အမေရိကန် နိုင်ငံသားတစ်ဦး Luke Mogelson နဲ့ ပေါ်တူကီနိုင်ငံသား Joel Van Houdt သတင်းသမားနှစ်ဦးတို့ သြစတြေးလျနိုင်ငံကို ခိုးဝင်လာတဲ့ လှေနဲ့အတူ ပါလာကြောင်းကို သြစတြေးလျနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက အတည်ပြု ပြောဆိုခဲ့ပါတယ်။
အဲဒီသတင်းသမားနှစ်ဦးဟာ အာဖဂန်နစ္စတန်နိုင်ငံက ခိုလှုံခွင့်တောင်းလိုသူတွေ ဘာကြောင့် အသက်ကို စွန့်ပြီး သြစတြေးလျနိုင်ငံလို နိုင်ငံမျိုးကို လှေတွေနဲ့ ခိုးဝင်နေကြသလဲ၊ သြစတြေးလျနိုင်ငံမှာ ဘာတွေ မက်စရာရှိလဲဆိုတာ သိရအောင် ခိုလှုံခွင့်တောင်းလိုသူတွေနဲ့အ
သတင်းသမားနှစ်ဦး လိုက်ပါလာတဲ့ လှေဟာ မနေ့တုန်းက ဒုက္ခရောက်ပြီး အစားအစာနဲ့ ရေတွေပေးဖို့ အကူအညီ တောင်းခံခဲ့တဲ့အတွက် သြစတြေးလျ ကမ်းခြေစောင့်တပ်က အစားအသောက်တွေ ပေးခဲ့ပြီး လှေကို ခရစ္စမတ်ကျွန်းကို ခေါ်ဆောင်ခဲ့ရာက ခိုလှုံခွင့်တောင်းလိုသူ ၅၇ ယောက်ထဲမှာ သတင်းသမားနှစ်ယောက် ပါဝင်နေတာ သိခဲ့ရတာ ဖြစ်ပါတယ်။
သတင်းသမားတွေမှာ သြစတြေးလျ ပြည်ဝင်ခွင့်ဗီဇာ အသင့်ရှိနေကြောင်းလည်း တွေ့ရတဲ့အတွက် သူတို့ကို စစ်ဆေးမေးမြန်းပြီး လွတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။
အာဖဂန်နိုင်ငံ ကာဘူးမြို့အခြေစိုက် သတင်းသမား နှစ်ယောက်စလုံးဟာ စစ်မြေပြင်မှာ သတင်းယူတဲ့ အတွေ့အကြုံ ရှိသူတွေ ဖြစ်ကြောင်းလည်း သိရပါတယ်။
ABC Radio Australia
Thit Htoo Lwin - World News
No comments:
Post a Comment