Monday, July 15, 2013

ခိုင်သင်းကြည်ဆုံးပြီဆိုလို့ လန့်သွားတာပဲ .. ခိုင်သင်းကြည်တော့ ခိုင်သင်းကြည်ပဲ .. ဒါပေမယ် ....

အမျိုးသမီး လက်ရွေးစင် ကစားသမား သေဆုံးမှု သိန်းသုံးဆယ် ထောက်ပံ့
Monday, July 15, 2013

နေပြည်တော် ရွှေအားကစား လေ့ကျင့်ရေး စခန်းတွင် လေ့ကျင့်လျက် ရှိသည့် ဘောလုံး လက်ရွေးစင် အမျိုးသမီး (ခ) အသင်းမှ အသက် ၁၅ နှစ် အရွယ်ရှိ ကစားသမား သွေးအဆိပ်တက်သည့် ရောဂါဖြင့် ဇူလိုင် ၅ရက်နေ့ က သေဆုံးခဲ့ရာ ၎င်း၏ မိဘများကို ကျပ် သိန်း သုံးဆယ် ထောက်ပံ့ ခဲ့ကြောင်း အားကစား ဝန်ကြီးဌာန လူထုပညာ ဌာနခွဲက ညွှန်ကြားရေးမှူး ဦးဌေးအောင်က ပြောကြားသည်။

မြန်မာ အမျိုးသမီး ယူ-၁၅ ဘောလုံးအသင်းမှ ကစားသမား မခိုင်သင်းကြည် သည် နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်းတွင် နာမကျန်းဖြစ် ၍ လေ့ကျင့်ရေးစခန်းရှိ ဆေးခန်းတွင် ကုသပေးခဲ့ရာ သုံးရက်အကြာ၌ သက်သာခဲ့သော်လည်း ထပ်မံဖျားသည့်အတွက် နေပြည်တော် ခုတင် တစ်ထောင် ဆေးရုံတွင် တက်ရောက် ကုသစဉ် သွေးအဆိပ်တက် သည့် ရောဂါဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ဦးဌေးအောင်က ဆိုသည်။

မခိုင်သင်းကြည်သည် မြန်မာ့ လက်ရွေးစင် အမျိုးသမီး (ခ) အသင်း အတွက် ရွေးချယ်ခြင်း ခံရသော်လည်း ငယ်ရွယ်၍ ပါရမီ အစွမ်းရှိသူများကို ၂၀၁၅ SEA Games ပြိုင်ပွဲအတွက် ကြိုတင် ပြင်ဆင်သည့် လေ့ကျင့်ရေး စီမံကိန်းအရ ရောက်ရှိနေသူ တစ်ဦး ဖြစ်ကြောင်း ဦးဌေးအောင်က ရှင်းပြသည်။

သွေးအဆိပ်တက် ရောဂါဖြင့် သေဆုံးခဲ့သည့် အားကစားသမား ခိုင်သင်းကြည်ကို ဇူလိုင် ၆ ရက်နေ့ တွင် သင်္ဂြိုဟ်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment