Friday, July 12, 2013

ပြည်သူ့ဝန်ထမ်းအား နာကျင်အောင်ပြုလုပ်သူများကိုအရေးယူ ရန်ကုန်၊ ဇူလိုင် ၁၂

၁၁.၇.၂၀၁၃ ရက်နေ့ ၂၀၃၀ အချိန် စည်ပင်သာယာရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မရမ်းကုန်းမြို့နယ်၊ အင်ယားကန်အတွင်း
မွေမြူထားသော ငါးများအား ခိုးယူဖမ်းဆီးခြင်းများမရှိစေရေ
အတွက် လှည့်ကင်းတာဝန်ဆောင်ရွက်စဉ် မြကျွန်းသာအနီးရေပြင်၌ ငါးဖမ်းပိုက်များ ချထားသည်ကိုတွေ့ရှိရ၍ သွားရောက်
သိမ်းဆည်းခဲ့ပါသည်။
ထိုသို့သိမ်းဆည်းနေစဉ် မရမ်းကုန်းမြို့နယ်၊ (၁၀)ရပ်ကွက်နေ
အောင်ဝင်း၊(ဘ)ဦးကြီးမောင်နှင့် ၎င်း၏သား ကျော်ကျော်ဖြိုးတို့မှ
လှေတစ်စီးဖြင့်ရောက်ရှိလာပြီး အောင်ဝင်းမှရဲတပ်ဖွဲ့ဝင်များအား
ညစ်ညမ်းစွာ ဆဲဆိုသဖြင့်ဖမ်းဆီးခဲ့ရာတွင်ပြန်လည်ထိုးကြိတ်ခဲ့သဖြင့် ရဲတပ်သားအောင်သူ ထက်တွင် ၀ဲလက်ဖျန် ပွန်းပဲ့ဒဏ်ရာ၊ ရဲတပ်သား မြင့်နိုင်ဦးတွင် ရင်ဘက်အောင့်ဒဏ်ရာများရရှိခဲ့၍
မြောက်ဥက္ကလာပဆေးရုံတွင်ပြင်ပလူနာများအဖြစ်
ကုသရသောကြောင့် တာဝန်ဝတ္တရားဆောင်ရွက်သည့်တပ်ဖွဲ့ဝင်များ အားဆဲဆို၍ နာကျင်အောင်ပြုလုပ်သူ အောင်ဝင်းနှင့်ကျော်ကျော်ဖြိုး
တို့အား မရမ်းကုန်းမြို့မရဲစခန်း(ပ)၂၂၉/၂၀၁၃၊ပုဒ်မ ၃၃၂/၂၉၄ ဖြင့် အရေးယူ ထားရှိကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment