အထက်မြန်မာပြည် သဘင်ပညာရှင်များအစည်းအရုံးမှ ညွှန်ကြားရေးမှူးတစ်ဦးက “စည်းမျည်းစည်းကမ်းတွေနဲ့ ညီညွှတ်စွာလျှောက်လာတဲ့ ဇာတ်အဖွဲ့တွေကို ၂၄ နာရီ အမြန်ဆောင်ရွက်ပေးနေပါတယ်။ သူတို့ ဘက်က ပြည့်စုံဖို့တော့ လိုပါတယ်” ဟုပြောသည်။
မန္တလေးမြို့တွင် ဇာတ်သဘင်အဖွဲ့ သေးတချို့မှ လိုင်စင်မတင်ဘဲ လုပ်ကိုင်နေမှုများရှိသောကြောင့်
ဇာတ်သဘင် တည်ထောင်ခွင့်လိုင်စင် လျှောက်ထားလိုသူများသည် အနည်းဆုံး လုပ်သားဦးရေ ၃၇ ဦးရှိရမည်ဖြစ်ပြီး ငွေကြေးအရှုပ်အရှင်း ကင်းရှင်းကြောင်းနှင့် အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာတို့ ပါဝင်ရမည်ဖြစ်သည်။ ထို့အပြင် မြို့နယ်သဘင်အစည်းအရုံး၏ သဘင်ပညာရှင်ဖြစ်ကြောင်း
ထောက်ခံစာလည်း လိုအပ်သည်ဟုသိရသည်။
ဇာတ်သဘင် လိုင်စင်လျှောက်လွှာများကို ဦးမြမောင် (နန်းမြို့တော်) ထံတွင် ရယူရနိုင်မည် ဖြစ်သည်။ လက်ရှိတွင် မန္တလေးမြို့၌ ဇာတ်အဖွဲ့ ၄၅ ဖွဲ့၊ အငြိမ့်သုံးဖွဲ့ ရှိကြောင်း သိရသည်။
No comments:
Post a Comment