Tuesday, October 1, 2013

ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးနှုတ်ထွက်စာတင်

ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး တစ်ယောက် ရာထူးမှာ နှုတ်ထွက်စာတင်ထားသည်ဟု သိရပါသည် ၊

မြောက်ကိုးရီးယားနှင့်လက်နက်ရောင်းဝယ်မှုများကြောင့် မကြာသေးမီကာလာက ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးအား အမေရိကန်အစိုးရမှ နာမည်ပျက်စာရင်းသွင်းခဲ့သည် ၊

သူ အဲဒီကတည်းက ပျော်ပျော်ရွှင်ရွှင်သိပ်မရှိတော့ဘူး ၊ အလုပ်ကိုလည်း အရင်ကလောက် စိတ်ဝင်တစားလုပ်တာ မတွေ့ရတော့ဘူး ၊ အိမ်မှာဆိုလည်း ခဏခဏစိတ်တွေတိုနေတယ် ၊ မိသားစုနဲ့လည်း ဟက်ဟက်ပက်ပက်စကားပြောတာလဲ သိပ်မရှိတော့ဘူး ၊

အဆိုးဆုံးက စိတ်ဓါတ်ကျနေတာပဲ ၊

သူမလုပ်ပဲနဲ့ သူ့ကို အမေရိကန်က နာမည်ပျက်စာရင်းသွင်းလိုက်တာကို စိတ်ထိခိုက်နေပုံရပါတယ် ၊ တပ်ကလည်း သူ့အတွက် ဘာမှတုန့်ပြန်ပေးတာမရှိဘူး ၊ သူနဲ့မဆိုင်တဲ့ အရှုပ်ထုပ်ကြီးက သူ့ခေါင်းပေါ်ထမ်းထားရသလိုပဲလို့ ခဏခဏပြောပါတယ် ၊

ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးမိသားစုနှင့် နီးစပ်သောအသိုင်းအဝိုင်းမှ သိရပါသည် ၊
Source: Hawdeka Khalaylay

No comments:

Post a Comment