ပေါက်မြို့နယ်အတွင်းရှိ ယောချောင်းနှင့် ကျောချောင်းရေကျ ယာဉ်ကြီးယာဉ်ငယ် ဖြတ်သန်းမရ ပခုက္ကူ စက်တင်ဘာ ၉
မကွေးတိုင်းဒေသကြီး
ပခုက္ကူမြို့မှ ပေါက်မြို့နယ်နှင့်မင်းတပ်၊ မတူပီ၊ ချင်းပြည်နယ်တောင်
ပိုင်းဒေသ များနှင့် ထီးလင်း၊ ဂန့်ဂေါခရိုင်အစရှိသည့် ယောနယ်ဒေသများသို့
သွားလာသည့် ပခုက္ကူ-ပေါက်မော်တော်ကားလမ်းမှာ ယောချောင်းနှင့်ကျောချောင်းရေများ ကျဆင်းလာမှုကြောင့် စက်တင်ဘာ ၉ ရက် နံနက် ၈ နာရီခွဲတွင် မော်တော် ယာဉ်ကြီး ယာဉ်ငယ်များ ဖြတ်သန်း သွားလာနိုင်ခြင်းမရှိတော့ကြောင်း သိရသည်။
ပခုက္ကူမှပေါက်မြို့နယ်သို့ ဆက်သွယ်သည့်ကားလမ်းမပေါ်ရှိ
ရေပြာတံတားနှင့်အုန်းတော တံတားတို့မှာ ယခင်နှစ်များက ရေတိုက်စားမှုကြောင့်
မျောပါပျက်စီးခဲ့ခြင်းဖြစ် သည်။ ပေါက်မြို့သို့မော်တော်ကားများသွားရောက်ရာတွင် လမ်းသစ်ပေါ်၌ဖြတ်သန်း သည့် ယောချောင်းတံတား(ရေပြာ)နေရာတွင် ရေပြင်အကျယ်ပေ ၂၃၀၊ အနက် လေးပေ ရှိခြင်း၊ ယောချောင်းတံတား(အုန်းတော)နေရာတွင်ရေပြင်အကျယ်ပေ ၂၁၀၊ အနက်လေးပေခန့် ရှိပြီး ရေစီးသန်လျက်ရှိခြင်း၊ မူလလမ်းဟောင်းဖြင့်သွားလာသည့်လမ်းမပေါ်ရှိ
လမ်းမဖြစ်ေ သာ ပေါက်မြို့ အနီးရှိ ကျောချောင်း(ကမ်းမဖြူ)မှာ ရေပြင်အကျယ်ပေ
၂၀၀ ခန့်နှင့်အနက် ၃ ဒသမ ၅ ပေခန့်ရှိကာ အောက်ခံမြေမှာ
သဲနုန်းများဖြစ်သဖြင့် မော်တော်ယာဉ်များဖြတ် သန်းနိုင်ခြင်း မရှိကြောင်း
တွေ့ရ သည်။
ယာဉ်များအန္တရာယ်ကင်းရှင်းရေးနှင့် ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးတို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (အောင်-မန်းတက္ကသိုလ်)
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း
No comments:
Post a Comment