10.6.2013
ရက်နေ့ 0715 အချိန်တွင် ဒေါ်မြင့်မြင့်အေး၊
ပြည်သူ့အကျိုးဆောင်ကွန်ရက်(မိတ္ထိလာ)၊ ဒေါ်မိမိခိုင်၊ ရန်ကုန်မြို့နှင့်
နတ်တလင်းမြို့နယ် NLD ပါတီဝင် သန့်ဇင်ထက်(ခ)ထက်ထက်၊ ၊ ဇီးပင်ကွင်းရွာ၊
ရွာသာကုန်းကျေးရွာအုပ်စု၊
နတ်တလင်းမြို့နယ်နေသူတို့ (၃)ဦး သည် ပေါင်းတည်မြို့နယ်၊ ကြို့ပင်သာအုပ်စု၊
လက်ပံပါးပျဉ်းကျေးရွာနေ တောင်သူ ဦးရင်ကြည် ပါတောင်သူ(၄၀)ဦးခန့်နှင့်အတူ
၎င်းတောင်သူများ သီးစားချလုပ်ကိုင်လျှက်ရှိသည့် နတ်တလင်းမြို့နယ်၊
ပဲမခမ်းကျေးရွာအုပ်စု၊ ကြပ်ကြီးကြိုးဝိုင်းအတွင်းရှိ
ခမရ-၅(အင်းမတပ်)၏လယ်ဧက(၈၉)ဧက၊ နတ်တလင်းမြို့နယ်ရဲတပ်ဖွဲ့၏လယ်(၄၀)ဧက
စုစုပေါင်း(၁၂၉)ဧကတို့ရှိ ကွင်းအမှတ်(၂၈၅)တွင်
အဆိုပါသီးစားချလုပ်ကိုင်လျှက်ရှိသည့် လယ်ယာမြေများနှင့် ပတ်သက်၍
လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိရေး ထွန်တုံးတိုက်ဆန္ဒဖော်ထုတ်မှုအား (၀၈၅၀ မှ
၁၀၄၀)အချိန်ထိ နတ်တလင်းမြို့နယ် ချောင်းကမ်းကြီးအုပ်စု/ရွာနေ
မင်းမင်းပါ(၅)ဦး၏ နွား(၅)ရှဉ်း၊ ပေါင်းတည်မြို့နယ်၊ ကြို့ပင်သာအုပ်စု၊
လက်ပံပါးပျဉ်းရွာနေ ပြုံးချိုပါ(၆)ဦး၏ နွား(၇)ရှဉ်း၊
စုစုပေါင်းနွား(၁၂)ရှဉ်းတို့ဖြင့် ကွင်းအမှတ်(၂၈၅)ရှိ မြို့နယ်ရဲတပ်ဖွဲ့မှ
လယ်သီးစားချ လုပ်ကိုင်ခွင့်ပေးထားရှိသော ဒေါ်ခင်သန်းနွဲ့၊
ချောင်းကမ်းကြီးအုပ်စု/ရွာ၊ နတ်တလင်းမြို့နယ်နေသူ၏ လယ်ဧက(၀.၃၃)ဧကအား
ဝင်ရောက်၍ ထွန်တုံးတိုက်ဆန္ဒဖော်ထုတ်ခဲ့တယ်လို့ သိရပါတယ် .........
11.6.2013 ရက်နေ့ 0850 မှ 1035 အချိန်ထိ ထွန်တုံးတိုက်ပွဲပြုလုပ်မှုနှင့်ပတ်သက်၍ ဦးရင်ကြည်၊ လက်ပံပါးပျဉ်းရွာ၊ ကြို့ပင်သာအုပ်စု၊ ပေါင်းတည်မြို့နယ်နေသူပါ တောင်သူ(၃၀)ဦးခန့်သည် နတ်တလင်းမြို့နယ်၊ ပဲမခမ်းကျေးရွာအုပ်စု၊ ကြပ်ကြီးကြိုးဝိုင်းအတွင်းရှိ ခမရ-၅ (အင်းမတပ်)၏ လယ်ယာမြေဧက(၈၉)ဧက၊ ကွင်းအမှတ်(၂၈၄)သို့ နွားရှဉ်း(၂၀)ရှဉ်းနှင့်အတူ လယ်ကန်ဇင်းဘေးပတ်ပတ်လည်အား လှည့်ပတ်ထွန်ယက်မှုများ ပြုလုပ်ခြင်း၊ "(၁၉၆၃)သီးစားချထားရေး ဥပဒေလုပ်ထုံးလုပ်နည်းဖြစ်သည်၊ သီးစားချထားခွင့်မရှိ၊ " "စပါးများစိုက်ပျိုးထားသည် မဖျက်ဆီးရ" နှင့် "လယ်သမားများပိုင်လယ်မြေ၊ မည်သူမျှ မကျူးကျော်ရ" စသည့်ဆိုင်ဘုတ်(၃)ခု တို့အား ကြပ်ကြီးကြိုးဝိုင်းအနီးရှိ တောင်သူဦးသောင်းရွှေ၏ နေအိမ်ရှေ့ လယ်ကွက်အတွင်းနှင့် စပါးပျိုးထောင်ထားရှိသော လယ်ကွက်အတွင်းတို့တွင် စိုက်ထူခြင်းများပြုလုပ်ဆောင်ရွက်ခဲ့တဲ့အတွက် ၄င်းထွန်းတုံးတိုက်ပွဲပြုလုပ်ဆန္ဒဖော်ထုတ်မှုနှင့် ပတ်သက်၍ ဒေါ်မြင့်မြင့်အေး၊ သန့်ဇင်ထက်တို့အဖွဲ့အား နတ်တလင်းရဲစခန်းမှ အမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ် ........
---------------------------------။----------------------------------------
ရဲ နှင့် စစ်တပ်သိမ်းလယ်တွင် ထွန်တုံးတိုက်ပွဲဝင် နတ်တလင်းလယ်သမားတို့ သတိပေးခံရ
Friday, June 14, 2013

နတ်တလင်းမြို့နယ်အတွင်းရှိ ရဲစခန်းနှင့် စစ်တပ်မှသိမ်းထားသည်ဟုဆိုသော လယ် ၁၂၁ ဧကကို ပြန်လည် ရရှိရန် ထွန်တုံးတိုက်ကြသည့် လယ်သမားများအား တရားမဝင်သောကြောင့် ရပ်တန့်ပေးရန် ကျေးရွာအုပ် ချုပ်ရေးမှူးမှ သတိပေးစာပေးခဲ့ကြောင်း ထွန်တုံးတိုက် လယ်သမားများက ဇွန်လ ၁၂ ရက်က မဇ္ဈိမသို့ ပြောသည်။
ထွန်တုံးတိုက်ခြင်းကို ဇွန်လ ၁ဝ ရက်မှ စတင်ခဲ့ပြီးနောက် ၃ ရက်မြောက်တွင် ကျေး ရွာအုပ်ချုပ်ရေးမှူး ဦးခင်ဇော်က သတိပေးစာပို့ခဲ့ခြင်းလည်းဖြစ်ပြီး လယ်သမားများ အနေဖြင့်လည်း လယ်ပြန်ရရန်အထိ ဆက်လက်လုပ် ဆောင်ကြရန်ဆန္ဒရှိနေကြသည်။
အဆိုပါစာတွင် လယ်သမားများ ယခုကဲ့သို့ လုပ်ဆောင်နေခြင်းမှာ တရားမဝင်သည့်အတွက် ရပ်တန့်ပေးရန် ပထမဆုံးအကြိမ် အထူးသတိပေးလိုက်သည်ဟု ပါရှိကြောင်း ၎င်း လယ်သမားများအရေးကို လုပ်ဆောင်ပေးနေသည့် ဦးဖိုးအေးက မဇ္ဈိမသို့ လယ်သမား ၅၄ ဦးပိုင်ဆိုင်သော လယ် ၁၂၁ ဧကကို ၁၉၉၅ ခုနှစ်တွင် နတ်တလင်းရဲစခန်းက ၃၈ ဧကနှင့် တပ်မ ၆၆ စစ်တပ်က ၈၃ဧကကို သိမ်းယူခဲ့ပြီး ၁၉၉၆ ခုနှစ်မှစပြီး တစ်ဧကလျှင် ၂၁ နှုန်းဖြင့် သီးစားပေးကာ ပြန်လည်စိုက်ပျိုး ခဲ့ရသည်ဟု လယ်သမားများက ပြောသည်။
''အဲဒီလယ်တွေက တစ်ဧကကို ၄၅ တင်းလောက်ပဲထွက်တာလေ။ သူတို့ကို ၂၁ တင်းပေးရတော့ ဘာကျန်တော့မလဲ။ သားသမီးတွေ ကျောင်းမထားနိုင်တာတွေအထိတောင် ဖြစ်တယ်'' ဟု လယ်သိမ်းခံရသည့် လယ်သမားကြီး ဦးဌေးဝင်းက မဇ္ဈိမသို့ ပြောသည်။
ထိုလယ်များမှာ တစ်နှစ်လျှင် မိုးစပါးနှင့် ဆောင်းပဲသီးနှံ နှစ်မျိုးစိုက်ပျိုးရသော လယ်အမျိုးအစားများဖြစ်ပြီး ပဲသီးနှံတွင်လည်း တစ်ဧကလျှင် တစ်တင်းနှုန်း သီးစားပေးရသည်ဟု လယ်သမားများက ပြောဆိုခဲ့သည်။
သိမ်းဆည်းခံရသည့်လယ်များမှာ ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်အတွင်းရှိ သာယာကုန်းရွာ၊ ပဲမခမ်းရွာ၊ လက်ပံပြင်းရွာနှင့် ဆောင်းငန်းကြီးရွာမှ လယ်သမားများပိုင်သည့် လယ်များဖြစ်သည်။

No comments:
Post a Comment