အမေရိကန်ဒေါ်လာ ၁၁၀ ဆိုတော့ မြန်မာငွေနဲ့ တွက်ရင် တစ်သိန်း ကျပ် မရှိတဲ့ ဖုန်းလေးပါ။
ကင်မရာ 2 MP, Bluetooh 4.0, Jelly Bean Android OS 4.1, ၃ လက်မ capacitive touchscreen display, Resolution က 240 x 320 pixels
ဒီလောက်ဆို တကယ် Entry Level ဖုန်းပါပဲ။ 4GB internal memory ပါဝင်ပြီး microSD support က 32 GB အထိ ရပါတယ်။ သူက အဓိက ထားတာက Virtualization ပါ။ အချက်အလက်၊ Data သိမ်းဆည်းမှုကို Cloud Service အဓိကအသုံးပြုချင်သူများအတွက် ဈေးသက်သာ ဖုန်းတစ်လုံး အနေနဲ့ မိတ်ဆက်ခြင်း ဖြစ်ပါတယ်။ Samsung ဖုန်းဆိုတော့ Samsung Apps Store ပါပါမယ်။ အခြား အခမဲ့ရနိုင်၊ သိမ်းနိုင်မယ့် App တွေနဲ့ ရောင်းချပေမယ့်ဖုန်း ဖြစ်ပါတယ်။
မြန်မာပြည်မှာလည်း အတော်များများ အသုံးပြုလို့ ရနိုင်မှာပါ။ ငွေ တစ်သိန်း မရှိလည်း Samsung Galaxy Star ကိုင်လို့ရပါတယ်။ မြန်မာပြည်လည်း များမကြာမီ ရောက်လာမယ့် ဖုန်းလေးမို့ မိတ်ဆက်ပေးလိုက် ရပါတယ်။
--
Samsung
Aung Kham (Stuff Myanmar)

No comments:
Post a Comment