Monday, May 27, 2013

GAS ပိုက်လိုင်းပေါက် နေပြည်တော်၊ မေ ၂၇

၂၆-၅-၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ၊် ၀ါးနက်ချောင်းကျေးရွာအုပ်စု၊ ဗောဓိကုန်းရွာ၊ ဗောဓိရိပ်ငြိမ်တောရကျောင်းအရှေ့ဘက်၊ ဗောဓိကုန်း ကျေးရွာနေ ဦးကြည်ဝင်း(၄၉)နှစ်ပိုင်(၂၅)ဧက အော်ရေးရှားစိုက်ခြံအတွင်း ဖူးကြီးကျေးရွာနှင့် ရွှေပြည်သာသို့ဆက်သွယ်ထားသော အချင်း ၁၀ လက်မရှိ ဂတ်စ်ပိုက်လိုင်းပေါက်နေကြောင်း သတင်းအရ ၀ါးနက်ချောင်းရဲကင်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးခဲ့ရာ ပိုက်လိုင်းမှာ ၁ လက်မခန့်ပေါက်ထွက်နေသည်ကိုတွေ့ရှိရသဖြင့် ဖူးကြီးရေနံနှင့်သဘာဝဓါတ်ငွေ့ ထိန်းသိမ်းရေးသို့ဆက်သွယ်အကြောင်းကြားခဲ့ရာ တာဝန်ရှိသူများရောက်ရှိပြုပြင်ခဲ့သဖြင့် ၁၃၀၀ အချိန် ပြုပြင် ပြီးစီးခဲ့ကြောင်းနှင့် ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment