ဒီပဲယင်းမြို့နယ်၊
နများကျေးရွာ အမိ ဒေါ်ယု၏ သမီး မအိအိစိုး (၁၃)နှစ် သတ္တမတန်းကျောင်းသူ
ကိုယ်ဝန် ရှိသဖြင့် အဖိုး၊ အဖွားဖြစ်သူ ဦးကျော်မင်း၊ ဒေါ်မြင့်ကြည်တို့မှ
သက်ဆိုင်ရာ ညောင်လှ ရဲကင်းသို့ တိုင်ကြားထားကြောင်း သိရှိရပါတယ်။
ဖြစ်စဉ်မှာ မအိအိစိုးသည် သူမကလေး ဘ၀ကတည်းက ဖခင်ဖြစ်သူနှင့် မိခင်တို့မှာ ကွဲကွာသွားပြီး မိခင်မှာ
ပြည်ပသို့ အလုပ်သွားလုပ် နေသဖြင့် မိခင်၏အမေဖြစ်သော နများရွာနေ
ဦးကျော်မင်း၊ ဒေါ်မြင့်ကြည် အိမ်တွင် အတူနေထိုင်ခြင်း ဖြစ်ကြောင်း
သိရပါတယ်။
အဖိုးအဖွား၏ အိမ်တွင် နေထိုင်စဉ် အဖွား၏ မောင်အရင်း ဖြစ်သူ
ဦးကျော်သိန်း အသက် (၅၀)နှစ်မှ မအိအိစိုးအား အဓမ္မ ကြံစည်ခြင်း၊ အကြိမ်ကြိမ်
သားမယားအဖြစ် ပြုကျင့်ခဲ့ သဖြင့် မအိအိစိုးမှာ ကိုယ်ဝန်ရှိ ခဲ့ကြောင်း
သိရှိခဲ့ရသဖြင့် ဦးကျော်သိန်းအား ညောင်လှရဲကင်းမှ စက်တင်ဘာလ ၂ ရက်နေ့ တွင်
ဖမ်းဆီးထားကြောင်း သိရှိရပါတယ်။
Reposted by pyae phyo
Credit to Channelnewsmyanmar
MMcities
No comments:
Post a Comment