"မုံရွာမြို့ အောင်ချမ်းသာရပ်ကွက် ရှိ အ-ထ-က(၅) မှ ကျောင်းအုပ်ဆရာ မကြီးဖြစ်သူ ဒေါ်သီတာချို သည် ပညာရေးဌာနမှချမှတ်ထားသော စည်းကမ်း များချိုးဖောက်လျှက်ရှိနေသည်ဟု ကျောင်းသား/သူ မိဘများက ပြောဆိုလျှက်ရှိနေ"
စစ်ကိုင်းတိုင်းဒေသကြီး
မုံရွာမြို့ အောင်ချမ်းသာရပ်ကွက် တွင် တည်ရှိသော အ-ထ-က (၅) မှ
ကျောင်းအုပ်ဆရာမကြီး ဖြစ်သော ဒေါ်သီတာချို သည် ပညာရေးဌာနမှ ချမှတ်ထားသော
စည်ကမ်းများကို ချိုးဖောက်လျှက်ရှိနေပြီး
ကျောင်းတွင်း အလှူငွေကောက်ခံခြင်းများ စာမေးပွဲဖြေဆိုခြင်းမရှိသော
ကျောင်းသား/သူများအား အောင်လက်မှတ်များထုတ်ပေးနေလျှက်ရှိကြောင်း သိရပါသည်။
"ဆရာမကြီးက သူကကျောင်းအုပ် ဆိုပြီး သူလုပ်ချင်သလိုလုပ်ပြီးထင်ရာ
စိုင်းနေတာ ကာလအတော်ကြာနေပါပြီ။ စာမေးပွဲလုံးဝမဖြေဆိုတဲ့ ကျောင်း
သူတစ်ယောက်ကို အောင်လက်မှတ်ထုတ်ပေးပါတယ်။ဒါဟာလုံးဝ မဖြစ် သင့် မဖြစ်ထိုက် မလုပ်သင့် မလုပ်ထိုက်တဲ့ ကိစ္စရပ်တစ်ခုပါ။
2012-2013 အောင်စာရင်းမှာကြည့်မယ်ဆိုရင်အရမ်းသိသာပါတယ်။
အဲဒီ2012-2013 ပညာသင်နှစ် ပဉ္စမတန်း(၅)တန်း အောင်စာရင်းမှာ ပ-၁၃၀ မနန္ဒာလင်း
ဆိုတဲ့ကျောင်သူ ကောင်မလေး ဆိုရင် စာမေးပွဲဖြေဆိုခြင်း လုံးဝ မရှိ
ပါဘူး။ဒါပေမဲ့ အဲဒီကလေးမ စာမေးပွဲအောင်စာရင်းမှာ အောင်မြင်နေပါ
တယ်။အဲဒီကလေးမ က ကျွန်မသမီးလေးနဲ့ ကျောင်းအတူတူတစ်တန်းထဲမို့ သိရတာပါ။"လို့
ကျောင်းသူ မိဘတစ်ဦးကဆိုပါတယ်။
"2013-2014 ပညာသင်နှစ်မှာလည်း ကျောင်းထွက်လက်မှတ်ယူတဲ့သူတွေကို
ကျောင်းဆောင်သစ်အတွက် ဆိုပြီး အလှူခံပါတယ်။ဖြတ်ပိုင်းနဲ့ပါ။တစ်ချို့ ကိုလည်း(၅၀၀၀ိ-/)ငါးထောင်ကျပ် တစ်ချို့ကိုလည်း(၅၀၀၀၀ိ-/)ငါးသောင်း ကျပါအထိ အလှူခံပါတယ်။"လို့ အဆိုပါကျောင်းမှ ကျောင်းထွက်လက်မှတ် ထုတ်ယူခဲ့သူ ကျောင်းသားမိဘတစ်ဦးကဆိုပါတယ်။
ကျွန်မတို့ ကျောင်းဈေးဆိုင်တွေကိုလည်း တစ်နှစ်(၈၀၀၀၀ိ-/)ရှစ်သောင်းနှုံး
နဲ့ (၁)လ(၁၀၀၀၀ိ-/)တစ်သောင်းနှုံးကောက်ခံခဲ့ပါတယ်။အဲဒီကောက်ခံငွေ
တွေအပေါ်မှာလည်း စာရင်းမရှင်းနိုင်လို့ ကျောင်းဆရာ/မတွေအကြားမှာပြော
စရာတွေဖြစ်နေကြတယ်လို့လည်း ကျောင်းဈေးသည်တစ်ဦးပြောကြားခဲ့ပါ တယ်။
အဆိုပါ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာချို သည် မူလတန်းကလေးများ အဟာရနို့မှုန့်တိုက်ကြွေးရန်အတွက်ဆိုပြီး ကျောင်သား/သူတွေထံမှငွေ
ကောက်ခံခြင်းများလည်းပြုလုပ်ပြီး ကျောင်းအတွင်းရှိ ဘာသာပြဆရာ/မ
များကို သိပ္ပံဘွဲ့ရများကို ၀ိဇ္ဇာဘာသာရပ်များသင်ကြားစေရန်ခိုင်းစေခြင်း ၀ိဇ္ဇာဘာသာဘွဲ့ရ ဆရာ/မ များကို သိပ္ပံဘာသာရပ်များသင်ကြားစေရန် ခိုင်းစေခြင်းတို့ပြုလုပ်နေသဖြင့် အဆိုပါကျောင်းမှ သင်ကြားရေးတာဝန်ထမ်း
ဆောင်နေကြရသော ဆရာ/မများအနေဖြင့် များစွာမှ စိတ်ဒုက္ခရောက်နေရ ပြီး
ကလေးငယ်များ၏ ပညာသင်ကြားရေးဆိုင်ကဏ္ဍများတွင် အဆင်မပြေ
မှုများကြုံတွေနေရတယ်လို့ သိရပါသည်။Ref;
No comments:
Post a Comment