"အင်တာနက်ကိုအသုံးချ၍ ဂုဏ်ကျက်သရေထိခိုက်စေရန်ပြုလုပ်သူအား အရေးယူထား" နေပြည်တော်၊ အောက်တိုဘာ ၂၇
မကွေးမြို့မရဲစခန်း(ပ)၁၃၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၇၆/၅၀၀/၅၀၆
အမှုမှတရားခံ မကွေးမြို့၊ ကန်သာရပ်ကွက်နေ စိုးလွင်(၄၂)နှစ်သည် မxxxxအား
သားမယားအဖြစ်ဆက်ဆံခဲ့သည့် ဗွီဒီယိုပုံများကို အီလက်ထရောနစ်
နည်းပညာဖြင့်ပြုပြင်၍ မ----၏ ဂုဏ်ကျက်သရေကို ထိခိုက်စေရန် အကြံဖြင့်
အင်တာနက်မှတဆင့်ပေးပို့ထုတ်လွှင့်ပြသခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် စိုးလွင်အား ၂၆-၁၀-၂၀၁၃ ရက်နေ့တွင် မကွေးမြို့မရဲစခန်းမှ (ပ)၂၁၃/၂၀၁၃၊အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၄(ဃ) ဖြင့် ထပ်မံအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
No comments:
Post a Comment