မန္တလေးတိုင်းဒေသကြီး၊
အောင်မြေသာစံမြိုနယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်၊ တာဘောင်ဘေးရှိ
ကျူးကျော်တဲတွင် နေထိုင်သူ ရာဆင်း (ခ) ဦးကျော်စိန် (၆၅) နှစ်၏ နေအိမ်ကို
သတင်းအရ စက်တင် ဘာလ ၆ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်က ဝင်ရောက် ရှာဖွေရာ
ငါးထောင်ကျပ်တန် ငွေစက္ကူအတု ၆၂ ရွက်နှင့်
တစ်ထောင်ကျပ်တန် ငွေစက္ကူအသေး ၅၀၅ ရွက် စုစုပေါင်း ကျပ်ရှစ်သိန်းကျော်ပမာဏ
ရှာဖွေတွေ့ရှိခဲ့ကြောင်း အဆိုပါမြို့နယ်ရှိ အမှတ် (၂) ရဲစခန်း
တာဝန်ရှိသူထံမှ စုံစမ်းသိရှိရသည်။
ယင်းတာဘောင်ဘေးရှိ ကျူးကျော်တဲ
အများစုတွင် ကံသစ်ကုန်းကျေးရွာ ရေကြီးချိန် ပြောင်းရွှေ့
နေထိုင်သူများလည်းရှိပြီး ငါးထောင်တန်နှင့် တစ်ထာင်တန်အတု တွေ့ရှိသူသည်
နွားပွဲစား၊ ဆိတ်ပွဲစားများ ပြုလုပ်သူ ဖြစ်ကြောင်း အဆိုပါ ကျူးကျော်တဲနှင့်
ကပ်လျက်တွင် နေထိုင်သူ ဒေါ်ခင်မြင့်တင်က The Voice သို့ ပြောကြားသည်။
ဦးရာဆင်း၏ ဇနီးဖြစ်သူ ဒေါ်ချစ်စုက“ဘယ်လိုဖြစ်တာလဲ မသိဘူး။ အန်တီလည်း
သူ့ကိုနားမလည်ဘူး။ သူနဲ့ အိမ်ထောင်ကျတာ ရှစ်လလောက်ပဲ ရှိသေးတာ။ နွား၊ ဆိတ်
ရောင်းဝယ်ရေး လုပ်တယ်။ သူငွေပေးသလောက်ပဲ အန်တီဈေးဝယ်တယ်။ ရဲတွေလာရှာမှ
အန်တီသိရတာ၊ အရင်ကတော့ ကြုံရာကျပန်း လုပ်တယ်” ဟု ဆိုသည်။
အဆိုပါ
ငွေစက္ကူအတုများ သုံးစွဲမှုနှင့် လက်ဝယ်ထားရှိမှုတို့အတွက် ဦးရာဆင်းကို
အောင်မြေသာစံမြို့နယ်ရှိ အမှတ် (၂) ရဲစခန်းက (ပ) ၂၃၂/၂၀၁၃၊ ပြစ်မှုဆိုင်ရာ
ဥပဒေပုဒ်မ ၄၈၉-ခ/၄၈၉-ဂ အရ အရေးယူ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း အမှတ် (၂)
ရဲစခန်း တာဝန်ရှိသူထံမှ သိရသည်။
ဧပြီလ ၃ ရက်နေ့ကလည်း
မဟာအောင်မြေမြို့နယ် ၈၃ လမ်း၊ ၃၅ လမ်းနှင့် ၃၆ လမ်းကြားရှိ
တည်းခိုခန်းတစ်ခုတွင် တည်းခိုနေသူ အမျိုးသားတစ်ဦးကို စစ်ဆေးရာ
ငါးထောင်ကျပ်တန် အတု ၅၂ ရွက် ကိုင်ဆောင်ထားသည်ကို တွေ့ရှိခဲ့သဖြင့်
ဖမ်းဆီးအရေးယူခဲ့သည်။
Credit to - The Voice Weekly
No comments:
Post a Comment