Monday, May 27, 2013

အရေးကြီးသတင်း ၂၇-၅-၂၀၁၃ ည ၈ နာရီအချိန်။ အပေါက်ဝကျေးရွာ

ကျောက်တော်မြို့နယ်အပေါက်ဝကျေးရွာ အလယ်ဈေးအနီးတွင် ဖြန်သန်းသွား လာနေသော လူငယ် သုံးဦးအား ဘင်္ဂလီများ ရန်ရှာခြင်းကြောင့် စကားများရာ မှ တစ်ဦး ဖမ်းဆီးခံရနေရခြင်းအပေါ် အပေါက်ဝရဲစခန်းမှ စခန်းမှူးက ဘုန်း ကြီးများအား မချေ မငန် ဆက်ဆံခြင်းအပေါ် ဒေသခံများ မကျေမနပ်ဖြစ်နေ
==============
ယင်းသို့ ရခိုင်လူငယ်သုံးဦးအား ဘင်္ဂလီများက ရန်ရှာဆဲဆိုခြင်းကြောင့် စကား များရာတွင် အပေါက်ဝရဲစခန်းမှ ရဲများရောက်ရှိလာပြီး ရခိုင်လူငယ်သုံးဦး အ နက် တစ်ဦးအားဖမ်းဆီးခေါ်ဆောင်ကာ အချုပ်ထဲ ထည့်လိုက်ကြောင်းသိရ သည်။
ယင်းနှင့်ပတ်သက်ပြီး အနီးပတ်ဝန်းကျင်ရှိ ဘုန်းကြီးများနှင့် ရွာသား ၂၀ ၀န်း ကျင်တို့က စခန်းသို့သွားရောက်ပြီး မေးမြန်းရာ အမေးမခံသည့်အပြင် မချေ မငံ ဆက်ဆံခြင်းနှင့် စခန်မှူးနေမကောင်းကြောင်းများကို ပြောဆိုခဲ့ကြောင်းသိရ သည်။

သို့သော်လည်း စခန်းမှူး အိမ်သို့ ရောက်သွားသော အခါတွင် စခန်းမှူးက လည်း ဘုန်းကြီးများအား အိမ်အထိ လိုက်လာပြီး အိမ်ပေါ်တက်လာရ သလား ၊ အခုချက်ချင်း ဆင်းသွားပါဟု ဘုန်းတော်ကြီးများကို ပင် အချေမငံ ဆက် ဆံ ကာ နှင်ထုတ်လွတ်လိုက်သဖြင့် ဘုန်းတော်ကြီးများနှင့် ရွာသူ ရွာသားများ ပြန် လာခဲ့ရကြောင်းလည်းသိရသည်။
ထိုသို့ ပြုမူဆက်ဆံခြင်းအပေါ် ပြန်နယ်အစိုးရအနေဖြင့် ချက်ချင်း ဖြေရှင်း ပေး စေလိုပါကြောင်းနှင့် အောက်ခြေအဆင့်တွင်ရှိသော ရဲ သတောင်းစားများသည် ဘင်္ဂလီများထံမှ ငွေကြေးများ ရယူကာ ရခိုင်များကို နိုင်ထက်စီးနင်းပြုခြင်းနှင့် ဖမ်းဆီးချုပ်နှောင်ထားသော ရခိုင်လူ ငယ် တစ်ဦးအားလွှတ်ပေးခြင်းမပြုပါက ပြဿနာကြီးထွားလာနိုင်ကြောင်း လည်း သိရှိရပါသည်။

မနက်ဖြန်တွင် ရခိုင်လူငယ်လွတ်မြောက်အရေးအတွက် ဆန္ဒဖော်ထုတ်မှု များ ကိုလည်းပြုလုပ်သွားမည်ဖြစ်ပြီး လက်နက်ကိုင် အဖွဲ့နှင့် ပြည်သူများ ပဋ်ပက္ခ မဖြစ်ပေါ်စေရေးမှာ လွန်စွာအရေးကြီးလှပြီး နယ်ရဲစခန်းများတွင် ထိုသို့သော အပြုအမူများကို ရှောင်ရှားရန်နှင့် နိုင်ငံတော်သမ္မတကြီးအထိ တိုင်ကြားသွား မည်ဖြစ်ကြောင်းလည်း ဒေသခံများက ပြောဆိုပါသည်။
လက်ရှိအနေအထားတွင် ဘုန်းတော်ကြီးများ သွားရောက်မေးမြန်းခြင်း ကြောင့် ဖမ်းဆီးခံလူငယ်အား ရိုက်နှက်ခြင်းများ ရှိ လာနိုင်ခြင်းအတွက်လည်း မိဘများနှင့် ရပ်ရွာလူထုက စိုးရိမ်လျက်ရှိကြောင်း လည်းသိရှိရပါသည်။

RSV

No comments:

Post a Comment