ယာဉ်မောင်း
မြင့်စိုး-လှိုင်သာယာမြို့နယ်နေသူ မောင်းနှင်သည့် ၂၂၆(အစိမ်း)လိုင်း၊
ဒိုင်နာယာဉ်သည် ၁၆.၆.၂၀၁၃ရက်နေ့ ၀၅၁၈ အချိန်တွင် သီရိမင်္ဂလာဈေးဘက်မှ
လှိုင်သာယာမြို့နယ်ဘက်သို့ မောင်းနှင်လာစဉ် ကပရ၀န်းရှေ့ အရောက်တွင် ဂက်စ်ပိုက်ပေါက်ပြီး မီးလောင်မှုဖြစ်ပွါးခဲ့ရာသည်။
လှိုင်မြို့နယ်မီးသတ်တပ်ဖွဲ့မှမီးသတ်ယာဉ်(၂)စီး ဖြင့်ရောက်ရှိ
ငြိမ်းသတ်ခဲ့၍ ၀၅၃၀ အချိန် မီးငြိမ်းသွားခဲ့သည်။
မီးလောင်မှုကြောင့် ယာဉ်၏ရှေ့ခန်းမီးလောင်ပျက်စီးခဲ့ရာ တန်ဖိုး(၁)သိန်းကျပ် ခန့်ဆုံးရှုံးခဲ့ပြီး၊ ယာဉ်၏နောက်ခန်းတွင်စီးနင်းလိုက်ပါလာသည့် ခရီးသည်များအနက် မင်္ဂလာဒုံနေ ဒေါ်ညိုညိုထွေး၊၄၇နှစ်၊သည်ယာဉ်ပေါ်မှ ဆင်းပြေးစဉ်ပြုတ်ကျခဲ့၍
ဝဲဘက်ချိုစောင်း ပေါက်ပြဲဒဏ်ရာရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ) အဖြစ်ကုသလျက်ရှိသောကြောင့် ယာဉ်မောင်း မြင့်စိုးအား ပိတောက်ချောင်းနယ်မြေရဲစခန်း
(ပ)၁၄၀/၂၀၁၃ ပုဒ်မ-၂၈၅/၃၃၇ ဖြင့် အရေးယူထားရှိကြောင်းYangon Policeမှသိရသည်။
ရဲဇာနည်

No comments:
Post a Comment