“ကျွန်မက စာသင်ချိန်မှာ ခြေထောက်နဲ့ပဲ သင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မမှာ က ဘယ်ဘက်ခြေထောက်တစ်
ချောင်းပဲ ကောင်းလို့ပါ။ ကျွန်မ ၅တန်းလောက်အထိ ပြဿနာ မရှိခဲ့ပါဘူး။
ခွဲခြားပြီးလည်း ဆက်ဆံမခံခဲ့ရပါဘူး။ ၆တန်း နှစ်မှာ စပြီးတော့ တွေ့ရပါပြီ။
အတန်းထဲမှာ ၁ မှ ၁ဝအထိ အဆင့်ဝင်တဲ့သူတွေ ကွန်ပျူတာ ခန်းသွားရမယ်။
ဝန်ကြီးလာရင် လည်း နှုတ်ဆက်ရမယ်ဆိုတော့ သမီးလည်း မတ်တတ်ရပ်တာ ပေါ့။ ဒါပေမဲ့
သမီးမပါခဲ့ရဘူး။ ဒါနဲ့ အဖေ့ကို ကျောင်းကို ပြော ခိုင်းတော့ ပါရမယ်။ နောက်
တစ်ခေါက် တက်ရမယ်ဆိုပြီး မပါခဲ့ရပါဘူး။ နောက်ပြီး ကြား ရတာက
မင်္ဂလာယူတဲ့အချိန် မှာ အမင်္ဂလာပါ ဘာလို့ထည့်ရ မှာလဲလို့ အပြောခံခဲ့ရပါတယ်။
အခုခေတ် မှာ မသန်စွမ်းတွေကို အမြင် ပြောင်းသင့် ပါပြီ။ ပြီး တော့အားလုံးသော
အဖွဲ့အစည်း တွေက ပညာရေးကို လုပ်တဲ့ အခါမှာ မသန်စွမ်းတွေလည်း
ရှိပါသေးလားဆိုတာကို တွေး ပေး ဖို့ ပြော ချင်ပါတယ်”
Read More >>> http://popularmyanmar.com/mpaper/?p=70091
Read More >>> http://popularmyanmar.com/mpaper/?p=70091

No comments:
Post a Comment