Saturday, July 13, 2013

ဘုရင်နောင်တံတားပေါ်မှ ရေထဲသို့ခုန်ချ၍သေကြောင်းကြံစည်

ဇူလိုင်လ(၁၃)ရက်နေ့ နံနက် (၁၀)နာရီ (၄၅)မိနစ် အချိန်ခန့်က ဘုရင့်နောင်တံတားဟောင်း၊ လှိုင်သာယာမြို့နယ်ဘက်၊ တံတားတိုင်အမှတ် RP 4 နှင့် RP 5 ကြားတံတားမြောက်ဘက်ခြမ်းအပေါ်မှ အမျိုးသားတစ်ဦး ရေထဲခုန်ချသွားခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ထိုသူ ရေထဲခုန်ချသွားခြင်းအား ဘုရင့်နောင်တံတားသစ် ဆောက်လုပ်ရေးစီမံကိန်း၊ လုပ်ငန်းခွင် လုပ်ကိုင်နေသူများမှ တွေ့မြင်ခဲ့ကြပြီး ဆောက်လုပ်ရေး လုပ်သားများဖြစ်သော ဇော်မင်းထွန်းနှင့် ကာလကျော်(ခ)ကရင်တို့မှ ရေငုတ်အဖွဲ့သုံး စက်လှေဖြင့် သွားရောက်ဆယ်ယူကယ်တင်ခဲ့ကြသည်။
ရေထဲသို့ ခုန်ချခဲ့သူမှာ စမ်းချောင်းမြို့နယ်၊ လင်းလွန်းမြောက်ရပ်ကွက်နေ အသက်(၃၈)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းအားဆယ်ယူ
ကယ်တင်နိုင်ခဲ့ကြသည်။
၎င်းမှာ မိဘများအပေါ်တွင် ဆိုးမိုက်ခဲ့ပြီး တာဝန်မကျေမှုအတွက် အပြစ်ရှိသည်ဟုခံယူမိကာ ရေထဲသို့ခုန်ချခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ရဲတပ်ဖွဲ့ဝင်များ၊ တံတားဆောက်လုပ်ရေးစီမံကိန်းမှ အင်ဂျင်နီယာမှူးဦးကျော်သူရနှင့်အဖွဲ့၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ၀ိုင်းဝန်းကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
သို့ပေမယ့် ထိုကဲ့သို့ သေကြောင်းကြံစည် ခဲ့မှုအား ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။
ပုံရိပ်(burmesehearts.com)

No comments:

Post a Comment