Monday, June 24, 2013

မနေ့က မန္တလေးရောက်တုံး စိတ်မကောင်းစရာ သတင်းတပုဒ် ကြားခဲ့ရတယ်

မနေ့က မန္တလေးရောက်တုံး စိတ်မကောင်းစရာ သတင်းတပုဒ် ကြားခဲ့ရတယ် ပထမနှစ် ကျောင်းနေဖက်သူငယ်ချင်းရဲ့ သားလေး ဆိုင်ကယ် အကိဆီးဒင်ဖြစ်ပီး ဆုံးသွားတဲ့အကြောင်း ဖြစ်ပုံက ကလေးက ၇၃လမ်း တက္ကသိုလ်ဖက်မနက်ခင်းအလုပ်သွားတော့ လမ်းမပြင်ရသေးဘူးပြောတယ် ညဖက်ပြန်လာတဲ့အခါမှာ လမ်းဖြတ်ပြီးမြောင်းတူးထားတယ် မှောင်ကလည်းမှောင်နေတယ် တုံးကြီးတတုံးကို ဖြတ်ကာထားတယ်တဲ့ မနက်ကအတိုင်းထင်ပီးဆိုင်ကယ်စီးလာတာ အနားရောက်တော့ တုံးကိုဝင်တိုက်ပီးကလေးလွင့်စင်ကျသွားပီး ခေါင်းနဲ့ လမ်းရီုက်မိသွားတယ်ထင်ပါတယ် လဲကျသွားတာ ပြန်မထနိုင်ဘူး ပါတ်ဝန်းကျင်ကလူတွေကလည်းဝိုင်းအုံကြည့်နေကျတယ် ဘာအကူအညီမ မပေးကြဘူး ရဲကိုသာဖုန်းဆက်ခေါ်တယ် ရဲကလည်းနောက်ကျနေတယ် ဆေးရုံရောက်တော့ ကလေးကအသက်မရှိတော့ဘူး ပိုင်ရှင်မဲ့ ဆိုပီး ရင်ခွဲရုံကိုပို့ လိုက်သတဲ့ မိဘတွေက ညပြန်မရောက်တော့မလိုက်ရှာရင်း ရင်ခွဲရုံမှာတွေရတယ်တဲ့။ ဒီပြဿနာရဲ့ အစကိုကြည့်ရင် စည်ပင်မှအမှတ်အသားပြထားမှုမရှိခြင်း အက်ဆီးဒင့်ဖြစ်တဲ့နေရာမှာ လူတွေအနေနဲ့ တာဝန်မယူလိုခြင်းတွေကိုတွေ့ ရပါတယ် အဓိကကတော့ စည်ပင်မှာတာဝန်ရှိပါတယ် သိသာထင်ရှားတဲ့ အမှတ်အသားပြမထားလို့ပါပဲ

  Credit To > Aung Shwe < Thank
Re-post By ACM - 24-6-2013

No comments:

Post a Comment