Friday, November 1, 2013

ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နေပြည်တော် ဇေ ယျာ သီရိ မြို့နယ် စည်ပင် ကြီး ကျေးရွာ သို့ သွားရောက် ၍ ရေဘေး သင့် ပြည်သူများ ကို အားပေး စကား ပြောကြား

ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း သည် ယမန်နေ့ ညနေပိုင်း တွင် နေပြည်တော် ဇေယျာသီရိ မြို့နယ် စည်ပင်ကြီး ကျေးရွာသို့ သွားရောက် ၍ ရေဘေး သင့် ပြည်သူများ ကို အားပေး စကား ပြောကြားပြီး ကျေးရွာ ပြည်သူ လူထု၏ တင်ပြချက် များ ကို သက်ဆိုင်ရာ အဖွဲ့အစည်းများ နှင့် ပေါင်းစပ် ညှိနှိုင်း ၍ လိုအပ်ချက် များ ကို ဖြည့်ဆည်း ပေးသည်။

ထို့နောက် ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း က ဆန်၊ ဆီ၊ အမျိုးသား / အမျိုးသမီး အဝတ် အထည်၊ ရေသန့် များ ကိုလည်းကောင်း၊ လူမှု ၀န်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီး ဌာနမှ ကယ်ဆယ်ရေး ပစ္စည်းများ ကို လည်းကောင်း ပေးအပ် ခဲ့သည်။ ဆက်လက် ၍ ချောင်းကမ်းကြီး ကျေးရွာ ရေဘေးသင့် ပြည်သူများ အတွက် ရေဘေးသင့် ပစ္စည်းများ ကို တာဝန် ရှိသူများ က ပေးအပ် ကြသည်။

ယင်းနောက် ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း သည် ကျည်ထောင် ကျေးရွာ ရှိ ပေါင်းလောင်း မြစ်ကူး တံတား ရေတိုက်စားမှု ကို သွားရောက် ကြည့်ရှု ခဲ့သည်။

သတင်းစဉ်

No comments:

Post a Comment