မန္တလေးတိုင်း
ဒေသကြီး မန္တလေး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် မောင်တင်နှင့် အဖွဲ့၊
ပြင်ဦးလွင် ရဲတပ်ဖွဲ့မှ ရဲအုပ် မျိုးသန့်နှင့် သက်သေ အဖွဲ့များသည်
သတင်းအရ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၂) ပုညလမ်း အိမ်အမှတ်(၁၆)နေ စိုင်းဝဏ္ဏ(ခ) ဝဏ္ဏ၏ နေအိမ်ကို ဝင်ရောက် ရှာဖွေရာ ၇ခ/----- နံပါတ်တပ် Pajero အမျိုးအစား အပြာစပ်ကြား၊ အပြာပတ် လိုင်စင်မဲ့ကားတစ်စီး၊ ၅ဃ/------ နံပါတ်တပ် Odyssey အဖြူရောင် လိုင်စင်မဲ့ ကားတစ်စီး၊ ၆ဂ/------ နံပါတ်တပ် Voxy အမျိုးအစား အဖြူရောင် လိုင်စင်မဲ့ကား တစ်စီး စုစုပေါင်း သုံးစီးကို ရှာဖွေ တွေ့ရှိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ စိုင်းဝဏ္ဏ (ခ) ဝဏ္ဏ ၃၇ နှစ်အား ပြင်ဦးလွင် ရဲစခန်းမှ (ပ)၂ဝ၃/၂ဝ၁၃၊ ပို့ကုန်/သွင်းကုန် ဥပဒေ ပုဒ်မ(၈) အရ ပြင်ဦးလွင် မြို့နယ် ရဲတပ်ဖွဲ့ စခန်းမှ အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။
မြ၀တီ

No comments:
Post a Comment