အမေရိကန်ပြည်ထောင်စု
လက်စ်ဗီးဂက်စ်မြို့မှ ဝက်စလေ ဝါရမ်ဆိုသူ၏ ပေါင် ၁၄၀ (ပိဿာ ၄၀) အချိန်ရှိ
ပိန်းဥကြီး အား ဆရာဝန်များမှ ခွဲစိတ်ဖယ်ရှားအပြီး သူ၏ ကျန်ရစ်သူ ညီလေးမှာ
၁-လက်မအရွယ်သာ ရှိတော့ သဖြင့် လွန်စွာဝမ်းနည်း အားငယ်လျှက်ရှိ။
အသက် ၄၉-နှစ်ရှိပြီဖြစ်သော ဝါရမ် တစ်ယောက် အိပ်ပျော်နေစဉ် အတွင်း သူ၏ ပိန်းဥအား သူ့ခြေထောက်နှင့် မတော်တစ်ဆ ပြန်ကန်မိရာမှစ၍ မတန်တစ်ဆ ကြီးထွားလာခြင်း ဖြစ်သည်ဟု သူကဆိုသည်။ သူ၏ ပိန်းဥကြီးကြောင့် ယခင်က မလှုပ်နိုင်မရှားနိုင် ဖြစ်ခဲ့ရာမှ ကျန်းမာရေး အတွက် စိုးရိမ်ရသောကြောင့် ခွဲစိတ်ကုသရန် ကြိုးပန်းခဲ့ခြင်း ဖြစ်သည်။ သူ၏ ပိန်းဥကြီးအား အီးဘေး အင်တာနတ် ဈေးကွက်တွင် လေလံတင်ရောင်းချ၍ ခွဲစိတ်ကုသစရိတ် ကုန်ကျငွေကို ပေးရန် အစက ရည်ရွယ်ထားသောလည်း စေတနာရှင် ခွဲစိတ်ပါရဂူအဖွဲ့ တစ်ဖွဲ့က အခမဲ့ ခွဲစိတ်ပေးခဲ့သည်။ အော်ပရေးရှင်းမှာ တစ်ရာရာခိုင်နှုန်း အောင်မြင်ခဲ့သော်လည်း ဝါရမ်၏ ညီလေးမှာ ခွဲစိတ်မှုအပြီး တစ်လက်မ အရွယ်မျှသာ ကျန်ရစ်ခဲ့သည်။
"လူတွေကတော့ ငါ့ကို အသက်ဘေးက လွတ်ပြီမို့ ပျော်နေမယ် ထင်တာပဲ။ ဒါမယ့် တစ်ကယ့်လက်တွေ့က သူတို့ထင်ထား သလိုမဟုတ်ဘူးလေ။ အခုဆို ငါ့အတွက် အသက်အန္တရာယ် မရှိတော့ပေမဲ့ အောက်ငုံ့ကြည့်မိလို့ ငါ့ညီလေးကို မြင်ရတိုင်း အရမ်းစိတ်မကောင်းဖြစ်ရတယ်" ဟု ဝါရမ် မှ ခပ်ညီးညီး ရင်ဖွင့်လေသည်။
http://www.thesun.co.uk/sol/homepage/woman/real_life/4977903/Man-with-10st-testicles-unhappy-as-removal-leaves-him-with-1inch-penis.html

No comments:
Post a Comment