Saturday, July 13, 2013

"မုံရွာခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်သူဇော် ဆိုသူသည် အချိန်လေးစားမှု မရှိ ကြောင်း မုံရွာခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ပြောဆိုနေ"


စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်သို့ ခရိုင်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ရန်အတွက် ရောက်ရှိလာသော မုံရွာခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်သူဇော် ဆိုသူသည် အချိန်ပိုင်းဆိုင်ရာကို လေးစားလိုက်နာမှုအလွန် အားနည်းသည့်အတွက် ခရိုင်အဆင့်ဌာနဆိုင်အကြီးအကဲများအနေဖြင့် များစွာမှ စိတ်ဆင်ရဲကိုယ်ဆင်းရဲဖြစ်နေရတယ်လို့ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများကဆိုပါတယ်။
"အခုရောက်လာတဲ့ ခရိုင်အုပ်ချုပ်ရေးမှူး အသစ် ကျော်သူဇော် က ခရိုင်အဆင့် ဌာနဆိုင်ရာတွေကို အစည်းအဝေးခဏ ခဏ ခေါ်ပါတယ်။ ခေါ် ပြီးရင် သူခေါ်တဲ့ အချိန်မှာ ဘယ်တော့မှ အတိအကျ အစည်းအဝေးမလုပ်နိုင် ပါဘူး။ အစည်းအဝေးဖိတ်လိုက်ရင် မပျက်မကွက် အချိန်အတိအကျ ဆိုပြီး ခေါ်ပါတယ်။သူကတော့ ဘယ်တော့မှ အချိန်မတိကျဘာဘူး။ အချိန် မတိကျလို့ ပြန်သွားတဲ့ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲတွေကို ၀န်ကြီး ချုပ်ထံ စာတင်မယ် ထုချေလွှာပေးရမယ်ဆိုပြီး အာဏာပြပါတယ်။
ကျော်သူဇော် ကို ၀န်ကြီးချုပ် ဦးသာအေး ကနေပြီး မုံရွာခရိုင်အုပ်ချုပ်ရေး မှူး အတွက် ပြည်ထဲရေးဌာနနေပြီးတောင်းယူခဲ့တာပါ။သူက တစ်ချိန်က စစ်တပ်မှာ လက်ရှိဝန်ကြီးချုပ်ရဲ့ စိတ်ကြိုက် အလုပ် လုပ်ပေးခဲ့တဲ့သူလို့ နာမည်ထွက်ခဲ့တဲ့သူပါ။
အစည်းအဝေးခေါ်ပြီး ၀န်ကြီးချုပ် ကလေး ခရိးစဉ်ကပြန်လာလို့ သွားကြို နေတယ် စောင့်နေပါ ဆိုပြီးခိုင်းတယ်။မနက်(၉)နာရီကနေခေါ်တဲ့ အစည်းဝေးက ညနေ(၅)နာရီထိုးတာတောင်မှ အစည်းအဝေးမစရသေးတာ မျိုးတွေ ဖြစ်ခဲ့ရပါတယ်။ဒါတွေက မဖြစ်သင့်တဲ့ ကိစ္စရပ်တွေပါ။ ဌာနတွင်းက လုပ်ငန်းတွေအတွက် နှောက်နှေးကြန့်မှုတွေဖြစ်ရပါတယ်။ မိခင်ဌာနကလုပ် ငန်းတွေ မပြီးရင်လည်း ၀န်ကြီးချုပ်ဆိုသူက ထုချေလွှာတောင်းခံကြရပါ တယ်။
ဝန်ကြီးချုပ် ခရီးကပြန်လာတာကို သွားပြီး ခရီးဧည့်ကြိုပြုနေရအောင်က ၀န်ကြီးချုပ် သာအေး ဆိုသူက ကလေးလည်းမဟုတ်ပါဘူး စစ်ကိုင်းတိုင်းထဲ မှာ မသွားတတ်မလာတတ်တဲ့သူလည်းမဟုတ်ပါဘူး။ သူ့ခရီးစဉ်မှာ သူ့ရဲ့ လုံခြုံရေးအပြည့်ပါပြီးသားပါ။"လို့ ခရိုင်အဆင့်ဌာနဆိုင်ရာ အရာရှိကြီးတစ်ဦး ကဆိုပါတယ်။
___________________________________________________
မုံရွာခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်သူဇော် ဆိုသူ၏ ပုံ။

ThanLarWaddy Times

No comments:

Post a Comment