ပဲခူးတိုင်းဒေသကြီး
(အနောက်ပိုင်း) ပြည်မြို့နယ်ရှိ ကျေးရွာအုပ်စု ၅၄ စုမှ ဒေသခံ
လယ်သမားများကို ၂၀၁၃ ခုနှစ် မိုးရာသီ သီးနှံထုတ်လုပ်မှု ချေးငွေအတွက်
ကျပ်သိန်း ခြောက်သောင်းကျော်ကို ချေးငွေ ထုတ်ပေးထားပြီ ဖြစ်ကြောင်း
ပြည်မြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်မှ စုံစမ်းသိရှိရသည်။
ဇွန်လမှစ၍ တစ်ဧကလျှင် တစ်သိန်းချေးငွေဖြင့်
လယ်ဧက ၆၅,၃၅၈ ဧက အတွက် ကျပ်သိန်းပေါင်း ၆၅ç၃၅၈ ကို သြဂုတ်လကုန်တွင်
အပြီးသတ် ထုတ်ချေးပေးခဲ့ပြီး သီးနှံပေါ်ချိန် နောက်ဆုံးထားပြီး ပြန်ဆပ် ရမည်
ဖြစ်ကြောင်း အဆိုပါဘဏ် မန်နေဂျာက ပြောကြားသည်။
“ချေးငွေစိစစ်ရေး
အဖွဲ့ရဲ့ ထောက်ခံချက်နဲ့ ချေးပေးတယ်။ ပြည်သူရဲ့ မှန်မှန်ကန်ကန် ဦးပိုင်
အမည်ပေါက် တရားဝင်လယ်ယာ ဖြစ်ဖို့တော့ လိုတယ်။ ကိုယ်တိုင် တောထိုးပြီး
ရလာတဲ့ လယ်အတွက် ချေးငွေမပေးဘူး။ ရှေ့နှစ်မှာတော့ လယ်ယာမြေ လုပ်ပိုင်ခွင့်
လက်မှတ်နဲ့ ချေးပေးသွားတော့မှာပါ” ဟု ၎င်းက ဆိုသည်။
ချေးငွေ
ပြန်မဆပ်နိုင်ပါက ဥပဒေအရ အရေးယူမည် ဖြစ်ပြီး ထပ်မံ၍ ချေးငွေ ထုတ်ချေးမည်
မဟုတ်ဟု သတ်မှတ်ထားကြောင်းနှင့် ပြည်မြို့နယ် ၂၀၁၂ ခုနှစ်တွင် မိုးရာသီ
သီးနှံထုတ်လုပ်မှု ချေးငွေကို ကြွေးကျန်မရှိ အပြည့်ပြန်လည်
ဆပ်နိုင်ခဲ့ကြောင်း ဘဏ်မန်နေဂျာက ဆက်လက်ဆိုသည်။
လယ်မြေတစ်ဧက
ကျပ်တစ်သိန်း ချေးငွေအတွက် အစိုးရက ၈ ဒသမ ၅ ရာခိုင်နှုန်းကို တစ်နှစ်အတိုး
ယူထားပြီး လယ်သမားတစ်ဦးလျှင် ဆယ်ဧကထက် ပိုမို၍ ချေးငွေ ချထားပေးခြင်း
မရှိသော်လည်း နွေစပါး၊ ကြံ၊ မိုးစပါးနှင့် ဆောင်းသီးနှံများအတွက်
တစ်နှစ်လျှင် ချေးငွေလေးကြိမ် ချထားပေးကြောင်း မြန်မာ့လယ်ယာ
ဖွံ့ဖြိုးရေးဘဏ်ထံမှ သိရသည်။
No comments:
Post a Comment