Tuesday, September 10, 2013

ဆီးဂိမ်းအားကစားသမားများ တည်းခိုနေထိုင်စားသောက်မှု ဒုဝန်ကြီးဦးဆောင်ကော်မတီက အနီးကပ်ကြီးကြပ်မည် ============================ ညီသစ်လူ၊ စက်တင်ဘာ(၉) ၊ ရန်ကုန်


ဆီး ဂိမ်းပြိုင်ပွဲတွင် လာရောက်ယှဉ် ပြိုင်မည့် အားကစားသမားများ အား တည်းခိုနေထိုင်ရေးနှင့် အ စားအသောက်များ ဝန်ဆောင်မှု ပေးရာတွင် ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန ဒုတိယဝန် ကြီးပါဝင်သည့်ကော်မတီမှ အနီး ကပ်ကြီးကြပ်မည်ဖြစ်ကြောင်း စားသောက်ဆိုင်လုပ်ငန်းရှင်များ ဒုဥက္ကဋ္ဌဦးခင်အောင်ထွန်းက ပြောသည်။
မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲ တွင် အာဆီယံနိုင်ငံများမှ အား ကစားသမားများ၊ အုပ်ချုပ်/နည်းပြ များ ပြိုင်ပွဲဝင်ကာလအတွင်း အ စားအသောက်ဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် ဝန်ဆောင်မှု လုပ်ငန်းများ အဆင်ပြေချောမွေ့ စေရေးနှင့် စိတ်ချမ်းမြေ့မှုရှိစေ ရန်ရည်ရွယ်၍ ယင်းကဲ့သို့ လုပ် ဆောင်ခြင်းဖြစ်သည်။
ယင်းနှင့်ပတ်သက်၍ စား သောက်ဆိုင်လုပ်ငန်းရှင်အသင်း အတွင်းရေးမှူးဦးကျော်မြတ်မိုး က ''ယူနီလီဗာကုမ္ပဏီက အား ကစားသမားတွေရဲ့အစားအစာ တွေမှာ အင်အားပြည့်တင်းမယ့် ဟင်းလျာစာရင်း၊ ဘေးကင်းလုံခြုံ မှုရှိအောင် သားငါးတွေကို ဘယ် လိုမျိုးထားသိုရမလဲဆိုတဲ့နည်း ပညာတွေပေးမယ့်အပြင် အသင်း အနေနဲ့လဲ အတွင်းစည်း၊ အပြင် စည်းတွေထားရှိပြီး လုံခြုံမှုရှိအောင် ဆောင်ရွက်သွားမယ်''ဟု ၎င်းက ပြောသည်။
ထို့အပြင် အစားအသောက် များချက်ပြုတ်ရာတွင် အသုံးပြု မည့် အရောင်တင်မှုန့်၊ ငရုတ်သီး အစို၊ အခြောက်၊ မဆလာအစ ရှိသည့်ပစ္စည်းများ၊ ပြည်တွင်းမှ ထွက်ရှိသည့် အသီးအရွက်၊ သား ငါးများကို သန့်ရှင်းလတ်ဆတ် မှုရှိစေရန်ဆောင်ရွက်မည်ဖြစ် ကာ ဟင်းခတ်အမွေးအကြိုင်များ ကိုကိုယ်တိုင်ကြိတ်ခွဲမည်ဖြစ်ကြောင်း သိရသည်။
''အသီးအရွက်တွေကို ပြည် တွင်းကအသုံးပြုရင် ပိုးသတ်ဆေး ဖျန်းတာကို ဘယ်အချိန်မှာ အ သုံးပြုတယ်ဆိုတာကအစ အ သေးစိတ်စိစစ်မယ်။ ဘေးအန္တ ရာယ်ကင်းရှင်းပြီး(FDA)ထောက် ခံချက်ရရှိမှသာ အသုံးပြုမယ်''ဟု ၎င်းကထပ်မံပြောသည်။
ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း နေပြည် တော်အနီးတစ်ဝိုက်ရှိဒေသများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး အဆိုပါဒေသများမှ တက္ကသိုလ် ဝန်ထမ်းအောင်မြင်ပြီးသူများ၊ ဘွဲ့ ရများနှင့် ဟိုတယ်သင်တန်းကျောင်း များမှလူငယ်များကို သင်တန်းထပ် မံပေးပြီး ဆီးဂိမ်းပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် အားကစားသမား များစိတ်ချမ်းမြေ့စေရန် ဝန်ဆောင် မှုပေးမည်ဖြစ်သည်။

No comments:

Post a Comment