေးချင်တာ မနေ့က ဘာတွေဖြစ်သွားခဲ့တာလဲ။

ဘာဖြစ်လို့ဆိုတာကတော့ အဓိကကိုင်တွယ်တဲ့ ကာယကံရှင်တွေရဲ့ သိသိကြီးနဲ့ အမှားလား၊ မသိဘဲနဲ့မှားတဲ့ အမှားလားဆိုတာ ကာယကံရှင်ကလွဲလို့ မသိဘူး။ ကျွန်တော်တို့အနေနဲ့ သုံးသပ်ရတာက မဖြစ်သင့်တဲ့ကိစ္စလို့ ဒီလိုပဲပြောနိုင်တယ်။ မမှားသင့်တဲ့ကိစ္စ။ အသေးအဖွဲ မဟုတ်ဘူး။ အကြီးကြီး။

သတင်းစာရှင်းလင်းပွဲမှာလည်း အစ်ကိုရှိတယ်။ ပတ်ဆောင်ဟွာက နောက်ဆုံးအချိန်မှ စည်းမျဉ်းကိုသိတယ်ပြောတယ်။ ဒီအဖြစ်အပျက်က တကယ်လား။

အဲဒါက ကျွန်တော်သိသလောက် အမှန်အတိုင်း ပြောပြပါ့မယ်။ သတင်းစာရှင်းလင်းပွဲမှာပြောတယ်ဆိုတာက ကျွန်တော့်ရဲ့ တာဝန်အရ သူပြောတာ ဘာသာပြန်ပေးတယ်။ ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာ ဖြေရှင်းပိုင်ခွင့်မရှိတဲ့အချိန်ပေါ့။ သိတယ်၊ မသိဘူးဆိုတာက မကစားခင် သုံးရက်လောက်အလိုမှာဖြစ်မယ်။ ထမင်းစားနေတဲ့ စားပွဲဝိုင်းမှာ နည်းပြတွေနဲ့ တာဝန်ရှိသူတွေနဲ့ အမြဲဆွေးနွေးကြတယ်။ ဆွေးနွေးတဲ့အချိန်မှာ AFC စည်းမျဉ်းနဲ့ပတ်သက်ပြီး သူက သိချင်တဲ့အခါကျတော့ ဆရာဦးတင်မြင့်အောင်က ဦးစိုးမိုးဆီကနေပြီး i-Pad လေးနဲ့ သွားကူးလာပြီး သူ့ ကိုပြတယ်။ စည်းမျဉ်းကတော့ အင်္ဂလိပ်လို ရေးထားတာ။ ဒါက ကတ်နဲ့ထိတာ ဘာညာပေါ့။ ဦးတင်ကလည်း ပြောနေတာပေါ့။ အင်္ဂလိပ်လို။ နည်းပြကြီးက i-Pad ယူသွားပြီး လက်တွေဘာတွေနဲ့ ဆွဲကြည့်တယ်။ ကြည့်ပြီးတော့ ကျွန်တော့်ကို ဒါဘာလဲလို့ သူမသိရင် မေးရင်လည်း ဖြေရမယ့်တာဝန် ကျွန်တော့်မှာရှိတယ်လေ။ သူ ကြည့်တယ်။ ပြီးတော့ သူလက်ခံလိုက်တယ်။ ပြီးတော့ ဦးတင်မြင့်အောင်ကို ပြန်ပေးလိုက်တယ်။ ကျွန်တော့်စိတ်ထဲမှာလည်း ဒါ စည်းမျဉ်းကို သူသိပြီလို့ပဲ ခံယူလိုက်တယ်။ မသိရင် မေးခွန်းထုတ်လာမှာကို။ မမေးတဲ့ကိစ္စကို ကျွန်တော်က မဖြေမိလိုက်ဘူးပေါ့နော်။ ကျွန်တော်လည်း သူသိထားပြီလို့ ခံယူထားတယ်။ ပြီးတော့ ဒီပွဲနဲ့ပတ်သက်ပြီး ဥက္ကဋ္ဌက ညဘက်လည်းကျရော ဖုန်းလာတယ်။ ဒီပွဲက မဖြစ်မနေ နိုင်မှ တက်ရမယ့်ပွဲဆိုတာပြောခိုင်းတယ်။ အရင်တုန်းက ဥပမာပေးတယ်။ ဆူဇူကီးတုန်းက ကျွန်တော်တို့ တစ်ဖက်အသင်းကို လျှော့တွက်ပြီးကစားခဲ့လို့ ရှုံးတာပြောခိုင်းတယ်။ မနက်ဖြန် အ၀ါတစ်ကတ်နှစ်ကတ်ကို အသာထား။ နိုင်ဖို့အရေးကြီးတယ်ဆိုတာ ဥက္ကဋ္ဌက သူ့ကိုပြောခိုင်းတဲ့အချိန်မှာ ဆရာဦးတင်မြင့်အောင်ဖုန်းကနေတစ်ဆင့် ကျွန်တော့်ကို ပြောခိုင်းတဲ့အချိန်မှာ နည်းပြကြီးက ကြည့်တယ်။ ကျွန်တော်ပြန်ပြောမယ်ဆိုတော့ သူကမင်းငါ့ကို ဘာမှမပြောနဲ့တဲ့ သူဘာပြောမယ်ဆိုတာ ငါသိတယ်ဆိုတော့။ သူစိတ်တိုနေရင် သူ့ကို ဘာတစ်ခုမှ ပြောခွင့်မရဘူး။ သူပြောမယ့် စကားကို ငါပြောပြမယ်ကွာတဲ့။ မန္တလေးမှာ မိန်းကလေးပွဲကလည်း ရှုံးသွားပြီ။ အဲဒီတော့ မနက်ဖြန် မင်းတို့ နိုင်ကိုနိုင်ရမယ်။ ဘယ်လိုကစား ဒီလိုကစား ဒါပဲမဟုတ်လားဆိုတော့ မဟုတ်ဘူးလို့။ မန္တလေးပွဲ မိန်းကလေးရှုံးတာ မပြောဘူးလို့။ မနက်ဖြန်ပွဲနိုင်ဖို့ပြောတယ်။ ဆူဇူကီးဖလားမှာ ဖိလစ်ပိုင်နဲ့ရခဲ့တဲ့သင်ခန်းစာကို သတိပေးတယ်။ အ၀ါကတ်ထိထားတဲ့ ကစားသမားတွေကိုလည်း မနက်ဖြန်ပွဲနိုင်မှ နောက်တစ်ဆင့် ဆက်စဉ်းစားမယ်။ နိုင်ဖို့အတွက် ထည့်သုံးပါဆိုတော့ အဲဒီမှာ သူဘာပြောလဲဆိုတော့ အ၀ါကတ်ထိတာ ဥက္ကဋ္ဌ ဘယ်လိုသိလဲ။ ဒီကလူတွေ သတင်းပို့လို့ သိတာပေါ့ဆိုပြီး သူက Staff တွေအပေါ် မဲတာပဲ။ နောက်နေ့မနက် အစောကြီးလည်း ဥက္ကဋ္ဌက ကစားသမားတွေ မနက်စာစားနေတုန်း အစောကြီးရောက်လာတယ်။ ထပ်ပြီး နိုင်အောင်ကစားဖို့ ဒီနေ့နိုင်ရင် ဆုတွေဘယ်လောက်ချမယ်ဆိုတာ ပြောသွားတယ်။ ဒါကို ကျွန်တော် သူ့ကိုလည်း ဒီနေ့နိုင်အောင်ကစားရမယ်။ နိုင်ရင်ဆုချမယ်ဆိုပြီး ဘာသာပြန်ပေးလိုက်တာပေါ့။ သူ့နားထဲကို ဒီနေ့နိုင်အောင်ကစားရမယ်။ ဒီပွဲနိုင်အောင်ကစားရမယ်ဆိုတာ အကြိမ်ကြိမ်သိနေပြီးသား။ စည်းမျဉ်းကိုလည်း ဦးတင်မြင့်အောင်ဆီက သူယူကြည့်ထားပြီးသား။တစ်ခါ ပွဲကစားမယ့်အချိန် ကွင်းထဲမရောက်ခင်မှာ ၂ နာရီ ၄၀ မိနစ် တွေ့ဆုံပွဲမှာ ဥက္ကဋ္ဌ ဒီနေ့ နိုင်ကိုနိုင်ရမယ်။ မနိုင်ရင် နေပြည်တော်မရောက်တော့ဘူး။ နာတဲ့ ကစားသမားတွေရှိတယ်။ တစ်ရက်ခြားပွဲဖြစ်တဲ့အတွက် အားမပြည့်သေးဘူးဆိုတာ သူသိတယ်။ သို့သော် ပွဲအရေးကြီးတဲ့အတွက် ကြိုးစားပြီး ကစားပေးပါလို့ပြောတယ်။ နေပြည်တော်ကို ပျော်ပျော်ရွှင်ရွှင်သွားကြမယ်ပေါ့။ ဒီနေ့ပွဲမှာ အင်ဒိုနီးရှားက ဘယ်လိုကစားမလဲလို့ မင်းတို့ထင်လဲလို့ ကစားသမားတွေကို မေးတယ်။ တိုက်စစ်နဲ့ကစားမယ်လို့ သိတယ်ပေါ့။ အဲဒါဆိုတို့က ခံစစ်နဲ့ကစားရမယ်။ တန်ပြန်တိုက်စစ်နဲ့ ကစားရမယ်ပေါ့။ အဲဒီလိုလည်း သူက ပြောတယ်။ နောက်ပြီး ရှုံးရင်ထွက်ရမယ်ဆိုတာရော သိလားဆိုတော့ ကစားသမားတွေက နှုတ်နဲ့လည်း ဖြေတယ်။ ခေါင်းညိတ်လည်းဖြေတယ်။ အဲဒီအချိန်မှာ ဆီးဂိမ်းအောင်နိုင်ရေးဥက္ကဋ္ဌ ဦးအောင်မိုးကျော်လည်း အနားမှာရှိနေတယ်။

မြန်မာရှုံးတဲ့အတွက် သူကရော ခံစားရတဲ့ပုံရှိလား။

ပွဲပြီးပြန်လာတော့ “ Why..Why...Why... I don't know” ဆိုပြီး သူက အဲလိုပြောတယ်။ ပြောတော့ ဦးတင်မြင့်အောင်ကလည်း နည်းပြကြီးကို ပြတယ်လေတဲ့။ အဲဒီမှာ သူက ဘာပြန်ပြောလဲဆိုတော့ ပြတာ သူမသိဘူးပေါ့။ တကယ်တမ်းဆို သူမေးရမှာလေ။ သူ မသိရင် မမေးဘဲနဲ့ ဒီလောက်အရေးကြီးတဲ့ စာရွက်စာတမ်းတစ်ခုကို အစအဆုံးသူဖတ်မိလိမ့်မယ်။ နားမလည်တာရှိရင် မေးလို့ရတာပဲ။ မမေးတာက သူ့အပိုင်း၊ မပြောဖြစ်တာက ကျွန်တော်တို့တာဝန်ပေါ့။ အဲဒါကို သူကအခုမှသိတယ်တဲ့။ နောက်ပြီး Head to Head ဆိုတာ အသက် ၆၀ မှာ အခုမှ ပထမဦးဆုံးအကြိမ် ကြားဖူးကြုံဖူးတာလို့ သူကိုယ်တိုင်က ဦးတင်မြင့်အောင်ရှေ့မှာ ပြောတာ။ သူက တစ်ခါဘာပြောသေးလဲဆိုတော့ သူမသိဘူးလားဆိုaတာ့ နည်းပြကြီးတောင် ပြောသေးတယ်လေလို့ meeting room ထဲမှာ ဒီနေ့ပွဲ ရှုံးလို့မဖြစ်ဘူး။ ရှုံးရင်ထွက်ရမယ် သိလားလို့ မေးaတာ့ ကစားသမားတွေက သိတယ်လို့ ဖြေတယ်လေလို့ ပြောတယ်ဆိုတော့ သူက ငါအဲဒီလိုajပာလိုက်တာ ကစားသမားတွေ ပိုပြီးတော့ ကြိုးစားချင်စိတ်ပေါက်သွားအောင် အဲဒီအဓိပ္ပာယ်နဲ့ ပြောတာလေတဲ့။ ဒါကတော့ သူပဲသိမယ်။ သိသိကြီးနဲ့ မသိဘူးလုပ်တာလား။ ၂ နာရီ ၄၀ Meeting မှာ အရှေ့သုံးပွဲမှာ အရမ်းကြိုးစားပြီး ကစားလာတာနော်တဲ့။ ဒီနေ့ပွဲမှာ ခြေချော်လက်ချော်ဖြစ်သွားရင် ကြိုးစားထားသမျှတွေ အရာမ၀င်ဖြစ်သွားလိမ့်မယ်လို့ သူက အဲဒီလို ပြောတာကို ကျွန်တော်က ဗမာလို အလွဲအချော်ဖြစ်သွားရင် သဲထဲရေသွန်သလို ဖြစ်သွားလိမ့်မယ်လို့ ပြောလိုက်သေးတယ်။ ဒါတွေ အားလုံးက ကစားသမားတွေရော၊ အောင်နိုင်ရေးကော်မတီ ဥက္ကဋ္ဌကြီးရော၊ ဦးစိုးမိုးတို့အားလုံးရှိတယ်။

အစ်ကိုက သူနဲ့အနီးကပ်နေရတော့ ဒီပြဿနာဟာ သာမန်လွဲချော်မှုလို့ ထင်လား။ နောက်ဆုံးအကြိမ်ကျမှ တေ့ဖြုတ်လိုက်တဲ့သဘောလို့ ထင်လား။

ကျွန်တော်က ဒီစကားကြီးကို ပြောသင့်၊ မပြောသင့်တော့ တော်တော်စဉ်းစားတယ်။ အစ်ကိုတို့ကတော့ မီဒီယာသဘောအတိုင်းပဲလုပ်ပါ။ သူက ဆီးဂိမ်းပြီးရင် သူ့စာချုပ်က ပြီးပြီပေါ့နော်။ တစ်လပိုင်း သုံးလပိုင်းမှာလည်း ယူ-၂၂ တို့ AFC ပွဲတွေ ရှိနေတဲ့အခါမှာ အဲဒီပွဲတွေကို အရမ်းကို မျှော်လင့်နေတာပေါ့နော်။ ကျွန်တော့်ကို စကားစပ်တိုင်းမေးတာ ယူ-၂၂ က ကပ်နေပြီ။ သူ့ကို အခုထိ မကမ်းလှမ်းသေးဘူး။ ပွဲပြီးမှပြောမယ်ဆိုရင် သူ့ဘက်က ပြင်စရာရှိတာ ပြင်ရမယ်ပေါ့။ အဲဒီလို (စာချုပ်သစ်ကိစ္စ) မပြောတဲ့အပိုင်းလေးတွေမှာတော့ သူက ဖုနေတာရှိတာပေါ့။ ဒါက သူနဲ့ ကျွန်တော်ရဲ့ အတွင်းစကားပါ။ (သာမန်လွဲချော်မှုနဲ့ တမင်ကြံစည်မှု) နှစ်ခုစလုံးကတော့ ၅၀/၅၀ ပေါ့ အစ်ကိုရာ။ သိသိကြီးနဲ့ တေ့ဖြုတ်တာလို့ ပြောလို့ရသလို နားလည်မှုလွဲသွားတဲ့ အားနည်းချက်ကတော့ ၅၀/၅၀ ပေါ့။ ဒါကလည်း ကျွန်တော့်အတွေးပါ။ သူ့ကို လစာပေးထားတာက ဒေ၀ူးပေါ်စကိုကေ ပးတယ်အစ်ကိုရာ။ ဥက္ကဋ္ဌကတော့ အသုံးစရိတ်နဲ့ အိမ်ကား အားလုံးပြည့်စုံအောင် ပေးထားတယ်။ ဒေ၀ူးက သူ့ကို လုံးဝမပေးတော့ဘူးလည်းဆိုရော သူက နည်းနည်းလေး ပျာသွားပြီးတော့ ဥက္ကဋ္ဌမှာလည်း ပိုက်ဆံရှိတာပဲ။ သူပေးချင်ပေးလို့ ရတယ်ပေါ့။ အဲဒီလိုတော့ ပြောတယ်။ ကျွန်တော်တို့ကလည်း ဆီးဂိမ်းကို ပထမဦးစားပေးနေတော့ သူ့ကိစ္စက ဒုတိယနေရာရှိနေတာပေါ့။ အင်ဒိုတွေထခုန်ပြီး မြန်မာတွေငိုတော့မှသိတယ်ပြောတယ်။ အဲဒါကရော။အင်ဒိုတွေက ထခုန်တော့ ဘာဖြစ်လို့လဲမေးတော့ သူတို့က တက်သွားတယ်လေလို့။ မြန်မာတွေက ဟိုမှာငိုနေကြတယ်လို့ သူတို့ထွက်သွားရတယ်လေလို့။ အဲဒီတော့မှ သူက “ Why.. why..why ” ဆိုပြီး မေးတော့ (ကိုရီးယားလူမျိုး) သူ့နည်းပြနှစ်ယောက်ကလည်း ပြောတယ် ထွက်ရလို့ ငိုတာလို့။

သူ့လက်ထောက်နှစ်ယောက်ကရော သိလား။

နည်းပြကြီးက မေးလိုက်တဲ့ အချိန်မှာ သူတို့က မသိဘူးလို့ ဖြေတယ်။ ဒါပေမဲ့အရန်ခုံမှာ ထိုင်နေတော့ ကျွန်တော့်ကို ဂိုးနည်းပြက ဒီနေ့ပွဲရှုံးရင် နည်းပြကြီးသိလားဆိုတော့ သူသိထားလို့မေးတယ်လို့ ကျွန်တော်က ဒီလိုယူဆတယ်။ သူသိထားလို့ ဒီမေးခွန်းကို ကျွန်တော့်ကို မေးတာပေါ့။

ပြိုင်ပွဲပြီးသွားတော့ အ၀တ်လဲခန်းထဲမှာ ဘာတွေဖြစ်ကြသေးလဲ။

ဦးတင်မြင့်အောင် ဘာလို့မပြောတာလဲဆိုတော့ ဦးတင်မြင့်အောင်က ပြောတယ်လေ။ သူ့ကိုပြတယ်လေဆိုတော့ မပြောဘူးတဲ့။ ပြောတာက တခြားကိစ္စ၊ အ၀ါကတ်ကိစ္စဘာညာပဲ ပြောတာပေါ့။ ဒီစည်းမျဉ်းနဲ့ ပတ်သက်ပြီး ပြောတာမဟုတ်ဘူးဆိုတော့။ ၀ုန်းဝုန်း..၀ုန်းဝုန်းနဲ့ တော်တော်လေး ရုတ်ရုတ်သဲသဲဖြစ်တာပေါ့။ တစ်ယောက်အော်၊ တစ်ယောက်အော်နဲ့ ပြောကြတာ။ ပြီးတော့မှ ဟိုတယ်ပြန်ရောက်တော့မှ စားပွဲမှာပြန်ထိုင်မှ ပြောတော့မှ ဦးတင်မြင့်အောင်က ပြတယ်။ သူကလည်း ကြည့်တယ်ဆိုတော့မှ ဟုတ်တယ်။ ငါကြည့်တာက ကတ်တလောက်ကိုပဲ သူကြည့်လိုက်တာတဲ့။ အောက်အထိ သူမကြည့်လိုက်ဘူး။ သူက အင်္ဂလိပ်လိုနားမလည်ဘူး အဲဒီလိုကာလိုက်တယ်။

7day Daily