Saturday, July 13, 2013

၁၂ . ၇. ၂၀၁၃ မှ ၁၈ . ၇. ၂၀၁၃ ထိ ၇ရက်ဟောစာတမ်း POST 13 JULY 2013 BY ဒေါက်တာထွန်းလင်း - ဘုတလင် ( GOLD MEDALIST ) တနင်္ဂနွေ

တနင်္ဂနွေ

အတွေးသမား အဆွေးသမား စိတ်ကူးယဉ်မား တစ်ယောက်ဖြစ်နေမည်။ တွေးခေါင်ပူပန်တတ်၍ တစ်ခါတစ်လေ စားမ၀င်အိပ်မပျော် ဖြစ်နေမည်။ ကျောင်းနေသူဖြစ်လျှင် စာကြည့်ရင်း စိတ်မငြိမ်ဖြစ်နေမည်။ ရုံးလုပ်နေသူ ဖြစ်လျှင် အလုပ်တစ်ခြား စိတ်တစ်ခြားဖြစ်နေတတ်သည်။ တစ်ခုတော့ ဂရုစိုက်ပါ။ ကားမောင်း ၊ ဆိုင်ကယ်မောင်း လေယာဉ်မောင်းသူတို့ မောင်းနေရင်း စိတ်က တစ်ခြားမရောက်ဖြစ်အောင် ဂရုစိုက်ဖို့သင့်ပါသည်။ ရုတ်တရက် ခိုက်မိမှု့များ ကြုံမည်။ မေ့မေ့ပျောက်ပျောက် ဖြစ်၍ ပစ္စည်းများမေ့ကျန် ရစ်မည်။ ချစ်သူ၏ အပြစ်တင်ခြင်းခံရမည်။ လက်ထပ်မင်္ဂလာ ရုတ်တရက် ကျင်းပဖြစ်မည်။ အလုပ်နေရာအိမ်ပြောင်း အရွှေ့ ဖြစ်မည်။ ကြီးသူတစ်ဦး ချူချာမည်။

အကျိုးပေးဂဏန်းမှာ - ၆၊ ၂၊ ၄။

အထူးဟော - အခက်အခဲ တစ်ခု ကြုံပြီးမှ အောင်မြင်မည်။

ယတြာ - တနင်္ဂနွေ နေ့ နံနက်မှာ စာကလေး (သို့မဟုတ်) ငှက် ၆ ကောင်ဝယ်လွှတ်ပါ။

တနလာၤ

ရည်ရွယ်ချက် များ စတင်အကောင်အထည်ဖော်ဖြစ်မည်။ အစတွင် အခက်အခဲ အထစ်ငေါ့ တွေရှိနိုင်သော်လည်း နောက်ပိုင်းမှာ မုချ အောင်မြင်လာမည်။ ခရီးဝေးယာယီ များ ရောက်မည်။ လူသစ် ၊ မိတ်သစ် နေရာသစ် တွေရောက်မည်။ စွန့်စားမှု့များ စူးစမ်းမှု့များ လုပ်ရတတ်သည်။ သို့သော် အောင်မြင်မှု့ ရမည်။ အားလုံးစိတ်ချမ်းသာ မှု့ရမည်။ အခြေအနေ ကောင်းမည်။ လုပ်တူကိုင်ဖက်တို့လည်း အဆင်ပြေမှု့ဖြစ်မည်။ ၀င်ငွေ ၊ ထွက်ငွေ ကြမ်းနေမည်။ ရုတ်တရက် ခိုက်မိတတ်၍ ဂရုစိုက်ပါ။ အချစ်ရေး စွဲလန်းသူ တွေ့မည်။ မဆင်ခြင်ပါက ရမည်။

အကျိုးပေးဂဏန်း - ၉၊ ၀၊ ၁။

အထူးဟော - ကံကောင်းမည်။

ယတြာ - တနင်္လာနေ့တွင် ငါးအရှင် (၁၅) ကောင်ဝယ်လွှတ်ပါ။

အဂါၤ

လွတ်လပ်မှု့ ၀ါသနာပါသူလည်း ဖြစ်ပြီး စိတ်ကျဉ်းကြပ်မှု့ တွေ စိတ်ဖိစီးမှု့ တွေများနေမှု့ မှ ရုန်းထွက်ချင်သော စိတ်လည်း ရှိနေသော သူလည်းဖြစ်သောကြောင့် ခရီးဝေးတစ်ခု စွန့်စွန့်စားစား လွတ်လပ်စွာ ထွက်ဖြစ်မည်။ လုပ်ငန်းတစ်ချို့ ပြီးမြောက်ပြီး တစ်ချို့သော လုပ်ငန်း တို့ ကြွေးတင်နေမည်။ ချစ်သူတွေ အကျိုးပေးမည်။ သင့်ကို ချစ်နေသော သူအချင်းချင်း အချစ်လုပွဲ တစ်ခုကျင်းပကြလိမ့်မည်။ သင်ကတော့ တစ်ယောက်တည်း သတ်သတ်မှတ်မှတ် ချစ်သွားမည် မဟုတ်ပါ။ ၂ ယောက်စလုံး ကို ချစ်သွားမှာ ဖြစ်ပါမည်။ မြန်မာစကားပုံ လို “ လှေနံ ၂ ဖက်နင်း” သွားမှာ သေချာပါတယ်။ ဆွေမျိုးသားချင်းအတွက် စိတ်ရှုပ်ရတတ်သည်။ စက် ၊ မြေ ၊ တိုက်အိမ်၊ကား တို့ ၀င်ထွက် မည်။ စပ်တူရှယ်ယာ လုပ်ငန်းများအောင်မြင်မည်။ ပြည်ပ(သို့မဟုတ်) ပြည်တွင်း အဝေးက မိတ်ဆွေ ၏ အကူအညီ မုချရမည်။

အကျိုးပေးဂဏန်း - ၆၊ ၅၊ ဝ

အထူးဟော - ရှုပ်ပေမဲ့ရှင်းသွားမှာပါ။

ယတြာ - အင်္ဂါနေ့မှာ အိမ်က ဘုရားကို ဆွမ်းဖြူနှင့် အကြော် ၈ ခုကပ်ပြီး ဆုတောင်းလိုက်ပါ။

ဗုဒ္ဒဟူး

စာမေးပွဲအောင်မြင်မည်။ အင်တာဗျူးအောင်မြင်မည်။ လွတ်လပ်စွာ ခရီးလည်းထွက်ဖြစ်မည်။ ချစ်သူ နှင့်လည်း ပြန်အဆင်ပြေပြီ။ သို့သော် လည်း ခြေ ၁ ဖက်တော့ ခိုက်မိတတ်သည်။ ဂရုစိုက်ပါ။ သူငယ်ချင်းတစ်ယောက်အတွက် အရမ်းမကူညီနှင့် နောက်ပိုင်းကိစ္စရှုပ်လာမည်။ ကတိပေးခြင်း ဆန္ဒမစောနှင့်။ သူများ အရှုပ်ကိုယ့်အရှုပ် ဖြစ်တတ်သည်။ ကြီးဒေါ် နှင့် အမေ ၊ အမ ဂရုစိုက်ပါ။ ကျန်းမာရေး ချူချာနိုင်သည်။ လူယုံထားပြီူး ငွေမချေးပါနှင့်။ ပြန်မရ တတ်ပါ။ ထီထိုး ၊ မဲနှိုက် ၊ ကံစမ်းသော လုပ်ရပ်များ ဒီတစ်ပတ် ကောင်းမည်။ ရေကြောင်းခရီး ဂရုစိုက်ပါ။

အကျိုးပေးဂဏန်း - ၉၊ ၆၊ ၎

အထူးဟော - အားလုံး OK ပါ။

ယတြာ - ဗုဒ္ဓဟူးနေ့နံနက်တွင် အိမ်ဘုရားကို ရေသက်စေ့ ရေသပ္ပာယ်ပါ။

ကြာသပတေး

ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးထက် ကျားကပိုဆိုး ဆိုသလို ဖြစ်တတ်ပါသည်။ လူယုံမထားသင့်သော ကာလဖြစ်ပါသည်။ ကိုယ့်လူသူ့ဘက်သား တွေ ပေါ်လာတတ်ပါသည်။ လုပ်ငန်းလုပ်ရာမှာ အထစ်ငေါ့ မှုများအတိုက်အခံများ မလိုသူများ ပေါ်လာတတ်ပါသည်။ လူခင်ခြင်း ၊ စိတ်ဝမ်းကွဲ မည်။ မိတ်ဆွေသစ် ၏ ကူညီရမည်။ ယခု အခက်အခဲ တွေကြုံနေခိုက်မှာ သင့်အားထားသင့်သူများမှာ သင့်ချစ်သူ (သို့မဟုတ်) သင့်၏အိမ်ထောင်ဖက်ဖြစ်ပါလိမ့်မည်။ ငွေကြေးပျောက်တတ်သည်။ ငွေကြေး စကားပြောရတတ်ပါသည်။ ကား ၊ ဆိုင်ကယ် ရုတ်တရက် ခိုက်မိတတ်၍ ဂရုစိုက်ပါ။ အန္တရာယ် တော့မရှိပါဘူး။ ၁၆ ၊ ၁၇ ၊၁၈ ရက်တွေတော့ သင့်အတွက် ကံကောင်းမှု အောင်မြင်မှု့ တိုးတက်မှု့ အဆင်ပြေမှု့ တွေ ဖြစ်လာပါလိမ့်မည်။

အကျိုးပေးဂဏန်း ၅၊၆၊၈

အထူးဟော- အတိုက်အခံ ဖြစ်ပြီးမှ အောင်မြင်မည်။

ယတြာ- အောင်သပြေ (၁၉) ညွန့်ကို ဘုရား လှူ၍ ဆုတောင်းပါ။

သောကြာ

အချစ်ရေးအတွက် စိတ်ရှုပ်ရလိမ့်မည်။ ချစ်သူ၏ လှည့်စားခြင်းခံရမည်။ သင်၏ ချစ်သူ သည် သင့်အပြင် အခြားတစ်ယောက် ကိုလည်း စွဲလန်းမှု့ရှိနေမည်။ သင့်ထံကိုလည်း တစ်ချိန်က ရည်းစားဟောင်းနှင့် ပြန်လာလိမ့်မည်။ မင်္ဂလာဆောင်ခါနီးမှ မမျှော်လင့်သော ထစ်ငေါ့မှု့များ အတိုက်အခံများ ကြုံလိမ့်မည်။ သို့သော်ယူဖြစ်မည်။ ခရီးဝေးရောက်မည်။ အလုပ်ကိစ္စဖြင့် ခရီးထွက်ဖြစ်မည်။ နေရာ အိမ်ပြောင်းရွှေ့ ဖြစ်မည်။ စကားပြောဆင်ခြင် ပါ။ လူခင်ခြင်း မုန်းရတတ်သည်။ ရွှေ ၊ စက် ထွက်ခြင်း ၀င်ခြင်း ဖြစ်မည်။ မြေရောင်း ၊ ၀ယ်ဖြစ်မည်။

အကျိုးပေးဂဏန်း ၉၊၁၊၇။

အထူးဟော- စိတ်ရှုပ်စရာတွေကြုံပြီးမှ စိတ်ချမ်းသာမှု့ကြုံမည်။

ယတြာ- သောကြာနေ့နံနက်တွင် ဘုရားကို နှင်းဆီပန်း နီနီ ၇ ပွင့်ကပ်လှူပါ။

စနေ

လိမ္မာပါးနပ်မှု့ ကွက်ကျော်မြင် အကဲခတ်ကောင်းမှု့တို့ကြောင့် အပြစ်မတင်ပဲ အချစ်ဝင်ခြင်းခံရပါလိမ့်မည်။ လျှောက်နေသော လမ်းဆက်လျှောက်ပါ။ ရည်ရွယ်ထားမှု့ဆက်လက်ဆောင်ရွက်ပါ။ သင်၏ ကြိုးစားမှု့တို့သည် သင့်အား အကျိုးပြုနေပါလိမ့်မည်။ လုပ်ငန်းတစ်မျိုးမက လုပ်ဖြစ်မည်။ ရှုပ်နေသော အရာတို့ ရှင်းသွားလိမ့်မည်။ အတိုက်အခံ ၊ မနာလိုသူရှိနေသည်။ ကျော်လွှားနိုင်သည်။ ငွေကြေးများဝင်လာမည်။ စက်၊ ယာဉ် တို့ ၀င်လာမည်။ ခရီးဝေးယာယီ တွေရောက်မည်။ မြေ ၀င်ထွက် မည်။ ကျန်းမာရေး အနည်းငယ်ချူချာမည်။ ဂရုစိုက်ပါ။ အအေးပတ် ၍ ဖျားတတ်သည်။ ကိုယ်ပိုင်လုပ်ငန်းများအောင်မြင်မည်။ လက်ဆောင် ရကိန်းမြင်သည်။

အကျိုးပေးဂဏန်း - ၆၊ ၈၊ ၂။

အထူးဟော - အထူးကံကောင်းသည်။

ယတြာ - စနေနေ့ နံနက်တွင် တောင်အရပ်က လမ်းကို သန့်ရှင်းရေး လုပ်လိုက်ပါ။

No comments:

Post a Comment