Monday, May 27, 2013

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံနှင့် ဂျပန် နိုင်ငံ ပူးတွဲ ကြေညာချက်


ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံ ပူးတွဲ ကြေညာချက် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ အတူတကွ လက်တွဲ ၍ ပြည်သူနှင့်ပုဂ္ဂလိက ကဏ္ဍများ၏ ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ်များ ထောက်ခံသွားရန်၊ မြန်မာနိုင်ငံအား ကြွယ်ဝ ချမ်းသာပြီး ပြည်သူများ၏ လူနေမှု ဘဝ အဆင့်မြှင့် တင်ရန်၊ နည်းပညာ ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ရန်၊ ပြည်ပရင်းနှီး မြှုပ်နှံမှုများအတွက် ကောင်းမွန်သည့် ဝန်းကျင် ထူထောင်ပေးရန်၊ ခရီးသွား လုပ်ငန်းနှင့် စီးပွားရေး လုပ်ငန်း များ ဖွံ့ဖြိုး တိုးတက်ရန်၊ ယဉ်ကျေးမှုနှင့် အားကစား ဖလှယ်မှုများ မြှင့်တင်ရန်၊ နှစ်နိုင်ငံ ကာကွယ်ရေး ပူးပေါင်း ဆောင် ရွက်မှု တိုးမြှင့်ရန် တို့ကို ဆုံးဖြတ်ခဲ့ကြ

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက် အရ ဂျပန်နိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာ ရှင်ဇို အာဘေးသည် မြန်မာနိုင်ငံသို့ ၂ဝ၁၃ ခုနှစ်၊ မေ ၂၄ ရက်မှ ၂၆ ရက်နေ့အထိ တရားဝင် ခရီးလာရောက် လည်ပတ် ခဲ့သည်။

ခရီးစဉ်အတွင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ဂျပန် ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေး တို့သည် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။ နှစ်နိုင်ငံ ခေါင်းဆောင်ကြီးများသည် မြန်မာ နိုင်ငံနှင့် ဂျပန်နိုင်ငံတို့ အကြား နှစ်နိုင်ငံ ဆက်ဆံရေးကို မြှင့်တင်ရေးနှင့် တည်ရှိပြီး ဖြစ်သော ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုကို တည်တံ့ ခိုင်မြဲရေး တို့အတွက် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ခဲ့ကြသည်။ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံ တို့သည် အတူတကွ လက်တွဲ၍ အောက်ဖော်ပြပါ ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်ရေးကို မြှင့်တင်သွားရန် သဘောတူညီမှု ရရှိခဲ့ကြသည်။

(၁) မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များ အပေါ် ထောက်ခံမှု

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဒီမိုကရေစီစနစ် တည်ဆောက်ခြင်း၊ တရားဥပဒေ စိုးမိုးရေး တည်ဆောက်ခြင်း၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အကောင် အထည် ဖော်ခြင်းနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်တို့ အပါအဝင် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများကို အစွမ်းကုန် ဆက်လက်လုပ် ဆောင်သွားမည်ဟု ကတိပြုခဲ့သည်။

ဂျပန်နိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာ ရှင်ဇို အာဘေးမှလည်း ပြည်သူနှင့် ပုဂ္ဂလိက ကဏ္ဍများ၏ အင်အားကို ပူးပေါင်းလျက် မြန်မာနိုင်ငံ အစိုးရမှ ဆောင်ရွက်လျက်ရှိသည့် ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ်များ အပေါ် ဂျပန်နိုင်ငံမှ ဆက်လက် ထောက်ခံ သွားရန် ရည်ရွယ်ကြောင်း ထပ်လောင်း ပြောကြားသည်။

(၂) နှစ်နိုင်ငံ ကြီးပွား ချမ်းသာရေး ဆီသို့

မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ အဖွဲ့အစည်းဌာန ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းဆောင် နိုင်မှုစွမ်းရည် တည်ဆောက်ရေးနှင့် ကျေးလက်ဒေသနှင့် တိုင်းရင်းသား လူနည်းစုဒေသများ ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးအစရှိသည်တို့သည် မြန်မာနိုင်ငံအား ကြွယ်ဝချမ်းသာပြီး ပြည်သူများ၏ လူနေမှု ဘဝ အဆင့်မြှင့်တင်ရေး အတွက် အရေးကြီးသည်။

မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ထောက်ခံသောအားဖြင့် ကျန်ရှိသည့် ကြွေးမြီများ ရှင်းလင်းရေးကို အကောင် အထည် ဖော်ခဲ့ပြီး ဂျပန်အစိုးရသည် မြန်မာနိုင်ငံအား ယန်းချေးငွေ သစ်နှင့် ထောက်ပံ့ငွေများ ပေးအပ်သွားရန် ဆုံးဖြတ် ခဲ့ကာ ဝန်ကြီးချုပ်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ယန်းချေးငွေ သစ်နှင့် ထောက်ပံ့ငွေများ ပေးအပ်ရေး သဘောတူညီမှု စာချုပ်များကို လဲလှယ်ခဲ့သည်။ ထို့အပြင် နှစ်နိုင်ငံ ခေါင်းဆောင် နှစ်ဦးတို့သည် မြန်မာ အစိုးရ၏ စွမ်းဆောင်နိုင်မှု စွမ်းရည် တည်ဆောက်ရေးနှင့် အဖွဲ့အစည်း ဌာနဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးတို့ အတွက် ဂျပန်နိုင်ငံနှင့် နည်းပညာ ပူးပေါင်း ဆောင်ရွက်မှုသည် အရေးကြီးကြောင်း သဘောတူကြပြီး နည်းပညာ ပူးပေါင်း ဆောင်ရွက်မှု ကို ပိုမိုမြှင့်တင်ရန် သန္နိဋ္ဌာန် ချခဲ့ကြသည်။

ထို့အပြင် နှစ်နိုင်ငံ ခေါင်းဆောင် နှစ်ဦးတို့သည် နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံ မှုများမှ တစ်ဆင့် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး ပိုမိုခိုင်မာစေရန် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် ဆောလျင်စွာ လက်မှတ် ရေးထိုး နိုင်ရေး၊ နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက် အကောင်အထည် ဖော်မှုကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်ရေး၊ သီလဝါ စီးပွားရေးဇုန် ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင် သွားရေး အတွက် ကဏ္ဍစုံ ပူးပေါင်း ဆောင်ရွက်ရေးများကို လက်တွဲ လုပ်ဆောင်သွားရန် သဘောတူ ခဲ့ကြသည်။

မကြာသေးမီက စတင်ခဲ့သော ဂျပန်- မြန်မာ ပူးတွဲပဏာမ ခြေလှမ်း ခေါင်းစဉ်အောက်မှ ဆွေးနွေးမှု များဖြင့် မြန်မာ နိုင်ငံတွင် ပြည်ပမှ

Read More >> http://bit.ly/12XP9b5

No comments:

Post a Comment