Wednesday, July 3, 2013

ကျုံးရေပြင် လူသေအလောင်း မည်သူမှန်းမသိသေး မန္တလေး-ဇူလိုင် ၂

မန်းကျုံးရေပြင်တွင် ယခုလ ၁ရက်နေ့တွင်တွေ့ရှိခဲ့သော
အသက် လေးဆယ်အရွယ်အမည်မသိ အမျိုးသား၏အလောင်းမှာ
မည်သူမှန်းမသိရှိရသေးကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
အောင်မြေသာစံမြို့နယ်၊ ၂၆ - ၇၅လမ်းထောင့်ကျုံးရေပြင်တွင်
အဆိုပါအမျိုးသားမှာပြင်ပဒဏ်ရာမရှိဘဲ ရေနစ်သေဆုံးသည်ဟု ယူဆရသဖြင့်
ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ် ရဲအုပ်ကမ်အောင်မြင့်မှ တရာလိုပြုလုပ်ရ်ျ အမှတ် ၂နယ်မြေရဲစခန်းမှ သေမှုသေခင်း
အမှတ် ၃၄/၂၀၁၃အရအမှုဖွင့်အရေးယူထားကြောင်း ရဲမှတ်တမ်းများက ဖော်ပြသည်။
ဖိုးလပြည့်

Popular Myanmar News Journal

No comments:

Post a Comment