ရန်ကုန်ပြည်သူ့ဆေးရုံကြီး
အစာအိမ် နှင့် အူလမ်းကြောင်းကုဌာနမှ အထွေထွေ ဝန်ထမ်းအဖြစ်
တာဝန်ထမ်းဆောင်နေသည့် အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦး သည် ဇူလိုင်လ ၇
ရက်နေ့ ညနေပိုင်းက ဒလ မြို့နယ် ဝန်ထမ်းအိမ်ရာရှိ ၄င်းနေအိမ်တွင်
ကြိုးဆွဲချသေဆုံးခဲ့ကြောင်း သေဆုံးသူ၏ ဇနီးက The Voice သို့ ပြောကြားသည်။
"တစ်နေ့လုံး အကောင်းပဲ။ ကျွန်မက ညနေ ၃ နာရီလောက် ကလေးကျောင်းကြိုပြီး ပြန်လာတော့ ထုပ်တန်းမှာ ဆွဲကြိုးချ သေနေတာကို တွေ့တာ" ဟု ၄င်းကဆိုသည်။
သေဆုံးခဲ့သူ အမျိုးသားသည် ငွေကြေး အခက်အခဲ မရှိသကဲ့သို့ ရန်သူလည်း
မရှိကြောင်း၊ မည်သည့် အကြောင်းကြောင့် ကြိုးဆွဲချ သေဆုံးသည်ကို မသိရကြောင်း
သေဆုံးသူ၏ဇနီးက ပြောကြားသည်။
အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍
ဒလမြို့နယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်း သော်လည်း ၄င်းတို့အနေနှင့်
ဖြေဆိုခွင့် မရှိကြောင်း တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးက ပြောကြားသည်။
၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ မေလ အထိ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ
မြို့နယ်အသီးသီးတွင် မိမိကိုယ်ကိုယ် သတ်သေမှုပေါင်း ၆၄ မှုရှိကြောင်း
တရားဝင်ထုတ် ပြန်ချက်များအရ သိရှိရသည်။
Credit to:News & In Myanmar
ZinyawNews
No comments:
Post a Comment