မြန်မာနိုင်ငံက
အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၁၃ အာဆီယံ အမျိုးသမီး ဘောလုံးပြိုင်ပွဲမှ
အုပ်စု(က) ပွဲစဉ်များကို စက်တင်ဘာ(၉) ရက်က ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းတွင်
ကျင်းပပြုလုပ်ခဲ့ရာ ထိုင်းအသင်းနှင့် ဗီယက်နမ် အသင်းတို့ ဂိုးမရှိ
သရေကျခဲ့ပြီး ဂျော်ဒန်အသင်းက မလေးရှား အသင်းကို (၁-၀)ဂိုးဖြင့်
အနိုင်ရရှိခဲ့သည်။ ဂျော်ဒန်အသင်းအတွက်
အနိုင်ဂိုးကို ပွဲချိန် ၈၃ မိနစ်တွင် ဖရီးကစ်အား တိုက်ရိုက်ကန်သွင်း
ယူခဲ့ခြင်း ဖြစ်သည်။ အုပ်စု(က)တွင် ထိုင်း၊ ဗီယက်နမ်၊ ဂျော်ဒန်၊
မလေးရှားနှင့် သြစတြေးလျအသင်းတို့ ပါဝင်လျက်ရှိသည်။
အုပ်စု(ခ)၌
မြန်မာ၊ ဂျပန်ယူ-၂၃အသင်း၊ လာအို၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှား အသင်းတို့
ပါဝင်နေသည်။ အုပ်စု(ခ) ပွဲစဉ်များကို စက်တင်ဘာ(၁၀)ရက်တွင် စတင်ကျင်းပ
ပြုလုပ်မည်ဖြစ်ပြီး အိမ်ရှင်မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်းသည်
လာအိုအသင်းနှင့် လည်းကောင်း၊ အင်ဒိုနီးရှား အသင်းနှင့်
ဖိလစ်ပိုင်အသင်းတို့သည် စက်တင်ဘာ ၁၀ ရက်တွင် စတင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
Eleven Media Group
No comments:
Post a Comment