ရခိုင်တေးသံရှင်
ဒိုးရီ ၏ ဇနီးဖြစ်သူ မဥမ္မာထွန်း (၃၂-နှစ်) မှာ ယနေ့ ၂၀၁၃-ခုနှစ် ဇွန်လ
(၁၇) ရက်နေ့ ညနေ (၆) နာရီခန့်တွင် အိမ်နီးချင်းတစ်ဦး၏
ဓါးဖြင့်ထိုးသတ်ခြင်းခံရပြီး သေဆုံးသွားခဲ့သည်။
အဆိုပါ လူသတ်တရားခံ ဖြစ်သည်ဆိုသော ဦးမောင်တုတ် နှင့် မနေက တစ်ကြိမ် နှင့် ယနေ့နေ့လယ်ပိုင်းက တစ်ကြိမ် ကိုဒိုးရီတို့ လင်မယား နှင့် စကားများခဲ့ကြပြီးနောက် ညနေပိုင်းတွင် မဥမ္မာထွန်းမှာ ဦးမောင်တုတ်၏ ဓါးဖြင့် ထိုးသတ်ခြင်းကို ခံခဲ့ရသည် ဟု ဆိုသည်။
တရားခံဖြစ်သူအား ယခု အချိန်အထိ ဖမ်းဆီးမိခြင်းမရှိသေးဘဲ ထွက်ပြေးလွတ်မြောက်လျက်ရှိနေသေးသည်။
ကွယ်လွန်သူ မဥမ္မာထွန်းတွင် ကလေးသုံးယောက် ကျန်ရစ်ခဲ့ပြီး၊ အငယ်ဆုံးကလေးမှာ အသက်သုံးနှစ် အရွယ်မျှသာ ရှိသေးသည်။
( Coral Arakan News အတွက် စိုးစိုး နှင့် ဖြိုးချေ ရေးသားသည်။)

![Photo: ဓါတ်ပုံ - သေဆုံးသူ မဥမ္မာထွန်း (ဒိုးရီ ၏ ဇနီး) နှင့် ကျန်ရစ်သူ သားသမီးများ
======================
သတင်း =
... တေးသံရှင် ဒိုးရီ ၏ ဇနီး ဓါးထိုး သတ်ဖြတ်ခံရ
====================
By Soe Soe and Phyo Chay
စစ်တွေ ၊ ၁၇ ဇွန်လ ၂၀၁၃ ၊ Coral Arakan News ၊ [ ကြားဖြတ်သတင်း ]
ရခိုင်တေးသံရှင် ဒိုးရီ ၏ ဇနီးဖြစ်သူ မဥမ္မာထွန်း (၃၂-နှစ်) မှာ ယနေ့ ၂၀၁၃-ခုနှစ် ဇွန်လ (၁၇) ရက်နေ့ ညနေ (၆) နာရီခန့်တွင် အိမ်နီးချင်းတစ်ဦး၏ ဓါးဖြင့်ထိုးသတ်ခြင်းခံရပြီး သေဆုံးသွားခဲ့သည်။
အဆိုပါ လူသတ်တရားခံ ဖြစ်သည်ဆိုသော ဦးမောင်တုတ် နှင့် မနေက တစ်ကြိမ် နှင့် ယနေ့နေ့လယ်ပိုင်းက တစ်ကြိမ် ကိုဒိုးရီတို့ လင်မယား နှင့် စကားများခဲ့ကြပြီးနောက် ညနေပိုင်းတွင် မဥမ္မာထွန်းမှာ ဦးမောင်တုတ်၏ ဓါးဖြင့် ထိုးသတ်ခြင်းကို ခံခဲ့ရသည် ဟု ဆိုသည်။
တရားခံဖြစ်သူအား ယခု အချိန်အထိ ဖမ်းဆီးမိခြင်းမရှိသေးဘဲ ထွက်ပြေးလွတ်မြောက်လျက်ရှိနေသေးသည်။
ကွယ်လွန်သူ မဥမ္မာထွန်းတွင် ကလေးသုံးယောက် ကျန်ရစ်ခဲ့ပြီး၊ အငယ်ဆုံးကလေးမှာ အသက်သုံးနှစ် အရွယ်မျှသာ ရှိသေးသည်။
( Coral Arakan News အတွက် စိုးစိုး နှင့် ဖြိုးချေ ရေးသားသည်။)](https://fbcdn-sphotos-c-a.akamaihd.net/hphotos-ak-frc1/p480x480/1004734_590577654309885_365377667_n.jpg)
No comments:
Post a Comment