ဇူလိုင်လ(၂)ရက်နေ့
(၁၁၀၀)နာရီတွင် SSA(S)တပ်ရင်း ၇၀၁ ၏ စေခိုင်းချက်အရ ရှမ်းအမျိုးသား(၂)ဦးဟာ
မူဆယ်မြို့အမှတ်(၆၁) ပြည်ထောင်စုလမ်းမကြီးစွမ်စ်ာရပ်ကွက်မန့်ဝိန်းကွက်သစ်ရှိမြ၀တီဘဏ်တွင်လုံခြုံရေးတာဝန်ထမ်းဆောင်နေသူအားစာတစ်စောင်ပေးပြီးထွက်ခွာ သွားကြောင်းသိရပါသည်။
ဆက်ကြေးတောင်းခံစာတွင် မြ၀တီဘဏ်မှ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ SSA(S)တပ်ရင်း ၇၀၁သို့ဆက်ကြေးငွေ အဖြစ်ငွေကျပ်သိန်း(၁၀၀)အားဇူလိုင်လ(၇)ရက်နေ့နောက်ဆုံးထား၍ဆက်
သွယ်ပေးပို့ရန်ပါရှိပြီးဆက်သွယ်ရန်ဖုန်းနံပါတ်(18788213392)အားဖော်ပြထားပါတယ်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီSSA(S)သည် ကျေးလက်နေ ရှမ်းတိုင်းရင်းသားများထံမှဆက်ကြေး ကောက်ခံမှုများအပြင် မြို့ပေါ် ဘဏ်လုပ်ငန်းများအထိပါဆက်ကြေးကောက်ခံမှုပြုလုပ်လာသောကြောင့် မူဆယ်မြို့ရှိ ဒေသခံများနှင့်စီးပွားရေးလုပ်ငန်းရှင်များမှာ စိုးရိမ် ထိတ်လန့်ေ ကြာက်ရွံ့နေကြောင်းမူဆယ်ဒေသခံ တစ်ဦး၏ ပြောပြချက်အရ သိရပါသည်။
အဆိုပါ လုပ်ရပ်သည် RCSS/SSA ဥက္ကဌ ရွက်ဆစ် ရှမ်းပြည်မြောက်ပိုင်း ခရီးစဉ်လာရောက်ခဲ့ပြီးနောက်ပိုင်း သိသာထင်ရှားလှစွာသော ဥပဒေမဲ့လုပ်ရပ်တစ်ခုဖြစ်သောကြောင့်အပြောတခြားအလုပ်တစ်မျိုး ဆောင်ရွက် နေသည်ဟု ရှမ်းတိုင်းရင်းသားများမှ ပြောဆိုလျက်ရှိကြောင်း ဖော်ပြအပ်သည်။
လားရှိုးသား
http://shwelashio.blogspot.com/2013/07/ssas.html#more

No comments:
Post a Comment