အသက် ၈၀ ကျော် အဘိုးအိုတစ်ဦး ကြိုးဆွဲချသေဆုံး ဇူလိုင်လ ၁၅ ရက် ၂၀၁၃
အသက် ၈၃ နှစ်အရွယ်
အဘိုးအိုတစ်ဦး ကြိုးဆွဲချ သေဆုံးမှုတစ်ခု မြောက်ဒဂုံမြို့နယ်တွင် ဇူလိုင် ၁၂
ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ
သတင်းရရှိသည်။သေဆုံးသူမှာ ဦးထွန်းကြည် ဆိုသူဖြစ်ပြီး မြောက်ဒဂုံမြို့နယ် ၅၁
ရပ်ကွက်တွင် နေထိုင်သူဖြစ်သည်ဟုလည်း ရဲဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
သူသည် နေအိမ်အောက်ထပ် အိပ်ခန်းအတွင်းရှိ ထုတ်တန်းတွင် လက်သန်းလုံးခန့် နိုင်လွန်ကြိုးဖြင့် ကွင်းလျောလုပ်ကာ ကြိုးဆွဲချခဲ့ခြင်းဖြစ်သည်ဟုလည်း
ရဲမှတ်တမ်းများတွင် တွေ့ရသည်။အလောင်းတွင် ပြင်ပဒဏ်ရာ မတွေ့ရသော်လည်း
ကြိုးဆွဲချမှုကြောင် သေဆုံးခြင်းဟုတ်၊ မဟုတ် သေချာစေရန် မြောက် ဥက္ကလာပ
ရဲစခန်းတွင် စစ်ဆေးရန် ရဲဌာနက ပေးပို့ထားကြောင်း သတင်းထုတ်ပြန်ထားသည်။
ယခုကိစ္စကို ဒဂုံမြောက်ရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၁၅/၁၃ဖြင့် အမှုဖွင့်ထားကြောင်းလည်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ စုံစမ်းရရှိသည်။
No comments:
Post a Comment