Monday, May 27, 2013

မဒေးကျွန်း ဆန္ဒပြခေါင်းဆောင် ၁ဝ ဦး ထပ်မံရုံးထုတ်


ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာ တရုတ်ရေနံပိုက်လိုင်း စီမံကိန်းကြောင့် နစ်နာနေမှုတွေအတွက် တောင်းဆိုဆန္ဒပြခဲ့ကြတဲ့ ခေါင်းဆောင် ၁၀ ဦးကို ကျောက်ဖြူတရားရုံးမှာ ဒီကနေ့ ထပ်မံရုံးထုတ်ခဲ့ပါတယ်။

ဒီကနေ့ ရုံးချိန်းဟာ အာဏာပိုင်တွေဘက်က တရားလိုပြသက်သေတွေကို စစ်ဆေးမယ့်ရုံးချိန်း ဖြစ်ပါတယ်။ ဒါပေမယ့် တရားစွဲတဲ့ဖက်က တရားလိုပြသက်သေတွေ မလာတာကြောင့် ဇွန်လ ၃ ရက်နေ့ကို ထပ်မံချိန်းဆိုခဲ့ရတယ်လို့ တရားစွဲဆိုခံထားရသူတွေထဲက တစ်ဦးဖြစ်တဲ့ ဦးထွန်းကြည်က ပြောပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာ အကောင်အထည်ဖော်နေတဲ့ တရုတ်ရေနံပိုက်လိုင်းစီမံကိန်းကြောင့် နစ်နာနေမှုတွေအတွက် ဒေသခံ ၄၀၀ ကျော်လောက်က ပြီးခဲ့တဲ့ လ က မဒေးကျွန်းပေါ်မှာရှိတဲ့ CNPC ရုံးရှေ့မှာ တောင်းဆိုဆန္ဒပြခဲ့ကြတာဖြစ်ပါ တယ်။ ဒါကိုခွင့်ပြုချက်မရဘဲ ဆန္ဒပြတယ်ဆိုပြီး ကျောက်ဖြူမြို့နယ် ရဲမြို့နယ်မှူး ဦးကျော်ဌေးက ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ (၁၈)နဲ့ တရားလိုပြုလုပ်ပြီး တရားစွဲဆိုခဲ့တာလည်း ဖြစ်ပါတယ်။

No comments:

Post a Comment