လမ်းလျောက်ချီတက်သူတွေကို အနှောက်အယှက်ပေးပါက လူထုနဲ့အတူချီတက်မယ်လို့ လွှတ်တော်အမတ် ဒေါက်တာမြင့်နိုင် ပြော မနက်၁၀ နာရီ ၁၀ မိနစ် ၃၀-၉-၂၀၁၃ ၊ Ko Han Win Aung
လက်ပန်တောင်းတောင်ခြေရှိလယ်တီဆရာတော်ဘုရားကြီး၏
သိမ်တော်နှင့်စေတီ တော်ကာကွယ်စောင့်ရှောက်ရေး ပြည်သူ့ချီတက်မှုသည်
မနေ့ကမန္တလေးမြို့မှစတင် ထွက်ခွာခဲ့ပြီးစစ်ကိုင်းမြို့ကောင်းမှုတော်ဘုရားကြီး၊ စိန်ရတနာကျောင်းတိုက်ဓမ္မာရုံ တွင်၂၉-၉- ၂၀၁၃ ရက်နေ့၌ တညအိပ်နားခဲ့ပါသည်၊ ယနေ့မနက်တွင် လယ်တီသိမ် ကာကွယ်ရေးအင်အားစုများရှေ့ဆက်ချီတက်မှုမပြုနိုင်ရန်၊ ချီတက်အင်အားစုများရှိရာ ရှေ့တမိုင်၊ နောက်တမိုင်ခန့်တွင် လုံထိန်းများတားဆီးထားပြီးမြို့ခံပြည်သူများနှင့်အ ဆက်အသွယ်ဖြတ်တောက်နေပါသည်၊ ကောင်းမှုတော်ဘုရားကြီးအနီး ချီတက်အင်အားစုများပတ်ပတ်လည်တွင်
လုံထိန်းအင်အား (၃၀၀) နီးပါးခန့်အချုပ်ကား (၁၀) စီးဖြင့်
ပိတ်ဆို့ထားပါသည်၊ ပြည်သူများတည်းခိုနေသော ဘုန်ကြီးကျောင်းမှ
သံဃာတော်များကိုလဲ (မဟနနှင့် အုပ်ချုပ်ရေးမှုတို့မှ ဖိအားပေးလျှက်ရှိပါသည်၊
လယ်တီသိမ်ကာ ကွယ်ရေးအင်အားစုများရှိရာသို့ ယနေ့မနက် ၉ နာရီခွဲတွင်
လွတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်း နှင့်
ဒေါက်တာမြင့်နိုင်တို့ရောက်ရှိလာပြီး
အာဏာပိုင်များအား ပြည်သူတို့ကို အကြမ်းမဖက်ရန် ပြောဆိုပါနေပါသည်။
မီးလောင်ဗုံးပြစ်ခံခဲ့ရသော သံဃာများမှလဲ လယ်တီသိမ်ကို မဖြိုဖျက်ပါဘူးဟု
ယခုတားမြစ်နေသောအာဏာပိုင်များမှတာဝန်မယူနိုင်လျှင်ရှေ့ဆက်ချီတက်ခွင့်ပြုရန် အာဏာပိုင်များကိုမိန့်ကြားခဲ့ပါသည်။
လယ်တီသိမ်ကာကွယ်ရေး ချီတက်အင်အားစုများမှာ အခက်အခဲအမျိုးမျိုးကို
ရင်ဆိုင်ရင်း ဆက်လက်ချီတက်ရန် ပြင်ဆင်နေကြပါသည်။ ချီတက်မှုကိုစတင်သည့်အခါ
ကောင်းမှုတော်ဘုရားကြီးတွင် ဆုတောင်းပွဲပြုလုပ်နေပြီးမှ ထွက်ခွာမည်ဖြစ်သည်။
ဒေါက်တာ မြင့်နိုင်မှ တားဆီးပိတ်ဆို့ထားသော အာဏာပိုင်များအား
လယ်တီသိမ်နှင့်ပတ်သတ်၍ တာဝန်ယူမှုတာဝန်ခံမှုမရှိဘဲ ယခုလို
ပိတ်ဆို့ဟန့်တားနေပါက ၎င်းကိုယ်တိုင်လူထုနှင့်အတူ ချီတက်ဆန္ဒထုတ်ဖော်မည်ဟု
ပြောကြားသည်။မှတ်ချက်..ဒေါ်ခင်စန်းလှိုင်(ပုလဲအမတ်) 098632966 ဒေါက်တာ မြင့်နိုင် (အမျိုးသားလွတ်တော် စစ်ကိုင်းတိုင်း) 09420029063
ပြည်သူ့အင်အားစုများဖုန်း၊ 09420787366 ,
0933098204 ,
0973023157 ,
0931383860
Credit > Yamoun Nar
No comments:
Post a Comment