Friday, July 12, 2013

တစ်နှစ်အရွယ် မိန်းကလေးငယ် တစ်ဦး eBay ဝက်ဘ်ဆိုက်မှ တစ်ဆင့် ကားဝယ်ယူ Posted by drmyochit Friday, July 12, 2013,


အမေရိကန် ပြည်ထောင်စု အော်ရီဂွန် ပြည်နယ်မှ တစ်နှစ်အရွယ် မိန်းကလေး တစ်ဦးသည် eBay ဝက်ဘ်ဆိုက်မှ ကားတစ်စီးကို ဝယ်ယူခဲ့ကြောင်း သိရသည်။ ဆိုရယ်လာ အမည်ရှိ ယင်းကလေးငယ်သည် သူမ၏ ဖခင်ကိုင်ဆောင်သော စမတ်ဖုန်းကို အသုံးပြု၍ အမေရိကန် ဒေါ်လာ ၂၂၅ ဒေါ်လာ တန်ဖိုးရှိ ကား တစ်စီးကို ဝယ်ယူရန် မှာယူခဲ့ခြင်း ဖြစ်ပြီး ယင်းနောက်ပိုင်းတွင် သူမ၏ ဖခင်ဖြစ်သူ ပေါလ်စတောက်က အဆိုပါကားကို ဝယ်ယူရန် ဆုံးဖြတ်ခဲ့သည်။

ဆိုရယ်လာသည် ဖုန်းနှင့်အတူ ကစားရသည်ကို နှစ်သက်ကြောင်း၊ မကြာသေးမီက သူသည် eBay လေလံတင် ဝက်ဘ်ဆိုက်မှ အီးမေးလ် တစ်စောင်ကို ရရှိခဲ့ကြောင်း၊ ယင်းအီးမေးလ် အတွင်း၌ သမီးဖြစ်သူက eBay ဝက်ဘ်ဆိုက်မှ ၁၉၆၂ ခုနှစ်က ထုတ်လုပ်ခဲ့သော အမေရိကန် ဒေါ်လာ ၂၂၅ ဒေါ်လာ တန်ဖိုးရှိ KPTV ကားကို ဝယ်ယူရန် မှာကြားခဲ့သည်ဟု ဖော်ပြ ထားကြောင်း ပေါလ်က ပြောကြားခဲ့သည်။

သမီးဖြစ်သူ မှာယူမိသော ယင်းကားကို ဝယ်ယူ၍ ပြန်လည်ပြင်ဆင် သွားမည်ဖြစ်ကြောင်း၊ သမီးဖြစ်သူ၏ ၁၆ နှစ် ပြည့်မွေးနေ့ သို့မဟုတ် အထက်တန်းကျောင်း အောင်မြင်သော နေ့တွင် ယင်းကားအား လက်ဆောင်အဖြစ် ပေးမည်ဖြစ်ကြောင်း ပေါလ်က ပြောကြားခဲ့သည်။

ပေါလ်တို့ ဇနီးမောင်နှံသည် ထိုကဲ့သို့သော ဖြစ်ရပ်မျိုး နောက်တစ်ကြိမ် မဖြစ်စေရန် ၎င်းတို့၏ ဖုန်းတွင် လျှို့ဝှက် နံပါတ်များ ထပ်မံဖြည့်စွက်ပြီး သမီး ဖြစ်သူ အသုံးပြုနိုင်သော ဆော့ဖ်ဝဲလ် အချို့ကို ဖျက်ပစ်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment