ဇွန်လ(၇)ရက် ညနေ(၃း၀၀)နာရီကျော်ခန့်တွင် ထိပ်တိုက်ခိုက်မှုဖြစ်ပွားရာ ဆိုင်ကယ်မောင်းနှင်လာသူ နေရာတွင်သေဆုံးသွားပြီး၊ ကားမှာအရှိန်လွန်ပြီး တဘက်ယာဉ်ကျောဘေးရှိ လမ်းဘေးသို့ထိုးကျကာတိမ်းမှောက်သွားသည်။
သေဆုံးသူဆိုင်ကယ်သမားထံမှ တယ်လီဖုန်းတစ်လုံးနှင့်ငွေသား ၇၃၄၅၀ိ/-ကျပ်တွေ့ရှိပြီး ထိုသေဆုံးသူဖုန်းနှင့်ဆက်သွယ်စုံစမ်းရာ သေဆုံးသူမှာ ဇေယျဝတီမြို့ မှ ကိုဒေ၀ါလားလာလူး(အဖ)ဦးဂျမ်ဗဂျာလာလူး၊ တောရှောက်မြစ်ရောင်း သူ၊ အသက်(၄၀)နှစ်ခန့်ဖြစ်ကြောင်း သိရှိထားသည်။
ယဉ်မောင်းမှာထွက်ပြေးတိမ်းရှောင်သွားပြီး ကားထဲသို့ အုတ်တွင်းမြို့နယ်ရဲ တပ်ဖွဲ့မှစစ်ဆေးရာတွင် ကားထဲတွင်ကျန်ခဲ့သောဖုန်းမှ ဆက်သွယ်စုံစမ်းရာ ယာဉ်မောင်းမှာ ဦးဟန်ဇာ ဟုသိရှိထားသည်။
အုတ်တွင်းမြို့နယ်ရဲတပ်ဖွဲ့မှတာဝန်ရှိသူများမှ အခင်းဖြစ်ပွားမှုနှင့်ပါတ်သက်ပြီး ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သည်။
http://www.facebook.com/pages/တောင်ငူသတင်းပုံရိပ်များ/510950372291874?fref=ts
No comments:
Post a Comment